News @ M-Media

Blog

  • အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

    အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    မောင်လျောက်(မြယာမြေ)

    အစ္စလာမ်ဘာသာအပေါ် စော်ကားပုတ်ခတ်စာများရေးသားဖြန့်ဝေခြင်း၊ သမိုင်းအမှားများရေးသားခြင်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်၊ အစိုးရပိုင်းမှ အရေးယူခြင်းမရှိ

    ယခု လတ်တလောတွင် အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီး မလိုမုန်းတီးသူများက ပုတ်ခတ်စော်ကားစာများကို ဒေသ အချို့တွင် ဖြန့်ဝေနေကြောင်းသိရှိရပါသည်။ ကရင်ပြည်နယ်ဘားအံမြို့၊ မွန်ပြည်နယ်မော်လမြိုင်မြို့များတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စာမျက်နှာ(၂၀)ပါ စာအုပ်ပုံ သဏ္ဍာန်ဖြင့် အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားစာများကို ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဝေလျက်ရှိပါသည်။

    ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင်လည်း လျှို့ဝှက်အဖွဲ့အစည်းအမည် အမျိုးမျိုးတပ်ကာ အစ္စလာမ်ဘာသာဝင်များကို ပုတ်ခတ်စော်ကားသော လှုံ့ဆော်စာများဖြန့်ဝေနေကြောင်း သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဝေခဲ့တဲ့ News Watch (စောင့်ကြည့်သတင်းဂျာနယ်)အတွဲ-ရ၊ အမှတ်(၇၂)တွင် သရ၀ဏ်(ပြည်) အမည်ဖြင့် “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း”  ဆောင်းပါးကို ရေးသားရာတွင် သမိုင်းမှားများ၊ လုပ်ကြံ ဖန်တီးမှုများကို တမင်ပုံဖော်ရေးသား ကာ အစ္စလာမ်ဘာသာအပေါ် လွဲမှားသော အတွေးအမြင်များဖြင့် ထိုးနှက်ထားသည်ကို တွေ့ရသည်။

    အထက်ဖော်ပြပါလှုံ့ဆော်စာများနှင့် သမိုင်းမှားများရေးသားမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ(၂၃)ရက်က ကျင်းပသော အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ဗညားအောင်မိုး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၏ ဖြေကြားမှုကို ဖော်ပြလိုက်ပါသည်။

    မပြည့်စုံသောသမိုင်း သုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင့်ဖြင့် လိုရာဆွဲပြီး ကောက်ချက်ချပြောဆို ရေးသားခြင်း ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၆၅)နှင့်ငြိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ထိပါးခြင်းအား မည်ကဲ့သို့တားဆီး ကာကွယ်ရမည်နည်း မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ပိုင်းခြားသုံးသပ် ဆန်းစစ်ခဲ့ရာတွင် ယုံကြည် ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ တားဆီး ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၆၅) တတိယအပိုဒ်တွင် ပါသည့်အခြား တိုင်းရင်းသားလူမျိုး တစ်မျိုးကို ဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ၊ ထိခိုက် နစ်နာစေနိုင်ပါက သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်းပြီး ပြေလည်မှုရရှိရန် ဆောင်ရွက်ခြင်းနှင့် စာတမ်းတွင် လူမျိုး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတို့ကို ထိခိုက်စေနိုင်သည့် အချက်များပါဝင်ခြင်းရှိ၊မရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုတင်စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ခြင်းဖြင့် တားဆီး ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။

    အလားတူပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဖြေကြားရာတွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၃၆၄)နှင့်ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၄)အရ ယင်းပုဒ်မပါပြဌာန်းချက်များကို ဆန့်ကျင်သည့် အပြုအမူအတွက် ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေပြဌာန်းရခြင်း မရှိသေးသော်လည်း စာတမ်းဖတ်ပွဲ၌  စာတမ်းရှင်ဖတ်ကြားသည့် စာတမ်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေသော အရေးအသား၊ အမျိုး၊ ဘာသာ၊ သာသနာကို စိတ်ဝမ်းကွဲစေသော အချက်များ ပါဝင်နေမည်ဆိုပါက စာတမ်းနှင့် သက်ဆိုင်သူတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေနှင့်ငြိစွန်းဖွယ်ရှိကြောင်းဖြင့် တင်ပြရှင်းလင်းသွားပါသည်။ ဒုတိယရှေ့နေချုပ်၏ ပြောကြားချက်၌ စာတမ်းဟုဆိုရာတွင် ကိုးကွယ်ရာ ဘာသာသာသနာကို ထိခိုက်စေသည့်စာတမ်း၊ ဆောင်းပါးများ ပါဝင်ပေသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၂)နှင့် (၃၆၃)တို့တွင် နိုင်ငံတော်က ခရစ်ယာန်ဘာ သာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္နူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိအမှတ်ပြုသည်ဟု လည်းကောင်း၊ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု လည်းကောင်း အသီးသီးပြဌာန်းထားပါသည်။

    လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ် ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားမှုများ ရှိသော်လည်း ယခုအခါ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအပေါ် ဥပဒေပါအခွင့်အရေး၊ လူ့အခွင့်အရေးများကို ချိုးဖောက်ကာ ဆန့်ကျင်ရေးသား၊ ခြိမ်းခြောက်မှုများ၊ လှုံ့ဆော်ပြောဆို၊ ဖြန့်ဝေနေခြင်းတို့ကို လက်ငင်းကြုံတွေ့နေကြရပါသည်။

    အထက်ပါအချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံတင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ကြောင်း ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။

    လတ်တလော အခြေအနေတွင် နိုင်ငံတော်အပိုင်းမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသော်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက မီဒီယာများတွင် သတင်းများ၊ ဆောင်းပါးများ၊ သမိုင်းရေးရာများ ဖော်ပြသည့်အခါ စာနယ်ဇင်း ကျင့်ဝတ်၊ သတင်းမီဒီယာ ကျင့်ဝတ်များနှင့်အ ညီ မှန်မှန်ကန်ကန် ဖော်ပြရန် လိုလားလျက်ရှိကြပါသည်။

    ထို့အပြင်အစ္စလာမ်ဘာသာအပေါ် ဥပဒေပါ အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ဆန့်ကျင်လျက် လှုံ့ဆော်စာများ ဖြန့်ဝေနေမှုကို နိုင်ငံတော်အစိုးရပိုင်းမှ ၀င်ရောက်ဖြန်ဖြေပြီး အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါသည်။

     

    ကိုးကား          – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    –       ၂၄-၁၂-၂၀၁၂ထုတ် မြန်မာ့အလင်းသတင်းစာ

    –       ၂၃-၁၀-၂၀၁၂ထုတ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ကြေငြာချက်

  • ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ် ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်

    ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ် ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media

    အာရဖတ်အလောင်းကို စစ်ဆေးဖို့ အစိတ်အပိုင်းတွေယူပြိး ပြန်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

    ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ရာဆာအာရာဖတ် သေခဲ့ရတဲ့အကြောင်းရင်းကို လေ့လာ သိရှိနိုင်ဖို့ သူ့ရဲ့ရုပ်အလောင်းကို စစ်ဆေးစမ်းဆေးဖို့ အတွက် နိုင်ငံတကာ ကျွမ်းကျင်သူတွေက အလောင်းကို ပြန်လည် တူးဖော်ခဲ့ကြတာမှာ အခု အလောင်းကို ပြန်လည် မြှုပ်နှံလိုက်ပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

    ၂၀ဝ၄ ခုနှစ်က ကွယ်လွန် ခဲ့တဲ့ မစ္စတာ အာရာဖတ်ဟာ အဆိပ်သင့် သေဆုံး ခဲ့တာလား ဆိုတာကို ဖေါ်ထုတ် နိုင်ဖို့ သူ့ရဲ့ ရုပ်အလောင်းက အစိတ် အပိုင်း နမူနာတွေကို ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ ရုရှား မှုခင်း ကျွမ်းကျင်သူ တွေကို ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

    ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရာမာလာ မြို့မှာရှိတဲ့ ကြီးမားတဲ့ ဂူဗိမန်ကနေ အင်္ဂါနေ့ အစော ပိုင်းက မစ္စတာ အာရာဖက်ရဲ့အလောင်းကို ကျွမ်းကျင်သူတွေက ပြန်လည် တူးဖော်ခဲ့ကြတယ်လို့ တာဝန်ရှိ သူတွေ က ပြောပါတယ်။

    အာရာဖတ်ရဲ့ဇနီးဖြစ်သူ ပေးလာတဲ့ အာရာဖတ်ရဲ့ အ၀တ်အစားပေါ်မှာ ရေဒီယိုသတ္တိကြွ ပိုလိုနီယံ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရှာတွေ့ခဲ့ပြီးတဲ့နောက် သူ သေဆုံးခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ စစ်ဆေးဖို့ ပြင်သစ်အာဏာပိုင်တွေက ဒီနှစ်အစောပိုင်းက အမိန့်ထုတ်ခဲ့တာပါ။

    ဒါပေမဲ့ ရေဒီယို သတ္တိကြွ ပိုလိုနီယံ ဓာတုပစ္စည်းဟာ အလျင်အမြန်ပဲ ပြိုကွဲပျက်စီးတတ်တာကြောင့် ကျန်နေသေးတဲ့ နမူနာတွေဟာ စမ်းသပ်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ အာရာဖက်ဟာ ၂၀၀၄ ခုနှစ်က အသေအချာ မသိရတဲ့ နာမကျန်းဖြစ်မှုကို ခံစားခဲ့ရပြီးတဲ့နောက် သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့ ရုပ်ကြွင်း အစအန နမူနာတွေကို ပြင်သစ်၊ ဆွစ်ဇာလန်၊ ရုရှားနဲ့ ပါလက်စတိုင်း ကျွမ်းကျင် သူတွေဆီ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ လေ့လာစစ်ဆေးကြမှာ ဖြစ်ပါတယ်။

    အစ္စရေး အစိုးရ ကတော့ မစ္စတာ အာရာဖတ် သေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး အခိုင်အမာ ငြင်းဆိုထား ပါတယ်။


    ယာဆာအာရာဖတ်ဧ။် ထူးခြားခဲ့သော သမိုင်း
    ၁။ ၁၉၂၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
    ၂။ ၁၉၅၈ ခုနှစ်တွင် ပါလက်စတိုင်း တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
    ၃။ ၁၉၇၄ ခုနှစ်တွင် PLO အဖွဲ့မှ ဥက္ကဋ္ဌ အဖြစ်ရွေးချယ် ခံရသည်။
    ၄။ ၁၉၈၂ ခုနှစ်တွင် အစ္စရေးတို့ရန်ကြောင့် လက်ဘနွန်သို့ ထွက်ခွာခဲ့သည်။
    ၅။ ၁၉၉၃ ခုနှစ်တွင် အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။
    ၆။ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့သည်။
    ၇။ ၂၀၀၁ ခုနှစ်တွင် အစ္စရေးတို့ရန်ကြောင့် (တစ်နည်းအားဖြင့် ပိတ်ဆို့မှု) ကြောင့် ပါလက်စတိုင်း အာဏာပိုင် ဋ္ဌာနချုပ်ဝင်းအတွင်း နေထိုင်ခဲ့ရသည်။
    ၈။ ၂၀၀၄ ခုနှစ်တွင် နာဖျားမှုကြောင့် ပြင်သစ်နိုင်ငံ ပါရီမြို့အနီး စစ်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူသည်။ ဖျားပြီးတစ်လအကြာ ၁၁.၁၁.၂၀၀၄ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီခွဲတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

  • အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂

    M-Media

    အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက် နျူကလီးယား လက်နက်မပြန့်ပွားရေးနှင့် ပိတ်ပင်ထားဆီးရေးအတွက် ရည်ရွယ် သည့် အဓိက အစည်းအဝေးတစ်ရကို အစ္စရေးနိုင်ငံက ကန့်ကွက်သည့်အျွှါက် ဖျက်သိမ်းလိုကရကြောင်း Press TV သတင်းတပုဒ်တွင် ဖော်ပြထားပါသည်။

    အဆိုပါ အစည်းအဝေးကိုးမူလက ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့၌ ဒီဇင်ဘာလ လယ်ရက်ပိုင်းများတွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂိုလ် ဗစ်တိုးရီးယား နုလန်းက အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားကျင်းစင်ရေး ဆောင်ရွက်လျှင် အစ္စရေး၏ လုံခြုံရေး ထိပါးလာနိုင်သည့် အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း ဟု ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်ကာ နျူကလီးယား ထိပ်ဖူးပေါင်း ၂၀၀ မှ ၄၀၀ ကြားလျှို့ဝှက်စွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။

    ကိုးကား AFP

  • ဒီကေဘီအေ တပ်ရင်းမှူး ပိုင်ကျုံဒေသခံများ နှင့် တွေ့ဆုံဆွေးနွေး

    ဒီကေဘီအေ တပ်ရင်းမှူး ပိုင်ကျုံဒေသခံများ နှင့် တွေ့ဆုံဆွေးနွေး

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ပိုင်ကျုံမြို့နယ်ခွဲအတွင်း မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာတမ်းများဖြန့်ဝေခြင်း ၊ နေအိမ်များအား ဖျက် ဆီး မည် ဟု သတင်းများပေါ်ထွက်နေခြင်း စသည့် အခြေအနေများနှင့် ပတ်သက်ပြီး အထက်ပိုင်ကျူံ အ ခြေစိုက် ဒီကေဘီအေ တပ်မှ တပ်ရင်းမှူး ၀င်းနိုင်စိန်က ဒေသခံများနှင့် နိုဝင်ဘာ ၂၇ ရက်က တွေ့ဆုံ ခဲ့ သည်။

    အဆိုပါတွေ့ဆုံပွဲတွင် တပ်ရင်းမှူး ၄င်းက ဒေသခံ ဗုဒ္ဓဘာသာဝင်များ ၊ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ ဆုံ ဆွေးနွေး လိုသော်လည်း ဗုဒ္ဓဘာသာဝင် ဘက်မှ ဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့ကြောင်း ၊ ဒေသ အ တွင်း ၄င်းတပ်ရင်းမှူးက ယခင်တုန်းကအတိုင်း အချင်းချင်း အေးချမ်းညီညွတ်စွာနေထိုင်ရန် ပြောကြားခဲ့ ကြောင်း ၊ သိရသည်။

    “သူတို့က မွတ်စလင်နဲ့ရော ဗုဒ္ဓ ဘာသာဝင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ချင်တာ ဗုဒ္ဓဘာသာတွေ ဘက်က ဆွေးနွေးပွဲ မတက်တော့ မွတ်စလင်တွေနဲ့ပဲ ဆွေးနွေး ဖြစ်ခဲ့ တယ်” ဟု ပိုင်ကျုံ ဒေသခံ ကရင် မွတ်စလင် တစ်ဦးက ပြောပါသည်။ ပိုင်ကျုံမြို့နယ် ခွဲအတွင်းရှိ ဗလီဝတ်ကျောင်း တော် ၃လုံးမှ ရှေ့ဆောင်ဆရာများ၊ ဂေါပကများ၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၂ဦး တက်ရောက်ခဲ့ သည်။

    ပိုင်ကျုံမြို့နယ် ခွဲတွင် မွတ်စလင် ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ပြီးနောက် နိုဝင်ဘာ (၂၀) ရက်တွင် ပိုင်ကျူံ မြို့နယ် ခွဲရှိ ကရင်မွတ်စလင် အများစုနေထိုင်ရာ ကျေးရွာများကို ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သည်။

    “နှစ်ဖက်လုံး မွတ်စလင်ရော ဗုဒ္ဓဘာသာရော ဒီဆွေးနွေးပွဲကို တက်မှပဲ အဆင်ပြေမှာ ။ အခု ဆွေးနွေးပွဲက မွတ်စလင် တွေချည်းပဲ တက်တော့ ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှု မဖြစ်ခဲ့ဘူး” ဟု ၄င်းဒေသခံက ပြော ပါ သည်။

    ယင်းဆွေးနွေးပွဲကို အောက်ပိုင်ကျုံ၊ မြို့သစ်ရုံး တွင် ပြလုပ်ခဲ့ကြောင်း ၊  ဒီဇင်ဘာ လဆန်း ပိုင်း တွင် ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများ၊ အစ္စလာမ်ဘာသာဝင် ကရင်လူမျိုးများနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေး ရန် အစီအစဉ်ရှိကြောင်း ဒေသခံများက ပြောပါသည်။

  • လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။

    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။

    နိုဝင်ဘာ ၂၈၊၂၀၁၂
    M-Media
    စည်သူ

    လွန်ခဲ့သော ၇၅ နှစ် (၁၉၃၇ ခုနှစ်) တွင်  မွတ်စ်လင်မ်လူငယ် တစ်စုသည် လူမျိုး၊ ဘာသာ သာသနာ၊ အဆင့်အတန်း မရွေး လူတန်းစား အားလုံးမှ မကျန်းမာသူတို့အတွက် ကောင်းမွန်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း ခံစားသိရှိခဲ့သည်။ စံပြလူငယ်တို့သည် စိတ်သဘောထားချင်းတူသည့် လူကြီးများဆီ ချဉ်းကပ်ပြီး ထိုစိတ်ကူးစတင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

    ထိုသို့ ကိုယ်ကျိုးမဖက်ဘဲ ပရဟိတအခြေခံသော စိတ်ဖြင့် ကြိုးပမ်းမှုကြောင့် ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့တွင် ဆေးပေးခန်း တစ်ခုကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ သူတို့၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် အထိုက်အလျောက် အကျိုးဖြစ်ထွန်းသော အလုပ်ဖြစ်ခဲ့သည် သာမက ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း တိုးတက် အောင်မြင်အောင် တဖြည်းဖြည်း တိုးချဲ့နိုင်ခဲ့သည်။

    အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ပြည်တွင်း ပြည်ပ အစိုးရအဖွဲ့အစည်း၊ NGO များအပြင် တစ်ဦးချင်းစီ၏ အထောက်အပံ့များဖြင့် ၎င်းဆေးပေးခန်း ကလေးမှ တဆင့် လူမျိုးမရွေး၊ ဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူအားလုံးအတွက် မျှော်လင့်ရာ၊ အကူအညီပေးရာ ခေတ်မီဆေးရုံကြီးအဖြစ် အောင်မြင်စွာ ပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံကြီးတွင် ကုတင် ၁၃၀ ရှိပြီး လိုအပ်လျှင် ကုတင်အပိုများလည်း ထပ်ဖြည့်နိုင်ပြီး ဆေးကုသဆောင်(ဖျားနာဆောင်)၊ ခွဲစိပ်ကုသဆောင်၊ မျက်စိအထူးကုဌာန၊ သားဖွားနှင့်မီးယပ် အထူးကု ဌာနတို့ ပါဝင်ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာ ဌာနအလိုက် ပြင်ပလူနာဌာနများ ထားရှိပြီး နေ့စဉ် ပျမ်းမျှ လူနာ ၄၀၀ ခန့် စောင့်ရှောက် ကုသပေးလျက် ရှိပါသည်။ နိုင်ငံတွင်းမှ မျက်စိအထူးကု ပါရဂူကြီးများ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် မျက်စိ အထူးကုဆေးရုံကြီး အဖြစ်လည်း နိုင်ငံတဝှမ်း ကျော်ကြားသေးသည်။ ဤဆေးရုံသို့ နိုင်ငံတွင်း ဒေသအနှံ့အပြားမှ မျက်စိဝေဒနာရှင်များစွာ လာရောက် ကုသမှုခံယူကြသည်။ ကျန်းမာရေး စစ်ဆေးမှုများအဖြစ် ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ဌာန၊ အာထရာဆောင်း ဌာနနှင့် ECG ဌာနများအပြင် သွေးလှူဘဏ်လည်း ထားရှိသည်။

    အထူးထပ်မံ ကုသ စစ်ဆေးခံရန် လိုအပ်သည့်လူနာများကိုလည်း ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ရှိရာ ဆေးရုံဆေးခန်းများသို့ ကုန်ကျစရိတ်ကို ဤဆေးရုံမှ ကျခံပေးပြီး ပို့ဆောင်ကုသစေပါသည်။


    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံသည် ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသောကြောင့် လူအများ ဝင်ထွက်သွားလာရန် အထူးလွယ်ကူလှပါသည်။ ဤဆေးရုံမှာ ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံတစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်း အဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီ လည်ပတ်နေသော ဆေးရုံတစ်ရုံသာ ဖြစ်သည်။ ဆေးရုံ၏ စီမံခန့်ခွဲရေးအတွက် အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။

    ၁   ဥက္ကဋ္ဌ       ၁ ဦး
    ၂   ဒု ဥက္ကဋ္ဌ ၂ ဦး
    ၃   ဘဏ္ဍာထိန်း                    ၁ ဦး
    ၄   အတွင်းရေးမှူး    ၁ ဦး
    ၅   တွဲဖက် အတွင်းရေးမှူး     ၁ ဦး
    ၆   ကော်မတီ အဖွဲ့ဝင်များ ၉ ဦး


    သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊ တခြား ဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ရာနေရာများသို့ ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုများ ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများသို့လည်း ဆေးဝါးနှင့် ဆေးကိရိယာတို့နှင့်တကွ ဆရာဝန်များ၊ သူနာပြုများ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။

    နိုင်ငံတော်အစိုးရမှ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်း ကာလ ပြီးဆုံးသည်ဟု ကြေငြာချိန်အထိ ၎င်းဒေသတွင် ကွင်းဆင်းကုသမှုများ အပြင် ဆေးခန်းလည်းဖွင့်လှစ် ကုသပေးခဲ့ပါသည်။ မုန်တိုင်းဘေးသင့် လူနာများစွာကိုလည်း ရန်ကုန်သို့ ခေါ်ယူပို့ဆောင်ပြီး ဆေးရုံတွင် အတွင်းလူနာများအဖြစ် ဆက်လက်ကုသပေးခဲ့သည်။
    ၁    အထွေထွေကု ဆရာဝန် (M.O.’s Physician)    ၂ ဦး
    ၂    သားဖွားနှင့် မီးယပ် အထူးကု (O.G)                 ၂ ဦး
    ၃    ခွဲစိတ် အထူးကု (Surgeons)                          ၄ ဦး
    ၄    မျက်စိ အထူးကု (Eyes Specialist)                ၁ ဦး
    ၅    အရိုး အထူးကု (Bone Specialist)                  ၁ ဦး
    ၆    ရင်ဘတ် အထူးကု (Chest Specialist)            ၁ ဦး
    ၇    စိတ်ရောဂါ အထူးကု (Psychiatrist)                ၁ ဦး
    အထွေထွေ ရောဂါကု ဆရာဝန်များစွာတို့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ဆေးရုံအုပ်တစ်ဦးနှင့် လက်ထောက်ဆေးရုံအုပ်နှစ်ဦး ရှိပြီး သူနာပြုများ၊ သူနာပြုအကူများ၊ စာရေးများ၊ သန့်ရှင်းရေးလုပ်သားများနှင့် အခြားဝန်ထမ်းများ ရှိပါသည်။

     

    ဆေးရုံကြီး စဖွင့်  သည့်  အချိန် မှ စပြီး  ၂၀၀၈ ထိ စစ် တမ်း အရ

    အထွေထွေ ရောဂါ ကု ဆေး ကု သဆောင်ပြင်ပ လူနာဌာနတွင် .

    လူနာအသစ်- (၆၅၀၉၃)ဦး၊
    လူနာအဟောင်း- (၇၃၄၃၇)ဦး
    မွတ်စလင်- (၇၀၈၅၇)ဦး၊
    ဗုဒ္ဓဘာသာ- (၅၁၆၈၇)ဦး၊
    ခရစ်ယျာန်- (၃၈၂၅)ဦး၊
    ဟိန္ဒူ- (၉၃၃၄)ဦး၊
    အခြား- (၂၇၂၇)ဦး၊
    စုစုပေါင်း- (၁၃၈၅၃၀)ဦး

    ကို ကျန်းမာရေး စောင့်ရှောက် မှု ပေးကု သပေးခဲ့  သည်။

    သားဖွားမီးယပ်ဆောင်ပြင်ပ လူနာဌာန တွင်

    လူနာအဟောင်း- (၁၁၂၉၆)ဦး၊
    လူနာအသစ်- (၄၁၄၃)ဦး၊
    မွတ်စလင်- (၈၃၇၂)ဦး၊
    ဗုဒ္ဓဘာသာ- (၅၉၇၂)ဦး၊
    ခရစ်ယာန်- (၂၄၉)ဦး၊
    ဟိန္ဒူ- (၈၄၆)ဦး၊
    စုစုပေါင်း- (၁၅၄၃၉)ဦး

    ကို ကုသပေးခဲ့  သည်။

     

    မျက်စိကု ပြင်ပလူနာဌာနတွင်

    လူနာအသစ်- (၃၆၂၄)ဦး၊
    လူနာအဟောင်း- (၄၁၈၆)ဦး၊
    မွတ်စလင်- (၂၄၆၇)ဦး၊
    ဗုဒ္ဓဘာသာ- (၄၇၂၇)ဦး၊
    ခရစ်ယာန် -(၁၈၉)ဦး၊
    ဟိန္ဒူ- (၄၂၇)ဦး၊
    စုစုပေါင်း- (၇၈၁၀)ဦးနှင့် 

     

     

    မျက်စိအတွင်းလူနာဆောင်တွင်

    လူနာအသစ်- (၇၃၅)ဦး
    မွတ်စလင်- (၄၀၇)ဦး
    ဗုဒ္ဓဘာသာ- (၂၉၅)ဦး၊
    ခရစ်ယာန်- (၁၁)ဦး
    ဟိန္ဒူ – (၂၂)ဦး၊
    စုစုပေါင်း – (၇၃၅)ဦး

    ကို ကုသပေးခဲ့ သည်။

    ဆေးကုသဆောင်တွင်

    မွတ်စလင်- ၁၈၆ဦး
    ဗုဒ္ဓဘာသာ- ၁၃၈ဦး
    ခရစ်ယာန်- ၁၁ဦး
    ဟိန္ဒူ- ၂၁ဦး၊
    စုစုပေါင်း- ၃၅၆ဦး

    ကို ကုသပေးခဲ့  သည်။

     

    ခွဲစိတ်လူနာဆောင်တွင်

    မွတ်စလင်- ၃၂၈ဦး
    ဗုဒ္ဓဘာသာ- ၅၀၃ဦး
    ခရစ်ယာန်- ၂၅ဦး
    ဟိန္ဒူ- ၂၈ဦး
    စုစုပေါင်း- ၈၈၄ဦး

    ကို ကုသပေးခဲ့  သည်။

     

    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။

    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက်ချီးမြှင့်သည့်  ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊  ရန်ကုန်မြို့ဖြစ်ပြီး၊

    WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။

    ပြည်တွင်းပြည်ပ မှ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံရန်ပုံငွေအတွက် ကူညီလှူဒါန်းနိုင်ကြောင်း ၄င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါသည်။