News @ M-Media

Blog

  • မုတ္တမမြို့တွင် (၅) ကြိမ်မြောက် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲ ကျင်းပ

    မုတ္တမမြို့တွင် (၅) ကြိမ်မြောက် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲ ကျင်းပ

    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    အောင်ကျော်

    မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့  သုံးပါသခင် ဒါရ်ဂါတော်မှ ကြီးမှူးပြီး ပဉ္စမအကြိမ်မြောက် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့က မုတ္တမြို့ မြင်းတပ်ရပ်မှရှိတဲ့ တောင်သာယာ ဒါရ်ဂါတော်မှာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါ ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို မုတ္တမမြို့မှ နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပါတယ်။

    မုတ္တမ မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှာ တာဝန်ရှိသူတစ်ဦးမှ အမှာစကားပြောကြားနေစဉ်

    မုတ္တမ မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှာ တာဝန်ရှိသူတစ်ဦးမှ အမှာစကားပြောကြားခဲ့ရာမှာ “မုတ္တမမြို့ရှိတဲ့ ဘာသာပေါင်းစုံမှ ပြည်သူများဟာ ငြိမ်းချမ်းရေးကို လိုလားသူတွေဖြစ်ကြောင်း၊ မြို့သူမြို့သားများဟာ တစ်ဦးနှင့် တစ်ဦးအပေါ် မိသားစုသဖွယ်သံယောဇဉ် ကြီးကြပြီး၊ မွတ်စလင်တွေ ၊ ဗုဒ္ဓဘာသာဝင်တွေ ဆိုပြီးခွဲခြားမှုမရှိပါကြောင်း၊ ရန်ကုန်ရောက်နေတဲ့ မုတ္တမမြို့သား မွတ်စလင် တွေဆိုရင် မုတ္တမမြို့ခံတွေ ဘယ်သူမဆို ရန်ကုန်ရောက်ရင် ကူညီကြတယ်။ ဖေးမကြတယ်။ ရန်ကုန်က မုတ္တမသား မွတ်စလင်တွေရဲ့ အိမ်တွေဟာ မုတ္တမမြို့သား ကျွန်တော်တို့အတွက် ရန်ကုန်မှာ အကူညီပေးရာ အိမ်တွေပါ။ မုတ္တမမြို့မှာ ရှိတဲ့ မွတ်စလင်တွေနဲ့ ကျွန်တော်တို့ကို ဘယ်တော့မှ သွေးခွဲလို့ မရပါဘူး။ ကျွန်တော်တို့တွေဟာ အမြဲလက်တွဲလျှက်ပါ ” လို့ ပြောကြားခဲ့သည်။

    မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမမြို့ မ.မ.လ အဖွဲ့ခွဲ ဥက္ကဌ မှ အမှာစကားပြောကြားနေစဉ်

     

    မုတ္တမမြို့  တွင် ပြိးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ(၃၀) ရက် အဘိဓမ္မာ အခါတော်နေ့တွင်  မြစေတီနန်းဦး စာသင်တိုက်ဆရာတော် အရှင်သဒ္ခမ္မ (မြနန်းဆရာတော်) ဦးစီး ဦးဆောင်ပြီး  အစ္စလာမ် ဆန့်ကျင်ရေး တရားများနှင် အစ္စလာမ်ဆန့်ကျင်ရေး လက်ကမ်း စာရွက်များ ဖြန့်ဝေခဲ့သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပါသည်။

  • ဂျာမနီ ၊ဘရာမန်မြို့တွင် မွတ်စလင် ဘာသာရေး ပွဲတော်ရက်များတွင် ပိတ်ရက်အဖြစ် သတ်မှတ်ပေး

    ဂျာမနီ ၊ဘရာမန်မြို့တွင် မွတ်စလင် ဘာသာရေး ပွဲတော်ရက်များတွင် ပိတ်ရက်အဖြစ် သတ်မှတ်ပေး

    ဒီဇင်ဘာ ၁၊၂၀၁၂
    M-Media

    ဘရာမန်။       ။ ဂျာမနီအနောက်ပိုင်းရှိ ဘရာမန် (Bremen) ပြည်နယ်တွင် မွတ်စလင်များ၏ ဘာသာရေး ပွဲတော်များအတွက် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး လိုက်ပြီဖြစ်ပါသည်။  ဂျာမနီနိုင်ငံ၌  ပြည်နယ် (၁၆) ခုရှိရာ ဟမ်းဘက်ပြည်နယ်ပြီးနောက် ဒုတိယမြောက် မွတ်စလင်များ၏ ဘာသာရေးပွဲတော်ကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးသည့် ဒုတိယမြောက်ပြည်နယ် ဖြစ်လာပါသည်။  ဒါဟာ ဥရောပနိုင်ငံများတွင် လူနည်းစုဖြစ်တဲ့ မွတ်စလင်များအတွက် အားတက်ဖွယ်ရာ အသိအမှတ်ပြုခံရမှုဖြစ်သည်။

    “ကျွန်တော် အရမ်းဝမ်းသာပါတယ်၊ ဘာလို့လဲဆိုတော့ အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်များ ဟာ ကျွန်တော်တို့ မြို့ သာမက ကျွန်တော်တို့ ဘ၀တွေရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ” ဟု မြို့တော်ဝန် Jens Boehrnsen က AFP သတင်းသို့ ပြောကြားခဲ့ပါသည်။

    နိုဝင်ဘာ (၃၀) ရက်နေ့ သောကြာနေ့မှာ ဒေသခံ မွတ်စလင် ခေါင်းဆောင် ကိုယ်စားလှယ်များနဲ့ တွေ့ဆုံ သဘောတူညီမှု လက်မှတ်ရေးထိုး အပြီးမှာ မွတ်စလင်များရဲ့ ပွဲတော် ပိတ်ရက်များအား တရားဝင်ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း မြို့တော်ဝန်က ကြေငြာပေးလိုက်တာဖြစ်ပါသည်။

    “ဒီသဘောတူညီချက်ဟာ ဘာကိုဖော်ဆောင် သလဲ ဆိုရင် အပြန်အလှန် အသိအမှတ်ပြုမှု နဲ့ အပြန်အလှန်တန်ဖိုးထားမှု့ အပေါ်မှာ လေးစားမှုတို့ ဖြစ်ပါတယ်” လို့ မြို့တော်ဝန်က ထပ်လောင်း ပြောကြားလိုက်ပါသည်။

    ထိုသဘောတူညီမှု အရ ၄င်းရုံးပိတ်ရက်များ အတွက် လစာ ရမည် မဟုတ်သော်ငြားလည်း မွတ်စလင်တို့၏ ပျော်ပွဲရွှင်ပွဲ ပိတ်ရက်များ အတွက် တရားဝင် ပိတ်ရက်ပေးဖို့ မွတ်စလင် အဖွဲ့အစည်အား တင်သွင်းအဆိုပြု ခွင့်ပေးထားပါသည်။

    ဒီ အဆိုတင်သွင်းမှု သည် မြို့ရဲ့ အာဏာပိုင်များနဲ့ Bremen ပြည်နယ် ပါလီမန်မှာ အတည်ပြုဖို့ စောင့်နေဆဲဖြစ်သည်။

    ဂျာမနီ နိုင်ငံမြောက်ပိုင်းရှိ Hamburg မြို့ တွင် မွတ်စလင်များရဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်ရက်များအား ရုံးပိတ်ရက်ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။

    ထို အဆိုတင်သွင်းမှုအရဆိုလျှင်  “အီဒ်ဿးွလ်ဖွီတာရ်  ၊ အီဒ်ဿးွလ်အဒါဟ် နဲ့ အာရှူရာဟ် ” နေ့များကို ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးမှာ ဖြစ်သည်။

    ဂျာမနီနိုင်ငံသည် ဥရောပတိုက် တွင် ပြင်သစ်နိုင်ငံပြီးလျှင် ဒုတိယမွတ်စလင်အများဆုံးနိုင်ငံဖြစ်ပြီး ၊ ယခုအခါ နိုင်ငံအတွင်း ကက်သလစ် ခရစ်ယာန်များနှင့် Protestant ခရစ်ယာန် ဘာသာဝင်များ နောက်တွင် အစ္စလာမ်ဘာသာသည် တတိယမြောက် လူဦးရေ အများဆုံးဘာသာဖြစ်သည်။

    အစိုးရ၏ အသေအချာ စစ်တမ်းကောက်ယူမှုများအရ ဆိုလျှင် မွတ်စလင်ဦးရေ (၃.၈) သန်း နှင့် (၄.၃) သန်းကြားရှိပြီး ၊ လူဦးရေ စုစုပေါင်း (၈၂) သန်း၏ (၅) ရာခိုင်နှုန်း ရှိပါသည်။

    ကိုးကား -http://www.onislam.net/

  • ၂၀၁၂ ဟဂ်ျခရီးစဉ်တွင် မြန်မာဟာဂျီအချို့ အခက်အခဲများကြုံတွေ့ခဲ့ရ

    ၂၀၁၂ ဟဂ်ျခရီးစဉ်တွင် မြန်မာဟာဂျီအချို့ အခက်အခဲများကြုံတွေ့ခဲ့ရ

    ဒီဇင်ဘာ ၂ ၊ ၂၀၁၂
    M-Media
    မောင်လျှောက်(မြယာမြေ)

    အစ္စလာမ်ဘာသာဝင်များအတွက် ဟဂ်ျဘုရားဖူး ခရီးစဉ်သည် ပဉ္စမမဏ္ဍိင် တာဝန်ဖြစ်သည့်အား လျော်စွာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန် ပြဋ္ဌာန်းချက်များနှင့် အညီ ငွေကြေးတတ်နိုင်သူများမှာ တသက်တွင် တခေါက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ ကအ်ဗာ ဝတ်ကျောင်းတော်သို့  ဟဂ်ျပြုလုပ်ကြပါသညည်။

    ၂၀၁၂ ခုနှစ် ဟဂ်ျခရီးစဉ်တွင် မြန်မာမွတ်စလင် ဟာဂျီအဖွဲ့ နိုင်ငံတော် လွှင့်ထူထားလျက် သွားရောက်နေသည့် ဟဂ်ျခရီးစဉ်မှ နေရာတခု
    Photo (Peace Forall Faceboook)

    ယခုနှစ်တွင် ဆော်ဒီသံရုံးမှ ဟဂ်ျဗီဇာခွဲတမ်း (၅၀၀၀) ရရှိခဲ့ပြီး နိုင်ငံတော် အစိုးရမှ စေလွှတ်သော မြန်မာဟာဂျီ (၃၅၀) နှင့် ပြင်ပ ပုဂ္ဂလိက ဟဂ်ျဘုရားဖူး အေးဂျင့် ကုမ္ပဏီများနှင့် သွားလာသူများလည်းရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အေးဂျင့် အချို့သည် မြန်မာဟာဂျီများကို မလိမ့်တပတ်လုပ်ကာ (၂၀၁၀) နှင့် (၂၀၁၁) ခုနှစ်တွင် မြန်မာဟာဂျီများ အခက်အခဲတွေ့ခဲ့ရကြောင်း၊ ယခုနှစ်ဟဂ်ျရာသီမှာတော့ ခရိုနီများ လွှမ်းမိုးမှု လျော့နည်းလာကာ ၀န်ဆောင်မှု တိုးတက်လာကြောင်း (၂၀၁၂) ခုနှစ်တွင် ဟဂ်ျဘုရားဖူး ခရီးစဉ်မှ ပြန်လာသော ဟာဂျီတစ်ဦးက ဆိုပါသည်။

    သို့သော်လည်း မြန်မာနိုင်ငံမှ ဟဂ်ျဘုရားဖူးသွားရာတွင် မတန်တဆဈေးပေးနေရခြင်း၊ ဗီဇာအတွက် အခက်အခဲရှိခြင်း၊ အေးဂျင့်အချို့သည် ရန်ကုန်တွင်တစ်မျိုးပြောပြီး ဟဂ်ျ ခရီးစဉ်ရောက်မှ အပြောနှင့်လက်တွေ့မကိုက်ညီခြင်း၊ အထုပ်အပိုးများအတွက် သေချာစီစဉ်မပေးခြင်း၊ တည်းခိုရန်နေရာ စီစဉ်မပေးခြင်း၊ အခက်အခဲဖြစ်ခြင်း၊ အချို့သည်မောက်မာစွာ ဆက်ဆံခြင်းများရှိကြောင်း သိရသည်။ ထို့ပြင် ဟဂ်ျဘုရားဖူး ခရီးစဉ်သွားရာတွင် အချို့သော ကုမ္ပဏီများ၏ မသမာမှုကြောင့် ဟဂ်ျဗီဇာ မရရှိခြင်း၊ လေကြောင်းခရီးစဉ် မစီစဉ်ပေးနိုင်ခြင်းတို့ကြောင့် (၂၀၁၁) ခုနှစ်တွင် ဟာဂျီလောင်း (၂၀၀၀)ဦးခန့် ဟဂ်ျသွားခွင့် မရရှိခဲ့ကြောင်း၊ ယခုနှစ်မှာတော့ အလားတူဖြစ်စဉ်များ မရှိကြောင်း သိရသည်။

    ယခင်က ဟဂ်ျဘုရားဖူးခရီးစဉ်သွားရာတွင် သာသနာရေး ၀န်ကြီးဌာနမှစေလွှတ်သော ဟာဂျီလောင်းများမှာ အဆင်ပြေမှုများရှိခဲ့ပြီး နိုင်ငံတော်အစိုးရက အစ္စလာမ်ဘာသာဝင် အများကြည်ညို လေးစားသည့် ပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စသည်ဖြင့် ပါဝင်သော ဟဂ်ျမစ်ရှင်၊ ဟဂ်ျကော်မတီ စသည်ဖြင့် ဖွဲ့စည်းစေလွှတ်ခဲ့ပါသည်။

    ၂၀၁၂ ခုနှစ် ဟဂ်ျခရီးစဉ်တွင် မြန်မာမွတ်စလင် ဟာဂျီအဖွဲ့ နိုင်ငံတော် လွှင့်ထူထားလျက် သွားရောက်နေသည့် ဟဂ်ျခရီးစဉ်မှ နေရာတခု
    Photo (Peace Forall Faceboook)

    ယခုနောက်ပိုင်းတွင် သာသာနာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၅)ဖွဲ့မှ ဦးဆောင်မှုတို့ဖြင့် ဟဂ်ျခရီးစဉ် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့မှုများ ရှိသော်လည်း မလိုလားအပ်သော ပြသနာ အချို့ ပေါ်ပေါက်ခဲ့မှုများလည်း ရှိသည်။ တဖက်မှာလည်း ဟဂ်ျခရီးစဉ်ကူညီအရေး အဖွဲ့ချုပ်မှ နစ်နာခဲ့သော ဟာဂျီများအတွက် ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

    မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကမူ အမိနိုင်ငံတော် အတွက်လည်း ဂုဏ်သိက္ခာရှိစေရန် ဟဂ်ျဘုရားဖူး သွားရာတွင် အဆင်ပြေစွာသွားနိုင်ရန် နိုင်ငံတော်အဆင့် ဟဂ်ျမစ်ရှင် အဖွဲ့ကြီး တစ်ဖွဲ့ပေါ်ပေါက်လာရန် ဆန္ဒရှိကြောင်း တင်ပြလိုက်ရပါသည်။

  • သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    ဒီဇင်ဘာ ၁၊ ၂၀၁၂
    M-Media
    ထွန်းတောက်

    သဲချောင်း။      ။စစ်တွေ သဲချောင်းရွာမှ မွတ်စလင်မ်ဒုက္ခသည် စခန်းရှိ ဒုက္ခသည်တို့အား စစ်တပ်က ယနေ့ ဒီဇင်ဘာ ၁-ရက်နေ့တွင် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ညနေ ၅-နာရီ ၄၀-မိနစ်ဝန်းကျင်တွင် လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

    လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် အမျိုးသား ၆-ယောက် သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး၊ အမျိုးသမီး ၃-ယောက်လည်း သေနတ်ဖြင့် ရိုက်ခံရ၍ ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ ယင်းဒဏ်ရာ ရရှိသူများအား သဲချောင်းမှတဆင့် သက္ကယ်ပြင်ရွာသို့ ခေါ်ဆောင်သွားပြီး သက္ကယ်ပြင် ကဗရ်စတာန်(သုဿာန်) ဗလီထဲမှာ ထားရှိပြီး ဆေးကုသ နေကြောင်းသိရသည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သဲချောင်းဒုက္ခသည် စခန်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး – သဲချောင်းက ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသွားကြတယ်ဆိုတာ ဟုတ်ပါသလား။
    ဖြေ – ဟုတ်ပါတယ်။ ၆-ယောက် သေနတ်ဒဏ်ရာအပြင်းအထန်ရသွားတယ်။

    မေး – ဘယ်လိုဖြစ်လို့ ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ခဲ့တာလဲ။ ဘယ်သူတွေက ပစ်ခဲ့တာလဲ။
    ဖြေ – ဖြစ်တာကတော့ သူတို့က ဒုက္ခသည်တွေကို သဲချောင်ကနေ ဗောဒူဝရွာကို ပြောင်းခိုင်းတယ်။ ရွေှ့ခိုင်းမယ်လုပ်ထားတဲ့ ဒုက္ခသည်တွေကို မခေါ်ပဲ တစ်ခြားသူတွေကိုခေါ်တယ်။ သူတို့က မလာတော့ သေနတ်နဲ့ပစ်တယ်။ လူအုပ်ထဲကို ရမ်းပစ်တာ။ ၇-ချက်ပစ်တယ်။ ၆-ယောက်ကို မှန်သွားတယ်။ ပစ်တာက လုံထိန်းကပစ်တာ။ လုံထိန်းက (၂၅)ယောက်လောက်ရှိတယ်။ အဲလိုဖြစ်တော့ တစ်ခြားသူတွေ ၀ိုင်းအုံလာတာနဲ့ လုံထိန်းတွေ ထွက်ပြေးသွားကြတယ်။

    မေး – ရွေှ့ခိုင်းတဲ့ဒုက္ခသည်တွေကိုမခေါ်ပဲ တစ်ခြားသူတွေကို ခေါ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲ ခင်ဗျ။ ဗောဒူဝရွာကရော ဘာရှိတာလဲ။
    ဖြေ – ဗောဒူဝကလည်း မွတ်စလင်မ်ရွာပဲ။ အဲဒီမှာ ဒုက္ခသည်စခန်းလုပ်ပြီး အဲဒီကို ရွှေ့ခိုင်းတာဗျ။ ဒီသဲချောင်းမှာ ဒုက္ခသည်တွေအတွက်ပေးထားတဲ့ တဲတွေရှိတယ်ဗျ။ အဲဒီတဲတွေက ဆော်ဒီကပေးထားတဲ့တဲတွေရယ်၊ UNHCR က ပေးထားတဲ့ တဲတွေရယ် ကွဲတယ်။ UNHCR က တဲတွေမှာ ပိုက်သည်နဲ့ မော်လိပ်က ဒုက္ခသည်တွေနေတယ်။ ဆော်ဒီကပေးတဲ့ တဲတွေမှာ နာဇီက ဒုက္ခသည်တွေနေတယ်။ အဲဒါ ဆော်ဒီက တဲမှာနေတဲ့သူတွေကို စစ်တပ်က သဲချောင်းကနေ ဗောဒူဝကို ပြောင်းခိုင်းတယ်။ ဒုက္ခသည်တွေကလည်း မပြောင်းချင်ကြတော့ဘူး။ အဲဒါနဲ့ စစ်တပ်က ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ လုံထိန်းတွေက ပြောင်းခိုင်းတာ။

    မေး – အဲလို မပြောင်းတာနဲ့ သေနတ်နဲ့ပစ်တာလား။
    ဖြေ – စစ်တပ်က ပြောင်းခိုင်တာက ဆော်ဒီတဲကလူတွေကို ပြောင်းခိုင်းတာ။ တကယ်တမ်း သူတို့ကခေါ်တော့ UNHCR တဲက လူတွေကိုခေါ်တယ်။ အဲဒီတော့ UNHCR တဲကလူတွေက မလာဘူးပေါ့ဗျာ။ မလာတာနဲ့ UNHCR တဲသမားတွေကို ပစ်တာ။ လူတွေကြားထဲပစ်တာ ၇-ချက်၊ ၆-ယောက် မှန်သွားတယ်။

    မေး – သူတို့က ဘာလို့ပြောင်းခိုင်းတာလဲ။
    ဖြေ – ကျွန်တော်ထင်တာတော့ အခုက စစ်တွေမှာ နိုင်ငံတကာကအဖွဲ့တွေ တစ်နေ့ကို ၁၀-ကြိမ်ထက်မနည်းလာနေကြတယ်။ ဒီလောက်ဒုက္ခသည်တွေများနေတော့ အစိုးရက သိက္ခာကျလာတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ခွဲထုတ်ဖို့လုပ်တာ။

    မေး – ခုနက သေနတ်မှန်တဲ့ ၆-ယောက် အခြေအနေက အခု ဘယ်လိုရှိလဲ။
    ဖြေ – သူတို့ ၆-ယောက်ကို အခုတော့ သက္ကယ်ပြင်ကိုခေါ်သွားပြီပြောတယ်။

    မေး – ဟုတ်ကဲ့။ ဒါဆို သက္ကယ်ပြင်ကို ဆက်သွယ်လိုက်ပါဦးမယ်။ ဘာများပြောဦးမလဲ ခင်ဗျ။
    ဖြေ – စစ်တွေမှာလည်း ပြဿနာပြန်ဖြစ်လာနိုင်တဲ့ အနေအထားတွေဖြစ်နေတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒုက္ခသည်တွေကို ဒုက္ခတွေထပ်ပေးနေတယ်။ အဲဒါတွေကို ၀ိုင်းဝန်းတားဆီးပေးကြပါလို့ပြောချင်တယ်။

    သက္ကယ်ပြင်ရွာသို့လည်း ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်တယ်ခင်ဗျ။ သဲချောင်းမှာ ညနေက သေနတ်မှန်လို့ ဒဏ်ရာရတဲ့ အမျိုးသား ၆-ယောက် အခု သက္ကယ်ပြင်မှာရောက်နေတယ်။ ကဗရ်စတာန်(သုသာန်)ဗလီထဲမှာ ထားထားတယ်။ အခုပဲ အမျိုးသမီး ၃-ယောက် ထပ်ရောက်လာတယ်ဗျ။ သူတို့ကတော့ သေနတ်မှန်တာ မဟုတ်ပါဘူး။ သေနတ်နဲ့ရိုက်ခံရလို့ ဒဏ်ရာတွေ ရလာတာပါ။ အခုတော့ ဆေးကုပေးနေပါတယ်”လို့ သက္ကယ်ပြင်ရွာသားတစ်ဦးမှ ပြောပြခဲ့ပါတယ်။

     

    မှတ်ချက်။ ။ သတင်းပေးပို့လာသူရဲ့ ကင်မရာ Date Setting မှားယွင်းနေခြင်းကြောင့် နေစွဲ လွဲနေခြင်းဖြစ်ပါတယ်။

  • အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု့ တောင်အာရှ၌ သိရိလင်္ကာတွင် အများဆုံးဖြစ်

    အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု့ တောင်အာရှ၌ သိရိလင်္ကာတွင် အများဆုံးဖြစ်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media

    တောင်အာရှ ဒေသအတွင်းတွင် Sri Lanka သည်အထူးသဖြင့် အများသုံး ပို့ဆောင်ရေးယာဉ်များတွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်စော်ကားမှုများနှင့် ဆက်စပ်၍ လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်မှု့ ဖြစ်စဉ်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည် ဟု Legal Aid Commission မှ မနေ့က ပြောကြားလိုက်ပါသည်။

    အများပြည်သူသုံး ယာဉ်များတွင် လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်မှု့ တားဆီးရေးအတွက် Bastian Mawatha တွင် ရည်ရွယ်ပြုလုပ်သော အဖြူရောင် ဖဲကြိုး Campaign တွင် အမှာစကားပြောကြားစဉ် ကော်မရှင်ရုံး၏ ဥက္ကဌ ဖြစ်သူ S.S. Wijeratne က ဤအကြောင်းကိုထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

    မကြာသေးမီက ထုတ်ဝေခဲ့သော ဂျာနယ်တစ်ခု၏ report အရ Mr.Wijeratne က Sri Lanka အနေနှင့် ဤအရေးကိစ္စနှင့် ပတ်သက်၍အလေးအနက်ထား လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည် ဟုသိရပါသည်။ “အိန္ဒိယဟာ Sri Lankaနဲ့ ယှဉ်ရင် လူဦးရေများပေမဲ့ အများပြည်သူသုံး ယာဉ်တွေမှာ လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်တဲ့  ဖြစ်ရပ်တွေ ဖြစ်ပွားမှုကတော့ ကျွန်တော်တို့ထက် အဆမတန် နည်းပါးနေတာကို တွေ့ရတယ်“ ဟုပြောခဲ့ပါသည်။ လူထုအသိပေး Campaignများ များစွာရှိနေသော်ငြားလည်း ယခုလိုအဖြစ်အပျက်များ ဖြစ်ပွားမှုမှာ မကြာမီကာလများအတွင်း အနည်းငယ်မျှသာ လျော့ကျခဲ့ကြောင်း သူကပြောခဲ့ပါသည်။

    နှောက်ယှက်ပြုခံရသော အမျိုးသမီးများအနေနှင့် ယာဉ်ပေါ်ရှိ ဆက်ဆံရေးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ရဲများကို ဤကိစ္စနှင့် ပတ်သက်၍ တိုင်တန်းခြင်း မပြုလိုကြောင်း၊ အမျိုးသမီးများသည် ဥပဒေ၏ အကူအညီကို ရှာဖွေရယူခြင်းမပြုဘဲ ဤမနှစ်မြို့ဖွယ်ရာ ခံစားချက်ဆိုးကို မြိုသိပ် သည်းခံလေ့ရှိကြောင်း Mr.Wijeratne က ပြောခဲ့ပါသည်။

    Legal Aid Commission အနေနှင့် အများသုံး ယာဉ်များပေါ်တွင် အနိုင်ကျင့်ခံရသူ အမျိုးသမီးများ ဘက်မှ ရပ်တည်ကာ ကူညီမှုပေးရန် အသင့်ရှိနေကြောင်း၊ ယခု လုပ်ဆောင်နေသာ စီမံကိန်းကို တိုင်းပြည်အတွင်း အမျိုးသမီးများအတွက် လုံခြုံသော ၀န်းကျင်တစ်ရပ်ဖန်တီး ပေးနိုင်သည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထပ်မံ ပြောကြားသွားပါသည်။

    ကိုးကား ၊  http://www.dailymirror.lk/