News @ M-Media

Blog

  • မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

    မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

     July 2, 2012

    source:http://www.thedailystar.net/

    ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ၆-ဦးအဖွဲ့အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအရာရှိ Mijarul Quayes ဦးဆောင်သော ၉-ဦးအဖွဲ့က လက်ခံတွေ့ဆုံ၍ လက်ရှိနယ်စပ်တွင်ဖြစ်ပွါးနေသော အခြေအနေများနှင့်တကွ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းလက်တွဲလုပ်ကိုင်ရေးအပြင် အခြားသော အကြောင်းအရာများ ဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ် တနေရာ

    ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေး၊ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းဆက်သွယ်မှု တိုးမြှင့်ရေးများပါ ထည့်သွင်းဆွေးနွေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တင်သွင်းရေး၊ ရေအောက်ဆက်သွယ်ရေးလိုင်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပူးတွဲလုပ်ကိုင်ရေးများလည်းပါဝင်ပါတယ်။ မှောင်ခိုလုပ်ငန်းများတိုက်ဖျက်ရေး၊ ကာကွယ်ရေးရာပူးပေါင်းမှုများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအပြင် အိန္ဒိယနှင့်ကဲ့သို့ ပူးတွဲနယ်စပ်ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ (Joint Border Management) ဖွဲ့စည်းရေးများကိုလည်း ဆွေးနွေးကြပါတယ် လို့ Mijarul Quayes ကပြောကြားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ သတင်းထုတ်ပြန်ချက်အရ ဒုက္ခသည်စခန်း ၂-ခုရှိ ရိုဟင်ဂျာ ၂၉၀၀၀-ခန့်အနက် မြန်မာအစိုးရသစ်က ၂၄၁၅-ဦးအား စိစစ်အတည်ပြုပြီးဖြစ်ပြီး အခြားရိုဟင်ဂျာမိသားစု ၁၀-ခုကလည်း မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်ရန်စီစဉ်ထားသော်လည်း လတ်တလောဖြစ်ပွါးခဲ့သော အဓိကရုန်းကြောင့် ဤအစီအစဉ် နှောင့်နှေးသွားခဲ့ရကြောင်း သိရပါတယ်။

    တရားဝင် ဒုက္ခသည်ရိုဟင်ဂျာ များစွာ အပြင် တရားမဝင် (မှတ်ပုံတင်မဲ့) ဝင်ရောက်ခိုလှုံနေသူ ရိုဟင်ဂျာ ၄-သိန်းခန့်နှင့် မြန်မာနိုင်ငံသား အကျဉ်းကျခံနေရသူ ၁၀၀-ကျော် ရှိနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဇူလိုင်လတွင် ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့်အား ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နှင့်  မြန်မာ နိုင်ငံခြားရေးဝန်ကြီးအဆင့် အထူးပူးတွဲကော်မရှင် ဖွဲ့စည်းဖို့လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး  ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ မြန်မာနိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်မှုကို အထူးကြပ်မတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၁၂၈-ကီလိုမီတာအရှည်ရှိ နှစ်နိုင်ငံဆက်သွယ်လမ်း ဖောက်လုပ်ရန်အသင့်ရှိပြီး မြန်မာနိုင်ငံအတွင်းမှာ ၂၃-ကီလိုမီတာအထိ ဘင်္ဂလားဒေ့ရှ်က ကူညီဖောက်လုပ်ပေးဖို့ ကမ်းလှမ်းထားပြီး ကျန် ၁၀၅-ကီလိုမိတာကို မြန်မာနိုင်ငံမှ ဆက်လက်ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။

    ရေအားလျှပ်စစ်တင်ပို့မှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံက ပြည်တွင်းလိုအပ်ချက်ကို ဦးစွာဖြည့်ဆီးရန် လိုအပ်မှုကြောင့် တင်ပို့နိုင်မှုမရှိသေးကြောင်းလည်း သိရှိရပါတယ်။  နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မကြာမီ ရန်ကုန်မြို့၌ ဘင်္ဂလားဒေ့ရှ်ကုန်စည်ပွဲတော် ကျင်းပမှာဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ၂၀၁၂-ခုနှစ် ဇွန်လ ၂-ရက် (တနင်္လာနေ့)၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ The Daily Star သတင်းစာ၌ပါရှိသော Refugees to be taken back (Myanmar to verify their nationality first) ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။
    http://www.thedailystar.net/newDesign/news-details.php?nid=240596

  • ‘တီထွင်ဆန်းသစ် တိုးတက်မှု’ ကမ္ဘာ့အဆင့် ‘၃’ စင်္ကာပူ ဆွတ်ခူး

    ‘တီထွင်ဆန်းသစ် တိုးတက်မှု’ ကမ္ဘာ့အဆင့် ‘၃’ စင်္ကာပူ ဆွတ်ခူး

    July 04, 2012

    နိုင်ငံတကာစီးပွါးရေး ပညာသင်တန်းကျောင်း` ‘Insead’ နှင့် World Intellectual Property Organisation တို့ ပူးပေါင်းပြုလုပ်သော Global Innovation Index တွင် နိုင်ငံပေါင်း ၁၄၁-ခု ထည့်သွင်းလေ့လာပြီး နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အစရှိသည်များ၌ အတွေးအခေါ်ဆန်းသစ်မှု၊ တီထွင်တိုးတက်မှုများကို ထည့်သွင်းစဉ်းစား လေ့လာဆုံးဖြတ်ကြောင်းသိရသည်။

    စင်္ကာပူနိုင်ငံက ယခုနှစ်-၂၀၁၂ တွင် အမှတ်-၆၃.၄၇ နဲ့ ကမ္ဘာ့အဆင့် ‘၃’ ရရှိပြီး ၂၀၁၁-ခုနှစ်တွင်လည်း အဆင့်-၃ ရရှိပြီး ၂၀၁၀-ခုနှစ်တွင် အဆင့်-၇ ရရှိခဲ့ရာ ၃၃-ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

    အစိုးရဝန်ဆောင်မှုလုပ်ငန်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွါးစတင်ထူထောင်ရန် လွယ်ကူမှုရှိခြင်း၊ အီလက်ထရောနစ် အစိုးရဝန်ဆောင်မှု ခေတ်မှီစနစ်၊ ဘွဲ့လွန်ပညာရေးစနစ်၊ ကုန်သွယ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးစနစ်များ၌ ထိပ်ဆုံးနေရာရရှိကြောင်း သိရှိရတယ်။

    ယခုနှစ်ကုန်ပိုင်း၌ နိုင်ငံတဝန်းလုံး မြန်နှုန်းမြင့်ဖိုင်ဘာလိုင်း (islandwide fibre-broadband network) တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း အစိုးရအရာရှိတစ်ဦးထံမှ သတင်းရရှိသည်။

    ပထမရရှိတဲ့နိုင်ငံက ဆွဇ်ဇလန် (အမှတ်-၆၈.၂၄) နဲ့ ဒုတိယရရှိတဲ့နိုင်ငံ ဆွီဒင် (အမှတ်-၆၄.၇၇) တို့ဖြစ်ပါတယ်။

    ထိပ်ဆုံး ၁၀-နိုင်ငံမှာ အခြားအာရှနိုင်ငံဆိုလို့ ဟောင်ကောင် (နံပတ်-၈) တစ်ခုသာပါဝင်ပြီး အင်္ဂလန် (နံပတ်-၅)နဲ့ အမေရိကန် (နံပတ်-၁၀) တို့ဖြစ်ကြပါတယ်။ အာရှဒေသက တောင်ကိုရီးယား (နံပတ်-၂၁)၊ ဂျပန် (နံပတ်-၂၅)၊ မလေးရှား (နံပတ်-၃၂)၊ တရုတ် (၃၄) အသီးသီးရရှိပြီး အရှေ့အလယ်ပိုင်းဒေသမှာတော့ ကာတာ (နံပတ်-၃၃)၊ ယူအေအီး (နံပတ်-၃၇)၊ ဘာရိန်း (နံပတ်-၄၁)၊ အိုမန် (နံပတ်-၄၇)နဲ့ ဆော်ဒီအာရေဗျ (နံပတ်-၄၈)တို့ဖြစ်ပါတယ်။

    အိန္ဒိယကတော့ (နံပတ်-၆၄) သာရရှိပြီး ၁၄၁-နိုင်ငံ စာရင်းထဲ မြန်မာကိုမတွေ့ရပါ။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

  • နိုင်ငံပေါင်း ၁၅-ခုသို့ အလုပ်သမား မပို့တော့ကြောင်း ဖိလစ်ပိုင်အစိုးရ ဆုံးဖြတ်

    နိုင်ငံပေါင်း ၁၅-ခုသို့ အလုပ်သမား မပို့တော့ကြောင်း ဖိလစ်ပိုင်အစိုးရ ဆုံးဖြတ်

    July 04, 2012

    http://www.thejakartapost.com

     

    ‘လုပ်ငန်းခွင်အန္တရယ်နှင့် လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံပေါင်း ၁၅-ခုသို့ အလုပ်သမား မပို့တော့ကြောင်းဆုံးဖြတ်’ဟု ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်သည်။

    Philippine Overseas Employment Administration (POEA)

    ဥပဒေအကျုံးဝင်ပြီး ၁၅-ရက်အတွင်း ‘အာဖဂန်နစ်စတန်၊ ချက်ဒ်၊ ကျူးဘား၊ မြောက်ကိုရီးရား၊ လက်ဘနွန်၊ ဟေတီ၊ အီရီထရီးယား၊ မာလီ၊ မော်ရီတေနီးယား၊ နီပေါ၊ ပါလက်စတိုင်း၊ နီဂါ၊ ဆိုမာလီယာ၊ ဥဇဘက်ကစ်စတန်နှင့် ဇင်ဘာဘွေ’ နိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်း ရပ်တန့်မည်ဖြစ်သည်။

    ဖိလစ်ပိုင်အစိုးရက အီရတ်နှင့် လစ်ဗျားသို့ လက်ရှိခွင့်ပြုထားမှုကိုလည်း ပြန်လည်သုံးသပ်နေကြောင်း၊ လစ်ဗျားအခြေအနေမှာ မဆိုးရွားဘဲ အီရတ်၌ မြောက်ပိုင်း ကာဒ့်ပြည်နယ်ကိုသာ သွားရောက်လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

    ဥရောပနိုင်ငံ ၂-ခုဖြစ်တဲ့ ဗက်တီကန်နှင့် မိုနာကိုနိုင်ငံများ ပိတ်ပင်မှုမှာပါဝင်မှုမရှိပေမဲ့ ခွင့်ပြုလက်မှတ်စောင့်ဆိုင်းနေကြောင်းလည်း သိရပါတယ်။

    ဇွန်လ ၂၈-ရက် ထုတ်ပြန်ခဲ့တဲ့ ခွင့်ပြုနိုင်ငံ ၃၂-ခု စာရင်းမှာ ဆော်ဒီအာရေဗျနဲ့ ကူဝိတ်နိုင်ငံတို့ပါဝင်ပါတယ်။

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား – http://www.thejakartapost.com

  • ရခိုင်အရေးအခင်း ရိုဟင်ဂျာမိသားစုများနှင့် အင်တာဗျူး

    ၄ ဇူလိုင် ၂၀၁၂၊ ၃း၀၀ မြန်မာစံတော်ချိန်
    MMSY News

    (ရန်ကုန်) – ဇွန်လ ၂၈ ရက်နေ့ မှာ ရခိုင်ပြည်နယ်မှာ မိသားစုကျန်ခဲ့တဲ့ ရိုဟင်ဂျာ ၃ ဦးနဲ့  အင်တာဗျူးဖြစ် ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများ ထိခိုက် နစ်နာသကဲ့သို့  ရိုဟင်ဂျာ များဖက်မှ ထိခိုက်နစ်နာမှုများ သေဆုံးမှုများရှိကြောင်း၊ ပညာတတ်များကို ရွေးချယ်ဖမ်းထားပြီး ဆက်သွယ်ရေးဖြတ်တောက်ထားမှုများဖြင့် ရိုဟင်ဂျာတို့ ဖက်မှ ထိခိုက်နစ်နာမှု သတင်းများကို သတင်းအမှောင်ချထားကြောင်း စုံစမ်းသိရှိရပါတယ်။

    အင်တာဗျူးဖြေဆိုသူများနဲ့  အင်တာဗျူးပါ အမည်အရင်းများကို လုံခြုံရေးအတွက် ချန်လှန်ထားပါတယ်။

    MMSY: အစ်ကို့ ညီမမိသားစုတွေကဘယ်မှာနေလဲ။

    Person A: တောမှာနေတယ်၊ တောမှာဆိုတော့စစ်တွေမြို့လယ်ခေါင်နဲ့ ကီလိုမီတာ ၅၀ လောက်ဝေးမယ်။ အဲလိုနေရာတွေမှာနေတယ်။

    MMSY: ဘယ်ရွာမှာလဲ။ ခုနကပြောတာ နာဇီရွာကိုပြောတာလား။

    Person A: ဟုတ်တယ်။ ကျွန်တော်ကနာဇီရွာက၊ ကျွန်တော့ညီမတွေအကုန်လုံးနာဇီရွာမှာပဲနေတယ်။

    MMSY အိမ်တွေဖျက်ဆီးခံရတယ်ဆိုတာသိရတယ်။ ဘယ်ရက်လောက်ကဖျက်ဆီးခံရတာလဲ။

    Person A: ဟိုဒင်းလေ၊ ၁၃ရက်နေ့ ၊ ၁၃ ရက် နဲ့  ၁၄ရက် ၂ရက်မီးရှို့တယ် ကျွန်တော်တို့ရပ်ကွက်ကို။

    MMSY: ဘယ်သူရှို့ တာလဲ။ နစက လား။

    Person A : စစ်တွေမှာနစက မရှိဘူး၊ နစက ကမောင်းတော်ရယ်၊ ဘူးသီးတောင်ရယ်။

    MMSY: ဪ ဟုတ်ကဲ့။

    Person A: စစ်တွေနဲ့မောင်းတောဆိုရင် ကီလိုမီတာ ၃၀၀၊ ၃၅၀ လောက်ဝေးမယ်။ ကားလမ်းမရှိဘူး ရေလမ်းနဲ့ဆို (၇)နာရီလောက်ကြာတယ်။

    MMSY: ဒါဆိုရှို့တာကဘယ်သူရှို့တာလဲ။

    Person A: ရှို့တာကရခိုင်တွေကရှို့တာ၊ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့လုံထိန်းတွေနဲ့။

    MMSY: ညီမတွေပြောလား ဘယ်နှယောက်လောက်လာပြီး ဘယ်လိုရှို့တယ်ဆိုတာ။

    Person A: ပထမဗုဒ္ဓဘာသာတွေဝင်လာတယ်။ ဗလီ မရက်ကတ်စ်ဗလီကိုမီးရှို့ဖို့အတွက်၊ ကျွန်တော်တို့ရက်ကွက်သားတွေ သွားတိုက်တယ်။ တိုက်တယ် ဆိုတော့ နောက်မှာလုံထိန်းတွေ ဝင်လာတာပေါ့။ လုံထိန်းတွေလာပြီးသေနတ်ပစ်တယ်။ ကျွန်တော်တို့ရပ်ကွက်ကလူ  ၅ယောက်သေသွားတယ်။ အနောက်ဘက်ကနေ ဗုဒ္ဓဘာသာဝင်တွေဝင်လာပြီး ဗလီကိုမီးရှို့တယ်။

    MMSY: ဗလီမီးရှို့ပြီးတော့ ဘာဆက်ဖြစ်လဲ။

    Person A: ဗလီမီးရှိုတော့ ရက်ကွက်သားတွေက ဗလီကလူတွေကို ကယ်ဖို့သွားတာမှာ လုံထိန်းတွေကသေနတ်နဲ့ပစ်တယ်အဲဒီမှာ။ လူအနည်းဆုံး ၁၀ယောက်လောက်ထပ်သေတယ်။ ဗလီနားမှာပေါ့။

    MMSY: သေသွားတယ်လူတွေဘယ်သူတွေဆိုတာသိလား။

    Person A: အဲဒါတော့အတိအကျမသိဘူး။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကတော့ ဒေါက်တာအေးမောင်ရဲ့လူတွေလို့ကြားတယ် ၊ဒေါက်တာအေးမောင်ဆိုတာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ၊ သူက ရခိုင်အစစ်မဟုတ်ဘူး၊ ဘင်ဂါလီ အနောက်သားပေါ့။ သူအဲဒီမှာနေတာကြာပြီ။ အနှစ်၅၀လောက်ရှိပြီ။ သူ့မိဘတွေကဘင်ဂါလီ ဗုဒ္ဓဘာသာတွေပေါ့။

    MMSY: သူ့ကိုလူချင်းသိလား။

    Person A: ကျွန်တော်တော့မသိဘူး၊ ကျွန်တော့အမျိုးတွေသိတယ်။ ကျွန်တော့ ညီလဲသူ့ကိုသိတယ်။

    MMSY : အမျိုးထဲကအသတ်ခံရတာတို့၊အဖမ်းခံရတာတို့ရှိလား။

    Person A: ကျွန်တော့အမျိုးထဲကတော့မရှိဘူး၊ဒါပေမဲ့ကျွန်တော့ရပ်ကွက်ကလူတော်တော်များတယ် အသတ်ခံရတာ၊ ကျွန်တော်တို့ရပ်ကွက်မှာပထမနေ့ ၁၃ယောက်သေသွားတယ်၊ ဒုတိယနေ့ကကျွန်တော်အတိအကျမသိဘူး၊

    MMSY:အဖမ်းခံရတာကျတော့ရော။

    Person A: အဖမ်းခံရတာမရှိဘူး ကျွန်တော်တို့ဆီမှာ လူပျောက်သွားတာရှိတယ်  ၁၂၅၀လောက်ပျောက်သွားတယ်။

    MMSY  နာဇီရွာကနေလား

    Person A: ဟုတ်တယ်နာဇီရွာကနေ၊

    MMSY ဒီသတင်းတွေကို ဘယ်က သိရတာလဲ။

    Person A: ကျွန်တော့အမျိုးတွေဆီကရတယ်၊ ကျွန်တော့ညီဆီကရတယ်၊ ကျနော့် ညီမဆီကရတယ်။

    MMSY အစ်ကို့  (Person B) အမျိုးထဲမှာကျတော့ရော။

    Person B: ကျွန်တော့အမျိုးထဲမှာကျတော့အဖမ်းခံရတာ ကျွန်တော့ရဲ့တဝမ်းကွဲ၊ ကျွန်တော့ဦးလေးရဲ့သမီးပေါ့၊ သူ့နာမည်က (xxx) လို့ခေါ်တယ်၊ ပြီးတော့ဒေါက်တာ (xxx) ဆိုတာ၊ သူလဲတော်တော်လေးနာမည်ကြီးတဲ့ဆရာဝန်တစ်ယောက်ပဲ။ သူက ကျွန်တော့အစ်ကိုနဲ့မယားညီအစ်ကို သူလဲအဖမ်းခံရတယ်။ ပြီးတော့ကျွန်တော့သူငယ်ချင်းတစ်ယောက် သူ့နာမည်က (xxx) လို့ခေါ်တယ်။ သူကအဲဒီမှာကျူရှင်ပြစားတာ သူလဲအဖမ်းခံရတယ်။ ရန်ကုန်မှာဖမ်းတာကတော့ဒေါ်မြနန္ဒာအောင်ရယ်၊ သူရဲ့အမျိုးသားရယ်။ သူ့အမျိုးသားက ကျွန်တော့ရဲ့ကျောင်းနေဘက်။

    ဒေါ်မြနန္ဒာအောင်ဆိုတာကလဲ အမှန်ဆိုတိုင်းရင်းသူ၊ သူ့အမေက ကရင်၊ သူ့အဖေကျတော့ရိုဟင်ဂျာပေါ့။ NGOမှာလုပ်တာ။ ကျွန်တော်ပထမပိုင်း မှတ်မိသလောက်တော့ သူမောင်းတောကနေပြီးတော့ ရန်ကုန်လာနေတဲ့အချိန်မှာ သူတို့ကိုလေဆိပ်မှာဖမ်းပြီးတော့တော်တော်လေးစစ်တယ်။ စစ်တယ်ဆိုတာက မသင်္ကာမှုတွေနဲ့ပေါ့၊

    ရန်ကုန်ရောက်ပြီးမှ ဟိုနေ့ကတွေ.တော့မင်္ဂလာတောင်ညွန့်ရဲစခန်းက အီလက်ထရောနစ်ပုဒ်မနဲ့ဖမ်းပြီးတော့ တရားစွဲပြီး ဖမ်းထားတယ်လို့ကြားတယ်။  ရှေ့  နေတစ်ယောက်ကပြောတော့  တကယ်လို့ပြစ်မှု ထင်ရှားမယ်ဆို ထောင်ဒဏ်က၁၅နှစ်ကျမယ်လို့ပြောတာပဲ။

    နောက်တခု ကျွန်တော်ပြီးခဲ့တဲ့တနေ့က ကျွန်တော့တူမနဲ့ကျွန်တော်ဖုန်းဆက်ပြီးပြောတော့ တော်တော်များများဖမ်းထားတယ်လို့ပြော တယ်။ ဒါကျွန်တော်သိ တဲ့ထဲကလူတွေရဲ့ နာမည်ပဲပြောထားနိုင်တာ။ ကျန်တဲ့မသိတဲ့လူတွေလဲ အများကြီးပဲ။ သူတို့ကိုကျတော့ထောင်ဝင်စာတွေ.ချင်တယ်၊ ထမင်း တစ်ထုတ်သွားပေးဖို့ကို ၅ထောင်လောက်ပေးရတယ်လို့ပြောတယ်။ ပိုက်ဆံမပေးရင်ထမင်းထုတ်ကိုသွင်းခွင့်မပေးဘူး။ သူတို့က အချုပ်ထဲ မှာလဲအဲဒီလူတွေကို ထမင်းပေးတာလဲမဟုတ် ဘူးလို့ကြားတယ်။  တချို့ချို့ပရောမီနန့်ဖြစ်တဲ့သူတွေကျတော့ စစ်တွေကိုခေါ်သွားတယ်လို့ကြားတယ်။

    Person C: အခုကဘူးသီးတောင်မှာတောင် ကွန်ပြူတာရှိတဲ့ အိမ်အကုန်လုံးဖမ်းတာ၊ အကုန်လုံးကို အီလက်ထရောနစ်ပုဒ်မနဲ့ဆိုတော့ ကွန်ပြူတာသမားတွေ ကိုဖမ်းမှ သူတို့ကသတင်းကို အမှောင်ချလို့ရမှာကိုး။

    MMSY: အခုဆိုရင်ဗျာ ရိုဟင်ဂျာဘက်ကခံနေရတယ်ဆိုတာကို သတင်းအချက်အလက်တွေပဲသိရတယ်၊ သက်သေပြပါဆို ဓာတ်ပုံလဲမရှိဘူး၊ဗီဒီယိုတောင် တစ်ခုပဲရှိတယ်၊ အဲဒီမှာအဲလိုဓာတ်ပုံရိုက်နိုင်တဲ့သူ၊ message ပို့နိုင်တဲ့သူမရှိဘူးလား။

    Person B: message ပို့နိုင်တဲ့သူမရှိဘူးဆိုတာက အဲဒီအပိုင်းက မြန်မာပြည်မှာ ကွန်မြူနီကေးရှင်းနဲ့ပတ်သတ်ပြီးအရမ်းခက်တယ်။ ဒေသခံတွေအတွက်။

    Person A: message ကစစ်တွေဘက်မှာလုံးဝမရှိဘူး။ စစ်တွေမှာ လက်ကိုင်ဖုန်းက အင်တာနက်မရဘူး။ မွတ်စလင်တွေ အင်တာနက်ကိုင်လို့လဲမရဘူး၊မောင်းတောနဲ့ဘူးသီးတောင်ဘက်မှာနဲနဲပါးပါးရှိတယ်။ message ကအဲဒီဘက်ကလာတာ။ ကျွန်တော်တို့စစ်တွေဘက်ကလုံးဝ messageမရဘူး  ။

    Person B :နောက်တစ်ခု obvious ဖြစ်တာဘာလဲဆိုတော့ ဥပမာဆိုပါတော့နိုင်ငံတကာအသိုင်းအဝိုင်းကပြောတဲ့ independent observer တို့ monitor တို့အထဲသွားခိုင်းတာက တကယ်.တကယ်သူတို့တွေကတိကျမှန်ကန်တဲ့သတင်းကိုရယူလိုတဲ့ဆန္ဒနဲ့ပြောတာ။ တကယ်လို့မြန်မာပြည်အစိုးရအနေနဲ့ တိကျ မှန်ကန်တဲ့သတင်းကိုပေးဖို့ဝန်မလေးဘူးဆိုရင် အဲဒီလူတွေကိုဝင်ခွင့်ပေးရမှာပေါ့။ ဝင်ခွင့်မပေးတဲ့အကြောင်းပြချက်ရဲ့နောက် ကွယ်မှာက သတင်းအမှောင်ချ ဖို့ပဲတခြားဘာမှမရှိဘူး။

    MMSY: စစ်တွေမှာ မွတ်စလင်တွေ အင်တာနက်သုံးလို့မရဘူးဆိုတာ ဘယ်လိုဖြစ်လို့လဲ။

    Person A:   မွတ်စလင်ကိုသုံးခွင့်မပေးဘူး။ အင်တာနက်ဆိုင်ရှိတာလဲ ၃ဆိုင်ပဲရှိတယ်။ အဲဒါလဲ ကုလားဝင်လို့မရဘူး။ တော်တော်ခက်တယ်။ နားလည်မှုရှိ မှ အဲဒီဆိုင်ကိုဝင်လို့ရတာ။ ကျွန်တော့အိမ်မှာကွန်ပြူတာရှိတယ် ကျွန်တော်ဝယ်ပေးထားတာ။  ဒါပေမဲ့အင်တာနက်မရှိဘူး။ ကွန်ပြူတာရှိတာကို ဘယ် သူမှမသိဘူး၊ သိလို့လဲမဖြစ်ဘူး။

    Person C: အင်တာနက်ဆိုင်ကနေသုံးတာ တခါတလေရတယ်၊ ဘယ်လိုပြောမလဲဗျာ စစ်တွေမှာရှိတဲ့ တချို့ရိုဟင်ဂျာတွေက ရခိုင်နဲ့ခွဲမရအောင်တူတယ်။ ရခိုင်စကားတတ် အဲလိုမျိုးဆိုတော့ အဲလိုလူတွေပဲ။ အခုအဲလိုလူတွေတောင် အိုးမဲ့အိမ်မဲ့ဖြစ်နေတော့ ထွက်လို့မရတာမဟုတ်ဘူး။ အိမ်ကအကုန်ကုန်သွားပြီ။ ကျွန်တော့အဒေါ် မိသားစုဆိုရင် တမိသားစုလုံးသားသမီးတွေအားလုံးကဘွဲ့ရတွေ၊ အကုန်လုံးစစ်တွေတက္ကသိုကနေဘွဲ့ရ ထားတာ၊ ရခိုင်စကားကိုလဲရခိုင်တွေလို တတ်တယ်။ သူတို့လဲ အခုနေရာမရှိတော့ဘူး။ အိမ်လဲမီးရှို့ခံလိုက်ရပြီ၊ (xxx) မှာသွားနေနေရတယ်။

    Person A: သူတို့အမျိုးတွေကျွန်တော်သိတယ်၊ သူတို့ (xxx) ရွာမှာနေတာမဟုတ်လား။

    Person C: အင်း။

    Person A: သူတို့ဘက်ကလူတွေ ကျွန်တော့တို့အမျိုးဆီရောက်လာတယ်။ အမျိုးမှာ ဂိုဒေါင်တလုံးရှိတယ်၊ အဲဒီဂိုဒေါင်မှာပဲနေတာ။ အယောက် ၅၀၀နေနေတယ်။

    MMSY:  ဂိုဒေါင်ကဘယ်လောက်ကြီးလဲ။

    Person A: ကြီးတယ်၊တော်တော်ကြီးတယ်။  ပေ၃၀၀လောက်ရှိမယ်။ ဟုတ်တယ်။ အယောက်၅၀၀လုံးအဲ့ဒီမှာနေတယ်။

    MMSY: စစ်တွေကအင်တာနက်ဆိုင်နာမည်တွေသိလားမသိဘူး၊

    Person A: ကျွန်တော်အတိအကျမသိဘူး၊

    Person C: အရင်တုန်းကသူတို့ဆိုရင်ဗျာ ရခိုင်လားရိုဟင်ဂျာလားဆိုတာခွဲလို့မရဘူး၊ရုပ်တွေဘာတွေကအစ။ တကယ့်တကယ်ဖြစ်လာတော့ သူတို့သက်သက် ကိုယ်သက်သက်ပဲ။

    MMSY: ဘင်ဂလားဒေ့ရှ်ဘက်ကနေဝင်လာပြီးရင် ရိုဟင်ဂျာ information ယူတဲ့လူမရှိဘူးလား။

    Person C: ဘယ်ရမလဲ၊ဘယ်ဝင်လို့ရမလဲ။

    Person B: နယ်စပ်ကအခုပိတ်ထားတယ်လို့ပြောတယ်။

    Person C: နယ်စပ်ကဝင်ရင်လဲ ၄မိုင်အထိ မောင်းတောတခွင်ပဲသွားလို့ရမယ်။ မောင်းတောတောင်မြို့ပေါ်ပဲနော်။ ရွာထဲသွားလို့မရဘူး။ မြို့ပေါ်မှာပဲနေရမယ်။သုံးရက်မဟုတ်ရင် တပတ်လားပဲ pass ပေးတာ။ ဝင်သွားတာနဲ့ဂိတ်ကနေထောက်လှမ်းရေးလိုက်မှာ။ ဘယ်အိမ်သွားလဲ၊ ဘယ်သူနဲ့စကားပြောလဲ အကုန်လုံး record လုပ်ထားပြီးသားပဲ၊ ဒါကျွန်တော်ကကိုယ်တွေ.ကြုံတာ။

    ဒီတက်ပ်နက်ပ်ကနေမောင်းတောဆိပ်ကမ်းကိုရောက်တယ်မဟုတ်လား၊ ဆိပ်ကမ်းက စက်လှေကနေ immigration pass ဖြစ်တာနဲ့ အဲဒီနောက်ကထောက် လှမ်းရေးကလိုက်ပြီးသားဆိုတော့ အဲဒီလူကစီးပွါးရေးအတွက်ပဲသွားသွား၊ ဘာအတွက်ပဲသွားသွား အဲဒီလူနောက်ကနေ လိုက်နေတယ်၊ ဆိုတော့ဝင်ပြီးတော့ အထဲမှာလှုပ်ရှားဖို့မဖြစ်နိုင်ဘူး၊ ပြီးတော့အိမ်တွေမှာနေလို့မရဘူး၊ အိမ်မှာတည်းလို့မရဘူး၊တည်းခိုခန်းက၂ခုပဲရှိတယ်၊ ယူနိုက်တက်နဲ့နောက်တခုက — ဘာလဲမေ့သွားပြီ။ ယူနိုက်တက်ကမီးရှို့လိုက်ပြီလားမသိဘူး။ အဲဒီတည်းခိုခန်းနှစ်ခုမှာပဲတည်းလို့ရတယ်။

    ပြီးတော့လူတွေက ကာဖျူးထုတ်ထားတဲ့အချိန်၊ ဒီလောက်ပြသနာတက်ထားတဲ့အချိန်ဘယ်သူကထွက်ပြီးတော့လုပ်မလဲ။

    MMSY  မေးကြည့်သေးလား၊ဘာဖြစ်လို့ဓာတ်ပုံတွေမတွေရလဲဆိုတာ။ အထဲကလူတွေကို ဓာတ်ပုံတွေပို့ပေးလို့မရဘူးလားလို့မေးကြည့်သေးလား။

    Person C: သူတို့ကသူတို့ကိုသူတို့ကာကွယ်နေရတဲ့အချိန်ဗျာ၊ ကိုယ်လွတ်ရုံးနေရတဲ့အချိန်မှာ ဒီလိုဟာတွေလုပ်ဖို့မရဘူး။ ဖုန်းဆက်ရင်ငိုသံက လွဲလို့ကျန်တဲ့အ သံကမလာဘူး၊ ဒါတောင်စိတ်ခိုင်တဲ့သူက ကျွန်တော့တို့ အမျိုးမှာဘယ်သူသေသွားလဲဘာညာပြောပြလို့၊ ပြောတာတောင် ငါတို့ပြောလို့ရပါ့မလားဆိုတာ အရင်မေးသေးတယ်။ ကြောက်နေကြတယ်။

    MMSYး  အပြင်ထွက်လို့မရဘူးဆိုတော့ တခြားဈေးဝယ်တာတို့ဘာတို့ကြတော့ဘယ်လိုလုပ်လဲ။ စားစရာသောက်စရာတွေက။

    Person C:  မရှိဘူး၊ဘာမှမရှိဘူး။ ကျွန်တော်ပြောပြမယ် ကျွန်တော့အမျိုးတွေဆိုလို့ရှိရင် ရခိုင်တွေနဲ့အပေါင်းအသင်းကောင်းကောင်းမွန်မွန်ရှိတယ်။အခုအချိန်မှာ ဆိုက်ကားသမားတယောက်ကို ဒါလေးဝယ်ပေးပါဆိုပြီး အကူအညီတောင်းတာတောင်အဲဒီဆိုက်ကားသမားကို RNDP ကမှာထားတယ် မွတ်စလင်ဆို ရင်လုံးဝမကူညီရဘူး။ ဆိုက်ကားသမားအသိနဲ့တောင် အစားအသောက်ဝယ်လို့မရဘူး။ အစားအသောက်ရတာက ရန်ကုန်ကနေစစ်တပ်နဲ့ လိုင်းရိုက်ပြီးပို့တဲ့ အစားအသောက်ပဲရတာ။

    MMSY  အိမ်ထဲမှာနေရင်လာပို့တယ်အဲလိုလား။

    Person A: သူတို့ကိုပိုက်ဆံပေးရတယ်၊ ပိုက်ဆံ ၂ ဆ အပိုပေးရတယ် အဲ့ဒီလိုပေါ့

    MMSY ကိုယ်ကိုတိုင်အပြင်ထွက်လို့မရဘူးပေါ့။

    Person A: မရဘူး၊မရဘူး။

    Person C: ခလေးထွက်တယ်၊ ခလေးကိုမလုပ်ဘူးဆိုပြီးတော့၊ ဒါပေမဲ့ ခလေးကိုသတ်ပစ်လိုက်တယ်လေ။

    Person A: ခလေးတယောက်ကိုသတ်ပစ်လိုက်တယ်၊ ပြီးခဲ့တဲ့စနေနေ့ကပေါ့။

    MMSY ဘယ်အရွယ်လဲ။

    Person C: ၁၂ နှစ်။

    MMSYး  ထမင်းထုတ်ကပိုက်ဆံဘယ်လိုပေးရတာလဲ။

    Person A: လူအများကြီးစုပြီးအသားတွေ၊ ငါးတွေဘာတွေမှာလိုက်တယ်။မှာတဲ့လူကို ၃၊ ၄ထောင်ပေးရတာပေါ့။

    MMSYး အဲဒီသွားပေးခ၊ လာပေးခ။

    Person B: ဟုတ်တယ်။ အဖမ်းခံရတဲ့လူဆိုရင် ၅ ထောင်ပေးမှ ထမင်းထုတ်ပေးသွင်းတယ်။

     

    <End>

  • နိုင်ငံတကာသတင်း ဌာနများမှ သိရတဲ့ နောက်ဆုံးရ ရခိုင်ပြည်အခြေအနေ

    နိုင်ငံတကာသတင်း ဌာနများမှ သိရတဲ့ နောက်ဆုံးရ ရခိုင်ပြည်အခြေအနေ

    Monday, 02 July 2012

    Source:http://www.asiasentinel.com/

    မီးရှို့မှု့ကြောင့် ပျက်စီးသွားသောအိမ်များ

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်များကို ရခိုင်နဲ့ မြန်မာအာဏာပိုင်တွေက မြေယာများသိမ်းပိုက်ခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနဲ့ ကလေးသူငယ်များအား ရိုက်နှက်နှိပ်စက်ခြင်း၊ အမျိုးသားများအား ဖမ်းဆီးခြင်းထောင်ချခြင်း အစရှိသည်များကို အပြင်းအထန် ရက်ရက်စက်စက် ပြုလုပ်နေတယ်လို့ Asia Sentinel က သတင်းရရှိပေးပို့ထားပါတယ်။’ကုလသမဂ္ဂရဲ့ ကြားဝင်ကြိုးပမ်းမှုဟာ အရာရောက်ခြင်းမရှိဘူး’ လို့ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် National Democratic Party for Human Rights က ပြောပါတယ်။

    မွတ်စလင်ဒုက္ခသည်များရှိရာကို ကူညီထောက်ပံ့မှုများပေးဖို့ အာဏာပိုင်တွေက သွားခွင့်မပြုတာကြောင့် အလွန်ခက်ခဲ ဒုက္ခရောက်လျက်ရှိပြီး စံဂဒေါင်းရွာမှာ အစာ ငတ်ပြတ်ခြင်းကြောင့် သေဆုံးသူ ၄-ဦးထက် မနည်းရှိပါပြီ။

    မကြာမီက မိုးပြင်းထန်စွာရွာသွန်:မှုနဲ့ ရေကြီးခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားခဲ့ရပြီး ကုလားတန်မြစ် တလျောက် မြစ်ရေလျှံမှုကြောင့် သောကြာနေ့မှာ အိုးအိမ်မဲ့  မွတ်စလင်ရွာသား ၂-ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

    ပြည်ပရောက်အဖွဲ့များ ပြောကြားချက်အရ သောကြာနေ့မှာ အရွယ်မရောက်သေးတဲ့ ရိုဟင်ဂျာမွတ်စလင် ၁၇၂-ဦးကို စစ်တပ်က သူ့တို့စခန်းမှာ ဖမ်းဆီးထားပြီး သူ့တို့ဟာ ရခိုင်များရဲ့ နှိပ်စက်တာခံထားရပြီး တစ်ဦးဟာ အသတ်ခံရပြီး သူ့နေရပ်မှာပဲ မြှုပ်နှံသဂြိုလ်ခဲ့ရပါတယ်။ ၄င်းတို့ထဲ က အယောက်-၃၀ ကို တခြားခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ။ နေ့လည်ပိုင်းမှာ ရခိုင်များက အမ်ဘာလာရပ်ကွက်မှ ရိုဟင်ဂျာ မွတ်စလင်အကြီးအကဲတစ်ဦးရဲ့ အိမ်ကိုတိုက်ခိုက်ပြီး ငွေနဲ့အခြားပစ္စည်းများ လုယက်ယူဆောင်သွားကြတာကို ရဲများနဲ့ စစ်သားများက ဒီအတိုင်းကြည့်နေတယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာ NGO အဖွဲ့များမှာ တာဝန်ထမ်းဆောင်နေတဲ့ မွတ်စလင် ၆-ဦး အဖမ်းခံထားရပြီး ကမ္ဘာ့ ကျန်းမားရေးဗဟိုအဖွဲ့အစည်း (World Health Organization) နဲ့ နယ်စီးမခြား ဆရာဝန်များအဖွဲ့ (Medicins Sans Frontiers) နယ်သာလန်အဖွဲ့ခွဲ (Artsen Zonder Grenzen) မှ ဝန်ထမ်းများ ပါဝင်နေကြောင်း သတင်းရရှိပါတယ်။

    သောကြာနေ့က ရခိုင်လူမျိုးများက နှစ်ပေါင်း-၇၀၀ ကျော်သက်တမ်းရှိ ‘မြို့မဂျာမေဗလီကြီး’ အား တိုက်ခိုက်ဖျက်စီးခဲ့ကြပြီး စစ်တပ် ရောက်လာသော်လည်း နံရံများနဲ့ ဝရံတာများ ပျက်စီးသွားပါတယ်။ ကျောက်တော်မြို့မှာ ဈေးဝယ်ထွက်လာတဲ့ မွတ်စလင်အချို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (United Nations World Food Program)က ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန်နဲ့ အသုံးအဆောင် တန်ပေါင်း ၇၂၅-တန်ကို စစ်တွေ၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့များရှိ ဒုက္ခသည် ၉၂၀၀၀-ကျော်ထံ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ သို့သော် ဒုက္ခသည်များထံက သတင်းရရှိရာမှာ အာဏာပိုင်တွေက ရခိုင်လူမျိုးများကိုသာ ထောက်ပံ့ပေးပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ မွတ်စလင်များကို ဘာမှမပေးဘူးလို့ သိရပါတယ်။

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    http://www.asiasentinel.com (Burma Terrorizes the Rohingya) မှ ကောက်နှုတ်တင်ပြသည်။