News @ M-Media

Blog

  • မြန်မာ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များ အတွက် သီရိလင်္ကာရေတပ်ကို UNHCR ချီးကျူး

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၃
    M-Media

     မြန်မာ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များ အတွက် သီရိလင်္ကာရေတပ်ကို  UNHCR မှ အသိအမှတ်ပြု ချီးကျူး

    လွန်ခဲ့သည့်သီတင်းပတ်က အပယ်ခံမြန်မာတိုင်းရင်းသားလူစုကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် သီရိလင်္ကာရေတပ်အား ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံး – The United Nations High Commissioner for Refugees (UNHCR) ရုံးမှ သောကြာနေ့တွင် အသိအမှတ်ပြုချီးကျူးလိုက်သည်။

    Sri Lanka Navy

    “ အခုနောက်ဆုံးအဖြစ်ဆိုးအပေါ် UNHCR အနေနဲ့ အထူးကြေကွဲ ၀မ်းနည်းရပါတယ်။ ဒီအုပ်စုကို မြန်မြန်ဆန်ဆန်ကယ်တင်ပြီး အရေးပေါ်ဆေးဝါးကုသထောက်ပံ့နိုင်ခဲ့တဲ့ သီရိလင်္ကာရေတပ်ရဲ့ လုပ်ရပ်ဟာ တကယ် ချီးကျူးလောက်ပါပေတယ် ” ဟူ၍ UNHCR အေဂျင်စီ၏ပြောခွင့်ရ ပုဂ္ဂိုလ် Andrej Mahecic က ဂျနီဗာရှိ စာနယ်ဇင်းသမားတို့ထံ ပြောကြားသည်။

    နိုင်ငံတကာ၏အကာအကွယ်လိုအပ်နေသော ထိုသူတို့အနက် မည်သည့်ဒုက္ခသည်များအတွက်ကိုမဆို ကူညီမှုလုပ်ငန်းများ၌ UNHCR မှ လက်တွဲပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်းလည်း သူက ဆိုသည်။ မှောင်ခိုလှေများဖြင့် အိန္ဒိယသမုဒ္ဒရာအား ဖြတ်ထွက်ရန်ကြိုးစားယင်း သေဆုံးရသူများပြားလာသည့်အဖြစ်အား တားဆီးကာကွယ်ရေးကို အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားကြဖို့ UNHCR အေဂျင်စီက ဆော်သြလိုက်သည်။

    အိန္ဒိယသမုဒ္ဒရာကို ကျော်ဖြတ်ရန်အားထုတ်နေသော နောက်ဆုံးလူစုသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်များဖြစ်ကြပြီး ၊ ယင်းသို့ ဖြတ်ကျော်ကြခြင်းမှာ ၄င်းတို့နိုင်ငံတွင်း (၏ ညှင်းပန်းနှိပ်စက်မှုများ) မှ လွတ်မြောက်အောင် ထွက်ပြေးလာကြခြင်းဖြစ်သည်။

    “ မိမိတိုင်းပြည်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြသူတွေအဖို့ အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာ့အကြီးမားဆုံး သေမင်းခံတွင်းရေပြင်ကြီး တစ်ခု အပါအ၀င် ဖြစ်လာရပါပြီ ” ဟု ယင်းပုဂ္ဂိုလ်မှပင် ထပ်မံပြောကြားသည်။ ၂၀၁၂ ခုနှစ်အတွင်း မှောင်ခိုလှေများဖြင့် ထွက်ပြေး တိမ်းရှောင်လာကြ သူများမှာ လူပေါင်း တစ်သောင်းသုံးထောင်ခန့်ရှိပြီး ၄င်းတို့အနက် လူပေါင်းငါးရာနီးပါးမှာ စက်လှေပျက်စီးခြင်း သို့မဟုတ် ဘင်္ဂလားပင်လယ်ကွေ့တွင် နစ်မြုပ်ရခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု အေဂျင်စီမှ ခန့်မှန်းထားသည်။

    rohingya idp

    UNHCR ၏ သုံးသပ်ချက်အရ ယင်းသို့ မျှော်လင့်ချက်ကင်းမဲ့၍ အရဲစွန့်လာကြသော မှောင်ခိုလှေစီးဒုက္ခသည်အများစုတို့မှာ အမျိုးသားများ ဖြစ်ခဲ့သော်လည်း၊ ယခုသီတင်းပတ်များ အတွင်း အမျိုးသမီးများ၊ ကလေးငယ်များပါ တိုးပွားလာပြီဟု သိရသည်။

    မြန်မာလှေသင်္ဘောပေါ်၌ အသက်ရှင်ကျန်ရစ်နေသူ အယောက် ၃၀ ကျော်ကို သီရိလင်္ကာရေတပ်မှ ကယ်ဆယ်နိုင်ခဲ့သည်။ လူ ၉၀ ဦးခန့်မှာ ပင်လယ်ပြင်၌ သေဆုံးသွားခဲ့သည်ဟု ယူဆရသည်။

    Karapitiya ဆေးရုံတွင် ဆေးဝါးကုသမှုခံယူပြီးသော ရှင်သန်ကျန်ရစ်သူအားလုံးကို သီရိလင်္ကာနိုင်ငံ၏ ထိန်းသိမ်းရေးဌာနတစ်ခုတွင် စောင့်ရှောက်ထားလျက်ရှိသည်။

    Ref:http://www.navy.lk/index.php?id=3984

  • ကာတာလခြမ်းနီ အဖွဲ့မှ ရခိုင်မှ ဒုက္ခသည်များ အတွက် အိမ်ယာ စီမံကိန်းများ တည်ဆောက်ပေးမည်

    ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၃

    M-Media

    1-2315-300x233ဒိုဟာ။ ။ ကာတာအခြေစိုက် လခြမ်းနီအဖွဲ့မှ အိမ်ထောင်စုပေါင်း ၄၈၀ (လူပေါင်း ၃၀၀၀ခန့်) ကို ပြန်လည်နေရာချထားပေးရန် အခန်းပေါင်း စုစုပေါင်း ၄၈၀ ပါဝင်သည့် အိမ်ယာဝင်း ၆၀ ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကာတာသတင်းအေဂျင်စီမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

    မြန်မာနိုင်ငံရှိ QRC လုပ်ငန်းဌာနမှ လုပ်ဆောင်မည့် ဤပရောဂျက်တွင် အိမ်ယာဝင်းပေါင်း (၆၀)ကျော် ပါဝင်မည် ဖြစ်ပြီး ၀င်းတစ်ခုစီတွင် အိမ်ပေါင်း (၈)ခန်းပါဝင်ကာ ရေတုံကင်တစ်ခု စီပါဝင်မည် ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းသည် ပြီးခဲ့သော ဇန်န၀ါရီလက စတင်ခဲ့ခြင်းဖြစ်ကာ ပတ်ဝန်းကျင် အနီးတ၀ိုက်ရှိ စခန်းများမှ အလုပ်သမား နှင့် လုပ်ငန်းကျွမ်းဝင်သူပေါင်း ၂၅၀၀ကျော်လည်း လုပ်ငန်းတွင် ပါဝင်ခဲ့ပါသည်။

    ပုံမှန်အားဖြင့် ဧပြီလအစောပိုင်းတွင် ကျရောက်လေ့ရှိသော မိုးရာသီကာလ မတိုင်မီ မတ်လဆန်းတွင် အိမ်ယာများကို အကျိုးခံစားခွင့်ရှိသူများထံ လွှဲပြောင်းပေးသွားမည်ဟု မျှော်မှန်းထားပါသည်။

    မြန်မာနိုင်ငံရှိ QRC ၏ လက်တွေ့လုပ်ငန်းခွင် ရုံးခန်းသည် လက်တွေ့လုပ်ငန်းဆိုင်ရာ အရည်အသွေး   ပြည့်မီမှုများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ညွှန်ကြားစီမံနေပြီး ပရောဂျက် ပြီးမြောက်အောင်မြင်မှုများ ၊လိုအပ်ချက်ရှိသော လူများအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်းတို့အား စောင့်ကြည့်ကွပ်ကဲလျက်ရှိသည်။

    QRC သည် ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခြင်းခံရသူများ ပြန်လည် လွတ်ငြိမ်းချမ်းသာရေး ကိစ္စရပ်များ လုပ်ဆောင်ရန် မြန်မာ့ကြက်ခြေနီ အဖွဲ့အစည်းနှင့် နှစ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်အား စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

    BERNAMA

     

  • အစ္စလာမ် အထက်တန်းကျောင်းများသည် ဗြိတိန်၌ အကောင်းဆုံး ထိပ်တန်းစာရင်းဝင် ကျောင်းများဖြစ်လာ

    ဖေဖော်ဝါရီ ၊ ၂၃၊၂၀၁၃
    M-Media

    UK Islamic Schools Success Storyကိုင်ရို။   ။ကျောင်းသားများ၏ အံ့ဖွယ် အမှတ်ကောင်းမွန်မှုကြောင့် အစ္စလာမ့် စာသင်ကျောင်းများသည် ဗြိတိန်နိုင်ငံတစ်ဝှမ်း အောင်ချက် အကောင်းဆုံး တက္ကသိုလ် ၀င်တန်း ကျောင်းများဖြစ်လာသည်။

    “တစ်ချို့ကျောင်းသူတွေက မူလတန်းတုန်းက စာညံ့ခဲ့ကြတယ် ၊ တစ်ချို့က မိဘမရှိသူတွေ၊ တစ်ချို့ ကတော့ နွမ်းပါးဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေပါ။ ဒီလို အားနည်းချက် နောက်ခံတွေရှိတဲ့ ကလေးတွေ အတွက် တကယ်ကို မယုံနိုင်ဖွယ် အောင်မြင်မှုပါပဲ ”  ဟု အင်္ဂလန်အနောက်မြောက်ပိုင်း Blackburn မြို့၊ စက်မှုဇုန်ရှိ အောင်ချက် အကောင်းဆုံးကျောင်း – Tauheedul Islam Girls’ High School ၏ ကျောင်းအုပ် Hamid Patel က The Muslim News သတင်းသို့ ပြောကြားခဲ့ပါသည်။

    ကျောင်းသား ၉၅ % သည် အင်္ဂလိပ်စာနှင့်သင်္ချာ အပါအ၀င် grade A* အဆင့်ဝင်ခဲ့ပြီး ၊ ဘာသာရပ် အသစ်ဖြစ်သော English Baccalaureate ၌လည်း စုစုပေါင်းအောင်ချက် ၇၆ %  ဖြင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ရလဒ်များက ဖော်ပြနေသည်။

    လွန်ခဲ့သော မတ်လ အတွင်းတွင် The Times Educational Supplement ၏ နှစ်စဉ်ဆုပေးပွဲ၌       ” Secondary School of the Year ” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသည်။

    ကျောင်းပညာရေး စစ်ဆေးမှုစံနစ်ဖြစ်သော Ofsted inspection ၏အစီရင်ခံစာအရ ပထမဆုံးသော ဒေသတွင်း ထူးချွန်ကျောင်းအဖြစ်သတ်မှတ်ခြင်းခံရပြီး၊ စစ်ဆေးရေး အရာရှိများက သင်ကြားရေး ၊ ယဉ်ကျေးမှု နှင့် အသိကြွယ်ဝခြင်းကဏ္ဍများတွင် ထိပ်တန်းကျောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

    Tayyibah Girls’ School သည်လည်း ၄င်း၏ ၂၀၁၁ ခုနှစ် ရလဒ်ထက် ၁၇% ကျော်လွန်ကာ GCSEs ( General Certificate of Secondary Education ) ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ %  ရရှိခဲ့သောကြောင့်  လန်ဒန်၊ Hackey ရှိ အထက်တန်းကျောင်း ၂၂ ကျောင်းအနက် ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။

    ထိုမိန်းကလေး အထက်တန်းကျောင်းများ အပြင် မူလတန်းနှင့် အထက်တန်း တွဲဖက်ကျောင်းတစ်ခုဖြစ်သော Shirley  ရှိ  Al-Khair Secondary School သည်လည်း GCSE ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့်  အောင်ချက် ၁၀၀ % ရရှိကာ Trinity School နှင့်အပြိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း Croydon Guardian သတင်းစာတွင် ဖော်ပြထားသည်။

    ” ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူများဟာ အထက်တန်းကျောင်းသား ဘ၀ကနေ ထက်မြက်တဲ့အရည်အသွေးနဲ့တစ်ကွ အလားအလာကောင်းစွာနဲ့ ထွက်ခွာသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ၊ ကျွန်မ ဘာလို့ ဒီလိုယုံကြည်ရသလဲဆိုရင် ဒီကလေးတွေက ကျောင်းသင်ခန်းစာတွေမှာ အကောင်းဆုံးနားလည်ခဲ့ကြယုံတင် မကသေးဘူး –  သူတို့အားလုံး လူ့အဖွဲ့အစည်းနဲ့လူသားကောင်းကျိုးတွေမှာ ကောင်းစွာအသုံးဝင်မယ့် သူတွေ ဖြစ်လာလို့ပါဘဲ ” ဟု  Al Khair ကျောင်း၏ ကျောင်းအုပ် Aisha Chaudhry က ပြောခဲ့ပါသည်။

    ဗြိတိန်မွတ်စလင်ကောင်စီ – Muslim Council of Britain (MCB) ၏အဆိုအရ ဗြိတိန်နိုင်ငံတွင် မွတ်စလင်လူဦးရေ စုစုပေါင်း  ၂.၅ သန်းနေထိုင်လျက်ရှိပြီး ၊ မွတ်စလင်ကျောင်းသားဦးရေ လေးသိန်း ရှိပါသည်။

    ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအလိုက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်း (၅၉၀) အနက် မွတ်စလင် Secondary School နှစ်ကျောင်း ရှိပါသည်။

    ဖြည့်စွက်ချက်။          ။ ဗြိတိန်နိုင်ငံ၏ ပညာရေးစနစ်အရ  GCSE စာမေးပွဲသည် အရေးအကြီးဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်ပြီး ၊ ၄င်းစာမေးပွဲ Grade အရ A-level ရရှိမှသာ University များသို့ ဆက်လက်တက်ရောက် ပညာဆည်းပူးနိုင်မည်ဖြစ်သည်။

  • ပါကစ္စတနှ်နိုင်ငံ ဆိုင်ရာ သြစတေးလျ သံအမတ် တစ်ဦး အစ္စလာမ်ဘာသာ သို့ ကူးပြောင်း

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    M-Media

    ပါကစ္စတန်မှ သြစတေးလျ သံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး၊ ပါကစ္စတန်ရုပ်သံဌာန အစီအစဉ် တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခြင်း

    Austrian-ambassador-in-Pakistan-Axel-Wech-and-Sadia-Afzaal-

     အစ္စလာမ္မဘတ် ။  Axel Wech  အမည်ရှိ ပါကစ္စတန်မှ သြစတေးလျသံအမတ်သည် အစ္စလာမ်သာသနာကို သက်ဝင် လက်ခံလိုက်ပြီး ပါကစ္စတန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ နာမည်ကြီး News Night အစီအစဉ်တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခဲ့ကြောင်း ကြာသပတေးနေ့ facebook စာမျက်နှာတစ်ခုမှ ရေးသားလိုက်သည်။

    သြစတေးလျသံအမတ်သည် Sadia Afzaal နှင့် လက်ထပ်ထိမ်းမြားမှုမပြုမီ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆုံးဖြတ်ပြီးသည့်နောက်မှ အိမ်ထောင်ထူခြင်းဖြစ်ကြောင်း ပါကစ္စတန်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ထံမှ သတင်းရရှိသည်။

    သတင်းများအရ သူတို့နှစ်ဦးသည် မိမိတို့၏ နိကဟ် (ထိမ်းမြားလက်ထပ်မှုအခမ်းအနား) နှင့် ကူးပြောင်း သက်ဝင်မှုဆိုင်ရာ အသေးစိပ် အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု ဆိုသည်။

    Sadia Afzaal သည် အစ္စလာမ္မဘတ်၌ အခြေစိုက်သူ သတင်းထောက်တစ်ဦးဖြစ်ကာ နိုင်ငံခြားရေးဌာန၊ ပါလီမန်အထိ ပေါက်ရောက်သူဖြစ်သည်။ သမ္မတများဖြစ်သော President Asif Ali Zardar နှင့် President Pervez Musharraf  PM Yousaf Raza Gillani, PM Shaukat Aziz တို့အပါအ၀င် နိုင်ငံခေါင်းဆောင် အများအပြားကို အင်တာဗျူး ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။

    သူမသည် အခြားလုပ်ငန်းများတွင်လည်း ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်မှု ရှိသည်။ ISPR နှင့် လက်တွဲပြုလုပ်သည့် Swat အစီအစဉ်၌ ပထမဆုံးသော အမျိုးသမီး anchor ဖြစ်သည့်အပြင် ၂၀၀၅ ခုနှစ် မြေငလျင်၊ ၂၀၁၀ ခုနှစ် ရေဘေး၊ VOA နှင့်လက်တွဲ၍ ၂၀၀၈ ခုနှစ် သမ္မတ အိုဘားမားရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကိစ္စ စသည့် အရေးအရာအများအပြားတွင် ပါဝင်လှုပ်ရှားခဲ့သည်။

    ဤသည်မှာ Sadia Afzaal အဖို့ ဒုတိယမြောက် အိမ်ထောင်ထူခြင်း ဖြစ်သည်။ ယခင်က သူမအား Sadia Zafar ဟု လူသိများကြပြီး ပထမခင်ပွန်းနှင့် သားတစ်ဦး ရရှိထားသည်။

    ယခုဖြစ်ပေါ်နေသည့် သတင်းနှင့်စပ်လျဉ်း၍ မြို့တော်တွင်ရှိနေသော သြစတေးလျသံအမတ်ကြီးက တရားဝင်ငြင်းပယ် ပြောဆိုမှု မပြုဟု အစ္စလာမ္မဘတ်မှ The News Tribe သတင်းဌာနမှ ပြောကြားသည်။

    Read more: http://www.themuslimtimes.org/2013/02/countries/pakistan/austrian-ambassador-accepts-islam-marries-ptv-host-sadia-afzaal#ixzz2M0u1CTW8

    http://www.thenewstribe.com/2013/02/21/austrian-ambassador-in-pakistan-converts-to-islam-ties-knot-with-ptv-anchor-sadia-afzaal/

  • ပါလက်စတိုင်းတို့ ဖြစ်ရပ်မှန် ရုပ်ရှင် အော်စကာဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့

    ဖေဖော်ဝါရီ ၂၂၊၂၀၁၃
    M-Media

    Palestinian Film Nominated for Oscars

    လန်ဒန်။     ။ အစ္စရေး-ပါလစ္စတိုင်း နယ်မြေခြား စစ်ဆေးရေး ဂိတ်ရှိ နေ့စဉ်ဖြစ်ပျက်မှု အခြေအနေများကို ရိုက်ကူးခဲ့သူ ပါလစ္စတိုင်း ဒါရိုက်တာ သည် အော်စကာဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး၊ သူ၏ တကယ့်အဖြစ်အပျက်အား ရိုက်ကူးတင်ဆက်မှုသည်  ပထမဆုံးသော ပါလစ္စတိုင်းအဖြစ်မှန် ဇာတ်ကားဖြစ်ပြီး ယခုကဲ့သို့ ဆန်ကာတင် စာရင်းဝင်ခြင်းသည် တိုင်းပြည်အတွက် ဂုဏ်ယူဖွယ်ရာ ပင်ဖြစ်သည်။

    “‘ကျွန်တော်အထင်ကတော့ ဒီဇာတ်ကားဟာ ပါလစ္စတိုင်းတို့ရဲ့တကယ့်အခြေအနေဖြစ်ပြီး နိုင်ငံရေးဇာတ်ကားဖြစ်ပါတယ်” ဟု ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ Emad Burnat က ဖေဖော်ဝါရီလ (၂၂) ရက်နေ့က BBC သို့ ပြောကြားခဲ့ပါသည်။

    “ဒီဇာတ်လမ်းက ကျွန်တော့်ဘ၀ တကယ့်အဖြစ်အပျက်နဲ့ ပါလစ္စတိုင်းပြည်သူများ၏ တကယ့်လက်ရှိအခြေအနေတွေပါ၊ ဒီရုပ်ရှင်က လူတွေအများကြီးကို ပြောင်းလဲစေပါလိမ့်မယ် ၊ ပြီးတော့ ဒီရုပ်ရှင်ကြောင့် လူတွေလည်း ပြောင်းလဲသွားကြ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု သူက ဆိုပါသည်။

    Burnat ၏ “Five Broken Cameras” ရုပ်ရှင်သည် ပြီးခဲ့တဲ့ (၈၅) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဆန်ကာတင်စာရင်းဝင် အကောင်းဆုံး ဖြစ်ရပ်မှန်ဇာတ်လမ်းများအနက်မှ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပါသည်။

    ဇာတ်လမ်းအကျဉ်း

    နဂိုမူလ ပါလစ္စတိုင်းပိုင် နယ်မြေဖြစ်ပြီး (ယခု အစ္စရေးတို့ မတရားကျုးကျော် သိမ်းပိုက်ထားသော) ဂျော်ဒန်မြစ် အနောက်ပိုင်း ဒေသ West Bank ရှိ အစ္စရေး စစ်ဆေးရေးဂိတ်နှင့် အနီးဆုံးသော Bil’in ကျေးရွာနေထိုင်သူ Burnat သည် (၂၀၀၅) ခုနှစ်မှ စ၍ ဤဖြစ်ရပ်မှန်များအား မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ပါလစ္စတိုင်းတို့၏ စိုက်ပျိုးရေး ဒေသအား မတရားသဖြင့် တားဆီးကာရံထားပါသည်။  Bil”n ရှိ ပါလစ္စတိုင်းနေထိုင်သူများသည်  ထိုလယ်ယာမြေဒေသ ပြန်လည် ရရှိရေးအတွက် သောကြာနေ့တိုင်း ဆန္ဒပြတောင်းဆိုနေကြပါတယ်။”ကျွန်တော့်သား အငယ်ဆုံးလေးရဲ့ ကလေးဘ၀ကို အစပြုပြီး ဒီဇာတ်လမ်းကို စခဲ့ပါတယ်၊ ပါလစ္စတိုင်း ဆန္ဒပြသူများ ရဲ့ စိုက်ပျိုးမြေပြန်လည်ရရှိရေး လှုပ်ရှားမှုတွေ အားလုံးကို နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့ရတာပါ ” ဟု Burnat က ဆိုပါသည်။

    အကျိုးဆက်များ

    Burnat ရိုက်ကူးပြီး နှစ်အတော်ကြာအတွင်း အစ္စရေး ရုပ်ရှင် ဒါရိုက်တာ Guy Davidi နဲ့ ဆက်သွယ်ပြီး ၊ ၄င်းက တွဲဖက်ဒါရိုက်တာအဖြစ် Burnat  အားကူညီခဲ့ပါသည်။

    Burnat ရဲ့ ရိုက်ချက်များသည် တကယ့် ပုံမှန် အဖြစ်အပျက်များအား ရိုက်ပြခြင်းပဲ ဖြစ်ပါသည်။

    ရုပ်ရှင်ထဲမှာ အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် Burnat ရဲ့ အခင်ဆုံးသူငယ်ချင်းအပါအ၀င် ပါလစ္စတိုင်းတွေ အများကြီး သေဆုံးကြပါ သည်။

    “ကျွန်တော့် ကင်မရာ ငါးခုလည်း လက်နက်ကိုင် အစ္စရေးတွေကြောင့် ပျက်စီးကုန်ပါတယ်၊ အစ္စရေးစစ်သား တစ်ယောက်က ကျွန်တော့်ကို အနီးကပ်ပစ်တာပါ၊ ကျည်ဆန်နှစ်တောင့် ဟာဆိုရင် ကင်မရာအိတ်နဲ့ မှန်ဘီလူးကြားထဲမှာပါ၊ ဒီကင်မရာက ကျွန်တော့်အသက်ကို ကယ်လိုက်သလိုပါပဲ ၊ Bil’n ရဲ့ ကျွန်တော့်အိမ် က စားပွဲပေါ်မှာ ကျိုးနေတဲ့ ကင်မရာငါးလုံးရော အဲ့ဒီကျည်ဆန်နှစ်တောင့်ပါ တင်ထားပါတယ် ” ဟု သူက ဆိုပါသည်။

    ဒီဇါတ်လမ်းသည် ဆန်ကာတင်စာရင်း ၀င်နေတာပါ။ အော်စကာဆု ရ သည် ဖြစ်စေ ၊ မရသည်ဖြစ်စေ တကယ့် ဖြစ်ရပ်မှန်များကို ရိုက်ပြနိုင်ခဲ့တာပါ။

    ထို့ကြောင့် ကမာ့္ဘတရားရေးခုံရုံးက နေ ဤ စိုက်ပျိုးမြေဒေသ အား ပါလစ္စတိုင်းဒေသခံများ ပြန်လည်ရရှိရေး အတွက် အစ္စရေးအစိုးရကို ဖိအားပေးနေလျက်ရှိပြီး ယခုလို တရားမ၀င် အတားအဆီး အကာအရံများ အတွက်လည်း သေချာသော လမ်း အမှတ်အသားများ ပြုလုပ်ဖို့ သတ်မှတ်လိုက်ပါပြီ။

    ဒီရုပ်ရှင် ဆန်ကာတင် စာရင်းဝင်ခြင်းသည် ပြီးခဲ့သော နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ က ပါလစ္စတိုင်းနိုင်ငံအား လေ့လာသူနိုင်ငံအဖြစ် သတ်မှတ်ပြီးနောက်တွင် ဖြစ်သည်။                    ။