News @ M-Media
Blog
  • ဥပဒေ ချိုးဖောက်သူကို အပြစ်ပေး ၊ ဥပဒေနှင့် အညီနေထိုင်သူများကို အကာအကွယ်ပေးရန် လိုအပ် ဟု မောင်လာနာ ဦးအုန်းသောင် ပြောကြား
    ဥပဒေ ချိုးဖောက်သူကို အပြစ်ပေး ၊ ဥပဒေနှင့် အညီနေထိုင်သူများကို အကာအကွယ်ပေးရန် လိုအပ် ဟု မောင်လာနာ ဦးအုန်းသောင် ပြောကြား
    မတ်လ-၂၆၊၂၀၁၃
    M-Media
    နေသစ်ထွန်း
    မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ဘာသာရေးမုန်းတီးမှုအခြေခံတိုက်ခိုက်အကြမ်းဖတ်မှုများနှင့် ပတ်သက်၍ မောင်လာနာဦးအုန်းသောင် က ဥပဒေချိုးဖောက်သူများကို အပြစ်ပေးရန် ဥပဒေနှင့် အညီနေထိုင်သူများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။
    “ မြန်မာနိုင်ငံအတွင်းမှာ မငြိမ်မသက်မှု တွေ ဖြစ်ပေါ်နေလို့  စိတ်မကောင်းဖြစ်မိပါတယ်။ တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်။ ဥပဒေအောက်မှာ ကျောသားရင်သား မခွဲခြားပဲ ဆက်ဆံပေးဖို့လိုပါတယ်။တာဝန်ရှိသူတွေ အနေနဲ့လည်း ဥပဒေချိုးဖောက်တဲ့ သူ ကို အပြစ်ပေး ၊ ဥပဒေနဲ့ အညီ နေထိုင်တဲ့ သူကို အကာ အကွယ် ပေးဖို့ လိုအပ်ပါတယ်” ဟု မောင်လာနာဦးအုန်းသောင်က ပြောပါသည်။
    သံယံဇာတ ပေါကြွယ်ဝသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု မရှိခဲ့သောကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက် ကျခဲ့ ရကြောင်း ၊ ဘာသာဝင်အသီးသီးအနေဖြင့် ဘာသာတရားပြဌာန်းချက်နှင့် အညီနေထိုင်ကျင့်သုံးရန် လိုအပ်ကြောင်း မောင်လာနာ ဦးအုန်းသောင်က ပြောပါသည်။
    မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၊ ရမည်းသင်း၊ တပ်ကုန်းဒေသများတွင် နေထိုင်ကြသော မြန်မာမွတ်စလင် ဒေသခံများဗလီ နှင့် ဘာသာရေးစာသင်ကျောင်းများအား အကြမ်းဖတ် တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက် ရန်ကုန်မြို့လူထုအကြားစိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည်။
    “အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ မေတ္တာရှေ့ထားပြီး စိတ်ရှည်သည်းခံရမယ်။ ဥပဒေမဲ့ ကျုးကျော်စော်ကားမှု တွေကို လည်း ဥပဒေဘောင် အတွင်းကနေ ဖြေရှင်းဖို့ လိုအပ်ပါတယ် ”ဟု၎င်းကမှာကြားပါသည်။
    မတ်လ ၂၂နှင့် ၂၃ နေ့များတွင် အွန်လိုင်း လူမှုကွန်ရက်များတွင်ပျံ့နှံ့ခဲ့သော သတင်းများကြောင့် မော်လမြိုင် မြို့နေ ပြည်သူများ စိုးရမ်းမှုများဖြစ်ပေါ်ခဲ့သည်။
    “လက်ရှိ မော်လမြိုင်အခြေနေ ကတော့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ သုံးရက်အရင်ကတော့ ကောလဟလ တွေ ကြောင့်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ မတ်လ ၂၃ နေ့ မော်လမြိုင်မှာ ဖြစ်ခဲ့တဲ့သတင်း ကို ကျော်ကြား ဆောက် လုပ်ရေး ပိုင်ရှင် ဦးတင်လှိုင် က သတင်းစာရှင်းလင်းပွဲလုပ်ဖြေရှင်းခဲ့ပါတယ်။ ဆက်လက်ပြီး ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး ဆောင်ရွက်သွားဖို့ကိုလည်းဆွေးနွေးဖြစ်ကြပါတယ်” ဟု ပြောပါသည်။
    သက်ဆိုင်ရာတာဝန်ရှိသူများကတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက် နေသော် လည်း မွန်ပြည်နယ်အတွင်းရှိ အချို့သော မြို့နယ်များတွင် အစ္စလာမ်ဘသာဝင်များအား ခြိမ်းခြောက်ဆဲ ဆိုရန် လို မှုများဖြစ်ပွားနေသည်။
    ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၌ မတ်လ ၂၂နေ့ ညပိုင်းတွင်  ကျုံကမီးကျေးရွာမှ ၉၆၉ လှုပ်ရှားသူများက တုတ်၊ဓားများဖြင့် တောင်စွန်းကျေးရွာနေ အစ္စလာမ် ဘာသာဝင်များအား ဆဲဆိုကြိမ်းဝါး၊မှု တစ်ရပ် ဖြစ်ပွားခဲ့ သည်။
  • မင်းလှမြို့နယ် စစ်ကွင်းမြို့တွင် ဗလီနှင့် မွတ်စလင်မ်ဆိုင်အား အကြမ်းဖက်ဖျက်ဆီး
    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    sitkwinမင်းလှ ။ ။ မနေ့ည (၁၀)နာရီခန့်က ရန်ကုန်-ပြည် လမ်းမပေါ်ရှိ မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ ဗလီနှင့် မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    “သုံးဘီးမော်တော်ဆိုင်ကယ် (၁)စီးနဲ့ လူတစ်စု ရောက်လာတယ်။ ၁၀-ယောက်လောက်တော့ပါတယ်။ သူတို့က ရောက်လာပြီး ဗလီထဲကို ၀င်ရောက်သွားပြီး ဗလီထဲက ပန်းဆွဲတွေ၊ အသုံးအဆောင်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးကြတယ်။ ပြီးတော့ စစ်ကွင်း ဘူတာအဆင်းက နေရာသစ် လ္ဘက်ရည်ဆိုင်ကို တစ်ဆိုင်လုံးဖျက်ဆီးလိုက်ကြတယ်။ နေရာသစ်လ္ဘက်ရည်ဆိုင်က မွတ်စလင်မ်ပိုင်တဲ့ ဆိုင်ပါ”လို့ မျက်မြင်တွေ့ရသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
  • အကြမ်းဖက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီမှ သတိပေး ကြေငြာချက် ထုတ်ပြန်
    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး
    အစ္စလာမ်ဘာသာဝင် ပြည်သူများအားအကြမ်းဖက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီမှ သတိပေး ကြေငြာချက် ထုတ်ပြန်
    IMG_0001
    ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ မြန်မာပြည် အနှံ့အပြားတွင် မှီတင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်ခြင်း အန္တရယ်မှ ရှောင်ရှားနိုင်ရန် သတိပေး ကြေညာချက် တစ်စောင် မတ်လ ၂၅ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ ကြေညာချက်အပြည့် အစုံမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များအနေဖြင့် –
    (၁) လူစုလူဝေးရှိသော နေရာများကို မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊
    (၂) အများပြည်သူသုံးလမ်းပေါ်တွင် အခြားဘာသာဝင်များ တရားပွဲများ ဆောင်ရွက်နေပါက အခြားလမ်းမှ          ရှောင်သွားရန်၊
    (၃) အစ္စလာမ်ဘာသာဝင်ပိုင် စားသောက်ဆိုင်များ၊ဈေးဆိုင်များ၊ နေအိမ်များ အတွင်းသို့ အခြားဘာသာရေး ပုဂ္ဂိုလ်များ အတင်းအကြပ် ၀င်ရောက် အလှူခံခြင်းများကို တွေ့ကြုံနေရပါသဖြင့် ပြဿနာ မဖြစ်စေရေးအတွက် အထူးသတိပြုရန်၊
    (၄) မလိုအပ်ဘဲ အရေးကြီးကိစ္စမရှိဘဲ ညအချိန်အပြင်မထွက်ရန်၊
    (၅) မိမိတို့၏ သားသမီးများအား အိမ်၌သာ ရှိနေစေရန်
    (၆) မကြာမီ ကျရောက်မည့် သင်္ကြန်ရက်များအတွက် လိုအပ်သော စားသောက်ပစ္စည်းများ ကြိုတင်ဝယ်ယူထားပြီး နေအိမ်၌ ရှိနေစေရန်၊
    (၇) ပါတီနိုင်ငံရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန် အသိပေး မေတ္တာရပ်ခံထားကြောင်း သိရသည်။
    ယင်းသို့ အစ္စလာမ်ဘာသာဝင်များအား မေတ္တာရပ်ခံထားရခြင်း အကြောင်းရင်းများမှာ- ယခုအခါ ဘာသာရေး လူမျိုးရေးကို ခုတုံးလုပ်ပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့် အဖျက်လုပ်ငန်းများ သတ်ဖြတ်မူများ၊ မီးရို့မူများ၊လုယက်မူများ၊ဥပဒေမဲ့ လုပ်ရပ်များကို ကြိုတင်စီမံ အကွက်ချမူများဖြင့် ဆောင်ရွက်နေသည်ကို နေရာဒေသအသီးသီး၌ ကြုံတွေ့နေရပါကြောင်း ယင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။
  • ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)
    ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)
    မတ်-၂၆-၂၀၁၃
    M-Media
    ဇာဏီ
    “အုတ်ဖိုက အိမ်(၁၄)လုံး၊ ဗလီ(၁)၊ ဘာသာရေးစာသင်ကျောင်း ဖျက်ခံလိုက်ရပါတယ်။ ည(၉)နာရီကနေ မနက်(၄)နာရီလောက်ထိ ဖျက်ခဲ့ကြတာပါ။ ဘေးပတ်လည် ရွာတွေကနေ တဘက်ကို လူ(၄၀၀)လောက်စီရှိတယ်။ ချီတက်လာတာက။ အကြမ်းဖက်သမား (၁၀၀၀)ကျော်လောက်က ၀ိုင်းပြီးဖျက်ဆီးကြတယ်။ ဆိုင်ခန်းတွေ ဖျက်ရင်း ဆိုင်ခန်းက ပစ္စည်းတွေလည်း ယူသွားကြတယ်။ ကျွန်တော့်အိမ်လည်း အဖျက်ခံလိုက်ရတာပါ” အုတ်ဖိုက အိမ်ဖျက်ဆီးခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးမှ M-Media ကို ပြောပါတယ်။
  • ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)
    ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)
    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    “ကြို့ပင်ကောက်မှာ မနေ့ညကတည်းက ဖျက်နေတာ အခုမနက် (၅)နာရီခွဲမှ ဖျက်တာရပ်သွားတာပါ။ အိမ်(၁၀)ကျော်ကို ဖျက်ပါတယ်။ ၀ိုင်းဖျက်ကြတဲ့ လူအုပ်ကြီးက (၁၀၀၀)နီးပါးလောက်ရှိပါတယ်။ ဘုန်းကြီးကိုယ်တိုင် ဘိုဒူဇာမောင်းကြီး ဗလီကို ဘိုဒူဇာနဲ့ထိုးဖျက်ပါတယ်။ အိမ်တွေကိုဖျက်ပြီး အခုတော့ အိမ်ထဲက ပစ္စည်းတွေသယ်ထုတ်ပြီး ယူသွားနေကြပါတယ်။ အခုကို အသံတွေကြားနေရပါတယ်။ ရဲတွေရှိတယ်။ လမ်းပေါ်မှာသွားနေတာ။ ပစ္စည်းတွေယူနေတာကို မတားပါဘူး။ ဓါတ်ပုံတော့ လာရိုက်နေတယ်။ ဒါပေမယ့် တစ်ခြားဘာမှ မလုပ်ပေးဘူး။ လူသေတာတော့ မရှိဘူး။ ဒါပေမယ့် လူတစ်ယောက် ဓါးနဲ့ခုတ်ခံလိုက်ရလို့ အခု ကြို့ပင်ကောက်ဆေးရုံပေါ်မှာ ပို့ထားရတယ်။ သူက ရန်ကုန်က ဧည့်သည့်ပါ။ ကြို့ပင်ကောက်မှာလာရင်း ဗလီပေါ်မှာအိပ်နေတာ။ အဲဒါသူ ထွက်ပြေးတော့ ဓါးနဲ့လိုက်ခုတ်တာပါ။ ဓါးနဲ့အခုတ်ခံရတာက ရန်ကုန်ကပါ မျက်မှန်ရောင်းတဲ့ ဦးကျော်စိုးမိုး အသက်(၅၀)၀န်းကျင်ရှိပါပြီ။ အခုထိတော့ ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှမေးတာ၊ လာကြည့်တာ မရှိပါဘူးခင်ဗျာ”လို့ ကြို့ပင်ကောက်မြို့ခံက M-Media ကို ပြောပါတယ်။