News @ M-Media
Blog
  • အကြမ်းဖက်ခံရသည့် မြို့များသို့ ၅၉ လမ်း ဗလီ မိသားစုဝင်များ စုပေါင်းလှူဒါန်း
    ဧပြီလ ၂၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ၅၉ လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော် ဂျမာအသ် မိသားစုဝင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများအား ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အကြမ်းဖက် ခံရသော မြို့များ ဖြစ်သည့် မင်းလှ။ ကြို့ပင်ကောက်။ ဇီးကုန်း။ နတ်တလင်း နှင့် စစ်ကွင်းမြို့များသို့ ကျပ် ခြောက်ဆယ့် ရှစ်သိန်းတိတိ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    DSCF1264 DSCF1271
  • ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေးအခမ်းအနား စင်ထရယ်ဟိုတယ်တွင် ကျင်းပ
    ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေးအခမ်းအနား စင်ထရယ်ဟိုတယ်တွင် ကျင်းပ
    ဧပြီ – ၂၅-၂၀၁၃
    M-Media
    ဆူးထက်
    P7230049
    ဧပြီလ ၂၅ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေး အခမ်းအနားကို စင်ထရယ်ဟိုတယ်၊ ပတ္တမြားခန်းမ ၌ နံနက် (၉)နာရီမှ (၁၁)နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    ပဋိပက္ခ ကြိုတင်ကာကွယ်ရေး အဖွဲ့မှ ကြီးမှူး ကျင်းပသောအဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လှုမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း အပါအ၀င် ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ မှခေါင်းဆောင်ကြီးများ ၊မြို့နယ်ရှိ ရဲတပ်ဖွဲ့မှူး၊ မီးသတ် ဦးစီးဌါန အုပ်ချုပ်ရေးမှူး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ သာသနာရေး ဦးစီးမှူး၊ NGO အဖွဲ့ စသည့် အဖွဲ့ပေါင်း ၁၆ဖွဲ့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမူရေးဝန်ကြီး Dr မြင့်သိန်းမှ “ ဘာသာတရားတိုင်း၏ ဘုရားရှင်တိုင်းသည် လောကကြီးနှင့် လူသားအားလုံးအတွက် ကောင်းမွန်မြင့်မြတ်သည့် အသက်ရှင် နေထိုင်မူများကိုသာ ဟောကြား ညွှန်ပြ သွန်သင် ဆုံးမခဲ့ကြသည်။ သို့သော် တစ်ချို့သော လူအနည်းစုသည် လိုချင်တပ်မက်မူ လောဘ၊ အမျက်ကြီးမူ ဒေါသ၊ မသိမိုက်မဲမူ မောဟ တရားများ လွှမ်းမိုးပြီး လောက လူသားများ အတွက် ကောင်းကျိုးတရားနဲ့ သွေဖီကာ မိမိတို့ တစ်ဦးတစ်ယောက်၊ တစ်သင်း တစ်ဖွဲ့ ကောင်းကျိုးကိုသာကြည့်ကာ အတ္တစိတ် လွန်ကဲစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် မလိုလားအပ်သော ဆိုးကျိုးများစွာကို ခံစားခဲ့ကြရပါသည်။
    ဘာသာရေးသည် ယုံကြည်ကိုးကွယ်မူ အရ လေးနက်သည်နှင့် အမျှ သိမ်မွေ့နှုးညံ့မူလည်း ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ဘာသာရေးနှင့် ပတ်သပ်၍ မိမိတို့ ဘာသာအလိုက် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားသဖြင့် ဘာသာအသီးသီးကို ဆက်လက်ပံပိုးမူ ပေးသလို ဘာသာအသီးသီးရှိ ဘာသာဝင်များကလည်း မြန်မာနိုင်ငံသားများ ဖြစ်ကြသည့် အလျှောက် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ဓလေ့ထုံးစံများနှင့် အညီ စည်းကမ်းတကျ ဖြစ်စေရေး လိုက်နာကျင့်သုံးသွားရန် လိုအပ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
    ပန်းဘဲတန်း မြို့နယ် ဗုဒ္ဓဘာသာ ကိုယ်စားပြု ဦးဟန်မှ “ တက်ရောက်လာကြတဲ့ လူမျိုးမတူ၊ ဘာသာမတူပေမယ့် မြန်မာ့မြေပေါ်မှာ အတူနေပြီး မြန်မာ့ရေကို အတူသောက်လာကြတဲ့ ဘာသာရေး  ခေါင်းဆောင်များအားလုံး Religious Leaders လူမူရေး ခေါင်းဆောင်များ အားလုံး Social Leaders စိတ်ဓာတ်ရေးရာ ခေါင်းဆောင် Spiritual leader အားလုံးတို့ဟာ မြန်မာဆိုတဲ့ စိတ်ဓာတ်ကို တညီတညွတ်ထဲမွေးကြပြီး သမိုင်းအစဉ်အလာအတိုင်း မေတ္တာဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲ နေထိုင်သွားမည် ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
        ပန်းဘဲတန်း မြို့နယ် အစ္စလာမ် ဘာသာဝင်များ ကိုယ်စား ဟာဂျီဦးခင်မောင်သန်း မှ “အမိမြန်မာနိုင်ငံမှာ ရှေးနှစ်ပေါင်း များစွာကတည်းက အေးအတူ ပူအမျှ ၊ မရှိအတူ ရှိအတူ ဘာသာကြီးလေးရပ် အပြန်အလှန် ချစ်ခင်လေးစားလျှက် နေထိုင်ခဲ့ကြပါတယ်။ နိုင်ငံတော် အစိုးရမှလည်း ဘာသာပေါင်းစုံတို့အား လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မူများကို သဘောထားကြီးစွာ အခြေခံ ဥပဒေမှာပင် ဥပဒေတစ်ရပ် ပြဌါန်းခွင့်ပြုပေးရုံတင်မက ဘာသာပေါင်းစုံတို့၏ လိုအပ်ချက်များကို ကူညီပံပိုးလျှက် ရှိသည်မှာ ဘာသာပေါင်းစုံ ရရှိ ခံစား စံစားလျှက် ရှိကြပါသည် ” ဟုထည့်သွင်းပြောကြားခဲ့သည်။
        ပန်းဘဲတန်း မြို့နယ် ခရစ်ယာန်ဘာသာဝင်များ ကိုယ်စား ဦးမိုက်ကယ် (ခ) ဦးမြင့်ဦးမှ “ ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်ရှိ ဘာသာကြီးလေးခုလုံးသည် တစ်ဦးကို တစ်ဦး လေးစားသကဲ့သို့၊ အချို့မြို့နယ်များရှိ ဘာသာကြီး လေးခုလုံ ၏ပုဂ္ဂိုလ်များက ချစ်ချစ်ခင်ခင် လေးစား၍ နေထိုင်လျှင် မည်သည့် ပြဿနာမှ ဖြစ်ပေါ်နိုင်ခြင်း မရှိပါ။ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်ရှိ ဘာသာကြီးလေးခုလုံးသည် ညီညီညွှတ်ညွှတ်နေထိုင်လျှက် ရှိပါသည်။ နောင်ကိုလည်း ဤကဲ့သို့ပင် မြို့နယ်ရှိ ပုဂ္ဂိုလ်များက နေထိုင်လိမ့်မည်လို့ ယုံကြည်ပါကြောင်း ပြောကြားရင်း၊ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
        ပန်းဘဲတန်း မြို့နယ် ဟိန္ဒူဘာသာဝင်များ ကိုယ်စား ဦးခင်မောင်မှ “ ဘာသာကြီးလေးခုလုံးရဲ့ ဟောကြား သွန်သင် အဆုံးအမ တွေရဲ့ အခြေခံဟာ မေတ္တာတရားဘဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး အသိပဲဖြစ်ပါတယ်။ ဘာသာတရားကြီးတွေ စတင်ထွက်ပေါ်လာရာ အရပ်ဒေသပေါ် မူတည်ပြီး အယူအဆ နည်းစနစ်တွေ အလွဲလွဲ ရှိနေတာဟာ သဘာဝပါ၊ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ် ဆည်းကပ်နိုင်ပေမယ့် အစွန်းမရောက်ဖို့တော့ လိုပါတယ်။ အစွန်းရောက်မယ် ဆိုရင်တော့ အေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို မလိုလားအပ်တဲ့ အနှောက်အယှက်တွေ ဖြစ်စေပြီး စိတ်မချမ်းမြေ့စရာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ လူကြီးမင်းများ အသိဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်တဆုပ်စာ အစွန်းရောက် သူတို့ကြောင့် နှစ်ပေါင်းထောင်ချီပြီး ငြိမ်းချမ်းစွာ ဖွဲ့စည်းတည်ရှိထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်ကြည်ရေးကို ဘယ်နည်းနဲ့မှ မကျော်လွှားနိုင်ပါဘူး ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။
        မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကနှင့်နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်က “ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို ဖော်ဆောင်ရန် ဗြဟ္မာဝိဟာရ တရားပွားများကြပါစို့” ခေါင်းစဉ်ဖြင့် မြွက်ကြားသောမူအပ်သော ချစ်ကြည်ရေး သ၀ဏ်လွှာ တွင် “    ‘ဒီနေ့ ပန်းဘဲတန်းမြို့နယ် ပဋိပက္ခ ဖန်တီးသူများ  ကြိုတင်ကာကွယ် တာဆီးရေး ကော်မတီ အနေနဲ့ “ဘာသာကြီးလေးခု ချစ်ကြည်ရေး” အခမ်းအနားကို ဆောင်ရွက်ခြင်းသည် လူ့လောက ငြိမ်းချမ်းရေး ရောင်ခြည်ဖြစ်တဲ့အတွက် ဘုန်းကြီးများ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါတယ်။
        လူသားများသည် အသိ, အလိမ္မာရှိကြတဲ့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယဉ်ကျေးမူဓလေ့ ထုံးစံများကို အပြန်အလှန် နားလည်မူ၊ ပွင့်လင်းမြင်သာမူ၊ လေးစားမူရှိကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒီတာ၊ ဥပေက္ခာတရား လေးပါးကို အချင်းချင်းပွားများကြဖို့ တိုက်တွန်းပါတယ်။ အဲဒီတရားလေးပါးဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းရဲ့ ကိုယ်ပိုင်တရားများ မဟုတ်ကြပါဘူး။ လူသားမှန်သမျှ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်တဲ့ တရားများ ဖြစ်ပါတယ် ” ဟုထည့်သွင်းပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။အဆိုပါ အခမ်းအနားသို့ စုစုပေါင်း လူဦးရေ (၁၂၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
    ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေးနှင့် မလိုလားအပ်သော ပြဿနာများ ဖန်တီးမူ မဖြစ်ပေါ်စေရေးအတွက်  ပဋိပက္ခ ကြိုတင်ကာကွယ်တာဆီးရေး ကော်မတီကို ပန်းဘဲတန်းမြို့နယ်ရှိ ဌါနဆိုင်ရာများ၊ ဘာသာပေါင်းစုံ ဘာသာဝင်များဖြင့် ဧပြီလ (၂၃) ရက်၊ ၂၀၁၃ခုနှစ်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကော်မတီ၏ ရည်ရွယ်ချက်မှာ ဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးကို အကြောင်းခံ၍ ဆူပူပဋိပက္ခများဖန်တီး၍ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မူ မရှိစေရေးအတွက် ဘာသာအချင်းချင်း ပူးပေါင်းပါဝင်ကာ ကြိုတင် ကာကွယ် တာဆီးဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရသည်။
    P7230017
    ဓါတ်ပုံများ ကြည့်ရန်။
  • ဦးနေမျိုးဝေကို အရေးယူပေးရန် ကလေးမြို့ ၈၈၈၈ အင်အားစုမှ သမ္မတ ထံ စာပို့ တိုင်ကြား
    ဧပြီ-၂၅-၂၀၁၃
    မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေအား ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် လှုံဆော်မှုကြောင့် အရေးယူပေးရန် ကလေးမြို့ ရှစ်လေးလုံး အင်အားစုများက သမ္မတနှင့် သက်ဆိုင်ရာ ၅ နေရာသို့ တိုင်ကြားစာပို့
    Credit =>The Voice Daily
    Nay Myo Wai
  • မုန်းတီးရေး လှုံဆော်သည့် ၉၆၉ တရားခွေများ တောင်ကြီးတွင် ပြောင်ပြောင် တင်းတင်းရောင်းချနေ
    ဧပြီ-၂၅-၂၀၁၃
    M-Media
    မင်းထွဋ်
    2
    တောင်ကြီးမြို့၊ မြို့မဈေးကြီးအနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(အနောက်ဖက်ခြမ်း) နှင့် အောင်မင်္ဂလာလမ်းထောင့် – မြို့မရုပ်ရှင်ရုံနှင့်မျက်စောင်းထိုး လူသွားလမ်းပလက်ဖောင်းပေါ်ရှိ ဒီဗီဒီခွေများ ရောင်းချသည့် ပျံကျဆိုင်တစ်ဆိုင်မှ ၉၆၉ တရားခွေများအပြင် တရားမ၀င်ရုပ်ရှင်စီဒီချပ်များကို ပြောင်ပြောင်တင်းတင်းရောင်းချနေသည်မှာ တစ်လကျော်ခန့်ရှိနေပြီဖြစ်သည်။
    ယင်းဆိုင်ရှင်မှာ ( တောင်ကြီးမြို့၊ ကူညီကုန်းရပ်ကွက်တွင်နေထိုင်သူ၊ ၀မ်းတွင်းမြို့ဇာတိ) မောင်နှင်း ဟုခေါ်ဆိုပြီး ၄င်းနှင့်အပေါင်းအပါများက ယခုလအတွင်း ဈေးဆိုင်များ၊ ခရီးသည်တင်ကားများ၌ ၉၆၉ စတေကာများကပ်ထားရန် အခမဲ့ဖြန့်ချိနေ၍ အစ္စလာမ်ဘာသာဝင်များနှင့် အရောင်းအ၀ယ်မလုပ်ရန်၊ အိမ်/ဆိုင်ရောင်းချ/ငှားရမ်းခြင်း မပြုကြရန် အရှိန်မြှင့်ကာ လှုံ့ဆော်နေကြကြောင်းသိရသည်။
    ပြဿနာရှာခြင်းများကို ဒေသခံပြည်သူများ၊ တိုင်းရင်းသားများမှ အလျဉ်းမလိုလားကြောင်း သိရှိရသည်။
    3
    1