News @ M-Media

Blog

  • ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ အင်ဒိုနီးရှားအကူအညီ

    ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ အင်ဒိုနီးရှားအကူအညီ

    သြဂုတ်၊ ၂၉၊ ၂၀၁၂

    VOA

    ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာသုံးသပ်ချက်အစီအစဉ်မှာ အကြမ်းဖက်မှုတွေ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ် ပြန်လည်ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အင်ဒိုနီးရှားကြက်ခြေနီ အထွေထွေအတွင်းရေးမှုး Mr. Budi Adiputro ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း၊ ဆွေးနွေးသုံးသပ်ထားပါတယ်။


    ဦးကျော်ဇံသာက ။ ။ ပထမဦးဆုံးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ဟာ အခုမြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အကူအညီပေးမယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကူညီမလဲဆိုတာကို နည်းနည်းရှင်းပြပါ။

    Mr Budi Adiputro ။ ။ ဒီလ ၉ – ၁၀ ရက်က ကျနော်ဟာ ကျနော်တို့ရဲ့  အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌနဲ့အတူ ဗမာပြည်ကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံသမ္မတ ဗိုလ်ချုပ်ကြီးဦးသိန်းစိန် က ကျနော်တို့ကို လက်ခံတွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌနဲ့အတူ ဝန်ကြီးတချို့ နဲ့လည်း တွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ဆုံခဲ့မှုတွေမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကျနော်တို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မူစလင်နိုင်ငံ တော်တော်များများက မြန်မာနိုင်ငံကို ဖိအားပေးနေခဲ့ကြတာပါ။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာတင်မကပါဘူး ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း အများကြီးရှိနေတာပါ။ ကျနော်တို့ကတော့ နှစ်ဖက်စလုံးကို ထောက်ပံ့ပေးပြီးတော့ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေအနေမျိုးရောက်အောင် ပြန်လည်ဖော်ဆောင်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ရိုဟင်ဂျာတွေနဲ့ ဒေသခံရခိုင်လူမျိုးတွေကြား သဟဇာတဖြစ်ရေး အစီအစဉ်တရပ်ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့  အိုင်ဒီယာပါပဲ။
    ဦးကျော်ဇံသာက ။ ။ အိုင်ဒီယာကတော့ ဟုတ်ပါပြီ။ လက်တွေ့အကောင်အထည်ဖော်မယ့် နည်းလမ်းလည်းပြောပါအုံး။

    Mr Budi Adiputro ။ ။ ပထမအဆင့်က ဒီပဋိပက္ခက လူမျိုးစုအချင်းချင်း ဖြစ်နေတဲ့ ပြဿနာသာဖြစ်တယ်။ ဘာသာရေး ပဋိပက္ခ မဟုတ်ဘူးဆိုတာကို ကျနော်တို့ နားလည်းသဘောပေါက်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့ ဝင်ရောက်စွက်ဖက်ပြီးတော့ ပြေလည်အောင်မဆောင်ရွက်နိုင်ဘူးဆိုရင် ဘာသာရေးပဋိပက္ခအဖြစ်သို့ ကူးပြောင်းသွားမှာကို စိုးရိမ်ရပါတယ်။ ဘာသာရေးပဋိပက္ခသာ ဖြစ်ခဲ့ရင်တော့ တဖတ်နဲ့တဖတ် သတ်လို့၊ ဖြတ်လို့ ဆုံးနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ကာကွယ်ပြီတော့ ရန်သူကိုသတ်ရတာ ကောင်ကင်ဘုံကိုရောက်တယ်ဆိုတဲ့ ယူဆချက်နဲ့ သတ်နေကြတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ ပထမ လုပ်ရမှာက အရေးပေါ်အခြေအနေကို ကျော်လွှာလွန်မြောက်သွားအောင် ကူညီရမယ်။ ကယ်ဆယ်ရေး အကူအညီတွေ ပေးရမယ်။ ကျနော်ကိုယ်တိုင် စစ်တွေကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ ပထမ (၃) လအတွင်းမှာ ကျနော်တို့ဟာ ဘက်လိုက်မှုမရှိဘဲ ကြားဝင်ဆောင်ရွက်ရပါမယ်။ နှစ်ဖက်စလုံးကို အကူအညီ၊ အထောက်အပံ့တွေပေးမယ်။ သူတို့မှာ အစားအစာ လုံလုံလောက်လောက် ရှိစေရမယ်။ ကျန်းမာရေး အထောက်အပံ့တွေ လုံလုံလောက်လောက်ရှိအောင် လုပ်ပေးမယ်။ နေရာထိုင်ခင်းတွေဟာ အခုလက်ရှိထက် အများကြီး ပိုကောင်းအောင် လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမအဆင့် ဖြစ်ပါတယ်။

    ဦးကျော်ဇံသာက ။ ။ အပြောလွယ်သလောက် လက်တွေ့ဖြစ်နိုင်ပါ့မလား။ ဒီလုပ်ငန်းတွေအားလုံးကို (၃) လအတွင်း အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆက်သွယ်ရေးပြဿနာ၊ သယ်ယူပို့ဆောင်ရေး ပြဿနာ၊ ဟိုဖက်က ပူးပေါင်းဆောင်ရွက်တဲ့ ပြဿနာတွေအားလုံးကို ထည့်ပြီးစဉ်းစားကြည့်မယ်ဆိုရင်။

    Mr Budi Adiputro ။ ။ မှန်ပါတယ်။ ကျနော်တို့ဟာ အသေးစိတ် သုံးသပ်ပြီးမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပွင့်လင်းမှုမရှိဘဲ၊ သတင်းအချက်အလက်တွေ ပွင့်ပွင့်လင်းလင်း မရရှိနိုင်ဘဲ ကျနော်တို့အနေနဲ့ ဒီလူ့အသိုင်းအဝိုင်းကြားထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက်သွားလာခွင့် မရှိဘဲနဲ့ အခြေအနေမှန်ကို ကျနော်တို့ သိနိုင်မယ်မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ သမ္မတက ကျနော်တို့ကို အဲဒီနေရာတွေ၊ စစ်တွေက စခန်းတွေကို တိုက်ရိုက်သွားခွင့်ပြုခဲ့ပါတယ်။ ကျနော်တို့ ချဉ်းကပ်မှုစနစ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ပစ္စည်းတွေဖြန့်ဝေပေးတဲ့ နေရာမှာ စေတနာဝန်ထမ်းတွေကို အဓိကထား စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့တွေနဲ့အတူ စခန်းတွေကို သွားရောက်ကူညီမယ်၊ အခြေအနေတွေကို စုံစမ်းမယ်၊ ဒုက္ခသည်တွေဘဝကို ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေကို အစိုးရကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

    ဦးကျော်ဇံသာက ။ ။ UNHCR လို ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့တွေဟာ မမျှတဘူး။ သူတို့အကူအညီတွေဟာ တဖတ်သတ် ဦးစားပေးတာတွေရှိတယ်။ ဘက်လိုက်တာတွေ ရှိနေတယ်ဆိုပြီ ဗုဒ္ဓဘာသာတွေ၊ ရခိုင်လူမျိုးတွေက ရှုမြင်ကြပါတယ်။ ပြီးတော့ သူတို့ကူညီတဲ့ အကူအညီတချို့ ကိုတောင် လက်မခံဘဲ သပိတ်မှောက်ကြတယ်ဆိုတာတွေလည်း ရှိကြပါတယ်။ ဆိုတော့ အင်ဒိုနီးရှား ကြက်ခြေနီအနေနဲ့ ဒီလို အထင်မခံရအောင် ဘာတွေလုပ်မလဲ။ ဒီလို အထင်ခံရနိုင်တယ့် အခြေအနေတွေ မရှိဘူးလား။

    Mr Budi Adiputro ။ ။ တကယ်ပြောရရင်တော့ ကျနော်တို့ရဲ့  ချဉ်းကပ်မှုက ကုလသမဂ္ဂ ချဉ်းကပ်မှုနဲ့ ခြားနားတယ်ဆိုတာကတော့ သေချာပါတယ်။ တခြားနိုင်ငံတကာ အန်ဂျီအိုတွေနဲ့လည်း မတူပါဘူး။ ကျနော်တို့ ကြက်ခြေနီပါ။ အခြေခံမူကြီး (၇) ချက်ရှိပါတယ်။ အဲဒီအထဲမှာ neutrality ဘက်လိုက်မှုမရှိစေရအချက်က နံပတ် (၁) ဖြစ်ပါတယ်။ ကျနော်တို့ဟာ နှစ်ဖက်စလုံးအတွက် ဝင်ရောက်ဆောင်ရွက်ပေးမှာပါ။ ရိုဟင်ဂျာနဲ့ ဒေသခံရခိုင်တွေပါ ကျနော်တို့ ခွဲခြားထားတာ မရှိပါဘူး။ ညီတူညီမျှ ကူညီမှာဖြစ်ပါတယ်။ ဒီလို ဘက်လိုက်မှုမရှိဘဲ ကူညီရေးဟာ ပြဿနာရဲ့  အဖြေဖြစ်တယ်ဆိုတာကို မြန်မာသမ္မတကြီးကလည်း သဘောပေါက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ပြန်လာပြီးတော့ ကျနော်တို့အဖွဲ့ရဲ့  ဥက္ကဋ္ဌဟာ အင်ဒိုနီးရှားမှာရှိတဲ့ အန်ဂျီအိုတွေ၊ နိုင်ငံတကာအန်ဂျီအိုတွေနဲ့ ဂျာကာတာမှာ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ရဲ့  ဆောင်ရွက်ချက်တွေကို ပံ့ပိုးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဆိုတော့ အလံကတော့ အင်ဒိုနီးရှားကြက်ခြေနီအလံပါ။ အင်ဒိုနီးရှား သမ္မတကြီးကလည်း ကျနော်တို့ ကြက်ခြေနီလုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးပါတယ်။ ပြန်လည်ထူထောင်ရေးအဆင့်မှာ ကူညီဖို့ နိုင်ငံပေါင်း ခြောက်နိုင်ငံကလည်း စာရင်းပေးထားပြီးပါပြီ။ Semi-permanent House လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်နိုင်လို့ရတဲ့ အိမ်အလုံးပေါင်း ၈၀၀၀ တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ နှစ်ဖက်စလုံးအတွက် ဆောင်ရွက်ပေးမှာပါ။

    ဦးကျော်ဇံသာက ။ ။ ဒါက ပထမအဆင့်ဆိုပါတော့။ ဒုတိယအဆင့်ကို ဆက်ပါအုံး။

    Mr Budi Adiputro ။ ။ ဒုတိယအဆင့်ကတော့ အရေးပေါ်အနေအထားကို ဖြေရှင်းပြီးဆောင်ရွက်ရမယ့်အဆင့်ပဲ ဖြစ်ပါတယ်။ ရေ၊ မိလ္လာအခြေအနေတွေ အလွန့်အလွန်ဆိုးဝါးနေပါတယ်။ အစားအသောက် ဝေငှဖြန့်ဖြူးမှုကလည်း သိပ်ညံ့ဖျဉ်းနေပါတယ်။
    တိုက်ရိုက်ချဉ်းကပ်ဆောင်ရွက်မှုကို ခွင့်မပြုလို့ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ ဒီလိုအခြေအနေမျိုး သိပ်အတွေ့အကြုံရှိပုံ မရပါဘူး။ မကျွမ်းကျင်ကြပါဘူး။ ကျနော်တို့ အင်ဒိုနီးရှားမှာ ၁၉၉၉-၂၀၀၁ ခုနှစ်အတွင်း ဆိုးဝါးပြင်းထန်ခဲ့တဲ့ ပဋိပက္ခပေါင်း (၇) ခု ဖြစ်ပွါးခဲ့ပါတယ်။ နေရပ်ရင်းစွန့်ခွါပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း (၂) သန်းခွဲရှိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကျနော်တို့ဟာ မြန်မာအစိုးရဆီကို ရောက်လာခဲ့တာပါ။ ပထမအဆင့်မှာ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးပြီးတော့ သူတို့အခြေအနေ နည်းနည်းပါးပါး သက်သာကောင်းမွန်လာပြီဆိုရင် နေထိုင်စရာ အိမ်ယာတွေ ဆောက်ပေးမယ်။ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာအောင် ကူညီပံ့ပိုးပေးမယ်။ လူမှုအသိုင်းအဝိုင်းကို လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးမယ်။ တခြားလိုအပ်ချက်တွေကိုပါ ဆောင်ရွက်ပေးမယ်။ ဒါတွေဟာ ကြက်ခြေနီအနေနဲ့ ကျွမ်းကျင်ပြီးသာကိစ္စတွေ ဖြစ်ပါတယ်။

    ဦးကျော်ဇံသာက ။ ။ ဒီလို ရုပ်ဝထ္ထုပိုင်း လိုအပ်ချက်တွေဆိုပါတော့ အဲဒါတွေကို ဖြည့်ဆည်းပေးပြီးတဲ့နောက်မှာ တဆင့်တက်ပြီးတော့ ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြား သဟဇာတဖြစ်လာအောင် ဘယ်လိုရှေ့ ဆက်ဆောင်ရွက်မလဲဆိုတာကို ပြောပါအုံး။

    Mr Budi Adiputro ။ ။ သူတို့အနေနဲ့ ဘဝနေမှုအတွက် အနှိမ့်ဆုံးလိုအပ်ချက်တွေ ရရှိနိုင်ပြီဆိုရင် ကျနော်တို့အနေနဲ့ ရှေ့ တိုးဆောင်ရွက်ဖို့အခြေအနေ ကောင်းသွားပါပြီ။ ခင်များသိတဲ့အတိုင်းပါပဲ ကျနော်တို့ အင်ဒိုနီးရှားကြက်ခြေနီ ဥက္ကဋ္ဌဟာ တချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံရဲ့  ဒုတိယသမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူပါ။ အာချေး နဲ့ အင်ဗုန် ပြဿနာကို အဓိကကိုင်တွယ် ဖြေရှင်းခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်း ပြဿနာတွေကိုလည်း ကိုင်တွယ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဆိုတော့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် သူတို့ နှစ်ဖက်စလုံးနဲ့ ထိုင်ပြီးတော့ ဆွေးနွေးနိုင်မယ့် အခြေအနေကို ရောက်လာပါပြီ။ ဘဝအခြေအနေ အနှိမ့်ဆုံး ပုံမှန်ပြန်ဖြစ်လာရင် ပြဿနာတွေအတွက် ဆွေးနွေးအဖြေရှာဖို့ပဲ ရှိပါတော့တယ်။
    ဦးကျော်ဇံသာက ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလိုပြဿနာမျိုးတွေ။ အဓိက အင်ဗုန်တို့၊ အာချေးတို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတုန်းက ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေလည်း နည်းနည်းပြောပါအုံး။

    Mr Budi Adiputro ။ ။ အင်ဒိုနီးရှားအခြေအနေကတော့ မြန်မာနဲ့ အတော်လေးကွဲလွဲပါတယ်။ မြန်မာနိုင်ငံနဲ့စာရင် ကျနော်တို့ဆီက ပွင့်လင်းမှုရှိပါတယ်။ အဲဒီ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ၁၉၉၉-၂၀၀၂ အခြေအနေမှာ မြန်မာနဲ့ ကွဲလွဲပါတယ်။ မြန်မာနိုင်ငံကတော့ တံခါးပိတ်ထားတဲ့ နိုင်ငံဖြစ်နေပါတယ်။ သတင်းအချက်အလက်တွေက သိပ်ကိုကန့်သတ်ဟန့်တားခံနေရပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ကြက်ခြေနီဥက္ကဋ္ဌက မြန်မာသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါ သတင်းအချက်အလက်တွေ ဖွင့်ပေးဖို့ အထူးမေတ္တာရပ်ခံခဲ့တာပါ။ လူတိုင်းက အခြေအနေကို အမှန်အတိုင်း သိလာရတယ်ဆိုရင် ပြေလည်အောင် ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို သဘောပေါက်လာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေအနေကလည်း တံခါးပိတ်အခြေအနေကနေ အတော်လေး ပွင့်လင်းပြီးတော့ ပြုပြင်ပြောင်းလဲဖို့ အားထုတ်လာပြီ ဖြစ်ပါတယ်။

    ဦးကျော်ဇံသာက ။ ။ သတင်းလွတ်လပ်ခွင့်ဆိုလို့ ဒီနေရာမှာ မေးချင်တာတခုက အခု ရခိုင်ဖက်မှာဖြစ်ခဲ့တဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီးတော့ အပြင်က မီဒီယာတွေဆီကတဆင့် ကြားခဲ့ရတဲ့အခြေအနေနဲ့ အခု အင်ဒိုနီးရှားကြက်ခြေနီ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကိုယ်တိုင်သွားပြီးတော့ တွေ့မြင်ခဲ့ရတဲ့ အတွေ့အကြုံ ဘယ်လိုကွာခြားပါသလဲ။ ပြည်ပသတင်းတွေ၊ မီဒီယာတွေထဲမှာ ဖော်ပြတာကတော့ တဖတ်သတ် နှိပ်စက်ညဉ်းဆဲမှုတွေ၊ သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့ ရေးနေကြတာကိုလည်း တွေ့မယ်လို့ ထင်ပါတယ်။

    Mr Budi Adiputro ။ ။ ကျနော် သိပါတယ်။ သတင်းဆိုတာ ဒီလိုပါပဲ။ လူနည်းစုနဲ့ လူများစုတွေကြား ဖြစ်ပွားတဲ့ ပြဿနာတိုင်းမှာ တဖတ်စောင်းနှင်းထောက်ခံမှုတွေကို တွေ့ရတတ်စမြဲဖြစ်ပါတယ်။ အင်ဒိုနီးရှားက အင်ဗုန်ပြဿနာမျိုးမှာ ကြုံခဲ့ရတာနဲ့ အတူတူပါပဲ။ ၂၀၀၁-၂၀၀၂ မှာ ဖြစ်ခဲ့တဲ့ အင်ဗုန်ပြဿနာအခြေအနေက ပိုဆိုးပါတယ်။ လူပေါင်း ၅၀၀၀ ကျော် သေဆုံးပြီးတော့ မိသားစု ၃၀၀၀၀ ကျော် နေစရာ၊ စားစရာမရှိ ဖြစ်သွားခဲ့တာပါ။ အဲဒီတုန်းက ပိုဆိုးတာက ပဋိပက္ခဟာ လူမျိုးနွယ်ပဋိပက္ခကနေ ဘာသာရေးပဋိပက္ခအဆင့်ကို ကူးပြောင်းသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ ပတ်သက်ပြီးတော့ ကျနော် သိသလောက်ပြောရရင် နိုင်ငံတကာက ပြောနေတဲ့ အခြေအနေဟာ လုံးဝဥဿုံမမှန်ပါဘူး။ အားလုံးအမှားကြီးတော့ မဟုတ်ပါဘူး။ ဒေသခံတွေနဲ့ တခြားလူတွေနဲ့ ဖြစ်တဲ့ပဋိပက္ခတိုင်းမှာ ဒေသအာဏာပိုင်တွေက ဒေသခံလူအဖွဲ့အစည်းတွေကိုပဲ ထောက်ခံတတ်ကြပါတယ်။ ရိုဟင်ဂျာတွေရဲ့  အခြေအနေကလည်း ပြတ်ပြတ်သားသား မရှိပါဘူး။ ဒါမျိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-၅၀ လောက်က အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဖြစ်ခဲ့တာပါ။ တရုတ်လူမျိုးတွေက အဲဒီတုန်းက အင်ဒိုနီးရှားနိုင်ငံသားတွေ မဟုတ်ကြပါဘူး။ တဖြည်းတဖြည်းချင်း တရုတ်လူမျိုးတွေနဲ့ သဟဇာတဖြစ်စွာ နေထိုင်ရမယ်ဆိုတာ လူတိုင်းသဘောပေါက်လာကြပါတယ်။ ဒီလိုဖြစ်လာအောင် အချိန်အများကြီး ယူရပါလိမ့်မယ်။ ၁ နှစ်၊ ၂ နှစ်အတွင်း ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေကတော့ လုံးဝမဟုတ်ပါဘူး။

    ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာကတော့ ဒီလို နှစ်ဖက်စလုံး ဘဝအခြေအနေ၊ စောစောကပြောခဲ့သလို အနှိမ့်ဆုံးအဆင့် ပြန်လည်ပုံမှန်ဖြစ်ဖို့ အတွက် ငွေကြေးအကုန်အကျ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းထားပါသလဲ။

    Mr Budi Adiputro ။ ။ ပထမတချက်ကတော့ ကျနော်တို့ဟာ လခြမ်းနီနဲ့ OIC (Organization of the Islamic Conference) နိုင်ငံတကာ အစ္စလာမ်အဖွဲ့အစည်းတို့နဲ့ မကြာခဏ စုဝေးပြီးတော့ ဒီအခြေအနေတွေကို ချမှတ်ရေးဆွဲကြမှာပါ။ အရေးကြီးတာကတော့ ပထမ (၃) လကနေ (၆) လအတွင်း ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ကယ်ဆယ်ရေးအဆင့်ပါ။ အဲဒီကာလအတွင်း ကျနော်တို့ အကဲခတ်ခန့်မှန်းရေးအဖွဲ့ဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ စာနာမှုအထောက်အပံ့ညှိနှိုင်းရေး အရာရှိ UNHCR, ICRC တို့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို ညှိနှိုင်းကြမှာပါ။ ကျနော်တို့အဖွဲ့က ၄၀ ရာခိုင်နှုန်း၊ ကျန်တဖွဲ့စီက ၂၀ ရာခိုင်နှုန်း စသဖြင့်ပေါ့။

    ဦးကျော်ဇံသာ ။ ။ ဒီလို ပူးပေါင်းဆောင်ရွက်ကြမယ့်အဖွဲ့တွေထဲမှာ Red Crescent ခေါ်တဲ့ လခြမ်းနီအဖွဲ့၊ OIC လို့ခေါ်တဲ့ နိုင်ငံတကာအစ္စလာမ်အဖွဲ့အစည်းတွေ ပါဝင်နေလေတော့ အဲဒီအဖွဲ့တွေကရော နှစ်ဖက်စလုံးကို ကူညီဖို့ သဘောတူညီကြပါသလား။ ဗုဒ္ဓဘာသာတွေဖြစ်ကြတဲ့ ရခိုင်လူမျိုးတွေကိုရော ကူညီကြမလားဆိုတာကို သိချင်ပါတယ်။

    Mr Budi Adiputro ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ဟာ ကာတာ လခြမ်းနီ၊ အရှေ့ အလယ်ပိုင်းလခြမ်းနီ အကြီးအကဲ၊ OIC က လက်ထောက်အထွေထွေ အတွင်းရေးမှူးတို့ဟာ ဆော်ဒီအာရေးဗီယားမှာ OIC ညီလာခံမတိုင်ခင် တွေ့ဆုံကြပြီးမှာ မြန်မာသမ္မတနဲ့ တွေ့ဆုံကြတာပါ။ ဘက်မလိုက်ရေးကို သူတို့လက်ခံကြပါတယ်။

  • ကုလားအုပ်ရယ်သံ (သရော်စာ)

    ကုလားအုပ်ရယ်သံ (သရော်စာ)

    ကုလားအုပ်ငယ် ( ကန္တာရရပ်ဝန်း )

    ဟိ ဟိ ဟီး ဟီး ဟီး ဟဲ့  လုပ်ပါ ဦး၊ ကုလားအုပ် တွေ ဘယ်လို ရယ် သတုန်း ။

    မင်း က ကုလားအုပ်ဖြစ်ပြီး ကုလားအုပ် ဘယ်လိုရယ်မှန်းတောင် မသိဘူးလားဟ

    ကုလားအုပ်ရယ် မည် ။ သို့သော် ကုလားအုပ် သည် သဲကန္တာရမှာ ပျော်သည်။ ပျော်မှ ပြုံးမည် ။ ရယ်မည် အ ဟီး ဟီး ။နာမည် လေး တစ်ခု ပေးမယ် ကြားလား ။ သဲကန္တာရ ကို ဖေ့ဘွတ်လို့ ခေါ်မည်။ကုလားအုပ် စကားမပီ ပါ။ မြန်မာလို မပြောတတ်ပါ ။ အိမ်မှာ ဘင်္ဂါလီလို ပြောသည်။ အလုပ်တွင် အိန္ဒိယတောင်ပိုင်းပြည် နယ်စကားပြောသည်။ ရွယ်တူ တန်းတူ ကုလားအုပ်သူငယ်ချင်းများနှင့် အာရဗီလို ပြောသည်။အို ဘယ် က နေ ဘယ်ရောက်ပါလိမ့် ။ ဖေ့ဘွတ် ကို သွားချင်လို့ ။ မသွားပါနဲ့ဟယ် ။ ကုလားအုပ် သူငယ်ချင်း တားသည်။  ဖေ့ဘွတ်က ငါ့ရဲ့ကန္တာရလေ ဘာလို့လဲ ။ ဟို ဟို  ဖေ့ဘွတ်မှာလေ ဘာ ရူးဇော် လား အဲ အဲ အဲ့လူကြီး ခွေးချီးခြောက် ကောက်စား နေလို့ ပါ ။ အေး လေ ငါနဲ့ ဘာဆိုင်လို့လဲ ။ သူစားတာ အကြောင်းမဟုတ်ဘူး ကွ အောက် က ပညာတတ် ၀တ်လုံတော်ရ မောင်သောင်းဖေ တွေ မသောင်းဖေ တွေ  က  ကျွန်တော်တို့လည်း ကြိုက်တယ် ကျွန်မတို့လည်း ကြိုက်တယ် ဆိုပြီး ကောက် ကောက် စားနေကြတာ ။ မင်း သွားရင် မင်း အနံ့တွေ ရနေမှာ ဆိုးလို့ပါကွ။ဟား ဟား ဟား တယ် ကောင်းတဲ့ ကုလားအုပ် သူငယ်ချင်းပါလား။

    လာပါ အိမ်ပြန်ရအောင်လေ မိုးချုပ်ပြီ။ သူငယ်ချင်းဆွဲခေါ်သည်။ကုလားအုပ် မလာချင်လာချင်နှင့် လိုက်လာရသည်။ ရထားပေါ်ရောက်လာပြီ။မင်းတို့က ဘာလူမျိုးလဲတဲ့။ အခု ပဲ စတွေ့တွေ့ချင်း မျိုးချစ် မြန်မာ အမျိုးသမီးမေးသည် ။ မြန်မာစကားပြောနေသော ကုလားအုပ်တို့ကို စတွေ့တွေ့ချင်း မေးသော စကား။အ ဟီး ဟီး ကုလားအုပ်ရယ်ချင်လို့ပါ။ ငါ ထင်တာက နင်တို့ တွေ ကို မလေးလူမျိုးတွေ ထင်လို့ပါတဲ့

    အဟီး ဟီး။ကဲ နောက်ထပ် မေးခွန်းတစ်ခု အစ်မ ယောက်ကျားအတွက် အလုပ်ရှာနေလို့ ပါ။ နင်တို့  company  မှာ vacacy ရှိလားတဲ့ အ ဟိ ဟိ ။ ငရုတ်သီးသည် စပ် ၏။ ကုလားအုပ်သည် ပြတ်၏။ အစ်မရယ် အွန်လိုင်းမှာ အလုပ်တွေ ပေါပါတယ်။

    အစ်မ ယောက်ကျားအတွက် အွန်လိုင်းပေါ်မှာ အလုပ်တွေရှိပါတယ် ရှာပေးလိုက်ပါလို့ အ ဟီး ဟီး ။

    နောက်ဆို မသိတဲ့သူတွေနဲ့ လမ်းမှာ စတွေ့တွေ့ချင်း ဘာလူမျိုးလဲ ဘာ ဘာသာဝင်လဲ စ မေးနော် ။ မှတ်ပုံတင်တောင်းကြည့်စရာမလိုဘူး အ ဟီး ။

    မှတ်ပုံတင်တောင်းကြည့်ရင်တော့ နိုင်ငံအစုံဖြစ်နေလေရဲ့။

    ကုလားအုပ် မွေးရပ်မြေ မြောက်ဥက္ကလာ စပြီး ရန်ကုန်မှာ နေခဲ့သမျှ အိမ်တွေက နေ ပါခဲ့တဲ့ချီးတွေ ကွန်တိန်နာနဲ့ ထည့်ပြီး  ဘင်္ဂလားဒေ့ရှ် တို့ အိန္ဒိယတောင်ပိုင်းတို့ကို ပို့ရမှာပဲ ။

    အ ဟီး ဟီး မှတ်ပုံတင်အရဆို အဲဒီ့ ကုလားအုပ်က အဲ့ဒီ့ နိုင်ငံတွေမှာ မွေးဖွားတယ်လို့ ယူဆ သကိုး။

    ရယ် ရတာ မောလွန်းလို့ အိမ်ပြန်ရောက်မှ ရေသောက်မည်။

    အိမ်မှာ သူငယ်ချင်း တွေ စောင့်နေသည်။ အထွေအထူးတော့မဟုတ်ပါဘူး ။ ကုလားအုပ်ကို တွေ့ချင်လို့ ပါ ။

    အိမ်ပေါ် စတက်တက်ချင်း  သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် စိတ်တွေတိုနေကြသည်။ ဘာဒီမိုကရေစီလဲ ဘာမှ ရမှာ မဟုတ်ဘူး ဒီလိုစိတ်ဓါတ်တွေနဲ့။

    ငါတို့အဖြစ်က ဘာနဲ့တူလဲသိလား ။

    ထီသမားစကား ခွင့်မတောင်းပဲ ခဏလောက် ငှားသုံးချင်တယ်ဗျာ။ အမေလာပြီ ငွေပါပြီ ။ အမေလည်းရောက် ထီလည်းပေါက်လေ။

    ဟ ဘာတွေ ဖြစ်နေကြတာလဲ ကုလားအုပ် အာရဗီလို မေးလိုက်သည်။

    သူငယ်ချင်းတွေနဲ့ က အာရဗီလို ပြောတာကိုး အ ဟီး မှတ်မိတယ်နော် ရွှေခြူး။

    သူတို့ ပြန်ပြောသည်။ နှစ်စ ပိုင်းလောက်ဆီက ယူအေအီး မှ အထုပ်ဆွဲ ပြန်လေသူ မျိုးချစ်မြန်မာအမျိုးသမီး တစ်ယောက်အကြောင်း ပြန်ပြောနေကြတာ။

    ကုလားအုပ်ရေ ကြည့်ပါဦး ။ သူတို့က သက်သေတွေပြသည် ။သူက တစ် အချက် နှစ်အချက် အချက်တွေ နဲ့ အစ္စလာမ် ဘာသာကို ဖေ့ဘွတ်မှာ ဆဲ တာကိုး ။

    ကုလားတွေဆို ဘယ်လိုမုန်းကြောင်း ၀ အောင် ဆဲပြီး သူမ က ပြောသည်။ ကျွန်မ က အမျိုးကောင်းသမီး တစ်ယောက်ပါတဲ့ အဟီး ဟီး ဟီး အ ဟီး ….ကုလားအုပ် ကဆုန်ပေါက် ပြီးရယ်သည်။

    ကုလားအုပ်ရယ် ရင်း ရယ်ရင်း မြင်းရယ် ပုံနဲ့ တူတူ သွားသည်။

    သူမ မြန်မာဆန်ဆန်ဆဲဆို မှု့တွေ ဘာသာပြန်ပြီး တိုင်မလို့ ပဲ ရှိသေးတယ်။ လခ သုံးလ ခ စာ ကြို ယူ ၍ အထုပ်ဆွဲ ပြေးရလေသတည်း ။

    ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲတယ်ပဲ ပြောရမလား ဟဲ ဟဲ …ကလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

     

    ဘက္က ရီး အီးဒ်မှာလေ အရိုးမှာ ကပ်နေတဲ့အသားကို ဘရိတ်ဓါးနဲ့ ခြစ်တာ ဘယ်သူတွေလဲ ။ ကုလားအုပ် သူငယ်ချင်းတစ်ယောက် မေး လိုက်သည်။

    အဖြေမှန်တဲ့သူလက်ငြိုးထောင်၊ ထောင်တဲ့လက်ငြိုး ချီးပုံထိုးပါတဲ့ အ ဟီး ။

    ဒီမေးခွန်းတော့  spot ရထားလို့ ညက တစ် ညလုံးမအိပ်ပဲ အပိုင် ကျက်လာတာ ဘယ်ရမလဲ ။ အမှတ်ပြည့်ရအောင် solid ဖြေမည်။

    လှိုင်သာယာ ရွှေပြည်သာ နှင့် အခြား ဆင်ခြေဖုံး ရပ်ကွက်တို့မှ ဖြစ်သည်။ ဘာ ဘာသာဝင်များလဲ ခင်ဗျား။

    ဟုတ်ကဲ့ အူမှ တောင့်မှ သီလ စောင့်မည့် ဘာသာဝင်များ ပါ ။ ဘယ်ရမလဲ ကုလား အုပ် အပိုင်ကျက်ထားတာ ကွက်တိတိုးတာ အ ဟီး ။

    သူတို့ကို ဘယ်သူတွေ လာခိုင်းသလဲ ။ သူတို့ ဘာသာ ကားစီး ၍ တစ်ဖုံ ၊ ရထားစီး ၍ တစ်သွယ် လာကြရရှာတာပါ။

    သူတို့ကို ဘယ်သူတွေ တားပါသလဲ ဖမ်းဆီးပါသလဲ ။ လာပြီ ။ ဒီတစ်နေရာတည်းနဲ့ အမှတ်ပြည့် ရနိုင်မယ့် အခွင့်အရေး ။ ပြည့် ပြည့်စုံစုံလေး  အ ဟီး ဟီး ။

    ဘက္က ရီး အီးဒ်နေ့တွင် အရိုးမှာ ကပ်နေသော အသားကို မရှိဆင်းရဲသား ဗုဒ္ဓဘာသာဝင်များ ဓါး ဖြင့် ခြစ်နေချိန်တွင် ကုလား တွေ  လွှင့် ပစ်တဲ့ အသားတွေ မကောက်ပါနဲ့ မယူပါနဲ့ သူတို့ လှူ တာ မစားပါနဲ့ ဟု လာရောက် တားဆီး မည့်သူ၊ အမျိုး ဘာသာ ၊ သာသနာ ကို ကာကွယ် စောင့်ရှောက်မည့် သူများ တစ်ယောက် မျှမရှိပါ ။

    ဟ မင်းက လည်း ဖေ့ဘွတ်မှာ အများကြီးပါ မျိုးချစ် ပုဂ္ဂိုလ်တွေ ။

    ကုလားအုပ် သူငယ်ချင်း ကွန်ပလိန်းတက်သည်။ အေး လေ မသိရင် မေး မစင်ရင် ဆေးတဲ့။ အဲဒါ ပုဆိုးထဲက လက်သီးပြတာလို့ ခေါ်တယ်။

    အော် ဒါနဲ့ ယူအေအီး ထိပ်တန်း သတင်း စာမှာ ဗမာပြည် က အကြမ်း ဖက်လူသတ်မှုတွေ ပါလာတာ ဖတ်ရလား ။ သူငယ်ချင်းမေးသည် ။

    အင်း ဖတ်ရပါတယ်။ အဲဒါ ရန်ကုန်က မျိုးချစ်ဗမာတွေ ဒီမှာ အလုပ်လုပ်နေသူတွေ ရှိတယ်လေ။

    သူတို့မိဘတွေ က သူတို့ သားသမီးတွေရဲ့ အသက်ကို စိုးရိမ် ကြသတဲ့။

    အော် အော် အစ္စလာမ်က ဒီလို ကလဲ့စားချေဖို့ ယုတ်မာဖို့ သင်ပြမထားပါဘူး ခင်ဗျာ ။

    သိပ်လည်း မကြောက်ကြပါနဲ့ သူတို့ကောင်းကောင်းမွန်မွန်နဲ့ ဗီဇာတွေရပြီး အလုပ်လုပ်နေကြပါတယ် ။

    ရန်ကုန်က မိသားစုများ ထမင်းခြောက်စား ထမင်းရည်တော့ မသောက်ရသေးပါဘူး ။

    ကုလားတွေဆီမှာ ကျွန်ခံရင်း လခတော့ အချိန်မှန်မှန်လေးရကြသဗျာ။

    အရှေ့အလယ်ပိုင်းမှာ ပါကစ္စတန် ကုလား၊ အိန္ဒိယကုလား၊ အီဂျစ် ကုလား ၊ အာဖရိကန် ကုလား၊ ရုရှားကုလား ၊ တူရကီ ကုလား ၊ လက်ဘနွန်ကုလား၊ အဇာဘိုင်ဂျန်ကုလား၊ ပြင်သစ်ကုလား၊ အင်္ဂလိပ်ကုလား( အင်း ဒါကျတော့ အများအခေါ် ကုလားဖြူပေါ့)၊ ဒေသခံ အာရဗစ် ကုလားတွေ အံမယ်လေး ကုလား အစုံရှိသကိုး။ ကုလားမုန်းဝါဒီများ၊ ခြေလေးချောင်းသား မစားသူများ၊ ကံငါးပါးစောင့်ထိန်းသူများ နိုင်ငံအစုံ မှ ကုလား အစုံ နဲ့ ချစ်ကြိုက် ခြင်း ဖြင့်လည်း ဂုဏ်ယူကြပါဦးနော် ။ ဒါမျိုး အခွင့် အရေး မျိုးချစ်ဗမာ များ ရဲ့ ကိုယ်ပိုင်တိုင်းပြည်ကြီးမှာ သိပ်ရတာမဟုတ်ဘူး ။ ကုလားရပ်ကွက် မှာ မနေချင်လို့ ၊ လိုင်းကားပေါ်မှာ ကုလားနဲ့ ထိမှာ စိုးလို့ ၊ ရွံလို့ ၊ ထိတဲ့သူ အသားမည်းမှာစိုးရိမ်ကြသူများ ကုလား တွေ နောက် လိုက်တာလည်း ကြည့်လိုက်ဦးနော် ။ ကုလား အနံ့ တွေလည်း စွဲကုန်ဦးမယ် ဟီး ဟီး ဟီး …မြင်ရတာတွေ လက်တွေ့ကြီး မြင်နေရတာတွေပါ။

    ကုလားအုပ် ပြောရင်း ရယ်ရင်းမောလာသည်။ ရေသောက်လိုက်ဦးမည်။ တော်သေးပြီ။      ။

     

  • မြန်မာ့ ဂုဏ်သိက္ခာတံခါး ကျိုးပေါက်ခြင်း (ကဗျာ)

    မြန်မာ့ ဂုဏ်သိက္ခာတံခါး ကျိုးပေါက်ခြင်း (ကဗျာ)

    စိန်စံထိုက်

     

    ရှေးသရောအခါ        ပြည်မြန်မာသည်

    အတ္တဖယ်ထား       မေတ္တာများနှင့်

    မာနကိုရှောင်           အပြုံးဆောင်လျှက်

    လောကကိုချစ်         အလှစစ်ခဲ့ပါလေသည်။

    ကမ္ဘာမြေတလွှား       စံပြုကာလျှင်

    သူငါသွားလာ           မြေလွတ်ရာတွင်

    အာဂန္တုအား             ကရုဏာပွား၍

    ကြီးငယ်ဇရပ်            ဆောက်လှူခဲ့ကြပါလေသည်။

     

    နိဗ္ဗာန်ရည်ရော်          ကုသိုလ်မျှော်၍

    ရေတွင်းရေကန်         သောက်သုံးရန်အတွက်

    တူးကြဖေါ်ကြ            စုပေါင်းကြနှင့်

    လူမျိုးဘာသာ            မခွဲပါဘဲ

    ကောင်းမြတ်အကျိုး     သယ်ပိုးခဲ့ကြပါလေသည်။

    မြန်မာ့အလှ                 မေတ္တာမျှ၍

    ကျက်သရေမြင့်မား        စင်ကလေးများဖြင့်

    ရေအိုးကိုတည်(တယ်)   သောက်စေကွယ်လို့

    ၁၀ ပါး အကျိုး             မျှော်ကိုးခဲ့ကြပါလေသည်။

    အိမ်အနားကခွေး          ကိုယ်မမွေးလည်း (လဲ)

    ဟင်းစားပိုချက်             ကရုဏာသက်၍

    ခွေးစာခွက်ထား            ကျွေးခဲ့တာများ

    မှတ်မိရဲ့လား      အို      မြန်မာ…..။

    သတ္တ၀ါအား                ငဲ့ညှာသနားကာ

    အသက်ကိုရှောင်          ကုသိုလ်ဆောင်၍

    သမုဒ္ဒရာပမာ               ၀မ်းတစ်ထွာကို

    အသက်သတ်လွတ်        ရောင့်ရဲမှုနှင့်

    တစ်ချိန်တုန်းက    အို     မြန်မာ….။

     

    ခုချိန်ခုခါ                     ပြည်မြန်မာသည်

    အပြစ်မဲ့သား                ခရီးသွားကို

    လူအုပ်စုပြု                  ဗိုလ်ကျမှုနှင့်

    ဒုတ်ဓါးကိုင်စွဲ               မျိုးဖြုတ်ပွဲသို့

    ရက်စက်လှစွာ             သတ်ဖြတ်ခဲ့ကြပါလေသည်။

    ဆယ်ဦးသတ်ပွဲ              နောက်ဆက်တွဲက

    အတ္တကိုင်ဆွဲ                 မေတ္တာမွဲလို့

    လူထောင်သောင်းထက်   ဘ၀ပျက်၍

    အိုးအိမ်ဥစ္စာ              ပျောက်ရရှာသည်

    အကျည်းတန်ခဲ့             ရုပ်ဆိုးခဲ့ပေါ့ ပြည်မြန်မာ ။

    စိမ်းစိုချိုမြ                     တောတောင်အလှနှင့်

    ပြာလဲ့လဲ့အသွင်              ပင်လယ်ပြင်ကြောင့်

    ထယ်ဝါ၀င့်ကြွား              အနောက်တံခါးက

    ကျက်သရေဆောင်ထား    မေတ္တာများကြောင့်

    ကမ္ဘာလှည့်များ               ခိုဝင်နားခဲ့ကြပေသည်။

    ပစ္စုပ္ပန်အခါ                    ပြည်မြန်မာသည်

    အတ္တမာန်ကြီး              ဒေါသမီးနှင့်

    ရက်စက်စိတ်ကြမ်း          ကရုဏာခန်းသည်

    ကမ္ဘာ့ပြည်သား               မိတ်ဆွေများက

    ရွံရှာမုန်းတီး                   ကြောက်စိတ်ကြီး၍

    မြန်မာ့မြေအား                အစဉ်လေးစားတဲ့

    ဂုဏ်သိက္ခာတံခါး             ကျိုးပေါက်ခဲ့ရပါလေသည်။

  • နယူးယောက် ရဲဌာနရဲ့ စစ်တမ်းအရ အကြမ်းဖက်မှုများ ကို မွတ်စလင်တွေက ဦးဆောင် အားပေးနေခြင်းမရှိဟုဆို

    နယူးယောက် ရဲဌာနရဲ့ စစ်တမ်းအရ အကြမ်းဖက်မှုများ ကို မွတ်စလင်တွေက ဦးဆောင် အားပေးနေခြင်းမရှိဟုဆို

    သြဂုတ်၊ ၂၁၊ ၂၀၁၂
    M-Media

    သူတို့ ဟာသက်သေထူလိုက်သလိုခံစားရပါတယ်လို့ နယူးဂျာစီမွတ်စလင်တွေက အင်္ဂါနေ့ ကပြောကြားလိုက်ပါတယ်။ မွတ်စလင်လူ့ အဖွဲ့ အစည်း ကို (၆)နှစ်ကြာ လျှို့ဝှက်ထောက်လှမ်းစောင့်ကြည့်မှုများ ပြုလုပ်အပြီးမှာ နယူးယောက်ရဲဌာနက အကြမ်းဖက်မှုကို မွတ်စလင်တွေက ဦးဆောင်မနေပါဘူး ဆိုတာတွေ့ ရှိခဲ့ ပါတယ်။ အခုတော့ ရဲဌာနကအဲလိုစောင့်ကြည့်မှုတွေကို ဖြည်လျော့ပေးလိုက်ပါပြီ။


    ဗလီများ၊စာသင်ကျောင်းများ နဲ့ စီးပွားရေးလုပ်ငန်းများကို နယူးယောက်ရဲဌာနကစောင့်ကြည့်နေခြင်းရဲ့ အဖြေရလဒ်ကို မွတ်စလင်များက လပေါင်းများစွာ ကတည်းက တောင်းဆိုနေခဲ့ကြပါတယ်။ သို့ သော်လည်း ဌာနက ယင်းတို့ ကိုစောင့်ကြည့်မြဲ စောင့်ကြည့်နေခဲ့ပါတယ်။

    စောင့်ကြည့်ခံရမှုကြောင့် ဖြစ်ရတဲ့စိတ်မငြိမ်သက်မှုတွေက ယင်းတို့ ရဲ့အဖွဲ့ အစည်းတွေကြားမှာ စည်းလုံးမှုဖြစ်စေခြင်းအနေနဲ့ ခံစားရတယ်လို့ ပြောကြပါတယ်။ အဲဒီရဲ့ အဖြေကိုလည်း စိတ်ကျေနပ်လောက်အောင် ထုတ်ပြန်ပေးခဲ့ခြင်းမရှိပါဘူး။

    ဂျွန်လ ၂၈ ရက်နေ့ ညီလာခံမှာနယူးယောက်ရဲဌာန စုံထောက်စမ်း ထောက်လှမ်းရေး လက်ထောက်အကြီးအကဲ သောမတ်စ်ဂါလာတီ ကထွက်ဆိုတင်ပြခဲ့ချက်အရ ဌာနရဲ့ Demograhpic Unit ကို စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အတွက်တုန့် ပြန်ဖို့ ဖန်တီးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    “တိုက်ခိုက်သတ်ဖြတ်မှုတွေဆီကိုဦးတည်သွားမဲ့ အင်အား စုဆောင်းအားသစ် လောင်းမှု့တွေကိုယင်းတို့ အဖွဲ့ အစည်းတွေမှာ လျှို့ ဝှက်မြုပ်နှံပြုလုပ်နေမှာကို စိုးရိမ်ရပြီးသံသယရှိတဲ့ နိုင်ငံတွေက လူတွေက ဘယ်မှာနေတယ်ဆိုတာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်ဖို့ အတွက် ကျွန်တော်တို့ က သိဖို့ လိုပါတယ် ” လို့ ဂါလာတီကပြောခဲ့ပါတယ်။ နယူးယောက်နဲ့ နယူးဂျာစီမှာ (၆) နှစ်လောက် စောင့်ကြည့်စစ်ဆေးမှု့တွေအပြီးမှာ အကြမ်းဖက်မှုတွေကို လမ်းပြကြိုးကိုင်နေခြင်းကို လည်း မတွေ့ ရခဲ့ပါဘူးလို့ ဂါလာတီကပြောခဲ့ပါတယ်။ ရဲတွေဟာ မွတ်စလင်တွေနေတဲ့နေရာကို မြေပုံရေးဆွဲခြင်း၊ ဓာတ်ပုံရိုက်ထားခြင်း၊ သူတို့ ရဲ့ အသေးစိတ်အမှု့ ကိစ္စတွေကအစ မှတ်သားစောင့်ကြည့်မှုများ အပြင် တစ်ချို့ သော ကိစ္စတွေမှာ အမှတ်တမဲ့ကြားလိုက်ရတဲ့ စကားစမည်ပြောဆိုခြင်းများကိုပင် မှတ်တမ်းတင်ခဲ့တယ်လို့  AP သတင်းဌာန ကလည်းလွန်ခဲ့တဲ့ နှစ်ကတည်းက စပြီးဖော်ပြနေခဲ့ပါတယ်။

    နယူးဂျာစီမြောက်ပိုင်းက အမေရိကန်မွတ်စလင်တွေကတော့ နယူးယောက်ရဲဌာနကို ယင်းတို့ ရဲ့လုပ်ဆောင်ချက် တွေကြောင့်အပြစ်တင်ခဲ့ပါတယ်။ ယခုလိုစောင့်ကြည့်စစ်ဆေးမှုတွေက သူတို့ရဲ့လူ့ အခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်သလို မွတ်စလင်တွေရဲ့ လူနေမှုဘ၀ကိုလည်း စိမ်းကားရာရောက်တယ်လို့ ပြောဆိုနေကြပါတယ်။ နယူးဂျာစီက တရားရေးဆိုင်ရာ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေကလည်း NYPD ဟာ သူတို့ လုပ်ဆောင်ချက်တွေ ကိုတင်ပြသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင်သူတို့ ထဲကတစ်ချို့ ကလည်း လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်မှာစိုးရိမ်တယ်လို့ လည်းဖော်ပြခဲ့ကြပါတယ်။ နိုင်ငံရဲ့ ရှေ့နေချုပ်ရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    NYPD ကအရာရှိတွေနဲ့ မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်ဂ်တို့ ကတော့ဒီကိစ္စက တရားဝင်ဖြစ်ပြီးတော့ အကြမ်းဖက်သမားတွေ ရဲ့ခြေလှမ်းတွေကို သိဖို့ အတွက် ထောက်ခံခဲ့ကြပါတယ်။ ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ပေါလ်ဘရောင်းက ဌာနက လျှို့ ဝှက် ထောက်လှမ်းတာမျိုးကို ညွှန်ကြားနေခြင်းမဟုတ်ပဲ သူတို့ လူ့အဖွဲ့ အစည်းကို မှတ်တမ်းယူ စောင့်ကြည့်စေခိုင်းခြင်းသာ ဖြစ်ကြောင်းပြောပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကတော့ ရဲအဖွဲ့ ဟာ မွတ်စလင်တွေကို စောင့်ကြည့်လေ့လာမှုမှာ လူ
့အခွင့်အရေးတွေကိုချိုးဖောက်ခဲ့သလားဆိုတာဆုံးဖြတ်ဖို့ အတွက်ညီလာခံမှာ အချက်အလက်တွေကို ရှာဖွေစုဆောင်းခဲ့ကြပါတယ်။

    NYPD ရဲ့အစီအရင်ခံစာမှာတော့ သူတို့ ဟာ ဗလီတွေနဲ့ မွတ်စလင်အဖွဲ့အစည်းတွေကြားထဲမှာ သတင်းပေးတွေ သုံးခဲ့ကြပါတယ်လို့ ဖော်ပြထားပါတယ်။ လတ်တလော အနေအထားကိုကြည့်ရင် Islamic Center of Passaic County မှာသူတို့ ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ သတင်းပေး တစ်ယောက်ကိုထားရှိခဲ့ပါတယ်။ Paterson မှာရှိ တဲ့အိုမာဗလီကိုလည်း NYPD ကစောင့်ကြည့် လေ့လာရေး ပစ်မှတ်အဖြစ်ထားရှိခဲ့ပါတယ်။ NYPD ကမည်သည့် အကြမ်းဖက်မှုနဲ့ မှပတ်သက်စရာ အဲဒီမှာမတွေ့ ရှိခဲ့ဘူးဆိုတာ တစ်ကယ်တော့ အံ့သြစရာလည်း မဟုတ်ပါဘူး လို့ ပြောခွင့်ရပုဂ္ဂိုလ် မာမွတ် အတ်တလာကပြောကြားခဲ့ပါတယ်။ လေလွင့်နေတဲ့ လူပေလူတေဆိုရင်တော့ ဗလီမှာ ဘာပဲအမှားတွေလုပ်လုပ် သတင်းအချက်အလက်ကို မျှဝေမှာမဟုတ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းကတော့ မည်သည့် သံသယဖြစ်စရာကိုမဆို အစီရင်ခံတင်ပြမှာပါပဲ လို့ယင်းကပြောကြားခဲ့သည်။

    အကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်နေခြင်းမရှိဘူးဆိုတဲ့သတင်းက အစ္စလာမ်အပေါ်မုန်းတီးဆန့် ကျင်ရေးကို တွန်းလှန်ဖို့ အကူအညီများစွာ ပေးနိုင်မှာပါပဲလို့ ကျွန်တော်တို့ မျှော်လင့်ထားကြပါတယ်။ ကျွန်တော်တို့ ဟာ တစ်ဖက်နဲ့ တစ်ဖက်ချစ်ကြည် ပေါင်းကူးမှုတွေ တည်ဆောက်ရမယ်။
    အခြေခံအကျဆုံးတစ်ခုအနေနဲ့  ကတော့ ကျွန်တော်တို့ ဟာအမေရိကန်တွေပဲဖြစ်တဲ့အတွက် နိုင်ငံကိုကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အသိကိုအားလုံး မျှဝေနေကြပါတယ် လို့ မာမွတ်ကပြောကြားခဲ့ပါတယ်။

    ကေအလ်

    Source: http://www.northjersey.com/news/New_Jersey_Muslims_say_they_feel_vindicated_on_learning_NYPD_spying_led_to_no_leads_terror_cases.html

  • စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၂)

    စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၂)

    သြဂုတ်၊ ၂၉၊ ၂၀၁၂

    M-Media

     

    မေး။              အစ်ကို့နာမည်ဘယ်လိုခေါ်လဲမသိဘူး ?

    ယောင်္ကျား       ကျွန်တော့်နာမည် ဦးတင်ရွှေပါ။

    မေး။              ဘယ်မှာနေလဲမသိဘူးခင်ဗျ ?

    ယောင်္ကျား       မြို့သူကြီးကပါ။

    မေး။              အော် အဲဒီတော့ အဲဒီမှာ မြို့သူကြီးမှာ ဘယ်နေ့ကစပြီးတော့ ပြဿနာတက်လဲပေါ့နော်။

    ယောင်္ကျား       ဒီလ ၆ လပိုင်း ၁၂ နာရီမှာ လောက်မှာစတာပါ။

    မေး               အော် ဘယ်လိုဖြစ်လဲ ကျွန်တော့်ကို နည်းနည်းပြောပြပါလား ?

    ယောင်္ကျား       ကျွန်တော်တို့ သူတို့လူအုပ်ကြီးက ဘုန်းကြီးတွေပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌကြီးပါတယ်။ ရပ်ကွက်သားချင်း ရပ်ကွက်လူကြီးတွေပါတယ်။ အကုန်လုံးသူတို့ဝိုင်းပြီးတော့ ကျွန်တော်တို့ကို အုပ်… …့ တယ်။ ခဲတွေနဲ့ပေါက်တယ်။…. …  ကို ခဲတွေနဲ့ပေါက်တော့ ခဲက လူပေါင်းသုံးထောင်လောက်ရှိတယ် သူတို့။ လူပေါင်းသုံးထောင်လောက်က ကျွန်တော်တို့ ခြံပတ်ပတ်လည်ဝိုင်းပြီးတော့ ကျွန်တော်တို့ကို ဂျင်နဲ့ ခဲတွေနဲ့ပေါက်တယ်။ ပေါက်ပြီးတော့ သူတို့ အိမ် ကျွန်တော်တို့အိမ်ထဲဝင်လာတယ်။ အိမ်ထဲဝင်လာပြီးတော့ ကျွန်တော်တို့အိမ်ကပစ္စည်းတွေကို အကုန်လုံးပြောင်းတယ်သူတို့။ ကျွန်တော်က အိမ်ထဲမှာ။ ပေအိမ်က ပေပတ်ပတ်လည် ပေ ၁၂၀ ရှိတယ် ပေက အိမ်က။ အိမ်ကရှေ့တစ်လုံး နောက်တစ်လုံး ကျွန်တော့်မှာ။ အိမ်ကတိုက်အိမ်ပေါ့။ သူတို့ အဲဒီလို အိမ်ကပစ္စည်းတွေကိုသူတို့ အကုန်လုံးထုတ်တယ် ကားနဲ့ ထော်လာဂျီနဲ့ ကားနဲ့ပေါင်းပြီး ပြောင်းပြီးယူပြီးတော့်။ ဘုန်းကြီးတွေနဲ့ သူတို့ရခိုင်တွေအကုန်လုံး။ ပြောင်းပြီးတော့ ကျွန်တော်တို့ အိမ်အပေါ်တက်လာတယ်။ အပေါ်တက်လာတော့ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော့်အမေရှိတယ်။ ကျွန်တော့်အမျိုးသမီးကိုကျတော့ ဟိုဥစ္စာလုပ်လိုက်တယ်။ လှံနဲ့ထိုးလိုက်ပြီးတော့ မီးနဲ့တိုက်တယ် သူ့ကို။ မီးနဲ့တိုက်လိုက်တယ်။ ရွှေတွေတောင်းတယ် သူတို့တွေက။ ရွှေတွေတောင်းတယ်။ ရွှေတွေဘာတွေအကုန်လုံးပေးလိုက်တယ်။ ပေးပြီးတော့လည်း သူတို့လက်မခံဘူး။ နောက်ခေါင်းတွေကို ဓားနဲ့ခုတ်တယ်။

    မိန်းမ             ရွှေတွေငွေတွေ အကုန်လုံးပေးထားလိုက်ပါတယ်။ ခေါင်းတွေကိုလည်း ရိုက်တယ်။  ကျွန်မတို့မိသားတစ်စုလုံးမှာ။

     

    မေး               လက်လေးတစ်ချက်။ လက်တွေပြန်ပြကြည့်ပါဦး။ လက်လက်လက်

    မိန်မ              ချုပ်ထားတာပဲ။

    မေး               အော် တုတ် ပေါက်သွားတာလား ထုတ်ခြင်းပေါက်သွားတာလား ?

    ယောင်္ကျား       ဟုတ်တယ်။ … … … လှံနဲ့ထိုးလိုက်တာ။

    မေး               အော် ဟုတ်ပြီ။

    မိန်းမ             ဒီဘက်မှာလည်း ထိုးသေးပါတယ်။ ဒီမှာ မီးဒဏ်ရာ ခေါင်းတွေမှာရော ခေါင်းတွေမှာပါ  … နဲ့ ရိုက်ထားတာပါ။ အကုန်လုံးချုပ်ထားရပါတယ် ခေါင်းမှာ။

    မေး               အောာ်။ အော် ဟုတ်ပြီ။ အစ်ကိုကလက်ထိသွားတာလား ?

    ယောင်္ကျား       ကျွန်တော့်လက်ကိုပေါ့ သူတို့ … … …  ဓားနဲ့ ဟိုဥစ္စာ လမ်းမှာထိသွားတာ။

    မိန်းမ             မထိဘူး ပိုက်နဲ့လမ်းမှာ ထိသွားတာပါ။

    မေး               အော်

    မိန်းမ             အရပ်နဲ့မမှီလို့ ကလေးလေးပါ။ အဲဒီကလေးလေးက လှံကိုင် … … လိုက်ခဲ့တာပါ။

    ယောင်္ကျား       ကျွန်တော့်အမေကို ဆက်ရှင်းပြီးတော့ သူတို့နှစ်ပိုင်း ပိုင်းလိုက်တယ်။ ကျွန်တော်အမေနဲ့ ကျွန်တော့်အဒေါ်ကို။

    မေး               ဟာ

    ယောင်္ကျား       ကျွန်တော့်အဒေါ်ကို ကျွန်တော်တို့အိမ်ထဲကနေချပြီးတော့ ခုတ်တာသူတို့။ အိမ်အပေါ်ကနေပြီးတော့ အောက်ထပ်မချတဲ့လူကို လူအိုကြီးကို။ အဲဒီလိုချပြီးတော့ သူတို့ခုတ်တယ်။ ကျွန်တော့်အမေနဲ့ ကျွန်တော့်အဒေါ်ကသေတယ်။ ကျွန်တော့်မှာ နောက်ကလေးလေးတစ်ယောက်ရှိသေးတယ်။

    မိန်းမ             ကလေးလေးရှိပါတယ်။

    ယောင်္ကျား       ကျွန်တော့်သားလေး အမြွှာပူးနှစ်ယောက်က ကျွန်တော်တို့မှာ ဒီမှာ မျက်စိမှာတစ်ယောက်ချတယ်။ နောက်ခေါင်းမှာ ခုတ်လိုက်တယ်တစ်ယောက်။ တစ်ခါတည်းနဲ့ အဲဒါနောက်တစ်ယောက် ကျွန်တော်တို့အိမ်ဘေးနားကတစ်ယောက်က သူ့ကိုတစ်ခါတည်း တစ်ခြမ်းခုတ်လိုက်တာမှာ ဒီလိုနှစ်ပိုင်း ပိုင်းသွားတာ။ အဲဒီတော့ သူလည်းဆေးရုံကို ကျွန်တော်နဲ့ အတူတူပါသွားတယ်။ ပါသွားတဲ့အခါမှာ သူကသေတာတော့မဟုတ်ဘူး။ သူ့ကိုရဲကခေါ်ပြီးတော့ အသေသတ်လိုက်တာ သူ့ကို။ လှံနဲ့ထိုးပြီးတော့။

    ယောင်္ကျား       … .. ဆေခန်းကိုခေါ်တဲ့လူ သူ့ကို။ သူ့ကိုနာမည်တွေမေး။ မင်းဘယ်သူ့သားလဲဆိုပြီးတော့ မူစာ့သားပြောလို့ သူ့ကို မီး မီးတိုက်တယ်ဆိုပြီးတော့ ပြောပြီးတော့ သူ့ကိုလူတွေရိုက်ပစ်လိုက်တယ် သေအောင် အသေသတ်ပစ်လိုက်တယ်။

    မေး               အော် ဒါဆိုလို့ရှိရင် အစ်ကိုကမီးတိုက်တယ်ဆိုပြီးတော့ နာမည်ထွက်တာလား ?

    ယောင်္ကျား       အေး အဲဒီလိုမျိုး။ ကျွန်တော်တိုက်တာမဟုတ်ဘူး။ အဲဒီကောင်လေးကို တိုက်တယ်ဆိုပြီးတော့ ခေါ်တာ။

    မိန်းမ             သူ့တူလေးပါ။ သူ့တူလေးပါ။ သူ့တူလေးပါ။ ကျွန်မတို့အိမ်မှာ အကုန်လုံးခေါ်ထားပါတယ်။ ဒီရပ်ကွက်ကလူတွေ အကုန်လုံး ကျွန်မတို့အိမ်က လူကို လုံခြုံရေး

    မေး               အဲဒီတော့ အခုဟာက အဓိက ကတော့ သူတို့တွေက ဘာလဲ ဟို ဒီ မွတ်စလင်မ်တွေက မီးလိုက်ရှို့လို့ ဒီ မွတ်စလင်မ်တွေကို

    မိန်းမ             မဟုတ်ဘူး။ မဟုတ်ပါဘူး။ ကျွန်မတို့အိမ်မှာအကုန်လုံး ခေါ်ထားပါတယ်။ တစ်ယောက်မှ ပေးမရှို့ပါဘူး။ ရခိုင်ဘေးပတ်လည်ပါ။ ကျွန်မတို့အိမ်မှာဘေးပတ်လည်။ ဒီဘေးပတ်လည်က ရခိုင်ပါ။ ရခိုင်ဘေးပတ်လည်ထဲမှာ ကျွန်မတို့တစ်အိမ်တည်းဆိုတော့ ကျွန်မတို့ ဒီအိမ်နီးသားချင်းတွေကို ခေါ်ပြီးတော့ ကျွန်မတို့အိမ်မှာ လုံခြုံမှုရှိစေဖို့ရာ ထားပါတယ်။ လူအယောက်နှစ်ဆယ် သုံးဆယ်လောက်ရှိပါတယ် ကျွန်မတို့အိမ်အပေါ်မှာ။ ကျွန်မအမေတို့ မိသားစုတွေ အခုမှဝင်နေတာပါ။ အဲဒါကို အောက်ကနေ ထုပြီးတော့ ရှာပါတယ် အကုန်လုံးကို။ နေအိမ်တွေကို ထုပြီးတော့ စွန့်ဟေ့ စွန့်ဟေ့ဆိုပြီးတော့ ရှာတဲ့အခါ အကုန်လုံးဆင်းရပါတယ်။ ကျွန်မတို့ အိမ်နီးသားချင်းတွေလည်း ရှိပါတယ်။ အကုန်လုံး ဆင်းပြီးတော့ ဆင်းပြီးတော့ ရိုက်သတ်တယ်။ … ကိုပါ ထုတ်ပြီးတော့ အကုန်လုံး ဓားတွေနဲ့ တုတ်တွေနဲ့ အဲဒီလမ်းနားတင်ရိုက်သတ်တယ်။ ရိုက်တဲ့အခါ လုံခြုံရေးတွေလာတယ်။ လုံခြုံရေးတွေဆီကလည်း ရိုက်နေတုန်းပါ။ ရိုက်နေတုန်းပါ။ … … .. စစ်တပ်ကရောက်တဲ့အခါမှာ ကျွန်မတို့ အကူအညီပေးပါတယ်။ အဲဒီအခါမှာ ဆေးရုံပို့ပါတယ်။

    ယောင်္ကျား       မွတ်စလင်မ်တွေ မီးမရှို့ဘူး။ မွတ်စလင်မ်တွေက ရခိုင်ရွာမှာ မွတ်စလင်မ်ကျွန်တော်တို့အိမ် သုံးအိမ်ပဲရှိတာ။

    မေး               အဲဒီတော့ ဒီမှာမေးခွန်းတစ်ခုပေါ့ ပေါ်လာတာ။ ဟိုဟာ လုံခြုံရေးရှိနေတဲ့ ရဲရှိနေတဲ့အချိန်မှာရိုက်တယ်။

    မိန်းမ             လုံခြုံရေရှိမှ … … … ကျွန်မတို့ကလုံခြုံရေးရှိနေပြီဆိုပြီး စိတ်အေးပြီးတော့ တစ်ခုမှမလုပ်ပါဘူး။ ရွှေတွေ ငွေတွေ အကုန်လုံးအဲဒီနေရာမှာပေးထားပါတယ် ကျွန်မတို့က အဲဒီမှာ စလင်းဘတ်အိတ်တွေပါ ထားပြီးတော့ ကျွန်မတို့က တိုက် … ထိပ်မှာ ထပြီးတော့ အေးအေးဆေးဆေးနေပါတယ်။ လုံခြုံရေးရှိတယ်ဆိုပြီးတော့

    ယောင်္ကျား       လုံခြုံရေး ရှေ့ကရိုက်တာပါ။ ကျွန်တော်တို့လည်း စိတ်အေးအေး

    မေး               အော် ဒါဆို ရဲလုံခြုံရေးရှိတဲ့အချိန်မှာ

    မိန်းမ             ရဲလုံခြုံရေးရှေ့ကပဲ ရိုက်တာပါ ကျွန်မတို့ကို

    မေး               အော်

    မိန်းမ             ရဲလုံခြုံရေးရှေ့က ဓားရှည်တွေနဲ့ အကုန်လုံးပါလာပြီးတော့ ရပ်ကွက်ကလူတွေလည်း ပါ ပါတယ်။ ရပ်ကွက်ကလူတွေက လိုက်ပြပါတယ်။ အကုန်လုံးလိုက်ပြပြီးတော့ တစ်ခြားရပ်ကွက်တွေက လူတွေက ရိုက်ကြပါတယ်။ ဓားပြတိုက်ပါတယ်။

    ယောင်္ကျား       လုံထိန်း လုံထိန်းပါ။ လုံထိန်းကားနှစ်စင်းရှိပါတယ်။ ရပ်ကွက် ဥက္ကဋ္ဌ ဦးငွေကြောင်ကိုယ်တိုင် ပါတယ်။ လူတွေလည်း အကုန်လုံးကျွန်တော်တို့ ပြလို့ရသေးတယ်။ ကျွန်တော်တို့ရပ်ကွက်ကလူတွေ ဓားပြစတိုက်တာ ကျွန်တော့်တို့ဥစ္စာယူ။

     

    မိန်းမ             ကျွန်မတို့ အကုန်လုံးမှတ်မိပါတယ်။ ဓားပြတိုက်တဲ့ ရွှေတွေ ရွှေတွေ ယူသွားတဲ့ အကုန်လုံးရှိသမျှပစ္စည်းဥစ္စာတွေယူသွားတဲ့ လူတွေကိုမှတ်မိပါတယ်။ ကျွန်မတို့ရှေ့ကပဲ ယူသွားတာပါ အကုန်လုံး ကျွန်မတို့အိမ်ကတီဗွီ တွေ ကလေးတီဗွီ ပြီးတော့ အကုန်လုံးတီဗွီတွေ ချသွားပါတယ်။ သူတို့ပစ္စည်းတွေကို ကျွန်မတို့ရှိနေတုန်းမှာပဲ အကုန်လုံးထော်လာဂျီနဲ့လာပြီးတော့ အကုန်လုံးယူသွားတာပါ။ ကျွန်မတို့ရှေ့ကယူသွား တာပါ။ ကျွန်မတို့ပစ္စည်းတွေကို။ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ တောင် အကုန်လုံးချသွားပါတယ်။ ကျွန်မတို့အိမ်မှာအပြည့်ပါ။ မေးကြည့်လို့ရပါတယ် အကုန်လုံးကို။

    ယောင်္ကျား       ကျွန်တော်ကအရင်က … … … ။

    မေး               အော် ဟုတ်ပြီ။

    မိန်းမ             နေဦးဟိုမှာ ဘောက်ချာလေးတွေရှိပါတယ်။ ကျွန်မတို့မှာ။ ရွှေဝယ်ထားတာတွေလည်း အကုန်လုံး ဘောက်ချာရှိပါတယ်။ ရွှေဆိုင်တွေ။

    မေး               အဲဒီတော့အခုလက်ရှိကတော့ အခုပေါ့နော်။ တစ်ကယ်လို့အခြေအနေအေးချမ်းတည်ငြိမ်ရင် အခုလက်ရှိ ဆိုင်ရှိတယ်ပြောတယ် ဟုတ်လား ?

    ယောင်္ကျား       ဆိုင်လည်း ဆိုင်ခန်းလည်းဖြုတ်သွားပြီ။ အကုန်ယူသွားပြီ သူတို့။ ကျွန်တော်ဆိုင်က ပစ္စည်းလည်းဘာမှ မရလိုက်ဘူး။ ဆိုင်ကိုလည်း ဖြိုပစ်လိုက်ပြီ။ ကျွန်တော့်ဆိုင်ကိုလေ။ ကျွန်တော်တို့ကိုဆေးရုံမှာတက်တုန်းကလည်း သူတို့ကလာပြီးတော့ မြို့သူကြီးရပ်ကွက် ဥက္ကဋ္ဌကိုယ်တိုင်က လှမ်းပြောပြီးတော့ ကျွန်တော်တို့ပါ သစ်ကျွန်းပို့ခိုင်းလိုက်တယ်။ ဆေးရုံမှာခေါ်တယ် ဓားရှည်နဲ့လာတယ် ကျွန်တော်တို့ကို။ ခိုး ခိုးလာတယ်။ ဆေးရုံမှာ ဆေးရုံအမှောင်ခန်းထဲမှာ ထားထားတာကျွန်တော်တို့ကို။ လှေနဲ့ခိုးခိုးလာတာ ကျွန်တော်တို့ မိသားစုကို။ မသေမရှင်အောင်လဲလို့ အသေ မသေလို့ သေအောင်သေခြင်းမျိုးလာတာ။

    မေး               ဆေးရုံအမှောင်ခန်းထဲမှာ။

    မိန်းမ             ဆိုင်ရှိပါတယ်။ ဆိုင်လိပ်စာလည်း ရှိပါတယ်။ ဆိုင်ကပစ္စည်းတွေလည်း အကုန်ထုတ်ပြီးတော့ ယူသွားပါတယ် သူတို့။ ဆေးရုံမှာခေါ်တယ်။ ကျွန်မတို့အမှောင်ခန်းထဲမှာနေရပါတယ်။ အမှောင်ခန်းထဲမှာ နေခဲ့ရတာပါ။ ဟုတ်တယ် ဆေးရုံမှာ အမှောင်ခန်း အမှောင်ချပြီးတော့နေခဲ့ရပါတယ်။ အပြင်ကနေပြီးတော့ ရခိုင်တွေ

    မေး               အော်။

    ယောင်္ကျား       ကျွန်တော်တို့ ကျွန်တော်တို့ကို … … က ဦးပဉ္ဖင်းတစ်ယောက်က ဘာပြောလဲဆိုရင် မင်းတို့ကို ဒီကုလားတွေကို ဘာဖြစ်လို့ ဒီမှာဆေးကုဖို့ယူလာတာလဲတဲ့ ဒီကောင်တွေကို အပြတ်အသတ်မရှင်းပစ်လိုက်ဘူးလားတဲ့။ အဲဒါ ဦးပဉ္ဖင်းတစ်ယောက်ကိုယ်တိုင်ပြောတာ ဆရာဝန်ကြီး ဦးပဉ္ဖင်း အင်္ဂလိပ်စကားနဲ့။ ကျွန်တော်တို့ဆီက။ ကျွန်တော်တို့က … …

    မိန်းမ             အင်္ဂလိပ်စကားနဲ့ပြောတာပါ။ ကျွန်မတို့က ဗမာစကားလည်းနားလည်တယ်။ ရခိုင်စကားလည်း နားလည်တယ်သူဆိုတော့ အင်္ဂလိပ်စကားနဲ့ပြောတာပါ သူတို့က … … အဲဒီလိုမျိုးပါ။

    မေး               ဆိုတော့ တစ်ကယ်လို့ပေါ့ အခြေအနေအေးချမ်းတည်ငြိမ်လို့ရှိရင် မိမိနေရာမှာ မိမိဆိုင်ပြန်ဖွင့်ချင်တဲ့ဆန္ဒရှိလား? မိမိအိမ်မှာ မိမိပြန်နေဖို့ရည်ရွယ်ချက်ရှိလား ?

    ယောင်္ကျား       သူတို့လူအုပ်ထဲမှာ ကျွန်တော်တို့နေလို့တော့ရမှာမဟုတ်ဘူး မာမူ။ အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့တော့ ကျွန်တော်တို့ပစ္စည်းက ဘာမှမကျန်တဲ့အခါ မာမူ၊ နေရင်လည်း ကျွန်တော်တို့က အဲဒါ မွတ်စလင်မ်ဆိုရင် ရွာကမို့။ ကာဖိရ် ရခိုင်အုပ်စုထဲမှာ ကျွန်တော်တို့က သုံးအိမ်ပဲရှိတယ်။ သုံးအိမ်ပဲရှိတယ်။

    မိန်းမ             လုံးဝ … … … ။ အကုန်လုံး ဖျက်ဆီးပစ်လိုက်ပါပြီ။ ရခိုင် ရခိုင်အုပ်စုထဲမှာပါ။ သုံးအိမ် ကျွန်မတို့အိမ်ရယ် တစ်ခြားယောင်းမရှိ

    မေး               အော် ဟုတ်ပြီ။