News @ M-Media

Blog

  • ဆို-ရေး-တီး နှင့် ပန်းချီ အနုပညာရှင်  ရတနာပုံ မောင်စု

    ဆို-ရေး-တီး နှင့် ပန်းချီ အနုပညာရှင် ရတနာပုံ မောင်စု

    ရတနာပုံ မောင်စု (မန္တလေးတွင် ထွန်းတောက်ခဲ့သော ကြယ်တစ်ပွင့်)

    ဦးမောင်စုအား မန္တလေးမြို့ ၂၆ ဘီလမ်း ချမ်းအေးသာဇံ အလယ်ရပ်ကွက်၌ အဖဦးသာဒွန်း အမိဒေါ်ကြည်တို့မှ (၁၉၀၁) နှစ်တွင် ဖွားမြင်၍ မောင်နှမ လေးယောက်အနက် အထွေးဆုံးသား ဖြစ်သည်။ မန္တလေးသား ဖြစ်သည့်အလျောက် “ရတနာပုံ မောင်စု” ဟူသော အမည်ကိုသာ အသက်ထက်ဆုံး အသုံးပြုခဲ့သည်။

    မန္တလေးမြို့၊ ဝက်စလီကျောင်း (ယခု အထက-၁၆) တွင် အထက်တန်းပညာသင်ယူခဲ့၍ ကြိုးမဲ့ကြေးနန်းရုံး ၂၆-ဘီလမ်း (ယခု ဆက်သွယ်ရေးရုံး) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    စန္ဒယားနှင့် ဂီတာတီး အလွန်ကျွမ်းကျင်၍ ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် (ဗိုလ်အောင်ဒင် မင်းသား) နှင့် တေးဂီတနယ်တွင် အတူတကွ လှုပ်ရှားခဲ့သည်။ (COLUMBIA CO.,LTD.) တွင် ဓါတ်ပြား ၁၃ ချပ်ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုခဲ့သည်။

    အသံသွင်းခဲ့သော ဓါတ်ပြားအချို့မှာ-

    (၁) တစ်ရွာသား (၁၉၃၅)၊
    (၂) နှစ်သွယ်စကြာ (၁၉၃၆)
    (၃) လူပျိုစင် (၁၉၃၇)
    (၄) ခါနွေဦး (၁၉၃၈)
    (၅) ဂွတ်နိုက်ဒါလင် (၁၉၃၈)
    (၆) လောကဤလူ့ဘုံ (၁၉၃၈)
    (၇) မောင်တို့ရွာ (၁၉၄၁) တို့ဖြစ်ပြီး သက္ကရာဇ်ရှာမတွေ့သော (၁) ဇာတိချက်ကြွေ (၂) ညိုညိုလေး (၃) မြတ်နိုးသူ တို့မှာ မန္တလေး အလွမ်းပြေဟု လူသိများကျော်ကြားခဲ့သည်။

    ရတနာပုံမောင်စု၏ ဓါတ်ပြားတေးသီချင်းများကို ယခုထက်တိုင်း မြန်မာ့အသံမှ မကြာခဏ လွှင့်ထုတ်ပေးလျက်ရှိရာ (၁) တစ်ရွာသား (၂) ခါနွေဦး (၃) လူပျိုစင် နှင့် (၄) ဇာတိချက်ကြွေတို့မှာ မရိုးနိုင်သော ခေတ်ဟောင်းတေးများ ဖြစ်သည်။

    နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော ဆိုကရေးတီး ပြိုင်ပွဲ (၂၀၀၃) ဓမ္မတေးကဏ္ဋတွင် ၎င်း၏ “လောကဤလူ့ဘုံ” တေးကို ပြိုင်ပွဲဝင်တေးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။

    ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသော “တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးများ အတွဲ-၂” တွင် ရတနာပုံ မောင်စု၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် ကိုယ်တိုင်ရေးဆိုသော တေးသီချင်းများကို ဖော်ပြခဲ့သည်။

    ဦးမောင်စုသည် တေးဂီတပညာရှင် ဖြစ်ရုံသာမက ပန်းချီပညာတွင်လည်း နိုင်ငံကျော် ကမ္ဘာသိ ထူးချွန်ပြောင်မြောက်ခဲ့သောကြောင့် ထိုစဉ်က ၎င်း၏ (TRIBES OF BURMA) ပန်းချီကားများကို စထရင်းဟိုတယ် (STRAND HOTEL) မှ အများဆုံး ဝယ်ယူခဲ့သည်။ ရတနာပုံ မောင်စု၏ တိုင်းရင်းသားပန်းချီကားချပ်များကို ယခုအခါ နိုင်ငံတော်မှ အနုပညာပြတိုက် (အမျိုးသားပြတိုက်၊ ရန်ကုန်) တွင် ချိတ်ဆွဲပြသထားပြီး နိုင်ငံခြားပြတိုက်အချို့တွင်လည်း တွေ့မြင်ခဲ့သူများ ရှိသည်။ စစ်ကြိုခေတ်နှင့် စစ်ကြီးအပြီးတွင် ကုမ္ပဏီအဖွဲ့ အစည်းများနှင့် အသင်းများမှ ပြက္ခဒိန် ထုတ်လုပ်ရာတွင် လိုအပ်သည်များကို ဦးမောင်စုက ရေးဆွဲပေးခဲ့သည်။

    ရန်ကုန်မြို့ ၁၅၇-လမ်း တာမွေတွင် အခြေချ နေထိုင်ခဲ့ပြီး ၁၉၆၅၊ အောက်တိုဘာ-၁၇ ရက်တွင် အရှင်မြတ်အမိန့်တော် ခံခဲ့၍ ရန်ကုန်မြို့ ကန်တော်ကလေး မွတ်စလင်သင်္ချိုင်းတွင် မြုပ်နှံခဲ့သည်။

    ဇနီးဒေါ်ငြိမ်း (မန္တလေး) နှင့် ဒေါ်မြင့်မြင့် (ရန်ကုန်) ဖြစ်ပြီး သားသမီးများဖြစ်သော ဦးမောင်မောင် (ကြိုးမဲ့ ကြေးနန်း)၊ ဒေါ်ဖြူဖြူစု၊ ဦးသောင်းစု (သုတေသန/ဘာသာပြန် စာရေးဆရာ) တို့ ကျန်ရစ်သည်။

    Credit -Ko Zaw Min Oo FB စာမျက်နှာ

  • ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့

    ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၃

    chin_flag_305

    ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်ရဲ့မြို့တော် ၀မ်းသူမောင် အားကစားကွင်းမှာ ယနေ့ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

    ၁၉၄၈ ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖလမ်းမြိုမှာကျင်းပတဲ့ လူထုညီလာခံမှာ တက်ရောက်လာတဲ့ လူထု ၅ ထောင်ကျော်က မြေရှင်ပဒေသရာဇ် အုပ်ချူပ်မှုစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီအုပ်ချူပ်မှုစနစ်ကို စတင်ကျင့်သုံးဖို့ သဘောတူညီခဲ့ကြတဲ့နေ့ကို အစွဲပြုပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

    မဆလအစိုးရလက်ထက် ပြီးခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ ချင်းဝိသေသတိုင်းကနေ ချင်းပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးတဲ့ ချင်းအမျိုးသားနေ့မှ ချင်းပြည်နယ်နေ့ဟု အမည်ပြောင်းလိုက်ခြင်းဖြစ်ပြီး ယခုနှစ်မှ စပြီး ချင်းအမျိုးသားနေ့အဖြစ် တရားဝင်ပြန်လည်ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

    ရန်ကုန်မြို့  သမိုင်းလမ်းဆုံရှိ လှိုင်ခန်းမတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ယခင် က တက္ကသိုလ် မောင်မယ် များသားရွှေးချယ်ရာမှ ယခုနှစ်တွင် ချင်းအမျိုးသားနေ့  ပြရုပ်များ ပုံဖော်မည်ဖြစ်
    ကြောင်း သိရသည်။ ယခုအကြိမ် ကျင်းပမည့် ချင်းအမျိုးသားနေ့မှာ (၆၅)ကြိမ်မြောက် ဖြစ်ပြီး နိုင်ငံရပ်ခြားရှိ ချင်းလူမျိုးများ နေထိုင်ရာ ပြည်နယ်များတွင် ချင်းအမျိုးသားနေ့ အခမ်းအနားအား ကျင်းပရန် စီစဉ်နေကြသည်။

    ကိုးကား၊ RFA. mizzima

  • သာကေတတွင် အစ္စလာမ် ဘာသာဝင်တို့ ၏ ဆိုင်များ လုယက် ဖျက်ဆီးခံရ

    ဖေဖော်ဝါရီလ ၂၀၊၂၀၁၃
    M-Media
    ဇာဇာလှိုင်

    535596_618077821541586_873658057_n
    Photo – Skyheart Winko

    ဖေဖော်ဝါရီ ၁၉ ရက် ယမန်နေ့ညက သာကေတမြို့နယ် ရန်ပြေ (၄)လမ်း ၊(၅) လမ်း၊ (၇) လမ်း နှင့် ရန်အောင် လမ်းထိပ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများအား လူအုပ်စု တစ်စုမှ လိုက်လံ လုယက် ဖျက်ဆီးခဲ့ကြောင်း ည ၁၁နာရီ ၃၀မိနစ် က သာကေတမြို့နယ် အဆိုပါ ယင်းဆိုင်ခန်း ပိုင်ရှင်များ၏ ဆက်သွယ်ပြောပြချက်များ အရ သိရှိရသည်။

    ရန်ပြေ (၄)လမ်း (၅)လမ်း တောက်လျှောက်ရှိ လက်ဖက်ရည်ဆိုင်၊ကွမ်းယာဆိုင်၊ မုန့်ဆိုင်၊ဖုန်းဆိုင် စသည့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဆိုင်များကိုသာ ရွေး၍ ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။လူများကို မထိခိုက်ခဲ့ကြောင်း သိရသည်။ လုံခြုံရေး ရဲများစွာချထားကြောင်းလဲသိရပါသည်။

    ရန်ပြေမှ လူတစ်ယောက်မှ ပြောတာက “သူတို့ရပ်ကွက်မှာ တခါမှ မမြင်ဖူးဘူးတဲ့ … ရပ်ကွက်လူကြီးကတစ်ယောက်က အပြင်မထွက်ဖို့ လိုက်အော်နေတယ် … ကျွန်တော်ဖုန်းဆက်တော့ နောက်မှ ပြန်ဆက်ဖို့တိုးတိုးလေးပြောသွားတယ် … အိမ်ကိုမီးအမှောင်ချပြီးနေကြဖို့ပြောတယ် … ”ဟု သိရသည်။

    အဆိုပါ ဖြစ်ရပ်များကြောင့် သာကေတနေ ပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်မှ အစ လူကြီး၊လူငယ် အားလုံး စိုးရိမ် ပူပန်နေရကြောင်း၊ဘယ်သူမှ မအိပ်ရဲကြကြောင်း၊သတိဝီရိယဖြင့် နေနေရကြောင်း သိရသည်။သာကေတ မြို့နယ်တွင်း မတည်ငြိမ်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေကြသဖြင့် သာကေတမြို့နယ်တွင်း နေထိုင်သူများ အားလုံးမှာ ထိုလူစု လူဝေးကိုရှောင်ရှားပြီး အိမ်တံခါးများ သော့ခတ်ကာ မီးများပိတ်ထားလျက်ရှိသည်။

     The Myanma Age
    သာကေတမြို့နယ်တွင် ဆူပူ အကြမ်းဖက်လိုသူများမှ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ကလေးငယ်များ ဘာသာရေးစာသင့်ကျောင်းများ နှင့် နေအိမ် ဈေးဆိုင်များကို တိုက်ခိုက်မှု့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားရစဉ်
    Photo-The Myanma Age

    ယခုရက်ပိုင်းအတွင်း ဖြစ်စဉ်များတွင် ပါဝင် ဖျက်ဆီးဆူပူကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း နှင့် ရန်ပြေနှင့် မာန်ပြေရပ်ကွက်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌ ဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟု မြန်မာခေတ် မီဒီယာရဲ့ FB သတင်းစာမျက်မှာ မှာ ဖော်ပြထားချက်ရ သိရသည်။
    လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က (၃)မာန်ပြေရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ကလေးငယ်များ ဘာသာရေး စာသင်ကြားသည့် အဆောက်အအုံ ပြုပြင်ခြင်း မကျေနပ်ဟု ဆိုပြီး လူစုလူဝေးဖြင့် ဝိုင်းဝန်း ဖျက်ဆီး ပြိးနောက် သာကေတမြို့နယ်မှ ရပ်ကွက်အချို့တွင် အစ္စလာမ်ဘာသာဝင်တို့နှင့် စီးပွားရေးလုပ်ငန်းများကို လုယက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

  • ဘီးလင်းမြို့မှ အစ္စလာမ်ဘာသာကို ပုတ်ခတ်သည့် တရားပွဲများ တားမြစ်ပေးရန် အုပ်ချူပ်ရေးမှုးသို့ တိုင်ကြားထား

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၃
    M-Media

    မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့ တရားပွဲများတွင် သံဃာတော်အချို့ အစ္စလာမ်ဘာသာကို ပုတ်ခတ်ထိခိုက်သည့် ထည့်သွင်းဟောပြောနေသည့် တရားပွဲများနှင့် လှုံဆော်မှုများကို တားမြစ်ပိတ်ပင်ပေးရန် ဘီးလင်းမြို့နယ် အုပ်ချူပ်ရေးမှုးသို့  သတင်းထောက်နှင်းမောင် (တပ်ကြပ်ကြီး-ငြိမ်း) မှာ တိုင်ကြားထားကြောင်း သိရပါသည်။ အုပ်ချူပ်ရေးမှူးသို့ ပေးပို့ထားသော စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    IMG_0138

    IMG_0139

  • ကချင် ဒုက္ခသည်များကို အစ္စလာမ် ဘာသာရေး(မန်း) အဖွဲ့သွားရောက် လှူဒါန်း

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
    M-Media

    IMG_7830

    မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများအတွက် ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများသို့ ၁၇.၂.၂၀၁၃ ရက်နေ့တွင် စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။

    စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၇)သိန်းခန့် ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်းသိရှိပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို လှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

    DSC_0143 DSC_0154 DSC_0171 IMG_7794 IMG_7811 IMG_7828 IMG_7832 IMG_7912 IMG_8067 IMG_8100 IMG_8151 IMG_8231 IMG_8264