News @ M-Media

Blog

  • “၆၂ မျိုးဆက် (သို့) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မမေ့အပ်သော သူရဲကောင်း ဦးအောင်မေသု”

    “၆၂ မျိုးဆက် (သို့) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မမေ့အပ်သော သူရဲကောင်း ဦးအောင်မေသု”

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂
    M-Media
    စုစည်းတင်ပြသူ-ပျံလွှား

    ဦးအောင်မေသု (ခ) ဦးသု  (၁၉၄၁ – ၂၀၀၂)
    ဥက္ကဌ (သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ)
    ဥက္ကဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းလှမြို့၊ ပဲခူးတိုင်း)

     

    “အဲဒါပေါ့ဗျ၊ တိုက်လိုက်၊ ရှုံးလိုက်၊ တိုက်လိုက်၊ ရှုံးလိုက်နဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ အောင်ပွဲဆင်ရမယ်” ဆိုသည့် မြန်မာ့ ဒီမိုကရေစီအရေး ဘဝပေး လှုပ်ရှားသူ ကိုအောင်မေသု

    “ဘာသာရေး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာရေး အငြင်းမပွားကြတာ ကောင်းပါတယ်” ဆိုသည့် မြန်မာမွတ်စလင် ကိုအောင်မေသု

     

    ကိုယ်ရေးအကျဉ်း

    -မူလတန်းကျောင်းသားဘဝမှစ၍ ဗ.က.သ သို့ဝင်ရောက်ခဲ့သည်။

    -၁၉၆၀-၆၂ ခုနှစ်တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ)ညီလာခံကိုယ်စားလှယ်-အုတ်ဖိုမြို့နယ် ဥက္ကဌ တာဝန်များထမ်းဆောင်ခဲ့သည်။

    -သာယာဝတီခရိုင် (၈) မြို့နယ် ဥက္ကဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

    -၁၉၆၃ခုနှစ်ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြလူထုချီတက်ပွဲတွင် (၄)ခရိုင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံသို့ ချီတက်ခဲ့ကြသည်။

    -၁၉၆၉၊ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကိုကိုးကျွန်းသို့ အပို့ခံရသည်။

    – ၁၉၇၁၌ ကိုကိုးကျွန်းတိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၍ အင်းစိန်ထောင်သို့ ပြန်ရောက်ရှိခဲ့သည်။

    – ၁၉၇၂၊ဧပြီ ၁၂ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်မြောက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်ရင်လှနှင့် ထိမ်းမြားခဲ့သည်။

    -၁၉၇၆၊ သြဂုတ်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၄၊ ဧပြီတွင် တတိယအကြိမ်ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၈၊ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    -၁၉၈၉၊ သြဂုတ် ၂၄တွင် စတုတ္ထအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး၊ နိုဝင်ဘာ ၆ရက်တွင် ပုဒ်မ(၅) (ည)ဖြင့် အင်းစိန်စစ်ခုံရုံးမှ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သည်။

    -၁၉၉၉၊နိုဝင်ဘာ ၆ရက်နေ့တွင် (၁၀)နှစ်ပြည့်ခဲ့သော်လည်း ပုဒ်မ(၁၀) (က)ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၂၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံဘဝဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။

    -ကွယ်လွန်ချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

    ဦးအောင်မေသု (ခ) ဦးသုရဲ့ နောက်ဆုံးခရီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

     

    ဦးအောင်မေသု ဂုဏ်ပြု ကဗျာများမှ ကောက်နုတ်ချက်များ

     

    “ရဲဘော်နီ အောင်မေသု…သို့
    မြန်မာ့အကျဉ်းထောင်သမိုင်းမှာ
    ကိုကိုးကျွန်းတိုက်ပွဲဟာ
    လွတ်လပ်မှုအတွက်
    ဂုဏ်ရောင်အပြောင်ဆုံး
    မော်ကွန်းထိုးရမယ့်
    အစာငတ်ခံတိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

    မြန်မာ့သမိုင်းမှာ
    ၈၈ အရေးတော်ပုံဟာ
    လွပ်လပ်မှုအတွက်
    မော်ကွန်းတင်တဲ့တိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

    မင်းဖြတ်သန်းသော ခရီးလမ်း
    သမိုင်းက ပေးသောတာဝန်
    မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ
    မင်း…မင်းတာဝန်ကျေပါတယ်ကွာ။
    နီရဲသော အောင်မေသု
    ကောင်းရာသုဂတိ လားပါစေ။”

    (စံဦး (NLD ကျောက်တံခါး)၏ ကိုအောင်မေသု ဈာပနတွင် ရေးဖွဲ့ခဲ့သော ကဗျာမှ ကောက်နုတ်ချက်)

     

    “သာယာဝတီ နရသိန်ကို အရောက်
    (၈)တိုက်ရဲ့ ဝင်းတံခါးပေါက်ကနေ
    ရဲရဲတောက် ကြိုဆိုနှုတ်ဆက်မှု
    ကျွန်တော် အောင်မေသု
    ခု မင်းလှ NLD ဥက္ကဌ
    အရင်က ကျွန်းထိရောက်
    ပြန်လာတဲ့နောက်လည်း
    ထောင်ထဲ တဝဲလည်လည် ခဏ ခဏပေါ့
    ခုလည်း (၁၀ က)တဲ့
    ဘာဆန်းလှမလဲ
    ဒီလိုပဲ သေတဲ့အထိ ချရမှာပေါ့ တဲ့
    ပြုံးစစနဲ့ မထီတရီ ပြောလိုက်သမျှ
    အားရနှစ်ခြိုက်ခြင်းများနဲ့
    လေးစားကျေနပ်မိဖြစ်ခဲ့”

    “မိန်းမဥာဏ် လူတစ်စုလက်ထဲက
    ယောက်ျားအသည်းနဲ့ လူတစ်ယောက်ရဲ့ သမိုင်း
    ဘယ်တော့မှ မရိုင်း ဘယ်တော့မှ မရှုံး…”

    (ရီနေ၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


    “အပွင့်ကြွေတာ
    ဓမ္မတာဆိုပေမယ့်
    လေရိုင်းကြောင့်ဆိုရင်တော့
    ပန်းအတွက်
    ရာဇဝင်ရိုင်းလွန်းတယ်”

    (ဆိုးဆိုး၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


    “၂၅နှစ်တဲ့
    သက်တမ်းတစ်ခုလုံး
    လူထုထံထိုးအပ်
    ထမင်းနဲ့မေတ္တာ
    ထမင်းပဲ အငတ်ခံတော့တာ…

    ရာဇဝင်မှာ
    သူရဲကောင်းပမာ
    အခါခါ ကယ်သတဲ့
    သူ-
    ဗမာ့သမိုင်းမှာ
    အခါခါ ကယ်ခဲ့ပြီ။”

    (ကေလွန်း၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)

     

    မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘဝစတေးခဲ့သော ဦးအောင်မေသု၏ ရဲရဲနီသော ဘဝစာမျက်နှာအချို့

    “သူသည်ကား ၁၉၆၃ ခုနှစ် ခြောက်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲ၊ မင်းလှစစ်ကြောင်းမှ မြို့တော်ခန်းမအထိ ခြေလျင်ခရီးရှည် ချီတက်ဆန္ဒပြပွဲအပြီးတွင် ပုဒ်မ ၅ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းကိုအရောက်၊ ကိုကိုးကျွန်းမှ ကမ္ဘာကျော် ကျွန်းတိုက်ပွဲများပြီးဆုံး၍ အင်းစိန်ပြန်ရောက် ဒူးမထောက်အညံ့မခံသော သူ၏ နရသိန်နေ့ရက်များသည် ရှည်လျားစွ။

    မဆလအာဏာရှင်ခေတ်တစ်လျှောက် ပါတီယူနစ်များကို အာခံခဲ့သည့်အတွက် အသက်အန္တရာယ်ကိုပင် ရန်ရှာခံခဲ့ရသည့်ဖြစ်ရပ်များ၊ နဝတလက်ထက် လယ်မြေအိမ်ခြံများကို သိမ်းပိုက်ဖယ်ရှား၍ ကားလမ်းဖောက်ခြင်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် နဝတ၏ လမ်းစီမံကိန်းတစ်ခုလုံး ဖျက်သိမ်းပေးလိုက်ရသည့်အဖြစ်များ၊ သူထောင်ကျစဉ်အတွင်း သူ့အိမ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ဖြုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်တွင် ထောင်ဝင်စာလာတွေ့သည့် ဇနီးသည်အား “သူတို့အတင်းလာပြီး ဖြုတ်ချရင်တော့ လက်ပိုက်ကြည့်နေ၊ မင်းတို့ သဘောတူညီချက်နဲ့ ဖြုတ်တယ်ဆိုရင် ငါ အိမ်ပြန်လာမှာ မဟုတ်ဘူး”ဟု ဆိုလိုက်သည့်အတွက် သူ့အမျိုးသမီးကလည်း ကျွန်မအမျိုးသား သဘောမတူလို့ မလုပ်နိုင်ဘူးဆိုကာ တင်းခံလိုက်ရာ သူ့အိမ်ရှေ့ရှိ ထိုဆိုင်းဘုတ်လေးသည် ၁၀နှစ်ကျော်ကာလအတွင်း ဆေးသားမှေးမှိန်၍ ဘောင်ရွဲ့စောင်းလျက် မြန်မာပြည်၌ နိုင်ငံရေးလွတ်လပ်မှု မရှိကြောင်း ပြသနေသည့် ဖြစ်ရပ်များ၊ သူထောင်ကျစဉ် ဆယ်နှစ်ပြည့်နေ့က သီးသန့် (က)တိုက်ဆောင်မှ ၁၀နှစ်ပြည့်သူများအားလုံး လွတ်သွားကြပြီး သူ့ကျမှ ပုဒ်မ ၁၀(က)နှင့် ထပ်မံချုပ်ခံရသည့်ဖြစ်ရပ်များ၊ သည်တုန်းက  သူ့ဇနီးသည် ဒေါ်ယဉ်ယဉ်လှ တစ်ယောက် ထောင်ဗူးဝမှာ ရှင်တို့ ကျွန်မယောက်ျားအပေါ်မှာ အငြိုးကြီးလှပါပေရဲ့ ဟုပြောဆိုကာ ကြူကြူပါအောင် ချုံးပွဲချငိုခဲ့ရသည့်ဖြစ်ရပ်များ၊ “ပွင့်ခက်နွယ်”၂၅ စက္ကန့် သို့မဟုတ် ၂၅နှစ်လူသားဆိုသလိုပင် ကိုအောင်မေသု၏ သက်တမ်းထက်ဝက်သည် ထောင်နန်းစံ နရသိန်နှစ်ကာလဖြစ်ခဲ့ရသည့်ဖြစ်ရပ်များစသည်၊ အို- များစွ၊ များစွ။”

     

    (ကျဆုံးခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် စာအုပ်မှ ကောက်နုတ်ချက်)

     

     

  • မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်

    မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်

    စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၂

    M-Media

    ဇေယျာသူ

    မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့သတ်မှတ်လာကြတဲ့ မြန်မာ့မီဒီယာလောကမှာ ရပ်တည်နေကြသူတွေအနေနဲ့ ဗဟုသုတအပြည့်ရှိဖို့လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့နေရာမှာ သိက္ခာရှိစွာ ရပ်တည်နိုင်ဖို့လိုပါတယ်။ ကိုယ့်မီဒီယာနာမည်ကြီးဖို့၊ သတင်းဦးသတင်းထူးကိုဖော်ပြနိုင်ဖို့အတွက် ကြိုးစားသင့်ပါတယ်။ အဲလို ကြိုးစားတဲ့နေရာမှာ သတင်း မှန်ကန်မှုကိုလည်း အထူးအလေးထားပြီး စာဖတ်သူ၊ ကြည့်ရှုသူကို အဆိပ်အတောက်ဖြစ်စေမယ့် စကားလုံးအသုံးအနှုန်း၊ အပြောအဆို၊ အရေးအသားတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်မီဒီယာကနေ သတင်းဦးရေးရပြီးရောဆိုပြီး မပြုလုပ်သင့်ပါဘူး။ သတင်းဦးရပြီးရော မှန်မမှန်မစိစစ်ပဲ ရေးသားဖော်ပြခြင်းဟာ စာဖတ်သူတွေကို စော်ကားမှုတစ်ရပ်ပါပဲ။ ပြီးတော့ ကိုယ့်မီဒီယာက မှားယွင်းဖော်ပြမိပြီဆိုရင်လည်း ရိုးသားစွာပဲ စာဖတ်သူတွေကို တောင်းပန်သင့်ပါတယ်။ ဒါဟာ ကိုယ့်မီဒီယာရဲ့ ရိုးသားစွာ မှားယွင်းမှုအတွက် စာဖတ်သူတွေကို အလေးထားမှုရှိတယ်ဆိုတာကို ဖော်ပြပါတယ်။ နောက်ပြီးတော့ စာအုပ်ပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းပဲဖြစ်ဖြစ်၊ ဂျာနယ်ပဲဖြစ်ဖြစ် အယ်ဒီတာနဲ့ အယ်ဒီတာအဖွဲ့ဝင်တွေဟာလည်း ဗဟုသုတပြည့်ဝသင့်ပါတယ်။ ဥပမာ – ဂျာနယ်တစ်ခုဆိုပါစို့။ ကိုယ့်ဂျာနယ်ရဲ့ သတင်းထောက်ကလည်း ဗဟုသုတအသင့်အတင့်တော့ ရှိသင့်ပါတယ်။ သတင်းထောက်ဆိုတာကလည်း ကိုယ့်ဂျာနယ်က သတင်းဦးဖော်ပြနိုင်ဖို့အတွက် အထူးကြိုးစားပေမယ့် လက်ရှိအဖြစ်အပျက်တစ်ခုတည်းကို မီးမောင်းထိုးရေးသားလိုက်တာထက် သတင်းရဲ့ရင်းမြစ်ကိုလည်းသေချာသိပြီးမှ ရေးသားသင့်ပါတယ်။

    ဒီနေ့မျက်မှောက်ကာလမှာ လူတွေအားလုံးက ကိုယ့်နည်းကိုယ်ဟန်နဲ့ ဂျာနယ်လစ်တွေဖြစ်နေကြပါတယ်။ အခုခေတ်စားနေတဲ့စကားလုံးပုံစံနဲ့ပြောရရင် Community Journalist (CJ) တွေပေါ့။ ကိုယ်တိုင်က ကွန်မြူနတီ ဂျာနယ်လစ်ဖြစ်နေတာကို သိသူ၊ ဂျာနစ်လစ်ဖြစ်နေတာကိုမသိသူပဲ ကွာခြားပါတယ်။ အခုလို နည်းပညာတွေ တိုးတက်လာတဲ့အချိန် အင်တာနက်မှာ ဖော်ပြရေးသားနေကြသူတွေဟာလည်း ကွန်မြူနတီ ဂျာနယ်လစ်တွေပါပဲ။ ဒါကြောင့် မိမိရဲ့ရေးသားဖော်ပြလိုက်မှုဟာ တစ်ဘက်သားကို အဆိပ်အတောက်မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်း၊ မီဒီယာထောင်ပြီး ဂျာနယ်လစ်လုပ်မှ စတုတ္တုမဏ္ဍိုင်ဖြစ်တာမဟုတ်ပါဘူး။ အွန်လိုင်းမှာရေးသားနေကြတာတွေဟာလည်း ကွန်မြူနတီဂျာနယ်လစ်တွေလို့ ကျွန်မမြင်ပါတယ်။ ဒီတော့ ကျွန်မတို့တွေ(လူတိုင်း)ရဲ့ ရေးသားဖော်ပြချက်တွေဟာလည်း စတုတ္တမဏ္ဍိုင်ထဲမှာသက်ဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်သိတဲ့ ကိုယ်ရလိုက်တဲ့ ကိုယ်တွေ့မြင်လိုက်တဲ့ အကြောင်းအရာတွေကို ရေးသားသူတွေအနေနဲ့ အများအတွက် အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို သတိထားရှောင်ရှားနိုင်ဖို့ အလွန်လိုအပ်ပါတယ်။

    လွန်ခဲ့တဲ့ ရက်အနည်းငယ်က FB မှာ တစ်ယောက်က ကောလင်းမြို့ရဲ့သတင်းတစ်ခု တင်ထားတာကို ကျွန်မတွေ့ရှိဖတ်ရှုလိုက်ရတယ်။ အဲဒီသတင်းနဲ့ ပုံတစ်ခုကိုလည်း တွဲပြီးတင်ထားတယ်။ သူဖော်ပြထားတဲ့ သတင်းရဲ့ source က (news from..Royal Hero Media)လို့ပါတယ်။ သတင်းနဲ့ ဖော်ပြထားတဲ့ဓါတ်ပုံကလွဲနေပါတယ်။ အဲဒီဓါတ်ပုံက တကယ်တမ်းတော့ လူတိုင်းသိနေတဲ့ ရခိုင်က မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ လူငယ်(၃)ယောက်ရဲ့ပုံပါ။ အဲဒါမျိုးဆိုရင် သတင်းကိုတင်တဲ့သူက သိထားသင့်တဲ့အရာပါ။ ဘယ်လိုမှ မလွဲချော်သင့်ပါဘူး။ ဒါကြောင့် ကျွန်မတို့တွေ အားလုံးဟာ ကွန်မြူနတီ ဂျာနယ်လစ်ဇင်တွေဖြစ်နေတဲ့အတွက် ဒီလိုအကြောင်းကိစ္စတွေမှာလည်း သတိထားရှောင်ကြဉ်ပါလို့ ပြောချင်ပါတယ် စတုတ္ထမဏ္ဍိုင်ဝင်တို့ရေ။

  • ခေတ်စားနေသော အန္တီ အစ္စလာမ်ရုပ်ရှင်၏ ကျောဘက်ဝယ်..

    စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၂

    M-Media

    ဒန်ငြာရှိန်း

     

    နာကောက်လာအား ရဲများက စစ်ဆေးမေးမြန်းရန် နေအိမ်မှ ခေါ်ထုတ်လာစဉ်

     

    အမှန်တရားသည် ခုတုံးလုပ်အခံရဆုံးနှင့် ခါးသီးမှုမြင့်မား

    အမှန်တရားသည် ခါးသီး၏၊ ခုတုံးလုပ်ခံ ရ၏၊ ရောဂါပျောက်ကင်းရေး အတွက် ဆေးစွမ်းကောင်း တလက်ဖြစ်၍ ရောဂါကျွမ်းနေသော ခန္ဓာများအတွက်မူ အလွန် တရာလည်း ခါးသီးသေး၏။

    အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ နာမည်ကျော်ကြားရေး၊ သူတစ်ပါးနိုင်ငံအား သယံဇာတရရှိရေး အလို့ငှာ ကျူးကျော်ရန်စရေးစသည်များနှင့် အခကြေးငွေရယူကာ အသရေဖျက်လုပ်ငန်းများလုပ်ဆောင် လျက်ရှိသည်မှာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါ၀ါကြီး ပေါ်ထွက်လာလျက်ရှိပါသည်။

    လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဆလ်မန်ရက်ရှ်ဒီ၏ အစ္စလာမ့်အသရေဖျက် ၀တ္ထုစာအုပ်၊ ကနေဒါနိုင်ငံသား စာရေးဆရာမ အိရ်ရှက် မန်ဂျီ၏ သည်ထရောက်ဘဲလ်ဝိသ် အစ္စလာမ် စသည့် စာအုပ်များ ထွက်ပေါ်လာခဲ့ဖူးသည်။ ဆလ်မန်ရှက်ရှ်ဒီက ဆာဘွဲ့ ရရှိခဲ့သလို မန်ဂျီမှာလည်း ၂၁ ရာစု၏ အကျော်ကြားဆုံး အမျိုးသမီးဆုအဖြစ် Ms Magazine က ရွေးချယ်မှုခံခဲ့ရသည်အထိ အနေအစားပြေလည်မှု များကိုသာမက ထင်ပေါ်မှုများကိုပါ တပွေ့တ ပိုက်ကြီး ရရှိသွားကြတော့သည်။

    ထို့အတူ အန္တီအစ္စလာမ်မစ် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်မှာလည်း အလွန်တရာသေးငယ်လှသော ချာ့ခ်ျမှ ဘုန်းကြီးဖြစ်နေသော်လည်း အန္တီအစ္စလာမ်မစ်လုပ်ရပ်များကြောင့် အလွန်တရာ ကျော်ကြားလာကာ အနေအစားချောင်လည်ပြီး လူအများစု၏ထောက်ပံ့မှုကိုပါ ရရှိလာခဲ့ရသည်။

    ယခုတဖန် အန္တီအစ္စလာမ်မစ်ရုပ်ရှင်ကို ရိုက်ကူးဖြန့်ချိသူမှာလည်း ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးမှုများ၊ ဒေ၀ါလီခံမှုများစသည့် ရာဇ၀တ်မှုများစွာကို ကျူးလွန်ထားသူဖြစ်ပြီး ၄င်း၏နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသည့် ကြေးရတက်အန္တီအစ္စလာမ်မစ်များ ရှိနေနိုင်ကြောင်း ခန့်မှန်းချက်ကိုမူ မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

    အန္တီအစ္စလာမ်ရုပ်ရှင်

    ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာမှ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့စွဲဖြင့် အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူအား ရဲများကစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမေးမြန်းရန် ယင်းအန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူကို နေအိမ်မှ ခေါ်ထုတ်လာစဉ် ၄င်းက မိမိ၏မျက်နှာအား အ၀တ်ဖြင့် ပတ်ဆီးလျက် ရှက်ရွံ့စွာဖြင့် လိုက်ပါလာကြောင်း သတင်းတင်ပြထားသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

    အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူမှာ နာကောက်လာ ဘတ်ဆဲလေ နာကောက်လာဆိုသူ၊ အီဂျစ်လူမျိုး အမေရိကန်နိုင်ငံသား ကော့ပ်တစ်ခရစ်ယာန်တစ် ဦးဖြစ်သည်။ သူသည် “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ဟု အမည်ပေးထားသော အန္တီအစ္စလာမ်မစ် ရုပ်ရှင်အား ဇတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ချိသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ သူ၏ရုပ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့၊ ၂၀၁၂ က ယူတျူဗ်(Youtube) ပေါ်တွင် ထရေလာ ၁၅ မိနစ်စာခန့် တင်ထားသည်။ ထိုဖလင်အား အာရဗစ်ဘာသာစကားဖြင့် တင်ဆက်ပြသပြီးနောက်တွင်မူ အမေရိကန်နိုင်ငံ သံရုံးများ တိုက်ခိုက်ခြင်းခံရတော့သည်။

    နာကောက်လာ ဘတ်ဆဲလေ နာကောက်လာ

     

    နာကောက်လာသည် အကျဉ်းသားရာဇ၀တ်ကောင်ဖြစ်ခဲ့ဖူးကြောင်း အမေရိကန် ဖယ်ဒရယ်ဗျူရို ၊ အကျဉ်းဦးစီးဌာနမှ ဖော်ပြထားစဉ်


    အထက်ပါပုံကို www.bop.gov တွင် ကြည့်ရှုနိုင်ပါသည်။

    နာကောက်လာသည် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်ဧရိယာတွင် နေထိုင်သည်။ ဗွီအိုအေအင်တာဗျူးတစ်ခုတွင် နာကောက်လာက မိမိကိုယ်ကို ကိုင်ရိုတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရတစ်ဦးဖြစ်ကြောင်း ဆိုခဲ့သည်။

    လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းဖော်ပြချက်အရ နာကောက်လာသည် မူးယစ်ဆေးနှင့် ငွေကြေးမတရားရယူရန် ကြိုးစားမှုများစသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ နာကောက်လာသည် ငွေကြေးမတရားရယူသည့် ရာဇ၀တ်မှုမကျူးလွန်မီက ငွေကြေးပြဿနာအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လော့အိန်ဂျလိစ် ကောင်တီ၊ စာရင်းစစ်အဖွဲ့ရုံး၏ မှတ်တမ်းအရ နာကောက်လာသည် နိုင်ငံတော်နှင့် ဖယ်ဒရယ်ပြည်နယ်ဆိုင်ရာ အခွန်ငွေများကို ပေးချေခြင်းမရှိသည့် အမှုကိုလည်း ကျူးလွန်ထားကြောင်း သိရသည်။  ၁၉၉၆ တွင် နာကောက်လာဦးစီးသော ဓာတ်ဆီဆိုင်သည် ဒေါ်လာ ၁၉၄၀၀၀ ကျော် အခွန်ငွေပေးဆောင်ရန် ကျန်ရှိထားကြောင်း သိရသည်။ ထို့ပြင် ၁၉၈၉ မှ ၁၉၉၂ ထိ ဒဏ်ကြေးငွေများနှင့် အတိုးများပေးဆောင်ရန်လည်း ရှိနေကြောင်း သိရသည်။ အခွန်ငွေအပြင် အခြားပေးဆောင်ရန်ရှိနေသော အကြွေးများစုစုပေါင်းမှာ ဒေါ်လာ ၅၉၀၀၀ နီးပါးရှိသည်။ နာကောက်လာသည် ၂၀၀၀ ခုနှစ်ကလည်း အမေရိကန်ဘဏ် (Bank of America) တွင် ဒေါ်လာ ၁၆၆၅၀၀ အကြွေးတင်နေသဖြင့် ဒေ၀ါလီခံခဲ့ဖူးသည်။

    (http://latimesblogs.latimes.com/lanow/2012/09/alleged-anti-muslim-film-producer-convictions-drugs-fraud.html)

    သည်ဒေးလီးဘိစ်သတင်းစာကမူ နာကောက်လာသည် ၁၉၉၇ ခုနှစ်၌ လော့အိန်ဂျလိစ်ကောင်တီရဲအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးကြောင်း၊ အကြောင်းမှာ အက်ဖက်ဒရင်းမူးယစ်ဆေးဝါး၊ ဟိုက်ဒရီအော်ဒစ်အက်ဆစ်နှင့် ငွေစက္ကူဒေါ်လာ ၄၅၀၀၀ လက်ဝယ်တွေ့ရှိရ၍ ဖြစ်ကြောင်း၊ ၄င်းပြင် သူသည် မသာမ်ဖတာမင်းခေါ်သည့် မူးယစ်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံရဖူးကြောင်း သိရသည်။ (http://www.thedailybeast.com/articles/2012/09/13/mohammed-movie-s-mystery-director.html) ၁၉၉၇ တွင်ပင် နာကောက်လာက အပြစ်ရှိကြောင်းဝန်ခံပြီး အသနားခံသဖြင့် လော့အိန်ဂျလိစ်ကောင်တီအကျဉ်းထောင်တွင် တစ်နှစ်အကျဉ်းချခံခဲ့ ပြီး ကျန်သည့် သုံးနှစ်ကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ လော့အိန်ဂျလိစ်ကောင်တီ ရာဇ၀တ်မှု ရှေ့နေဌာန၏ မှတ်တမ်းများအရ နာကောက်လာသည် ၂၀၀၂ ခုနှစ်တွင် ဆိုင်းငံ့ပြစ်ဒဏ် အတွက် လျော့ပေါ့ပေးမည့် အမူအကျင့်ဆိုင်ရာ အခြေအနေကို ချိုးဖောက်ခဲ့သဖြင့် နောက်ထပ်တစ်နှစ် အကျဉ်းချခံခဲ့ရကြောင်း သိရသည်။ (http://www.nytimes.com/2012/09/14/us/origins-of-provocative-video-are-shrouded.html) (http://www.huffingtonpost.com/2012/09/13/innocence-of-muslims-filmmaker-nakoula-basseley-nakoula_n_1880706.html)

    ၂၀၁၀ တွင် နာကောက်လာသည် ဖယ်ဒရယ်အစိုးရ၏ ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ဆန္ဒမရှိဘဲ အသနားခံခဲ့သဖြင့် ဒဏ်ငွေကို ၇၉၄ ၇၀၁ ဒေါ်လာပေးဆောင်ရန် ပြန်လည် ပြဌာန်းပေးခဲ့သည်။ အမေရိကန်နိုင်ငံ ရာဇ၀တ်မှု လက်ထောက်ရှေ့နေ၊ ဂျနီဖာ လိုင်းဝီလီယံက နာကောက်လာသည် သူတစ်ပါး၏ကိုယ်ရေးမှတ်တမ်းနှင့် လုံခြုံရေးနံပါတ်များခိုးယူပြီး ဘဏ်စာရင်းဖွင့်ခဲ့ဖူးကြောင်း၊ ထိုသို့ဖြင့် အေတီအမ်စက်များတွင် ယင်းလုံခြုံရေးနံပါတ်များထည့်ကာ ငွေထုတ်ယူခဲ့ကြောင်း၊ ထိုသို့ လုံခြုံရေးနံပါတ်ခိုးယူမှုများထဲတွင် ၆ နှစ်အရွယ် ကလေးတစ်ဦး၏ ပိုင်ဆိုင်မှုကို ခိုးယူခဲ့ခြင်းမျိုးလည်း ပါဝင်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။

    နာကောက်လာသည် ဖယ်ဒရယ်အကျဉ်းထောင်တွင် ၂၁ လတိတိအကျဉ်းချခံခဲ့ရသည်။ နာကောက်လာသည် ၂၀၁၁ ဇွန်တွင် ထောင်မှလွတ်လာခဲ့ပြီးနောက် ၅ နှစ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာကို စောင့်ကြည့်ရှေ့နေ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရခဲ့ကြောင်း၊ နာကောက်လာသည် သူ၏ အန္တီအစ္စလာမ် ရုပ်ရှင်မရိုက်မီ ရက်သတ္တပတ်အနည်းငယ် ခန့်ကမှ (အကျင့်စာရိတ္တနှင့်အမူအကျင့်ဆိုင်ရာ) ပြန်လည်ပြုပြင်ရေးစခန်းမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ (http://www.thesmokinggun.com/file/nakoula-charges)

    အင်နိုးဆင့် မွတ်စလင်မ် (စ်)

    နာကောက်လာကမူ “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ရုပ်ရှင်အား မိမိဒါရိုက်တာလုပ်ထားခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။ ၄င်းဖလင်တွင် ဒါရိုက်တာမှာ Sam Bacile ဆိုသူဖြစ်ပြီး ဂါးဒီးယန်းနှင့် အခြားဆက်စပ်သတင်းများကမူ အင်တာဗျူးတစ်ခုအတွက် Sam Bacile  အသုံးပြုခဲ့သည့် ဖုန်းနံပါတ်မှာ နာကောက်လာ၏ လိပ်စာနှင့် ဆင်တူနေကြောင်း ဖော်ပြခဲ့ကြ သည်။ (http://www.guardian.co.uk/world/2012/sep/13/anti-islamic-film-us-nakoula) (http://www.npr.org/blogs/thetwo-way/2012/09/12/161003427/what-we-know-about-sam-bacile-the-man-behind-the-muhammad-movie) (http://www.sgvtribune.com/news/ci_21530557/movie-that-set-off-violence-middle-east-produced)

    နာကောက်လာအသုံးပြုခဲ့ဖူးသည့် အခြားအမည်တုများမှာလည်း Sam Bacile ဟူသည့် အသံထွက်မျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေကြောင်း သိရသည်။ အမည်မဖော်ပြလိုသည့် ဖယ်ဒရယ် တရားရုံးတာဝန်ရှိသူများကမူ နာကောက်လာကို ထိုအန္တီအစ္စလာမ်ရုပ်ရှင်အား ကြိုးကိုင်ရိုက်ကူးသူအဖြစ် သတ်မှတ်ကြသည်။ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့ကမူ ရဲများက နာကောက်လာကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။

    ထိုအန္တီအစ္စလာမ်ရုပ်ရှင်တွင် အဓိကဇတ်ကောင် မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ထားသည့် အမည်မဖော်လိုသည့်သူကမူ သူမအနေဖြင့် ရုပ်ရှင်တွင်ပါဝင်သည့်အချက်အလက် အစစ်အမှန်များကို မသိရှိခဲ့ရဘဲ သူတစ်ပါး၏ကွပ်ကဲမှုကို ခံခဲ့ရကြောင်း၊ သူမအနေဖြင့် ရုပ်ရှင်တွင် သရုပ်ဆောင်ဖို့ သဘောတူပြီးသည်အထိ ရုပ်ရှင်ပါအကြောင်းအရာများ ကို သိရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ယူကေထုတ် ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

    ရုပ်ရှင်တွင် ပါဝင်ခဲ့သူ ဆင်ဒီလီးဆိုသူကလည်း သူမအနေဖြင့် ထုတ်လုပ်သူ၏ အမုန်းတရားရည်ရွယ်ချက်များကို မသိရှိခဲ့ကြောင်းနှင့် ရုပ်ရှင်ကိုလည်း အန္တီအစ္စလာမ်မစ်ဖြစ်စေဖို့ ဖြတ်တောက်ပြင်ဆင်မှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

    ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ ထိုရုပ်ရှင်ဒါရိုက်တာအမည်ခံ Sam Bacile မှာ မီဒီယာအများစု၏ အင်တာဗျူးခြင်းကို ခံခဲ့ရသည်။ Sam Bacile က ဝေါလ်စထရိဂျာနယ်သို့ မိမိသည် ကာလီဖိုးနီးယားတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်၊ အစ္စရေးလူမျိုး အိမ်ယာခြံမြေတီထွင်လုပ်ဆောင်သူဖြစ်ကြောင်း၊ သူ့အဖြင့် ဂျူးလူမျိုးအလှူရှင် ၁၀၀ ခန့်မှ ထည့်ဝင် လှူဒါန်းထားသည့် ဒေါ်လာ ၅ မီလီယံဖြင့် ယင်းအန္တီအစ္စလာမ်ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်း ပြောဆိုခဲ့သည်။ (http://online.wsj.com/article/SB10000872396390443884104577647691429314660.html?mod=googlenews_wsj)

    ရုပ်ရှင်တွင်ပါဝင်သရုပ်ထားသည့် သရုပ်ဆောင်များကမူ ၄င်းတို့အားလုံးစုပေါင်းထားသည့် ကြေငြာချက်တစ်ခုကိ ထုတ်ပြန်ခဲ့ရာ ထိုကြေငြာချက်တွင် မိမိတို့အား Sam Bacile ဆိုသူက လှည့်ဖျားခဲ့ကြောင်း ဖော်ပြထားသည်။  (http://gawker.com/5942748/it-makes-me-sick-actress-in-muhammed-movie-says-she-was-deceived-had-no-idea-it-was-about-islam)

    ထိုရုပ်ရှင်တွင် ကုရ်အာန်ကျမ်းစာအားမီးရှို့မှုများအဆက်မပြတ်လုပ်ဆောင်ခဲ့ဖူးသည့် အလွန်တရာသေးငယ်လှသော ချာ့ခ်ျ၏ ခရစ်ယာန်ပါစတာဖြစ်သူ တယ်ရီဂျုံးပါဝင်နိုင်ကြောင်းလည်း သံသယရှိနေကြသည်။ (http://video.msnbc.msn.com/msnbc/49004610/#49004610)

  • သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    ရဲရင့်သစ္စာ

     

    စကားပလ္လင်

    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဘွဲ့အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့ အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင် လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။

    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်းဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေရေးတာဟာ မထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။)  ဖြစ်နေလို့ပါဘဲ။ အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ်အမှာစာ စာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့ ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားပါတယ်။

    ကျွန်တော့် အနေနဲ့ အဲဒီ အမှာစာပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူ ဖော်ပြပေးချင်ပါတယ်။

    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်

    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘွဲဂျွန်

    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်

    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊

    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ)      ဆရာကြီး ဦးထွန်းအောင်ချိန်

    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့ အစည်းတွေ ကလေးစားအပ်တဲ့ပညာရှင်ကြီးများ ကိုယ်တိုင်စာမူကို ဖတ်ရှုတည်း ဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲ ကြီးလွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်း မိပါတော့တယ်။

    ကျွန်တော်ဟာ သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး၊သို့သော် သမိုင်း ပညာရပ်နဲ့ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်း ပညာရပ် ကို သီးသန့်အချိန်ပေးအလွတ်တမ်း လေ့လာလိုက်စားဖြစ်ပါတယ်။

    ကျွန်တော်လေးစားရတဲ့မြန်မာနိုင်ငံကသမိုင်းပညာရှင်ကြီးတွေထဲက ပညာ ရှင်ကြီးအချို့ရဲ့ အမည်တွေကိုရွတ်ပြရရင်ဖြင့်…..

    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း

    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်

    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်

    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း

    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်

    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင် ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့သမိုင်းကိုသစ္စာဖောက်တဲ့၊ မတည်ကြည် မဖြောင့်မတ်တဲ့ လူ သားတစ်ယောက် အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။

    အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြောက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာ အယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင် ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက် တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။

    တာလီဘန် နှင့် ဗာမီယန်

    လေးစားအပ်တဲ့စာရှုသူတို့ခင်ဗျား- အခုအချိန်ကစလို့ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားပြီး ခေတ်ပညာတတ်ဆရာကြီးများကိုယ် တိုင်ဖတ်ရှုတည်းဖြတ် ပေးထားတဲ့ “ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်”စာအုပ်ပါ သမိုင်းအလွဲအမှားတွေကို ကျွန်တော်အခိုင်အမာသိသလောက် ပြင်ဆင်ပေးမှာဖြစ် သလို စာဖတ် သူတွေအထင်အမြင်လွဲမှားစေမယ့်အရေးအသားတွေ ၊ ကောက် ယူဆင်ခြင်မှုတွေ ကိုလည်း အကိုး အကားအထောက် အထားအတိအကျတွေနဲ့ ထောက်ပြပြင်ဆင် ပေးသွားမှာဖြစ်ပါ တယ်။ စာရှုသူများကို ပထမဆုံးသိစေချင်တဲ့ သမိုင်းအမှန် တစ်ကြောင်း ကတော့…

    အာဖဂန်နစ္စတန်က တာလီဘန်တွေ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော် တွေကို ဖျက် ဆီးမယ်လုပ်တုန်း က OIC (Organization of Islamic Conference) လို့ ခေါ်တဲ့၊ မွတ်စ်လင်မ် member နိုင်ငံပေါင်း ၅၄ နိုင်ငံ နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးက အစည်းအဝေးခေါ်ပြီး statement ထုတ်ကန့်ကွက်ခဲ့ပါတယ်။ Islamic နိုင်ငံလို့ ကြေညာထားတဲ့ဆော်ဒီအာရေဗျနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့က ရုပ်ပွါးတော် တွေကို မဖျက်ဆီးဖို့တားမြစ်ကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်သမ္မတပရ်ဝေးဇ်မုရှရ်ရဖ် (ပါဗဇ်မုရှာရတ်) က သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ Lieutenant General မုအီနွတ်ဒီးန် ဟိုင်ဒရ် ကို ကဘူလ်မြို့အထိစေလွှတ်ပြီး၊ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော်တွေ ကိုမဖျက်ဆီးစေဖို့တာလီဘန်တွေနဲ့ ညှိနှိုင်းစေခဲ့ပါတယ်။ (ကိုးကား-ထိုစဉ်ကရုပ်သံသတင်း/ သတင်းစာ/ ဂျာနယ်များ)

    အစ္စလာမ်သာသနာ ရဲ့အဆုံးအမကို မှန်ကန်စွာသိနားလည် ကျင့်သုံးတဲ့ဘယ် အစ္စလာမ်ဘာသာဝင်ကမှ အဲဒီလုပ်ရပ်ကို မထောက်ခံပါဘူး။ ပြင်းပြင်းထန်ထန်ကိုရှုံ့ချ ပါတယ်။ အာဖဂန်မှာကိုးကွယ်သူ မဲ့စံပယ်နေတဲ့ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်ဆီးတဲ့လုပ် ရပ်ကိုအပြင်းအထန်ရှုံ့ချသလို၊ ဝတ်ပြုသူ တွေနဲ့ပြည့်နှက်နေတဲ့ ဗလီဝတ်ကျောင်းတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ဖျက်ဆီးတဲ့ လုပ်ရပ်ဟာလည်း ပြင်းပြင်းထန်ထန် ရှုံ့ချစရာပါဘဲ။

    အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာမျက်နှာ (၄၂၊၄၃) မှာ ရေးသား ထားတာက- “အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ၌ ယင်းသို့မတည်မငြိမ်ဖြစ်နေချိန်၌ ထိုဒေသ မြောက်ဖက်နယ်နိမိတ်အနီးတွင်အာရပ်မွတ်ဆလင်စစ်တပ်ကြီးဆိုက်ရောက်နေပေ သည်။ ထိုအာရပ်လူမျိုးတို့သည် နယ်မြေ ချဲ့ထွင်ရုံတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာ ကြီး တစ်ခုလုံးကို အစ္စလမ်ဘာသာ ထီးရိပ်အောက် သွတ်သွင်းရေး ဟူသော ရည် ရွယ်ချက်ဖြင့်အင်အားသုံး၍စစ်ပွဲဆင်နွဲနေသူများ ဖြစ်သည်။”

    အထက်ပါအတိုင်းရေးသားထားတဲ့အတွက်….

    အာရပ်မွတ်စ်လင်မ်တွေဟာ အိန္ဒိယကို စတင်ခြေချရောက်ရှိတာဟာ စစ်ပြု နယ်ချဲ့လိုခြင်းရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး၊ အာရပ်မွတ်စ်လင်မ်တွေဟာနယ်ချဲ့ ဝါဒ ကိုကိုင်စွဲသူတွေသာဖြစ်ကြောင်း၊ အင်အား သုံးစစ်ပွဲဆင်နွှဲပြီး လူတွေကို အစ္စလာမ် ဘာသာဝင် ဖြစ်စေဖို့ အစ္စလာမ်ဘာသာ က သင်ကြားထားကြောင်း တည့်တည့် ကြီးဆိုလိုထားသလိုပါဘဲ။ အဲဒီစာပိုဒ်မှာအလွဲကြီး တွေပါရှိပါတယ်။ တစ်ချက်ခြင်းစီ ပြင်ပေးပါ့မယ်။

    (က)    အာရပ်မွတ်စ်လင်မ်တွေ အိန္ဒိယကိုစတင်ခြေချရောက်ရှိခဲ့တာဟာ စစ်တိုက်ဖို့အတွက်မဟုတ်ပါဘူး။ အာရေဗျပင်လယ်ကတစ်ဆင့်အာရပ်ကုန်သည် တွေဟာ ရေကြောင်း ကုန်သွယ်မှုကို အခြေခံပြီး အိန္ဒိယအနောက်တောင် ကမ်းရိုး တန်းမှာ ခရစ် (၇) ရာစုအဆုံးပိုင်းကတည်း ကရောက်ရှိအခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှအိန္ဒိယကိုတိုက်ခိုက်ဖို့စရောက်လာတာ လုံးဝ မဟုတ်ပါဘူး။ အာရပ် မွတ်စ်လင်မ်တွေနဲ့အိန္ဒိယဒေသခံဟိန္ဒူဘာသာဝင်၊ဗုဒ္ဓဘာသာဝင်တွေဟာ ကမ်းရိုး တန်းဒေသတစ်လျှောက် မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။ စီလွန် (သီရိလင်္ကာ) မှာလည်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာအခြေချ နေထိုင်ခဲ့ ပါတယ်။ အဲဒီလိုအတူယှဉ်တွဲနေထိုင်ရင်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာ အစ္စလာမ်ဘာသာကို ဟောပြောပို့ချခဲ့ကြပါတယ်။

    မိမိသဘောဆန္ဒ အလျောက် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်တဲ့ ဒေသခံတွေအများကြီး ရှိ လာပါတယ်။ ဒီအကြောင်းကို Tara Chand က သူ့ရဲ့ Influence of Islam on Indian Culture စာမျက်နှာ (၃၂) မှာ H G Rawlinson, Francis Day, Sturrock တို့ရဲ့ စာအုပ်တွေ ကိုကိုးကားပြီး အခိုင်အမာကိုရေးသားထားပါတယ်။ မလဘာရ်(Malabar) ခရိုင်ရဲ့ collector တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့တဲ့ စကော့လူမျိုးအရာရှိကြီး William Logan (၁၈၄၁-၁၉၁၄) ရဲ့ Malabar Manual အရဆိုရင် အိန္ဒိယတောင်ပိုင်းချေရာ မင်းဆက် (Chera Dynasty) ရဲ့ ဘုရင် တစ်ပါးဟာ အစ္စလာမ် ဘာသာကိုလက်ခံခဲ့ပြီးနောက် သူ့ရဲ့အထောက်အပံ့နဲ့ မလ ဘာရ်ခရိုင် “ကိုဒွန်ဂုလုရ်” မှာ အေဒီ ၆၂၉က ဗလီဝတ်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗလီ ကို “ချေရာမန်ဂျုမာ” ဗလီလို့ ခေါ်ပါတယ်။ ယနေ့တိုင်တည်ရှိပါတယ်။ မလဘာရ် ဒေသခံ မွတ်စ်လင်မ် တွေကို မလဘာရီ မွတ်စ်လင်မ် လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သူတို့ဟာ “ကာကာ” အဖြစ် လူသိများပါတယ်။ သူတို့ဟာ အိန္ဒိယတိုက်ငယ်ရဲ့ ပထမဦးဆုံး အစ္စလာမ်ဘာသာ ဝင် လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားပါတယ်။

    (ခ)     သမိုင်းအမှားကြီးနောက်တစ်ခုကတော့ ဆင်းဒ်ပြည်နယ်(ယခုပါ ကစ္စတန်၏ပြည်နယ်) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အာရပ်မွတ်စ်လင်မ် စစ်တပ် အိန္ဒိယကို စတင်ရောက်ရှိခြေချခဲ့တဲ့ခုနှစ်ပါ။ အေဒီ (၇၂၀) လုံးဝမဟုတ်ပါဘူး။ အေဒီ (၇၁၁-၇၁၂) ပါ။  အဲဒီစစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ ကို တိုက်ခိုက်နယ်ချဲ့ဖို့မဟုတ်ပါ။ တောင်ပိုင်းဆင်းဒ်ကို အုပ်ချုပ်တဲ့ Rajput ရာဇပုတ္တ စော်ဘွား ရာဂျာဒဟီးရ် ထောက်ပံ့ထားတဲ့ ပင်လယ်ဓားပြတွေ က အာရပ်မွတ်စ်လင်မ်တွေ ရဲ့ ကုန်သင်္ဘော ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရတဲ့အခါ အဲဒီ ပယ်လယ်ဓားပြ တွေကို အရေးယူပေးဖို့ အာရပ်တွေဟာ ရာဂျာဒဟီးရ် ထံ သံအဆက်အသွယ် နဲ့ ငြိမ်းချမ်းစွာကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီပင်လယ် ဓားပြတွေဟာ သူ့အုပ်ချုပ်မှု အောက်မှာမရှိတဲ့ အတွက်သူအရေးမယူနိုင်ပါလို့ ရာဂျာဒဟီးရ် က ပြန်ကြားခဲ့တဲ့ အတွက် အာရပ်တွေက ရာဂျာဒဟီးရ် ကို ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးနယ်ချဲ့တာ မဟုတ်သလို အာရပ်အမျိုးသားရေးစစ်ပွဲ လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သက်သက် ကို အခြေခံတဲ့ စစ်သာဖြစ်ပါတယ်။ ဒီသမိုင်း ကြောင်း ဟာ အိန္ဒိယသမိုင်း စာအုပ်တိုင်းလိုလိုမှာ ပါရှိပါတယ်။ နမူနာ အနေနဲ့ C.F De La Fosse ရဲ့ History of India စာမျက်နှာ (၈၆)ကိုရှုပါ။ အာရပ်မွတ်စ်လင်မ် ဗိုလ်ချုပ် မုဟမ္မဒ်ဘင်န်ကာစင်မ် ရဲ့စစ်တပ် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက် ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၇၂၀ မဟုတ်ဘဲ၊ အေဒီ (၇၁၁-၇၁၂)သာ ဖြစ်ကြောင်း ကမ္ဘာ့သမိုင်းစာအုပ်တိုင်း မှာ ဖော်ပြ ပါရှိပါတယ်။ သာဓကအနေနဲ့ ဗြိတိသျှစွယ်စုံကျမ်း (Encyclopaedia Britannica) မှာ လေ့လာကြည့်လိုက်ပါ။

    အာရပ်မွတ်စ်လင်မ်စစ်တပ်ဟာ အေဒီ (၇၁၂) မှာ ဆင်းဒ် ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် အခြားပြည်နယ်၊ ဒေသတွေကို ဆက်လက်တိုက် ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ် ဂျဝါ ဟရ်လားလ်နေရူး ကိုယ်တိုင်က The Discovery of India စာမျက်နှာ (၂၂၇) မှာ အတိအလင်းရေးသားထားပါတယ်။ဒါ့အပြင် မွတ်စ်လင်မ်တွေ သိမ်းပိုက်ခဲ့တဲ့ဆင်းဒ် ပြည်နယ်နဲ့အိန္ဒိယ ရဲ့ အခြားနယ်ပယ်တွေ အကြား သံတမန်ဆက်ဆံမှုတွေ အပြင်၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ငြိမ်းချမ်းစွာရှိခဲ့တယ် လို့ အဲဒီစာအုပ်စာမျက်နှာ (၂၂၉) မှာရေးထားပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် (အစ္စလာမ် က နယ်ချဲ့ဝါဒ လား?-တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းရေးသားထားတဲ့

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူရင်းစာအုပ်လင်ခ့်

  • မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

    မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

     မေး။              ။ အစ္စလာမ် ဘာသာဝင်များဧ။် ဆိုင်များ လုပ်ငန်းဌာနများဧ။် ဆိုင်းဘုတ်များတွင် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ဟူသော ကိန်းဂဏန်း တစ်ခုကို တွေ့ရတတ်ပေရာ ယင်း ‘786 ‘ ဟူသည် 7+8+6=21 ကိုကိုယ်စားပြုပီး (၂၁ ) ရာစုတွင် အစ္စလာမ်သာသနာသည် ကမ္ဘာကိုလွှမ်းရမည်ဟူသော အတိတ် နမိတ်ကိုဆောင်ယူကာ အစ္စလာမ် ပြန့်ပွားရေး စီမံကိန်းအား နှိုးဆော်နေသော ကိန်းတစ်ခုဆိုသည်မှာ မှန်ပါသလား ? ။

    ဖြေ ။         ။ မွစ်စလင်မ်တို့ဧ။် တိုက်တာအိုးအိမ် အဆောက်အဦး ပစ္စည်းပစ္စယများ  အထူးသဖြင့် ဈေးဆိုင်များတွင် 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဟူသော ကိန်းဂဏန်းတစ်ခုကိုတွေ့ရတတ် ပေရာ ယင်းကိန်းဂဏန်း၏ အဖြေမှာလည်း အင်မတန်ရိုးရှင်းလှပါသည်။

    သို့ရာတွင် အချို့သောပုဂ္ဂိုလ်တို့မှာ ယင်း ‘786‘ ကိန်းဂဏန်း၏ သဘောသဘာဝကို ရိုးသားစွာ မသိ နားမလည်ခြင်းကြောင့် လည်းကောင်း ၊ အချို့မှာ အစ္စလာမ်အပေါ်တွင် အကောက်ကြံလိုခြင်းကြောင့် လည်းကောင်း ‘786‘ တွင် ပါဝင်သော 786 ကိုပေါင်းလျှင် ၂၁ရသဖြင့် (၂၁)ကို ကိုယ်စားပြုသည် ယင်းသည် ၂၁ရာစုတွင် တစ်ကမ္ဘာလုံး၌ အစ္စလာမ် ပြန့်ပွားရေးအတွက် နိမိတ်ဆောင် စကားလုံး လှုံ့ဆော် စကားလုံးဟု အယူမှားသူကမှား အပူပွားသူက ပွားကြပါတော့သည်။

    အမှန်ဆိုရသော် ထိုသို့ လားလားမှ မဟုတ်ရပါ။

    အာရဗီစာပေတွင် ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်(၂၈)လုံးရှိပီး ဗျည်းအက္ခရာ တစ်လုံးချင်းစီအတွက် ကိန်းဂဏန်းများဖြင့် အက္ခရာတန်ဖိုး သတ်မှတ်ထားပါသည်။ အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်လည်း အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ပို့ချပေးခြင်း ခံရလေရာ ရံဖန်ရံခါ၌ ကုရ်အာန်ကျမ်းဂန်လာစာသားများအား အသုံးပြုရာတွင် မူရင်းအတိုင်း အက္ခရာများဖြင့် မရေးသားပဲ အက္ခရာများ၏ ကိန်းဂဏန်း တန်ဖိုးစုစုပေါင်းကိုသာ သင်္ကေတ ဆောင်ပြီး ရေးသားအသုံးပြုခြင်းသာဖြစ်လေသည်။ ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်လုံးဧ။် ကိုယ်ပိုင်တန်ဖိုးအသီးသီးမှာ

    ဤကိန်းဂဏန်းများကို အခြေခံကာ “786” ဟူသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေါ်လာရခြင်း ဖြစ်တော့သည်။ ယင်း ကိန်းမှာ ကုရ်အာန်ကျမ်းမြတ်၏ ပထမဦးဆုံး အာယသ်တော်ဖြစ်သည့် ကုရ်အာန် အဖွင့်ကဏ္ဍ၊ ပါဒ ၁ ဖြစ်သော…..

    (၁း၁) ကို အက္ခရာတန်ဖိုးတွက်ထုတ်ထားခြင်းသာလျှင်ဖြစ်ပေသည်။ဤအာယသ်တော၏ အဓိပ္ပါယ်မှာ … ” အနှိုင်းမဲ့ ဂရုဏာရှင်၊ ထာဝရ ဂရုဏာရှင် အလ္လာဟ၏နာမတော်ဖြင့် “ ဟု အဓိပ္ပါယ်ရပါသည်။

    ဤ အာယသ်တော်၌ အာရဗီအက္ခရာ ၁၉ လုံးဖြင့်ဖွဲ့စည်းထားပြီး ယင်းအက္ခရာ19 လုံးဧ။် အက္ခရာတန်ဖိုး စုစုပေါင်းမှာ

    အလ္လာဟ်အသျှင်သည် မွတ်စလင်မ်တို့အား မည်သည့်အလုပ်ကိုမဆို စတင်ကြံရွယ်ပြုလုပ်သောအခါ ဤအာယသ်တော်အား တသ ဆင်ခြင် နှလုံးသွင်းရန် ညွှန်ကြားထားပါသည်။( ကုရ်အာန် တမန်တော်ဟူးဒ်ကဏ္ဍ၊ပါဒ ၄၁၊ ကုရ်အာန် ပုရွက်ဆိတ်ကဏ္ဍ၊ပါဒ ၃၀၊ကုရ်အာန် ဖတ်ရွတ်လော့ ကဏ္ဍ၊ပါဒ ၁)

    သည့်အတွက်ကြောင့်ပင် မွတ်စလင်မ်တစ်ဦးအဖို့ မည်သည့် အလုပ်ကို ပြုမူကျင့်ကြံသည်ဖြစ်ပါစေ မိမိဧ။် တစ်ပါးတည်းသော အရှင့်နာမတော်ကို ရှေ့တန်းတင်သည့်အနေဖြင့်  “အနှိုင်းမဲ့ဂရုဏာရှင်၊ ထာဝရဂရုဏာရှင် အလ္လာဟ်၏ နာမတော်ဖြင့်”ဟုရွတ်ဆိုကြရပါသည်။

    ထို့အပြင် (ကုရ်အာန်အထူးဂရုဏာတော်ရှင်ကဏ္ဍ။ပါဒ ၇၈) တွင်

    “အသင့်အား ဖန်ဆင်းတော်မူသော ဘုန်းတော်အနန္တအရှင်၊ ကျေးဇူးတော်ရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် အတိပြီးလေဧ။်” ဟုဆိုထားသဖြင့် မွတ်စလင်မ်တစ်ဦးအဖို့ မိမိအရှင်သခင်၏ နာမတော်ကို စတင်နှလုံးသွင်း တသမိသည်နှင့် တစ်ပြိုင်နက် သစ္စာမာန်တင်းကာ ” ငါ့အရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာရှိ၏ ထို့အတွက် ငါသည် ထိုအရှင၏ နာမတော်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ရကား ငါနှင့် အမင်္ဂလာအလုပ်သည် မအပ်စပ်၊မထိုက်တန်သည်ဖြစ်သဖြင့် ငါမလုပ်၊ ငါသည်မင်္ဂလာရှိသော အလုပ်ကိုသာလုပ်ရမည်” ဟူသော အသိတရားဖြစ်ပေါ်စေရန်ပင်ဖြစ်သည်။

    သို့ရှိရာ မွတ်စလင်မ်မှန်လျှင် အလ္လာဟ့်နာမတော်ကို အစဉ်သဖြင့်ဦးထိပ်နှလုံးသွင်း အမှတ်ရကာ မင်္ဂလာကျက်သရေရှိသော အလုပ်ကိုသာ ရွေးချယ်ပြုမူရသည့်အတွက် အလ္လာဟ်၏ နာမတော်ကို တသ သတိရသောအခါ၌ ဖြစ်စေ၊ ယင်းဧ။်အထိမ်းအမှတ် လက္ခဏာဖြစ်သော “786” ဟူသော ကိန်းဂဏန်းကို တွေ့မြင်ရသော အခါ၌ဖြစ်စေ၊ မင်္ဂလာတရားကို မျက်ခြေမပျက်စေရန် အတွက် မိမိကိုယ်ကိုမိမိ ပြန်သတိပေးရာရောက်သဖြင့် တရားသတိ အစဉ်နိုးကြားနေလေတော့သည်။

    ဤသို့ရှိပါလျှင် “786” ဧ။် အနှစ်သာရများ အနက်တစ်ချက်မှာ ကျက်သရေ မင်္ဂလာရှိသောအလုပ်ကိုသာ လုပ်ကြရန်အတွက် နှိုးဆော်နေသော “မင်္ဂလာတရားနှိုးဆော်ချက် ” ဖြစ်သဖြင့် လောကဓာတ်ကြီးအတွက် မင်္ဂလာရှိစေသဖြင့် ကောင်းမြတ်လှပါဘိတကား။

    ဤဖော်ပြချက်များသည် အမှန်ကို ဆိုထားခြင်းသာဖြစ်ပါသည်။’786‘ တွင်ပါသော ဂဏန်းသုံးလုံးကိုပေါင်းလျှင် 7+8+6=21 ဖြစ်သဖြင့် 21 ဂဏန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးထားခြင်းသာဖြစ်ရမည်ဟူသော စွပ်စွဲပြောဆိုချက်များ အတွက် မွတ်စလင်မ်တို့ပင် တအံ့တသြဖြစ်ကြရပါသည်။ အကြောင်းမှာ အာရဗီ အက္ခရာတန်ဖိုးအား ထိုသို့ ထပ်ဆင့်ပြန်ပေါင်းလို့မရပါ။ အဓိပ္ပါယ်လည်းရှိမည် မဟုတ်တော့ပါ။ဤယူဆချက်မှာ မွတ်စလင်မ်တို့၏ အယူအဆမဟုတ်ဘဲ အစ္စလာမ်အပေါ် အများသူငါတို့ အကြည်အညို ပျက်လာစေရန် မသမာသူတို့၏ ထွင်လုံးတစ်ခုသာဖြစ်ပါသည်။

    ယခုကဲ့သို့ အာရဗီအက္ခရာများကို ဂဏန်းတန်ဖိုးများ သတ်မှတ်ထားခြင်းမှာ မွတ်စလင်မ်တို့သည် ကိန်းဂဏန်းများနှင့် ယဉ်ပါးလျက်ရှိနေနိုင်သဖြင့် အများနှင့်ယှဉ်လျှင် သင်္ချာပညာ၌ နောက်ကျကျန်ရစ်မည်မဟုတ်တော့ရန် အတွက်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း အလ္လာဟ်ကကုရ်အာန်တွင် ကိန်းဂဏန်းများကိုဖော်ပြထားရာ၌ ဒသမကိန်းသုညဒသမတစ်၊( ၀.၁)ကို ဖော်ပြထားသကဲ့သို့ သိန်းဂဏန်း (တစ်သိန်း) ၁၀၀၀၀၀ ကိုလည်းဖော်ပြထားခြင်းဖြင့် သင်္ချာပညာ မထွန်းကားသေးသော အခါသမယ၌ပင် သင်္ချာပညာကို မွတ်စလင်မ်တို့စိတ်ဝင်စားမှု့ ရှိလာစေရန်၊ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်လည်း တစ်ချက်ပါဝင်ပါသည်။

    အစ္စလာမ်သည် ၂၁ ရာစုကျကာမှ ကမ္ဘာကို လွှမ်းမိုးရမည်ဟု ယူဆသူတို့မှာ ကုရ်အာန်ကိုလည်း နားမလည်၊ အစ္စလာမ်ကိုလည်း မလေ့လာလို့သာဖြစ်ပါလိမ့်မည်။ အလ္လာဟ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို စေလွှတ်ခဲ့ရာတွင် “ယှဉ်တွယ်ကိုးကွယ်သူများ မနှစ်မြို့သော်ငြားလည်း ထိုအရှင်မြတ်သည်မိမိဧ။် ရစူလ်တမန်တော်အား အလုံးစုံသောဝါဒ လမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်နှင့် ၀ါဒလမ်းစဉ်အမှန်ဖြင့် စေလွှတ်တော်မူ ခဲ့လေသည်။” (ကုရ်အာန် အစီအတန်းများကဏ္ဍ ၊ ပါဒ ၉)

    သို့ရှိလေရာ “ထင်ပေါ်ရင် စင်တော်ကကောက်” ဆိုသကဲ့သို့ ဤအာယသ်တော်တွင် အရာ ခပ်သိမ်းတို့ထက်ဝယ် လွှမ်းမိုးထင်ပေါ်မှု့ဟူသည်

    (၁) လမ်းညွှန်နိုင်သော တရားလမ်းညွှန်ဖြစ်ခြင်း

    (၂) လမ်းစဉ်မှန်ဖြစ်ခြင်း

    တို့အပေါ်၌သာ မူတည်နေပါသည်။အစ္စလာမ်သည် ထိုအချက်နှစ်ချက်ပေါ်တွင် လုံးဝအခြေခံ တည်ဆောက် ထားသည်ဖြစ်ရာ မနာလိုမရှုစိမ့်သူတို့ လုပ်ကြံတားဆီးကြ လင့်ကစား ထင်ရှား ပေါ်လွင်နေမည်သာဖြစ်တော့သည်။

    “ထိုသူတို့သည် အလ္လာဟ၏ တရားအလင်းရောင်ကို မိမိတို့၏ ပါးစပ်များဖြင့် ငြိမ်းသတ်လိုကြ၏  ၊ သွေဖီငြင်းပယ်သူတို့မနှစ်မြို့ငြားလည်း အလ္လာဟ်သည် မိမိဧ။် တရားရောင်ခြည်ကို ကုံလုံပြည့်စုံအောင် ပြုထားတော်မူလေသည်” (ကုရ်အာန် အစီအတန်းများကဏ္ဍ ပါဒ ၈)

    ” ညံ့ဖျင်းမှူ့ဖြင့် ရနံ့သင်းမှု့ကို မတည်ဆောက်နိုင်ပါ ဖြစ်လာသမျှကို သစ္စာအလှဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်ပါမည်”

    မွတ်စလင်မ်တို့ဧ။်ဆိုင်များတွင် ‘786‘ ရေးထားခြင်းမှာ မွတ်စလင်မ်အချင်းချင်းကိုသာ အားပေးကြရန်ဖြစ်သည်ဟု စွပ်စွဲသူတစ်ချို့လည်း ရှိပါသည်။ မွတ်စလင်မ်တစ်ဦးအဖို့ရာတွင် အစားအသောက်စားသုံးရာ၌ တရားစည်းကမ်းများကို လိုက်နာရပါသည်။ စားချင်ရာစား သောက်ချင်တိုင်းသောက်လို့မရပါ။ ဤသို့ စားသောက်မိပါလျှင် အလ္လာဟ်၏ အမိန့်တော်ကို မနာခံရာရောက်သဖြင့် လွန်စွာမှပင် အပြစ်ဖြစ်ရပါသည်။

    ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က မွတ်စလင်မ်တို့အား

    “အသင်တို့သည် စင်ကြယ်သန့်ရှင်းသော အစာအဟာရများကို စားသုံးကြပီး အကျင့်ကောင်းကိုကျင့်ကြလော့ ” (ကုရ်အာန် ယုံကြည်သူများကဏ္ဍ၊ ပါဒ ၅၁)

    ” အသင်တို့သည် အလ္လာအသျှင်ပေးသနားထားတော်မူသည်များအနက် တရားဝင် ခွင့်ပြုထားသော သန့်စင်ြပီး ဥပါဒ်ကင်းသော အစာအဟာရများကို စားသုံးကြလော့ ” (ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၈၈ )

    “အလိုအလျောက်သေသော တိရိစ္ဆာန်၊ သွေး ၊ ၀က်သား ၊ အလ္လာဟ်အသျှင်မြတ်အပြင် အခြားသောအရာကို ရည်စူးထားသော တိရိစ္ဆာန် ၊ လည်လိမ်ညှစ်ပီး သေသောတိရိစ္ဆာန် ၊ရိုက်နှက်ခံရပီး သေသောတိရိစ္ဆာန် ၊ အမြင့်မှကျပီး သေသောတိရိစ္ဆာန် ၊ ဦးချိုဝှေ့ခံရသဖြင့် သင်တို့ ဇဗဟ်လှီးဖြတ်နိုင်သော တိရိစ္ဆာန်မှအပ သားရဲတိရိစ္ဆာန်များမှ ကိုက်ခဲသတ်ဖြတ်ထားသော တိရိစ္ဆာန်များ ၊ ရုပ်ထု ရုပ်ပွားများထားရှိရာဌာနများ၌ ပူဇော်ပသားရန် လှီးဖြတ်ထားသော တိရိစ္ဆာန်နှင့် မဲမြှားတို့ဖြင့် ကံစမ်းခြင်းသည် အသင်တို့အဖို့ “ဟရာမ်” စားသုံးခွင့်မရှိဟု တားမြစ်ထားပြီး ဖြစ်လေသည်။ ဤသည်တို့မှာ ပြစ်မှူ့ဒုစရိုက်များပင်။(ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၃ )

              ဤသို့အားဖြင့် အလ္လာဟ် တားမြစ်ထားသော အစားအသောက်များကို ရှောင်ရှားနိုင်စေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ မွတ်စလင်မ်တို့သည် မွတ်စလင်မ်တို့အချင်းချင်း လှီးဖြတ်ချက်ပြုတ်ထားသော မွတ်စလင်မ်ဆိုင်များတွင် စားသောက်ခြင်းမှတပါး အခြားမရှိနိုင်ပါ။

    တရားတော်က တားမြစ်ထားသော အရာမဟုတ်သည့် အခြားအစားအစာများကိုမူ စားသုံးခွင့်ထားရှိပါသည်။ သည့်အတွက်ကြောင့်ပင် ဘာသာခြားသူတို့ ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်များ၌ပင် မွတ်စလင်မ်တို့ လက်ဖက်ရည် သောက်နေမှူ့များကို လက်တွေ့တွေ့မြင်နိုင်ကြပေသည်။ အခြားသော လူသုံးကုန်ပစ္စည်းများကိုလည်း ဘာသာခြားတို့ရောင်းချသော ဆိုင်များတွင် အပြန်အလှန် ၀ယ်ယူနေကြသည်မှာလည်း မငြင်းနိုင်သော သက်သေ သာဓကတစ်ရပ်ပင်။ “ခင်ရာဆွေမျိုး၊မြိန်ရာဟင်းကောင်း” ဆိုသည့် ရှေးလူကြီးသူမတို့ဧ။် ဆိုရိုးစကားကိုလည်း မမေ့အပ်ပါ။

        ဘာသာတရားတိုင်းသည် သဘောထားကြီးမှု့ကိုသာ သင်ကြားကြပါသည်။ သို့ရာတွင် ဘာသာတရား၏ သင်ကြားချက် စည်းဘောင်ထက်ကျော်လွန်ကာ ဘာသာဝင်တစ်ချို့တွင်ကား အယူသည်း အစွန်းရောက်မှု့ များလည်း ဘာသာတရားအသီးသီးဧ။် ဘာသာဝင်တိုင်းတွင် ရှိနိုင်ပါသည်။ဤသည် ထိုပုဂ္ဂိုလ်များဧ။် ကိုယ်ပိုင်ပြသနာသာ ဖြစ်ပါသည်။

    အစ္စလာမ်သည် အယူသည်းမှု့ကို ဘယ်အခါမျှအားမပေးပါ မတိုက်တွန်းပါ။သင်ကြားမှု့လည်းမရှိပါ။ အောက်တွင်ဖော်ပြထားသော ကုရ်အာန်အာယသ်တော်နှင့် တမန်တော်မြတ်ကြီးဧ။် မိန့်ခွန်းများသည် ၀င့်ဝင့်ကြွားကြွား သက်သေခံပါလိမ့်မည်။

       ” အသင်တို့သည် ဘာသာသာသနာရေးရာ၌ အယူသည်းအစွန်းရောက်ခြင်း မပြုကြလေနှင့်” (ကုရ်အာန် အမျိုးသမီးများကဏ္ဍ ပါဒ ၁၇၁ )

        ” ဘာသာတရား၌ အယူသည်းအစွန်းရောက်မှူ့အား အထူးရှောင်ရှားကြလေကုန်။ အသင်တို့အရင်ကရှိခဲ့ကြသော သူတို့သည် ဘာသာသာသနာအရေး၌ အယူသည်း အစွန်းရောက်မှု့ ကြောင့်သာလျှင် ပျက်စီးခဲ့ကြရလေသည်။”

    (မုဟမ္မဒ်သခင်၏ ဟာ့ဂ်ျမိန့်ခွန်း)