News @ M-Media

Blog

  • ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

    ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

    2012-06-12 (RFA)
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာနက ဖော်ပြပါတယ်။

    Photo courtesy of UN Multimedia.org မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

    ဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာ အရေးပေါ်အခြေအနေ ကြေညာရတဲ့အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတွေနဲ့ အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက် သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေအကြောင်း ဆွေးးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က နယူယောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

  • Crisis in Myanmar Over Buddhist-Muslim Clash (ဘာသာပြန်)

    ဗုဒ္ဓ-မွတ်စလင်မ်ပြဿနာမှာ အခြေခံတဲ့ မြန်မာ့အကျပ်အတည်း

    နယူးယောက်တိုင်းမ်သတင်းစာ
    ဇွန်လ ၁၀ ရက် ၂၀၁၂
    ဆောင်းပါးရှင်၊ သောမတ်ဖူလာ
    source: http://www.nytimes.com/2012/06/11/world/asia/state-of-emergency-declared-in-western-myanmar.html?_r=1

    ဗုဒ္ဓဘာသာကိုးကွယ်သူတွေနဲ့ မွတ်စလင်မ်တို့အကြား ပဋိပက္ခတွေကြောင့် ဒီလအတွင်းမှာတင် လူပေါင်းအနည်းဆုံး ၁၇ ဦးလောက်သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံအနောက်ပိုင်းမှာတည်ရှိတဲ့ (ရခိုင်) ပြည်နယ်ကို အစိုးရက အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။(ဦး)သိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကိုတော့ ဒီဆူပူသောင်းကျန်းမှုတွေက အကျပ်အတည်းတစ်ခုဆီ တွန်းပို့လိုက်ပါတယ်။ ဒီအစိုးရအဖွဲ့ကတော့ စစ်အုပ်ချုပ်ရေးကြောင့် အထီးတည်းဖြစ်ကျန်ရစ်တဲ့ နိုင်ငံတော်ကို ပွင့်လင်းလာစေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိဖို့ ကြိုးစားနေပါတယ်။

    သောကြာနဲ့ စနေနှစ်ရက်အတွင်းမှာတင် ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကြောင့် အိမ်ခြေ ၅၀၀ မီးလောင်ပျက်ဆီးခဲ့ရပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲများနဲ့ စစ်သားများကတော့ ရခိုင်ရွာများမှာ ပြန်လည် တည်ငြိမ်အေးချမ်းလာဖို့ ကြိုးစားနေကြပါတယ်။ အေပီသတင်းဌာနကတော့ တနင်္ဂနွေနေ့မှာ လူလေးဦးဒဏ်ရာရရှိတယ်လို့ ဖော်ပြပါတယ်။

    တနင်္ဂနွေနေ့ ညမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က ရုပ်မြင်သံကြားကနေ အရေးပေါ် အခြေအနေ ကြေငြာခဲ့ပါတယ်။ ဒီလို အရေးပေါ် ဥပဒေက လက်တွေ့မှာတော့ ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ မရှင်းမလင်းနဲ့ ဒွိဟအနေအထားဖြစ်နေဆဲပါ။ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေပေမယ့်လဲ စစ်ဘက်နဲ့ ရဲများကတော့ သတိပြုလောက်ဖွယ် ပါဝါကို ဘားမားသို့မဟုတ် မြန်မာလို့လည်းသိကြတဲ့ နိုင်ငံမှာ သုံးစွဲခဲ့ကြပြီးဖြစ်ပါတယ်။

    ဦးသိန်းစိန်ကတော့ သူ့ရဲ့သမ္မတသက်တမ်းမှာ ဗမာလူများစုနဲ့ အရောင်အသွေးစုံလင်လှတဲ့ တိုင်းရင်းသား လူမျိုးခြားများအကြား အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်လာနေခဲ့တာပါ။

    ဒါပေမယ့်လည်း ဘင်္ဂါလားဒေ့ရှ်နယ်စပ်က ပြဿနာများက ဒီအမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းချက်စည်းပြင်ပ ကို သက်ရောက်သွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် အစိုးရက နိုင်ငံသားများအဖြစ် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ မွတ်စလင်မ်လူမျိုးခြားအုပ်စုက ဒီပြဿနာတွေမှာ ပါဝင်နေလို့ပါပဲ။

    ရိုဟင်ဂျာအရေးမှာ ခေါင်းဆောင်ပိုင်းအနေအထားရှိပြီး ကျွမ်းကျင်လှတဲ့ ခရစ်လီဝါကတော့ ဒီဧရိယာအ၀န်းအ၀ိုင်းမှာ ပြဿနာကြီးထွားလာဖို့ တာဆူနေတာ လပေါင်းများစွာရှိနေပါပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ အရေအတွက် ၈ သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာများအတွက် အဖြေတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။ သူတို့တွေဟာ ထိတ်လန့်ဖွယ်အနေအထားနဲ့ နေထိုင်နေရတာဖြစ်တာကြောင့် ဒုက္ခသည် စခန်းမှာနေ နေကြရသလိုပါပဲ။ အာရှမှာတော့ နေစရာမရှိတဲ့ အုပ်စုအကြီးဆုံးတွေထဲက တစ်အုပ်စုလည်း ဖြစ်နေတာပေါ့။

    မြန်မာနိုင်ငံအတွင်းမှာ ကြောက်ရွံ့စိုးရိမ်မှုတွေရှိနေတာနဲ့နည်းတူ ဘာသာရေးပြဿနာတွေကို အဲဒီစိုးရိမ်ကြောက်ရွံ့မှုတွေက ပိုမိုကြီးထွားပြန့်ကားလာစေပါတယ်။ မကြာသေးမီရက်များကတော့ ဗုဒ္ဓဘာသာဝင်များဘက်ကရော၊ မွတ်စလင်မ်များဘက်ကပါ မြန်မာပြည်ရဲ့ အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်မှာ သေးငယ်လှတဲ့ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ကြပါတယ်။

    တစ်ဘက်မှာတော့ ပုဂ္ဂလခံစားချက်တွေက အတော်ကလေးမြင့်တက်နေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အပတ်စဉ်သတင်းစာထုတ်ဝေတဲ့ ဦးဆောင်မီဒီယာဖြစ်တဲ့ အလဲဗင်းမီဒီယာအုပ်စုကတော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှာ မွတ်စလင်မ်များနဲ့ပတ်သက်တဲ့ မုန်းတီးခက်ထန်လှတဲ့ စာဖတ်သူများထံက မှတ်ချက်တွေကို တသီတသန်းကြီး ဖော်ပြခဲ့ပါတယ်။

    စာဖတ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မောင်ဖိုးဆိုသူက – “အကြမ်းဖက်သမားဟာ အကြမ်းဖက်သမားပဲ၊ သူတို့ကို သတ်ပြစ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    အရင်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ ဦးကိုကိုကြီးက ဘာသာရေးပဋိပက္ခကို ဦးတည်စေမယ့် ရန်ဆောင်မှုများ ပြေလည်စေဖို့ ကြိုးပမ်းရာမှာ ဦးဆောင်ခဲ့ပါတယ်။ သူက ဒီလို စိတ်အားပြင်းပြမှုကို အခြေခံတဲ့ တုန့်ပြန်မှုများကြောင့် ပဋိပက္ခဖြစ်မှာ  စိုးရိမ်ကြောင်း ပြောသွားခဲ့ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အမြော်အမြင်ရှိတဲ့ အဖြေကို ရှာဖွေရမယ်” လို့ ပြောသွားခဲ့ပါတယ်။

    မွတ်စလင်မ်ခေါင်းဆောင်များကတော့ တည်ငြိမ် ငြိမ်းချမ်းစွာနေဖို့ လှုံဆော်ခဲ့ကြပါတယ်။ စနေနေ့မှာတော့ နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အဲလ်ဒီပါတီက ကြေငြာချက်တစ်ခု ထုတ်ပြန်ကာ အစိုးရအား ပကတိတည်ငြိမ်ရေးပြန်လည်လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာရဲ့ လူဦးရေ ၉၀ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ၄ ရာခိုင်နှုန်းခန့်က မွတ်စလင်မ်များဖြစ်ပါတယ်။

    အခုတော့ အစိုးရအနေနဲ့ ပြဿနာအအက်အကွဲတွေကို ယုံကြည်မှုရှိရှိ ကိုင်တွယ်ဖို့ဖြစ်လာပါပြီ။

    အစိုးရနဲ့ အခြားတိုင်းရင်းသားအုပ်စုများအကြား စေ့စပ်ဆွေးနွေးရေးကိစ္စတွေကို ဦးဆောင်ပေးနေတဲ့ ရန်ကုန်က သုတေသနအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးတင်မောင်သန်းကတော့ “ဒီကိစ္စ ပျံ့နှံ့သွားလိမ့်မယ်လို့ မထင်ရပါဘူး။ မြန်မာပြည်က မွတ်စလင်မ်များမှာတော့ ဗုဒ္ဓဘာသာလူများစုများနဲ့ အတူတကွနေထိုင်လာခဲ့တဲ့ အတွေ့အကြုံ အများကြီးရှိနေပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။

    လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ဦးသိန်းစိန်အစိုးရ အနေနဲ့ မြို့တော်တော် များများမှာ ဆန္ဒထုတ်ဖော်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ရန်ကုန်က စက်ရုံများမှလည်း ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။ အစိုးရက ဒီလိုဆန္ဒပြမှုတွေကို လက်ခံထားတယ်ဆိုတာက မြန်မာပြည်အနေနဲ့ စစ်အုပ်ချုပ်ရေးကို နှင်ထုတ်နေတယ်ဆိုတဲ့ အချက်ကို အင်အားဖြည့်တင်းသလိုပါပဲ။ ဒါပေမယ့် ဆန္ဒပြသူများရဲ့ ရှည်လျားမျာပြားတဲ့ စိန်ခေါ်မှုတွေ၊ တောင်းဆိုမှုတွေ အပြောင်းအလဲများလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ ဦးသိန်းစိန် ရင်ဆိုင်နေရပါတယ်။

    လွန်ခဲ့တဲ့လက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်သတ်ဖြတ်မှုကနေ ရခိုင်ပြဿနာ အစပြုခဲ့တာပါလို့ လီဝါက ပြောပါတယ်။ ဒီကနေ ကလဲ့စားချေမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ဇွန် ၃ရက်နေ့ကတော့ မွတ်စလင်မ် ၁၀ ဦးကို ဘတ်စ်ကားပေါ်ကနေ ဆွဲချပြီး သတ်ဖြတ်ပြစ်ခဲ့ကြပါတယ်။ သောကြာနေ့မှာ မွတ်စလင်မ်လူအုပ်စုကြီးက ဗုဒ္ဓဘာသာဝင်များနေထိုင်တဲ့ရွာတွေကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၇ဦး သေဆုံးခဲ့တယ်လို့  မြန်မာမီဒီယာတွေက ဖော်ပြကြပါတယ်။

    ဒီရက်သတ္တပတ်အတွင်းထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ ဒီလိုတိုက်ခိုက်မှုဒဏ်ခံခဲ့ရတဲ့ ရွာများက ရွာသားတွေဟာ ၀ါးချွန်တွေနဲ့ ဓားရှည်တွေကို ကိုင်ထားတာ မြင်တွေ့ရပါတယ်။

    ဒီလို ယေဘုယျအားဖြင့် ဆင်းရဲလှတဲ့ နိုင်ငံမှာတော့ အများစုက ရှေးမျိုးဆက် တော်တော်များများကတည်း နေထိုင်လာကြတဲ့ ရိုဟင်ဂျာတွေမှာတော့ ထိခိုက်လွယ်လွန်းတဲ့ လူနည်းစုပြစ်မှတ်ဖြစ်နေတော့တာပါပဲ။ ကုလသမဂ္ဂရဲ့ ၀န်းထမ်းတစ်ဦးကတော့ chronic crisis (ဖြစ်နေကျ ဆိုးဝါးမှု အလှည့်အပြောင်း) လို့ သမုတ်သွားခဲ့ပါတယ်။

    သူတို့(ရိုဟင်ဂျာ)တွေဟာ မြေယာပိုင်ဆိုင်ခွင့်မရှိကြပါ။ တခါတရံမှာ စားရေရိက္ခာလုံလောက်မှုမရှိသလို ဘင်္ဂါလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိနေတဲ့ ရခိုင်ပြည်နယ်အပြင်ဘက် ခရီးသွားခွင့်ကိုလည်း ပညာသားပါပါ ထိန်းချုပ်ခံထားရပါတယ်။ ပြီးခဲ့တဲ့နှစ်များကတော့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများက လှေတွေနဲ့ နိုင်ငံကို စွန့်ခွာထွက်သွားခဲ့ကြဖူးပါတယ်။ ထွက်သွားကြရခြင်းကတော့ မလေးရှားဒါမှမဟုတ် အခြားအိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်အကိုင်ရှာဖွေဖို့ပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ရိုဟင်ဂျာ ရာထောင်ချီရှိနေဆဲဖြစ်ပါတယ်။

    ဒီရိုဟင်ဂျာကိစ္စက မြန်မာပြည်က အပြောင်းအလဲအလိုလားဆုံးသော အဖွဲ့များကိုတောင် ပြင်းထန်လှတဲ့ အမျိုးသားရေး တုန့်ပြန်မှုတွေ ပြုလုပ်အောင် ဆွပေးခဲ့ပါတယ်။ အရင်က စစ်အစိုးရကို ဆန့်ကျင်မှုကြောင့် ၁၈ နှစ်လောက် ထောင်ကျနေခဲ့ရတဲ့ ဦးကိုကိုကြီးက ရိုဟင်ဂျာတွေဟာ တိုင်းပြည်က လက်ခံထားတဲ့ နိုင်ငံသားများ မဟုတ်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက သူတို့ရဲ့နိုင်ငံမဲ့အခြေအနေအတွက် နည်းလမ်းကို ရှာဖွေရမယ်လို့ ပြောသွားခဲ့ပါတယ်။

    “ဒါဟာ အမျိုးသားရေး အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် အမေးပုစ္ဆာပဲ။ မြန်မာနိုင်ငံသား ဖြစ်လိုသူတွေဟာ နိုင်ငံတော်ရဲ့ ဘာသာစကားတစ်မျိုးမျိုးကို လေ့လာရမယ်၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို လေ့လာရမယ်” လို့ သူက ပြောသွားပါတယ်။

    ဇွန် ၂၀၀၈ က ပြုလုပ်ခဲ့တဲ့ ကုလစစ်တမ်းအရတော့ ရိုဟင်ဂျာတစ်ဝက်လောက်က စာမတတ်ပါ။

    ရိုဟင်ဂျာတွေကို ဘယ်ဥပဒေကပြဌာန်းသလဲဆိုတဲ့အပေါ်မှာ တိကျတဲ့ဖွင့်ဆိုချက် မရှိပါ။ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်မ်တိုင်း သူတို့ရဲ့ဘိုးဘွားဘီဘင်က မည်သူများပင်ဖြစ်နေပါစေ ရိုဟင်ဂျာစာရင်းဝင်သွားတာပါပဲ။ အစိုးရတာဝန်ရှိသူများကတော့ သူတို့ကို ဘင်္ဂါလီများလို့လည်း မကြာခဏ ခေါ်ဝေါ်ကြပါသေးတယ်။

  • ပထမ မြန်မာမွတ်စလင်မ်များ

    ပထမ မြန်မာမွတ်စလင်မ်များ

    ၁။ စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်)

    ဆရာကြီးဦးနု၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

     

    • မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ၊
    • ကျမ်းမြတ်ကုရ်အာန်ကို အစောဆုံးမြန်မာပြန်သူ၊
    • အစ္စလာမ်ဘာသာရေးအယူအဆကို မြန်မာစာပေသို့ စတင်မိတ်ဆက်ပေးသူ၊

    ၂။အမရပူရမြို့ စာရေးဦးပိန် 

    ကမ္ဘာကျော် ဦးပိန်တံတား(၁၈၄၉ တွင် ဆောက်လုပ်သည်။)

     

    • မြန်မာ့အရှည်ဆုံး အကြီးဆုံး သစ်သားတံတား ဦးပိန်တံတား တည်ဆောက်သူ –

    ၃။  အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် (၂၀ ဇန်နဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)

     

    • အမျိုးသားကောလိပ်မှ ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ

    ၄။လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ် (B.Sc., B.L)

    • ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (၁၉၃၆)
    • ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်၊

    ၅။သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်   (၂၇ ဩဂုတ် ၁၉၁၂- ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)

    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

    • ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ    (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)

     

    ၆။ကိုထွန်းစိန်

    • ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဌ

     

    ၇။ကာတွန်းဆရာကြီး ဦးဘကလေး(ခ) ရွှေတလေး (၉ ဖေဖော်ဝါရီ ၁၈၉၃ – ၅ ဇွန် ၁၉၄၅)

    • မြန်မာရုပ်ရှင်လောကတွင် ပထဆုံးလူရွှင်တော် ဟာသသရုပ်ဆောင်
    • ဦးရွှေရိုးအက ကို စတင်တီထွင်ခဲ့သူ၊
    • မြန်မာကာတွန်းလောက၌ ရုပ်ပြောင်ပုံတူရေးနည်း (Caricature) စတင်ခဲ့သူ၊

    ၈။ဒေါက်တာ ရှိတ် အဗ္ဗဒူရာမန် (ခေါ်) ဦးဘိုးသာဇံ     (၁ ဇန်နဝါရီ ၁၈၇၀ – ၂၉ ဇူလိုင် ၁၉၁၆)

    L.R.C.P & L.R.C.S (Edin) L.F.P.S ( Glas)

    • တထောင့်တညပုံပြင်များကို စတင်မိတ်ဆက်ပေးခဲ့သူ

    ၉။ပါဋ္ဌိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)

    • တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ၊

    ၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက် (၁၉၆၁)

     

    ၁၁။ ပဉ္စရူပံ ဦးခ (ဖေဖော်ဝါရီ ၁၈၈၅-၁၀ စက်တင်ဘာ ၁၉၆၀)

    • မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်မှုကို အစောဆုံး စတင်သူ
    • နံရံကပ်ဆောင်ပုဒ်ကတ်ပြားများကို တီထွင် ပုံနှိပ်ထုပ်ဝေခဲ့သူ

    ၁၂။ ဗုံတီးဆရာ အဗ္ဗဒူလာ

    • မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသံထွက်အပြော စတင်သူ

    ၁၃။ ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)  (၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)

    • လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး

    ၁၄။ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်နဝါရီ ၁၉၇၀)

    • မြန်မာရာဇဝင်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
    • လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ

    ၁၅။ ပါမောက္ခဦးအောင်ခင်   ( ၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၈၇ )

    • ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာနပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ

    ၁၆။ဒေါက်တာတင်မောင် (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)

    • ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်

    ၁၇။ ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက်  (ဆမ-၃၅) ( ၂၉ မေ ၁၉၀၈- ၂၂ ဇန်နဝါရီ ၂၀ဝ၄ )

    • ကျန်းမာရေးမှူးသင်တန်းကျောင်း    စတင်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်

    ၁၈။ ဒေါ်နီနီအေး (၂၅ မတ် ၁၉၆၄- )

    • မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်

    ၁၉။တက္ကသိုလ်နန္ဒမိတ်

    • အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)

    ၂၀။စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်

    • အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ

     

    ၂၁။ စာရေးဆရာချစ်ညို(ခ) ဦးဘသိန်း (ကျားဘညိမ်း၏ညီ)

    • ကျားကစားနည်းစာအုပ်ကို ပထမဆုံးရေးခဲ့သူ

    ၂၃။ ကိုအောင်ထွန်း (ကျောင်းသားခေါင်းဆောင်ဟောင်း)

    • မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ

    ကိုးကား
    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D. ပြုစုသော အစ္စလာမ်ဓမ္မဗိမာန် သင်ခန်းစာများစာအုပ်

    M-Media  သတင်းအချက်အလက်စုဆောင်းရေး အဖွဲ့မှ ရရှိသော သမိုင်းအချက်အလက်များကို စုစည်းတင်ပြသည်။

  • အရေးပေါ်အခြေအနေကို မကြာမီ ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာသံတမန်ပြောကြား

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာများအကြား ပြဿနာရပ်များကြောင့် သောကြာနေ့က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို လာမယ့်ရက်အနည်းငယ်အတွင်း ရုပ်သိမ်းဖွယ်ရှိတယ်လို့ မျှော်လင့်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်က ပြောပါတယ်။”အာဏာပိုင်တွေအနေနဲ့ လူမျိုးရေးပြဿနာရပ်ပေါက်ကွဲမှုတွေကို ထိန်းသိမ်းဖို့ ရုန်းကန်လှုပ်ရှားနေရတာကြောင့် ဇွန်လ ၉ ရက်နေ့က ကျွန်တော်တို့သမ္မတကြီးကနေပြီး အရေးပေါ်အခြေအနေအချိန်အစိတ်အပိုင်းတစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အစိုးရက ဒီကိစ္စတွေကိုစစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် သုံးလေးရက်အတွင်း ငြိမ်သက်သွားဖွယ်ရှိတယ်လို့လည်း ယုံကြည်ပါတယ်။” ဟု သူက အာဆီယံနိုင်ငံသံတမန်များ နေ့လည်စာစားပွဲကို တက်ရောက်ရာ၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုနေ့လည်စာ စားပွဲကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ အန်နီဖာ အမန်နှင့်အတူ မလေးရှားနိုင်ငံတွင်ပင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမူ ယခုအတောအတွင်း မလေးရှားနိုင်ငံသားများ မြန်မာနိုင်ငံကို ခရီးထွက်ခြင်းမပြုဖို့ တစ်စုံတစ်ရာတားမြစ်ချက် မထုတ်ပြန်ခဲ့ကြောင်းလည်း ပြောကြားသည်။

    မီဒီယာများကမူ သောကြာနေ့က ပဋိပက္ခအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဒေသတွင် အရေးပေါ်အခြေအနေတစ်ခုကို မြန်မာသမ္မတက ကြေညာခဲ့ကြောင်း၊ ထိုပဋိပက္ခများအတွင်း လူ ၇ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရခဲ့ရုံမက အိမ်ယာရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြကြသည်။

    ဘာနားမား သတင်းစဉ်
    ဇွန်လ ၁၁ ရက် ၂၀၁၂
    http://www.bernama.com.my/bernama/v6/newsindex.php?id=672207l

  • Emergency Rule In Rakhine May Be Lifted Soon, Says Myanmar Envoy

    — BERNAMA

    KUALA LUMPUR, June 11 (Bernama) — The emergency rule imposed on the Rakhine Region of Myanmar following clashes between Buddhists and Muslims last Friday is expected to be lifted in a few more days, Myanmar Ambassador to Malaysia U Tin Latt said.

    “Our President has declared a period of emergency rule on June 9 as the authorities struggle to contain explosive sectarian tensions following deadly clashes between Muslims and Buddhists in the region.

    “But our government will take an action on it and we hope it will be calm in two or three days,” he told reporters after attending a luncheon of Asean heads of delegation with Foreign Minister Datuk Seri Anifah Aman, here.

    Meanwhile, Anifah said the Foreign Ministry had not issued any prohibition order on Malaysians travelling to Myanmar.

    Media reports said the Myanmar president had declared an emergency in the region bordering Bangladesh following clashes last Friday in which seven were killed while 17 more were injured and hundreds of houses were razed.

     

    Source