News @ M-Media

Blog

  • တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    ရေးသားပြုစုသူ – အငြိမ်းစား ပါမောက္ခ ဒေါက်တာအောင်ဇော်

    ဒီစာအုပ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေကတော့ ….

    ၁။ သွေးသောက်ကြီးဇေယျာရန်ကင်း ဦးတုံးဖြူ
    ၂။ ကင်းတားကုလားပျို ဗိုလ်ပို
    ၃။ မြန်မာ့ဘာဏုရာဇာမောင်လာနာ
    ၄။ ၀ိပဿနာကျမ်းပြုဆရာရှိုက်အစ္စမာအိလ်
    ၅။ အလင်္ကာကျော်စွာ ဘိလပ်ပြန်ဆရာညိန်း
    ၆။ ဘာသာပြန်ဝတ္ထုဆရာ အမူကြင်
    ၇။ မြန်မာစာညွန့်ပေါင်းကျမ်းအဖွဲ့ဝင် ဦးလှဒင်
    ၈။ လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့် ပုဂ်္ဂိုလ်ဟာဂျီဦးဘအို
    ၉။ ပဉ္စရူပံ ဦးခ
    ၁၀။ မြိုင်ဆိပ်က မအန၀ီ
    ၁၁။ နိုင်ငံကျော်ဓမ္မကထိက ၀ဏ္ဏကျော်ထင်ဟာဖိဇ်ဟစံရှား
    ၁၂။ ပါဠိပါမောက္ခကြီး အဟ်မဒ်ကာစင်
    ၁၃။ ကာတွန်းဝိဇ္ဇာ ၊ ဒါရိုက်တာ သရုပ်ဆောင်ဦးဘကလေး
    ၁၄။ ပါမောက္ခချုပ်ဆရာကြီး ဦးကာ
    ၁၅။ မွဖ်သီဟာဂျီအဗ်္ဗဒွလ်စွတ်ဗဟန်
    ၁၆။ သီချင်းကြီးအဆိုကျော် ဦးအလီ (ဒဂုန်မောင်ကြီး)
    ၁၇။ အိုလမာအဖွဲ့ ကနဦးဘာသာပြန်ဆရာ မော်လာနာ ရဟ်မသွလ်လာ
    ၁၈။ သီရိပျံချီဦးဘစိန် M.Sc, B.C.S
    ၁၉။ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်B.A (NAT)
    ၂၀။ ဓမ္မကထိကဆရာသိန့်
    ၂၁။ သုတေသီအမတ်မင်းဦးဘိုးခိုင်
    ၂၂။ ကဗျာစာဆို ဦးပု (ဖြူး)
    ၂၃။ စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု
    ၂၄။ မိုးကျဗလီရှေ့ဆောင် မုဖ်သီမုဟမ္မဒ်စွလေဟ်အမီနီ
    ၂၅။ ဦးဘရှီးအောင်ကျော်
    ၂၆။ သီရိပျံချီ ဦးဘသောင်းB.Sc
    ၂၇။ အန်ဆွာရီဖခင်ကြီးဆရာကြီး ဦးအဟ်မဒ်
    ၂၈။ ဂိုဏ်းချုပ်ဆရာကြီး ဆာလေကိုတ၀လ် B.Sc
    ၂၉။ တော်ဝင်စာပေအဖွဲ့ဝင် ဦးဘသော်
    ၃၀။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး
    ၃၁။ စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း
    ၃၂။ ဆရာကြီး အဲမ်အီဘရာဟင်
    ၃၃။ မဟာသရေစည်သူဦးဖေခင်
    ၃၄။ မောင်လာနာM.A. ဂနီ
    ၃၅။ တောင်တွင်းကြီး ဟာဂျီ
    ၃၆။ နိုင်ငံဂုဏ်ရည်ပထမဆင့်ဆရာချယ်
    ၃၇။ တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင် B.A (Hons) M.R.A.S, M.R.N.S
    ၃၈။ ကမ္ဘာ့အလင်းဆရာနူးရ်
    ၃၉။ စီအေ ဦးဗလွင်
    ၄၀။ ဆရာကြီး ဦးဃနီ (ဓူဝံ)
    ၄၁။ ဆရာဦးကို M.A (မန္တလေးတက္ကသိုလ်)
    ၄၂။ ပီကင်းပြန် ခြင်းဦးဘသိန်း
    ၄၃။ အိုလမာအဖွဲ့ချူပ် ဥက္ကဌကြီး အိဗ်ရာဟင်မ် အဟ်မဒ် မဇွာဟေရီ
    ၄၄။ သီရိပျံချီဆရာဃာဇီ မုဟမ္မဒ်ဟာရှင်
    ၄၅။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဗိုလ်မှူးကြီးတင်စိုး
    ၄၆။ မောင်လာနာ ကာရီ မက္ကဆူဒ်အဟ်မဒ်ခန်း ဦးခင်မောင်ကြီး
    ၄၇။ ဓာတုဗေဒပါမောက္ခ ဆရာ ဦးအောင်ခင်
    ၄၈။ ပါလီမန်အမတ် ဒေါ်အေးညွှန့်
    ၄၉။ ဘာသာပြန်မှူး မော်လ၀ီ နူးရ်မုဟမ္မဒ်ဦးခင်ရွှေ
    ၅၀။ မောင်လာနာ ဖရီဒွတ်ဇမာန်းဦးသိန်းမောင်
    ၅၁။ သုတေသီ စာဆို ဇာလီရှင်
    ၅၂။ စာရေးဆရာ သမိုင်းသုတေသီ ပသီဦးကိုကိုလေး

     

    PDF Download လုပ်ရန်  Click Here
    Myanmar Muslim Vol-2 by Dr-Aung Zaw

  • The lentil storehouses, owned by Burmese Muslims, had been set fire

    June 19, 2012

    On yesterday, 12.30am, the lentil storehouses had been set fire in Ta Zaung Yoe village which is located in between two well-known towns, Yekyi and Athote, in Ayeyarwaddy division. Arson was allegedly started by four stranger Buddhist monks and which completely destroyed a storehouse and a motorbike possessed by a Muslim business man, U Hanif.

    Fire crews from Yekyi and Athote fought the arson successfully within an hour with the help of surrounding residences.

    Storehouse guard had tried to persuade the perpetrators. “Those four monks are not from my town. They are new faces as I know almost all the monks from surrounding area. After they’d set up fire, left on a truck. I couldn’t have a scene to its license plate because of darkness”, he told to myanmarmuslim.net on phone.

    There have been reported about the state governor who personally came and inspected the situation on today’s morning.

    According to the residences, it is noted that there have been Buddhists and ruly Muslims stay together peacefully for a long time in the area of Nga Thahine Gyaung, Yekyi and Athote.

    This is the second incident happened against the Burmese Muslims after the unrest in Rakhine state.

    Translate News from http://myanmarmuslim.net/news.php?item.705.22

  • အသုတ်မြို့အနီး တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ပဲဂိုဒေါင် မီးရှို့ခံရ

    အသုတ်မြို့အနီး တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ပဲဂိုဒေါင် မီးရှို့ခံရ

    သတင်း – Myanmar Muslim Net မှ ကူးယူဖော်ပြပါသည်။

     

    အသုတ်မြို့ရှိ အစ္စလာမ်ဘာသာဝင်တို့ ဆုတောင်း ဝတ်ပြုရာ ဗလီဝတ်ကျောင်းတော် တခု
    Photo-http://bumisepi.com

    ယနေ့ မနက် (၁၉ရက် ဇွန်) ည သန်းခေါင်ကျော် ၁၂း၃၀ နာရီခန့်တွင် ဧရာဝတီတိုင်းကြီး ဒေသ၊ ရေကြည်မြို့နှင့် အသုတ်မြို့ကြား၊ တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ပဲဂိုဒေါင်များကို မျက်နှာစိမ်း ဘုန်းကြီး (၄) ပါးမှ လာရောက်မီးရှို့ခဲ့ကြောင်းသိရှိရသည်။ အဆိုပါမီးရှို့လောင်မှုကြောင့် တဇောင်းရိုးကျေးရွာနေ အစ္စလာမ်ဘာသာဝင် ဟာနစ်ဘိုင် ပိုင်ဆိုင်သော ပဲဂိုဒေါင် တစ်လုံး၊ မော်တော်ဆိုင်ကယ် (၁)စီးမှာ လုံးဝပြာကျ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

    အခင်းဖြစ်ပွားရာသို့ ရေကြည်မြို့နှင့် အသုတ်မြို့မှ မီးသတ်ကားများ ဒေသခံပြည်သူများ ဝိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး (၁) နာရီခန့််အကြာ မီးငြိမ်းသွားကြောင်း သိရှိရသည်။ ဂိုဒေါင်စောင့်သည့် ဝန်ထမ်းမှ မီးရှို့ဖျက်ဆီး သူများကို မည်သို့မှတောင်းပန် တားဆီး၍မရကြောင်း သိရှိရပါသည်။  ဂိုဒေါင်စောင့်ကြပ်သည့် ဝန်ထမ်း၏ ပြောကြားချက်အရ အဆိုပါ ဘုန်းကြီး(၄) ပါးမှာ ၄င်းတို့ မြို့မှ မဟုတ်ကြောင်း၊ ၄င်းတို့အနေဖြင့် အနီးအနားမြို့များမှ ဘုန်းတော်ကြီးများအားလုံးကို သိကြောင်း၊ ယခုမီးလာရှို့သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း၊၊ မီးရှို့ ပြီးသည်နှင့် ထရပ်ကားတစ်စီးဖြင့် ထွက်ပြေးသွားကြောင်း၊ ညအမှောင်ဖြစ်သောကြောင့် ကားနံပါတ်ကို သေချာစွာ မမြင်ရကြောင်း myanmarmuslim.net သို့ ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

    အခင်းဖြစ်ပွားရသို့ ယနေ့မနက် (၁၉ ရက် ဇွန်)တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းမှူးကိုယ်တိုင်လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါဒေသ ဧရီယာ ငသိုင်းချောင်း၊ ရေကြည် ၊ အသုတ် ဒေသများမှ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များမှာ ရှေးယခင်ကတည်းက ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး မည်သည့် ပြဿနာမှ မရှိခဲ့ကြကြောင်းသိရပါသည်။

  • ယူကေနာမည်ကြီး သတင်းစာ ဂါးဒီးယန်းမှာ ဇာဂနာ၊ ရခိုင်ပြည်နယ်ကိစ္စပြောပြီ

    ယူကေနာမည်ကြီး သတင်းစာ ဂါးဒီးယန်းမှာ ဇာဂနာ၊ ရခိုင်ပြည်နယ်ကိစ္စပြောပြီ

    ဇွန်လ ၁၇ ရက် ၊ ၂၀၁၂

    Source: guardian.co.uk

    မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ်ခု

    ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်နိုင်ငံသွားရောက်ခွင့်ရရှိတဲ့အခါမှာတော့ လူမျိုးရေးအဓိကရုဏ်းတွေက ဒီမိုကရေစီအပြောင်းအလဲကို ထိခိုက်ဖို့ ခြိမ်းခြောက်နေပါတယ်။

    ကျွန်တော်က လူရွှင်တော်၊ ကဗျာဆရာ၊ ဒါရိုက်တာနဲ့ အော်လံ စသဖြင့် ကျင်လည်လာတော့ မြန်မာပြည်က ဆင်ဆာများနဲ့ ခဏခဏညိစွန်းရတာပါပဲ။ ကျွန်တော်က ၄ ကြိမ်တိုင်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသူပါ။ တစ်ခါတစ်လေတော့ ဒေါသကိုဆွပေးသလို လုပ်မိတာကြောင့်လည်း ပါတာပေါ့။ တစ်ခုကတော့ ကျွန်တော့်ဇာတ်ကားတိုင်းမှာ ကျွန်တော်က ပြန်ပေးဆွဲတဲ့ အခန်းကလေးများ ပါအောင်ကြိုးစားဖို့ ဇွတ်တောင်းဆိုပါတယ်။ အဲဒီအခန်းကလေးများရဲ့ တနေရာရောက်ရင်တော့ လူကောင်းသူကောင်းလေးများက “ငါတို့ ဒီအမျိုးသမီးကို လွှတ်ပေးရမယ်” ဆိုပြီး ထအော်တာမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေ ရစဉ်က ဒီလို အကာအကွယ်သေးသေးလေး တစ်ခုကိုယူပြီး ဆန့်ကျင်ဆန္ဒဖော်ထုတ်တာဟာ ရုပ်ရှင်လုပ်ငန်း နယ်ပယ်မှာ ခေတ်စားလာပါတယ်။ နောက်ပိုင်းတော့ ဒါမျိုးလေးတွေက မဖြစ်မနေထည့်ရမယ့် အခန်းလေး များဖြစ်လာပါတော့တယ်။

    ကျွန်တော်နောက်ဆုံးကျခံခဲ့ရတဲ့ ပြစ်ဒဏ်က (ထောင်ဒဏ်) ၃၅ နှစ်ပါ။ ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းတိုက်တော့ အစိုးရရဲ့ စိတ်ပျက်ဖွယ်ကောင်းလွန်းတဲ့ (မုန်တိုင်းအတွက်) ဆောင်ရွက်ချက်ကို ဝေဖန်မိလို့ပါ။ ပြီးခဲ့တဲ့ မုတ်သုန်ကာလမှာတော့ လွတ်ငြိမ်း ချမ်းသာခွင့်ကြီးကြောင့် ကျွန်တော်လွတ်လာပါတယ်။ ကျွန်တော်က အင်တာနက်ကလေး သုံးမိလို့လည်း ထောင်နန်းစံရဖူးပါတယ်။ စိတ်ဝင်စားစရာကောင်းတာက နည်းပညာကို နည်းနည်းကလေးလောက်ပဲသိတဲ့ စုံစမ်းစစ်ဆေးကြသူတွေက ဒီလို (အင်တာနက်နဲ့)အဆက် အသွယ် လုပ်တာတွေကို ထိန်း ချုပ်ခဲ့ကြတာပါ။ ရဲတွေက လူရွှင်တော်တစ်ယောက်ကို ပျက်လုံးထုတ်ပြမယ် လို့တော့ ကျွန်တော်မထင်။ ဒါပေမယ့်ဗျာ၊ အဲဒီရဲတွေက ကျွန်တော်ကွန်ပျူတာဖန်သားပြင်ကို သိမ်းသွားပြီး Hard Disk ကိုကျ မသိမ်းဘဲထားခဲ့တယ်။ လွတ်လပ်စွာဖြော်ပပိုင်ခွင့်ကို အချိန်တော်တော်ကြာကြာ ပြင်းပြင်းထန်ထန် ထိန်းချုပ်ခဲ့တာပါ။ ကမ္ဘာသစ်မှာတော့ မြန်မာက လုံးဝကို ပြောင်းလဲနေပါပြီ။ အဲဒီလိုပြောင်းလဲလာတာနဲ့အမျှ စိန်ခေါ်မှုအသစ်တွေကိုလည်း တွေ့နေရပါပြီ။

    ဒီတပတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၄ နှစ်အတွင်း ဗြိတိန်ကို ပထမဆုံးအကြိမ် အလည်လာပါလိမ့်မယ်။ ကျွန်တော့်လိုပါပဲ၊ သူလည်း လွတ်လွတ်လပ်လပ် ခရီးသွားလို့ ရနေပါပြီ။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ တကယ့်အပြောင်းအလဲကြီးပါ။ ပြီးတော့ ဒါကမြန်မာရဲ့အပြောင်းအလဲတွေကို မီးမောင်းထိုးပြသလို ဒီမြောက်မြားစွာသော အပြောင်းအလဲတွေကိုလည်း ကြိုဆိုကြဖို့ဖြစ်ပါတယ်။ သူမနဲ့ ကျွန်တော်ကတော့ အိမ်မှာရှိနေတဲ့ ပြစ်ထားတဲ့အိုးတစ်လုံး ပွက်ပွက်ဆူနေပြီဆိုတာ သိနေကြပါတယ်။ ဒါကပဲ ဒီမိုကရေစီအပြောင်းအလဲမှာ အထိအခိုက်ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

    ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းကြီး ပေါက်ကွဲထွက်လာပါတယ်။ အဲဒီနေရာမှာ အာရကန်လို့သိကြတဲ့ ဗုဒ္ဓဘာသာရခိုင်တွေရော၊ လူနည်းစုမွတ်စလင်မ်ရိုဟင်ဂျာတွေပါ နေထိုင်ပါတယ်။ အဲဒီနေရာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအရင်ကတည်းက လူမျိုးရေး တင်းမာမှုတွေနဲ့ ဆူပူမှုတွေ အတွင်းပိုင်းလှိုက်ပြီး ရှိနေခဲ့တဲ့သမိုင်းတစ်ခု ရှိပါတယ်။ ကျွန်တော်လန်ဒန်ရောက်ပြီး များမကြာမှာတော့ နောက်ဆုံးအခန်းက အသုံးတော်ခံတော့တာပါပဲ။ ရခိုင်ဆယ်ကျော်သက် ကလေးမတစ်ယောက်ကို အုပ်စုလိုက် မုဒိန်းကျင့် (သတ်ဖြတ်) တယ်လို့ အမှုတွဲတက်လာတာကို လက်တုန့်ပြန်တဲ့အနေနဲ့ ရိုဟင်ဂျာ ၁၀ ဦးကို လူအုပ်စုကြီးက ရိုက်သတ်ပြစ် လိုက်တယ်။ အဲဒီသတင်းကို ဖတ်ရတော့ ကျွန်တော် ရွံရှာတုန်လှုပ်မိပါတယ်။

    အခုကျွန်တော်တို့ သံသရာလည်နေတဲ့ ဆူပူသောင်းကျန်းမှုတွေ၊ လက်တုန့်ပြန်မှုတွေကို မြင်နေရပြီ။ အိမ်တွေ ဆိုင်တွေ မီးလောင်ပြာကျတယ်၊ ရာပေါင်းများစွာက အများပြည်သူကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်တွေ ဖြစ်နေပြီ။ ပြည်နယ်တွင်းအရေးပေါ်အခြေအနေကိုလည်း ရခိုင်မှာ ကြေငြာထားခဲ့ပါတယ်။ လူအုပ်စုခွဲပြစ်ဖို့ ပစ်ခတ်ခဲ့ရတဲ့ သတင်းတွေနဲ့ ကာဖျူးမိန့်ထုတ်ပြန်ခဲ့ရ တဲ့သတင်းတွေလည်း ရှိခဲ့ပါတယ်။

    ဒီနယ်ပယ်ရဲ့ အခြေအနေက ရှုပ်ထွေးသလို ကိုလိုနီခေတ်သမိုင်းကို ပြန်ပြီးသွားရပါလိမ့်မယ်။ အဲဒီနေရာမှာပဲ ရိုဟင်ဂျာတွေကို ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ဆယ်စုနှစ်များစွာရှိနေခဲ့တာပါ။ နယ်ခြားစည်းစောင့် အရာရှိများရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုတွေကလည်း အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့တာပါ။ ဒီအရာရှိတွေက တရားမ၀င် ခိုးဝင်လာသူတွေကို ခွင့်ပြုပြီး လူမျိုးရေးတင်မာမှုကို ထပ်ပေါင်းအားဖြည့်ပေးနေခဲ့တာပါ။

    အခြေအနေတစ်ခုလုံးကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများအတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုတာကို ညွှန်ပြမယ့် စမ်းသပ်မှုတစ်ခုပါပဲ။ ဒီစမ်းသပ်မှုမှာ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့် တိုးတက်လာတာကလည်း အစမ်းသပ်ခံစာရင်းထဲ ပါဝင်ပါတယ်။ ကျွန်တော် နိုင်ငံအပြင်ဘက်ကရော၊ အတွင်းဘက်မှာပါ ရှိနေတဲ့ မြန်မာပြည်သူပြည်သားများရဲ့ ဆိုရှယ်မီဒီယာတွေပေါ် မှာ သုံးနှုန်းပြောဆိုနေတဲ့ စကားလုံးတွေကို ဖတ်မိပါတယ်။ အဲဒီအခါကျွန်တော်ဘာသွားပြီး ခံစားရသလဲဆိုတော့ မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရဲ့အမြင်ကို လွတ်လပ်စွာရေးသားဖော်ပြနေတဲ့နေရာမှာ လူမျိုးရေးမုန်းတီးမှုကို တွန်းတင်ပေးနေပါလားဆိုတာပါ။

    ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေရင် အဖမ်းခံရတဲ့ အလေ့အထရှိခဲ့ပါတယ်။ ကံကောင်းတာက ဒီအလေ့အထ ပျောက်ကွယ်သွားပါပြီ။ ဒီကြေငြာစာတမ်းက လူသားအားလုံးသည် ဂုဏ်သိက္ခာပိုင်းရော အခွင့်အရေးပိုင်းမှာပါ ညီညီမျှမျှနဲ့ လွတ်လပ်တူညီစွာမွေးဖွားလာတာပါလို့ ပြောထားပါတယ်။ ဒီတော့ မြန်မာပြည်အစိုးရအနေနဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးတွေဘယ်လောက်ပဲ မတူညီ ကွဲနေပါစေ၊ သူရဲ့ဝတ္တရားဖြစ်တဲ့ မြန်မာပြည်တွင်း နေထိုင်သူအားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရေး ကျင့်သုံးလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူတွေ၊ ဆူပူသောင်းကျန်းခဲ့သူတွေနဲ့ ဖျက်လို့ ဖျက်ဆီးလုပ်ခဲ့ကြသူ အားလုံးကို တရားဥပဒေအတိုင်း အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ်။ အစိုးရက တရားဥပဒေစိုးမိုးရေးကို အသက်ပြန်သွင်းရမယ်၊ ကိုယ်ကျင့်တရားခြစားမှုတွေ၊ လူဝင်မှုကြီးကြပ်ရေးဘက်က အလွဲသုံးမှုတွေကိုလည်း အဆုံးသတ်ရမယ်။ ဒါပေမယ့် အရင်တုန်းကလိုမျိုးတော့ လူအခွင့်အရေးအပေါ် ခြေလှမ်း လှမ်းတဲ့ပုံစံမျိုး မဟုတ်ပါ။ ဒါ့အပြင် မြန်မာတွေက လွတ်လပ်စွာရေးသားဖော်ပြပိုင်ခွင့်ကို ငြိမ်းချမ်းရေးမြှင့်တင်ဖို့အတွက် အသုံးချရမယ်၊ ပြဿနာအတွက် အသုံးမချရပါ။

     

    (News@MMSY မှ ဖြည့်စွက်ပြင်ဆင်ချက် ။  ။ ဖော်ပြပါဆောင်းပါးတွင်ပါရှိသော လူအုပ်ဖြင့် အကြမ်းဖက်ရိုက်နှက်မှု့ကြောင့် သေဆုံးသွားသူ(၁၀) ယောက်မှာ ရိုဟင်ဂျာမဟုတ်ပါ။ ပြည်မမှ သံတွဲသို့ နယ်လှည့် တရားစခန်းသွားရောက်သူ မြန်မာမွတ်စလင်မ်များဖြစ်ကြောင်း။)

  • ကျောက်တော်က ဖမ်းထားသူများ စစ်တွေကိုပို့

    ကျောက်တော်က ဖမ်းထားသူများ စစ်တွေကိုပို့

    Source-RFA

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကို မနေ့ညက ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

    ပဋိပက္ခမှုများဖြစ်ပေါ်နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စစ်တွေမြို့တွင်း ကင်းလှည့် စောင့်ကြပ်နေစဉ်။ Photo-RFA

    မနေ့ ညက ရောက်လာတာလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်တွေထာင်ကို ပို့လိုက်သူ ၉ ဦးရှိတယ်လို့ သိရပါတယ်။

    “ရခိုင် ၉ ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင်ပေါ့။ ဒီမီးရှို့မှုနဲ့ပေါ့၊ ဒီကုလား ရခိုင်အဓိကရုဏ်းမှာပါတဲ့ အဲဒီလူတွေကို မနေ့ကည ၉ နာရီမှာ စစ်တွေကိုပို့လို့ ထောင်အချုပ်ထဲမှာ ရှိနေပါတယ်။ ပုဒ်မတပ်ပြီးတော့ တရားစွဲမယ်လေ။ အဲဒီလိုပြောသံကြားတယ်”

    ကျောက်တော်မြို့က ၆ မိုင်လောက်အကွာမှာရှိတဲ့ သံခါးတောင်ရွာ မီးရှို့မှုနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ဒေသခံတစ်ထောင်လောက်က ကျောက်တော်မြို့လည် ပန်းခြံမှာ မနေ့ကဆန္ဒပြခဲ့ပါတယ်။

    ဆန္ဒပြပွဲကို တပ်ရင်းတစ်ရင်း ရောက်လာပြီး ခြိမ်းခြောက်တဲ့အခါ လူ ၅၀၀ လောက် ကျန်ရစ်ခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ ဖြေရှင်းမယ်လို့ ဆန္ဒပြသူတွေကို ပြောကြားတဲ့အတွက် လူစုကွဲသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

    ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ဇွန် ၁၅ ရက်နေ့ မွန်းတည့်က ဖြစ်ပွားတဲ့ မီးကွင်းပစ်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့တွေနဲ့ အကြမ်းဖက်မှု မလိုလား တဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးမိဖို့ ဆောင်ရွက်နေတယ်လို့ မနေ့ကထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာလည်း ရှိပါတယ်။

    သီးခြားအတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ တောင်ကုတ်-သံတွဲလမ်းဆုံမှာ လူ ၁၀ ဦးသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူကို သံတွဲက Amazing ဟိုတယ်မှာ ဖွင့်လှစ်ထားတဲ့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

    ရခိုင်ပြည်နယ် အဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှာ ရခိုင်တိုင်းရင်းသား ၄၀ လောက် ဖမ်းဆီးထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။