News @ M-Media
Blog
  • 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    စက်တင်ဘာ၊ ၁၁၊၂၀၁၂
    M-Media
    9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    Zero An Investigation Into 9/11 (part 1 of 10)with myanmar subtitle
    Zero An Investigation Into 9/11 (part 2 of 10)
    Zero An Investigation Into 9/11 (part 3 of 10)
    Zero An Investigation Into 9/11 (part 4 of 10)
    Zero An Investigation Into 9/11 (part 5 of 10)
    Zero An Investigation Into 9/11 (part 6 of 10)
    Zero An Investigation Into 9/11 (part 7 of 10)
    Zero An Investigation Into 9/11 (part 8 of 10)
    Zero An Investigation Into 9/11 (part 9 of 10)
    Zero An Investigation Into 9/11 (part 10 of 10)
    Zero An Investigation Into 9/11 ကို မြန်မာဘာသာသို့ပြန်ဆိုပြီး စာတန်းထိုးခြင်းကို MMSY (မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ) မိသားစုမှ စုပေါင်းဆောင်ရွက်ထားသော ပရောဂျက်တခုဖြစ်ပါသည်။
  • အမေရိကန်အနေဖြင့် အစ္စလာမ်သာသနာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း  အိုဘားမားဆို
    အမေရိကန်အနေဖြင့် အစ္စလာမ်သာသနာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း အိုဘားမားဆို
    စက်တင်ဘာ ၈ ရက် ၂၀၁၂
    M-Media
    မှီငြမ်း- ၀ါရှင်တန် တိုင်းမ်စ် www.washingtontimes.com/news/2012/sep/8/obama-america-not-war-islam/
    အမေရိကန် သမ္မတ အိုဘာမားက ၉/၁၁ နှစ်ပတ်လည်နေ့ အတွက် အပတ်စဉ်ရေဒီယိုနှင့် အင်တာနက်တို့မှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း၌ သမ္မတအိုဘားမားက အမေရိကန်အနေဖြင့် အစ္စလာမ်ဘာသာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
    သမ္မတအိုဘာမားက “ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတော့ ခက်ခဲတဲ့နှစ်တွေပါပဲ၊ ဒါပေမယ့် ကျနော်တို့က တိုင်းပြည်တစ်ပြည်အနေနဲ့ ပိုပြီးတော့အင်အားကောင်းစွာ ပြန်လာနိုင်ခဲ့ပါတယ်။” ဟု ပြောကြားခဲ့သည်။
    “ကျနော်အမြဲပြောလေ့ရှိတဲ့အတိုင်းပါပဲ၊ အမေရိကန်နိုင်ငံက အလ်ကိုင်ဒါနဲ့ သူ့ရဲ့အပေါင်းအပါတွေနဲ့သာ စစ်ဆင်နွှဲနေတာဖြစ်တယ်၊ ကျနော်တို့အနေနဲ့ အစ္စလာမ် ဒါမှမဟုတ် ဘယ်ဘာသာ သာသနာနဲ့မှ စစ်ဆင်နွှဲသွားမှာ မဟုတ်ဘူး” စသဖြင့် သမ္မတအိုဘားမားက ပြောကြားခဲ့သည်။
    လက်ရှိတွင်မူ အိုဘာမားအစိုးရအဖွဲ့၏ စီးပွားရေးအခြေအနေအပေါ် ကိုင်တွယ်နေမှုများနှင့်ပတ်သတ်ပြီး ဝေဖန်မှုများရှိနေသော်လည်း လွန်ခဲ့သည့်လက အလုပ်လက်မဲ့နှုန်း ၈.၃ ရှိနေရာမှ ယခုလတွင်မူ ၈.၁ အထိ ကျဆင်းလာခဲ့သည်။ လူပေါင်း ၉၆၀၀၀ ကို အလုပ်ပေးနိုင်ခဲ့ပြီး အလုပ်ရှာနေသူပေါင်း ၃သိန်း ၆သောင်း ၈ ထောင်မှာ အလုပ်သမားဈေးကွက်မှ ထွက်သွားပြီးဖြစ်ကြောင်း သောကြာနေ့က အလုပ်သမားဌာနမှ သတင်းပေးပို့ထားသည်။
    မနက်ဖြန်တွင်ကျရောက်မည့် စက်တင်ဘာ ၁၁ အထိမ်းအမှတ်မှာ ယခုနှစ်ဆိုလျှင် ၁၁ ကြိမ်မြောက်နှစ်ပတ်လည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် လူပေါင်း ၃ ထောင်ခန့် သေဆုံးခဲ့ရသည်။ ယင်းအဖြစ်အပျက်ကို အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ အမုန်းတီးခံပြစ်မှတ်ဖြစ်လာစေဖို့ လုပ်ကြံဖန်တီးခဲ့ကြခြင်းလည်း ဖြစ်နိုင်ကြောင်း အချို့သော ဝေဖန်ရေးသမားများက ဆိုနေကြသည်။
  • ရွှေမန်းဇေယျာ အလှူရှင်များရဲ့ ဘာသာ၊လူမျိုးမခွဲတဲ့ မြင့်မြတ်တဲ့ အလှူဒါန
    ရွှေမန်းဇေယျာ အလှူရှင်များရဲ့ ဘာသာ၊လူမျိုးမခွဲတဲ့ မြင့်မြတ်တဲ့ အလှူဒါန
    စက်တင်ဘာ ၂၊ ၂၀၁၂၊
    M-Media
    သတင်း/ဓါတ်ပုံ – ပြည့်ပြည့်
    စစ်ကိုင်း ။          ။ရွှေမန်းဇေယျာ အလှူရှင်များသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ (၅၅၆)ယောက်တို့အား ကျောင်းသုံး ပစ္စည်းများလှူဒါန်းခြင်းနှင့် တောင်ဗီလာဘုန်းကြီး စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများအား နံနက်စာကျွေးမွေးခြင်းလှူဒါန်းမှုကို ၂.၉.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
    အဆိုပါလှူဒါန်းမှုတွင် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် နီလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၂၄)ဦး ဆရာဆရာမ(၇)ဦး၊ ပတ္တမြားကျောင်းမှ ကျောင်းသားကျောင်းသူ(၁၀၃)၊ ဆရာဆရာမ(၅)ဦး၊ မြရတနာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၉၇)ဦး၊ ဆရာဆရာမ(၇)ဦး၊ တောင်ဗိလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၃၂)ဦး၊ ဆရာဆရာမ(၁၁)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၅၅၆)ဦးနှင့် ဆရာမဆရာမ(၃၀)ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ(သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်)၊ မုန့်များ၊ ဆန်များ၊ အ၀တ်အစားများ၊ မြရတနာမှ တက္ကသိုလ်ဝင်တန်းအောင်တစ်ဦးနှင့် တက္ကသိုလ်တက်နေသူတစ်ဦးတို့အား အလှူငွေပေးအပ်ခဲ့ကြပြီး မြရတနာကျောင်းတွင် လိုအပ်နေသော ရေပိုက်သွယ်တန်းခြင်းကိုလည်း လှူဒါန်းခဲ့ပြီး စုစုပေါင်းငွေကျပ် (၉၆၅၅၀၀ိ/-)တန်ဖိုး လှူဒါန်းခဲ့ကြကြောင်းသိရပါသည်။
    အဆိုပါ ရွှေမန်းဇေယျာအလှူရှင်များ၏ နှစ်စဉ်လှူဒါန်းနေမှုမှာ ၁၅-နှစ်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရပါသည်။ ရွှေမန်းဇေယျာအလှူရှင်များတွင် ဦးဆောင်နေသူမှာ စစ်ကိုင်းမြို့မှ ဟာဂျီဦးချစ်ဖူးနှင့် ဟာဂျီမဒေါ်သီတာခိုင်(ရွှေနှင်းဆီစာပေ) ဇနီးမောင်နှံဖြစ်သည်ဟု သိရသောကြောင့် ဟာဂျီမဒေါ်သီတာခိုင်အား ရွှေမန်းဇေယျာ အလှူရှင်များအကြောင်းမေးမြန်းခဲ့ပါသည်။
    “ဒီအဖွဲ့လေးက အစကတော့ အဖွဲ့အနေနဲ့မရှိပါဘူး။ ဟိုးအရင်တုန်းက အခုဒီနေ့လှူခဲ့တဲ့ကျောင်း(၄)ကျောင်းလုံးကို အန်တီတို့တစ်ဦးတည်းက လှူခဲ့တယ်။ မြရတနာကျောင်းကိုလှူလာတာ ၁၅-နှစ်လောက်ရှိပါပြီ။ မြရတနာရပ်ကွက်က အရင်က အနာကြီးရောဂါရှိသူတွေနေကြတာ။ အဲဒါကို လှူရင်းနဲ့ စလှူဖြစ်သွားတာ။ အခုတော့ အနာကြီးရောဂါ မရှိကြတော့ပါဘူး။ အဲလို လှူတာကို တစ်ခြားမိတ်ဆွေအပေါင်းသင်းတွေကလည်းသိလာတယ်။ နောက်တော့ အန်တီတို့ဆရာကြီး ဦးဇော်ဝင်းက သိသွားပြီး နင်တစ်ယောက်တည်းလှူမနေနဲ့ ငါတို့တွေအားလုံး ၀ိုင်းလှူကြရအောင် ဆိုတာနဲ့ တစ်ခြားမိတ်ဆွေသူငယ်ချင်းတွေပါ ပါဝင်လာကြတယ်။ ဒီအဖွဲ့ကို အရင်က နာမည်ပေးမထားဘူး။
    နောက်ပိုင်း စစ်ကိုင်းကလူတွေရော၊ မန္တလေးမိတ်ဆွေတွေလည်း ပါဝင်လာကြပေမယ့် ဘာနာမည်မှမပေးပဲ ဒီအတိုင်းပဲလှူကြတာပါ။ လှူတဲ့အခါမှာလည်း ၀ိုင်းပြီးထည့်ကြတဲ့ငွေကို အပိုလက်ထဲမှာ ကိုင်ထားတာမျိုးမလုပ်ဘူး။ ရတဲ့ငွေကို တစ်ခါတည်း ကုန်အောင်လှူပါတယ်။ စာရင်းရှင်းတမ်းတစ်ခါတည်း လုပ်တယ်။ အနည်းအပါးလိုအပ်ငွေကို စိုက်ပြီးထည့်ဝင်ပါတယ်။ အများကြီးလိုတဲ့အခါကျရင်တော့ အဖွဲ့ဝင်သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေလည်း ၀ိုင်းဝန်းထည့်ဝင်လိုက်ကြတယ်။ ဒီအဖွဲ့လေးကို အခုနာမည်လေးပေးဖြစ်သွားတာက အရင်က ဒီဘကကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရှိတယ်။ အခုတော့ သူကကွယ်လွန်သွားပါပြီ။ အန်တီတို့တွေ လှူကြတဲ့အခါတိုင်း စစ်ကိုင်းနဲ့ မန္တလေးက အလှူရှင်တွေပါတယ်ဆိုတာ ပြောပြတော့ နောက်အန်တီတို့လာတိုင်းသူက ရွှေမန်းဇေယျာအဖွဲ့လာပြီ ရွှေမန်းဇေယျာအဖွဲ့လာပြီလို့ခေါ်ရင်းကနေ ရွှေမန်းဇေယျာအဖွဲ့လို့ တွင်သွားတယ်။ အဲဒါနဲ့ အဲဒီနာမည်လေးကိုပဲ ပေးဖြစ်လိုက်တယ်။ အခုလို လှူလာတာ ၁၅-နှစ်လောက်ရှိပေမယ့် အဖွဲ့အနေနဲ့လုပ်ခဲ့တာက ၇-နှစ်လောက် ရှိပါပြီ။
    အခုဒီတောင်ဗီလာကျောင်းလေးကို အန်တီတို့ စပြီးလှူခါစက ဒီလိုမဟုတ်ဘူး။ တဲလေးနဲ့။ အန်တီတို့တွေ လှူဒါန်းလာပြီးတဲ့နောက်မှာ မိတ်ဆွေအပေါင်းသင်းတွေကိုပြောပြတော့ သူတို့တွေလည်း အန်တီတို့ မလှူဒါန်းနိုင်တဲ့ အပိုင်းကို သူတို့က လှူဒါန်းပေးကြတယ်။ အခုတော့ တစ်ခြား အလှူရှင်တွေလည်း လှူဒါန်းကြလို့ ဒီအဆောက်အဦးလေးဖြစ်လာပါပြီ။ ဒီတောင်ဗီလာဆရာတော်က နာမည်ကြီး ဆရာတော်မဟုတ်ပေမယ့် စေတနာနဲ့သင်ကြားပေးနေတာကြောင့် အန်တီတို့ကလည်း ကူညီတဲ့အနေနဲ့ ဒီကျောင်းက ဆရာ/ဆရာမ(၇)ယောက်အတွက် လစာ တစ်လကို(၂၀၀၀၀ိ/-)နှုန်းနဲ့ တစ်နှစ်စာလှူဒါန်းပေးပါတယ်။ အဖွဲ့အနေနဲ့က လစဉ်မဟုတ်ပါဘူး။ လှူတဲ့သူတွေရှိတဲ့လဆို အဲဒီအလှူငွေနဲ့ ပြန်ကူညီတယ်။ တစ်ခြားလှူဒါန်းသူမရှိရင်လည်း အန်တီတို့ပဲ လှူဒါန်းလိုက်တာပါ။
    မန္တလေးက မိတ်ဆွေတချို့ကလည်း ထည့်ဝင်လှူဒါန်းပေးကြတယ်။ ဒီကျောင်လေးမှာ ဘာသာပေါင်းစုံက ကျောင်းသားလေးတွေရှိတယ်။ အန်တီတို့အနေနဲ့က ဘာသာနဲ့လူမျိုးကိုကြည့်ပြီးလှူတာမဟုတ်ပါဘူး။ ကလေးတွေ လူဆိုတဲ့ ကလေးတွေကိုပဲကြည့်ပြီးလှူတာပါ။ အဖွဲ့ ဖွဲ့ထားလို့ အဖွဲကခေါင်းဆောင်အနေနဲ့ မသွားပါဘူး။ အားလုံး မောင်နှမတွေလိုပဲ ၀ိုင်းပြီးလုပ်ကြတာပါ။ ဒီအဖွဲ့မှာ ဘာသာပေါင်းစုံက ပါဝင်ကြပါတယ်။”လို့ ဟာဂျီမဒေါ်သီတာခိုင်က ဖြေကြားခဲ့ပါတယ်။
  • ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ အမေရိကန်သံအမတ် လေ့လာ
    ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ အမေရိကန်သံအမတ် လေ့လာ
    စက်တင်ဘာ၊ ၉ ၊ ၂၀၁၂၊
    Source- RFA &BBC
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက္ကယ်ပြင်ရောက် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ် မွတ်ဆလင် ဒုက္ခသည်များနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ် (ဓါတ်ပုံ BBC)
    ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ဟာ ဒီကနေ့မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သက္ကယ်ပြင်၊ ဘောဒူဖအပါအ၀င် စစ်တွေ အောင်မင်္ဂလာရပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။
    အမေရိကန် သံအမတ်ကြီးဟာ ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း နှစ်ဖက်ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ပြေလည်နိုင်ရေး အပါအ၀င် ဒေသခံ လူမျိုးအားလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေရာပြန်လည် ရရှိရေးစတဲ့ အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ အောင်မင်္ဂလာရပ် ဒေသခံ မူဆလင်တဦးကပြောပါတယ်။
    RFA
    ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က စစ်တွေမြို့တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun(ယာ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell (ဝဲ)တို့ ရခိုင်ပြည်နယ် လူ့အခွင့်အရေးကိစ္စ မေးမြန်းနေစဉ်။
    “ဒီမှာ ရှင်းပြတာကတော့ သူ သန်းခေါင်စာရင်းတစ်ခု ယူလာတယ်။ ဒီရွာထဲကနေ။ အဲတာ သန်းခေါင်စာရင်းမှာ ၄၂ ခုနှစ်မှာ ပါလာတဲ့ ရိုဟင်ဂျာ မူဆလင်ဆိုပြီးတော့ သန်းခေါင်စာရင်းမှာ ရေးပြီးသားပါတယ်။ သူတို့ရဲ့ ကလေး၊ သူတို့ရဲ့မိသားစုဟာနောင် ပေါက်ဖွားလာတဲ့ ကလေးတွေကြတော့ ဘင်္ဂါလီလူမျိုး ဖြစ်သွားတယ်။ အဲဒီ သန်းခေါင်စာရင်းပေါ်မှာ။ ရိုဟင်ဂျာ လူမျိုးနဲ့ ရသွားတယ်။ ရပြီးတော့ နောက်ပိုင်း သူကလေးတွေ ရသွားတော့ ဘင်္ဂါလီလူမျိုး အဖြူကတ်ပြားတွေ၊ ဘာတွေ ရသွားတယ်။ မင်းသားက ရိုဟင်ဂျာနဲ့ ရပြီးတော့ သူက ပေါက်ဖွားလာတဲ့ ကလေးတွေက ဘာဖြစ်လို့ ဘင်္ဂါလီဖြစ်ရမယ် ဆိုတာ သူက အဲဒီလို ဖြေသွားတယ်”
    ဒါအပြင် သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့လည်း မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။
    အမေရိကန် သံအမတ်ကြီးဟာ စစ်တွေမြို့မှာ ရခိုင်ဆရာတော်တွေဖြစ်တဲ့ ရွှေစေတီ ဆရာတော်နဲ့ ဗုဒ္ဓဟိဟာရ ဆရာတော် နှစ်ပါး အပါအ၀င် ရခိုင်လူမှုရေး အဖွဲ့အစည်း (၅) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့  တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း စက်တင်ဘာ ၉ က စစ်တွေမြို့၊ အောင်မင်္ဂလာ မွတ်ဆလင် ဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့ပါတယ်
    ဓါတ်ပုံ BBC
  • မြန်မာမွတ်စလင်မ်ကွန်ရက်မှ ဦးစီးပြီး အီးဒ်မိတ်ဆုံပွဲကျင်းပ
    မြန်မာမွတ်စလင်မ်ကွန်ရက်မှ ဦးစီးပြီး အီးဒ်မိတ်ဆုံပွဲကျင်းပ
    စက်တင်ဘာ၊ ၉ ၊ ၂၀၁၂
    M-Media
    သတင်း။ ကိုဇင်
    ရန်ကုန်။    ။ယနေ့ (၉-၉-၂၀၁၂) တနင်္ဂနွေနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Royal Rose ခန်းမတွင် မြန်မာမွတ်စလင်မ်ကွန်ရက်မှ ကျင်းပသော အီဒ်မိတ်ဆုံ အခမ်းအနားတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
    Photo Credit- မဖရီဒါ
    အဖွင့်အမှာစကားကို ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) မှပြောကြားပါသည်။ အဲဒီနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်မှ နာယကကြီးများဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်၊ ရွှေဝါရောင် တော်လှန်ရေးမှ ဥိးဆောင်သံယာတပါး၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမင်းဇေယျ၊ ဘာသာအသီးသီး တက်ရောက်လာကြသော ကိုယ်စားလှယ်များ မှ   အမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။
    ထို့အတူ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများ၊ NGO များ၊ မီဒီယာများနှင့် အခြားဧည့်ပရိသတ်များ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။