News @ M-Media
Blog
  • အရူးအိတ် (၁) – ရိုဟင်ဂျာ၊ တဏှာနဲ့ အရူးတိုင်းပြည်
    အရူးအိတ် (၁) – ရိုဟင်ဂျာ၊ တဏှာနဲ့ အရူးတိုင်းပြည်
    ထူးဒီဇင်ဘာ
    August 25, 2012
    ပါးစပ်က မြန်မာကိုချစ်ပါ၊ ယဉ်ကျေးမှုကိုကာကွယ်ပါ၊ မြန်မာမိန်းကလေးတွေကို စောင့်ရှောက်ပါဆိုပြီး ရိုဟင်ဂျာမကောင်းကြောင်း၊ ကုလား မကောင်းကြောင်းပြော။ လက်တွေ့ ကျတော့  မြန်မာမိန်းကလေးတွေရဲ့  ကိုယ်လုံးတီးပုံတွေ ညစ်ညမ်းဗီဒီယိုတွေကို နှမချင်းမစာနာ ဖြန့် ချိအရသာခံနေတာ ခါးတောင်းကြိတ်တခြား ဖင်တခြားပဲ။ ဒင်းတို့ လို လူတွေကမှ မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတာ။ မြန်မာအမျိုးသမီးတွေ ရဲ့ အရှက်သိက္ခာနဲ့ ပရိုက်ဗေစီကို ချိုးဖောက်နေကြတာ။ မဆန်းပါဘူး ဒီလိုဖြစ်တာ။ တဏှာရူးတွေ တဏှာရူးနေရာမနေပဲ အမျိုးသားရေး လုပ်တော့ ဒီလိုပဲဖြစ်မှာပေါ့။ ဒါကြောင့်လဲ အင်တာနက်က အမျိုးဘာသာ သာသနာဆိုတဲ့နေရာတွေမှာ သားပြောမယားပြောတွေ၊ တ  -ီး -ီး၊ တ -ိုး -ိုးတွေထပ်နေတာ။”
    အဲ့ဒီဖိုင်ကိုတင်ထားတဲ့ စာမျက်နှာဘေး ဗယ်ဖက်ကော်လန်မှာ ဖိုင် ၂ ဖိုင်တင်ထားသေးတယ်။ တခုက ကုလားမကောင်းကြောင်းရေးထားတဲ့ ကိုလိုနီခေတ်က ကုလား-ဗမာတိုက်ပွဲ။ နောက်တခုက အမျိုးပျောက်မှာ စိုးကြောက်စရရှာဆိုတဲ့ စာအုပ်။ ကော်လံထိပ်ဆုံးက အမျိုးသားသစ္စာဖောက်များဆိုတဲ့ ခေါင်းစဉ်အောက် မှာ ရိုဟင်ဂျာထောက်ခံသူများလို့ စွပ်စွဲခံထားရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံတွေတင်ထားတယ်။ ရိုဟင်ဂျာဆန့် ကျင်ရေး ပိုစ့် တွေလည်း ဟိုနားတခု ဒီနားတစု။
    ပြောချင်တဲ့ ဇာတ်လမ်းက အခုမှ စမှာပါ။ အစ္စလာမ်မုန်းတီးရေးလုပ်နေတဲ့လူတွေ အဓိကထောက်ပြတဲ့ အချက်တချက်မှာ ကုလားတွေက မြန်မာမလေးတွေကို ဇာတ်သွင်းနေတယ်။ ၀ါးမြိုနေတယ်။ မြန်မာမလေးတွေကိုဖျက်ဆီးသိမ်းပိုက်ဖို့  ကြိုးစားနေကြတယ်။ မိန်းကလေးတွေကိုသိမ်းပြီး ယဉ်ကျေးမှုကို ၀ါးမြိုသွားမယ်လို့  ပြောကြတယ်။
    ခုနက စာမျက်နှာ ၄၀၀ ကျော် အညစ်ထုပ်ကိုတင်ထားတဲ့ အင်တာနက်စာမျက်နှာကို သတိထားမိတော့မှ သြော် ဆိုပြီး တရားကျမိတယ်။  မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်၊ မြန်မာအမျိုးသမီးတွေကို ကာကွယ်ရမယ်ဆိုတဲ့လူရဲ့ ၀ဘ်ဆိုဒ်က  မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်လုံးတီးပုံတွေ၊ လိင်ဆက်ဆံတဲ့ ဗီဒီယိုတွေတင်တဲ့ Porn ညစ်ညမ်းဝဘ်ဆိုဒ်။ ထပ်ပြောရအုံးမယ်။ အစ္စလာမ်ဗိုင်းရပ်ကို သြဂုတ်လ ၂၃ ရက်နေ့ မှာတင်တယ်။ မြန်မာပြည်နဲ့  မြန်မာ့ယဉ်ကျေးမှုကို တော်တော်ချစ် လှတယ်ထင်တယ်။ သြဂုတ်လ ၂၄ ရက်နေ့ မှာတော့ ဘာထပ်တင်တယ်မှတ်လဲ။ ကိုယ်လုံးတီး မြန်မာမိန်းကလေးတယောက်ရဲ့ ညစ်ညမ်းပုံတွေ။ မြန်မာစစ်စစ် ဖြစ်ကြောင်းသက်သေပြဖို့  နောက်ခံတီဗီမှာ စကိုင်းနက် လိုဂိုပုံပါတဲ့အကြောင်းပါ ကြော်ညာပေးထားသေးတယ်။
    ထပ်ပြောပါအုံးမယ် – မိန်းကလေးနာမည်နဲ့ တကွတင်ထားတဲ့ ညစ်ညမ်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေလည်းအများကြီးရယ်။ ခိုးပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေလည်းပါ တယ်။ မြန်မာစစ်စစ်တွေ၊ ပြည်တွင်းဖြစ်လေးတွေ၊ ဟိုနိုင်ငံရောက်မြန်မာ၊ ဒီနိုင်ငံရောက်မြန်မာဆိုတဲ့ခေါင်းစဉ်တွေနဲ့ မြန်မာမိန်းကလေး စစ်စစ်ဖြစ်တဲ့အကြောင်း ခေါင်းစဉ်တွေ တပ်ထားပေးတယ်။
    ထပ်ပြောချင်ပါသေးတယ်။ အဲ့ဒီအင်တာနက်စာမျက်နှာနဲ့  နာမည်ချင်းဆင်တူတဲ့ ဆိုဒ်တခုကိုလည်း လင့်ခ်လုပ်ထားတယ်။ ပိုင်ရှင်တယောက်တည်းလားတော့ အတိအကျမသိ။ အဲ့ဒီဆိုဒ်မှာ ပေါ်ပျူလာအဖြစ်ဆုံး ပိုစ့်က ထိုင်းနိုင်ငံက မြန်မာအမျိုးသမီး ဆရာဝန်တယောက်ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံပါပဲ။ မြန်မာအမျိုးသမီးမလို့  ထိန်းသိမ်းဖုံးကွယ်ရထားမဲ့အစား နှမချင်းမစာ တင်သူကတင်၊ အားပေးသူကအားပေး။ အောက်မှာ အားပေးထားတဲ့ တဏှာရူးတွေရဲ့ ကော်မန့် ထဲမှာ မြန်မာအမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို ထိန်းသိမ်းဖို့ တခုမှမပါ၊ မဖွယ်မရာ အားပေးထားတာချည်းရယ်။
    ရှာဖွေလေတွေ့ ရှိလေလို့ ဆိုရမလားပဲ – အမျိုးပျောက်မှာ စိုးကြောက်စရာဆိုတဲ့ ပိုစ့်နဲ့ တရက်တည်းအတူတင်တဲ့ ပိုစ့်တခုကတော့ မြန်မာပြည်ပွား porn star တယောက်ဓာတ်ပုံနဲ့  ဗီဒီယိုဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး အရှေ့ အလယ်ပိုင်းမှာ ဆန္ခပြတဲ့ပိုစ့်နဲ့ တရက်တည်းတင်တဲ့ ပိုစ့်ကတော့ မြန်မာကောင်မလေးတယောက် ကို ဗီဒီယိုရိုက်ဖို့  အ၀တ်အစားချွတ်ခိုင်းနေတဲ့ အပျော်ရိုက်ဗီဒီယို။ ဘယ်သူ့ ဆီကရပြီး ဘယ်သူ့ ခွင့်ပြုချက်နဲ့ တင်တယ်တော့မသိ။ ကုလားဆန့် ကျင်ရေး ကို ပေါ်ပျူလာမဖြစ်ဖြစ်အောင် ညစ်ညမ်းဆိုဒ်သုံးပြီး တမင်လုပ်နေတာလား၊ တိုက်ဆိုင်နေတာလား၊ ဒါမှမဟုတ် ပြောတခြား လုပ်တခြားဖြစ်နေတာလား မပြောတတ်ပါ။
    ထပ်ပြောပါအုံးမယ်။ မြန်မာမှန်းသိအောင် ထမှီကိုမြင်သာတဲ့ဓာတ်ပုံတွေလည်းတင်ထားပါသေးတယ်။ ကော်မန့် တချို့ က မြန်မာမှဟုတ်ရဲ့ လားဆိုပြီး မေးထားသလို တင်တဲ့လူကလည်း မြန်မာဟုတ်ကြောင်း သက်သက်တွေနဲ့  တင်ထားတယ်။ မြန်မာမှန်းသေချာအောင်  အမြတ်ထုတ်ကြပုံများ မြန်မာမိန်းကလေးစစ်မှ မျက်စိ တဏှာပိုရှိကြမယ်ထင်ရဲ့ ။ စဉ်းစားပါတယ်၊ မြန်မာ့မျိုးချစ်စိတ်မှာ ဒီလိုလည်းရှိသေးတာကိုးလို့ ။
    ပြောတော့ မြန်မာ့ယဉ်ကျေးမှုကိုကာကွယ်ပါ၊ မြန်မာအမျိုးသမီးတွေကို စောင့်ရှောက်ပါဆိုပြီး ကုလားကိုဆဲလိုက် ရိုဟင်ဂျာကိုဆဲလိုက်။ လုပ်နေတာကတော့ မြန်မာမိန်းကလေးတွေရဲ့  ဓာတ်ပုံတွေကို နှမချင်းမစာမနှာ ကမ္ဘာသိအောင် အမြတ်ထုတ် အရှက်ခွဲနေကြတာ ခါးတောင်းကြိတ်တခြား ဖင်တခြားပဲ။  မြန်မာမိန်းက လေး စစ်စစ်ပါဆိုတဲ့ဓာတ်ပုံတွေ ဗီဒီယိုတွေကို ခိုးဝှက်ပြီးရိုက်၊ အပျော်ရိုက်တွေကို ရအောင်ရှာ၊ တဆင့်တဆင့်ရအောင်ဖြန့် ၊ ဒါတင်မက အင်တာနက်မှာပါ တင်ပြီးအားပေးနေကြတာများ မြန်မာအမျိုးသမီးတွေရဲ့  အရှက်သိက္ခာ နဲ့ privacy ကို နှမချင်းမစာကြဘူး။ သိရက်နဲ့ ဖြစ်စေ မသိပဲနဲ့ဖြစ်စေ၊ အလိုတူလို့ ဖြစ်စေ အဓမ္မကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်ပုံတွေ ဗီဒီယိုတွေပေါ်ရောက်သွားတဲ့ မြန်မာမိန်းကလေးတွေရဲ့  အရှက်သိက္ခာကို ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ဓာတ် မရှိဘူး။
    ဒင်းတို့ လို လူတွေကမှ မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတာ၊ မြန်မာအမျိုးသမီးတွေ ရဲ့ အရှက်သိက္ခာနဲ့ ပရိုက်ဗေစီကို ချိုးဖောက်နေကြတာ။ ဒင်းတို့ လို မြန်မာမိန်း ကလေးတွေရဲ့ အရှက်ကိုထိန်းရမှန်းမသိတဲ့လူတွေ၊ ပရိုက်ဗေစီကို အလေးထားရမှန်းမသိတဲ့လူတွေ၊ ပြည့်တန်ဆာဖြစ်စေအုံး သူတို့ ပုံတွေ ဗီဒီယိုတွေကို အင်တာ နက်မှာ တင်ခွင့်မရှိတာကို အလေးမထားတဲ့လူတွေ၊ ရရင်ရသလို မိန်းကလေးတွေကို အခွင့်ကောင်းယူချင်တဲ့လူတွေ၊ အမြတ်ထုတ်ချင်တဲ့လူတွေ ရှိနေသရွေ့ တော့  မြန်မာပြည်မှာ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရမှာ မလွဲမသွေပဲ။ ကုလားတွေ ဇာတ်သွင်းတာမသွင်းတာအပထား၊ ဒင်းတို့ လို တဏှာလူတန်းစား ယောင်္ကျားသားတွေရဲ့ လက်ကနေ မြန်မာမိန်းကလေးတွေရဲ့ အရှက်ကို အရင်ထိန်းသိမ်းရမှာ။
    မဆန်းပါဘူး၊ အင်တာနက်က အမျိုးဘာသာသာသနာဆိုတဲ့နေရာတွေမှာ သားပြောမယားပြောတွေ၊ မဟုတ်မဟပ်ပုံတွေ၊ တ  -ီး -ီး၊ တ -ိုး -ိုးတွေထပ်နေတာ။ တဏှာလူတန်းစား ယောင်္ကျားသားတွေက အမျိုးသားရေးလုပ်တော့ ဒီလိုပဲဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို မျိုးချစ်စိတ်နဲ့  တဏှာသယ်တွေကို အရူးအိတ်ထဲ ထည့်လိုက်တယ်။
    (ဓာတ်ပုံပိုင်ရှင်များ၏ privacy ထိခိုက်မည် စိုးသဖြင့် အင်တာနက်စာမျက်နှာ လိပ်စာမဖော်ပြထားပါ။ ဆောင်းပါးပါ အချက်အလက်အထောက်အထားအဖြစ် M-Media မှ သိမ်းဆည်းထားပါသည်။)
    အမျိုးသမီးရေးရာ အခြားပိုစ့်များ –အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၏ ဇစ်မြစ်ဖြစ်
  • ဗိုလ်ချုပ်ရုပ်ရှင် အတွက် မြန်မာမူဆလင်ကွန်ယက်မှ သမိုင်းအထောက်အထားများ လှူဒါန်း
    ဗိုလ်ချုပ်ရုပ်ရှင် အတွက် မြန်မာမူဆလင်ကွန်ယက်မှ သမိုင်းအထောက်အထားများ လှူဒါန်း
    ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ သို့ မြန်မာ မူဆလင် ကွန်ယက်မှ သမိုင်းဝင် အထောက်အထားများ လှူဒါန်း
    ရန်ကုန်မြို့ အခြေစိုက် မြန်မာမွတ်စလင်မ် ကွန်ရက်မှ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) ဦးစိန်မြင့်၊ ဦးထွန်းကြည်တို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ သွားရောကကာ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင် ဦးရာရှစ်၊ ပင်လုံစာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ဦးဖေခင်၊ အာဇာနည် ဦးရာဇတ်တို့နှင့် ဆက်စပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော်နှင့်  အမျိုးသားလွှတ်တော်သို့ အကြံပြုချက်များကို လည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
    အဆိုပါ အကြံပြုချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကုလသမဂ ၏ ပဋိညာဉ်နှင့် အညီ နိုင်ငံတကာစံနှုန်းများနှင့် ချိန်ထိုး၍ ပြင်ဆင်ပေးရန်လည်းကောင်း ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာမူဆလင် အစုအဝေးအား မြန်မာသမိုင်းတွင် ပြန်တမ်းဝင်ခဲ့သော အမည်များဖြင့် ဖြစ်စေ၊ ၁၉၇၃ ခုနှစ် ကမ္ဘာသို့ တရားဝင်ကြေငြာထားပြီးဖြစ်သော လူမျိုးအမည်များဖြင့် ဖြစ်စေ ထည့်သွင်းကောက်ယူပေးပါရန် ဖော်ပြပါရီကြောင်း သိရှိရသည်။ ကော်မတီနှင့် တွေ့ဆုံရာတွင် မြန်မာမူဆလင် ကွန်ရက်မှ အလှူငွေ တစ်သိန်းကျပ်ကို ဗိုလ်ချူပ်အောင်ဆန်း အတ္တုပတ္တိ ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီသို့ ပေးအပ်ရာ ကော်မတီဝင် ဒါရိုက်တာ မောင်မိုးသူက လက်ခံရယူခဲပါသည်။
  • ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်
    ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်
    သြဂုတ်၊ ၂၄၊ ၂၀၁၂
    RFA မြန်မာပိုင်း မှ ကူးယူဖော်ပြသည်။
    မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းခြင်းဟာ အမေရိကန် တချို့ရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို တစုံတရာ ထိခိုက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ ကိစ္စကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။
    အမေရိကန် အခြေစိုက် Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ Mr. Derek Mitchell က အခုလို ပြောလိုက်တာပါ။
    ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်လာတာ၊ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာကို အလွန်ပဲ အံ့သြမိကြောင်း၊ ဒါပေမယ့် ဒီကိစ္စဟာ မိမိတို့ရဲ့ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးဖို့ ဆုံးဖြတ်ချက်ကိုတော့ သက်ရောက်မှု မရှိကြောင်း Mr. Derek Mitchell က ပြောပါတယ်။နိုင်ငံတကာ အနေနဲ့ အတိတ်ကာလက မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ များသောအားဖြင့် အာရုံစိုက်ခဲ့ကြပေမယ့် အခု ရိုဟင်ဂျာ ကိစ္စမှာ ခွဲခြားဆက်ဆံမှု အတော်များများဟာ သာမန် ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။
    တချို့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးကို မေးခွန်း ထုတ်နေတာတွေတောင် ရှိနေတယ် လို့လည်း ဆိုပါတယ်။ အတွေးအခေါ်အရ တိုးတက်သူတွေလို့ သတ်မှတ် ခံထားရသူတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး တောင်းဆို တိုက်ပွဲ ဝင်ခဲ့သူတွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ကြားမှာ သည်းခံနိုင်မှု အားနည်းတာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို တွေ့လိုက်ရတဲ့အခါ မိမိအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။
    ဒီလို အချက်တွေဟာ မိမိတို့နဲ့ သူတို့အကြားမှာ တစုံတရာ အတိုင်းအတာအထိ မတူတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်လို့ ပြောပါတယ်။
    တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေကိုပဲ အသားပေး ကူညီနေတာတွေ အပေါ် ဒေသခံ ရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း မိမိတို့ ထပ်တူထပ်မျှ နားလည် ခံစားရပါတယ်လို့လည်း Mr. Derek Mitchell က ပြောပါတယ်။
  • သံတွဲ လှုံ့ဆော်စာ ဖြန့်ဝေမှု ရုံးချိန်း လုံခြုံရေး တင်းကြပ်
    သြဂုတ် ၂၄၊ ၂၀၁၂၊
    YPI မှကူးယူဖော်ပြသည်။
    လူထု မငြိမ်မသက် ဖြစ်အောင် လှုံ့ဆော်စာရွက်များ ဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ သံတွဲမြို့နယ်မှ လူငယ်လေးဦး၏ အမှုရုံးချိန်းတွင် သံတွဲမြို့နယ် တရားရုံး အနီးတ၀ိုက် ရဲနှင့် စစ်တပ်များဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားသည်ကို မြင်တွေ့ရသည်။
    “အရင်ရုံးချိန်းတွေမှာ ဒီလိုစောင့်တာမရှိဘူး။ အခုက ရွာတစ်ချို့ကလာပြီး ဆန္ဒပြမယ်လို့ သတင်းတွေ ထွက်နေတာကြောင့်ဖြစ်နိုင်တယ် ”ဟု သံတွဲ ဒေသခံတစ်ဦးက YPI သို့ ပြောသည်။
    ယနေ့ ရုံးချိန်းသို့ သံတွဲမြို့နယ်ရှိ ဂျိတ္တောနှင့် အံတော်ကျေးရွာမှ ဒေသခံများ လာရောက်ကြမည်ဟု သတင်းများ ယခင်ရက်ပိုင်းက ထွက်ပေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
    ဂျိတ္တော ဒေသခံခဦးက ပြောရာတွင် “ဂျိတ္တောကလာဖို့ မရှိပါဘူး။ တစ်နေ့က ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ဂျိတ္တော ရပ်မိရပ်ဖ တစ်ယောက်ကိုခေါ်ပြီး လူစုလူဝေးနဲ့မလာဖို့ပြောတယ်။ ကလေးတွေ ထောင်မကျအောင် လည်း ကူညီမယ်လို့ပြောပါတယ်”ဟု ပြောသည်။
    အဆိုပါလူငယ်လေးဦးမှာ ဇွန်နောက်ဆုံးပတ်က သံတွဲမြို့တောင်ဘက်ကျေးရွာများသို့ လှုံ့ဆော်စာ များသွားရောက်ဖြန့်ဝေခဲ့သဖြင့် ၎င်းလှုံ့ဆော်စာရရှိသူ အချို့က သံတွဲရဲစခန်းသို့ တိုင်ကြားရာမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
    “စာတွေက အမျိုးမျိုးပါပဲ။ အဓိက ကတော့ မွတ်စလင်တွေကို ရည်ညွှန်းထား တာပါ။ မြို့ပေါ်မှာလည်း အများကြီး ပျံ့နေပါတယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
    အမှတ် ၄ ရပ်ကွက်မှ သံတွဲဒေသခံတစ်ဦးက “အဲဒီလေးယောက်အထဲမှာ သံတွဲရဲစခန်းက ရဲတစ်ယောက်ရဲ့ သားလည်း ပါတယ်။ နောက် GTI ကျောင်းသား တစ်ယောက်လည်းပါတယ်” ဟုပြောသည်။
    သံတွဲမှ ရှေ့နေတစ်ဦးက ပြောဆိုရာတွင် GTI ကျောင်းသားဖြစ်သူကို စာမေးပွဲ ရှိနေသဖြင့် အာမခံပေးထားကြောင်းနှင့် လက်ရှိ ၅၀၅ (ခ) (နိုင်ငံတော် အစိုးရကိုဖြစ်စေ ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တဦးတယောက်သောသူ ကျူးလွန်ချင်လာအောင် လုပ်ဆောင်မှု) ကို အာမခံ ပေး၍ မရသော်လည်း တရားသူကြီး၏ လုပ်ပိုင်ခွင့်အာဏာဖြင့်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။
    ၎င်းတို့လေးဦးအား ဇွန်လကုန်တွင် စတင်ဖမ်းဆီးကာ တညခန့်စစ်ဆေးပြီး ပြန်လွှတ်ပေးကာ ဇူလိုင်လ ၁၂ ရက်တွင်မှ ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဇွန်လဆန်းတွင် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ တောင်ကုတ်နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် သံတွဲအပါအ၀င် မြို့နယ်အချို့၌ ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့် ထုတ်ပြန်ထားရာ ယခုအချိန်ထိ မရုပ်သိမ်းနိုင်သေးပေ။ ။
  • သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း
    သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း
    ပဋိပက္ခဖြစ်ပွားရာ ပြည်သူတို့၏ အခြေအနေနှင့် သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော  
    ၉။  ရခိုင်တိုင်းရင်းသားများ၏အခြေအနေ
    (က)    နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျက်ရှိသည်။
    (ခ)     နိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ဘင်္ဂါလီမူစလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အစဉ်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်။
    (ဂ)     မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏အကျိုးစီးပွားကို  ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိပဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုးတွေ့ရသည်။
    (ဃ)    ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ်စွပ်စွဲမှုအချို့ရှိသည်။
    (င)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကိုမျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူစလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
    (စ)     ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူစလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရသည်။
    (ဆ)    ဘင်္ဂါလီများကိုသာ တစ်ဘက်သက်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
    (ဇ)     ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန်ကြိုးပမ်းလာကြောင်း တွေ့ရသည်။
    (ဈ)     ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။
    ၁၀။     လူမျိုးစုနှစ်စုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးသည်သာလျှင် ယခုအခြေအနေ၏ ထွက်ပေါက်ဖြစ်သည်ကို နားလည်သဘောပေါက်စေရေးအတွက် ရခိုင်လူထုအဖွဲ့အစည်းများသို့ အခြေအနေမှန်နားလည်သော ရခိုင်တိုင်းရင်းသားများက အချင်းချင်းထိတွေ့စည်းရုံးရန် အထူးလိုအပ်ပါသည်။
    ပဋိပက္ခဖြစ်ပွားရာ ပြည်သူတို့၏ အခြေအနေနှင့် သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော
    ၁၁။  ဘင်္ဂါလီမူစလင်များ၏အခြေအနေ
    (က)    ဘင်္ဂါလီမူစလင်များတွင် သာမန်ပြည်သူများနှင့် ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများဟု အပိုင်း(၂)ပိုင်းတွေ့ရှိရသည်။
    (ခ)     သာမန်ပြည်သူများသည် ဘ၀ရပ်တည်ရေး၊ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံပြုနေရသည်။ အမျိုးသမီးနှင့် ကလေးများသည် လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှုအခက်အခဲများကို ရင်ဆိုင်နေရသည်။
    (ဂ)     ပညာတတ်မြောက်မှုနည်းပါးပြီး ဘာသာရေးအစွန်းရောက်များ၏ လွှမ်းမိုးမှုအောက်တွင်နေထိုင်ရခြင်း၊ မည်သည့်မီဒီယာနှင့်မှ ထိတွေ့မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းကြောင့် အဆမတန်လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန်နားမလည်ခြင်းတို့သည် ဘင်္ဂါလီများ၏ လက်တွေ့ဘ၀ဖြစ်နေသည်။ အစွန်းရောက် အစ္စလာမ်မော်လ၀ီအချို့သည် ဘာသာရေးမှိုင်းပြ၍ လူဦးရေများပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်။
    (ဃ)    အစ္စလာမ်ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများသည် ပြည်ပရှိအစ္စလာမ်ဘာသာဝင်နိုင်ငံများ၊ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး ထောက်ပံ့မှုများရယူလျက် ၎င်းတို့၏အလိုကျ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏အမြင်တွင် လူသားချင်းစာနာမှုရှုထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်။
    ၁၂။  အောက်ပါတို့ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိပါသည်။
    (က)    ဘင်္ဂါလီထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် မော်လ၀ီဆရာများသည် ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြု၍ ဘာသာရေးမှိုင်းသွတ်သွင်းမှုနှင့် ခေါင်းရှောင်မှုအား နည်းလမ်းသုံးလျက် ပြုပြင်သင့်ပါသည်။
    (ခ)     လူဦးရေအလွန်အကျွံတိုးပွားမှုအပေါ် ထိထိရောက်ရောက် ထိန်းချုပ်သင့်ပါသည်။ အစီအမံဖြင့် ရဲရဲတင်းတင်းလုပ်ကိုင်ရမည်ဖြစ်ပါသည်။ ဘင်္ဂါလီများအား ပြင်ပလူ့အဖွဲ့အစည်းများနှင့် ထိတွေ့ရေး၊ ပညာတတ်မြောက်ရေးတို့ အလေးထားဆောင်ရွက်ပေးသင့်သည်။ အခြေအနေအရပ်ရပ်အရ ဘင်္ဂါလီပြည်သူများအား အစိုးရ၏အရိပ်အောက်သို့ ခိုလှုံစေပြီး အစွန်းရောက်လူ့အဖွဲ့အစည်းမှ ခွဲထွက်လာရေး စည်းရုံးဆောင်ရွက်သင့်ကြောင်းတွေ့ရှိရသည်။ ဥပဒေအရ နိုင်ငံသားဖြစ်မှုနှင့် လိမ္မာပါးနပ်စွာ ချိတ်ဆက်ထားသင့်သည်။
    စာတမ်းအပြည့်အစုံ
    News Summary About Rakhine Conflict by President-Office