News @ M-Media
Blog
  • NLD ဗဟို ညီလာခံသို့ မြန်မာမွတ်စလင် ကွန်ရက်မှ ဂုဏ်ပြု သ၀ဏ်လွှာပေးပို့
    မတ်လ၊ ၁၁၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ကျင်းပခဲ့သော ပြည်လုံးကျွတ် ဗဟိုညီလာခံသို့ မြန်မာမွတ်စလင်ကွန်ရက် သဘာပတိ ဒေါက်တာမြင့်သိန်း မှ မတ်လ ၇ရက်နေ့ နေ့စွဲဖြင့် ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခဲ့သည်။
    အဆိုပါဂုဏ်ပြုသ၀ဏ်လွှာတွင်  “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဗဟိုညီလာခံ လုံခြုံငြိမ်းချမ်းပြီး အောင်မြင် စွာကျင်းပပြီးဆုံး နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ၊ ပြည်တွင်းစစ် များရပ်စဲလျက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန် တရားဥပဒေစိုးမိုးပြီး မြန်မာနိုင်ငံသားတိုင်း ၊ လူမျိုး အုပ်စုတိုင်း ၊ လုံခြုံအေးချမ်းသော ဘ၀ ရရှိနိုင်စေရန် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါကြောင်း ၊ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ညီလာခံ ကိုယ်စားလှယ်များ ၊ ပါတီဝင်များအားလုံး ကိုယ်ကျန်းမာ ၊ စိတ်ကျန်းမာ ၊ ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် အမျိုးသား ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ ၊ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေ ဆုမွန်ကောင်းတောင်း ပါကြောင်း” ဖော်ပြပါရှိသည်။
    556901_132908326889242_1995883631_n
    အဆိုပါဂုဏ်ပြုသ၀ဏ်လွှာတွင်  “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဗဟိုညီလာခံ လုံခြုံငြိမ်းချမ်းပြီး အောင်မြင် စွာကျင်းပပြီးဆုံး နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ၊ ပြည်တွင်းစစ် များရပ်စဲလျက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန် တရားဥပဒေစိုးမိုးပြီး မြန်မာနိုင်ငံသားတိုင်း ၊ လူမျိုး အုပ်စုတိုင်း ၊ လုံခြုံအေးချမ်းသော ဘ၀ ရရှိနိုင်စေရန် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါကြောင်း ၊ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ညီလာခံ ကိုယ်စားလှယ်များ ၊ ပါတီဝင်များအားလုံး ကိုယ်ကျန်းမာ ၊ စိတ်ကျန်းမာ ၊ ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် အမျိုးသား ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ ၊ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေ ဆုမွန်ကောင်းတောင်း ပါကြောင်း” ဖော်ပြပါရှိသည်။
    မတ်လ ၈ရက် နေ့မှ ၁၀ နေ့ အထိ ၃ရက်ကြာကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်လုံးကျွတ် ညီလာခံသို့ နိုင်ငံအ၀ှမ်းမှ ကိုယ်စားလှယ် ၁၅၀၀ခန့် တက်ရောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် ၂၀ဦးနှင့် အရံဗဟိုအလုပ်အမှုဆောင် ၅ဦး အား ရွေးချယ် အတည်ပြုခဲ့ကြောင်း ၄င်းညီလာခံသို့ တက်ရောက်ခဲ့ကြ သည်။
    ယင်းပါတီ ဗဟိုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ကြသည်။
    ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင် ၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် ၊ ဒေါက်တာ ဦးအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့် ၊ ဦးကျော်ခင် ၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင် ၊ တို့အား ရွေးချယ်ခဲ့ကြသည်။ အရံဗဟိုအလုပ်အမှုဆောင်များအဖြစ် ဦးမန်းဂျော်နီ ၊ ဒေါက်တာဦးသိန်းလွင်၊ ဦးအောင်စိုး၊ ဦးဒိုဘွဲ၊ ဒေါ်ဖြူဖြူသင်း တို့အား ရွေးချယ်ခဲ့ကြောင်း ဗဟိုညီလာခံတက်ရောက်ခဲ့ကြသူ ကိုယ်စားလှယ်များက ပြောကြားသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လက်ရှိ စာရင်းဇယားများအရ အဖွဲ့ဝင် အရေအတွက် ၁၃ သိန်းရှိနေပြီး ယခု ညီလာခံသို့ ပြည်နယ်/တိုင်းဒေသကြီးများမှ ညီလာခံကိုယ်စားလှယ်  ၈၄၉ ဦး တက်ရောက်ခဲ့သည်။
    မြန်မာမွတ်စလင်ကွန်ရက်သည် ၂၀၁၂ စက်တင်ဘာ ၉ရက်နေ့တွင် အီးဒ်မိတ်ဆုံစားပွဲ တစ်ရပ်အား ကျင်းပခဲ့ပြီး “ဘာသာရေးအဖွဲ့အစည်များနှင့် တိုက်ရိုက်မသက်ဆိုင်သည့် လူမှုရေးလုပ်ငန်းများ၊ အမျိုးသားရေးလုပ်ငန်း များကို အခြားသော NGO များနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတွင် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် လူသားအရင်းအမြစ် တစ်ရပ်အနေနဲ့ ပါဝင် နိုင်ရန်ပာူသော ရည်ရွယ်ချက်များသည် မြန်မာမွတ်စလင်မ် ကွန်ရက် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် များဖြစ်ကြောင်း” မြန်မာမွတ်စလင် ကွန်ရက် သဘာပတိ ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)က စက်တင်ဘာ ၉ ရက်နေ့တွင် တော်ဝင်နှင်းဆီ တွင်ကျင်းပခဲ့သည့် မြန်မာမွတ်စလင်မ် အီဒ်မိတ်ဆုံ တွင် ပြောကြားခဲ့သည်။
  • ရခိုင်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆ ဦး မလေးရှားရေတပ် ကယ်ဆယ်
    ရခိုင်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆ ဦး မလေးရှားရေတပ် ကယ်ဆယ်
    မတ်လ၊ ၁၀ ၊ ၂၀၁၃
    M-Media
    Teluk Bahang ရှိ ရေလုပ်သားများ၏ သတင်းပေးပို့မှုကြောင်း မလေးရှားနိုင်ငံသို့ လှေဖြင့် ၀င်ရောက်လာသော အစာရေစာ ပြတ်လတ်နေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၂၆ ဦးကို မလေးရှားရေကြောင်းသွားလာမှု ထိန်းသိမ်းရေး အေဂျင်စီ(MMEA)မှ မတ်လ ၉ ရက် စနေနေ့တွင် ကယ်ဆယ်လိုက်သည်။
    နေ့လည့် ၂ နာရီခန့်တွင် MMEA မှ အရာရှိများက ထိုလှေငယ်ကို တွေ့ရှိခဲ့ပြီး ရေများ စိမ့်ဝင်နေသည်ဟု သိရသည်။
    အဆိုပါ လှေငယ်တွင် အသက် ၂၀ မှ ၅၀ အတွင်းရှိ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၃၅ဦး၊ အသက် ၂လမှ ၁၂ နှစ် အရွယ်ရှိ ကလေး ၄၀ ဦးတို့ပါဝင်ပြီး ထိုသူများအားလုံးမှာ လွန်ခဲ့သည့် ၃ ရက် ကတည်းက အစာရေစာ ပြတ်လတ်နေခဲ့သည်ဟု ဆိုသည်။
    မလေးရှားရေကြောင်း သွားလာမှု ထိန်းသိမ်းရေး အေဂျင်စီ(မြောက်ပိုင်း)၏ ရေတပ်ဗိုလ်ချုပ် တန် ကော့ ကွီး(Tan Kok Kwee)က အဆိုပါ ဒုက္ခသည်များမှာ အသက် ၂ လ မှ ၅၀ နှစ် အတွင်းရှိကြပြီး လှေထဲတွင် ပြွတ်သိပ်စွာ တွေ့ရသည်ဟုဆိုသည်။
    ဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ယုံကြည်ရပြီး မလေးရှားနိုင်ငံသို့ ရောက်ရှိရန် လွန်ခဲ့သည့် ၂၅ ရက်ခန့်ကတည်းက ပင်လယ်ပြင်ကို ကျော်ဖြတ်ခုတ်မောင်း လာခဲ့ကြသည်ဟု ဆိုသည်။
    “လှေထဲကို ရေတွေစိမ့်ဝင်နေပါတယ်။ ရေလုပ်သားတွေဆီကနေ သတင်းပေးပို့ချက်ရတဲ့အခါ ကျနော်တို့ KM Nyireh သင်္ဘောကို စေလွှတ်လိုက်ပါတယ်။ ကျနော့်လူတွေက လှေက အပေါက်ကို ဖာလိုက်ပြီး လှေထဲက ရေတွေကိုလည်း ပန့်တွေနဲ့ စုပ်ထုတ်လိုက်ပါတယ်။့  သူတို့ရဲ့ သင်္ဘောကိုလည်း (ဆွဲသင်္ဘောနဲ့) ဆွဲယူခဲ့ပါတယ်။ သူတို့တွေကို ဘယ်သူက ခေါ်လာသလဲဆိုတာကို စုံးစမ်း စစ်ဆေးနေပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အစားအစာ ပြတ်လတ်သွားတာကြောင့် ရိုဟင်ဂျာလူမျိုးတွေဟာ ဆာလောင် မွတ်သိပ်နေပြီး၊ မောပန်းနေပုံရပါတယ်။ အဲဒီရက်တွေမှာ သူတို့ဟာ ပင်လယ်ရေကိုပဲ သောက်ခဲ့ရပါတယ်။” ဟု သူက ဆိုသည်။ ” ဟု MMEA ရုံးခန်းတွင် မနေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အဆိုပါလှေကို ယမန်နေ့နံနက်က Batu Uban  ရှိ ဒေသ ၂ ရေကြောင်းရုံးချုပ်သို့ ဆွဲယူသွားခဲ့ပြီး ဒုက္ခသည်များကိုမူ အစားအသောက်များနှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကာ MMEA မှ စစ်ဆေးမေးမြန်မှုများ ပြုလုပ်ပြီးလျှင် လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေးသွားမည်ဟု သူက ဆိုသည်။
    BERNAMA
  • ဘာတဲ့လဲ ငြိမ်းချမ်းရေး (ကဗျာ- M-Media Blog ကဏ္ဍ)
    မတ်လ ၁၁ ၊ ၂၀၁၃
    မောင်ဘုန်းနိုင်
    what is peace
    ပြောကြတယ် ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး
    ကမ္ဘာမှာ သူတို့လောက် ဘယ်သူမှ မချစ်တတ်သယောင်
    ဗလပွ ဟိုနား ဒီနား
    ငြိမ်းချမ်းရေး လှုပ်ရှားမှုတဲ့
    သင်္ကန်းစည်း အရေခြုံတွေကိုယ်တိုင်က
    ဟိုတပါး ဒီတပါး
    ၉၆၉ ထိပ်စီးနဲ့ 
    အမုန်း အာဃာတ
    မိစ္ဆာအမှောင့် တရားဟောနေလေရဲ့။
    ဒီမိုကို ခရေဇီနေတဲ့
    အခွင့်အရေးလှုပ်ရှားသူဆိုလား
    ကြားနေ အမှန်တရား သတင်းသမားတွေဆိုလား
    တေလေကြမ်းပိုးတွေ မုန်းတီးရေးမိစ္ဆာတွေ
    ၉၆၉ ထိပ်စီးနဲ့ 
    တို့မီး ရှို့မီးလုပ်
    နေ့ခင်းကြောင်တောင် အကြမ်းဖက်နေတာကို
    ဂေါတမ ဗုဒ္ဓဘုရား မှ အားမနာ ကုလားမုန်းတဲ့ မိစ္ဆာစိတ်နဲ့
    မမြင်ဟန်ဆောင်လိုက် ကြိတ်နင်းလိုက်နဲ့
    သူခိုးဓားရိုးကမ်း မီးလောင်ရာလေပင့်နေလေရဲ့။
    ငြိမ်းချမ်းရေးတဲ့လေ
    ငြိမ်းချမ်းရေးအဖွဲ့
    ငြိမ်းချမ်းရေး စင်တာ
    ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း
    ငြိမ်းချမ်းရေး ဘာရေး ညာရေး
    ခင်ဗျားတို့  ဆွေးနွေးတဲ့ထဲမှာ
    ပိပြားနေတဲ့ ကုလားတွေ မပါပါလား
    မဟုတ်မက ညစ်စုတ်မှုပေါင်းစုံကြောင့်
    မရေရာတဲ့ကုလားတို့  ဘ၀တွေအတွက်
    တလုံးတလေ တဖွဲ့တလေမှ မပါတာ
    ကုလားတွေ လက်နက်မကိုင်သေးလို့ 
    လူရာမသွင်းတာလား။
    လုပ်ကြပေါ့ ခင်ဗျားတို့ သာတဲ့အချိန်
    ခင်ဗျားတို့ ချစ်တဲ့ ပြည်ကြီး
    ကုလားခုတုံးလုပ်လို့  နောက်ပြန်လှဲ
    သေကွင်းဆင်းတဲ့အခါမှ
    ငါကုလား ဟားတိုက်ရယ်တော့မယ်
    အသတ်ခံလိုက်ရတဲ့ ငါ့အမျိုးတွေအတွက်
    ပေးဆပ်လိုက်ရတဲ့ ငါ့ဂုဏ်သိက္ခာအတွက်
    ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာအတွက်။
    သူကျင်မှ ကိုယ်ကျင်
    အတုံ့ အလှည့်ဆိုတာ
    အလကားစကားမဟုတ်
    ငါကုလား ငြိမ်းချမ်းပါခေါ်နေတုန်း
    လူ၊ ဘုန်းကြီး၊ မီဒီယာ၊ နိုင်ငံရေးသမား
    တေလေကြမ်းပိုး၊ သူတောင်းစား၊ အဖျက်သမားတွေက
    စုလို့ ပေါင်း အကြမ်းဖက်ရင်
    နာတတ်တဲ့ ငါလည်းလူ
    သေမထူး နေမထူးလို့ 
    ခင်ဗျားတို့ အလှည့်မှ
    ကျုပ်တို့ လို မျက်ရည်မကျမိစေနဲ့ ။
    ခင်ဗျားတို့  ငြိမ်းချမ်းရေး
    ခင်ဗျားတို့ မရခင်
    ခင်ဗျားတို့  မွမချေချင်စမ်းပါနဲ့ ။
    ဘာတဲ့လဲ ငြိမ်းချမ်းရေး
    ငါကုလား ဟားတိုက်လိုက်ချင်တယ်
    နဲနဲရ များများကြွတဲ့ခင်ဗျားတို့ 
    နဲနဲလွတ်လပ်လာတဲ့ ကုလားကိုတမ်းဖိတဲ့ ခင်ဗျားတို့ 
    ခင်ဗျားတို့ မျက်ရည်ပြန်စို့ တဲ့တနေ့ 
    ငါကုလားအတွက် ကိုယ်ချင်းစာတတ်ပါစေ
    ဒီတခါ ကိုယ်ချင်းစာတတ်မယ်ဆိုရင်။
    ** ရေးသူ၏ ခံစားချက်သာဖြစ်ပါသည်။
  • Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း
    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    Malaysia Relif Association
    MRA(Malaysia Relif Association)  ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။
    ထိုအဖွဲ့သည် အောင်မင်္ဂလာ၊ သဲချောင်း၊ တာပိုင်၊ သက်ကယ်ပြင်၊ ရွှေစေတီ၊ စက်ရုံစုနှင့် မင်းဂံ စသည့် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။
    အဆိုပါ ဒုက္ခသည် စခန်းများရှိ အိမ်ထောင်စုပေါင်း ၆၀၀ ခန့်သည် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ ကြက်သွန်၊ ထင်း စသည့် ထောက်ပံရေးပစ္စည်းများကို ရရှိကြပြီး၊ ကလေးငယ်များ ဆက်လက် ပညာ သင်ကြားစေနိုင်ရန် အတွက် ရွှေစေတီနှင့် သက်ကယ်ပြင် ဒုက္ခသည်စခန်းရှိ ကလေးငယ် ၄၈၀၀ခန့်ကိုလည်း စာအုပ်များ၊ ခဲတံများဝေငှခဲ့ကြကြောင်း သိရှိရပါသည်။
    ထိုကဲ့သို့ ကူညီထောက်ပံမှုများ အပြင် MRA အဖွဲ့သည် ရေရှည် ကူညီမှု အစီအစဉ်များအတွက် အခွင့်အလမ်း ရှာဖွေခဲ့ပြီး ဒေသခံအာဏာပိုင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက်လည်း မျှော်လင့်ထားကြောင်း သိရသည်။
    Ref: MRA(Malaysia Relif Association) FB
  • ၇၈၆ နှင့် ၉၆၉ တို့ရဲ့ မုတ်ဆိတ် ပြသနာ (သရော်စာ)
    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    သစ်ဆန်းခန့်
    satire
    ခုတလော မောင်သစ်တို့ ရဲ့ ဟိုမရောက် ဒီမရောက် မယောင်ရာဆီလူး တဲ့
    ဖြစ်ကတက်ဆန်း ဖွဲ့စည်းပြီး မည်သူမှ အသိမှတ်မပြုသည်ဖြစ်စေ ကိုယ့်ဘာသာကိုယ် ဘွဲ့တံဆိပ်
    အပ်နှင်းထားတဲ့ ဒေါက်တိုမောင်သစ် အထွေထွေဆန္ဒပြပွဲ ကော်မတီ၏ ရှေ့ဆက်
    ဆန္ဒပြသွားမယ့် ဆန္ဒပြပွဲ ပွဲစဉ်များနှင့် အစီအစဉ်များအား
    ကြေညာအပ်ပါသည်။
    များမကြာမှီ အချိန်အတွင်းက ထောင်ထွက်အဆံချောင်
    ဘုန်းကြီးတစ်ပါး နှင့် လက်ဝါးကြီးအုပ်ဂုတ်သွေးစုပ်
    စီးပွားရေး သမား တို့ ပူးပေါင်းကာ ၉၆၉ ဟု
    ဘာသာရေး ခုတုံးလုပ် စီးပွားရေး အမြတ်ထုတ်မည့်
    အကြံအစည်အား ထောက်ခံအားပေးသည့်
    ဆန္ဒပြပွဲအား မြန်မာတစ်ပြည်လုံးရှိ
    အိမ်ခြေရာမဲ့ အလုပ်မရှိအကိုင်မရှိ
    လမ်းဘေးနေလမ်းဘေးနားစား
    ပြည်သူများ အားလုံး(နေ့စားဖြင့်)
    မရပ်မနား အော်ဟစ်ဆန္ဒပြမည် ဖြစ်ပြီး
    ၉၆၉ တံဆိပ်ကပ်ထားသော ဆိုင်များတွင် ဈေးမ၀ယ်ပါက
    နိုင်ငံမပိုင် ဖွဘုတ် သတင်းများတွင် ဆဲဆိုရမ်းကား ရေးသားထားပါသည်။
    အကယ်၍ ၉၆၉ ဆိုင်များတွင် စားသောက်ကုန် ၀ယ်စားသူများ စားမကောင်းသည်ရှိသော်
    လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များတွင် ဈေးများသည်ရှိသော်
    အရောင်းဆိုင်၏ ဆက်ဆံရေး ညံ့ဖျင်းခဲ့သည် ရှိသော်
    ၉၆၉ အဖွဲ့အစည်းဖြင့် လုံးလုံးသက်ဆိုင်မှု မရှိပဲ ကိုယ်ဖြစ်ကိုယ်ခံဟု
    စည်းကမ်းသက်မှတ်ထားကြောင်းသိရှိရပါသည်။ 😛
    အဆိုပါ သက်မှတ်ထားသော ၉၆၉ ဆိုင်များတွင် ညံ့ဖျင်းလွန်းလှသဖြင့်
    အပြောချိုသာယဉ်ကျေး ဈေးသက်သာသော ပစ္စည်းမှန်သော ၇၈၆ ဆိုင်များတွင်
    ဈေးဝယ်ခဲ့သည် ရှိသော ထောင်ထွက်လက်မရွံ ဘုန်းကြီးလူမိုက်များမှ
    မထင်ရင် မထင်သလို ဆွမ်းကြီးဝိုင်းလောင်းမည်ဖြစ်ကြောင်း
    တိုးတိုး တိတ်တိတ် ၀န်နင် ပေးထားပြီး ဖြစ်ကြောင်း
    နိုင်ငံမပိုင် အဆဲအဆိုရပ်ဝန်း သတင်းဌာန မှ တဆင့် ပြန်လည်သိရှိရပါသည်။
    နောက်ဆက်တွဲ ဆန္ဒပြပွဲ သတင်းများအရ လွှတ်တော်အတွင်း ၀င်ရောက်နေသော မုတ်ဆိတ်များနှင့်
    နိုင်ငံတော် အတွင်း ရှိနေသော် မုတ်ဆိတ်များအား အမြင်မကြည် ကြောက်ရွံထိတ်လန့်သော
    ပုဒ်မ ဖြင့် ဆေးလိပ်မသောက်ရ ဧရိယာ များ ကဲ့သို့ မုတ်ဆိတ်မထားရ ဧရိယာများ သက်မှတ်ပေးဖို့
    လွှတ်တော် အတွင်း တင်ပြ ခြင်း ရင်ဖွင့်ခြင်း များ အစဉ်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း (သည်းခံတော်မူဘာ)
    သိရှိရသည့် အပြင် ဖွဘုတ် သတင်းရပ်ဝန်းမှ ဘာသာရေး အစွန်းရောက်များမှ
    ဒေါက်တာဆိတ်ဖွားသည်လဲ မုတ်ဆိတ်ကုလား ဖြစ်နိုင်ကြောင်း မျက်ကန်းသတင်းများတွင်
    ဖော်ပြခဲ့သည့်အပြင် မွေးမြူရေးခြံများအတွင်းမှ ဆိတ်များအားလဲ DNA စစ်ဆေးပြီး နိုင်ငံသား ဟုတ်မဟုတ်
    စစ်ဆေးပြီးမှ စားသုံးသင့်ကြောင်း အဘယ့်ကြောင့် ဆိုသော် မုတ်ဆိတ်ပါရှိသောကြောင့်
    ရိုဟင်ဂျာ များ ၏ ဥာဏ်နီဥာဏ်နက်ဖြင့် ကျူးကျော်လာခြင်းလောဟု
    နောက်တဖန်လဲ ခရစ်စမတ် ဘိုးဘိုးကြီးသည် မုတ်ဆိတ်ပါသော ကြောင့် ရိုဟင်ဂျာ ဘင်္ဂါလီ ဂိုဏ်းချုပ်ဖြစ်နိုင်ကြောင်း
    အမေရိကန် သမ္မတ အိုဘားမဲ ထံ တိုင်ကြားစာများ ပေးပို့ရန် အမျှော်အမြင်ကြီးစွာဖြင့်
    စီစဉ်ဆောင်ရွတ်လျက်ရှိကြောင်း သိရှိရလေသည်။
    နောက်ဆုံးရ သတင်း အနေဖြင့် တရုတ် ဂျပန် ထိုင်း ကိုရီးယား စားသောက်ဆိုင်များအတွက်ကိုလဲ ၉၆၉ ကဲ့သို့
    အခါကြီး အတိတ်နမိတ်ကြီး ကိန်းဂဏန်းများဖြင့် ဖွင့်ဖို့ ဆန္ဒပြ နှိုးဆော်သွားမှာဖြစ်ပြီး
    ရောသမမွေ ကိန်းဂဏန်းအကြီးစားရဖို့ ပုဒ်မကြီးကြီးဖြင့် ထောင်ပြေးများဖြင့် ပေါင်းကာ
    သာသနာဖျက်မယ့် အမှိုက်စား လူဂွစာ ဂိုဏ်းတစ်ခုတည်ဆောက်ဖို့အတွက်
    ပြည်သူလူထုအား အားနေယားနေသမျှ ကာလ ပတ်လုံး
    ကားလမ်းပိတ် မတက် ဆန္ဒပြ ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါမယ် ခင်ဗျာ…. 😛