News @ M-Media

Blog

  • 7Day News သူရဲကောင်းဆုရှင် အဖြစ် ဦးဌေးနိုင် ချီးမြှင့်ခြင်းခံရ

    သတင်းနှင့် ဓါတ်ပုံ 7Day News

    ko Htay Naing

    ၂၀၁၂ခုနှစ်အတွက် 7Day News သူရဲကောင်းဆုရှင် 7Day News Hero လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းနှစ်ခုအား ဂျာနယ်(၁၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ပြီးခဲ့သည့် (၁၀)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင်လည်း ၂၀၁၁ခုနှစ်အတွက် လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်း နှစ်ခုအား Hero ဆုပေးအပ်ချီးမြှင့်ခဲ့သည်။

    7Day News Hero ဆုရှင်
    ဦးဌေးနိုင်
    လက်ထောက်စက်ခေါင်းမောင်း

    ခုတ်မောင်းလာသည့် မီးရထားအားကြောက်လန့်ကာ ချောင်းကူးတံတား ရထားသံလမ်းပေါ် စုံရပ်နေသော မြေအဖွားနှစ်ဦးအား ရထားနှင့် တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှ ခုန်ချကာ သက်စွန့်စံဖျားကယ်တင်ခဲ့သူဖြစ် သည်။

    ၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုမောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန် ကယ်တင်မှုတစ်ခုဖြစ်သည်။

    အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင် လာသောရထားကိုတွေ့ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။ စက်ခေါင်းမောင်းက အရေးပေါ် ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုး မဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။ ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေးအပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

    ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

    =========================
    “ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ”
    (ကိုဌေးနိုင်)
    Weekly Eleven နှင့် တွေ့ဆုံမေးမြန်းချက်မှ  ကောက်နှုတ်ချက်

    မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

    ကိုဌေးနိုင်အကြောင်း ဆက်စပ်ပိုစ်များ ဖတ်လိုလျင် =>http://www.m-mediagroup.com/news/tag/uhtaynaing

  • အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့မတင်ရန် ကနေဒါမှ ပါလက်စတိုင်းကို သတိပေး

    မတ် ၆ ၊ ၂၀၁၃
    M-Media

    အစ္စရေးတို့၏ မူဝါဒအားထောက်ခံသည့် ကွန်ဖရင့်၌ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးက အကယ်၍ ပါလက်စတိုင်းတို့သည် ကုလသမဂ္ဂ၏ ထောက်ခံမှုအသစ်ဖြင့် အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံး – The International Criminal Court (ICC) သို့ စွဲချက်တင်မည်ဆိုပါလျှင်  ကနေဒါ ထံမှ အကျိုးဆက်ကို တွေ့ကြုံရင်ဆိုင်ရလိမ့်မည်ဟု ကြေငြာပြောကြားသည်။

    Canada’s Foreign Affairs Minister John Baird
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird

    ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အမေရိကန်-အစ္စရေး လူထုရေးရာကော်မတီ American Israel Public Affairs Committee (AIPAC) အဖွဲ့မှ ထောင်ချီသည့် ၀ါဒထောက်ခံသူများ နှင့် အမေရိကန်အစိုးရအဖွဲ့ဝင်များသို့ Johg Baird မှ မိန့်ခွန်းပြောရာ အောက်ပါကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

    “  ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုရေးရာအဖွဲ့ကြီးမှာ တွေ့မြင်ကြရတဲ့အတိုင်း – ကုလသမဂ္ဂအဖွဲ့မှာ တွေ့မြင်ကြရတဲ့ အတိုင်း – အလားတူစွာဘဲ ICC မှာ တွေ့မြင်ကြရတဲ့အတိုင်း ရှေ့ဆက် လှုပ်ရှားမှုတွေကို အလေးအနက်ထားမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပါ။ ပါလက်စတိုင်းအာဏာပိုင်နဲ့ကျွန်တော်တို့ ဆက်ဆံရာမှာ ပိုပြီးအရာရောက်အောင် လုပ်ရပါလိမ့်မယ် ”။

    အစ္စရေးတို့အပေါ် ၀န်ကြီးချုပ် စတီဗင်ဟာပါ အစိုးရအဖွဲ့၏ ထောက်ခံမှုကို ထုတ်ဖော်သောအားဖြင့် ပရိသတ်များက Baird ၏ မှတ်ချက် စကားကို ထောက်ခံအားပေးခဲ့ကြသည်။

    လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့၏ နိုင်ငံမဲ့မှ နိုင်ငံသစ်ထူရေး ဦးတိုက်တင်သွင်းမှုကို ကနေဒါ မှ ကန့်ကွက်ခဲ့ပြီး၊ အစ္စရေး စိုးမိုးမှုအပေါ် ICC တွင် အတိုက်အခံမပြုရန် ပါလက်စတိုင်းအစိုးရကို သတိပေးထားခဲ့သည်။

    ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပါလက်စတိုင်းအား ယူနက်စ်ကိုအဖွဲ့ဝင်အဖြစ် ထည့်သွင်းရေးအဆိုကို ကနေဒါမှလည်း ကန့်ကွက်ခဲ့သည်။

    ပါလက်စတိုင်းအကြီးအမှူးများက ပါလက်စတိုင်းပိုင်နယ်မြေများအတွင်း တရားမ၀င် အိမ်ယာတိုးချဲ့မှုများ ရပ်တန့်ရေးအတွက် ICC  ၌ အစ္စရေးရဲ့ အုပ်ချုပ်ပုံကို မိမိတို့မှ အတိုက်အခံပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    နိုဝင်ဘာလ၌ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းအစိုးရအဖွဲ့ခေါင်းဆောင် မဟ်မူးဒ် အဗ်ဗာ့စ်၏ မိန့်ခွန်းအား “ ကျွန်တော်တို့ထဲက လူအတော်များများကို စိုးရိမ်ပူပန်မှုဖြစ်သွားစေခဲ့တယ် ” ဟု Baird  မှ ဝေဖန်လိုက်ပြီး၊ “ သူဟာ အစ္စရေးကို လက်ကမ်းကောင်း ကမ်းပေးပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအငွေ့ အသက်တစ်ရပ်ကို ဖော်ဆောင်ကောင်းဖော်ဆောင်ပါလိမ့်မယ်၊ သဘောထားကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူ့စကားထဲမှာတော့ စေတနာထက်သန်မှုကို ကျွန်တော်တို့ မတွေ့ခဲ့ကြပါဘူး ” ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

    ပါလက်စတိုင်း၏ အလားအလာကောင်းကို ကနေဒါ၊ အမေရိကန်၊ အစ္စရေး နှင့် နောက်ထပ် နိုင်ငံ ၆ ခုမှ ကန့်ကွက်မဲပေးခဲ့သော်လည်း၊ ညီလာခံအဖွဲ့ဝင် အခြားသောနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ကြသည်။

    SAB/PKH

  • အရှိန်မြင့်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး အပေါ် ပြည်သူတဦးရဲ့ အမြင်

    အရှိန်မြင့်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး အပေါ် ပြည်သူတဦးရဲ့ အမြင်

    မတ်လ ၇ရက်၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    အစ္စလာမ် ဆန့်ကျင်ရေး တရားပွဲဟောပြောပွဲများ၊ စာရွတ်စာတမ်းများ၊ စာအုပ်များ၊ တရားပွဲ DVD အခွေများကို လက်ကမ်းဝေဖြန့်ဝေခြင်းများကို လွန်ခဲ့သည့် လများက ကရင်ပြည်နယ်၊ မွန်ပြည်နယ်အချို့မြို့နယ်များတွင် ပြုလုပ်ရာမှာ ယခုအခါ ရန်ကုန်မြို့ အနီးတ၀ိုက် မြေနီကုန်း၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ လှိုင်သာယာ စသည့် မြို့နယ်များတွင်ပါ တရားဝင်ပြုလုပ်ခွင့် ရသည့် အလားပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေသည် ကိုတွေ့မြင်ရပါသည်။ အဆိုပါ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု့များ နှင့် ပတ်သက်ပြီး အငြိမ်းစား ဆည်မြောင်းဦးစီးမှူး အထက်တန်းရှေ့ နေ တစ်ဦးဖြစ်သော ဆရာဦးမြသန်း၏ အမြင်ကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    P6040007
    အငြိမ်းစား ဆည်မြောင်းဦးစီးမှူး အထက်တန်းရှေ့ နေ ဆရာဦးမြသန်း

    ဗုဒ္ဓပွင့်တော်မှုတဲ့ အိန္ဒိယနိုင်ငံ နီပေါမှာ ဗုဒ္ဓ အရင်ရှိခဲ့တဲ့ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ ဆိုတဲ့ အယူဝါဒတွေကြားထဲက ပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာကို လက်ခံလာအောင် ဗုဒ္ဓက နူးညံ့တဲ့နုလုံးသားနဲ့ သိမ်းသွင်းခဲ့တယ်။ သူဟာ ဘယ်သူ့ကိုမှ အကြမ်းဖက်ပြီး သူ့သာသနာ ကြီးထွားအောင်မြင်အောင် လို့ဆိုပြီး ဟိန္ဒူဘုရားကျောင်းတွေ၊ …. တွေရဲ့ ဘုရားကျောင်းတွေကိုလည်း မဖျက်စီးဘူး၊ ဖျက်စီးဖို့လည်း လှုံ့ ဆော်တဲ့ တရားတွေ မဟောခဲ့ဖူးဘူး။ ဗုဒ္ဓရဲ့သားတော်တွေဖြစ်တဲ့ တကယ့် သံဃာတော် အစစ်အမှန်တွေက ဒီလိုမျိုးမလုပ်ဘူး။ သူတို့မှာ ၀တ်နည်းဆိုတာ ရှိတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဥပက္ခာပြုပြီး၊ ဗုဒ္ဓ အလိုကျ မဟုတ်တဲ့ ဗုဒ္ဓနဲ့ ဆန့်ကျင်စွာ လုပ်နေတဲ့ ဆရာတော် အနည်းစုဟာ အခုလို တစ်ဘာသာနဲ့ တစ်ဘာသာ ညီညွတ်ရေးကို ကွဲပြားစေတဲ့ လုပ်ရပ်များကို မလုပ်သင့်ပါဘူး။

    ဆရာတော် သံဃာတော်တွေလို့ အမည်ခံထားပြီး ဟောပြောနေတာတွေမှာ ရိုးရိုးသားသား အရှိတရားကိုဟောနေတာမဟုတ်ဘူး။ ဥပမာ – အလ္လာဟ်ဆိုတဲ့ မမြင်ရတဲ့အရှင်ကို ကိုးကွယ်နေကြတယ် ဆိုပြီးပြော၊ ဒါမှန်တယ် လက်ခံတယ်။ ကြိုက်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို မေး မမြင်ရသော အရှင်ကို ကိုးကွယ်နေကြတာ တွေပဲ။ ဒီလိုမျိုး တစ်ဖတ်က ဝေဖန်တရားဟောရင် အငြင်းပွားစရာ မရှိပါဘူး။ သို့သော် ကိုးကွယ်ရာ အရှင် နှင့် တမန်တော်မြတ်တွေကို “အမျိုးဘာသာ သာသနာ ကူသာ စောင့်ရှောက်ရာ – ဖတ်ဖြစ်အောင် ဖတ်ပါ” ဆိုတဲ့ စာအုပ်တွေမှာလို လွန်လွန်ကျူးကျူး မဟုတ်တရုတ် ရေးသားပြီး စော်ကားတာမျိုးတွေ မလုပ်သင့်ပါဘူး။

    P6020003

    “သမ္မတကြီး အပါအ၀င် သာသနာရေးရာ ၀န်ကြီးတွေဟာ ဘာသာအားလုံးရဲ့ ကျမ်းစာမူရင်းတွေကို ဖတ်ထား သိထားသင့်ပါတယ်။ သာသနာရေးဝန်ကြီး ဌာနမှရှိတဲ့ အာဏာပိုင်တွေကိုယ်တိုင်က သိထားပြီးသားဆိုရင် မဟုတ်တမ်းတရားတွေ ပြောတာတွေနှင့် ပတ်သက်ပြီး သူတို့သာသနာက ဒီလိုမဟုတ်ဘူး၊ မဟုတ်တာတွေမပြောနဲ့ မရေးနဲ့ သူတို့သာသနာမှာ ဒါတွေမရှိဘူး လုပ်ကြံမပြောကြနဲ့ အခြားသာသနာကို ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့လို့ တားဆီသင့်ပါတယ်။”

    “ဟိုးတလောက ကျွန်တော်တို့ ရပ်ကွက်မှာ သင်္ဃန်းဝတ် ဘုန်းကြီးတစ်ပါးက လမ်းထဲကိုဝင်လာတယ် လမ်းထိပ် အ၀မှာကတည်းက လျှောက်လာတဲ့လမ်းတလျှောက် ခေါင်းပ၀ါခြုံ ထားတဲ့ အမျိုးသမီးတွေကို ထီးနဲ့လိုက်ရိုက်တယ် ၊ ထီးနဲ့လိုက်ရမ်းတယ် ပြီးတော့ မုတ်ဆိတ်နဲ့ တွေ့တဲ့သူတွေကို ယုတ်ယုတ်မာမာဆဲတယ် ပြီးတော့“ မင်းတို့အားလုံး သေကုန်မယ်၊ သတိထားပြီး နေကြ”လို့ပြောတယ်။အဲဒီမှာ လမ်းထဲမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကပါ ၀ိုင်းပြီး ရပ်ကွက်မှာ ပြဿနာအဖြစ်မခံနိုင်ဘူး ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ပို့လိုက်တယ်။ရဲစခန်းကိုလည်း တိုင်တယ်။အဲဒီကနေ သံဃာနယက အဖွဲ့ ဆီအပ်တယ်။ အဲဒီမှာ ဘာတွေမေးပြီး ဘာတွေပြောလိုက်လဲ ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ နောက်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။”

    “သမ္မတကြီး အနေနဲ့ ပြည်သူလူထု ငြိမ်းချမ်းရေးအတွက် သတင်းစာတွေ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေ ကနေတဆင့် အခြားဘာသာ သာသနာတွေကို မစော်ကားကြနဲ့ မဖိနိပ်ကြနဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေးကို ပျက်ပြားအောင် ပြုလုပ်သူကို အရေးယူမယ်လို့ မိန့်ခွန်းပြောလိုက်မယ် ဆိုရင် တစ်ယူသန် အစွန်းရောက်သူတွေက ဘယ်လုပ်ရဲတော့မလဲ၊ အစိုးရရဲ့ မျက်စိ၊ နားတွေက အင်မတန် ကျယ်ပြန့်ပါတယ်။ ဆူပူသူတွေကို ဖမ်းလိုက်တယ် အရေးယူလိုက်တယ် ဆိုပြီး မီဒီယာတွေက တစ်ဆင့် ပြလိုက်မယ်ဆိုရင် အခြားနေရာတွေကလဲ ထပ်မလုပ်ရဲ့တော့ဘူးပေါ့” ဟု M-Media သို့ပြောကြားခဲ့သည်။

    အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်စာများ

    P6020001

    P6020006

    P6020009

  • အစ္စလာမ် အဖွဲ့ (ရှမ်း/တောင်)မှ တောင်ကြီးမြို့ မီးဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း

    မတ်လ၊ ၇ ၊ ၂၀၁၃
    M-Media

    အစ္စလာမ်ဘာသာရေးအဖွဲ့ (ရှမ်း/တောင်)မှ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် မီးဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း

     2

    အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် မတော်တဆ တော မီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်များနှင့် အလှူငွေများကို (၇.၃.၂၀၁၃) ရက်နေ့တွင် သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အလှူငွေများ  စုစုပေါင်း(၆)သိန်း ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်း သိရှိပါသည်။

    6

    တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် မတော်တဆ တောမီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော အိမ်စုစုပေါင်း ၇လုံးရှိပြီး၊ အိမ်ထောင်စုဝင် (၁၁)စုဖြစ်ကာ မီးဘေးကြောင့် လူ(၄၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ထိုမီးဘေး ဒုက္ခသည်များအား တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့တာဝန်ရှိသူများနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့မှ ဦးစီးလျှက် တောင်ကြီးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ မီးဘေးဒုက္ခသည်များအတွက် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး တောင်ကြီးမြို့ပေါ်မှ စေတနာရှင်၊ အလှူရှင်များ၊ လူမှုအကျိုးဆောင်အဖွဲ့အသီးသီးမှလည်း မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေးကို လာရောက် ကူညီပံ့ပိုးလှူဒါန်းကြကြောင်း ၊ စနစ်တကျပြန်လည်နေရာချထားနိုင်ရေးအတွက် နေအိမ်များဆောက်လုပ်ပေးနိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေကြောင်း မီးဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဝင်များထံမှ သိရှိရပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)သည် ဘာသာလူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့ပြီး၊ ၂၀၁၁ခုနှစ်ကျောက်ဆည်ရေဘေးတွင်လည်း ရေဘေးဒုက္ခသည် လူမျိုးဘာသာ မခွဲခြားဘဲ လှူဒါန်းခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင်လည်း ဒုက္ခရောက်သူများကို မခွဲခြားဘဲ ကူညီပေးခဲ့ကြောင်း ၊ ယခုအကြိမ် တောင်ကြီးမြို့ရှိ မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေး ကူညီပံ့ပိုး လှူဒါန်းမှုဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ အဖွဲ့ဝင်များမှ M-Media သို့ ပြောကြားခဲ့သည်။

    1

    8

    9

  • “လှပ ရောင်စုံ မြို့တော်ရန်ကုန်” ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြိုင်ပွဲ ကျင်းပမည်။

    မတ်လ ၆ ၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    111
    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးမှုး ကျင်းပသော လှပ ရောင်စုံ မြို့တော်ရန်ကုန် ခေါင်းစဉ်ဖြင့် ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြပွဲ ၂၀၁၃ အခမ်းအနားကို ဧပြီလ ၁ရက် (တနလာင်္နေ့) တွင် မြို့တော်ခန်းမ၊ ပထမထပ်ခန်းမကြီး တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ပြိုင်ပွဲဝင်မည့် ဓါတ်ပုံများကို ၂၀၁၃ခုနှစ် မတ်လ ၁၈ရက်မှ ၂၈ရက်နေ့အထိ ရုံးချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း၊ ပြပွဲကာလမှာ ၃.၄.၂၀၁၃ မှ ၅.၄.၂၀၁၃ ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။