News @ M-Media
Blog
  • မလိုလားမှုများရှိနေသော်လည်း UNHRC က ကွင်တားနား၏ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့် သက်တမ်း တစ်နှစ်တိုးမြှင့်
    M-Media
    မတ်လ ၂၄ ရက်၊ ၂၀၁၃
     PHOTO: UN
    PHOTO: UN
    ကုလ၏ လူ့အခွင့်အရေးကောင်စီ (UNHRC) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိုမတ်စ် အိုဟီးယား ကွင်းတားနားကို လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက် ဖို့ရာ နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
    ကွင်တားနားမှာ စစ်အစိုးရလက်ထက် ရာဇ၀တ်မှုများကို ဖော်ထုတ်ဖို့ ကြိုးစားမှုများကြောင့်လည်းကောင်း၊ လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်ဗိုလ်ကျမှုများကို ဖော်ထုတ်တင်ပြဖို့ ကြိုးစားမှုများကြောင့် မြန်မာအစိုးရနှင့် လူများစုစာရင်းဝင် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုအချို့က မလိုလားကြပေ။ ထို့ပြင် မြန်မာပြည်တွင်းရှိ မီဒီယာကြီးများကလည်း ကွင်တားနား၏လုပ်ငန်းဆောင်တာဆောင်ရွက်ချက်များကို ဖော်ပြခြင်းမျိုး မရှိကြပေ။ သို့မဖော်ပြခြင်းမှာ ပုဂ္ဂလိက စိတ်ခံစားချက်များကြောင့် သို့တည်းမဟုတ် လူများစုမလိုလားသော သူအကြောင်း ဖော်ပြခြင်းဖြင့် မိမိတို့ဂျာနယ်မဂ္ဂဇင်းများ ရောင်းအားကျမည်ကို စိုးရိမ်သဖြင့် ပြုလုပ်ကြခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
    UNHRC ၏ ကြေငြာချက်တွင် ကွင်တားနား၏ အစီရင်ခံစာအသစ်၌ နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်ချက်များသာမက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံ capacity-building အတွက် လိုအပ်ချက်များကိုပါ ဖော်ပြပေးဖို့ ဖိတ်ခေါ်တိုက်တွန်းထားသည်။
    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဖီးလစ်မီဒမ်ကမူ နိုင်ငံတကာအနေဖြင့် မြန်မာပြည်၌ လူ့အခွင့်အရေးဆိုင်ရာ ရုံးခန်းတစ်ခု ဖြစ်တည်လာဖို့ အာရုံထားသင့်ကြောင်း ကို သောကြာနေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် သူက မြန်မာအစိုးရအား ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးဖို့သာမက ကချင်ပြည်နယ်တွင်း စစ်တပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အလုံးစုံ ပြန်လည် စိစစ်ဖို့၊ လက်ရှိတည်မြဲနေသည့် ဥပဒေကို ပြန်လည်သုံးသပ်ရန် ရက်စွဲအတိအကျသတ်မှတ်ဖို့၊ လက်ရှိနိုင်ငံရေးပေါ်လစီကို ဆန့်ကျင်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အား နှိပ်ကွပ်ထားသည့် ဥပေဒမျိုးကို ပြန်လည် စိစစ်ဖို့ စသည်များကို ပြောကြားသွားခဲ့သည်။
  • နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘုရားထံသို့ အိတ်ဖွင့်ပေးစာ
    နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘုရားထံသို့ အိတ်ဖွင့်ပေးစာ
    မတ်လ ၂၄ ၊ ၂၀၁၃
    ဂုဏ်လင်း ပေးပို့သော အိတ်ဖွင့်ပေးစာ
    သို့
    ဥက္ကဌဆရာတော်ဘုရား
    နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့
    အကြောင်းအရာ။ ။  အခြားဘာသာဝင်များ အပေါ် ယုတ်ညံ့စွာစော်ကား အနိုင်ကျင့်ပြီး မိမိ၏ ဘာသာသာသနာကို ပြန်၍ သိက္ခာကျအောင် ပြုလုပ်နေသူ အလဇ္ဇီ ရဟန်းတုများ နှင့် နောက်လိုက် တောကြောင်တို့အား မသိကျိုးကျွံ ပြုနေခြင်းသည် သံဃာ့နာယကအဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်းနှင့်အတူ ကမ္ဘာနှင့်ချီ၍ အရှက်ရဖွယ် ဖြစ်နေပါကြောင်း မေတ္တာရပ်ခံလျှောက်ထားခြင်း။
    ” ရှက်ခြင်းရှိသောသူကို မိမိကိုယ်ကို စောင့်ရှောက်သောသူဟူ၍ သိအပ်၏။” (အတ္တရ ရက္ခိတ သုတ်၊ သံယုတ်) ”
    ဆရာတော်ဘုရားကြီးခင်ဗျား –
    စိတ်ကျန်းမာ၍ ရုပ်ကျန်းမာပါစေ။
    ၃၈ဖြာ မင်္ဂလာတွင် “ဂါရဝေါစ” ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးတွင် ပါဝင်သည့်အတွက်၊ တပည့်တော်၏စာ၌ အချို့သူများအား နာမည်သာရေးကာ၊ ဂါရ၀ပြု စကားလုံးများ ထည့်မရေးထားသည်ကို ခွင့်လွှတ်တော်မူပါဘုရား” ။
    မရိုသေထိုက်သူကို ရိုသေ ဂါရ၀ ထားမိပါက “အမင်္ဂလာ” ဖြစ်ရာ ၊ တပည့်တော်၏ စာ မင်္ဂလာရှိစေချင်၍ ဖြစ်ပါသည်။
    ရတနာသုံးပါးတွင် ဘုရား၊ တရား၊ သံဃာ ဟူ၍ အစဉ်လိုက်ရှိရာ၊ သံဃာသည် သုံးပါးမြောက်ဖြစ်ပြီး သူ့ရှေ့တွင် ဘုရား နှင့် တရားက လက်ဦးမှု ရယူထားပါသည်။ ဆိုလိုသည်မှာ ယင်းသံဃာကိုယ်၌က ဘုရားရှင်ကို လက်ခံယုံကြည်ပြီး၊ တရားစောင့်ထိန်းမှု ရှိရပါသည်။ သို့မှသာ သံဃာစစ်စစ် ဗုဒ္ဓသားတော်မည်ပါသည်။
    ” ရဟန်းတို့၊ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားသော အမြင်ကြောင့် များစွာသော ယုတ်ညံ့အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤသည်ကား အကျိုးမဲ့ရာတည်း။ မှန်သော အမြင်အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့ ဖြစ်ကုန်၏။ ဤသည်ကား အကျိုးတည်း။ ” (အဇိတ သုတ်၊ အင်္ဂုတ္တိုရ်)
    ယခုအခါတွင် အပုပ်ကောင် ရုပ်ဆောင်ထားသော ခန္ဓာကိုယ်ကိုသာ သင်္ကန်းစည်းကာ၊ နှလုံးသားကို သင်္ကန်းစည်းမထားသော ရဟန်းတု၊ သံဃာယောင်များသည် ဆူပူအုံကြွမှု နှင့် အဓိကရုဏ်းများ ပေါ်ပေါက်အောင် စင်မြင့်ပေါ်တွင်ဟောပြော၍ တစ်နည်း၊ စာတိုစာရှည်ဖြင့် လုပ်ကြံရေးသားခြင်းက တစ်ဖုံ၊ မုသားစွပ်စွဲပြောဆို ၀ါဒဖြန့်ဝေမှုကလည်း တစ်မျိုးအားဖြင့် အရှက်နည်း အတင့်ရဲကာ ယုတ်ညံ့စုတ်ချာသော အလုပ်ကိုပြုလုပ်နေကြပါသည် ဆရာတော်ဘုရား ။
    ထိုသင်္ကန်းရုံ အလဇ္ဇီရဟန်းများ တစ်စထက်တစ်စ များပြားလာလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း ထိုသံဃာယုတ်များကို မှီ၍ ဗိုလ်ချုပ် သတိပေးဖူးသည့် နိုင်ငံကြီး ဖြစ်လာနိုင်ပြီးနောက် မသူတော်တို့၏ သာသနာသာ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်။ အကြောင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သံဃာတော်တို့၏အပိုင်းသည် အပြန်အလှန် တည်မှီနေ၍ ဖြစ်ပါသည်။
    ကြောက်စရာကောင်းလှသော အလဇ္ဇီရဟန်းတို့အကြောင်းကို တပည့်တော်မှ အနည်းငယ်တင်ပြပါရစေ ဆရာတော်ဘုရား။
    ၁။    ပညာဝရ (ဓမ္မဒူတ – သိမ်ဇရပ်) အလဇ္ဇီရဟန်းက ၁၆-၁-၂၀၁၃ နေ့၊ စော်ဘွားကြီးကုန်းတရားပွဲတွင် ” ဘ၀လမ်းခွဲ တရားတော် ” ဟု အမည်တပ်ကာ ဟောကြားရာ၌ –
    ကျောင်းဆောက်ဖို့ ကားပေါ်မှ ပစ္စည်းများလာချသောအခါ၊ တိပိဋကကိုယ်တော် မင်းကွန်းဆရာတော် ဘုရားကြီးက ” ဘယ်ဆိုင်က ၀ယ်လာတာလဲ ” ဟု မေးရာ ၊ ဆိုင်နာမည်ပြောတော့ ၊  ” ဒါမွတ်စလင်ဆိုင်ဘဲ၊ ဘာဖြစ်လို့ မွတ်စလင်ဆိုင်က ၀ယ်လာရတာလဲ” ထပ်မေးရာ၊ ” ဗမာဆိုင်က ဈေးကြီးလို့ပါ ဘုရား ” ဟု လျှောက်တင်ရာ၊ ဆရာတော်ဘုရားက ” ဈေးကြီးရင် ကြီးပါစေ ၊ ဗမာဆိုင်ကပဲ ၀ယ် ” ဟု ပြောဆိုကြောင်း၊ ပညာဝရက ပညာမရသော စကားများထည့်သွင်းပြောဆိုသွားပါသည်။ အလဇ္ဇီပညာဝရ၏စကားများကို ခွဲခြမ်းစိစစ်ရပါသော် –
    (က) တိပိဋက မင်းကွန်းဆရာတော်ကြီးက မန္တလေးရှိ ဘယ်ဆိုင်က ဗမာဆိုင်၊ ဘယ်ဆိုင်က မွတ်စလင်ဆိုင်၊ ဘယ်ဆိုင်က တရုတ်ဆိုင် စသည်ဖြင့် အတိအကျ သိနေပုံထောက်လျှင် ဆရာတော်ဘုရားကြီး၏ ပိဋကတ်တော် အာဂုံဆောင်နိုင်မှုကိုပင် သံသယ၀င်စရာ ရှိလာပါတော့သည်။ “ မန္တလေးမြို့ပေါ်က ဆိုင်တွေအကြောင်း သုတေသနပြုနေရလို့ ဆရာတော်ခမျာ စာကျက်ချိန်၊ စာချချိန် ၊ တရားမှတ်ချိန်၊ မေတ္တာပို့ချိန်ကော ရှိသေးရဲ့လား ” အတွေးဝင်မိပါသည်။
    (ခ) မင်းကွန်းဆရာတော်၏ ” မေတ္တာပို့ ဆုတောင်း ” မှာ အလွန်ပြောင်မြောက်သည့်အတွက် သီချင်းအသွင်အဖြစ်ပင် သီဆိုခဲ့ကြပါသည်။ ဆရာတော့်မေတ္တာပို့ ဆုတောင်းသည် မြန်မာပြည်မှာ သာမက ကမ္ဘာကျော်ဆုတောင်းလည်း ဖြစ်ခဲ့ရပါသည်။ ယခုတော့  – “……..အနန္တစကြ၀ဠာ၊ အနန္တသတ္တ၀ါတို့ ” ဟုအစချီလျက် အနန္တနှင့်ချီသော ဆုတောင်းပိုင်ရှင်က မန္တလေးက မွတ်စလင်များအပေါ်ကျတော့ မေတ္တာ မထားနိုင်သည်မှာ ရယ်စရာကောင်းသည့်အပြင်၊ တရားနှင့် ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်နဲ့ သူ့ဆုတောင်း သတ်သတ်စီဖြစ်လျက် ဆန့်ကျင်ဘက် အသွင်ဆောင်သွားသောကြောင့် အလဇ္ဇီရဟန်း ပညာဝရ ပြောချလိုက်ပုံမှာကား ရွံ့မုန်းစရာပင် ကောင်းနေပါတော့သည်။
    (ယင်းသို့ မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမည်ကို ခုတုံးလုပ်ပြီး ပေါကြောင်ကြောင် မုသားစကားများဖြင့် အရောင်တင်သွတ်သွင်းလျက် ရိုးသားသော ဗုဒ္ဓဘာသာဝင်များ၊ အသိဥာဏ်ဆင်းရဲသော ဗုဒ္ဓဘာသာဝင်များအတွင်း အလဇ္ဇီရဟန်း ပညာဝရ၏ လှုံဆော်သွေးထိုးမှုသည် သံဃာအယောင်ဆောင်ခြင်းက တစ်ပြစ်၊ မုသားစကား ကလိန်ကကျစ်တရားများဟောခြင်းက တစ်ပြစ် ဖြစ်ခြင်းကြောင့် ဘာသာတရားအရရော ဥပဒေကြောင်းအရပါ ပြစ်မှုမြောက်သူတစ်ဦး ဖြစ်ပါသည်။
    (ဂ) ” ဗမာဆိုင်တွေက ဈေးကြီးတယ်” ဟု ဆိုရာ သူ့စကားအရ ဗမာများကို “ အမြတ်ကြီးစား ၀ိသမလောဘသားများ ” ဟု တိုက်ရိုက် စော်ကားလိုက်ရာ ရောက်သွားပါသည်။
    (ဃ) မွတ်စလင်တို့၏ ယုတ်မာပုံများ ဟုဆိုကာ ဇာတ်နာအောင် လုပ်ကြံပြောကြားနေသော်လည်း၊ ပညာဝရ အနေနှင့် ရယ်ကာမောကာ ပြောဆိုပြနေပုံကို ကြည့်လျှင်ပင် အဖြစ်မှန်အကြောင်းမဟုတ်သည်ဖြစ်သဖြင့် သူတကယ်စိတ်မနာကြောင်း ဖော်ပြနေပါသည်။
    (င) မွတ်စလင်တို့၏စီးပွားရေးကိုတိုက်ခိုက်အောင်လှုံဆော်ကာ တစ်ပါးအမျိုးသားတို့၏အကျိုးကိုပျက်စီးစေခြင်း၊ မွတ်စလင်တို့၏ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ မွတ်စလင်များအပေါ် ရွံ့ရှာ မုန်းတီးလာအောင် လုပ်ကြံ ဇာတ်ဆင်ဝါဒဖြန့်ခြင်းများကို ဖန်တီးလျက် – အများသူငါတို့ မွတ်စလင်များနှင့် မပတ်သက်ရဲ၊ မဆက်ဆံရဲတော့ဘဲ မွတ်စလင်များအပေါ်အထင်သေးလာစေရန် စီမံကိန်းများချကာ ဗုဒ္ဓဘာသာဝင်ဦးရေများပြားလာဖို့ လုပ်ဆောင်နေခြင်းက ” ဗုဒ္ဓ၀ါဒီအမည်ခံ အကြမ်းဖက်အရေးတော်ပုံကြီး ” ပေါ်ပေါက်လာစေရေးအတွက် တာဆူနေကြသကဲ့သို့ ဖြစ်နေပါသည်။
    ဆရာတော်ဘုရားကြီးခင်ဗျား။
    ၂။    ထိုအလဇ္ဇီရဟန်းတို့၏ လုပ်ကြံဟောကြားချက်များကို တပည့်တော်အနေဖြင့် တစ်ခုချင်း တင်ပြချေဖျက် သုတ်သင်ပါက စာမှာ ရှည်လျားသွားပါမည်။
    ဆရာတော်ကြီးများအား အားနာလှပါသဖြင့် တပည့်တော်မှ ခြုံငုံတင်ပြလျှောက်ထားအပ်ပါသည်။
    * ဗလီတွေမှာ လက်နက်တိုက်တွေ ရှိတယ်။
    * ၇၈၆ ဆိုတာ ၂၁ ဖြစ်လို့ ၂၁ ရာစုမှာ ဗမာပြည်ကို အစ္စလာမ်က လွှမ်းမိုးရမယ်။
    *  ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေကို ယူနိုင်သူဖြစ်ယင် ဗလီတွေက ဆုငွေချီးမြှင့်တယ်။
    * အစ္စလာမ်ထဲဝင်တဲ့သူတွေဟာ ရွှေတိဂုံစေတီနဲ့ မဟာမြတ်မုနိစေတီတော်ပုံတွေကို ခြေနဲ့ အရင် နင်းပြပြီးမှ ၀င်ရတယ်။
    * ဂျိဟာဒ် ဆိုတာ ဘာသာမတူတွေကို သတ်ခြင်းသာ ဖြစ်တယ်။
    * မွတ်စလင်ကန်ထရိုက်တွေ တိုက်ဆောက်ရင် ဗလီအတွက် တစ်ခန်းချန်ထားတယ်
    စသည်တို့အပါအ၀င် အခြားသော စကားများစွာတို့မှာ ခိုင်မာခြေမြစ်မှုမရှိသော ယုတ္ထိယုတ္တာကင်းမဲ့သော အသိမ်အဖျင်း မုသားစွပ်စွဲချက်များသာ ဖြစ်ပါသည်။
    “ ရွှေတိဂုံ နဲ့ မဟာမြတ်မုနိပုံတွေကို ခြေနဲ့နင်းပြီးမှ အစ္စလာမ်ဘာသာထဲ ၀င်ရတယ် ” ဟူသည် ပညာမပြည့်ဝသော ပညာဝရ ၏ သိမ်ဖျင်းနိမ့်ကျသည့် ပုတ်ခတ်စွပ်စွဲချက်သာ ဖြစ်ပါသည်။
    ” အမိယုတ် နှုတ်ကြမ်း ” ဟု ဆိုရပါလိမ့်မည်။ မွတ်စလင်တွေကို ၄င်းတို့လေးစားလိုက်နာရသော ကုရ်အာန်ကျမ်းထဲ၌ အတိအလင်း လမ်းညွှန်ဆုံးမထားပါသည်။
    ” အသင်တို့သည် အခြားကိုးကွယ်ရာများကို ကဲ့ရဲ့ခြင်း မပြုကြလေနှင့်။ ” (ကုရ်အာန် ၆း၁၀၈)
    ထို့ကြောင့် အခြားကိုးကွယ်ရာများအား ကိုယ်ထိလက်ရောက်စော်ကားရန် ဝေးစွ၊ နှုတ်ဖြင့်ပင် ပြစ်မှားခွင့် မရှိပါ။
    ” ကောင်းသောအလုပ်ကိုသာ ပြုလုပ်ကြကုန်လော့ “။ (ကုရ်အာန် ၂၂း၇၇) ဟု ညွှန်ကြားထားသဖြင့် အောက်တန်းကျသည့်အလုပ်ကို အသာထားဦး၊ သာမန် မကောင်းမှု တစ်ခုတလေကိုပင်လျှင် အစ္စလာမ်က  ပြုလုပ်ခွင့် ပေးမထားပါ။
    စင်စစ်သော် တမန်တော်မုဟမ္မဒ်ညွှန်ပြခဲ့သော –  တမန်တော်အိဗ်ရာဟင်မ်၏ ” မိလ်သလ် ” လမ်းစဉ်ကို လိုက်နာသူအား မွတ်စလင်ဟု ခေါ်ဆိုပါသည်။
    ” အသင်တို့၏ သာသနာကို ငါအရှင်မြတ်က ကြပ်တည်းခက်ခဲမှု လုပ်ထားတော် မမူ။ အသင်တို့ ဖခမည်းတော်ကြီး အိဗ်ရာဟင်မ်လမ်းစဉ်ဖြစ်ကာ၊ အသင်တို့ကို မွတ်စလင်များဟု ကင်ပွန်းတပ်လေပြီ။” (ကုရ်အာန် ၂၂း၇၈) ဟူ၍လည်းကောင်း၊ ” အလ္လာဟ်အရှင်၏ အမိန့်တော်များကို နာခံလျက်၊ ကောင်းသောအမှုကို ပြုကျင့်ကာ ဖြောင့်မတ်မှန်ကန်သော အိဗ်ရာဟင်မ် ၏ လမ်းစဉ်ကို လိုက်နာသူ အကြင်သူထက် မည်သူ၏ဘ၀တည်ဆောက်မှုလမ်းစဉ်က ပိုကောင်းပါ့မည်နည်း” ( ကုရ်အာန် ၄း၁၂၅) ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
    တမန်တော်အိဗ်ရာဟင်မ်၏လမ်းစဉ်ကို လိုက်နာသူ မွတ်စလင်တိုင်းသည် အစ္စလာမ်ကို မယုံကြည်သူများအား ရိုက်နှက်ဖို့ ဆဲဆိုဖို့ဝေးစွ၊  ကြမ်းတမ်းသောစကားကို မဆိုထားဘိ၊ ထိုသူများအတွက် အလ္လာဟ့်ထံ၌ ဆုမွန်ကောင်းပင် တောင်းပေးရပါသေးသည်။ ၄င်းသဘောထားနှင့်စပ်လျဉ်းသည့်ကျမ်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ” အိဗ်ရာဟင်မ်က ” အို- ကျွန်တော်မျိုးတို့၏ ဖန်ဆင်းရှင်၊ မည်သူမဆို ကျွန်တော်မျိုးအား နာခံခဲ့ပါသော် ထိုသူသည် ကျွန်တော်မျိုး၏ အဖွဲ့ဝင်ဖြစ်ကာ၊ ကျွန်တော်မျိုးအား မနာခံဖီဆန်ပါသော် ဧကန်အမှန် အရှင်မြတ်သည် ခွင့်လွှတ်တော်မူသောအရှင်၊ သနားကြင်နာတော်မူသောအရှင်သာ ဖြစ်တော်မူပါသည်။ ” (ကုရ်အာန် ၁၄း၃၆)
    “ ၂၁ရာစုမှာ အစ္စလာမ်လွှမ်းမိုးရေးစီမံကိန်း – ၇၈၆ ” ဟူသည့် ရမ်းတုပ်စွဲချက်အား မွတ်စလင်တို့မှ တအံ့တသြ ဖြစ်ကြရပါသည်။ အကြောင်းမှာ – “၇၈၆” ဟူသည် ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ တွက်ချက်ထားမှုတစ်ခုသာ ဖြစ်ပါသည်။ ယင်းစာကြောင်းမှာ ” ကရုဏာပေါ် ကရုဏာဆင့်တော်မူသော အလ္လာဟ်အရှင်၏ နာမတော်ဖြင့် ” ဟု အဓိပ္ပါယ်ရပါသည်။ မွတ်စလင်မ်များသည် မည်သည့်အရာကိုပြုလုပ်ဆောင်ရွက်သည်ဖြစ်စေ ဤဒီဓမ္မလမ်းညွှန်အား ဆင်ခြင်နှလုံးသွင်းရပါသည်။ ( ကြည့်ရှုလေ့လာရန် – ကုရ်အာန် ၁၁း၄၁၊၂၇း၃၀၊ ၉၆း၁)
    ကရုဏာကင်းမဲ့သောအလုပ် မလုပ်မိစေရန် သစ္စာမာန်တင်း၊ နှလုံးသွင်းရေး ဓမ္မသတိလေ့ကျင့်ခန်း ဟုဆိုရမည် ဖြစ်ပါသည်။ ဤနေရာ၌ ယင်းသို့ ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ  “၇၈၆” အက္ခရာတန်ဖိုးအဖြစ် တွက်ချက်ခြင်းကို အာရဗ်တွေက အသိအမှတ်မပြုသည်ကို သိရန်လိုအပ်ပါသည်။ ၄င်းနည်းစံနစ်မှာ အိန္ဒိယတိုက်နယ်မှ မွတ်စလင်များသာ အသုံးပြုကြလင့်ကစား  လက်မခံသူများလည်း ရှိပါသေးသည်။ “ ၇၈၆ မှာပါတဲ့ ဂဏန်းသုံးလုံးပေါင်းရင် ၇+၈+၆ =၂၁ ရလို့ ၂၁ရာစုကို ရည်ရွယ်တာ ” ဆိုသည့် စွပ်စွဲချက်ကြောင့် မွတ်စလင်များ ထပ်ဆင့်အံ့သြနေရပါသည်။ အဘယ်ကြောင့်ဆိုသော် အရဗီအက္ခရာ၏စုပေါင်းကိန်းအား ထိုကဲ့သို့ ထပ်ဆင့်ပြန်ပေါင်း၍ မရပါ။ အဓိပ္ပာယ်မဲ့သွား၍ ဖြစ်ပါသည်။
    ဖော်ပြပါအယူအဆကို တင်ပြနေခြင်းမှာ အစ္စလာမ်ကိုမသိ၊ ကုရ်အာန်ကို မလေ့လာသောကြောင့်သာ ဖြစ်ပါမည်။
    ” ယှဉ်တွဲကိုးကိုယ်သူများ မနှစ်မြို့သော်ငြားလည်း  ထိုအရှင်မြတ်သည် မိမိ၏စေတမန်အား အလုံးစုံသော ၀ါဒလမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်၊ လမ်းစဉ်မှန်တို့ဖြင့် စေလွှတ်ခဲ့လေပြီ “။ (ကုရ်အာန် – ၆၁း၉)
    တရားလမ်းစဉ်တစ်ရပ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထင်ပေါ်စေခြင်း ဖြစ်ဖို့ရာ –
    (က) ထောင့်စုံ၊ ဘက်စုံမှ ညွှန်ကြားပေးနိုင်သော ဓမ္မလမ်းညွှန်ဖြစ်ရမည်။
    (ခ) ၀ါဒလမ်းစဉ်ကိုယ်၌ကလည်း မှန်ကန်သော လမ်းစဉ်၊ “သစ္စာမဂ္ဂင်” ဖြစ်ရမည်။  ရနံ့သင်းမှုကို သေးသိမ်ညံ့ဖျင်းမှုဖြင့် မတည်ဆောက်နိုင်ပါ။ ဖြစ်လာသမျှအတွက် သစ္စာအလှနှင့်သာ အောင်မြင်ကျော်လွှားနိုင်ပါမည်။
    မွတ်စလင်ဗလီများကို ချောင်ကြိုချောင်ကြား၌ ပုန်းလျှိုးကွယ်လျှိုး မတည်ဆောက်ထားကြပါ။ မြို့လယ်ကောင်တွေမှာ ရှိတာများပါသည်။ မွတ်စလင်တို့သည် တစ်နေ့ (၅)ကြိမ် ၀တ်ပြုကြရပါသည်။ ဗလီထဲရောက်လျှင် မည်သူမဆို ကြိုက်ရာနေရာတွင် နေရာယူဝတ်ပြုနိုင်ပါသည်။ မည်သူ့ကိုမျှ ပုံသေနေရာပေးခြင်း နှင့် အဆင့်အတန်းခွဲခြားခြင်း မရှိသဖြင့် မည်သူမဆို မွတ်စလင်ယောင်ဆောင်ကာ အလွယ်တကူ  ၀င်ရောက်လေ့လာအဖြေရှာနိုင်ပါသည်။ အလဇ္ဇီရဟန်းတို့ စွပ်စွဲသလိုမျိုး အလျဉ်း မဟုတ်ကြောင်း အချိန်တိုအတွင်းမှာပင် အထင်းသားမြင်နိုင်ပါသည်။
    ၃။     ယခု ဖြစ်ပျက်ကြုံတွေ့နေရသော အဖြစ်အပျက်များ၏နောက်ကွယ်၌ လက်ရှိအာဏာပိုင်အချို့ ပါဝင်ပတ်သက်နေသည်ဟု တပည့်တော် ထင်မြင်ယူဆပါသဖြင့် ၊ တပည့်တော်၏ လုံခြုံရေးအတွက် နာမည်ရင်းကို မဖော်ပြနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါ ဘုရား။ ယင်းသို့ ယူဆသုံးသပ်မိရသည့်အကြောင်းမှာ —-
    (က) လူ့သက်သေအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ အခွေ(ရုပ်ရော၊ အသံပါ ) အထောက်အထားများရှိပါလျက် ထိုသို့ လူသိရှင်ကြား လုပ်ကြံသွေးထိုးဟောပြောနေသော အလဇ္ဇီရဟန်းများကို သက်ဆိုင်ရာမှ ဘာတစ်ခုမျှ အရေးယူဆောင်ရွက်မှု လုံးဝ မရှိခြင်း။
    (ခ) ၈-၁၂-၂၀၁၃ (စနေနေ့)၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အောင်မြေသာယာကျောင်းတွင် ဂိုဏ်းပေါင်းစုံ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ မွတ်စလင်ဆန့်ကျင်ရေးအခမ်းအနား၌ ယူနီဖေါင်းဝတ်ရဲအရာရှိ ထိုင်နားထောင်သည်ကိုပင် တွေ့မြင်ရခဲ့ရပါသည်။  ထိုအစည်းအဝေး၌ တည်ဆဲဥပဒေကိုချိုးဖောက်ကာ ယင်းတို့က အာဏာရှင်ပုံစံနှင့် လက်ရှိလွှတ်တော်အမတ်များကိုရော ၊ သမ္မတအဖွဲ့ နှင့် အစိုးရအဖွဲ့များကိုပါ ထီမထင်ကြောင်းပြသ၍ ၄င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို အများပြည်သူမှလိုက်နာရန် ဥပဒေသဖွယ်ထုတ်ပြန်ခဲ့ကြသည်မှာ အထင်အရှားဖြစ်ပါသည်။ သို့သော်လည်း  ယနေ့ထက်တိုင် မည်သည့် အရေးယူဟန့်တားမှုမျှ မရှိသေးပါ။
    (ဂ) အလဇ္ဇီ ပညာဝရ၏ ပြောကြားမှု၌ ” မနေ့က (၁၅-၃-၂၀၁၂)၊ ပြန်ကြားရေးဝန်ကြီးရဲ့ကတော်နဲ့ တွေ့လို့တောင် ပြောလိုက်သေးတယ် ” ဟု တရားပွဲတွင် တရားဝင် ထုတ်ဖော်ပြောဆိုသွားရာ အလဇ္ဇီရဟန်းတို့နှင့် အာဏာပိုင်အချို့ ဆက်နွယ်မှုနှင့်ဆက်ဆံမှုများ ရှိနေကြောင်း ငြင်းဆိုမရအောင်ပေါ်လွင်သွားခြင်း . . .  စသည့် စသည့် အချက်များကြောင့်ဟု တင်လျှောက်လိုက်ရကြောင်းပါ ဘုရား။
    ဂုဏ်လင်း
  • မော်လမြိုင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကြိုတင်ကာကွယ်ရန် ဘာသာပေါင်းစုံ တွေ့ဆုံ
    မတ်လ ၂၃ ၊ ၂၀၁၃
    M-Media
    ဓါတ်ပုံ Credit-Kyaw Khant FB
    ဓါတ်ပုံ Credit-Kyaw Khant FB
    ယနေ့ မတ်လ ၂၃ ရက်နေ့တွင် မော်လမြိုင်မြို့စီးပွါးရေးလုပ်ငန်းရှင် မြို့ခံတချို့က ဘီးလင်းဖက်မှာ ဓါးလက်နက် ထောင်ဂဏန်းထိ ဝေထားတယ် လို့ သတင်းတွေ ဆိုရှယ်မီဒီယာနှင့် အင်တာနက်သတင်းများတွင် ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းရှင် စီပွားရေးသမားများကိုယ်တိုင် မဟုတ်မမှန်ကြောင်း ရှင်းလင်းခဲ့သည်ဟုသိရပါသည်။
    မွန်ပြည်နယ် မော်လမြိုင်မြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့ရပ်မိရပ်ဖတွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ဝင်တွေ၊ မြို့ခံဆရာတော်ဘုန်းတော်ကြီးများ ပါဝင်ပြီး ငွေမိုးဟိုတယ်တွင် ယနေ့ မတ်လ ၂၃ ရက် ၂၃.၃.၂၀၁၃ ည(၇)နာရီအချိန် ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ဘာသာပေါင်းစုံမှ အစည်းအဝေးပြုလုပ်ကာ ကော်လဟာလများကို မယုံကြည်ကြရန်၊ သွေးထိုးလှုံ့ဆော်မှုများမှာ မပါဝင်ကြရန်၊ သတိပေး ကြေညာချက် ထုတ်ပြန်ဖို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
  • ရမည်းသင်း မြို့နယ် ရွာတန်းရွာနှင့် နေပူကုန်းရွာ မီးရှို့ခံရ
    ရမည်းသင်း မြို့နယ် ရွာတန်းရွာနှင့် နေပူကုန်းရွာ မီးရှို့ခံရ
    မတ်လ-၂၃-၂၀၁၃
    M-Media
    ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။
    ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကားများရွာတန်းကျေးရွာသို့ သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည်ဟုသိရသည်။
    ရမည်းသင်း မြို့နယ် ရွာတုန်းကျေးရွာ တရွာလုံးနီးပါးပြာကျ
    ———–
    မတ်လ ၂၃ ၊ ၂၀၁၃
    ည ၁၁ နာရီ
    ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မိးလောင်ပြာကြသွားကြောင်း သတင်းရရှိသည်။
    ရေကြည်ရွာနဲ့ ပုရွက်ဆိတ် ရွာဘက်ကို လူတစ်ထောင်လောက် ထွက်သွားကြကြောင်း သိရှိရပါသည်။
    ရမည်းသင်း နေပူကုန်းရွာ
    ——————–
    ရမည်းသင်းမြို့နယ် နေပူကုန်းရွာမှာ မီးစရှို့နေပါတယ်။ နေပူကူန်းရွာမှာ မွတ်စလင်မ်အိမ်ခြေ(၁၀၀)ကျော်နဲ့ ဗလီ (၁)လုံးရှိပါတယ်
  • နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအား ကာကွယ်စောင့်ရှောက်ပေးရန် မြန်မာအစိုးရအား တူရကီတိုက်တွန်း
    မတ်လ ၂၃ ၊ ၂၀၁၃
    M-Media
    Source:http://www.worldbulletin.net
    A man stands in front of a mosque as it burns in Meikhtila, March 21, 2013
    မိထ္ထီလာမှ မီးရှို့ခံလိုက်ရသည့် ဗလီတလုံး (ဓါတ်ပုံ-ရိုက်တာ)
    အကြမ်းဖက်တိုက်ခိုက်မှုများ တစ်စတစ်စ ကြီးထွားလာမှုကို အရေးယူပြီး၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား  ကာကွယ်စောင့်ရှောက်ပေးရန် တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာအစိုးရအား တိုက်တွန်းပြောကြားလိုက်သည်။
    “မိတ္ထီလာတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ချက်ချင်း ထိန်းချုပ်ပေးရန်၊ ထိုအကြမ်းဖက်မှုများကို ကျူးလွန်သူများအား ဖမ်းဆီးပေးရန်နှင့် အခြားဒေသများသို့ ပျံ့နှံ့မသွားအောင် တားဆီးပေးရန် တူရကီနိုင်ငံမှ တိုက်တွန်းလိုက်ပါသည်။”ဟု စနေနေ့က တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ုလွန်ခဲ့သော ဗုဒ္ဓဟူးနေ့မှစ၍ ဗုဒ္ဓဘာသာဝင်အုပ်စုမှ  မိတ္ထီလာမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး သောကြာနေ့ကလည်း မိတ္ထီလာမြို့ အပြင်ဘက်ရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြလေသည်။