News @ M-Media
Blog
  • လူ့အခွင့်အရေး လက်စွဲ (M-Media စာအုပ်အညွှန်း ကဏ္ဍ)
    မတ်လ ၊ ၁၈ ၊ ၂၀၁၃
    M-Media
    ဗေဒါလမ်း
    Human Right Manual
    လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။
    စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊ NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့် ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။
    လူ.အခွင့်အရေးဆိုတာ လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ မွေးရာပါ ဂုဏ်သိက္ခာနှင့်အတူ လူတိုင်းရရှိ ခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊လူ.အခွင့်အရေးအကြောင်း လူတိုင်းနားလည် သဘောပေါက်လာလျှင် လူတဦးခြင်း၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို လေးစား တန်ဖိုးထားတက်တဲ့ ယဉ်ကျေးမှု ထွန်းကားလာမှာဖြစ်ကြောင်း စာရေးသူက စာအုပ်အမှာမှာ ရေးသားထားပါတယ်။
    ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။
    တန်ဖိုး–၂၀၀၀ ကျပ်ပါ။
  • သီချင်းကြီး အဆိုကျော် ဦးအလီ
    မတ်လ ၁၇ ၊ ၂၀၁၃
    M-Media
    မြန်မာ့ဂီတလောကတွင် အလီအမည်တူနှစ်ဦးရှိသည်။ တစ်ဦးမှာ စောင်း ပညာရှင်အဖြစ် ကျော်ကြားသည်။ ငယ်မည် မွလ္လာအလဲီဖြစ်သည်။ ကျန်တစ်ဦးမှာ သီချင်းကြီး အဆို၌ ကျော်ကြားသော ဒဂုန်မောင်ကြီး ဖြစ်သည။် ငယမည်အလီဖြစ်သည်။ စောင်း ပညာရင်သည် မွလ္လာအလီ အမည် ထက် ဒေဝဣန္ဒာမောင်မောင်ကြီး အမည်ဖြင့်ထင်ရှားသည်။ သီချင်းကြီး အဆိုတော်မှာလည်း ဒဂုန်မောင်မောင်ကြီးအမည်ထက် ဦးအလီအမည် ဖြင့်သာ ထင်ရှားပါသည်။
    မြန်မာ့တူရိယာဂီတလောကတွင် သီချင်းကြီးအဆို၌ ထင်ရှား ကျော်ကြားသော ဦးအလီကို သာဝတ္ထိမြို့၌ အဖကုန်သည် ဦးမောင်မောင်၊ အမိ ဒေါ်ချုံတို့မှ(ခရစ် ၁၈၉၇ ခုနှစ်)၊ မြန်မာ သက္ကရာဇ် ၁၂၅၉ ခုနှစ် ဝါဆိုလဆန်း ၁၁-ရက်နေ့တွင် ဖွားမြင်သည်။ အရွယ်ရောက်သောအခါ ရန်ကုန်အနောက်ပိုင်းတွင် နေထိုင်ကြီးပြင်းလာခဲ့သည်။
    1
    ဦးအလီသည် ငယ်စဉ်ကပင် ပြွေမှုတ်တတ်သည်။ ဘင်ဂျို တီးတတ် သည်။ အဆိုအတီးတွင် ဝါသနာပါသော်လည်း အသက်မွေးဝမ်းကျောင်း အတွက် မော်တော်ယာဉ်မောင်းအဖြစ် လုပ်ကိုင်သည်။ ရန်ကုန်မြို့ လသာလမ်းနေ မီးခြစ်သူဌေး ဦးကြင်ကြက်၏ မော်တော်ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေစဉ် ကားမောင်းရင်း ပါးစပ်မှမပြတ်မလပ် သီချင်းတညည်းညည်း လုပ်နေတတ်သည်။ သူဌေးဖြစ်သူက ဤမျှသီချင်းအဆို ဝါသနာပါမူ ဆရာတစ်ဦးဦးထံ နည်းနာခံသင်ယူရန် တိုက်တွန်းသဖြင့် ရွှေတောင်တန်းနေ စောင်းဆရာဦးထွန်းဖေထံ တပည့်ခံသည်။ ထို့နောက် ဆရာ ဦးလှထွန်းအိုင်၊ ရုပ်သေးမင်းသမီးကြီး ဆရာမှန်းတို့ထံမှ ပညာယူခဲ့သည်။ ဆရာများ၏ပညာကို မီအောင် ခံယူနိုင်သောသူဖြစ်သည်။
    ၁၉၃၉-၄၀ခုနှစ်တွင် ဗြိတိသျှအစိုးရလက်ထက် ပညာရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်သောပန်းချီနှင့် တူရိယာပညာသင်ကျောင်းတွင် အဆိုလက်ထောက်ဆရာအဖြစ် အမှုထမ်းသည်။ ထိုအချိန်က အဆိုဆရာမှာ ဒေါ်စောမြအေးကြည်ဖြစ်ရာ၊ ဒေါ်စောမြအေးကြည်၏ပညာများကိုလည်း ဦးအလီ ဆည်းပူးခွင့်ရလိုက်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ပန်းချီနှင့် တူရိယာအတတ်သင်ကျောင်းသည် စစ်ကွင်းမြို့သို့ ရွှေ့သွားရာ ဦးအလီသည် စစ်ကွင်းမြို့သို့လိုက်ပါအမှုထမ်းသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ သောအခါ ၁၉၅၂-ခုနှစ်တွင် ပန်တျာကျောင်းဖွင့်လှစ်သည်။ ကျောင်းဖွင့်လျှင်ဖွင့်ခြင်း ယောကျာ်း အဆိုဆရာအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဒုတိယကမ္ဘာ စစ်ပြီးတွင် ဦီးးအလီတူရိယာအဖွဲ ဟူ၍ူ သီချင်းကြီး အဖွဲ့ထောင်ကာ မြန်မာနိုင်ငံ အသံလွှင့်ရုံမှသီဆိုအသံလွှင့်သည်။
    ဦးအလီသည် ကာလပေါ် သီချင်းအဆိုထက် သီချင်းကြီး အဆိုကို ဝါသနာပါသည်။ ကာလပေါ်သီချင်းစာသားကို သီချင်းကြီးအသံနှင့် ဆိုလေ့ရှိ၍ ယင်းသို့ဆိုလျှင်ပို၍ကောင်းသည်။ သီချင်းကြီးဆိုရာ၌ တီးသူနှင့် နားထောင်သူ ရွှင်လာအောင် ဆိုနိုင်သူဖြစ်သည်။ သီချင်းဆိုရာ၌ အသက် ဝင်ရုံသာမက အလင်္ကာလည်းမြောက်သည်။ အဆိုလည်း ပေါက်သည်။ ရေယမုန်ပတ်ပျိုးသည် အမျိုးသမီးများ ကလေးချော့ရာ၌ဆိုရသောသီချင်းဖြစ်သော်လည်း ဦးအလီဆိုသောအခါ တကယ့် ကလေးချော့ သီချင်းကဲ့သို့ ကြားရသူတို့ အရသာခံကြသည်။ သီချင်းဆိုရာ၌ သဘာဝနှင့် သရုပ်ပေါ်အောင်ဆိုတတ်သည်။ အမျိုးသမီးဆို၊ အမျိုးသားဆို၊ အမျိုးသမီး အမျိုးသားနှစ်ယောက်စလုံးဆိုဟူ၍ ရှိရာ၌ မည်သည့် သီချင်းမျိုးဆိုဆို သရုပ်ပေါ်အောင်ဆိုတတ်သူဖြစ်သည်။ သို့ရာတွင် တစ်ယောက်ယောက်က မတောင်းပန်ဘဲ မည်သည့်အမျိုးသမီးဆို သီချင်းကိုမျှဆိုလေ့ မရှိချေ။ ယောကျာ်း ဆိုသည့်ဟန် ယောကျာ်းဆိုသည့် အာလည်းပီသသည်။ခပ်ဆတ်ဆတ် ဆိုရသော ပုလဲပေါက်သံဆန်း အဆို ကောင်းသလောက် ခပ်တွဲတွဲဆိုရသော သံရိုးအောက်ပြန်ဆို၌လည်း မညံ့ချေ။
    ဦးအလီသည် စစ်မဖြစ်မီက ကိုလံဘီယာဓာတ်ပြားကုမ္ပဏီနှင့် သီချင်းကြီးသီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား အပုဒ် ၃၀ကျော် ဓာတ်ပြား သွင်းခဲ့သည်။ ဒဂုန်မောင်ကြီးဟူသော အမည်ကို ယူ၍လည်း သီဆိုခဲ့ဖူး သည်။ သို့ရာတွင် ထိုအမည်နှင့်မထင်ရှားခဲ့ချေ။ ဦးအလီသီဆိုသောသီချင်းများအနက် ထင်ရှားသော သီချင်းများမှာ-
    ၁။ ချစ်သမျှကို     ၆။ ကျွန်းကျွန်းပိုင်သ
    ၂။ ရေယမုန်     ၇။ ဝေယံလိုပင်
    ၃။ မဲဇာတောင်ခြေ     ၈။ ဘုံဆောင်မြင့်
    ၄။ ဂန္ဓမာဗွေ     ၉။ ကျောင်းတော်ကြီးကြိုး
    ၅။ မင်္ဂလာဘွဲ့     ၁၀။ ဆဋ္ဌသံဂါယနာတင်
    စသည်တို့ဖြစ်သည်။ ယင်းတို့အနက် ရေယမုန်ပတ်ပျိုးသည် နာမည် အကြီးဆုံးဖြစ်သည်။ ဦးအလီသီဆိုခဲ့သော ဓာတ်ပြားသီချင်းများကို အခြားသူအား ဆိုစေသော် ဦးအလီဟန်ရအောင် ဆိုနိုင်သူရှားလေသည်။
    ဦးအလီသည် ပထမဇနီး ဒေါ်အေးနွဲ့နှင့် သားသမီး ငါးဦး ထွန်းကားခဲ့သည်။ ပထမဇနီး ကွယ်လွန်ပြီးနောက် ခုနစ်နှစ်အကြာ ဒေါ်မြနှင့် အိမ်ထောင်ကျ၍ ဂွတ္တလစ် ရပ်ကွက်၌ နေထိုင်ခဲ့သည်။ ၁၉၅၄-ခု မတ်လ ၂၃-ရက်၊ ၁၃၁၅-ခု တပေါင်းလပြည့်ကျော် ၄-ရက်နေ့တွင် ထိုအိမ်၌ပင် ကွယ်လွန်သည်။
    ** အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ဇော် ရေးသားပြုစုတဲ့ တိုင်းရင်းမွတ်စလင်မ် စာပြု စာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ဂျပန်နိုင်ငံ နှင့် အစ္စလာမ် သာသနာ
    မတ်လ၊ ၁၆၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ- ဂျူလိုင်ရဲရင့်
    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ
    ဂျပန် နှင့် အစ္စလာမ်
    ဂျပန်နိုင်ငံနှင့်အစ္စလာမ်သာသနာထိတွေ့မှုမှာ အခြားကမ္ဘာ့တိုင်းပြည်များ၏ဘာသာတရားများ အခြေတည်မှုထက်စာလျှင် တိုတောင်းသည်ဟု ဆိုရပေမည်။
    japan flagရှေးဦး သမိုင်း
    ဂျပန်နိုင်ငံသည် ၁၈၅၃ ခုနှစ် တံခါးဖွင့်ဝါဒ မကျင့်သုံးမီအထိ အစ္စလာမ်နှင့်သီးခြားဖြစ်နေခဲ့သည်။ သို့သော် ရှေးရာစုနှစ်များ အတွင်း မွတ်စ်လင်မ် အချို့သည် ဂျပန်သို့ ရောက်ခဲ့သည်ဟု မှတ်တမ်း တစ်ချို့က ဆိုသည်။
    မွတ်စ်လင်မ်တို့နှင့်ထိတွေ့ဆက်ဆံမှုမှာ ၁၉ ရာစုနှောင်းပိုင်း ဗြိတိသျှနှင့်ဒတ်ခ်ျသင်္ဘောသားများအဖြစ် တာဝန်ထမ်းဆောင်သည့် မလေးလူမျိုးတို့မှ စတင်သည်။ ၄င်းသည် ဂျပန်လူထုထံ အစ္စလာမ်ပြန့်ပွားခြင်း လမ်းစဖြစ်သော်ငြား ယဉ်ကျေးမှုသမိုင်းကဏ္ဍ၏ တစ်စိတ်တစ်ပိုင်း အဖြစ်သာ ကျန်ရစ်ခဲ့သည်။
    နောက်ထပ်ထူးခြားသောထိတွေ့မှုတစ်ရပ်ကို ၁၈၉၀ ခုနှစ်၌ တွေ့ရသည်။ ၄င်းအလျင်နှစ်များစွာက ကွန်စတန်တီနိုပယ်သို့ ဂျပန်ဘုရင့်မင်းသား ကိုမတ်စု အကီဟီတို အလည်အပတ်ရောက်ခဲ့မှုအပေါ် တုန့်ပြန် အသိအမှတ်ပြုသောအားဖြင့် အော်တိုမန် အင်ပါယာမှ ရေကြောင်းသင်္ဘောတစ်စင်းကို လက်ဆောင်အဖြစ်ပေးပို့ခဲ့သည်။ ယင်းစစ်သင်္ဘော အမည်မှာ Ertugrul ဖြစ်သည်။ သို့သော် ၁၈၉၀ ခုနှစ်၊ စက်တင်ဘာ၊ ၁၆ ရက်၊ ညနေ၊  ၀ါကာယာမားကမ်းခြေဒေသတစ်လျှောက်တွင် တိုက်ခတ်သော လေပြင်းမုန်တိုင်းကြောင့် ၄င်းမှာ ပျက်စီးသွားခဲ့ရသည်။
    ၂၀ ရာစုဖြစ်စဉ်
    အိုစာကာ မှ ဗလီ ဝတ်ကျောင်းတော်
    အိုစာကာ မှ ဗလီ ဝတ်ကျောင်းတော်
    ဟဂ်ျခရီးသွားရောက်ခဲ့သည့် ပထမဦးဆုံးသော ဂျပန်လူမျိုးမှာ  ကိုတာရို ယာမအိုခ ဖြစ်၏။ သူသည် ရုရှားနိုင်ငံဖွား စာရေးဆရာ Abdürreşid İbrahim နှင့် သိကျွမ်းခဲ့ပြီးနောက်ပိုင်း ၁၉၀၉ ခုနှစ်၊ ဘုံဘေမြို့၌ အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ခဲ့ပြီး အုမရ် ယာမအိုခ ဟူသော အမည်ကို ခံယူလိုက်သည်။ သူတို့နှစ်ဦးလုံးသည် နဂါးနက်အဖွဲ့(Kokuryūkai) ကဲ့သို့သော ဂျပန်အမျိုးသားရေး အုပ်စုများ၏ ပံ့ပိုးမှုဖြင့် ခရီးသွားခဲ့ကြသည်။ စင်စစ် ယာမာအိုခ သည် ရုရှ-ဂျပန်စစ်ပွဲအတွက် မန်ချူးရီးယားနယ်၌ ထောက်လှမ်းရေးတာဝန်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်၌ သူ၏ တရားဝင် အကြောင်းပြချက်မှာ  တိုကျိုမြို့တွင် ဗလီဝတ်ကျောင်းတစ်လုံးဆောက်လုပ်နိုင်ရန် စုလ်တန်ဘုရင်ထံ သွားရောက်တင်ပြ ကမ်းလှမ်းခြင်း ဖြစ်သည်။ ထိုစဉ်က ခလီဖဟ် နှင့် အမီးရုလ် မုအ်မိနီးန် (မွတ်စ်လင်မ်အပေါင်း၏ခေါင်းဆောင်)အဖြစ် ခံယူထားသော စုလ်တန် Abdülhamid II မှ ယင်းကိစ္စကို လိုအပ်ချက်အရ လက်ခံခဲ့သည် ( ထိုဝတ်ကျောင်းတော်အား ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်)။
    အစောဆုံး မွတ်စ်လင်မ်သစ်လွင်ဂျပန်လူမျိုးများအနက် နောက်တစ်ဦးမှာ ဘွန်ပါချိရို အရိဂါ ဖြစ်သည်။ သူသည်လည်း ထိုကာလနှင့်မရှေးမနှောင်း မှာပင် အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်းဝယ်မှု အလို့ငှါ သွားရောက်ရာတွင် ၄င်းရှိဒေသခံမွတ်စ်လင်မ်များကို လေးစားအားကျသည်၌ အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ပြီး အဟ်မဒ် အရိဂါ ဟူသော အမည်အား ရယူခဲ့သည်။ ယာမာဒါ တိုအာဂျီရို သည် အစ္စတန်ဘူလ်သို့သွားရောက်သည့် တစ်ဦးတည်းသော ဂျပန်ကုန်သည် ဖြစ်သည်။ ၁၈၉၂ ခုနှစ်မှ နှစ်ပေါင်း ၂၀ နီးပါးကူးသန်းသွားလာရာတွင် မိမိဆန္ဒအလျောက် အပျော်တမ်းကောင်စစ်ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၄င်းနောက် သူသည် အစ္စလာမ့်ရိပ်မြုံအတွင်း ၀င်ရောက်၍ အဗ်ဒုလ် ခလီးလ် ဟူသော အမည်ကိုခံယူကာ အိမ်တော်ပြန်ခရီးတွင် ဟဂ်ျပြုနိုင်ခဲ့သူ ဖြစ်သည်။
    တိုကျိုမြို့၊ အဟ်လုလ် ဗိုင်းသ် အစ္စလာမစ် စင်တာ၏ အိမာမ် ရှိုင်းခ် အစ်ဗ်ရာဟီမ် ဆ၀ဒ
    တိုကျိုမြို့၊ အဟ်လုလ် ဗိုင်းသ် အစ္စလာမစ် စင်တာ၏ အိမာမ် ရှိုင်းခ် အစ်ဗ်ရာဟီမ် ဆ၀ဒ
    သီးသီးသန့်သန့်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းဟူ၍ မရှိခဲ့။ အောက်တိုဘာတော်လှန်ရေး ဂယက်ကြောင့် ရုရှားနိုင်ငံနှင့်ဗဟိုအာရှဒေသမှ ရာနှင့်ချီသော တူရကီ-တာတာ မွတ်စ်လင်မ် ဒုက္ခသည်များ ရောက်ရှိလာသည့်အခါတွင်မှ စတင်ဖြစ်ထွန်းသည်။ ထိုမွတ်စ်လင်မ်တို့သည် ဂျပန်နိုင်ငံတ၀ှန်း အဓိက မြို့ကြီးများစွာ၌ ခိုလှုံခွင့်ရရှိပြီး လူ့အဖွဲ့အစည်းငယ်လေးများ ဖြစ်လာသည်။ ယင်းဒုက္ခသည်များမှာ ၁၉၃၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လူဦးရေ ၆၀၀ နီးပါး၊ အာရှတိုက်အတွင်း ထောင်ဂဏန်းခန့်ရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ဤမွတ်စ်လင်မ်တို့အားဖြင့် အချို့ ဂျပန်လူမျိုးတို့ အစ္စလာမ်ကို လက်ခံကျင့်သုံးခဲ့ကြသည်။
    ကိုဘေးမြို့ဗလီအား ၁၉၃၅ ခုနှစ်တွင် တူရကီ-တာတာ အသိုင်းအ၀ိုင်းရှိ ကုန်သည်များ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်သည်။ တိုကျိုဗလီကိုလည်း the zaibatsu ၏ ရက်ရောစွာကူညီမှုဖြင့် ၁၉၀၈ ခုနှစ်မှစတင်စီစဉ်ပြီး ၁၉၃၈ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ထိုဝတ်ကျောင်း၏ ပထမဆုံး ရှေ့ဆောင်ဆရာများမှာ Abdürreşid İbrahim (1857–1944) နှင့် Abdulhay Qorbangali (1889–1972) တို့ဖြစ်၏။ ယင်းဝတ်ကျောင်းတော်များကို တည်ဆောက်ရာ၌ ဂျပန်မွတ်စ်လင်မ်တို့၏ပါဝင်မှု အားနည်းခဲ့သည်။  တိုကျိုမြို့၊ the Ahlulbayt Islamic Centre ရှိ အိမာမ် Shaykh Ibrahim Sawada မှလွဲ၍ မည်သည့်ဗလီဝတ်ကျောင်းတွင်မှ ဂျပန်လူမျိုး အိမာမ် မထွက်ပေါ်ခဲ့ချေ။
    ရှီအဟ်
    ရှီအဟ်မွတ်စ်လင်မ်မိသားစုအချို့သည် ဂျပန်သို့ ၁၉၆၀ နှစ်များတွင် ရောက်ရှိအခြေချပြီး ပထမဆုံး အဇာဒရီိကို တည်ထောင်သည်။ အများအားဖြင့် မိသားစုအရေးအတွက် ဆုံစည်းရာနှင့် အသံသွင်းခွေများ နားဆင်သည့် စုရပ်လေးသာဖြစ်သည်။ ၁၉၇၀ နှစ်များတွင် ပါကစ္စတန် လုပ်ငန်းရှင် စိုင်ယဒ် အာရှစ်က် အလီ ဗုခါရီမှ ဦးစီး၍ သူ၏အခြေစိုက်နေထိုင်ရာနှင့် သူ့မိတ်ဆွေ နာဇင် ဇိုင်ဒီ၏အိမ်၌ ပထမဆုံး မဂျလစ္စကို စတင်သည်။ သူတို့သည် မိမိတို့၏အိမ်များတွင် မုဟရ်ရမ်လ ၇ ရက်မှ ၁၂ ရက်အထိ မဂျလစ္စအား ပြုလုပ်လေ့ရှိသည်။ စဦးပိုင်းတွင် အသံသွင်း တိတ်ခွေများကို အသုံးပြုကြသည်။ နောက်ပိုင်းတွင် ဗီဒီယိုခွေများဖြင့် အသုံးပြုလာခဲ့သည်။ ၁၉၇၀ နှစ်များအထိ ယင်းသို့အခြေအနေမျိုးသာ ရှိခဲ့သည်။ ပါကစ္စတန်နှင့် အီရန်သား ရှီအဟ် အလုပ်သမားများ ဂျပန်သို့လာသည့်အခါတွင်မှ ၄င်းတို့၏အကူအညီဖြင့် တိုကျိုမြို့တွင် ပို၍ စုစည်းကျစ်လစ်သော အဇာဒရီ ဖြစ်လာသည်။ ထိုအချိန်မှစ၍ နှစ်စဉ် မုဟရ်ရမ်လအတွင်း အဇာဒရီကို ပြုလုပ်ဆောင်ရွက်လာကြသည်။
    အစ္စလာမ့်ပညာရေး
    islamicctr  ဂျပန်မွတ်စ်လင်မ်အဖွဲ့ချုပ်ကြီး (Dai Nihon Kaikyō Kyōkai 大日本回教協会) ကို ၁၉၃၀ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း၌ တည်ထောင်သည်။ ၄င်းသည် ဂျပန် နိုင်ငံမှ ပထမဆုံးသော အစ္စလာမ့်ရေးရာ အဖွဲ့အစည်း ဖြစ်သည်။ နန်းတွင်း အသိုင်းအ၀ိုင်း၏ ပံပိုးကူညီမှုရှိခဲ့ပြီး၊ အစ္စလာမ့်ပညာရေး ဖူးပွင့်လာသည်။ ယင်းကာလအတွင်း အစ္စလာမ့်စာအုပ်စာတမ်းနှင့်ဂျာနယ်ပေါင်း ၁၀၀ မက ဂျပန်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ဤအဖွဲ့အစည်းတို့၏ မူလရည်ရွယ်မှုမှာ ဂျပန်စစ်တပ်နှင့်ပညာရှင်တို့အား ပညာတိုးပွားစေရန် နှင့် အစ္စလာမ်ကမ္ဘာကို နားလည်စေရန် ဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံ၏ နောက်တိုး ရည်မှန်းချက်ဖြစ်သော မဟာအာရှစီမံကိန်းကြောင့် ထိုရည်ရွယ်ချက်မှာ ထင်သလောက် ခရီးမရောက်ခဲ့ပေ။ ဂျပန်လူမျိုးနှင့် မွတ်စ်လင်မ်ပညာရှင်တို့သည် ၂၀ ရာစုအစောပိုင်း ကာလ တစ်လျှောက် မိမိတို့တိုးဝင်လာသော အနောက်တိုင်းကိုလိုနီဝါဒအား လွှမ်းမိုးအနိုင်ယူရေးအတွက် အကောင်အထည်ဖော်နေရခြင်း၊ မွတ်စ်လင်မ်တို့၏ နောက်ဆုံး အရှိန်အ၀ါ ဖြစ်သည့် အော်တိုမန်အင်ပါယာ ပြိုကွဲပျက်စီးခြင်း၊ ဒုတိယကမ္ဘာစစ် အတွင်း ရန်သူများပြားလာခြင်း စသည်တို့ကြောင့် ပညာရေးနှင့်နိုင်ငံရေး အပြောင်းအလဲဖြစ်သွားရသည်။ မဟာမိတ်အင်အာစုများက ထိပ်တန်းရောက်သွားသည်။ သို့ဖြစ်ရာ ထိုအရေးအရာများကို ပြန်လည်ရရှိအောင် အပြင်းအထန်အားထုတ်ခဲ့သည်။ ပညာရှင်များ၊ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ပြုပြင်ပြောင်းလဲရေး သမား များစွာတို့ကို ဂျပန်သို့ ဖိတ်ကြားခေါ်ယူခဲ့ကြသည်။
    Ajia Gikai ကဲ့သို့သော အမျိုးသားရေးအဖွဲ့အစည်းတို့သည် ဗုဒ္ဓ၊ ခရစ်ယာန်၊ ရှင်တိုဝါဒများအတိုင်း အစ္စလာမ်ကိုလည်း ဂျပန်နိုင်ငံ၏ ဘာသာတရားတစ်ခုအဖြစ်
    အာရဗီစာသင့်ကြားနေသော ဂျပန် မွတ်စလင်မ် ကလေးငယ်များ
    အာရဗီစာသင့်ကြားနေသော ဂျပန် မွတ်စလင်မ် ကလေးငယ်များ
    တရားဝင်အသိအမှတ်ပြုလာအောင် လျှောက်ထားစွမ်းဆောင်နိုင်ခဲ့သည်။ မတည်ရင်းနှီးမှုလည်း ပေးခဲ့သည်။ ၄င်းပြင် ဒတ်ခ်ျ ကိုလိုနီတို့အား ဆန့်ကျင်တော်လှန်နိုင်ရန် ဟစ်ဇ်ဘိုလာကဲ့သို့သော အတိုက်အခံမွတ်စ်လင်မ်အုပ်စုတစ်စုကို အရှေ့တောင် အာရှတွင် ထောက်ပံ့လေ့ကျင့်မှုများ ပြုလုပ်၍ ဂျပန်မှ ထောက်ပံ့ပေးခဲ့သည်။ ထိုကာလအတွင်း အစ္စလာမ့်ပညာရှင်နှင့်ဂျပန်လူမျိုးပညာရှင်တို့၏ ပညာဖလှယ်မှုမှာ အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ဂျပန်ကျဆုံးခန်းနှင့်အတူ အစ္စလာမ့်ပညာရေးကဏ္ဍ အများအပြားလည်း ပျောက်ကွယ်ခဲ့ရသည်။ ပညာရေး ဌာနများစွာ ပိတ်ပင်ခံရသည်။ အကြောင်းမှာ ၄င်းတို့သည် အနောက်တိုင်းကိုလိုနီဝါဒအား ရှေ့တန်းမှ ဆန့်ကျင်ခဲ့ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဂျပန်နိုင်ငံရေးလောက၌ ထင်ရှားသော Ajia Gikai နှင့် တပည့်ဖြစ်သူ Toshihiko Izutsu အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ်များမှ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန် အတွဲများစွာ ရေးထုတ်နိုင်ခဲ့ကြသည်။ အတည်မပြုနိုင်သေးသည့် အချက်အလက်များအရ ၄င်းအားဖြင့် ဂျပန်နိုင်ငံရေးလောက၏ ထိပ်သီးအကျော်အမော်များက ကူးပြောင်းသက်ဝင်လာမှုရှိခဲ့သည်ဟု ဆို၏။
    ဂျပန်အစိုးရ နှင့် ဂျပန်-အစ္စလာမ်ပညာဖလှယ်ရေးကဏ္ဍနှစ်ရပ်လုံး၌ အဆင့်မြင့်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Shūmei Ōkawa သည် အကျဉ်းစံဘ၀တွင် မိမိ၏ကုရ်အာန်ဘာသာပြန်ကို အပြီးသတ်ရေးသားခဲ့သည်။ သူ့အား နောက်ကွယ်မှကြိုးကိုင်သည့် Class -A အဆင့်ဝင် စစ်ရာဇ၀တ်ကောင် အဖြစ်စွပ်စွဲ၍ အောင်နိုင်သူမဟာမိတ်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၄င်းနောက် ကိုယ်ကျင့်တရားဖောက်ပြန်မှုဟူသော စွဲချက်တင်ကာ ပြစ်ဒဏ်ချခဲ့သည်။ ယင်းစွဲချက်တို့မှာ အဓိပ္ပါယ်မဲ့ဖန်တီးချက်များသာဖြစ်သည်ဟု သူက ဆိုခဲ့သည်။ နောင်သော် စိတ်ကစဥ့် ကလျားဖြစ်နေသည့်မှတ်ချက်ဖြင့် ဆေးရုံတစ်ခုသို့လွှဲပြောင်းလိုက်ပြီး များမကြာမီ အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထို့နောက် ရှင်သန်ကျန်ရစ်နေသေးသော ဇနီးနှင့်အတူ ဇာတိကျေးရွာသို့ပြန်လာပြီး ပညာရေး ပို့ချပေးနေလျက် ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်သည်။
    အဟ်မဒီယာမွတ်စ်လင်မ်အသိုင်းအ၀ိုင်းကို ဂျပန်နိုင်ငံ၌ ၁၉၃၅ ခုနှစ်တွင် တည်ထောင်သည်။
    ဒုတိယကမ္ဘာစစ်အပြီး အခြေအနေနှင့် ကိုဘေး ဗလီ
    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်
    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်
    အစ္စလာမ့်ပွင့်လန်းမှုသည် ၁၉၇၀ နှစ်များတွင် နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ဤသည်မှာ ၁၉၇၃ ခုနှစ် ရေနံအကြပ်ဆိုက်မှုပြဿနာ နောက်ပိုင်း အာရေဗျ၏စန်းပွင့်မှု ကြောင့်ဟု ဆိုရပေမည်။ အရှေ့အလယ်ပိုင်းဒေသ နှင့် ၄င်း၏ ကြွယ်ဝလှသောရေနံများက ဂျပန့်စီးပွားအရေးအတွက် အရေးပါလှကြောင်း သိမြင်လာသည့်နောက် ဂျပန်မီဒီယာတစ်ရပ်လုံးက မွတ်စ်လင်မ်နှင့်အာရဗ်ကမ္ဘာအတွက် အတားအဆီးမရှိ တံခါးဖွင့်ပေးလိုက်ကြသည်။
    ယနေ့ကာလအထိ ဂျပန်၌ အခိုင်မာဆုံးမွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ တူရကီ ဖြစ်၏။ စစ်ကြိုခေတ်က ဂျပန်နိုင်ငံသည် မွတ်စ်လင်မ်တို့အပေါ် ဆိုဗီယက်ဆန့်ကျင်သူအင်အားစုတစ်ရပ်အဖြစ်အမြင်ရှိပြီး၊ နားလည်လက်ခံမှုရှိကြောင်း ဗဟိုအာရှတစ်လွှား ကျော်ကြားလှသည်။ ထိုအချိန်များတွင် ထောက်လှမ်းရေးနယ်ပယ်မှဂျပန်အချို့သည် ၄င်းတို့နှင့် အဆက်အသွယ်ရှိကြသည်။ ယင်းဆက်သွယ်ချက်အားဖြင့် စစ်ပြီးသောအခါ လူအချို့သည် အစ္စလာမ်ကို ကူးပြောင်းသက်ဝင်လာခဲ့ကြသည်။
    ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်နှင့်အရှေ့တောင်အာရှဒေသများသို့ ဂျပန်၏ကျူးကျော်မှုက ဂျပန်လူမျိုးများစွာအား မွတ်စ်လင်မ်တို့နှင့် ထိတွေ့ခွင့် ရသွားစေခဲ့သည်။ အစ္စလာမ်သာသနာကို သက်ဝင်လက်ခံပြီး အမိမြေပြန်ရောက်လာသူတို့က ၁၉၅၃ ခုနှစ်တွင် Sadiq Imaizumi ၏ ဦးဆောင်မှုအောက်မှ ပထမဆုံး ဂျပန်မွတ်စ်လင်မ်အဖွဲ့အစည်းကို ထူထောင်ကြသည်။ စတင်သောကာလ၌ အဖွဲ့ဝင် ၆၅ ဦးသာရှိခဲ့ပြီး၊ ယင်းပုဂ္ဂိုလ်ကွယ်လွန်ပြီး ၆ နှစ်ကြာသောအခါ လူဦးရေပမာဏ နှစ်ဆတိုးတက်လာခဲ့သည်။
    အဖွဲ့၏ဒုတိယမြောက်ဥက္ကဌမှာ Umar Mita ဖြစ်၏။ သူသည် ဂျပန်အင်ပါယာလက်အောက်ခံနယ်ပယ်များအတွင်း အစ္စလာမ်ကို ဆည်းပူးလေ့လာခဲ့သည့် လက်ဦးမျိုးဆက်၏စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် တရုတ်ပြည်အရှေ့မြောက်ပိုင်း ဂျပန်ပိုင်နက်တွင် မန်ရှုရထားလမ်း ဖောက်လုပ်ရေးကုမ္ပဏီအတွက် သွားရောက်အလုပ်လုပ်စဉ် ပီကင်း(ပေကျင်း)ရှိ အစ္စလာမ်ဘာသာဝင်တရုတ်လူမျိုးတို့နှင့် ဆက်နွှယ်မိရာမှ မွတ်စ်လင်မ်အဖြစ်သို့ ရောက်ရှိသည်။ စစ်ပြီးသည့်နောက် ပြည်တော်ပြန်ရာဝယ် ဟဂ်ျပြုခဲ့ရာ စစ်လွန်ကာလ၏ ပထမဆုံး ဂျပန်ဟာဂျီ ဟူ၍ စာရင်းဝင်ခဲ့သည်။ သူသည် ကျမ်းမြတ်ကုရ်အာန် ဂျပန်ဘာသာပြန်ဋီကာကျမ်းတစ်စောင်ကိုလည်း  မွတ်စ်လင်မ်တစ်ဦး၏ရှုထောင့်မှ ပထမဆုံး ပြန်ဆိုပြုစုခဲ့သည်။ ဂျပန်နိုင်ငံနှင့်အစ္စလာမ်သာသနာအကြောင်းကို အလ်ဂျဇီးရားသတင်းဌာနမှ “Road to Hajj – Japan” အမည်ဖြင့် သတင်းမှတ်တမ်းတစ်ရပ် ဆောင်ရွက်ထားပါသည်။ အစ္စလာမ့်ရေးရာအဖွဲ့များမှာ ၁၉၀၀ ခုနှစ်များအတွင်း အလျှိုလျှိုထွက်ပေါ်လာခဲ့သော်လည်း ထိရောက်သောနိုးကြားတက်ကြွမှု မရှိနိုင်ခဲ့ချေ။
    မွတ်စ်လင်မ်ဦးရေစာရင်း ၊ ဗလီဝတ်ကျောင်းတော် နှင့် လိုအပ်ချက်များ
    တိုကျိုမှ ဗလီဝတ်ကျောင်းတော် တလုံး
    တိုကျိုမှ ဗလီဝတ်ကျောင်းတော် တလုံး
    တာတာမွတ်စ်လင်မ်တို့ ရုရှားနယ်ချဲ့မှုမှအလွတ်ရုန်းထွက်လာသည့် ၁၉၀၀ ခုနှစ်များအစောပိုင်းကာလတွင်မှ ဂျပန်သို့ အစ္စလာမ်ရောက်ရှိသည်ဟု ထင်မြင်ယူဆစရာဖြစ်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကပင် မွတ်စ်လင်မ်လူ့အစုအဝေးမှာ ရှိခဲ့ပြီးဖြစ်သည်။ သမိုင်းမှတ်တမ်းအချို့ကမူ ထို့ထက်ပင်စောသည်ဟု ဆိုထားသည်။ သမိုင်းပညာရှင် Caeser E. Farah ၏ မှတ်တမ်းအရ ၁၉၀၉ ခုနှစ်တွင် ဂျပန်တိုင်းရင်းမျိုးနွယ်အနကှ် အစ္စလာမ်ဘာသာသို့ပထမဆုံးကူးပြောင်းသူမှာ Abdul-Rashid Ibrahim ဖြစ်သည်၊ ဂျပန်နိုင်ငံတွင် ပထမဆုံးအစ္စလာမ့်အဆောက်အဦမှာ ၁၉၃၅ ခုနှစ်တွင် တည်ဆောက်သော ကိုဘေးဗလီ ဟု ဆိုထား၏။
    ၁၉၈၂ ခုနှစ်တွင် မွတ်စ်လင်မ်ဦးရေမှာ သုံးသောင်းရှိပြီး ယင်းပမာဏ၏ထက်ဝက်မှာ ဒေသခံဖြစ်သည်ဟု အချို့အချက်အလက်များ၌ တွေ့ရသည်။  အတည်မပြုနိုင်သေးသောအချက် အလက်များအရ အာရှတိုက်သားများ တအုံတကျင်း ရောက်ရှိယှက်နွှယ်လာပြီး ဒေသခံလူဦးရေ ထပ်ဆင့်များပြားလာသော ၁၉၈၀ ခုနှစ်များ ဂျပန်စီးပွားရေးဦးမော့ကာလအတွင်း ဂျပန်တိုင်းရင်းနွယ်များစွာ အစ္စလာမ်သို့ ကူးပြောင်းလာကြသည်ဟု ဖော်ပြ၏။ မွတ်စ်လင်မ် လူဦးရေမှာ တစ်သိန်းဝန်းကျင်ခန့်ရှိမည်ဟု အများစုက ခန့်မှန်းကြသည်။ ဂျပန်တွင် အစ္စလာမ်သည် လူနည်းစုဘာသာတရားတစ်ခုဖြစ်နေရာ တိုးပွားမှုအခြေအနေနှင့်ပတ်သက်၍ အထောက်အထားအတိအကျ မရှိနိုင်ပေ။
    ဂျပန် မွတ်စလင်မ် အမျိုးသမီးတဦး
    ဂျပန် မွတ်စလင်မ် အမျိုးသမီးတဦး
    ၁၉၉၀ ခုနှစ်များအစောပိုင်းကာလတွင် ထင်ထင်ရှားရှားကူးပြောင်းလာသူအများစုမှာ ငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီးများ ဖြစ်ကြသည်ဟု ဂျပန်တိုင်းမ်စ်မှ တင်ပြခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဂျပန်ဒေသခံ မွတ်စ်လင်မ်များမှာ ၆၃၅၅၂ ဦး၊ ဂျပန်တွင်နေထိုင်လျက်ရှိသော နိုင်ငံခြားသား မွတ်စ်လင်မ်များမှာ ခုနှစ်သောင်းမှ တစ်သိန်းအထိ ရှိမည်ဟု Keiko Sakurai က ခန့်မှန်းသုံးသပ်ထားသည်။ သို့သော် ဆောင်းပါးရှင် Michael Penn  ကမူ ၉၀ % မှာ နိုင်ငံခြားသား မွတ်စ်လင်မ်များဖြစ်ပြီး ၁၀ % သာ ဂျပန်တိုင်းရင်း မွတ်စ်လင်မ် များဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။ မည်သို့ ဆိုစေကာမူ ထပ်ဆင့်ဖော်ပြချက်များ ရှိနေသော်လည်း စာရင်းအမှန်ကိုကား မသိကြသေးချေ။ ဂျပန်နိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်ကို အလေးထားသောအားဖြင့် ဘာသာတရားဆိုင်ရာ လူဦးရေ စစ်တမ်းကို အစိုးရမှ ကောက်ယူခြင်း မရှိပါ။
    “ ဂျပန်အစိုးရဟာ ဂျပန်မှာရှိတဲ့ မွတ်စ်လင်မ်လူဦးရေစာရင်းကို ကောက်ယူလေ့မရှိပါဘူး။ သက်ဆိုင်ရာအစိုးရဌာနများကလည်း ဂျပန်လူမျိုးတွေကိုဖြစ်စေ၊   လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကိုဖြစ်စေ ဘယ်ဘာသာဝင်ဆိုတာ  မေးမြန်းတာမျိုး ဘယ်တုန်းကမှ မလုပ်ကြပါဘူး ” ဟု Penn မှ ဖော်ပြထားသည်။
    japanfocus.org မှ ဤသို့ဖော်ပြထားသည်။ “ ဂျပန်မှာ လက်ရှိအနေအထားအရ single-story (တစ်ထပ်ဆောင်) ဗလီဝတ်ကျောင်းတော် ၃၀ ကနေ ၄၀ အကြား ရှိပါတယ်။ ထပ်တိုးဝတ်ပြုဆောင်များကတော့ ၁၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် အိမ်ခန်း၊တိုက်ခန်းသာ ဖြစ်ပြီး ၀တ်ပြုရေးအတွက် ပြည့်ဝစုံလင်မှု မရှိသေးပါဘူး ” ။
    လူဦးရေ သန်း ၁၂၀ ရှိသည့် ဂျပန်၌ ကူးပြောင်းသက်ဝင်သူမွတ်စ်လင်မ်အသိုင်းအ၀ိုင်းသည် မဆိုစလောက်သော ပမာဏမျှသာ ဖြစ်နေ၏။ ကျောင်းသူ ကျောင်းသား များသည် ရွှေ့ပြောင်း လုပ်သားများနှင့် အတူ မွတ်စ်လင်မ် ရပ်ဝန်းအား အဓိကမြို့ကြီးများဖြစ်ကြသော ဟီရိုရှီးမား၊ ကျိုတို၊ နာဂိုယာ၊ အိုဆာကာ နှင့် တိုကျိုတို့၌ ဦးတည်ချဲ့ထွင်ကြသော်လည်း ၄င်းတို့အားလုံးစုပေါင်းလိုက်လျှင်ပင် အလွန်သေးငယ်သည့်လူနည်းစုသာ ဖြစ်လျက်ရှိနေသည်။ မည်သို့ဆိုစေကာမူ မွတ်စ်လင်မ်ကျောင်းသားများ အသင်းအဖွဲ့နှင့် ဒေသဆိုင်ရာလူ့အဖွဲ့အစည်းတို့သည် မွတ်စ်လင်မ်များ ကျစ်လစ်ညီညွတ်ရေးအတွက် စခန်းသွင်းသင်ကြား ပျိုးထောင်မှုများနှင့်တွေ့ဆုံ စုစည်းမှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိနေပေသည်။
    မွတ်စ်လင်မ်တို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခြားအခက်အခဲများမှာ (အချင်းချင်း) ဆက်သွယ်ရေး၊ အိုးအိမ် (စုပေါင်းအိမ်ရာ)၊ ကလေးသူငယ်ပညာရေး၊ ဟလာလ် အစားအသောက် နှင့် အစ္စလာမ့် စာပေ ကဏ္ဍများ ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် ဒအ်ဝဟ် လုပ်ငန်းစဉ်များ အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။
    Ref: Wiki
  • M-Media NewsLetter Vol-1 No-7
    M-Media NewsLetter Vol-1 No-7
    မတ်လ ၁၆ ၊ ၂၀၁၃
    M-Media
    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများအတွက် personal print ထုတ်ဖတ်နိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို  ကန့် သတ်အနေဖြင့် စုစည်းပေးထားတဲ့ M-Media ရဲ့  Newsletter ဖြစ်ပါတယ်။ လက်တလောမှာ ၂ ပတ်ကို တကြိမ် ကြိုးစားပြီးတင်ဆက်ပေးသွားပါမယ်။
    M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့်  ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။
    DownLink
    =>DropBox
    => Google Doc
    M-Media NewsLetter Vol 1 No 7
    ယခင် အပတ်များမှ M-Media NewsLetter ဖတ်လိုလျှင်
  • အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ)
    မတ်လ ၁၅ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ဝေဇင်
    အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ) [နာမည်ကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ]
    ozil2
    အမည်အပြည့်အစုံ        မီစု အိုဇေးလ်(Mesut Özil)
    မွေးသက္ကရာဇ်             ၁၅. ၁၀. ၁၉၈၈
    ကစားသည့်နေရာ        အလယ်တန်း
    လက်ရှိကလပ်            ရီးယဲလ်မက်ဒရစ်
    နိုင်ငံ                       ဂျာမနီ
     လူငယ်ဘဝ
    ozil young
    မီစု အိုဇေးလ်ကို ဂျာမနီနိုင်ငံ ဂယ်လ်ဆင်ကေးရှန်း(Gelsenkirchen) မြို့တွင်မွေးဖွားခဲ့ပြီး တတိယမြောက် တူရကီ-ဂျာမန်မျိုးဆက်ဖြစ်သည်။ သူ၏ လူငယ်ကစားသမားဘ၀ကို ဂယ်လ်ဆင်ကေးရှန်းမြို့ရှိ အသင်းများတွင် ကျင်လည်ခဲ့ရပြီး Rot-Weiss Essen ကလပ်တွင် ငါးနှစ်ကြာကစားခဲ့သည်။
    ၂၀၀၅ခုနှစ်တွင် ရှော်ကေးအသင်း၏ လူငယ်ဌာနသို့ပြောင်းရွှေ့ခဲ့သည်။ မကြာမီမှာပင် အသင်းကြီးသို့ခေါ်ယူခြင်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ၀ါဒါဘရီမင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
    ရီးယဲလ်မက်ဒရစ်
    ozil 3
    ၂၀၁၀ ကမ္ဘာဖလားတွင် ဂျမနီအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ခြင်းကြောင်း ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ယူ စသည့် ဥရောပ ထိပ်သီးကလပ်များက ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခဲ့သည်။ ရီးယဲသို့ ပြောင်းရွှေ့ခြင်းနှင့် ပက်သက်ပြီး သူက..
    “ရီယဲလ်အသင်းမှာ ကစားဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ဆုံးဖြတ်ချက်ချစရာကို မလိုပါဘူး။ ရိုးရိုးသားသားပြောရအောင်….. ခင်ဗျားဆိုရင်လည်း ဒီကလပ်(မှာ ကစားဖို့) ကို ငြင်းမှာမဟုတ်ပါဘူး။ ကျနော် ၀ါဒါဘရီမင်ကနေ အလျင်စလို ထွက်ခွာဖို့မရှိပေမယ့် (ဒီအသင်းဟာ) ခေါင်းငြိမ့်ရမယ့် အသင်းမျိုးပါ။ သူတို့ဟာ  ထူးခြားတဲ့သမိုင်း၊ (ခမ်းနားတဲ့) ကစားကွင်း၊ ကမ္ဘာအဆင့် ကစားသမားတွေ အသင်းပြည့်ရှိတဲ့ ကလပ်တစ်ခုပါ။ ဘာနေဗျူး(ရီးယဲအသင်း၏ ကွင်း) မှာ ကစားရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ သိပ်ကို အံသြစရာပါ။” ဟု သူက ဖွင့်ဟခဲ့သည်။
    ozil-mom
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ
    ပွဲဦးထွက်အဖြစ် သြဂုတ်လ ၂၂ ရက်နေ့ ဟာကျူလီ(Hércules)အသင်းနှင့်ကစားသည့် ခြေစမ်းပွဲတွင် ပွဲထွက်ခွင့်ရရှိခဲ့သည်။ အိုဇေးလ်၏ ကျောနံပါတ်များမှာ ပြောင်းလဲမှုများ ရှိခဲ့လေသည်။ ရာသီမစမီတွင် ကျောနံပါတ်မှာ ၂၆ ဖြစ်ခဲ့ပြီး ပထဦးဆုံး ပွဲထွက်ရာတွင် နံပါတ် ၁၉ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ ရီးယဲလ်အသင်းသို့ တော့တင်ဟမ် ကစားသမား ရာဖေး ဗန်ဒါဗတ်(Rafael van der Vaart) ရောက်ရှိလာပြီးနောက် အိုဇေးလ်သည် နံပါတ် ၂၃ ဂျာစီကို ၀တ်ဆင်ခဲ့သည်။
    ရီးယဲလ်အသင်းတွင် ဘရာဇီးလ်ကစားသမား ကာကာ၏နောက် ဒုတိယ ကစားသမားအဖြစ်ရှိနေခဲ့ပြီး၊ ကာကာ ခွဲစိတ်ကုမှုခံယူနေစဉ်အတွင်းတွင် သူသည် အသင်း၏ ပထမကစားသမား ဖြစ်လာခဲ့သည်။ မာယော့ကာ အသင်းနှင့်ကစားသည့် လာလီဂါပွဲစဉ်တွင် ဒီမာရီယာ အစား လူစားဝင်ကစားခဲ့ပြီး သူ၏ ပထမဆုံး လာလီဂါ ပွဲဖြစ်ခဲ့သည်။ ရီးယဲအသင်းနှင့် ချန်ပီယံလိဂ် ပထမဆုံးပွဲအဖြစ် စက်တင်ဘာ ၁၅ ရက်နေ့ အေဂျက်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး အသင်းဖော် ဟီဂူအင် ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့လေသည်။ လာလီဂါ ပထမဆုံးဂိုးကို ၂၀၁၀ အောက်တိုဘာ ၃ ရက်တွင် ကစားသည့် ဒီပို့တီဗို အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့ပြီး၊ အောက်တိုဘာ ၁၉ ရက် အေစီမီလန်အသင်းနှင့် ကစားသည့်ပွဲတွင် ချန်ပီယံလိဂ် ပထမဆုံး ဂိုးကို သွင်းယူခဲ့သည်။
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီအပြီးတွင် အိုဇေးလ်သည် အသင်းဖော်များ ဂိုးသွင်းရန် ၂၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဥရောပ အမှတ်ပေးပြိုင်ပွဲအားလုံးတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ မီဒီယာများ၊ အသင်းဖော်များ၊ ရီးယဲလ်အသင်း၏ ပရိတ်သတ်များကလည်း သူ၏ စွမ်းဆောင်မှုများအတွက် ချီးကျူး သြဘာပေးခဲ့ကြသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီတွင် အိုဇေးလ်သည် နံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ နည်းပြ မော်ရင်ဟိုက သူအား အသင်း၏ ကွင်းလယ် ဖန်တီးရှင်အဖြစ် သုံးစွဲခဲ့သည်။ ရီးယဲအသင်းတွင် ခြေစွမ်းပြမှုကြောင့် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအတွက် ယူအီးအက်ဖ်အေမှ ချီးမြှင့်ပေးအပ်သည့် ရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    ozil
    ဂျာမနီ မဂ္ဂဇင်း ကစ်ကာ(kicker)နှင့်  အင်းတာဗျူးတွင် သူက……
    “ကျနော့်ရဲ့ ကစားသမားဘ၀ကို ရီးယဲလ်မက်ဒရစ်မှာပဲ အဆုံးသတ်ချင်ပါတယ်။ အရှေ့မှာ ကျနော် အချိန်တွေအများကြီးရှိသေးတယ်၊ လူငယ်ကစားသမား အများအပြားနဲ့၊ ကစားသမားကောင်းတွေလည်း ရှိနေဦးမယ်၊ ဒါကြောင့် ဒါဟာ ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် (အသင်း) အနာဂတ်ရဲ့ အစိတ်အပိုင်းဖြစ်ချင်ပါတယ်။ ကျနော့်ရဲ့ လုပ်နိုင်စွမ်းကို ကျနော်သိပါတယ်။ ပြီးတော့ ရီးယဲအသင်းမှာ နှစ်ပေါင်းများစွာ ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။” ဟု သူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
    အိုဇေးလ်သည် ၂၀၁၂ မေလ ၂ ရက်နေ့တွင်ကစားသည့် ဘီဘာအိုအား သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် ရီးယဲလ်အသင်း၏ ပထမဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့သည်။ ထိုပွဲအနိုင်ကြောင့် ရီးယဲအသင်းသည် ၃၂ ကြိမ်မြောက် လာလီဂါ ချန်ပီယံ ဖြစ်ခဲ့လေသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအပြီး လာလီဂါ၏ ဘောလုံးဖန်တီးပေးပို့နိုင်မှု ဇယားတွင် ၁၇ ကြိမ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ရီးယဲလ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတွင် သူ၏ စွမ်းဆောင်ချက်များကြောင့် ယူအီးအက်ဖ်အေမှ ချီးမြှင့်သည့် ဥရောပ အကောင်းဆုံးဘောလုံးသမားဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ
    လူငယ်
    oezil_mesut_
    ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အိုဇေးလ်းအား ဂျာမနီ ၁၇ နှစ်အောက် လူငယ်အသင်းမှ ခေါ်ယူခဲ့သည်။ ၂၀၀၇ ခုနှစ်မှစ၍ ၂၁ နှစ်အောက်လူငယ်အသင်းမှ ကစားသမားတစ်ဦးဖြစ် လာခဲ့လေသည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကစားသည့် ၂၁ နှစ်အောက် ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အင်္ဂလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲစဉ်အတွင်း အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    လက်ရွေးစင်အသင်းကြီးသို့
    ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်နေ့ နော်ဝေအသင်းနှင့် ကစားသည့် ခြေစမ်းပွဲတွင် အိုဇေးလ်သည် ဂျာမနီ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ရခဲ့သည်။ တောင်အာဖရိက အသင်းနှင့် စက်တင်ဘာ ၅ ရက်နေ့တွင် ကစားသည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲမှာ သူ၏ လက်ရွေးစဉ်ကစားသမားဘ၀ ၃ ပွဲမြောက်ဖြစ်လေသည်။
    ဂျာမနီ လက်ရွေးစင်အသင်းတွင်ကစားရန် ရွေးချယ်ခဲ့ခြင်းနှင့်ပက်သက်၍ သူက….
    “ဂျာမနီမှာ ကျနော်ဟာ တတိယမျိုးဆက်ပါ။ ကျနော့်အဖေက ဒီမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော့်အတွက်တော့ တူရကီဟာ အမြဲတမ်း ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေမှာပါ။ ဒါပေမယ့် ဂျာမနီအသင်းအတွက် ကစားဖို့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် သံသယ မဖြစ်မိပါဘူး။” ဟု FourFourTwo မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ၂၀၁၀ ကမ္ဘာ့ဖလား
    euro2012_002
    အိုဇေးလ်သည် တောင်အာဖရိကတွင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် ဂျာမနီ လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ပြီး ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ဂျာမနီအသင်းမှာ အုပ်စု ပထမဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့သည်။ ၁၆ သင်းအဆင့်တွင် အင်္ဂလန်အသင်းကို ၄ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိခဲ့ရာ အိုဇေးလ်မှာ အသင်းဖော်များ ဂိုးသွင်းရန်အတွက် ဖန်းတီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေဘောလုံးဆုအတွက် ဖီဖာက ထုန်ပြန်သည့် ဆန်ကာတင် ကစားသမား ၁၀ ဦးတွင် ပါဝင်ခဲ့သည်။
    ယူရို ၂၀၁၂
    အိုဇေးလ်သည် ယူရို ၂၀၁၂ ခြေစစ်ပွဲဝင် ဂျာမနီအသင်းအတွက် မောင်းနှင်အားတစ်ခုဖြစ်ခဲ့လေသည်။ ခြေစစ်ပွဲ ၁၀ ပွဲကစားရာတွင် ရှုံးပွဲမရှိခဲ့သော ဂျာမနီအသင်းအတွက် သူသည် ၅ ဂိုးသွင်းယူပေးခဲ့သည်။ တိကျသော ဘောလုံးပေးပို့သူအဖြစ် ကျော်ကြားခဲ့လေသည်။ ၇ ကြိမ်တိုင်တိုင် ဖန်တီးပေးပို့ခဲ့ကာ ယူရို ခြေစစ်ပွဲစဉ်တွင် အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီး ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုကိုလည်း ၂ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။
    အောင်မြင်မှုများ
    ကလပ်
    ရှော်ကေးလ
    ၂၀၀၆-၂၀၀၇ ဂျာမန်ဘွန်ဒစ်လီဂါ (ဒုတိယ)
    ၂၀၀၇ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၀ါဒဘရီမင
    ၂၀၀၈-၂၀၀၉ ဂျာမန် ရှုံးထွက်ဖလား (ချန်ပီယံ)
    ၂၀၀၉-၂၀၁၀ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၂၀၀၈-၂၀၀၉ ယူအီးအက်ဖ်အေဖလား (ဒုတိယ)
    ရီးယဲမက်ဒရစ်
    ၂၀၁၁-၂၀၁၂ လာလီဂါ (ချန်ပီယံ)
    ၂၀၁၀-၂၀၁၁ လာလီဂါ (ဒုတိယ)
    ၂၀၁၀-၂၀၁၁ စပိန်ဘုရင့်ဖလား (ချန်ပီယံ)
    ၂၀၁၂ စပိန်စူပါဖလား (ချန်ပီယံ)
    ၂၀၁၁ စပိပန်စူပါဖလား (ဒုတိယ)
    နိုင်ငံ
    ၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား (ချန်ပီယံ)
    တစ်ဦးချင်း
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား ဗိုလ်လုပွဲ)
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂ကြိမ်) (ယူရို ၂၀၁၂၊ ဂျာမနီနှင့် ပေါ်တူဂီ၊ ဂျာမနီနှင့် ဂရိ)