News @ M-Media
Blog
  • ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေး အခမ်းအနား မှ အသံများ
    ဧပြီလ -၂၆-၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက်၊ ဦးစီးပဓာန နာယကနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်က “တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းဖို့က အဓိက အချင်းချင်း ရင်းနှီးမူ၊ ချစ်ခင်မူ ပဲ။ အဲဒီ ရင်းနှီးမူ၊ ချစ်ခင်မူ ရှိသွားရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မူ ဆိုတာ ဖြစ်လာမယ်။ နားလည်မူ ရှိရင် ပြဿနာ မရှိဘူး။ နားလည်မူ မရှိတဲ့ အတွက်ကြောင့် ပြဿနာတွေ ရှုပ်လာတယ်။ တစ်နိုင်ငံလုံး တစ်ယောက်နဲ့ တစ်ယောက် လူမျိုးရေးတွေ ဖယ်လိုက်၊ ဘာသာရေးတွေ ဖယ်လိုက် လူသား အချင်းချင်း ချစ်ခင်ကြရင် ရင်းရင်းနှီးနှီး နေကြရင် ဘာပြဿနာမှ မရှိဘူး။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘာသာပဲ ဖြစ်ဖြစ် အားလုံး ရင်းနှီးဖို့၊ ပွင့်လင်းဖို့၊ အနိုင်ကျင့်တာ မျိုးတွေ မရှိဖို့၊ အဲဒါ ဆိုရင် အားလုံး ချစ်ကြည် ရင်းနှီးမယ်။
    OLYMPUS DIGITAL CAMERA
    ကိုယ်တတ်ထားတဲ့ အတတ်ပညာကို အသိပညာ ဖြစ်အောင် လုပ်နိုင်ရင် လောက ကတိုးတက်ကြီးပွားမယ်။ အသိပညာ မရှိကြလို့ ဆင်းရဲ ဒုက္ခ ရောက်နေကြတာ၊ ပြဿနာတွေ ဖြစ်နေကြတာ၊ အတတ်ပညာ ကနေ အသိပညာ အဖြစ် ပြောင်းလဲနိုင်ရင် အားလုံး သာယာ အေးချမ်းတဲ့ လောကကြီးဖြစ်မယ် ” ဟု M-Media သို့ မိန့်ကြားတော်မူခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လှုမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း မှ “ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ကို ဗဟို အဆင့်ထိ ဖွဲ့ပြီးပြီ။ အဘတို့ ရည်ရွယ်ချက်ကတော့ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ်အထိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဖွဲ့လို့ ရှိရင် ဘာကိစ္စရှိရှိ အမြန်ဆုံး ဖြေရှင်းနိုင်ပါတယ်။ ဗဟို အဆင့်က လာမှ ဆိုရင် အချို့နေရာတွေမှာ ကြာနေမှာ စိုးလို့ဖြစ်ပါတယ်။
    သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ပါပါတယ်၊ လူမျိုးရေး အထင်လွဲမူတွေကြောင့် မတည်ငြိမ်မူ၊ မအေးချမ်းမူတွေ ဖြစ်နေတယ်၊ အဲဒါတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ အားလုံး သဘောထား အတူတူ၊ ရည်ရွယ်ချက် အတူတူနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့သွားဖို့ အစီအစဉ် ရှိပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။
    ဧည်သည်တော်များထဲမှ မမလ ဌါနချုပ် အတွင်းရေးမှူး(၁) ဦးလှအောင်မှ “ အခုလို ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို မြို့နယ် အလိုက်၊ခရိုင်အလိုက် ကျယ်ကျယ် ပြန့်ပြန့် ထပ်ပြီး လုပ်မယ်ဆိုရင် ပဋိပက္ခတွေ တဖြည်းဖြည်းနဲ့ ငြိမ်းသွားမှာပါ။ တစ်နိုင်ငံလုံး အေးချမ်းဖို့ အတွက် တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဆောင်ရွက်လို့ မရပါဘူး၊ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ဒီထက် မက လုပ်ပေးရမယ့် အနေအထားပါ၊ အခုလို ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား လုပ်တာတွေကို မမလ ဌါနချုပ် အနေနဲ့ ကြိုဆိုတယ်၊ ၀မ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ် ”ဟု M-Media သို့ပြောကြားခဲ့သည်။
    OLYMPUS DIGITAL CAMERA
    ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့မှဟာဂျီဦးခင်မောင်သန်း မှ “ အစဉ်အလာအရ ဘာသာကြီးလေးခုလုံးက ချစ်ခင်ရင်းနှီးမူက ရှိပြီးသားပါ၊ အခုလို ထပ်မံပြုလုပ်ခြင်း အားဖြင့် ချစ်ခင်ရင်းနှီးမူတွေ ပိုပြီးတိုးပွားလာအောင်၊ တည်ကြည် ခိုင်မြဲအောင်၊ ဒီလို တစ်ဘာသာနဲ့ တစ်ဘာသာ အပြန်အလှန် ချစ်ခင်ရင်းနှီးမူ၊ သဘောထား ကြီးမူ ရှိမယ်ဆိုရင် မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်လာဘူး၊ ဒါကြောင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီအဖွဲ့အနေနဲ့ မြို့နယ်အတွင်း လိုအပ်တဲ့ ဘာသာရေး လူမူရေး ကိစ္စရပ်တွေကို ဆက်လက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်
    ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ အားလုံးကို သွန်သင် ဆုံးမ ထားပြီးသား ရှိပါတယ်၊ ဒါက တစ်ဘာသာနဲ့ တစ်ဘာသာ အပြန်အလှန် လေးစားမူ ရှိရမယ်၊ လူသားထု တစ်ရပ်လုံးကို မေတ္တာ ဂရုဏာနဲ့ အတက်နိုင်ဆုံး ပံပိုး ကူညီ ဆောင်ရွက် သွားရမယ် ဆိုတဲ့ အဆုံးအမတွေ ရှိပြီးသားပါ၊ ဒီလို အဆုံးအမတွေက အစ္စလာမ်မှာပဲ ရှိတာ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာတွေမှာလည်း ရှိပါတယ်၊ ဘာသာတိုင်း ဘာသာတိုင်းက လူသား အားလုံးကို နှုးညံ့မှု၊ သိမ်မွေ့မှု၊ယဉ်ကျေး လိမ္မာမူ အားလုံးကို ဘာသာရေးကနေ သွန်သင် ဆုံးမ ပြီးသား ဖြစ်တဲ့ အတွက် အဲဒီ့ သွန်သင် ဆုံးမချက်အတိုင်း မိမိ ကိုယ်ကို မိမိ နေရာတိုင်းမှာ ချိုးနှိပ်ပြီး ရှေ့က လူကို ဂုဏ်ပေးလေးစားရမယ်။
    အစ္စလာမ် ဘာသာဝင်များ အနေနဲ့ မိမိ ဘာသာရဲ့ အဆုံးအမကိုသာ တကယ့် စိတ်ရင်း စေတနာရင်းနဲ့ လက်ကိုင်ပြုပြီး နေထိုင် သွားမယ်၊လိုက်နာ ကျင့်သုံး သွားဖို့ပဲ လိုပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။
  • အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်
    အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်
    ဧပြီ -၂၆-၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား တစ်ရပ်ကို မေလအတွင်း ကျင်းပမည်ဟု သတင်းရရှိသည်။
    အိမ်မဲမြို့မှ အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲ့ကြီး လေးဖွဲ့နှင့် မြို့နယ် အစ္စလာမ် ဘာသာရေး လူငယ်များ အဖွဲ့၊ မြို့ပေါ်ရှိ ဗလီနှစ်လုံးမှ ဂေါပကများအပြင် ငြိမ်းချမ်းရေးကို လိုလားသော ဗုဒ္ဓဘာသာဝင် များလည်း ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်ကြောင်း သိရသည်။
    အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မေလ ပထမအပတ် အတွင်း ကျင်းပ နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့နယ်အတွင်း ပဋိပက္ခ မဖြစ်ရေးနှင့် အတူယဉ်တွဲ အေးချမ်းစွာ နေထိုင်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အခမ်းအနားတွင် အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေး စာပါ စွပ်ကျယ်များ၊ ငြိမ်းချမ်းရေး စာစောင်များ ဝေဌါ့မည် ဖြစ်ကြောင်း ”အိမ်မဲမြို့နယ် မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ဥက္ကဌ ဦးဇော်မင်းထက် မှ M-Media  သို့ပြောကြားသည်။
    မိထ္တီလာ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အစ္စလာမ်ဘာသာဝင်များ အနေဖြင့် စိုးရိမ် ထိတ်လန့်မူများ အနည်းငယ် ဖြစ်ပေါ်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်တွင် တစ်ဦးနှင့် တစ်ဦး သံသယများ ကင်းဝေးပြီး ယခင်ကတည်းက အေးချမ်းသာယာစွာ အတူယှဉ်တွဲ၊ လက်တွဲနေထိုင်ခဲ့ကြရာ ယခု အချိန်ထိ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်အတွင်း  ပဋိပက္ခ မဖြစ်ပေါ်ရေး အတွက် ဒေသ အာဏာပိုင်များမှ ဦးဆောင်ပြီး ဘာသာပေါင်းစုံ အဖွဲ့ ဖွဲ့စည်းထားပါသည်။
    ယခု အခါ သံသယ ပျောက်၍ ချစ်ခင်မူ ပိုမို ခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မူ ဆထပ်တပိုး တိုးမြင့်စေရန် အတွက် အမြို့မြို့အနယ်နယ်တွင် ကျင်းပ ပြုလုပ်သည့် နည်းတူ အိမ်မဲမြို့တွင်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားသို့  ရန်ကုန်မြို့၊ ငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက် ( PCN) မှ ရှေ့နေ ဦးအုန်းမောင်တို့ အဖွဲ့ တက်ရောက်မည်ဟု သိရှိရသည်။
  • အစ္စလာမ် ဘာသာဝင်များကို အငြိုးထား မုန်းတီးနေသော ဘုန်းကြီးများ (BY FRANCIS WADE)
    ဧပြီ-၂၂-၂၀၁၃
    မူရင်းဆောင်းပါးရှင်- FRANCIS WADE
    375993_480213775383255_183662739_n
    မြန်မာပြည်တွင် လတ်တစ်လောဖြစ်ပျက်နေသော မွတ်စ်လင်မ်များကို အကြမ်းဖက်မှုများ၏ အဓိက လှုံဆော်ပေးသူများမှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများပင် ဖြစ်သည်။
    မဟာမြိုင်ကျောင်းအတွင်းမှ သေးငယ်သော ရုံးခန်းအတွင်းသို့ အပြေးဝင်လာသော ကိုကျော်လွင် ဆိုသူ၏ လက်ထဲတွင် ၉၆၉ စတစ်ကာများ ထည့်ထားသည့် အိပ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ ၉၆၉ ဆိုသည်မှာ မွတ်စ်လင်မ်မုန်းတီးရေး အမှတ်တံဆိပ်များပင်ဖြစ်သည်။ လွန်ခဲ့သော ၆လ ခန့်က၊ မဟာမြိုင်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိမလ မှ ကျောင်းအနီးတွင်ရှိသော ပုံနှိပ်တိုက်တွင် ၉၆၉ တံဆိပ်ဖြင့် စတစ်ကာများကို ပထမဆုံးပုံနှိပ်မှာယူခဲ့သည်။ အခုအခါတွင် ရန်ကုန်မြို့ရှိ Taxi ကားများ၊ Bus ကားများ နှင့် ဆိုင်များ၏ မျက်နှာစာတို့တွင်ချိတ်ဆွဲထားပြီး အခြားအချက်အချာကျသည့်မြို့များတွင်လည်း ပျံနှံ့လျက်ရှိသည်။ ၉၆၉ သည် မြန်မာမွတ်စလင်မ်များက တိုင်းပြည်ကို ခြိမ်းခြောက်ခြင်းနှင့် စိုးမိုးခြင်းမှ ကာကွယ်နိုင်ရန် အစွန်းရောက်သမားများ၏ အသုံးပြုသင်္ကေတပင်ဖြစ်သည်။
    ထိုအစွန်းရောက်ဝါဒမှ စတင်ကာ အကြမ်းဖက်မှုများကို ဂယက်ထစေခဲ့သည်။ ၂၀၁၃ ခုနှစ် လွန်ခဲ့သော လအနည်းငယ်က ထိုဝါဒကြောင့် လူဦးရေ ၄၀ ကျော်ခန့်သေဆုံးခဲ့ကာ၊ ၁၃,၀၀၀ ကျော်ခန့် ဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ၉၆၉ လှုပ်ရှားမှု ကို မြန်မာပြည်၏တောင်ဘက် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌် စတင်ခဲ့ပြီး၊ ၉၆၉ စတစ်ကာများမှ စတင်ကာ မြန်မာပြည်အနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာမွတ်စ်လင်မ်များကို အဓိကရုဏ်းဖြစ်ပွားစေခဲ့သည်။ ၉၆၉ တံဆိပ်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓ၏ သင်ကြားမှုများနှင့် နည်းလမ်းများကို ပေါင်းစုကာဖွဲ့ထားသော အထွဋ္ဋ်မြတ်ထားသော အရာဟု ဆိုသည်။
    ဦးဝိမလ မိန့်ကြားသည်မှာ..“ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်များကို ကယ်တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ” ။ ထို့အတူ လွန်ခဲ့သောနှစ်က ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုက မြန်မာပြည်တွင် ရှိနေသော ဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟုပါ ထည့်သွင်းဟောကြားခဲ့သည်။ “ အင်ဒိုနီးရှား၊ ဘင်္ဂါလားဒေ့ရှ်၊ ပါကစ္စတန် နှင့် မလေးရှားတွင် ယခင်က ဗုဒ္ဓဘာသာဝင်များ အများအပြားရှိခဲ့ရာ အစ္စလာမ် ဘာသာဝင်များ ရောက်ရှိမောင်းထုတ်ခဲ့သည့်အတွက် အခုလက်ရှိတွင် မွတ်စလင်မ် နိုင်ငံများအဖြစ်တည်ရှိနေခြင်းဖြစ်သည်၊ သမိုင်းပေါ်မူတည်၍ မြန်မာနိုင်ငံတွင်ထိုကဲ့သို့သောအဖြစ်ဆိုး မကျရောက်စေရန် ကာကွယ်ခြင်းဖြစ်သည် ”။
    မြန်မာပြည်ရှိ လူဦးရေ၏ လေးရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ ဤကဲ့သို့ အတူယှဉ်တွဲနေထိုင်ခြင်းမှ ပြသနာများ စတင်ခဲ့ရခြင်းဖြစ်သည် ဟု ဦးဝိမလ က ဟောကြားခဲ့သည်။ မော်လမြိုင်မြို့၏ ရှုပ်ထွေးပြည့်ကျပ်နေသော ဈေးရုံထဲတွင် မွတ်စ်လင်မ် ဈေးသည်များသည် ၄င်းတို့အနီးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဈေးဆိုင်များတွင်ကပ်ထားသော ၉၆၉ တံဆိပ်များကို လျစ်လျူရှုကာ အေးချမ်းစွာ ရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြသည်။ ဗုဒ္ဓဘာသာဝင် taxi မောင်းသမားများ နှင့် အရောင်းဆိုင်များမှာ အစ္စလာမ်ဘာသာဝင်များအား ၀န်ဆောင်မှုပေးရန် သူတို့တွင် ပြဿနာ မရှိဟု ပြောကြားခဲ့သည်။
    လူတိုင်းတွင် တူညီသောအတွေး မရှိသည်က အစ္စလာမ်ဘာသာဝင်များအတွက် ကံဆိုးစေသည့်အချက်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်လခန့်က မုန်းတီးမှုများ ပေါက်ကွဲထွက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်များသည် မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ နှစ်ရက်တိုင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ အထူးသဖြင့် မွတ်စ်လင်မ်များ၏ အိမ်ရာ ၈၀၀ ကျော်နီးပါး ပျက်စီးခဲ့ရသည်။ မျက်မြင်များ၏ပြောပြချက်အရ အကြမ်းဖက်သမားများသည် အသေအချာအစီစဉ်တကျ လုပ်ဆောင်ခဲ့ပြီး၊ ရဲများသည် မျက်စိအောက်တွင်ဖြစ်ပျက်နေသော သတ်ဖြတ်မှုများအား လျစ်လျူရှုကာကြည့်နေ ခဲ့ကြသည်။ ပြောဆိုချက်များအရ အစိုးရ တာဝန်ရှိသူများ အကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာခဲ့သည်။ သံသယများမှတစ်ဆင့် ပြည်တွင်းမငြိမ်မသက်မှုများမှာ ပြောင်းလဲမှုများကြောင့် ငြိမ်သက်ခဲ့ရသော စစ်အစိုးရအား  ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ခဲ့ခြင်းဟု ယူဆရပါသည်။ ယနေ့ထုတ်ပြန်ခဲ့သော လူ့အခွင့်ရေးစောင့်ရှောက်မှု အဖွဲ့အစည်း၏ အစီရင်ခံစာ “ political and religious leaders in Arakan state ” တွင် ပြီးခဲ့သော အောက်တိုဘာလတွင်ဖြစ်ခဲ့သည့် ရိုဟင်ဂျာများနှင့်အခြား မွတ်စလင်မ်များအား တိုက်ခိုက်မှုတွင်ပါဝင်သော စီစဉ်မှုများ၊ အဖွဲ့အစည်းများ နှင့် လှုံဆော်မှုများ အဓိကထား၍ ပြောကြားထားသည်။ (ပြောကြားချက်တွင် ပြီးခဲ့သောနှစ်က ရခိုင်ဒေသ၌ သွေးထွက်သံယိုဖြစ်ခဲ့ခြင်း နှင့် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်ခဲ့ရသော ၁၂,၅၀၀၀ နီးပါး ရိုဟင်ဂျာ မွတ်စလင်မ်များ ရှိခဲ့သည်။)
    ရခိုင်ဒေသ နှင့် မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုများ၏ အဓိကမီးမွှေးသူမှာ စစ်အစိုးရ ဆိုသော်ငြားလည်း ဗုဒ္ဓဘာသာဝင်များ၏ရင်တွင်း၌ ထည့်သွင်းခံထားရသည့် မွတ်စ်လင်မ် မုန်းတီးရေး ၀ါဒများက လောင်စာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်မှစတင်ခဲ့သော ဘင်္ဂါလီ မွတ်စလင်မ်များအား သတ်ဖြတ်မှု၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာများအားသတ်ဖြတ်မှု စသည်တို့သည် ဗုဒ္ဓဘာသာနှင့် မျိုးချစ်စိတ်ကိုပေါင်းစည်းသည့်ဝါဒမှ စတင်ခဲ့ခြင်းဖြစ်သည်။
    P6020001
    အကြမ်းဖက်မှုနှင့်ပတ်သက်သောပြောပြချက်များအရ  ၉၆၉ ၏လုပ်ဆောင်မှုများသည် မွတ်စ်လင်မ်မုန်းတီးရေးမှ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်မ်များအားရှင်းလင်းရန်၊ မြန်မာနိုင်ငံအား အစ္စလာမ်ဘာသာဝင်များ မရှိသော နိုင်ငံအဖြစ် ဖန်တီးရန် ပါဝင်ခဲ့သည်။ အကြမ်းဖက်မှုကို ဆန့်ကျင်သူများသည် ၉၆၉ သင်္ကေတအား ဆန့်ကျင်ခဲ့ကြသည်။ သို့သော် မတူညီစွာ ယူဆသူများ၊ ၉၆၉ သင်္ကေတအား ဖြန့်ဖြူးနေသူများနှင့် ကိုင်ဆောင်သူများကြောင့် အမြစ်မပြတ် သေးကြောင်းတွေ့ရှိရသည်။ အချို့သူများက ခရစ်ယာန်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင်ကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ စည်းရုံးမှုကို ပြသသော သင်္ကေတ အလားသဏ္ဍာန်ဖြစ်သည်ဟု ယူဆကြသလို၊ အခြားသူများကလည်း မွတ်စ်လင်မ်များ၏ ဈေးဆိုင်များတွင်ရှိသော ၇၈၆ သင်္ကေတနှင့် အလားတူစေရန် ဖော်ဆောင်ထားသည် ဟု ဆိုလိုသည်။ “ ဗုဒ္ဓဘာသာဝင်များသည် ၉၆၉ ကို အသက်သွင်းရန် လုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းနည်းမိကြောင်း ” ၂၀၀၇ တွင် အကျဉ်းကျခဲ့သော ရွှေဝါရောင်တော်လှန်ရေးတွင်ပါခဲ့သည့် ဘုန်းတော်ကြီး ဦးဂမ္ဘီရက ဆိုသည် “ သူတို့ မုန်းတီးသောအရာကို သူတို့က ပုံတူ ကူးချနေခြင်းသာ ဖြစ်ကြောင်း ” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    အစွန်းရောက်သမားများသည် ၉၆၉ အားလက်ခံယုံကြည်စေရန် ၄င်းတွင်ပါဝင်သော နာမ်ဝိဥာဉ် သန့်စင်မှုအယူဆကို ရှင်းလင်းပြသခဲ့သည်မှာ – ဘုရားဂုဏ်တော် ၉ ပါး ၊ တရားဂုဏ်တော် ၆ ပါး ၊ သံဃာ့ဂုဏ်တော် ၉ ပါး ကိုပေါင်းစည်းကာ မြန်မာပြည်တွင်ရှိသော ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ဟူ၍ ရှင်းလင်းပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုကို ချက်ခြင်း ရရှိခဲ့ရာ၊ ဦးဆောင်သူများမှ မွတ်စ်လင်မ် မုန်းတီးရေးဝါဒကို ဖြန့်ချီရန် နှင့် မုန်းတီးသူရော မမုန်းတီးသူပါ ပါဝင်ပတ်သက်မှုကို ရရှိခဲ့သည်။
    အဓိက ဦးဆောင်သူမှာ ဦးဝီရသူ ဖြစ်ပြီး မန္တလေး မစိုးရိမ် ကျောင်းတိုက်၏ ဦးဆောင်ဆရာတော် ဖြစ်သည်။ ယခင်က မစိုးရိမ်ကျောင်းမှာ အာဏာရှင် ဆန့်ကျင်ရေးလုပ်ဆောင်မှုများတွင်ပါဝင်ခဲ့ပြီး၊ ယခုအခါ ဦးဝီရသူ၏ မွတ်စ်လင်မ် မုန်းတီးရေးဝါဒ ဖြန့်ချိမှုများကြောင့် ဂုဏ်သတင်း ညှိုးနွမ်းခဲ့သည်။ ယခင်က စစ်အစိုးရကို ဆန့်ကျင်ခဲ့သော်လည်း၊ ယခု အကြမ်းဖက်မှုတွင် စစ်တပ်၏ပါဝင်ပတ်သက်မှုမှာ ရှုပ်ထွေးမှုများ ရှိသည်ဟု ဦးဝီရသူက ပြောခဲ့သည်၊ အစ္စလာမ် ဘာသာဝင်များသည် အန္တရာယ် အဖွဲ့ဝင်များ ဟု သူက ယုံကြည်ခဲ့သည်။ ၀ီရသူ၏ အင်တာဗျူးကို ကိုယ်ပိုင်ဓာတ်ပုံများနှင့် တန်ဆာဆင်ထားသော သူ၏အခန်းထဲတွင် လုပ်ဆောင်ခဲ့ပြီး ၄င်းရှိနောက်ခံမြင်ကွင်းသည် သူ့အား နှိမ့်ချနေထိုင်သော ဘုန်းတော်ကြီးအစား ဘာသာရေးအစွန်းရောက်သူ အဖြစ် ပို၍မြင်စေသည်။ “ ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်အရ မြန်မာပြည်တွင်ရှိသော ၁၀၀ ရာခိုင်နှုန်းရှိ မုဒိန်းအမှုများကို လုပ်ဆောင်သူများမှာ မွတ်စ်လင်မ်များဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါဘူး ” ဟုဆို၍ “ ဗုဒ္ဓဘာသာ မိန်းကလေးငယ်များအား အတင်းအဓမ္မ လက်ထပ်ယူကြပြီး၊ မိန်းမများသည် ဗုဒ္ဓဘာသာအား ဆက်လက်ကိုးကွယ်ပါက နေ့တိုင်းညှင်းပန်း နှိပ်စက်ကြတယ် ” ဟု ၄င်းမှ ဆက်ပြောကြားသည်။
    555195_442207505850449_244281815_n
    Photo- U U Mhaw Sayar FB
    ဦးဝီရသူ ကို ၂၀၀၃ ခုနှစ်က မွတ်စ်လင်မ်မုန်းတီးရေးဖြင့် မငြိမ်သက်မှုလုပ်ဆောင်ခြင်းကြောင့် အကျဉ်းချခံခဲ့ရသည်။ (ယခုလက်ရှိ ဖြစ်ပျက်နေသော ပဋ္ဋိပက္ခများနှင့်ပတ်သက်၍ သူက ငြင်းဆိုခဲ့သည်။) သို့သော် ယခုတစ်ခေါက်တွင် တိကျသောအရေးယူဆောင်ရွက်မှုများကို အစိုးရက မလုပ်ဆောင်ခဲ့သဖြင့် မြန်မာပြည်၏မတည်ငြိမ်မှုများတွင် အစိုးရ၏အကျိုးရရှိရန် လုပ်ဆောင်မှုများရှိနေသလောဟု သံသယဖြစ်ဖွယ်ရှိသည်။
    အကြမ်းဖက်မှုအစီစဉ်များသည် မွတ်စ်လင်မ်များ အနေထိုင်များသော နေရာဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သောလ၌ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် မွတ်စ်လင်မ် မုန်းတီးရေး poster များကို ဓာတ်မီးတိုင်များပေါ်ကပ်ထားကြောင်းနှင့် ထိုဒေသတွင်နေထိုင်သော လူဦးရေ ၁၀၀,၀၀ တွင် မွတ်စ်လင်မ်အရေအတွက်မှာ ရာဂဏန်းမျှသာရှိသည် ဟုသိရသည်။ ဒေသခံများပြောပြချက်အရ တရုတ်ပြည်ဖက်သို့ တိတ်တဆိတ် ပို့ဆောင်နေသော ဆီ နှင့် ဓာတ်ငွေ့ပိုက်လိုင်းများသည် အနီးနားတွင်ရှိပြီး၊ အတူတကွအေးဆေးစွာ နေထိုင်လာခဲ့သော နေရာများတွင် ဘာသာရေးလှုံ့ဆော်မှုများ  ရုတ်တရက် ဖြစ်ပေါ်လာခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်းများကိစ္စဆန့်ကျင်ဆန္ဒပြမှုများမှ ဦးလှည့်စေရန်ဟု ယူဆရသည်ဟု ဆိုသည်။
    လေ့လာချက်အရ ဘာသာရေး ပဋ္ဋိပက္ခများသည် မြန်မာပြည်ရှိ အဓိက အင်အားကြီးသော – အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သောလူစုများ၊ အစိုးရနှင့် စစ်တပ်တွင် အဓိကကျသူများကို အကျိုးဖြစ်ထွန်းစေပြီး၊၄င်းတို့ ပြန်လည် အားကောင်းလာပါက မြန်မာပြည်တွင်  ဒီမိုကရေစီ စံနစ်ရရှိရန် ဝေးကွာသွားမည် ဖြစ်ပေသည်။
    ဆောင်းပါးရှင် FRANCIS WADE မှ http://www.foreignpolicy.com တွင် The Monks Who Hate Muslims အမည်ဖြင့် ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • အကြမ်းဖက်ခံရသည့် မြို့များသို့ ၅၉ လမ်း ဗလီ မိသားစုဝင်များ စုပေါင်းလှူဒါန်း
    ဧပြီလ ၂၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ၅၉ လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော် ဂျမာအသ် မိသားစုဝင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများအား ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အကြမ်းဖက် ခံရသော မြို့များ ဖြစ်သည့် မင်းလှ။ ကြို့ပင်ကောက်။ ဇီးကုန်း။ နတ်တလင်း နှင့် စစ်ကွင်းမြို့များသို့ ကျပ် ခြောက်ဆယ့် ရှစ်သိန်းတိတိ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    DSCF1264 DSCF1271