News @ M-Media

Blog

  • နိုင်ငံအနှံ့ရှိ ဘင်္ဂလီ မူဆလင်များကို အကြမ်းဖက်ရန် ရခိုင်အချို့ ကြံစည်ခဲ့

    နိုင်ငံအနှံ့ရှိ ဘင်္ဂလီ မူဆလင်များကို အကြမ်းဖက်ရန် ရခိုင်အချို့ ကြံစည်ခဲ့

     နိုင်ငံအနှံ့ရှိ ဘင်္ဂလီ မူဆလင်များကို အကြမ်းဖက်ရန် ရခိုင်အချို့ ကြံစည်မှုကို သမ္မတရုံးမှ လွှတ်တော်သို့ပေးပို့သော ရခိုင် ပဋိပက္ခ သုံးသပ်ချက် စာတမ်းတွင်ဖော်ပြ

    သြဂုတ်၊ ၂၁ ၊ ၂၀၁၂

    ဗွီအိုအေ(မြန်မာပိုင်း)

    သြဂုတ်လ၂၁ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော် ဥက္ကဌထံ သ၀ဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ သ၀ဏ်လွှာနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

    သဝဏ်လွှာထဲမှာ အဓိကအားဖြင့်  ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့် ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီး အစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။

    သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်တစ်ဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည် စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

    ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘ၀ရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊ အမျိုးသမီးနှင့် ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊ အစွန်းရောက် အစ္စလာမ် မော်လ၀ီအချို့သည် ဘာသာရေး မှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည် စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့် သ၀ဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁၀ မျက်နှာ နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

     

    http://burmese.voanews.com/content/arakhan-riot-investigation-committee/1492283.html မှ ဖော်ပြချက်ကို ကောက်နှုတ်တင်ပြပါသည်။

  • မမေးလည်းဖြေ(၉)- အကပ္ပိယ အသားများ (သို့) မစားသင့် မစားအပ်သောအသားများ

    ဌေးလွင်ဦး

    ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များအနေဖြင့် ၀က်သား မစားသုံးသည့် ကိစ္စသည်လည်း- အဘယ်ကြောင့် မ စားသုံးရသနည်းဟု မကြာခဏ စောကြောခံရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ကျမ္မာရေးရှုဒေါင့်- ဆေး ပညာရှုဒေါင့်မှ မည်သို့ ရှင်းပြစေကာမူ-၊ ဘ၀င်တကျ လက်ခံပေးနိုင်စွမ်း မရှိချေ။ ထိုသို့ ဖြစ်ရခြင်းမှာ သာသနာ ကိုယ်စီမှ ပြဌာန်းထားသော အကပ္ပ
ိယ အသားများ ကို မေ့လျှော့နေခြင်းကြောင့်သာ ဖြစ်သည်။

    သာသနာတိုင်းတွင် ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်များက နောက်လိုက် ဒကာများအား မစားသင့် မစားအပ်သော အကပ္ပိယ အသား ဟူ၍ တားမြစ်ထားမှုများ ရှိပေသည်။ ထိုအတွက် လူသားများ၏ စောဒကအား ပြန်လည် ဖြေ ကြားထားခြင်း မရှိချေ။ ထိုသာသနာ အား ယုံကြည်လက်ခံသူသည် ထိုသာသနာမှ ပြဌာန်းထားသော အကပ္ပိယ အသားများကို ရှောင်ကြည်ရမည်မှာ ၀တ္ထရား ဖြစ်ပေ သည်။ ထိုသို့ ရှောင်ကြဉ်ခြင်း အတွက် ထိုသာသနာမှ မ ဟုတ်သူ တစ်ဦးအနေဖြင့် ပုတ်ခတ်စော်ကားခြင်း၊ စေဒက တက်ခြင်းမှာ စိတ်ဓါတ်ရေးရာ မရင့်ကျက်သူ၊ မိမိ ဘက်ကို မိမိမကြည့်ဘဲလျှက် သူတစ်ပါးအား အပြစ်တင်စောသူသာ ဖြစ်တော့သည်။ ဤသို့ မဘွယ်မရာသော စိတ်ဓါတ်ရေးရာ အကုသိုလ်များ မသင့်ရစေရန် ကျွန်ုပ်တို့၏ ညီနောက် မြန်မာဗုဒ္ဓဘာသာဝင်တို့အား ပြောပြရ မည်မှာ ကျွန်ုပ်တို့၏  တာဝန်သာ ဖြစ်ပေသည်။

    ဗုဒ္ဓဘာသာဝင်များ အတွက် ကိုယ်တော်ဂေါတမ တားမြစ်ခဲ့သော အသားများမှာ လူ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ၊ အောင်း၊ မြွေ- အသားတို့ ဖြစ်သည်- (မဟာဝဂ္ဂ ၂၈၀၊ ၂၈၁)။ ထိုအသားများအား မစားရသည့် အ ကြောင်းများကို ပြော ဆိုစဉ်တွင် ယုတ္တိခိုင်မာသော အကြောင်းပြချက်များ မရှိချေ။ ဆင် သား- မြင်းသားကို မစား ရခြင်းမှာ ဆင်၊ မြင်းတို့သည် မင်းတို့၏ အသုံးအဆောင် ဖြစ်ခြင်းကြောင့် မင်းတို့ ငြိုငြင်နိုင်ခြင်းကြောင့် ဟုသာ ဆိုထားပေသည်။ ထိုအဖြေသည်လည်း ယုတ္တိဖြင့်ကြည့်လျှင် အားနည်းလှပေသည်။ အခြားသော အသားများ အတွက်မူ အကြောင်းပြချက် မရှိချေ။ မည်သို့ဆိုစေ- ယုတ္တိရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ- သူတို့ အတွက် အ ကပ္ပိယ အသားများဟု သတ်မှတ်ထားရာ အတွက် ရှောင်ကြဉ်ခြင်းအား ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင် များ မှ စောဒကတက်ခြင်း၊ ပုတ်ခတ်ခြင်း၊ သရော်ခြင်းများ မရှိချေ။

    အစ္စလာမ် သာသနာဝင်များ အတွက် အကပ္ပိယ အသားများ အဖြစ်ပြဌာန်းထားသော ခွာကွဲ၍ စားမြုံမပြန်သော အသား (၀က်သား) ဟူသည် ဗုဒ္ဓဘာသာများ အတွက် ပြဌာန်းထားသော ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ တို့၏ အ သားမျိုးနွယ်တွင် ပါဝင်သော အသား ဖြစ်ပေသည်။ အဆိုပါ သတ္တ၀ါများသည်လည်း ခွာကွဲလျှက် စားမြုံမပြန် သော သတ္တ၀ါများ ဖြစ်သည်။

    ဤသို့ ဆိုလျှင် ကိုယ်တော်ဂေါတမ အနေဖြင့် ၀က်သားကို အမည်နာမဖြင့် မတားမြစ်ခဲ့ဟု ဆိုဘွယ်ရှိပြန်သည်။ ထိုအတွက် စောဒကမှာ သက်သတ်လွတ်စားသော ခတ္တိယ မျိုးရိုးမှ ဖြစ်သော ကိုယ်တော် ဂေါတမသည် မစ္ဖျိမ ပဋိပဋာ လမ်းစဉ် အရ အသား၊ ငါး ၀တ္ထုများအား ဘုန်းပေးစားသောက်ရသော်လည်း ၀က်သား စားခဲ့သည်ဟူ သော အထောက်အထားမှာ အငြင်း ပွားဘွယ် ဖြစ်နေပြန်သည်။ အများစုကြီး လက်ခံစွဲကိုင်ထားသော– ကိုယ် တော် ဂေါတမသည် ပန်းတိမ်သည် စုန္ဒ ဆက်ကပ် လှုဒါန်းသည့် ၀က်ပျိုဖြူသားအား ဘုန်းပေးစားသုံး၍ သွေးဝမ်း သွားလျှက် ပရိနိဗ္ဗာန်ပြုခဲ့ရသည်– ဟူသော အထောက် အထားမှာ ရာနှုန်းပြည့် မှန်သည်ဟု မဆိုနိုင်ပေ။ ထို အ ဆိုမှ– ပန်းတိမ်သည် စုန္ဒ လှုဒါန်းသည့် ဆွမ်း (အစာ) ကို အဿီတိ ဟု ဖေါ်ပြ၍၊ ဆရာတော် ရှင်ဥက္ကဌက သူ ၏ ကန်တော့ပန်း စာအုပ်တွင် အဿီတိ ဆိုသည်မှာ မိုးဦးကျရာသီတွင် ပေါက်သော ၀က်နင်းမှို ဟုခေါ်သော မှို တစ်မျိုးဟု ဆိုထားပေသည်။ အလားတူ ရွှေကျင်ဂိုဏ်းကဲ့သို့ အခြားသော ဗုဒ္ဓသာသနာဂိုဏ်များကမူ အဿီတိ ကို မြောက်ဥ ဟု ဆိုပေသည်။ ပါဠိအဘိဓာန်များကို လိုက်ကြည့်လျှင် ၀က် သတ္တ၀ါကို သူကရ (နီပေါဘာသာ ဖြင့် စူကာရ်)၊ အသားကို မံသ (မာ့ဆ်)၊ ထိုနှစ်လုံးပေါင်း၍ ၀က်သားကို သူကရ-မံသ (စူကာရ်မာ့ဆ်) ဟု ခေါ်ပေ သည်။ ထိုသို့ဆိုလျှင် ဆရာတော် ရှင်ဥက္ကဌပြောသော အဿီတိ ဟူသည့် ဝေါဟာရသည် အဘိဓာန်အာဖြင့် ပိုမို နီးစပ်မှု ရှိပေသည်။ အဘိဓာန်တွင် မှိုသိမ် ကို အာသိတာ (နီပေါ ဘာသာဖြင့်- အာဆီးတ်) ဟု ခေါ်ကြောင်း တွေ့ ရ၍ အဿီတိ ဟူသည် အာသိတာ နှင့်သာ နီးစပ်လျှက် သူကရ-မံသ နှင့် ဆက်စပ်မှု အလှမ်းဝေးနေပေသည်။

    မည်သို့ဆိုစေ– ဘာသာတရားတိုင်းတွင် အကပ္ပိယ အသားဟူသည် ပြဌာန်းထားကြောင်း- ထို့အတွက် မိမိ သာ သနာမှ ပြဌာန်း ထားသော အကပ္ပိယ အသားများကို မေ့လျှော့နေလျှက် သူတစ်ပါးဘာသာမှ ပြဌာန်းထားသော အကပ္ပိယ အသားများ အား စောဒက တက်နေခြင်းမှာ မလျှော်ကန်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ပြောဆိုရှင်းပြ လျှက် နားလည်မှု တည်ဆောက်ရမည်၊ အပြန်အလှန် လေးစား အသိအမှတ်ပြုပေးရမည်သာ ဖြစ်သည်။
    Dr Zakir Naik ဖြေဆိုထားသော အစ္စလာမ်သာသနာမှ ဝက်သားတားမြစ်မှုအကြောင်းဖတ်လိုလျှင် Click Here

  • အီးဒ်နေ့ အခါသမယ အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့

    အီးဒ်နေ့ အခါသမယ အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့

    သြဂုတ်၊ ၁၈၊ ၂၀၁၂
    ဗွီအိုအေ (မြန်မာဌာန)

    အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမာဒန် ဥပုပ်လကုန်ဆုံးတဲ့ နေ့ထူးနေ့မြတ် အခါသမယ အစ် (Eid) နေ့အဖြစ် ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာဟာ အစ် ပွဲတော်ကို စီရင်ကျင်းပကြပါတယ်။

    မိသားစု ပြန်လည် စုစည်း ပေါင်းစည်းတာတွေ၊ စားသောက်ပွဲတွေနဲ့ တခြား အခမ်းအနားပွဲတွေ စီရင်ကျင်းပကြပါတယ်။ ကမ္ဘာ့ မူစလင်တွေရဲ့ အစ် နေ့ အခါသမယ အတွက် ကြိုဆိုတဲ့ သ၀ဏ်လွှာတွေကို အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ အိမ်၊ ရုံး၊ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ထုတ်ပြန် ကြိုဆိုလိုက်ကြပါတယ်။

    အစ္စလာမ်ဘာသာဝင် အများဆုံး ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ တနင်္ဂနွေနေ့ အရုဏ်ဦးကတည်းက ဘုရား ၀တ်ပြုမှုတွေ စတင်ပါတယ်။ ဂျကာတာ မြို့တော်ရဲ့ အယ်လ်အာဇာ ဗလီကြီးမှာ ၀တ်ပြုသူတွေ ထောင်ပေါင်း များစွာ လာရောက်ကြတယ်လို့ သတင်းများက ဆိုပါတယ်။

  • ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီ ဘင်္ဂလားဒေ့ရှ်၌ ရှာဖွေတွေ့ရှိ

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    source:http://www.aljazeera.com/


    အပျော်တမ်း ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်ဝေးရွာတစ်ရွာဖြစ်တဲ့ ရမ်ဂျာပူမှာ ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် တစ်ခုရဲ့ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    မြေအောက်မှာ နစ်မြုပ်နေတဲ့ ကုရ်အာန်စာသားများ ထွင်းထားတဲ့ ကျောက်တုံးများလည်း တွေ့ရှိပြီး တိကျတဲ့ အချက်အလက်များ ဆက်လက်ရှာဖွေနိုင်ပါက တောင်အာရှဒေသရဲ့ အစောဆုံး တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်  တစ်ခုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အရှေ့တိုင်းမှာ အစောဆုံး အစ္စလာမ် ယဉ်ကျေးမှု အမွေအနှစ်များကို ၁၂ ရာစုခန့်ကသာ စ၍ တွေ့ရှိရလေ့ရှိပြီး ပိုမိုစောစီးစွာ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များဟာ တမန်တော်မြတ်သခင် လက်ထက်မှာ တရုတ်နိုင်ငံနဲ့ အိန္ဓိယနိုင်ငံ မာလဘာဒေသတို့မှာ ဖြစ်တယ်လို့ ယူဆကြသော်လည်း ခိုင်မာတိကျတဲ့ အထောက်အထား မရှိတဲ့အတွက် ယခု ရှာဖွေတွေ့ရှိမှုဟာ အလွန်သမိုင်းဝင်မဲ့ ဖြစ်ရပ်ပါ။

     

  • အီဂျစ်တွင် ကျင်းပတဲ့ ကမ္ဘာ့ကုရ်အာန် ရွတ်ဖတ်ပြိုင်ပွဲတွင် မြန်မာမှ တတိယဆုရ

    အီဂျစ်တွင် ကျင်းပတဲ့ ကမ္ဘာ့ကုရ်အာန် ရွတ်ဖတ်ပြိုင်ပွဲတွင် မြန်မာမှ တတိယဆုရ

    သြဂုတ်၊ ၁၆၊၂၀၁၂

    အန်ကယ်လေး၊

    M-Media

    အီဂျစ်နိုင်ငံ ကိုင်မြို့တွင် ၆၊၈၊၂၀၁၂ မှ ၁၁၊၈၊ ၂၀၁၂ အထိကျင်းပပြုလုပ်ခဲ့သော နိုင်ငံပေါင်းစုံ ကမ္ဘာကုရ်အာန် ရွတ်ဖတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သော နေအ်မတုလ္လာ (ဒလ-ကာရီကျောင်း) မှ တတိယဆု ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
    ပထမဆုကို အီဂျစ်နိုင်ငံ၊ ဒုတိယဆုကို ဘော့စနီးယား နိုင်ငံမှ ရရှိခဲပါတယ်။

    တတိယဆု ဆွတ်ခူးရရှိသွားသော နေအ်မတုလ္လာ (ဒလ-ကာရီကျောင်း) မှ ပြိုင်ပွဲဝင်စဉ်

     

    အမှတ်ပေးဒိုင်များ ပြိုင်ပွဲဝင်များနှင့် အမှတ်တရ