News @ M-Media

Blog

  • ကျောက်နီမော်ကို ဖျက်ဆီးရန် ၇ခိုင် ၁၀၀၀ ကျော်ဝိုင်းထား၊ စစ်တပ်နှင့် ထိပ်တိုက်တွေ့နေ

    အောက်တိုဘာ ၃၀၊ ၂၀၁၂ (မနက် ၈း၀၀ နာရီ)
    M-Media
    သတင်း – ဇာဏီ

    ယနေ့ မနက် ၈ နာရီ ဆက်သွယ်ချက်အရ ယခု ကျောက်နီမော်ရွာနှင် ကပ်လျက် ကျောက်ထရံရွာကို မီးရှို့ဖျက်ဆီးရန် ရခိုင်အကြမ်းဖက်သမား ၁၀၀၀ ခန့် ရွာကို ဝိုင်းထားကြောင်းသိပါတယ်။
    ကျောက်ထရံရွာကို ရခိုင်အင်အား ၁၀၀၀ကျော် ဝိုင်းထားကြောင်း ၊ စစ်တပ်က လုံးဝအဝင်မခံကြောင်းနှင့် ရခိုင်အကြမ်းဖက်များကို နောက်ဆုတ်ရန်ပြောသောလဲ ၇ခိုင်များမှာလုံးဝနောက်ဆုတ်ဘဲ ရွာကိုသာဖျက်ဆီးရန် စစ်တပ်နှင့် ထိပ်တိုက်တွေ့နေကြောင်းသတင်းရရှိပါတယ်။

    “ကျောက်နီမော်ရွာရဲ့ အပြင်ဘက် တညင်ဗျိုင်ရွာနဲ့ မကျီးကုန်းဆိုတဲ့ ရခိုင်ရွာ ၂-ရွာရဲ့ ဆက်စပ်နေတဲ့ ကွင်းပြင်မှာ အခု ရခိုင်တွေ  စုနေကြပါတယ်။ စစ်တပ်ချထားပါတယ်။ စစ်တပ်က ပစ်တယ်။ ဒါပေမယ့် သူတို့တွေက ဆုတ်မသွားပါဘူး။ စစ်တပ်က မိုးပေါ်ထောင်ပစ်တာ များတယ်။ လူတွေထဲကိုတော့ ၂ချက် ၃-ချက်ဖြစ်ပါတယ်။ ကျောက်နီမော်မှာက မွတ်စလင်မ်ဦးရေ ကလေးရော လူကြီးရောပေါင်းရင် ၆၀၀၀-ကျော်ရှိပါတယ်။ ကျောက်နီမော်မှာ အတူတူနေခဲ့ကြတဲ့ ရခိုင်တွေဆိုရင် အရင်ကတည်းက မွတ်စလင်မ်တွေနဲ့ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုတော့ ကျောက်နီမော်ကို မီးရှို့မယ်ဆိုတော့ ကျောက်နီမော် မြောက်ပိုင်းက ရခိုင်စုနဲ့ ဇင်းကျန် ရခိုင်တွေက သူတို့ရဲ့ ပစ္စည်းတွေ၊ လုပ်ငန်းတွေကိုပါ ပြောင်းရွေ့သွားကြပြီ။ အခုတော့ မွတ်စလင်မ်တွေပဲ ကျန်တော့တယ်။ တော်တော်လေး စိတ်ပူနေရပါတယ်။ ကျွန်တော်တို့ကို ပြစ်မထားကြရန် ကူညီပေးကြပါလို့ ” M-Media ကို ပြောကြားသွားပါတယ်။

    မွတ်စလင်မ်အများစုနေထိုင်သည့် ကျောက်နီမော်ရွာကို ရခိုင်အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမည်ဟု သတင်းများကြားသိနေရသည့်အတွက် ကျောက်နီမော်ရွာနှင့် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

  • ဖြစ်တည်မှုတရားအပေါ် အမုန်းပွါးခြင်း (သို့) ကျွန်တော်နှင့် အမုန်းတရားများ အကြောင်း

    ဖြစ်တည်မှုတရားအပေါ် အမုန်းပွါးခြင်း (သို့) ကျွန်တော်နှင့် အမုန်းတရားများ အကြောင်း

    အောက်တိုဘာ၊ ၃၀၊ ၂၀၁၂

    M-Media

    ရေးသူ ၊ ဇော်မင်းထွေး

     

    ပထမနေ့

    ထိုသူ။ ။ ဟေ့လူ။ ခင်ဗျားဘင်္ဂါလီမဟုတ်လား။

    ကျွန်တော်။ ။ ဟုတ်တယ်လေ ဗျာ၊ ဘာလို့လဲ။

    ထိုသူ။ ။ ဟား.. ခင်ဗျား အစကတည်းက ဘာလို့မပြောတာလဲ။ ခင်ဗျား အတော်မုန်းဖို့ကောင်းတဲ့သူပဲ။

    ကျွန်တော်။ ။ ဗျာ ကျွန်တော် ဘင်္ဂါလီဆိုတဲ့အကြောင်း က ဘာလို့ပြောဖို့လိုတာလဲ။ ဒါနဲ့ ခင်ဗျား က ဘင်္ဂါလီဆို တာနဲ့ ဘာလို့မုန်းရတာလဲ။

    ထိုသူ။ ။ ဟ.. မုန်းရတာပေါ့ဗျ။ ခင်ဗျားတို့က ကျုပ်တို့မြေမှာ လဲနေသေးတယ်၊ ပြီးတော့ မြန်မာတွေလိုလဲ မနေကြဘူး။ ပြီးတော့ ကလေးတွေလဲ အများကြီးမွေးကြသေးတယ်။ ဒီတော့ မုန်းစရာမကောင်း ဘူးလား။ ခင်ဗျားတို့ ဒီမှာနေမယ့် အစား ကိုယ့်တိုင်းပြည်ကိုယ် ပြန်သွားသင့်တယ်။

    ကျွန်တော်။ ။ ဒီမယ် အစ်ကို။ ကျွန်တော်တစ်ခုပြောပြမယ်။ ဘင်္ဂါလီ အဖြစ်နဲ့ မွေးလာတာ ဟာ ကျွန်တော့ရဲ့ ရွေးချယ်မှု မဟုတ်ဘူး။ ဒီလိုပဲ လူတိုင်းဟာ ဗမာ ဖြစ်ချင်တယ်။ ကချင် ဖြစ်ချင်တယ်။ အင်္ဂလိပ် ဖြစ်ချင်တယ်။ အာဖရိကန် ဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်ခံ မွေးဖွါးခွင့် မရှိဘူး။ အဲဒါကြောင့် ဘင်္ဂါ လီဖြစ်ခြင်းအပေါ်မှာ ကျွန်တော် တစ်ခါမှနောင်တ မရဘူး။ ရစရာလဲ မလိုဘူး။ ဟုတ်တယ်။ ကျွန်တော် ဒီမြေမှာ မွေးတယ်၊ ဒီမှာပဲကြီးပြင်း လာတယ်။ ဒီရေသောက်၊ ဒီဆန်စားပြီး ခင်ဗျားတို့လိုပဲ ကွဲပြားခြားနားမှုမရှိပဲ အရွယ်ရောက်ခဲ့တယ်။ ဒါက ကျွန်တော့်မြေ၊ ကျွန်တော့်ရေ ၊ ကျွန်တော့်နိုင်ငံ။ ကျွန်တော်ဒီလိုပဲခံယူတယ်။ ဒီနိုင်ငံအတွက် လိုအပ်ရင် အသက်ပေးဖို့လဲ အမြဲ အဆင်သင့်ရှိတယ်။ နောက်တစ်ခုက ဒီမှာနေတိုင်း ဗမာလူမျိုးတွေနဲ့ တထေရာထဲ နေရမယ်ဆိုတာကို ကျွန်တော် လက်မခံဘူး။ လူမျိုးတိုင်း၊ မျိုးနွယ်စုတိုင်း မှာ ယဉ်ကျေးမှုဆို တာရှိတယ်။ တစ်ချို့ဓလေ့ တွေမှာတူရင်တူမယ်။ တစ်ချို့ အချက်တွေမှာကွဲပြားမယ်။ ယဉ်ကျေးမှုကွဲပြားလဲ ဘာအရေးလဲ။ ယဉ်ကျေးမှုတွေ ရောယှက်မှ တိုင်းပြည်ရဲ့ အနေအထားနဲ့ ပညာအဆင့်အတန်း တိုးတက်တယ် ဆိုတာ ခင်ဗျားလဲအသိပဲ။ကဲ..ခုပဲကြည့်..ယဉ်ကျေးမှုတွေပေါင်းစပ်လိုက်တော့ ခင်ဗျားတွေ့တဲ့အတိုင်း ပတ်ဝန်းကျင်မှာ အစားအသာက်၊ အ၀တ်အထည်၊ ဂီတ၊ စာပေ၊ အနုပညာ အစရှိတဲ့ လူဖြစ်တည်မှုအတွက် အခြေခံလိုအပ်ချက် တွေကို စုံစုံလင်လင် ဖွယ်ဖွယ်ရာရာ ရွေးချယ်ခွင့်ရှိလာပြီ။ ခင်ဗျားက ဗမာပေမယ့် ရော့ခ်ဂီတ ကြိုက်လို့ရတယ်။ ဒန်ပေါက်ကြိုက်လို့ရတယ်။ ရခိုင်မုန့်တီ နှစ်သက်လို့ရတယ်။ ကချင်ပုဆိုး ၀တ်ဆင်ချင်ရင်လဲရတယ်။ အနောက်တိုင်း ဘောလုံးပွဲ အားပေးလို့လဲ ရတယ်။ အဲဒါ သင့်တင့် လျှောက်ပတ် မွန်မြတ်ခြင်းပဲ မဟုတ်လား။ အဲ..ယေဘုယျအား ဖြင့်တော့ ကျွန်တော်ဟာ မြန်မာတစ်ယောက်လို့ ကိုယ့်ကို ကိုယ် လက်ခံတယ်။ ဒီတော့ မြန်မာလိုပဲ ပြောတယ်။ မြန်မာလို ၀တ်တယ်။ ခု ခင်ဗျားတွေ့တဲ့ အတိုင်းပဲ။ ဒါပေမယ့် အစားအသောက်စားတာတို့ ၊ ၀တ်ပြုကိုး ကွယ် တာတို့ ကို တော့ အစလာမ်ဘာသာ သက်ဝင် ယုံကြည် တဲ့ အတွက် ခင်ဗျား တို့နဲ့ မတူ ကွဲပြားမှုရှိနေမှာပဲ။ ဒီတော့ ခင်ဗျားကျွန်တော့်ကို ဘာအတွက်မုန်းနေသေးတာလဲ။

    ထိုသူ။ ။ အင်း ငါလဲ မသိဘူး။ ဘာကြောင့်မုန်းမှန်း။ ဒါပေမယ့် မုန်းတယ်။ အင်း.. ငါပြန်စဉ်းစားရမယ် ထင်တယ်။

    ကျွန်တော်။ ။ ခင်ဗျား သဘောပါပဲ။ ခင်ဗျားမှာလွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတာပဲ။ တစ်ခုတော့ ထပ်ပြောချင် သေးတယ်။ ကမ္ဘာ မှာ လူမျိုးကြီးဝါဒဆိုတာ ဒုတိယ ကမ္ဘာ စစ်နဲ့ အတူကျဆုံးခဲ့ပြီးပြီ။ မျက်မှောက် ယဉ်ကျေးတဲ့ ကမ္ဘာသစ်မှာ လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးထက်သာတယ် ဆိုတဲ့ အတွေးအခေါ်ကို ဦးဏှောက်ရှိသူတိုင်း ပညာတတ်သူတိုင်း လက်မခံကြတော့ဘူး။ မတူကွဲပြား မှုကို အလှတရားလို့ သတ်မှတ်ဖေါ်ဆောင် လာကြတဲ့ ပိုမိုယဉ်ကျေးလာတဲ့ လူ့အသိုင်းအ၀ိုင်းမှာ အသားအရောင်၊ ကိုးကွယ်ရာ ဘာသာတရား၊ လိင်ကွဲပြားမှု၊ ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးတမ်း တွေအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံ မှု ပြုလုပ်ခြင်းဆိုတာ နိဌိတံ ခဲ့ပြီး။
    ခင်ဗျားကို ဥပမာ တစ်ခုပေးမယ်။ ခင်ဗျား ပန်းဥယျာဉ် တစ်ခုထဲ ၀င်သွားတယ် ဆိုပါတော့။ အဲဒီမှာ အ၀ါရောင် ပန်းတစ်မျိုးတည်း ဆိုက်ထားတယ် ဆိုပါဆို့။ ခင်ဗျား တစ်ခဏ တော့ လှမယ် ထင်လိမ့်မယ်။ ပြီးရင် ဒီအ၀ါရောင်ပန်းတွေကို ကြည့်ပြီး ခင်ဗျား ညည်းငွေ့သွားလိမ့်မယ်။ ကဲ ခင်ဗျားမျက်စိထဲ မြင်ယောင်ကြည့်စမ်း။ အဲဒီ ပန်းဥယာဉ်မှာ ရောင်စုံ ခြယ်တဲ့ ပန်းကလေးတွေ အတန်းလိုက် စီစီရီရီ စိုက်ပျိုးထားတယ် ဆိုပါစို့။ ဘယ်လောက်တောင် မျက်စိပသာဒ ဖြစ်လိမ့်မလဲ။ ဒီလိုပဲပေါ့ လူမှာလဲ ကွဲပြားခြားနားမှုရှိမယ်။ ဖြူမယ်၊ မဲမယ်၊ ညိုမယ်၊ ၀ါမယ်။ ကိုးကွယ်ရာ ကွဲပြားမယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ လက်ခံကျင့်သုံးကြမယ်။ နောက်ပြီး ဒီလူတွေက အချင်းချင်းချစ်ကြည် ရင်းနှီးကြမယ်။ ယိုင်းပင်းကူညီ ကြမယ်။ မတူညီမှုတွေကို အလှတရားလို့ ခံယူပြီး တစ်ပါးသူတွေရဲ့ ကွဲပြားခြားနားမှု ကိုနားလည် ပေးဖို့ ကြိုးစားပေးမယ်။ ကဲ..စဉ်းစားကြည့်စမ်း။ ဘယ်လောက် သာယာ ကြည်နှုးစရာ ဖြစ်မယ့် လူ့ဘောင် အသိုင်းအ၀ိုင်း ဖြစ်လာလိမ့်မလဲ။ အဲဒီအခါ ကျွန်တော်တို့ စစ်ပွဲတွေ မလိုတော့ဘူး။ သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိတော့ဘူး။ လူ့တန်ဘိုးကို လေးစားပေးတဲ့ စိတ် လူတိုင်းမှာရှိလာလိမ့်မယ်။ ခင်ဗျားလဲ လူထဲက လူတစ်ယောက်ပဲ။ လူဆိုတာကို တန်ဘိုးထားတတ် မယ်ဆိုရင် လူဟာ သူ့ဘာသူ ဘာပဲဖြစ်နေ ဖြစ်နေ အခြေခံ လူ့တန်ဘိုးကို နားလည် ခံစားပေးတတ်ဖို့ လိုတယ်။ ကျွန်တော် ကိုယ်တိုင်လဲ လူပီသစွာ နေထိုင်ဖို့ ကြိုးစားနေတယ်။ ခင်ဗျားကိုလဲ အဲလို စိတ်ထားတတ်ဖို့ တိုက်တွန်းချင်တယ်။ ဒီလောက်ပါပဲ။

    ဒုတိယနေ့

    ထိုမိန်းကလေး။ ။ အီးမေးလ်မှာ အင်ဗိုက်လက်ခံပေးတဲ့အတွက် ကျေးဇူးပဲနော်အစ်ကို။

    ကျွန်တော်။ ။ ဟာ..ရပါတယ်ဗျာ။ ကျွန်တော်ကလဲ ကျေးဇူးတင်ရမှာပါ။ မိတ်ဆွေ တိုးတာကိုး။ ဒါနဲ့ ညီမက မွတ်ဆလင်မ်လား။

    ထိုမိန်းကလေး။ ။အာာာာာ….ဘာတွေ လာပြောနေတာလဲ။ ကျွန်မက ဘာလို့ မွတ်ဆလင်မ် ဖြစ်ရမှာလဲ။ ဒီကုလား တွေကဒီလောက် မုန်းဖို့ကောင်းတာ။ အစ်ကိုမို့ မွတ်ဆလင်မ်လား မေးရက်တယ်။

    ကျွန်တော်။ ။ ဗျာ…ကုလားဆိုရင် မုန်းတယ်။ ဟုတ်လား။ မွတ်ဆလင်မ်ကို ကုလားလို့ ညီမတို့ သတ်မှတ်ထား တယ်ဆို၊ အစ်ကိုလဲ ကုလားပဲ။ အဲတော့ အစ်ကို့ကိုမုန်းရင် ဘလော့ဂ် ပြန်လုပ်သွားလို့ ရတယ်ညီမ။

    ထိုမိန်းကလေး။ ။ဟာ..ဟုတ်လားအစ်ကို။ ဆောရီးနော်. အားနာစရာပဲ။ အစ်ကိုက မုန်းဖို့ကောင်းမယ့် ကုလားတော့ ဖြစ်ဟန် မတူပါဘူး။ ခင်လို့ရတယ်မလား။

    ကျွန်တော်။ ။ ခင်လို့ရတာပေါ့ဗျာ။ ကျွန်တော်က ညီမဘယ်သူ ဖြစ်ဖြစ် မမုန်းဘူးပဲဟာ။ လူလူချင်း ခိုင်လုံတဲ့ အကြောင်းကိစ္စ မရှိပါပဲနဲ့ ဘာအတွက်မှ မုန်းစရာ မလိုဘူးလို့ ခံယူထားတာပဲ။ ဒါနဲ့ ညီမက ဘာလို့ မွတ်ဆလင်မ် ကို မုန်းရတာလဲ။

    ထိုမိန်းကလေး။ ။ အင်း..အသေအချာတော့ မသိဘူး။ ငယ်ငယ်ကတည်းက ကုလားတွေအကြောင်း အမေတို့ ပြောပြတာ ကြားဖူးတယ်။ တစ်ချို့ ဘုန်းဘုန်းတွေလဲ ပြောဖူးတယ်။ ပြီးတော့ ကျောင်းမှာ သူငယ်ချင်းတွေ ပြောကြတယ်။ သူတို့ပြောသလောက် မွတ်ဆလင်မ် တွေအကြောင်းက မုန်းဆရာတွေချည်းပဲ။ ဥပမာ.. မွတ်ဆလင်မ်တွေက ကျွန်မတို့ မြန်မာ မိန်းကလေးတွေကို မုဒိန်းကျင့်တဲ့ အကြောင်းတွေ၊ လက်ထပ်ပြီး ကုလားဇတ်သွင်းတဲ့ အကြောင်းတွေ။ မိန်းမတွေ အများကြီးယူတဲ့ အကြောင်းတွေ၊ ပြီးတော့ နွားတွေကို တစ်နှစ်တစ်ခါ ရက်ရက်စက်စက် သတ်တယ် ဆိုတဲ့ အကြောင်းတွေပေါ့။ ညီမ ကိုယ်တိုင်တော့ တစ်ခါမှ မကြုံဘူးပါဘူး။ အဲဒါတွေ ကြားပြီးကတည်းက အလိုလိုမုန်းနေတာပါ။

    ကျွန်တော်။ ။ အင်း..ဟုတ်တယ်ဗျ။ အဲဒီလို ကြားဖူးနားဝ သတင်းမှားတွေ ကြောင့် ကျွန်တော်တို့ အချင်းချင်း ကြားမှာ တစ်ခါမှ အချင်းမများဘူးပဲနဲ့ အလိုလို မုန်းတီးနေမိကြတယ်။ အဓိက ပြသနာက ကိုယ်ကြီးပြင်းရာမိသားစု နဲ့ ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းရဲ့ အမြင်ကျဉ်းမြောင်းမှုနဲ့ သတင်းမှားတွေကိုယုံလွယ် တတ်မှုပ။ဲ နောက်ထပ်ပိုဆိုးတာက ငယ်ရွယ်တဲ့သူတွေရဲ့ အသိတွေထဲ တစ်ပါးသူတွေအပေါ် အမုန်းတရားတွေ ရိုက်ထည့်ပေးလိုက်တာနဲ့ မတူကွဲပြားခြားနားမှုကို လက်မခံနိုင်တာတွေက ကြာလာတော့ အမြစ်တွယ်ပြီး ကိုယ်က ပါ အကြောင်းပြချက် အခိုင်အလုံ မရှိပဲ အမုန်းဖြန့်ဝေ တတ်တဲ့ သူတွေထဲ အပါအ၀င် ဖြစ်သွားတာပဲ။ ကျွန်တော်လဲ ငယ်စဉ်ကကြုံဖူးပါတယ်။ မိသားစုက တစ်ခြားဘာသာ တစ်ရားနဲ့ပတ်သက်ပြီး လေ့လာခွင့် မပြုတာ။ တစ်ချို့ဘာသာရေးဆရာ တွေက တစ်ခြားဘာသာရဲ့ မကောင်းရာ မကောင်းကြောင်းတွေ ကိုသာ ကျွန်တော်တို့ကို သင်ကြားပေးတာ။ သေချာလေ့လာ စူးစမ်းမှု မပြုပဲ ကိုယ်မကိုးကွယ်ရာ တခြားဘာသာတရား ကို အပုတ်ချတဲ့ စာပေမျိုးတွေနဲ့ ရင်းနှီးနေခဲ့ရတာ။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ရင်ထဲကို အမုန်းရဲ့ သစ်ပင် စိုက်ပျိုး ပေးလိုက်တာပဲ။ အဲဒီ အမုန်းသစ်ပင်လေးက တဖြည်းဖြည်းကြာလာတော့ အပြင်သတင်းမှားတွေရဲ့ ပျိုးထောင်ပေးမှု၊ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးမုန်းတီးမှု ဖန်တီးလိုသူတွေရဲ့၊ အမုန်းမြေသြဇာ ကျွေးမွေးမှု၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဘာသာတရားကို ခုတုံး လုပ်လိုတဲ့ နိုင်ငံရေးသမား မိစ္စာ ၀ါဒီ တွေရဲ့ ၀ါဒမှိုင်းပေးမှု၊ ဘာသာရေးခေါင်းဆောင် လို့ သမုတ်ခံရတဲ့ လူတစ်ချို့ရဲ့ အမြင်ကျဉ်းမြောင်း တဲ့ သွန်သင်ပေးမှု တွေကြောင့် တဖြည်းဖြည်းရင့် မှာလာပြီး အမုန်းတရားက ခင်ဗျားတို့ ကျွန်တော်တို့ ရင်ထဲ ခြေခြေမြစ်မြစ် နဲ့ နှက်နှက်ရှိုင်းရှိုင်း အမြစ်တွယ် သွားတာပဲ။ တကယ်တမ်းတော့ ဘာသာတရားတွေက ပြသနာမဟုတ်ဘူး။ ဘာသာတရားတွေ ဆိုတာ အလွန်ကို သန့်စင်မွန်မြတ်ပြီး ချစ်စရာ ကောင်းတဲ့ ဓမ္မ၊ သီလနဲ့ သမာဓိတွေကို လူတွေရင်ထဲရိုက်သွင်းပေးပြီး ကျွန်တော်တို့ကို လူကောင်းလူမွန်တွေ ဖြစ်လာဖို့ ပြုပြင်ပေးတဲ့ တရားတွေပါ။ တကယ်တမ်းပြသနာ ကဘာသာဝင်ဆိုပြီး ဘာသာတရားကို ကပြောင်းကပြန် လိုက်နာတဲ့ so called ဘာသာဝင်တွေနဲ့ ကိုယ်ကျိုးရှာ ဘာသာရေး နိုင်ငံရေး ခေါင်းဆောင်တွေပဲ။

    ထိုမိန်းကလေး။ ။ ကျေးဇူးပါအစ်ကို၊ တွေးစရာတွေ အများကြီးရလာတယ်။ အင်းနော်.. တကယ်ဆို ကျွန်မတို့က ဘာအတွက်မုန်းနေကြရမှာလဲနော်။ ဒီ အမုန်းတရားတွေ နိဌိတံသွားအောင် ဘာလုပ်ကြရမှာလဲ။

    ကျွန်တော်။ ။ အင်း ပြောရမယ်ဆို ဒီအဖြေတွေက ဘာသာတရားထဲမှာပဲ ရှိတယ်။ ဘာသာတရား ကလူကို ယဉ်ကျေးအောင်သွန်သင်တယ်။ တစ်ပါးသူရဲ့ အခွင့်အရေးကို လေးစားတတ်ဖို့ ညွန်ကြားတယ်။ သတ္တ၀ါ တွေအပေါ် မေတ္တာ ထားတတ်ဖို့နဲ့ လူလူချင်း ယိုင်းပင်းကူညီကြဖို့ လမ်းညွှန်တယ်။ မေးခွန်းထုတ်ရ မှာက ကျွန်တော် တို့ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကို တစ်ကယ်ရော လေးစားလိုက်နာကြရဲ့လား ဆိုတာပဲ။ ပွင့်လေပြီးသော ဘုရားရှင်တွေ၊ မဟာလူသားတွေ၊ အတွေးအခေါ် က၀ိတွေ အကားလုံးက လူလူချင်း ချစ်တတ်ဖို့နဲ့ စောင့်ရှောက်ကူညီဖို့ ပဲသွန်သင် ညွန်ကြားရင်း သူတို့ဘ၀တွေကို လူတွေ အတွက်စတေး ခဲ့ကြတယ်။ ဥပမာ. ဗုဒ္ဓရှင်ကိုယ်တော်က အန္တတ သတ္တ၀ါတွေကို မေတ္တာထားဖို့ ဆုံးမတယ်။ မိုးဇက် က လူလူချင်း ချစ်ပါ၊ ယိုင်းပင်းပါလို့ သင်ကြားတယ်။ ယေရှု က ရန်သူကိုပင်ချစ်ပါလို့ ဟောကြားသွန်သင်ခဲ့တယ်။ မိုဟာမက် ကိုယ်တော် ကလဲ လူလူချင်းအပေါ်တာဝန် ၀တ္တရားမကျေပွန် သူဟာ ငါ့နောက်လိုက် မဟုတ်ဘူးလို့ ပြောတယ်။ ကဲကြည့်စမ်း သူတို့ နောက်လိုက်ပါဆိုပြီး ကျွန်တော်တို့က တစ်ခြားသူတွေကို အမြဲတမ်း မုန်းတီးဖို့ပဲ ကြံစည်နေကြတယ်။ ကိုယ်နဲ့ ဘာသာမတူတဲ့ သူတွေရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကိုပဲ ကြိုးစား အားထုတ် နေကြတယ်။ တစ်ပါးသူတွေရဲ့ အားနည်းချက်နဲ့ လူတစ်ချို့ရဲ့ အမှားတွေကို ခုတုန်းလုပ်ပြီး လူလူချင်း သွေးချောင်းစီး သတ်ဖြတ်ပွဲတွေ ဖြစ်အောင် ကြိုးပမ်း လုပ်ကြံနေကြတယ်။ စဉ်းစားကြည့်စမ်းပါ။ အခုနပြော ခဲ့တဲ့ မဟာလူသား ဘုရားရှင်တွေက သူ့နောက်လိုက်တွေပါ လို့ပြောပြီး ခုလိုဆိုးသွမ်း နေကြတဲ့ ကျွန်တော်တို့ရဲ့ ပစ္စက္ခ အခြေအနေတွေကို တွေ့ရင် ဘယ်လောက်များ ယူကျုံးမရ စို့နင့် ကြေကွဲ လိုက်ကြမလဲ။ ကဲ..တစ်ကယ်လို့ သာ သူတို့နဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရမယ် ဆိုပါတော့။ ကျွန်တော်တို့က သူတို့ရဲ့ နောက်လိုက်တွေပါ။ သူတို့လမ်းစဉ်တွေကို လေးစားလိုက်နာတဲ့ သူတွေပါလို့ ဘယ်မျက်နှာနဲ့ သွားပြောမလဲ။ တစ်ကယ်တမ်းဆို လူလူချင်း မုန်းတီးမှု ထားရှိခြင်းနဲ့ တစ်ပါးသူတွေ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ကိုင် နေခြင်းဟာ ကိုယ်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားနေတာနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီတော့ အမုန်းလမ်းစကို ရပ်တန့်စေပြီး တစ်ပါးသူအပေါ် မေတ္တာ ထားတတ်တဲ့ စိတ်ထားကို လူတိုင်းသာ မွေးမြူနိုင်မယ် ဆိုရင် ကျွန်တော်တို့လူအချင်းချင်းကြား ပဋိပက္ခ တွေဖြစ်စရာ အကြောင်းကို မရှိတော့ပြီပဲ။ လူတိုင်းတော့ လိုက်နာနိုင်မယ် မဟုတ်ဘူး။ ဒါပေမယ့် ညီမနဲ့ အစ်ကိုကတော့ မလိုက်နာနိုင်စရာ အကြောင်း ရှိမှာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။

    ထိုမိန်းကလေး။ ။ အင်း..ဒီလိုဆိုတော့လဲ ဟုတ်ပါတယ် အစ်ကို။ ညီမ အဲလိုစိတ်ဓာတ်မျိုးမွေးမြူ နိုင်အောင် ကြိုးစားကြည့် ပါ့မယ်။

    တတိယနေ့

    ထိုပုဂ္ဂိုလ်။ ။ သူငယ်ချင်း …တစ်ခုမေးမလို့။ မင်းတို့ မွတ်ဆလင်မ် လူမျိုးတွေ ဘာကြောင့် ဒီလောက်ဆိုးသွမ်း နေရတာလဲ။ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်တာ တွေ့ရင် မင်းတို့ လူမျိုးပဲ။ လူသတ်တာလဲ မင်းတို့ပဲ။ မင်းတို့က အမြဲသွေးဆာ နေတာပဲနော်။ အမြဲတမ်း မွတ်ဆလင်မ် မဟုတ်သူတွေကို သတ်ဖြတ်နေတာပဲ။ ဘာလို့ မင်းတို့ လူမျိုးကဒီလောက် ရက်စက် ရတာလဲ။

    ကျွန်တော်။ ။ ဒီမှာ…သူငယ်ချင်း။ သူငယ်ချင်းက ရိုးရိုးသားသား သိချင်လို့ မေးတာဆိုရင် ကျွန်တော် ဖြေပါ့မယ်။ ပထမဆုံး ပြောချင်တာက မွတ်ဆလင်မ်ဆို တာလူမျိုး တစ်မျိုးကို ရည်ရွယ်ပြီးခေါ်တာမဟုတ်ဘူး။ အစ္ဂ္စလာမ်သာသနာ ကိုသက်ဝင်ယုံကြည်တဲ့ သူတွေကို ခေါ်တာ။ အစ္ဂ္စလာမ် ဆိုတာ ငြိမ်းချမ်းခြင်း ဆိုတဲ့ အဓိပါယ် သက်ရောက်တယ်။ မွတ်ဆလင်မ်ဆိုတာက အဲဒီငြိမ်းချမ်းရေးလမ်းစဉ် ကို ဖ၀ါးခြေထပ် လိုက်နာတဲ့ အမိန့်နာခံသူများ လို့ အဓိပါယ်ရတယ်။ အဲဒီတော့ တကယ့်မွတ်ဆလင်မ်ဆိုတာက အခုနခင်ဗျားပြောတာတွေ နဲ့ ဖီလာဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေ။ လူလူချင်း လေးစား ချစ်ခင်သူတွေ။ အဲဒီလို သူမျိုးတွေကို ခေါ်တာ။ ဒါပေမယ့် တစ်ချို့သော မွတ်ဆလင်မ်ပါ ဆိုတဲ့ သူတွေရဲ့ လုပ်ရပ်ကြောင့် အစ္ဂ္စလာမ် သာသနာအပေါ် တစ်ပါးသူတွေရဲ့ အမြင်တိမ်းစောင်းမှုခံနေရတာက အလွန်ကို ၀မ်းနည်းစရာကောင်းတဲ့အရာပဲ။ ခုန ခင်ဗျား စွပ်စွဲနေသလိုပေါ့။

    ထိုပုဂ္ဂိုလ်။ ။ ကျွန်တော်စွပ်စွဲ နေတာမဟုတ်ဘူးလေ။ အဖြစ်အပျက်တွေ အပေါ်အခြေခံပြီး ပြောတာလေ။ ခင်ဗျားကြည့်လေ။ အသေခံပြီး ဗုန်းခွဲသတ်ဖြတ်နေကြတာလဲ ခင်ဗျားတို့ မွတ်ဆလင်မ် တွေပဲ။ အခြား ဘာသာတရားတွေရဲ့ အမွေအနှစ်တွေကို ဖျက်စီးနေတာလဲ ခင်ဗျားတို့မွတ်ဆလင်မ်ပဲ ။ အခုလဲ နေရာတိုင်းမှာ ပြသနာတွေ ရှာနေကြတာလဲ ခင်ဗျားတို့ မွတ်ဆလင်မ်တွေပဲ မဟုတ်လား။

    ကျွန်တော်။ ။ သူငယ်ချင်း..။ ခုလေးတင်.. ကျွန်တော် ရှင်းပြခဲ့ပါပြီး ။ မွတ်ဆလင်မ် ဆိုတဲ့ အဓိပါယ်ကို။ ဒီမှာ ကျွန်တော် ပြောမယ်။ ဘာသာတရားနဲ့ လူမျိုး ကို ခင်ဗျား ခွဲခြားပြီး ရှုမြင်စေချင်တယ်။ လူမျိုးဆိုတာ ပြောင်းလဲ လို့မရတဲ့ မွေးရာပါဗီဇ တရားပဲ။ ဘာသာတရားဆိုတာက ပြောင်းလဲလို့ရတဲ့ လူတွေရဲ့ ရပ်တည်ချက် နဲ့ ယုံကြည်မှုပဲ။ ဒီတော့ နိုင်ငံတစ်ချို့က လူမျိုးတစ်ချို့ ရဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး မွတ်ဆလင်မ်တွေ ဆိုတဲ့ ဘာသာတရား အပေါ် ယိုးစွပ် အပစ်တင်လို့မရဘူး။ ဥပမာ ဗုဒ္ဂ္ဓဘာသာ ဆိုတာ ဗမာလူမျိုးက ပိုင်တာမဟုတ်ဘူး။ ဗုဒ္ဂ္ဓရှင် ကိုယ်တော်ရဲ့ လမ်းစဉ်ကို ယုံကြည်တဲ့ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ပြောရမယ်ဆိုရင် အာရပ် လူမျိုးတစ်ယောက်က ဗုဒ္ဂ္ဓ ဘာသာကို ယုံကြည်ကိုးကွယ်လိုက်လို့ ဗုဒ္ဂ္ဓ ဘာသာ မြန်မာလူမျိုး ဖြစ်မသွားဘူး။ သူက ဗုဒ္ဂ္ဓဘာသာ အာရပ်လူမျိုးပဲ။ ထိုနည်းလည်းကောင်းပဲ အင်္ဂလိပ်ကြီးတစ်ယောက် က ဗုဒ္ဂ္ဓ လမ်းစဉ်ကို သဘောကျလို့ သံဃာ အဖြစ်ခံယူမယ်ဆိုရင်လဲ ဗုဒ္ဂ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီး ဖြစ်မသွားပဲ ဗုဒ္ဂ္ဓဘာသာ အင်္ဂလိပ် ဘုန်းတော်ကြီးပဲ ဖြစ်နေမှာပဲ။ ဒီလိုပဲ ဗမာလူမျိုးကလဲ အစ္ဂ္စလာမ် ဖြစ်နိုင်တယ်။ ကရင် လဲ ဖြစ်နိုင်တာပဲ။ အာရပ်လဲ ဖြစ်နိုင်သလို၊ ဂျာမန်လဲ ဖြစ်နေနိုင်တာပဲ။ ဒီတော့ အဲဒါကို အရင်ရှင်းရှင်းလင်းလင်း မြင်စေချင်တယ်။
    ပြီးတော့…. ဆက်ပြောချင်တာက ခင်ဗျားအခုနပြောတဲ့ အသေခံဗုန်းခွဲ မှုတွေ အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေက အာရပ်ကမ္ဘာ နဲ့ မွတ်ဆလင်မ် တိုင်းပြည်တစ်ချို့ မှာဖြစ်နေတယ် ဆိုတာ ကျွန်တော် မငြင်းဆန်ပါဘူး။ ဒါပေမယ့် ခင်ဗျားကို ပြောပြချင်တာက အာရပ်ဆိုတိုင်း မွတ်ဆလင်မ် မဟုတ်ဘူး။ အာရပ်တွေမှာ လဲ မွတ်ဆလင်မ် မဟုတ်သူ ခရစ်ယာန်တွေ၊ ဂျူးလူမျိုး တွေနဲ့ ဗုဒ္ဂ္ဓဘာသာဝင်တွေ ရှိကြသေးတယ်။ နောက်တစ်ခုက ဖြစ်ရပ်တိုင်းမှာ အကြောင်းတရားတွေဆိုတာ ရှိတယ်။ ဘာလို့ အသေခံဗုန်းခွဲ မှုတွေ ဖြစ်နေတာလဲ။ ခင်ဗျား စဉ်းစားကြည့်ဘူးလား။ ခင်ဗျားကိုယ်တိုင်ကော အသေခံ ဗုန်းခွဲ မယ်လို့ စဉ်းစားဘူးလား။ သေချာတယ်။ ခင်ဗျား ဘယ်တုန်းကမှ စဉ်းစား ၀ံ့မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ လူဆိုတာ အသားနာရမှာကို အင်မတန်ကြောက်ပြီး ကိုယ့်အသက်ကို အင်မတန်မှ တန်ဘိုး ထားတတ် ကြတာကိုး။ ဒီအတိုင်းပဲ… ဟိုလူတွေကလဲ လူသားတွေပဲ။ ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သေခြင်းတရား ဆိုတာကို ကြောက်ရွံကြတယ်။ ခုလို အသေခံဗုန်းခွဲလိုက်လို့ ဆိုးဆိုးရွားရွား သေသွားမှာကို သူတို့ လဲ ထိတ်လန့် တုန်လှုပ်ကြမှာပဲ။ ဒါပေမယ့် ဘယ်အကြောင်းတရားက သူတို့ကို ခုလို လုပ်ဖို့ တွန်းအားပေးတာလဲ။ ခင်ဗျားသိလား။ ဥပမာ ပြောပြမယ်…။ ပါလက်စတိုင်းတွေ.. သူတို့မြေကို အလုခံရတယ်။ သူတို့ မိသားစုတွေ အသတ်ခံရတယ်။ သူတို့ကို ရက်ရက်စက်စက်ဖိနှိပ်တယ်။ ပါလက်စတိုင်း လူမျိုးမှန်ရင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတယ်။ ဘယ်အချိန်မဆို အစ္ဂ္စရေးလ် အဆိုးရရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ အဖမ်းခံ အသတ်ခံရနိုင်တယ်။ သူတို့ မျက်စေ့ရှေ့မှာ သူတို့ အမေတွေ နှမတွေ မုဒိန်းကျင့်ခံရတယ်။ ဆေးဝါး ရိက္ခာ တွေ၊ နိုင်ငံတကာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖြတ်တောက်ခံရပြီး အငတ်ခံနေရတယ်။ ယုတ်စွအဆုံး သူတို့ အသက်ရှင်သန်ဖို့ သောက်သုံးနေရတဲ့ မြစ်ရေကို ပိတ်ထားပြီး ရေဖြတ်ခံထားရတယ်။ သူတို့မျက်စေ့ရှေ့မှာ သူတို့ ရင်သွေးလေးတွေ ကူကယ်ရာမဲ့ တဖြုတ်ဖြုတ်သေဆုံးနေတယ်။ မိဘတွေနဲ့ ဘိုးဘွားတွေ ရိက္ခာပြတ်လတ်လို့ အားအင်ကုန်ခမ်းပြီးနာမကျန်း ဖြစ်နေတာ ကုသခံခွင့် မရရှာပဲ သေဆုံးနေကြရရှာ တာကို ရင်နာနာနဲ့ မြင်နေရတယ်။ မနက်အလုပ်သွားတဲ့ အဖေက လမ်းမှာ မင်္သကာလို့ အဖမ်းခံရရင် တစ်သက်လုံးပြန်လာခွင့် မရရှာတော့ဘူး။
    ကဲ အဲဒီအခြေအနေတွေမှာ အသက်ရှင်နေရင်လဲ သူတို့ ဘာမှမထူးဘူး။ သူတို့မှာနာကျည်းစရာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတယ်။ ဒီတော့ ရှင်သန်ခြင်းမှာ မျှော်လင့်ချက် မရှိတော့တဲ့ အခါ အာဇာနည် အဖြစ်သေဖို့လမ်းကို သူတို့ရွေးလိုက်ကြတယ်။ ဒါကို အကြမ်းဖက်မှုလို့ ပြောမလား။ ဒီလုပ်ရပ်တွေ ဖြစ်လာအောင် ဖန်တီးပေးနေတဲ့ လမ်းစဉ်တွေကို အကြမ်းဖက်မှုလို့ ခင်ဗျား ဆိုမလား။ ကျွန်တော်ထောက်ခံပါတယ်။ တစ်ချို့ဖြစ်ရပ်တွေက နိုင်ငံရေးသမားတွေရဲ့ အသုံးချခံရတယ် ဆိုတာကို။ သူတို့မှာ ပညာရေးမှ မရရှိရှာပဲ။ သူတို့ မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ ဂုဏ်သိက္ခာ တွေ လုယက်ခံ လိုက်ရပြီပဲ။ ဒီတော့ သူတို့ အလွယ်တကူပဲ အသုံးချခံ အဖြစ်ခံလိုက်ကြတာ၊ အသက်ကို စတေးလိုက်ကြတာ ခင်ဗျားထူးစမ်းတယ် ၊ ရူးနှမ်းတယ် လို့ပြောမလား။ အမျိုးသားရေးဆိုတဲ့ စကားရပ်ရဲ့ အောက်က အကြမ်းဖက်မှုကြောင့် ခင်ဗျားမိသားစုဝင်တွေ အသက်ပျောက်ကုန်မယ် ဆိုလို့ရှိရင်ကော ခင်ဗျား ဘာလုပ်မိမှာလဲ။

    ကဲ..အဲဒါကတစ်ပိုင်း။ နောက်တစ်ခုက အီရတ်မှာ။ မခိုင်လုံတဲ့ ဇီဝလက်နက် ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က ၀င်ပြီး ဗုန်းကြဲတာ။ ဒါက ရေနံကိုအချောင်ရချင်လို့ တိုက်တဲ့ စစ်ပွဲဆိုတာ ဦးဏှောက်ရှိသူတိုင်း သိတယ်။ ဒီလိုနဲ့ သူတို့ဝင်တိုက်ပြီး တိုင်းပြည်ကို အပိုင်စီးတဲ့ဖြစ်ရပ်မှာ အပစ်မဲ့ပြည်သူ သန်းချီပြီး သေဆုံးခဲ့ရတယ်။ ဒီတော့ ကျန်ရစ်သူမိသားစုတွေက ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပေးတဲ့ ကျေးဇူးရှင်ကြီးတွေဆိုပြီး အမေရိကန်စစ်သားတွေကို ထိုင်ရှိခိုးနေကြရမလား။ ဒါမှမဟုတ်ကိုယ့်မိသားစု ၀င်တွေကို သတ်ဖြတ်တဲ့ သူတွေကို လက်စားပြန်ချေကြမလား။ ခင်ဗျားက သူတို့ သတ်ဖြတ် ညှင်းပန်းခံနေရတာ ကိုမသိဘူး။ ဘယ်သိမလဲ။ ခင်ဗျားတို့ ကျွန်တော်တို့ စားသုံးနေတဲ့ မီဒီယာက သူတို့ပိုင်လေ။ သတင်းကလဲ တစ်ဖက်သတ် သတင်းတွေလေ။ အီရတ် လူမျိုးတွေက ခဲလုံးနဲ့ ပြန်ပေါက်ရင် ရက်စက်တဲ့ အကြမ်းဖက်သမားတဲ့။ အမေရိကန်ကတော့ ဗုန်းကျဲချတာက အမေရိကန် တိုင်းပြည်နဲ့ လူမျိုးလုံခြုံရေးတဲ့။ မီဒီယာက အဲလိုတွေဖေါ်ပြတယ်။ ကိုလိုနီ ခောတ်ကလိုပေါ့၊ တိုင်းပြည်ကို ကာကွယ်ခဲ့တဲ့ ဆရာစံနဲ့ တော်လှန်ရေး နောက်လိုက် တွေက သူပုန် ဆိုတဲ့ ကင်ပွန်းတပ်ခံရပြီး အင်္ဂလိပ်တွေရဲ့ ခေါင်းဖြတ် သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေ အတွက်တော့ သူတို့က ဟီးရိုးပဲ။
    နောက်ထပ် ခင်ဗျားပြောတဲ့ စကားထဲမှာပါတယ်။ ပြသနာတွေ ဖြစ်နေတာက အရှေ့အလယ်ပိုင်းလို မွတ်ဆလင်မ်တွေ အနေများပြီး သဘာဝ သယံဇာတတွေတဲ့ နိုင်ငံတွေနဲ့ အာဖဂန်နဲ့ ပါကစ္စတန်လို ပထ၀ီ အနေအထားအရ မဟာဗျူဟာ ကျတဲ့ နေရာမျိုးတွေ။ ခင်ဗျား စဉ်းစားတတ်ရင် သိနိုင်ပါတယ်။ ဘာလို့ အဲဒီနေရာတွေမှာ ပြသနာတွေ ဘာလို့ဖြစ်နေတာလဲ။ အနောက်နိုင်ငံတွေရဲ့ အလွန်အမင်း လိုအပ်နေတဲ့ စွမ်းအင် နဲ့ သယံဇာတ ပြသနာတွေနဲ့ ဘယ်လိုဆက်စပ်နေလဲ။ မွတ်ဆလင်မ် တွေကို အကြမ်းဖက်သမားပါလို့ သမုတ်ခြင်းအားဖြင့် အမေရိကန်နဲ့ အနောက်တိုင်းက ဘယ်လို အကျိုးအမြတ်တွေ ရနေလဲ။ မီဒီယာတွေက ဘာလို့ အကွက်ကျကျနဲ့ မွတ်ဆလင်မ်တွေကို အကြမ်းဖက်သမားတွေ အဖြစ်ပုံဖေါ်နေလဲ။ အဲဒါတွေကို သိချင်ရင် ခင်ဗျား Social Science နဲ့ Concurrent Global Politic ကို လေ့လာရင် အလွယ်တကူသိနိုင်တယ်။
    ဥပမာ တစ်ခုပေးမယ်ဗျာ..။ စစ်အေးကာလတုန်းက ဟောလီးဝုဒ် ရုပ်ရှင်တွေကို ခင်ဗျား ကြည့်ရင် အဲမှာ လူဆိုးတွေ ဗီလိန်တွေ အားလုံးက ရုရှားတွေပဲ။ ဘာလို့လဲဆို တော့ အမေရိကန်က ဆိုရှယ်လစ်ဝါဒကို အပြုတ်တိုက်ချင်တော့ ၀ါဒမှိုင်းကို မီဒီယာနဲ့ ဖြန့်တာကိုး။ ဟော အခုကြည့် ဟောလီးဝုဒ်ရုပ်ရှင် တိုင်းမှာ လူဆိုးတွေက အာရပ်တွေပဲ။ ဒါတွေကို ကြည့်ဖန်များတော့ ခင်ဗျားတို့ ခေါင်းထဲမှာ မစဉ်းစားပဲ နဲ့ မွတ်ဆလင်မ်ဆိုရင် လူဆိုးတွေလို့ အလွယ်တကူ လက်ခံလိုက်တယ်။ ဒီတော့ အကျိုးအမြတ်က ဘာရလဲဆိုတော့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက မွတ်ဆလင်မ် တိုင်းပြည်တွေကို ကျူးကျော်ပြီး သယံဇာတတွေအပေါ် အမြတ်ထုတ်လို့ရှိရင် တစ်ခြားသူတွေက လူဆိုးတွေကို နှိမ်နှင်းတာလို့ မြင်ပြီး အမေရိကန်နဲ့ အနောက် ကမ္ဘာက နေရင်းထိုင်ရင်း ကမ္ဘာ ကြီးကို ကယ်တင်တဲ့ ကယ်တင်ရှင်တွေ ဖြစ်သွားပါလေရော။ ဘယ်လောက်ကောင်းလဲ ( Cross-Cutting) တစ်ချက်ခုတ်. အပိုင်းပိုင်း ပြတ်ပဲလေ။

    ထိုပုဂ္ဂိုလ်။ ။ ဟုတ်ပါပြီ။ ဒါကိုတော့ ကျွန်တော် လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဘာလို့ အခြားဘာသာ ၀င်တွေရဲ့ သာသနိက အစောက်အဦ တွေကို ဖျက်စီးရတာလဲ။ ဘာလို့ မဆိုင်တဲ့ အပစ်မဲ့သူတွေကို သတ်ဖြတ်ရတာလဲ။

    ကျွန်တော်။ ။ အိုကေ။ ကျွန်တော် ရှင်းပြ ပါရစေ။ ဗုဒ္ဓ ဘာသာဝင် တွေ အရက်ဆိုင် တစ်ဆိုင်မှာ အရက်ထိုင်သောက် နေတာကို တွေ့တာနဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အားလုံးက အရက်သမားတွေ လို့ စွပ်စွဲလို့ ရမလား။ ဗုဒ္ဓဘာသာက အရက်သောက်တာကို ခွင့်ပြု လက်ခံထားတယ်လို့ ခင်ဗျားဆိုလို နိုင်မလား။ ဘယ်လိုမှ ပြောလို့မရဘူး။ ဗုဒ္ဓသာသနာ ဟာအလွန်ကို သန့်စင်မွန်မြတ်သလို သီလ တရား ကိုခါးဝတ်ပုစိုး လိုစောင့်ထိန်းခိုင်းတယ်။ ဒီတော့ကာ ဟိုအရက်သောက်နေတဲ့ သူတွေဟာ ဗုဒ္ဓ ရဲ့လမ်းစဉ်ကို လိုက်နာကျင့်သုံး နေတဲ့ သူတွေမဟုတ်ဘူး ဆိုတာ အလွယ်တကူ သိနိုင်တယ်။ သူတို့ရဲ့ ဘာသာတရားနဲ့ ဖီလာ ဆန့်ကျင်တဲ့ ကျင့်သုံးလုပ်ဆောင်မှု တွေကြောင့် သူတို့ လက်ခံထားပါတယ်ဆိုတဲ့ သာသနာရဲ့ ပုံရိပ်ပါ ထိခိုက်လာတယ်လေ။ ဒီလိုပဲပေါ့ မွတ်ဆလင်မ် ပါဆိုတဲ့ တစ်ချို့သော သူတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် လူများစုဖြစ်တဲ့ အေးချမ်းစွာ နေထိုင်လိုတဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ကျွန်တော်တို့ မွတ်ဆလင်မ် အများစုကြီးနဲ့ ဘာသာတရားရဲ့ ပုံရိပ်ပါ ထိခိုက်ရတယ်။
    ခင်ဗျား ရည်ညွန်းနေတာက အာဖဂန်နစ္စတန် မှာ အစွန်းရောက်တဲ့ လူတစ်ချို့က ဗုဒ္ဓ ရုပ်ပွါးတော်ကို ဖျက်စီးတဲ့ လုပ်ရပ်ရယ်၊ ဘင်္ဂလားဒေ့ရှ်မှာ လူအနည်းစုက ဘုန်းကြီးကျောင်းတွေကို ဖျက်စီးတာရယ်၊နဲ့ တစ်ချို့သော ကိစ္ဓ ရပ်တွေကို ရည်ညွန်းချင်တယ်ဆိုတာ ကျွန်တော်သိတယ်။ ခင်ဗျားက သူတို့ ဖျက်စီးတဲ့ သတင်းပဲ နားထောင်တယ်။ သူတို့လုပ်ရပ်ကို ဆန့်ကျင်ရှုန့်ချတဲ့ ကမ္ဘာ အရပ်ရပ်က မွတ်ဆလင်မ် အဖွဲ့ အစည်းတွေရဲ့ ကြေငြာချက်တွေနဲ့၊ ကမ္ဘာ့မွတ်ဆလင်မ် ထုရဲ့ ကန့်ကွက်တဲ့ အသံတွေကို ခင်ဗျားမှ ဂရုပြု နားမထောင်ပဲ။ ဒါကလဲ ခင်ဗျားအလွန် မဟုတ်ပါဘူး။ မီဒီယာတွေရဲ့ အကွက်ကျကျ လှုံဆော်ဖန်တီး မှုတွေရယ်၊ ကမ္ဘာ့ အလယ်မှာ မွတ်ဆလင်မ်ကို ဘုံရန်သူ လူဆိုးကြီးအဖြစ် ပုံဖေါ်ချင်တဲ့ ဘာသာရေး နဲ့ နိုင်ငံရေး အစွန်းရောက် သမားတွေရဲ့ ၀ါဒမှိုင်း တိုက်မှုတွေရယ် ကြောင့်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အစ္ဓလာမ် ထဲမှာလဲ အစွန်းရောက်တဲ့ သူတစ်ချို့ ရှိတာကို ကျွန်တော်လဲ လက်ခံပါတယ်။ ဒီလိုပဲ ဘာသာတရားတိုင်းမှာ အစွန်းရောက်သူတွေ ရှိတာပဲလေ။ အစ္ဓလာမ့် သာသနိက အစောက်အဦ တွေ လက်ရှိဖျက်စီးခံနေ ရတဲ့ အချိန်မှာ ဖျက်စီးသူတွေကို ဘာလို့ အစွန်းရောက် အကြမ်းဖက်သမားလို့ ဘာလို့ ခင်ဗျားတို့ မပြောလဲ။ ကျွန်တော့် သဘောထားနဲ့ တစ်ကယ့်ကို အစ္ဓလာမ် ကိုလေးစားလိုက်နာ တဲ့သူတွေရဲ့ သဘောထားကတော့ တခြားဘာသာတရား ကို စော်ကားတဲ့ အပြုအမှု လုပ်ရပ်တိုင်းကို ရှုန့်ချတယ်၊ ကန့်ကွက်တယ်။ အဲဒါကို မွတ်ဆလင်မ် ရဲ့ လမ်းစဉ်လို့ မခံယူဘူး။ ထိုနည်းလည်းကောင်းပဲ အခြားဘာသာတရားက အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ရှုံချသလို ဒီလူတွေရဲ့ လုပ်ရပ်ကြောင့် အခြားဘာသာတရား အပေါ် အဆိုးမြင်တဲ့ စိတ်ဓာတ်မျိုးမရှိဘူး။
    ခင်ဗျားကို တစ်ခုပြောမယ်။ ကားတစ်စီးကို ဥပမာပေးကြည့်မယ်။ အရက်မူးသမား တစ်ယောက်က အဲဒီကားပေါ် တက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်တယ်။ လူတွေသေတယ် ဆိုပါတော့။ ဒီတော့ကာ ခင်ဗျားက ကားဆိုတဲ့ အမျိုးကိုက မကောင်းပါဘူးကွာ။ ကားကြောင့် လူတွေသေရတယ်။ ကားတွေကို ဖျက်စီးသင့်တယ်လို့ ကားကို အပစ်တင်မလား။ အရက်မူးပြီး မဆင်မခြင်မောင်းတဲ့ ကားမောင်းသူကို အပစ်တင်မလား။

    ထိုပုဂ္ဂိုလ်။ ။ ဟ..ရှင်းနေတာပဲဗျာ။ ကားမောင်းတဲ့ သူကိုအပစ်တင်ရမှာပေါ့။ ဘာကြောင့် ကားကို မဆီမဆိုင် အပစ်တင်ရမှာလဲ။ ကားက လူကိုအကျိုးပြုတဲ့ အရာပဲဟာ။

    ကျွန်တော်။ ။ အင်း ဒါဆို မွတ်ဆလင်မ်ပါ ဆိုတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် အစ္ဓလာမ် ဘာသာနဲ့ မွတ်ဆလင်မ် အကုန်လုံးကို ဘာကြောင့် သိမ်းကြုံး အပစ်တင်ချင်ရတာလဲ။ အာဖဂန်နိစ် တွေရဲ့ လုပ်ရပ်ကို ခင်ဗျား အပစ်တင်လို့ရတယ်။ အဲဒါ မွတ်ဆလင်မ့် ရဲ့ လမ်းစဉ်မဟုတ်ဘူး။ ထိုနည်း လည်းကောင်းပဲ တစ်ခုခုကို ပစ်တင်ဝေဖန်တော့မယ် ဆိုရင် အကြောင်းရင်းကို ဆန်းစစ်ဖို့ရယ်၊ လူမျိုး၊ ဘာသာဝင်နဲ့ ဘာသာတရားကို ခွဲခြားမြင်တတ်ဖို့ရယ်က အရေးအရမ်းကြီးတယ်။ အကွက်ဆင်ထားတဲ့ သတင်းလိမ်တွေ၊ နိုင်ငံရေး ထောင်ခြောက်တွေ၊ ဘာသာရေးအခြေခံ ပြီး အကျိုးအမြတ်ရှာတဲ့ ၀ါဒတွေ ဒါတွေကို ဆန်းစစ်တတ်ဖို့ လိုတယ်။ နားလည်တတ်ဖို့လိုတယ်။ အကြောင်းအရင်းခံက ဘာလဲဆိုတာ မြင်တတ်ဖို့ နဲ့ အခြေအနေမှန်ကို လေ့လာ ဆန်းစစ်နိုင်ဖို့ ကသတင်းစားသုံးမှုရဲ့ ပဓာန လိုအပ်ချက်ပဲ။ ခင်ဗျားကို ဖြစ်ရပ်တစ်ခု ဥပမာ ပြချင်တယ်။ ၁၉၉၈ တုန်းကလောက်ဖြစ်မယ်။ အမေရိကန်မှာ အိုကလာဟိုးမား က ကုန်တိုက်တစ်ခု ဗုန်းခွဲတိုက်ခိုက် ခံရတယ်။ ချက်ချင်းပဲ ကမ္ဘာ့ မီဒီယာ ထိပ်တန်း သတင်းဌာန တွေက အစ္ဓလာမ်မစ် အကြမ်းဖက်သမားတွေ ရဲ့ လုပ်ရပ်လို့ မဆိုင်းမတွ သတင်းတိုင်းမှာ ဖေါ်ပြတယ်။ အဲဒီ အချိန်တုန်းက မီဒီယာတိုင်းမှာ မွတ်ဆလင်မ် အကြမ်းဖက်သမားတွေရဲ့ အိုကလာဟိုးမား ဗုန်းခွဲမှုကြီး ဆိုတာ ထိပ်တန်း ခေါင်းစည်းသတင်းပဲပေါ့။ တစ်ကယ်တမ်းလဲ ဗုန်းခွဲတဲ့ သူဆိုတာ အမေရိကန် စစ်သားဟောင်း ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဆိုတာလဲ သိရရော။ အဲဒီသတင်းကိုကျတော့ အရေးမကြီး တဲ့ သတင်းတိုလေးအဖြစ်နဲ့ နောက်ကျောမှာ တာဝန်ကျေဖေါ်ပြ ယုံလေးလုပ်ကြတယ်။ ဒါပေမယ့် ခင်ဗျား စဉ်းစားကြည့်ပါ။ အဲဒီအချိန်မှာ အစ္ဓလာမ် တွေရဲ့ အကြမ်းဖက်မှုပါလို့ လူတော်တော်များများ က လက်ခံပြီးနေပြီ။ အစ္ဓလာမ် ကို အဆိုးမြင်နေခဲ့ကြပြီ။ ဒီလိုမျိုး ဖြစ်ရပ်တွေက ဒုနဲ့ဒေး ပဲ။ ကဲပါ ထားပါတော့ ကျွန်တော် တော်တော်ကြီးကို ရှည်ရှည်လျားလျား ရှင်းပြခဲ့ပြီး။ ခင်ဗျား အတိုင်းအတာ တစ်ခုအထိ သဘောပေါက်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

    ထိုပုဂ္ဂိုလ်။ ။ အေးပါ.. ညီလေးရာ။ အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    ယနေ့

    ယနေ့မနက် ကျွန်တော် အိပ်ယာထသည်။ မှန်ကိုကြည့်မိတော့..။ အား..လား…လား..။ ကျွန်တော့် မျက်နှာနဲ့ တစ်ကိုယ်လုံး တပါးသူတွေရဲ့ ဆင်ခြေမဲ့ အမုန်းတွေနဲ့ ပေကျံနေသည်ပဲ။ ရေပန်းနှင့် အားရပါးရ အမုန်းများကို ဆေးကျောပြီးတော့ ကျွန်တော် အတော် ပေါ့ပါးသွားသည်။ ဒီနေ့ မနက်ခင်းကို ကျွန်တော် ရင်ဆိုင် ရဦးမည်ပဲ။ ကိစ္ဓ မရှိပါ။ ကျွန်တော့်တွင် ဘာသာမတူသော်ငြား အတွေးအခေါ်ပွင့်လင်းသော သူငယ်ချင်း မိတ်ဆွေပေါင်း မြောက်များစွာ ရှိသည်ပဲ။ အမုန်းတရား ကင်းစင်သော အနာဂတ် တစ်ခု ဖန်တီး တည်ဆောက်နိုင်ရေး ကျွန်တော်ကော သူတို့ပါ ကိုယ်စီ စိတ်ထဲ ရှိနေကြသည်ပဲ။ ကျွန်တော် ယုံကြည်သည်။
    အသားအရောင် ခြားနား သော်ငြား၊ ဘာသာ မတူသော်ငြား၊ ယဉ်ကြေးမှု ကွဲပြားသော်ငြား၊ ၀ိဝါဒ ထပ်တူမကျငြား၊ ချစ်ကြည်စွါ အတူရှင်တွဲ နေထိုင်သော လူ့ဘောင်လူ့အသိုင်းအ၀ိုင်း တစ်ခုကို ဘာကြောင့် ကျွန်တော်တို့ မထူထောင်နိုင်ကြမည်နည်း။ သေချာပါသည်။ ထိုလှပသော နေ့ရက်များဆီသို့ မကြာခင် ကျွန်တော်တို့ ရောက်ပေလိမ့်မည်။

    (မှတ်ချက်။ ။ အတွေ့အကြုံ နှင့် ဖြစ်ရပ်များအပေါ် အခြေခံပြီး ဇာတ်လမ်းဆင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ မည်သူ့ကိုမှ ထိခိုက်စော်ကား လိုစိတ် အလျင်းမရှိပါ။ ဘာသာပေါင်းစုံချစ်ကြည်ရေး ကိုရည်သန်လျက်)

  • ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ

    ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ

    အရှင်ရာဟုလာ (မစိုးရိမ်)

    “လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

    “မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံ တရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

    အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေး စားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

    ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင် ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက် အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

    အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာ လည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

    အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် – ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား – ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

    အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက် အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

    ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

    ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေ မှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

    ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

    ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေ အပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန် ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံ နဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

    အရှင်ရာဟုလာ (မစိုးရိမ်) ။

  • ကျောက်တော်တွင် ၁၆ နှစ်အရွယ် မွတ်စလင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရ

    ကျောက်တော်တွင် ၁၆ နှစ်အရွယ် မွတ်စလင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရ

    အောက်တိုဘာ ၂၉၊ ၂၀၁၂ (၉း၃၀ နာရီ)

    M-Media

    ဇာဏီ

    ကျောက်တော်မြို့နယ် ခေါင်းဒွက်ရွာသား ရိုဟင်ဂျာ မွတ်စလင် (၁)ဦးအား ရခိုင်အကြမ်းဖက်သမားများက ၂၈ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ ၂၈-ရက်နေ့ နေ့လည် ၁၂-နာရီခန့်တွင် ကျောက်တော်မြို့ ခေါင်းဒွက်ရွာမှ ရိုဟင်ဂျာမွတ်စလင်မ် လူငယ် ၂-ဦးသည် ရွာအပြင်ဘက်တွင် နွားကျောင်းနေစဉ် ရခိုင်အကြမ်းဖက်သမားများရောက်လာပြီး ထိုလူငယ် ၂-ဦးအား ဖမ်းဆီးရာ ၁-ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တစ်ဦးမှာ ရခိုင်အကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြောင်း၊ သေဆုံးသူ အလောင်းကိုလည်းပြန်မပေးဘဲ ဖျောက်ဖျက်ပစ်လိုက်ကြောင်းသိရသည်။

    သေဆုံးသူ ရိုဟင်ဂျာ မွတ်စလင်မ်လူငယ်မှာ မုဟမ္မဒ်ဂျူနိုက် (၁၆-နှစ်)၊ ဘ-မုဟမ္မဒ်ရှား ခေါင်းဒွက်ရွာမှဖြစ်ပြီး ရခိုင်အကြမ်းဖက်သမားများမှာ အလီချွမ်း၊ သာစည်၊ ရွှေပြည်ရွာသစ်၊ ရွှေပြည်ရွာဟောင်းနှင့် မြောက်တောင်ရွာတို့မှ ဖြစ်ကြောင်းသိရသည်

  • ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

    ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

    အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂

    M-Media

    သတင်း-ထွန်းတောက်

    ပေါက်တောမြို့မှ မွတ်စလင်ကျေးရွာများ မိးရှို့ဖျက်ဆီးခံရစဉ်

    ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄) မှ ( ၂၄.၁၀.၁၂)နေ့မှ ရောက်ရှိလာသော ဒုက္ခသည်များကို အမှတ်(၆) အုန်းတောကျေးရွာအနီး ပင်လယ်ကမ်းစပ် နားတွင် မိုးအကာမရှိ မြေပြင်ပေါ်တွင် တိရစ္ဆာန်များသဖွယ် ပစ်ထားကာ ယနေ့အထိ စစ်တွေမြို့မှ ဒုက္ခသည်စခန်းများသို့ ၀င်ခွင့်မပြုသေးကြောင်းသိရပါတယ်။ ထိုအပြင် အစားရေစာ နှင့် ဆေးဝါးကုသမှုလည်း မပေးကြာင်း၊ စစ်သားများ၊ နစက များ၊ရဲ များက ရိုက်နှက်ညှင်းပမ်းမှုများ ပြုလုပ်နေကြောင်းသိရပါတယ်။

    အစာရေစာ ပြတ်လပ်မှု့နှင့် ဆေးဝါးကုသမှု့မရရှိသောကြောင့် ဒုက္ခသည်များ နေ့စဉ် သေဆုံးမှု့များရှိကြောင်း သတင်းရရှိပါသည်။

    ယနေ့ လည်း အသက်ကြီးရွယ်အို တစ်ဦး အလေးသွားပြန်လာရာ နောက်ကျရမှာလား ဆိုပြီး နစက နှင့် ရဲများက ရိုက်နှက်သဖြင့် ထိုလူအိုကြီး သေးဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။ ရခိုင်များအကြမ်းဖက်မှုကြောင့် အသက်လုထွက်ပြေးလာရသော ကမန်တိုင်းရင်းသား နှင့် ရိုဟင်ဂျာ များကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် လက်မခံရန်ပြည်နယ်ဝန်ကြီး ချူပ် ဦးလှမောင်တင် မှ အမိန့်ပေးထားသောကြောင့် လက်အောက် ငယ်သားများက တားဆီးနေရသည်ဟု ပြောပါသည်။

    ရခိုင်အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှု့ကြောင့် ပေါက်တောမြို့နယ်မှ ပျက်စီးဆုံးရှုံးမှုများအား အနီးစပ်ဆုံး သိရှိရသည်မှာ

    သဲစုဒိုင်ကျေးရွာ ၁၃၀
    ရပ်ကွက် (၃) ၅၀၀
     ရပ်ကွက် (၄) ၅၂၀
     ဒုံရွာ ၃၆၀
    လင်္ကာဒီယာကျေးရွာ ၈၇
    ဒိုင်းချောင်း ၃၂၀
    ကန်ရေဟောင်း ၃၁၀
    ရွာသစ် ၄၆၀
    ကွမ်းသီးပြင် ၈၇
    ၁၀ ရွာဟောင်း ၁၃၇
    ၁၁ ရိုးလေးပြင် ၃၁၂
    ၁၂ ထွန်းပြင် ၂၁၈
    ၁၃ ကန်နီပြင် ၃၃၀

    ပေါက်တောမြို့ရှိ ဗလီ(၁၅) လုံး မီးရှို့ဖျက်ဆီးခြင်းခံရကြောင်း သတင်းရရှိပါသည်။ မပျက်စီးသော ရွာ ၅ ရွာမျှသာ ကျန်ရှိကြောင်း၊ ရခိုင်များ မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်သွားသူ လူဦးရေ ၈၆၇၀ ခန့်ရှိကြောင်းသိရှိရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှကြောင့် သေဆုံးသည့် မွတ်စလင်အရေအတွက် များပြားကြောင်း  နှင့်အကြမ်းဖက်မီးရှို့မှု့နှင့်  သတ်ဖြတ်မှုကြောင့် သေဆုံးသူ အေ၇အတွက်အလွန်များကြောင်း ၊ အသေးစိတ် သေဆုံးဒဏ်ရာ ရရှိသူများစာရင်းကို တိကျစွာ သိရှိရန်အတွက် M-Media မှ ထပ်မံ စုံစမ်းလျှက်၇ှိပါတယ်။

    ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။