News @ M-Media

Blog

  • စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ

    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    police
    ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

    ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရသည်။ ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၎င်းအနီးတ၀ိုက်မှ ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အရေးများမှ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြောဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။

  • အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ ချီတက်လာနေ

    မတ်လ ၂၈၊ ၂၀၁၃
    M-Media
    အေးမောင်

    In Ma, Bago Region, Myanmar

    ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက်လာနေကြာင်း သတင်းရရှိသည်။

    အင်းမမြို့ရှိ ဗလီအား လွန်ခဲ့သောရက်က ဖျက်ဆီးရန်ပြုခဲ့ပြီး ယနေ့ညတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဆက်လက်ဖျက်ဆီးရန်အတွက် အင်းမအနီးရှိ ဘုရားကြီးကုန်းရွာနှင့် ပျားစည်ရွာတို့မှ အကြမ်းဖက်သမားများစုပေါင်း၍ လူ-၁၅၀ ခန့် ချီတက်လာကြောင်းကို အခြားရွာမှနေ၍ အင်းမမြို့သို့ သတိပေးပြောဆိုသောကြောင့် အင်းမမြို့ရှိ မွတ်စလင်မ်များ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသောကြောင်း အင်းမမှ M-Media သို့ လွန်ခဲ့သော ၁၅-မိနစ်ခန့်တွင် ပြောကြားလာပါတယ်။

    အင်းမ နောက်ဆက်တွဲသတင်း –

    ရေကျော်ရွာအကျော် အင်းမအနီးရှိ နွားပွဲဈေးမှ မွတ်စလင်မ်ပိုင် ကြက်ခြံတစ်ခုအား လွန်ခဲ့သော ၄၅-မိနစ်ခန့်က ၀င်ရောက်ဖျက်ဆီးနေကြောင်း၊ အင်းမအနီးတွင် လုံခြုံရေးချထားသော စစ်တပ်ကို လွန်ခဲ့သော နာရီဝက်ခန့်က အကြောင်းကြားစဉ် တပ်မမှူးရောက်နေ၍ ခဏကြာလျှင် လာခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ယခုအခါ ကြက်ခြံအား တချို့တ၀က်ဖျက်ဆီး၍၊ မီးလုံးများလည်း ရိုက်ခွဲသွားကြောင်း၊ ယခုအချိန်ထိ စစ်တပ်မှ မရောက်ရှိလာသေးကြောင်း သိရသည်။

  • အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့

    အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့

    မတ်လ ၂၈၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး

    ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာ-“ အခုပဲ မင်းလှ ကနေ ကားနှစ်စီး ရှေ့ဆင့် နောက်ဆင့် ၀င်လာပါတယ်။ပထမ ကားမီနီဘက်စ် ကားအကြီးပေါ်မှာ ကလေးတွေရယ်၊ အမျိုးသမီးတွေရယ် အများစုပါလာတယ်။ဦးဇင်းတစ်ပါးက ဦဆောင် ခေါ်လာပေးတယ်။နောက် တစ်စီးမှာလည်း ကလေးတွေရယ် ၊မိန်းကလေးတွေရယ် က အများစုပဲ အဲဒီ့ ကားထဲမှာတော့ ဦးဇင်း သုံးပါးရယ်၊ ဗုဒ္ဒဘာသာဝင် အမျိုးသမီး တစ်ယောက်ရယ် က လိုက်ပို့ပေးကြတာပါ။ကားမောင်းတဲ့ ဒါရိုက်ဘာ ဦးလေးကြီးတွေကလည်း ဗုဒ္ဓဘာသာဝင်တွေပါ” ဟု ဒုက္ခသည်များကို လက်ခံရာ ဗလီဝတ်ကျောင်းတော် အနီး နေထိုင်သူ ပြည်သူ တစ်ဦးမှ M-Media သို့ပြောသည်။

    “ဟော ခုပဲ ဟိုင်းလက် ကားတစ်စီး ထပ်ဝင်လာပါတယ်။အယောက် (၃၀) နီးပါး ပါလာတယ်။ကားပေါ်မှာလည်း ထမင်းထုတ်လေးတွေ ချိတ်ထားတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ M-Media သို့ပြောကြားသည်။

  • မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အတွက် Asian Muslim Action Network မှကြေငြာချက်ထုတ်ပြန်

    မတ်လ ၂၈ ၊ ၂၀၁၃
    M-Media

    Asian Muslim Action Network

    မြန်မာနိုင်ငံမှ မွတ်စလင်များအား အကြမ်းဖက်မှုများအတွက် Asian Muslim Action Network မှကြေငြာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း သိရှိပါသည်။ ၄င်းကြေငြာချက်တွင် ဖော်ပြပါရှိတာကတော့

    ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် ကျွန်ုပ်တို့ AMAN မှ စိုးရိမ်ပူပန်မိပြီး၊ အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။

    အထူးသဖြင့် မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုရာနေရာများ၊ နေအိမ်အဆောက်အဦးများ ဖျက်ဆီးခံရခြင်း၊ လူများ သေကြေပျက်စီးခြင်းများကို ကြားသိရပြီး ထိုလုပ်ရပ်များအားလုံးကို ကျွန်ုပ်တို့မှ လုံးလုံးလျားလျား ရှုတ်ချပါသည်။

    အဆိုပါ အကြမ်းဖက်မှုများအတွင်း မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူအားလုံးအတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း၊ အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော သူများနှင့် ကျွန်ုပ်တို့ အတူတကွ ရှိနေပါကြောင်း ပြောကြားလိုပါသည်။

    မြန်မာအစိုးရအနေနှင့် ထိုအကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။ ဤကဲ့သို့ ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ကြံစည်ဆောင်ရွက်သူများ၊ အထူးသဖြင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့်ပက်သက်၍ အမုန်းတရားများကို ဖြန့်ဝေမှုတွင် ပါဝင်သူများအား အရေးယူပေးရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းပြောကြားလိုက်ပါသည်။

    မကြားသေးမီကလည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အဓိကရုဏ်းများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ လူ့အခွင့်အရေးချိုးဖောက်မှုတွင် အဆိုးဝါးဆုံး မှတ်တမ်းရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရိုဟင်ဂျာများမှာလည်း ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု အခံရဆုံး လူ့အဖွဲ့စည်းများထဲမှ တစ်ခုဖြစ်လေသည်။

    အဆိုပါ အကြမ်းဖက်မှုများက တိုင်းပြည်၏ ရည်ရှည် ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခွင့်အလမ်း ဖန်းတီးမှုများဆီသို့ ရှေ့ရှုရာတွင် – မတူညီသော တိုင်းရင်းသား လူ့အဖွဲ့အစည်းများအကြား မကျေလည်မှုများကို ကုစားခြင်း စသည်တို့နှင့် ဆက်စပ်နေသည်ဟု ယူဆမိပါသည်။

    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၁၃၀ ဦးနှင့် ဗုဒ္ဓဘာသာဝင် ၃၀ ဦးနီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗလီဝတ်ကျောင်းတော် ၁၅ လုံး၊ အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ၅ ခု၊ အခြားအဆောက်အဦးများ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါသည်။

    မိထ္တီလာမြို့တွင် အခြေအနေများအား ထိန်းချုပ်နိုင်သော်လည်း အနီးအနားတစ်ဝိုက်ရှိ မြို့များ၊ ရွာများသို့ အကြမ်းဖက်မှုများ ပျံ့နှံ့သွားသည်ကိုလည်း ကျွန်ုပ်တို့ သိရှိရပါသည်။

    အခုလက်ရှိ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ရပ်တန့်စေရုံသာမက၊ ‘၉၆၉ ဂိုဏ်း’ ဟုခေါ်သည့် အဖွဲ့မှ အမုန်းတရားဖြန့်ဝေနေမှုများကို ရပ်တန့်စေခြင်းဖြင့် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တင်းမာမှုများကို တားဆီးပေးရန် မြန်မာအစိုးရအား ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။

    မြန်မာအစိုးရအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူတို့အား ပြည့်ဝသော လုံခြုံရေး အထောက်အပံ့များနှင့်အတူ ပြန်လည်နေချထားပေးရန် ခွင့်ပြုရမည်ဖြစ်သည်။

    ထိုကဲ့သို့ အကြမ်းဖက်မှုများကို ချက်ခြင်း တားဆီးပေးရန်အတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ကုလသမဂ္ဂအဖွဲ့ကြီး နှင့် OIC ကိုလည်း ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ပါသည်။

    အကြမ်းဖက်ခံရသောသူများအား ဘာသာလူမျိုးမခွဲခြားပဲ လျော်ကြေးပေးရန်၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် နှင့် အသက်မွေးနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ထူထောင်ပေးရန် ကျွန်ုပ်တို့မှ မြန်မာအစိုးရအား တိုက်တွန်းလိုက်ပါသည်။

    နိဂုံးချုပ်အနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ရပ်တန့်တားဆီးရန်အလို့ငှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ပေးရန် ပြည်တွင်းနှင့် ပြည်ပမှ လူမှု အဖွဲ့အစည်းများအား ကျွန်ုပ်တို့မှ မေတ္တာရပ်ခံအပ်ပါသည်။

    Source: http://www.arf-asia.org/aman

  • “သူတို့ ဆွဲထုတ်လို့ နိုမို့ဆို ကျနော်သေပြီ” ( ဦးကျော်အုန်း)

    ရေးသူ-Ba Kaung

    U Kyaw Ohme

    “အဘရေပြေးပြေးလို. အိမ်နီးချင်းကုလားတွေက ကျနော်.ကိုပြောလို. သူတို.ဆွဲထုတ်လို. နို.မို.ဆိုကျနော်သေပြီ” လို. အသက် ၇၁ နှစ်အရွယ်အငြိမ်းစားရဲဝန်ထမ်းကြီး ဦးကျော်အုန်းက ကျနော.ကိုပြောပါတယ်။ သူကမွတ်စလင်တွေအများစုနေထိုင်တဲ. မီတ္ထီလာရပ်ကွက်တစ်ခုမှာနေတာပါ။

    အရေးအခင်းစဖြစ်တော. ရပ်ကွက်ထဲမှာနေတဲ. ဗုဒ္ခဘာသာတွေ ထွက်ပြေးကြပါပြီ၊ သူကတော.မပြေးပါ။ အငြိမ်းစားရဲ ၀န်ထမ်းမို.နိုင်ငံတော်ကတော့ ဒီလောက် ဆိုးဆိုးရွားရွားကြီးဖြစ်လာရင် ဒီအတိုင်းကြည့် မနေပါဘူးဆိုတဲ့ အသိနဲ့ မပြေးတာပါ။ သူဦးဆောင်ပြီး မွတ်စလင်နဲ. ဗုဒ္ခဘာသာ လူငယ်တွေပူးပေါင်းပြီး လုံခြုံရေးကင်းဖွဲ.ပြီးရပ်ကွက်ကို ကာကွယ်ခဲ.ပါတယ်။ သတ်မယ်. ဖြတ်မယ်.လူအုပ်ကြီးက ထောင်နဲ.ချီပြီး ချီတက်လာပြီဆိုတော. ဦးကျော်အုန်းကို မွတ်စလင်လူငယ်တွေက အဘရေပြေးပြေးဆိုပြီးပြောတာတောင် ဂျစ်ကန်ကန်လုပ်နေလို. ဆွဲထုတ်ခဲ.ရပါတယ်။

    သူနေထိုင်တဲ. ရပ်ကွက်ကြီး တစ်ခုလုံး ခုတော.ပြာအတိဖြစ်သွားပါတယ်။ သူလဲဒုက္ခသည် ဘ၀ကိုရောက်သွားပါပြီ၊ ၄၁ နှစ်တိတိ ရဲဝန်ထမ်းလုပ်ခဲ.တဲ့ အတွေ.အကြုံကြောင့် ရခဲ့တဲ့ နိုင်ငံတော်က အပြစ်မဲ.ပြည်သူတွေကိုကာကွယ်ပေးတယ်ဆိုတဲ့ အသိလည်း သူ့မှာမရှိတော့ ဘူးလို.ဆိုပါတယ်။

    မွတ်စလင်တွေနဲ့ အတူပြန်နေရမယ်ဆို နေရဲသေးလားလို့ မေးတော. ဘာဖြစ်လို့ မနေရဲရမှာလဲလို့ ကျနော့် ကိုပြောပါတယ်။

    ခုတော့ ဦးကျော်အုန်းတစ်ယောက် ဗုဒ္ဓဘာသာဒုက္ခသည် ၅၀၀ လောက်နဲ. ဘုန်းကြီးကျောင်းတစ်ခုမှာနေနေပါတယ်။

    မူရင်းလင်ခ်- https://www.facebook.com/photo.php?fbid=477219722332640&set=a.477219708999308.1073741827.100001338505522&type=1&theater