News @ M-Media

Blog

  • ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

    ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၂
    M-Media

    15505_138042209683017_954309761_n

    နယ်စပ်ရေးရာဝန်ကြီးဌာနက ကြီးမှုးကျင်းပသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး တစ်ရပ်ကို ယမန်နေ့၁၈.၁၂.၂၀၁၂  ရက် နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော် ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပကြောင်းသိရှိရသည်။

    အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး UNDP ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ   ဦးဝဏ္ဏရွှေ၊ ဦးဇော်ထွန်းနှင့် ဦးသိန်းထွန်းတို့ တက်ရောက်ကြပြီး မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများလည်းတက်ရောက်ကြသည်။

    29559_138042323016339_272179545_n

    481616_138042406349664_874437258_n

    အစည်းအဝေးသို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၏ ဌာနေ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရ နှင့်အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူသားချင်း စာနာသော အထောက် အပံ့ပေးရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်၊ သဟဇာတဖြစ်သည့်  လူ့အဖွဲ့ အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ အတွေးအမြင် အယူအဆများ၊ရင်ဆိုင် ကြုံတွေ့ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှု များကိုပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရန် အသီးသီး တင်ပြ ဆွေးနွေး ခဲ့ကြသည်။

    ရခိုင်ပြည်နယ်အတွင်းရှိ  နှစ်ဖက် လူ့အဖွဲ့ အစည်း အသီးသီးတွင် စိတ်ခံစားမှုများနှင့် မကျေနပ် ချက်များ ရှိနေဆဲ ဖြစ်သည်ကို သုံးသပ် တွေ့ရှိရသော်လည်း လွဲမှားသော အတွေးအခေါ် အယူအဆ များကို ပြုပြင် ပြောင်းလဲရန်လိုအပ်ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များ ပိုမို ဖြစ်ထွန်း လာရေးအတွက် ကျောက်တော်၊ မြောက်ဦး၊မင်းပြားနှင့် မြေပုံ လေးမြို့နယ်ကို မြောက်ဦး ခရိုင်အဖြစ်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကို အဆိုပါအစည်းအဝေးမှသိရှိရသည်။

    တစ်ချိန်တည်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချူပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အတူတကွ နေထိုင်ရေးအတွက် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

    ယနေ့ ၂၀.၁၂.၂၀၁၂နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် မူအဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၏ အမည်များဖြစ်သည့်  မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ချုပ် ကို မြန်မာ-မူဆလင် အမျိုးသားအဖွဲ့ချုပ်ဟုလည်းကောင်း၊
    အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်ကို အစ္စလာမ်မစ်ကောင်စီ ဌာနချုပ်ဟုလည်းကောင်း မှားယွင်းရေးသားထားပြီး မျက်နှာဖုံးသတင်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

  • ကုလ အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် သွားရောက်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၂
    M-Media

    ကုလအထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား
    ကုလအထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား

    ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချူပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အတူတကွ နေထိုင်ရေးအတွက် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

    ဗုဒ္ဓဟူး နေ့မှာတော့ မောင်တောမြို့ကို သွားရောက်ခဲ့ပြီး အင်္ဂါနေ့ တုန်းကတော့ ပေါက်တော၊ မြေပုံနဲ့ စစ်တွေ မြို့တွေကို သွားရောက် ခဲ့ပါတယ်။

    ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားနဲ့ အတူ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်နဲ့ ရခိုင် ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင် တို့ လည်း ဒေသခံ တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

    ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မောင်တော မှာတော့ မွတ်စလင် တွေဘက်က တာဝန်ရှိတဲ့ ရပ်မိရပ်ဖတွေ မလာလို့ အသေအခြာ ဆွေးနွေး နိုင်တဲ့ အနေအထား မရှိခဲ့ဘူးလို့ ရခိုင် ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောပါတယ်။

    အင်္ဂါနေ့ တုန်းက ပေါက်တောနဲ့ မြေပုံမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်း ခဲ့တာတော့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တွေမှာတော့ မနေ့တုန်းက နှစ်ဘက် ရပ်မိရပ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

    အထူးသဖြင့် အစိုးရနဲ့ ကုလသမဂ္ဂ ဘက်က အတူတကွ ပြန်လည် နေထိုင်ရေးကို ပြောဆို ဆွေးနွေးခဲ့ ပါတယ်။

    ရခိုင် တိုင်းရင်းသားတွေ ဘက်ကတော့ ဆွေးနွေးပွဲမှာ အတူနေဖို့ မဖြစ်နိုင်ဘူးလို့ တင်ပြခဲ့တယ်လို့ အဲဒီ ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူ တဦးက ပြောပါတယ်။

    အင်္ဂါနေ့ တုန်းက အဲဒီလို အပြန်အလှန် ပြောဆို ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ မနက်မှာ မွတ်စလင် ရပ်မိရပ်ဖတွေကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက သီးသန့် တွေ့ပြီး ပြောဆို ခဲ့တာတွေ ရှိတယ်လို့ မွတ်စလင် ဘက်က ပြောပြပါတယ်။

    via BBC မြန်မာပိုင်း

  • မြင်းခံတော် ဦးယော (တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ)

    မြင်းခံတော် ဦးယော (တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ)

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၂

    M-Media

    တေးထက်ကပြောသော မြင်းခံတော်

    အစ္စလာမ်အပြင်ထွက်လို့

    အစဉ်အဆက် ကိုယ့်ပြောအောင်

    ဒင်ပျက်လို့ သဘောကြောင်သည်

    ငယောမောင်မိုက်ငြား။

    မည်းနက်စွာရုပ်ကြောင်ပင်

    ကျုပ်ပေါင်တွင် ထိုးမိချက်မှား။

    လမ်းမြတ်စွ မြတ်ရှရာမှာ

    တက်ဖွေကာအသိသားဟာမို့

    မချိသွားဖြီးကာ

    ဖွဝိုင်လွန်ဟာဝေရာမှာ

    ရှာဖွေက အရောင်ကြိုးသည့်ပြင်

    ဇောက်ထိုးပဂျဟန်နန်

    မြဲစေဖို့ခံ။

    လမ်းမြတ်ရှိ ပိုလွန်ပြင်လျှင်

    အစ္စလာမ် ပေါင်မည်းနှင့်လေး။  ။

    ဒင်———သာသနာ

    မြတ်ရှရာ–မြတ်သောတရား

    ဖွေကာ—ဖွေကာကျမ်း

    ဖွဝိုင်လွန်-ငရဲဘုံတစ်ခု အမည်

    ဟာဝေရာ-ငရဲဘုံတစ်ခုအမည်

    ဂျဟန်နန်-ငရဲဘုံတစ်ခုအမည်

    အထက်ပါတေးထပ်ကို မန္တလေးလက်ဝှေ့ကျော် ကျားဘညိမ်း၏ ဦးလေး ဦးစံလင်းက ရွက်ဆိုပြသဖြင့် နှောင်းလူတို့ သိခွင့်ရခြင်းဖြစ်သည်။ ကူးရေးမှတ်တမ်းတင်သူကား ရာဇ၀င် သုတေသီ ရွှေဘို ဦးဘဦး ဖြစ်သည်။

    တေးထပ်ရေးစပ်သူမှာ မင်းတုန်းမင်းတရားကြီး လက်ထက် မြင်းခံတော် ဦးယော ဖြစ်သည်။ တေးထပ်စပ်ထားသည်မှာ နှစ်ပေါင်း တစ်ရာကျော်ခန့် ရှိပြီဖြစ်သဖြင့် တေးထပ်တစ်ပုဒ်လုံးအပြည့်အစုံ မရတော့ပါဟု သိရသည်။

    ဦးယောသည် မင်းတုန်းမင်းတရားကြီး လက်ထက်တော် အခါတွင် မြင်းခံတော် ရာထူးတာဝန်ကို ယူရသဖြင့် မြင်းတော်ခံ ဦးယောဟု နန်းတွင်းနန်းပြင် ကျော်ကြား လူသိများသည်။ မြင်းထိန်း နှင့် မြင်ဆေးသမားတို့သည် ဦးယော၏ အမိန့်ကို တစ်သွေမတိမ်း လိုက်နာကြရသည်။

    မင်းတုန်းမင်းတရားကြီး မြင်းမစီးမီ ရွှေငွေကျောက်သံပတ္တမြားနှင့် စီခြယ်ထားသော အဖိုးအနဂ္ဃ ထိုက်တန်သောက ကြိုးတန်ဆာများကို ဦးယော ပြင်ဆင်ပေးရသည်။ မင်းတရားကြီး မြင်းပေါ် တက်သည့်အခါ ဦးယော၏ ပခုံးကို ကိုင်၍မြင်းခုံပေါ်မှ မြင်းပေါ် တက်လေသည်။

    တစ်နေ့သော် မင်းတရားကြီးက ဦးယော၏ ပေါင်ကို မြင်သည်။ မင်းတရာကြီးက ဦးယော၏ ပေါင်တွင် အခြားသူများကဲ့သို့ ထိုးကွင်းမပါ၊ မိန်းမပေါင်ကဲ့သို့ ပေါင်ဖြူကြီးဖြစ်သည်။ အခြားယောက်ျားများကဲ့သို့ ထိုးကွင်းမင်းကြောင်း ဘောင်းဘီစွပ် ထိုးရမည်ဟု မိန့်တော်မူသည်။ ဦယောက ထိုးကွင်းမင်ကြောင် မထိုးချင်၊ မထိုးဘဲနေ၏။ မကြာခင် မင်းတရားကြီး မြင်ပြန်သော် ထိုးကွင်းကိစ္စ ထပ်မိန့်ပြန်သည်။ ထိုအခါ ဦးယော မနေသာတော့။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို မဖီဆန်ဝံ့။မငြင်းပယ်ဝံ့။ ထိုးကွင်းမင်းကြောင် ထိုးရတော့သည်။ အခြားသော ထိုးကွင်းမထိုးရသေးသော မွတ်စလင်အပေါင်းတို့ လည်း ထိုးကွင်းမင်းကြောင် ဘောင်ဘီစွပ်ထိုးကြရသည်။

    ထိုစဉ်က ဗမာ မွတ်စလင်မ်အများစုမှာ ထိုးကွင်းထိုးကြပါသည်။ မထိုးရသေးသော ဦးယောတို့ကဲ့သို့ ပုဂ္ဂိုလ်မှာအနည်းစုဖြစ်သည်ဟု သိရသည်။ ဦးယောမှာလည်း အကြောင်းရှိသည်။ ခံစားချက်ရှိသည်။ မိမိသည် အစ္စလာမ် ဘာသာဝင်ဖြစ်လျက် ထိုးကွင်းမင်ကြောင် ထိုးရသည်။ တရားတော်က ခွင့်မပြု၊ လေးနက်စွာ တားမြစ်ထားသည်။ အလွန်ငရဲကြီးသည်။ တရားတော်ကို သိလျက် မင်းမိန့်ကို ဦးထိပ်ရွက် ပန်ဆင်ပြီး မတတ်သာသဖြင့် ထိုးကွင်းထိုးရသည်။ နောက်တမလွန်ဠ ဖွဝိုင်လွန်ငရဲ၊ ဟာဝေယာငရဲ၊ နှင့် ဂျဟန်ငရဲတို့ ဋ္ဌ် ငရဲ အမြဲခံရတော့မည် ဖြစ်သည်။ ယခု သူ့မှာတော့ ပေါင်းမည်း(ထိုးကွင်း)ကြီးနှင့် အစ္စလာမ် ဖြစ်နေရသည် ဟူ ခံစားနေရသည်။ ခံစားချက်ကို တေးထပ်ဖြင့် ဖော်ထုတ်ရတော့မှ ရင်ပေါ့ဟန် တူပါသည်။

    ဦးယောသည် ကဗျာလင်္ကာမြန်မာမူ ၀ါသနာပါသဖြင့် အထက်ပါ တေးထက်ပါ တေးထပ်ကဲ့သို့ပင် အခြားခြားသော ကဗျာလင်္ကာ အမြောက်အမြားကိုလည်း ရေးဖွဲ့ခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်မှ စ၍ မန္တလေးမြို့ ယခု အမျိုးသမီး အထက်တန်းကျောင်း မြောက်ဘက်နေရာတွင် နေခဲ့သည်။ ဗြိတိသျှ လက်ထက်တွင် အလ္လာဟ်အမိန့်ခံယူသည်။ ဦးယောတွင် မြေးမြစ်များ ကျန်ခဲ့သည် ဟု သိရသည်။

    (တိုင်းရင်း မွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ (၁)မှ

    ရေးသားပြုစုသူ ပါမောက္ခဒေါက်တာအောင်ဇော်)

     

  • OIC အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာပြည်လာမည်။

    OIC အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာပြည်လာမည်။

    ဒီဇင်ဘာ ၁၈ ၊၂၀၁၂

    OIC အထွေထွေအတွင်းရေးမှူးချုပ် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားနေစဉ် (ဓါတ်ပုံ – Arab News)
    ဂျဒ္ဒား ။ ။ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူးချုပ် Prof. Ekmeleddin Ihsanoglu သည်မြန်မာနိုင်ငံသို့ မကြာမှီ သွားရောက်မည်ဖြစ်သည်ဟု အင်္ဂါနေ့ တွင် ဆော်ဒီ အာရေဗျာနိုင်ငံ ဂျဒ္ဒားမြို့၌ကျင်းပခဲ့သော သတင်းစာရှင်းလင်း ပွဲတွင်ပြောကြား ခဲ့ကြောင်းသိရ သည်။ Prof. Ekmeleddin Ihsanoglu သည် OIC အဖွဲ့ဝင်နိုင်ငံများ ၏နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များကို တိုက်ခိုက်နေသည် များအား ရပ်တန့်ရေးအတွက် သွားရောက်မည်ဖြစ်သည်။

     

    အရှေ့အလယ်ပိုင်းဒေသ၏ နာမည်ကြီး အင်္ဂလိပ်သတင်းစာဖြစ်သော Arab News အားအဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ယခုသွားမည့် ခရီးစဉ်သည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်မှ ဖိတ်ကြားခဲ့သောဖိတ်ကြားမှုအရ သွားရောက်ရခြင်းဖြစ်ပြီး၊ နဂိုမူလစီစဉ်ခဲ့သည့် ခရီးစဉ်သာဖြစ်ပြီး၊ ထိုခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း မရှိဘဲ  မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် ခရီးစဉ်ကြန့်ကြာ ရခြင်းဖြစ်ကြောင်း Prof.Ihsanoglu  မှပြောကြားကြောင်းသိရသည်။

     

    မကြာမှီအီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင်ကျင်းပမည့် အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ညီလာခံ တွင်လည်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်းဆွေးနွေးကြမည်ဟု သိရပါသည်။

    မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စလင်များကို စတင်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ OIC မှ အရေးပေါ် အထောက်အပံ့ အကူအညီများပေး အပ်ရန် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ ကြိုးစား ခဲ့သော်လည်း အစွန်းရောက်များ၏အဟန့်အတားများကြောင့် ယခုအချိန် ထိနှောင့်နှေးကြန့် ကြာနေခြင်းဖြစ် သည်။ လွန်ခဲ့ သည့် ရက် ပိုင်း များတွင် OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဌ Mr.JusufKalla တို့ဂျကာတာမြို့တွင်တွေ့ဆုံ၍ ရခိုင်ပြည်နယ်တွင် အထောက်အပံ့များပေး အပ်နိုင် ရေးကိစ္စ ကိုဆွေးနွေးခဲ့ကြသည်။

  • အာဂျင်တီးနား လွှတ်တော်မှ လူနည်းစု မွတ်စလင်များ ရပိုင်ခွင့်အတွက် ဥပဒေသစ်ထုတ်ပြန်ပေး

    အာဂျင်တီးနား လွှတ်တော်မှ လူနည်းစု မွတ်စလင်များ ရပိုင်ခွင့်အတွက် ဥပဒေသစ်ထုတ်ပြန်ပေး

    ဒီဇင်ဘာ ၁၈ ၊၂၀၁၂

    M-Media

     

    ဗျူနိုစ်အေရိစ်။        ။ အာဂျင်တီးနားလွှတ်တော်သည် လူနည်းစု မွတ်စလင်များ ရပိုင်ခွင့်အတွက် ဥပဒေသစ်တစ်ရပ် ပြဌာန်းပေးလိုက်သည်။ အာဂျင်တီးနား မွတ်စလင်တို့သည် အာဂျင်တီးနားနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူလျက်ရှိပြီး ၄င်းတို့၏ ရပိုင်ခွင့် ဤဥပဒေသစ်သည် ၂၁ ရာစုအတွင်း ကမ္ဘာ့နိုင်ငံများတွင် မွတ်စလင် လူ့အဖွဲ့အစည်းအား မျက်နှာသာမပေးဘဲ မတရားခွဲခြား ဆက်ဆံမှုများ အားလုံးကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

    ဗျူနိုစ်အေရိစ် မြို့မှ လက်တင် အမေရိကရှိ အကြီးဆုံး ဗလီဝတ်ကျောင်းတော်နှင့် Islamic Centre

    ဗျူနိုစ်အေရိစ် မြို့ အောက်လွှတ်တော် တွင် “ငြိမ်းချမ်းရေးအတွက် အစ္စလာမ်” ဟူသော ခေါင်းစဉ်ဖြင့် အစည်းအဝေးတွင် ဥပဒေ အရာရှိများ ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ ၊ အောက်လွှတ်တော် ဥက္ကဌ Julian Doninguez ၊ ကိုးကွယ်မှုဆိုင်ရာ သံအမတ် အတွင်းရေးမှူး Guillermo Oliveri နှင့် အာဂျင်တီးနား ပြည်သူ့ သမ္မတနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူး Sumer Noufouri တို့သည် ဥပဒေသစ်နှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များထက် ယခုအခြေအနေသည် “ထိရောက်သော တိုးတက်ပြောင်းလဲမှု” ဟု အလေးပေးပြောကြား သွားခဲ့သည်။

    မွတ်စလင်လေးသိန်းခန့်ရှိသော အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကတိုက်တွင် ဘရာဇီးနိုင်ငံပြီးလျှင် မွတ်စလင် အများဆုံးနိုင်ငံများ အနက် တစ်ခုဖြစ်သည်။

    ဥပဒေအသစ်တွင် ပါဝင်သည့် မွတ်စလင် အမျိုးသမီးများသည် အများပြည်သူ သွားလာရာ နေရာများတွင်သာမက ၄င်းတို့၏ မှတ်ပုံတင်(ID card) များတွင်ပါ ဟီဂျဗ်(ပုဝါ) ၀တ်ဆောင်းခွင့် ပြုလိုက်ခြင်းသည်  အစ္စလာမ်တို့၏ ယုံကြည်မှု နှင့် နိုင်ငံရဲ့ ယဉ်ကျေးမှုများအကြား လွန်ဆွဲစရာမလိုဘဲ “ကမ္ဘာ့ထိပ်သီးနိုင်ငံ” များရဲ့ မွတ်စလင်တို့အပေါ်တွင် တဖက်စောင်းနင်း လူမျိုးရေး ဆန့်ကျင်မှု များ ကို ငြင်းဆန်ပြလိုက်ခြင်းပင်ဖြစ်သည် ဟု  အာဂျင်တီးနားသမ္မတ Cristina Fernandez  က ဂုဏ်ယူစွာပြောကြားခဲ့သည်။

    အာဂျင်တီးနား နိုင်ငံ အမျိုးသားလွှတ်တော် သည် ယခုကဲ့သို့ နိုင်ငံသားဖြစ်တည်မှုနှင့်   လွှတ်တော်အတွင်း မွတ်စလင်ခေါင်းဆောင်များ တည်ရှိပါဝင်နေသောကြောင့် အစ္စလာမ်ဘာသာဝင်တို့၏ မြင့်မြတ်ခိုင်မာသော ရပ်တည်မှု တန်ဖိုးသည် နိုင်ငံအတွက် အားအင်တစ်ရပ်ဖြစ်ပြီး တိုင်းပြည်၏ အတူယှဉ်တွဲ၍ ငြိမ်းချမ်းစွာ တည်ရှိမှုကို ဖော်ဆောင်သော  နိုင်ငံတကာ ဥပမာတစ်ရပ်ပင်ဖြစ်သည်။                  ။

    ကိုးကား။ ။ http://www.presstv.ir/