News @ M-Media

Blog

  • Emergency Rule In Rakhine May Be Lifted Soon, Says Myanmar Envoy

    — BERNAMA

    KUALA LUMPUR, June 11 (Bernama) — The emergency rule imposed on the Rakhine Region of Myanmar following clashes between Buddhists and Muslims last Friday is expected to be lifted in a few more days, Myanmar Ambassador to Malaysia U Tin Latt said.

    “Our President has declared a period of emergency rule on June 9 as the authorities struggle to contain explosive sectarian tensions following deadly clashes between Muslims and Buddhists in the region.

    “But our government will take an action on it and we hope it will be calm in two or three days,” he told reporters after attending a luncheon of Asean heads of delegation with Foreign Minister Datuk Seri Anifah Aman, here.

    Meanwhile, Anifah said the Foreign Ministry had not issued any prohibition order on Malaysians travelling to Myanmar.

    Media reports said the Myanmar president had declared an emergency in the region bordering Bangladesh following clashes last Friday in which seven were killed while 17 more were injured and hundreds of houses were razed.

     

    Source

  • ဘက်လိုက် မြန်မာမီဒီယာများတွင် မဖော်ပြသော ရခိုင်အဓိကရုဏ်း ပျက်ဆီး/သေဆုံးမှုအချို့ (၂)

    (6.10.2012) ရရှိသော သတင်းများ

    လက်ရှိ အလောင်းရ ၁၀ ဦးစာရင်း
    ( ၁ ) ဒေါ်နူလ်ဂျမ်း ( ၇၀ နှစ်) အဘ ဦးကာလူး မြို့သူကြီးရပ်၊
    ( ၂ ) မလုံးလုံး ( ၂၅ နှစ် ) အဘ ဦးနူလ်ဒင်း
    ( ၃ ) စဂ်ျဒါဘီဘီ ( ၂၃ နှစ် ) အဘ မသိ ၊ မြို့သူကြီးရပ်
    ( ၄ ) သူရရွေ ( ၈ နှစ် ) အဘ ဦးတင်ရွေ ၊ မြို့သူကြိးရပ်
    ( ၅ ) လီလီမာဘီ ( ၈ နှစ် )အဘ ဦးတင်ရွေ၊ မြို့သူကြီးရပ်
    ( ၆ ) မောင်သူရှည် ( ၄၅ နှစ် ) အဘ ဦးကျော်အေး ၊ မြို့ သူကြီးရပ်
    ( ၇ ) ဒေါ်လှခင်စော ( ၄၅ နှစ် ) အဘ ဦးမောင်ဖြူ ၊ မြို့ သူကြီးရပ်
    ( ဂ ) ဦးအေးထွန်း ( ၅၀ နှစ် ) အဘ ဦးအလီ၊ ကျောင်းတက်လမ်း၇ပ်
    ( ၉ ) မော်လ၀ီ နူလ်ဟူစိန် ( ) အဘ ဦးရာရှစ်၊ ကျောင်းတက်လမ်း ဗလီရှေ့ဆောင်ဆရာ
    ( ၁၀ ) ဦးကျော်ဒင် ( ၅၂ နှစ် ) ဘ ဦးမောင်မြ ၊ ကျောင်းတက်လမ်း ရပ်

    အခု ဖြစ်တဲ့ နေရာမှာ ဓါးဒဏ်ရာ ဒုတ်ဒဏ်ရာများ ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း၊ အချို့ အလောင်းတွေကို ကားပေါ်မှာ အပေါ်က အုပ်ပြီး သယ်သွားပြီး  အလောင်းပြန်တောင်းရာ မရှိကြောင်း၊
    စစ်တွေမြို့တွင်
    ၁။ရှောဖီခန်းဗလီ (ပလိုတောင်ရွာ)
    ၂။ ဗူမီရွာ ဗလီ
    ၃။ ဝိုင်ယာလက်ရွာဗလီ၊
    ၄။ အာဇာမားဗလီ၊ (မောင်ကန်အပိုင်း)
    ၅။ ပိုက်ဆိုက်ရွာ ဗလီ ၊
    ၆။ စစ်တွေမြို့ ဈေးဟောင်း မောလိပ်ဗလီ၊
    ကျောင်းတော်များလဲ မီးရှို့ဖျက်ဆီးခံရကြောင်း စစ်တွေမြို့မှ သတင်းရရှိပါသည်။

  • မြန်မာပြည်က ဂျာနယ်တွေ -အာဃာတလား၊ racists လား၊?

    မြန်မာပြည်က ဂျာနယ်တွေ -အာဃာတလား၊ racists လား၊?

    မြန်မာပြည်က ဂျာနယ်တွေ -အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ် များ အောင် စောင်ရေ များ စေချင် တာလား၊ ကြားဝင် လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေး လုပ်ချင် ရသလဲ၊

    ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သား များ အားလုံး တာဝန်ကြေ ပါတယ်။ ကျေး ဇူး တင် ပါတယ်ခင်ဗျား။ comment တစ်ခုမှာ ဖတ်လိုက်မိလို့ ၊ကျွန်တော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG ကထုတ် သမျှ edition အားလုံး ကို တစ်စောင်မကျန် ( ပိုက်ဆံအကုန်ခံပြီး ) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်း ပဲ တစ်လကို ငွေ ၆၅၀၀ လောက်သုံးနေတဲ့ EMG ပရိတ်သတ် (ဘက်မလိုက် တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာန ကဆရာတစ်ဦးပါ။ မကြိုက်တာရေးမိလို့ နာ မည်ပြောင်း ခေါ်လည်း ဘာတတ်နိုင်မှာတုန်းဗျာ။

    EMG ဟာ ဘယ်စာစောင် ဘယ်ဂျာနယ်ကမှ ခဏခဏမပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့တဖွဖွပြောတဲ့ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မ ရွေးဘဲ အလယ် ကနေခဲ့တယ်၊ နေနေတယ်၊

    နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကိုအားပေးခဲ့တယ်၊ ဒါတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထိ EMG ကဒီလိုပဲလို့ထင်ခဲ့တာပဲ။

    ဒါပေမယ့် Leading Media တစ်ခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား၊ အရမ်းသိချင်လာပါတယ်၊ ဘယ်သွားမလဲ Eleven? ဘာတွေလုပ်နေတာလဲ Eleven? ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား? လွှင့်ပစ်လိုက်တာလား? ကိုယ့်ကိုကိုယ် ဘယ် ရောက်နေ မှန်းတောင် မမြင်တော့တာလား? EMG ကဆရာတွေ ဘာဖြစ်ကုန်တာလဲ? တောက် လျှောက် အကောင်းလား? အစကတည်းက ဒီလိုလား?

    အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာမမှန်ခဲ့ရင်၊ ဘက်လိုက်ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေးဆူပူတာ ပိုကြွလာမယ်၊ နှစ်ဖက်လုံး မလိုအပ်ဘဲအသက်စည်းစိမ်တွေ ပိုဆုံးရှုံးမယ်၊ သေးတဲ့အမှု ပိုကြီးလာမယ် ဆိုတာဆိုတာ ဆရာတို့လို တက္ကသိုလ်ကလူတွေ အပါအ၀င် ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတစ် ကယ်ဖတ်သူအားလုံးနားလည်မှာပါ။
    ပထမ– ရခိုင်အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်၊ ဘယ်သူကပဲလုပ်လုပ် ရဲပိုင်တဲ့ criminal case ရာဇ၀တ်မှုသာ ဖြစ်တယ်၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတစ်ဦး ကို သူ့မိတ်ဆွေ က ဓါတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀တန်းဖြေထားတဲ့ ကောင်မလေး တစ် ယောက် လူသတ်၊ ပစ္စည်းယူ၊ မီးရှို့သတ်ခံရတာ၊ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို လိင်တူ ယောင်္ကျား ချင်းမုဒိမ်း ကျင့်၊ ပါးစပ်ပိတ်လူသတ်သွားတာ စတဲ့ဖြစ်စဉ်တွေနဲ့ ဘာမှ မကွာ လှတဲ့ ဖြစ်စဉ်တူတစ်ခုပါပဲ။ ပြီးခဲ့တဲ့ လပိုင်းက ဂျပန်မတစ်ယောက်ကို မြန်မာနှစ်ယောက် မုဒိမ်းကျင့်ပြီး သတ်ပစ် တယ်၊ ရောက်သေ ဒဏ်ပေးဆော်ထည့်တယ်ဥပဒအရနောင်ကျဉ်နေအောင် မြန်မာပြည်မှာဒါကိုလက် မခံဆိုပြီး၊ ထိထိရောက် ။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝင်ကလုပ်တယ်လို့ ဘယ်မီဒီယာက မှမရေး ဘူး၊ ရေးစရာ လည်း မလိုဘူး၊ ရဲကအရေးယူ၊ ထိရောက်တဲ့အပြစ်ဒဏ်ချ၊ ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံ ထဲ မှာဖြစ် တယ်၊ မြန်မာ တည်ဆဲရာဇ၀တ်ဥပဒေနဲ့ ထိထိရောက်ရောက်ကိုင် ထည့်လိုက် ရင်ပြီးနေပြီ။ ဘာမှ ဆက်ဖြစ် စရာမရှိဘူးလေ၊ ဒီဟာလေးကို EMG က စဖွတယ်၊ အင်မတန်ထိလွယ် ရှလွယ်တာကို လွယ်လွယ်ရေး ချတယ်၊ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေရေးခွင့်ပေးတယ်၊ ဘယ်ဘာသာ ၀င်လို့ ရေးကတည်းက သွားပြီ၊ တင်ပြတာမမှန်တော့ဘူး၊ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်၊ သိသိကြီးနဲ့လွယ်လွယ် ရေးချတယ်၊ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစ်စုကသွေးကြွတယ်၊ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေဖြစ်လာတယ်၊ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ် ကြစေချင်တော့…

    ဒုတိယ– တောင်ကုတ်မှာ လူ ၁၀ယောက်(ဆရာကတော့လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသား ကဒ်တရားဝင်ရှိတဲ့ လက်နက်မဲ့ မြန်မာနိုင်ငံသား ၁၀ယောက်) ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား ၂၀၀ ကျော်က မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီးစောင့်ပြီး ၀ိုင်းရိုက်သတ်တယ်၊ သူတို့ ဘာလုပ်မိလို့များဒီလိုတောင် လုပ်ခံထိရတာလဲ၊ သူတို့ကတရားခံ တွေမို့လား၊ မြန်မာနိုင်ငံမှာ ဒီလောက် ကြီးတောင် ဥပဒေမဲ့လုပ် ရသလား၊ ဘာသာရေးအဆုံးအမ ရှိသူတိုင်း၊ တရားရှိသူတိုင်း ယဉ်ကျေးပြီး သူတိုင်း ဒီဖြစ်ရပ်ကို လက်ခံစရာမရှိပါဘူး၊ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ် ဆရာတွေ ကတောင် phone နဲ့ mail နဲ့ မေးတယ်၊ ဘယ်ကစလဲ၊ ပြောပြတော့ ဒီကိစ္စကသေးသေးလေးပဲ၊ ဒီလောက် ကြီးသွားရ သလား၊ မင်းတို့လိုဘာသာတရားလေးစားတဲ့နိုင်ငံမှာ ဒီလိုဥကဒေမဲ့ လွယ် လွယ် လေး သတ် တာတွေ ရှိနေပြီလားမေး တယ်၊ ဆရာ့မှာ ရှက်စိတ်အပြည့် နဲ့အဖြေမရှိခဲ့ဘူး၊ ဆရာက ဥပဒေသမားမို့ ဥပဒေရှုဒေါင့် ကပဲကြည့်တတ်တယ်။ လူဆယ်ယောက်သေ တာကို နောက်လူတွေကပျော်နေရလောက်အောင် မြန်မာတွေ က စိတ်ဓါတ်က ဆိုးဝါးအကြမ်းဖက်စိတ်ရှိခဲ့ လို့လားဗျာ။ EMG လုပ်ရပ် က နိုင်ငံ တ ကာမှာ မြန်မာ သိက္ခာ ကျစေတာပေါ့၊ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက်လည် ပတ်ချင်သူ၊ ရင်းနှီးမြှပ်နှံ ချင်သူတွေ ဘယ်လာ ရဲတော့မလဲ၊ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊ ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ပတ်သက်ရင် သတိကြီးကြီး ထား မတိမ်းစောင်းစေဘဲ မဖွဘဲရေးတယ်။The Voice တို့လို့ဂျာနယ် အ ကြီးတွေတောင် ပြသနာပိုကြီးထွား မသွားစေချင်လို့ media သမားပီပီသသနဲ့ comment တွေကို ပိတ်ထားတယ်၊Elevenကတော့လွယ်လွယ်ရေးခွင့်ပေးလို့ comment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ရေးကြပြန်တယ်၊ ဆရာသိသလောက် ဘယ်မြန်မာ လူမျိုးမှမရိုင်းပါဘူး၊ ElevenSite ထဲမှာဘယ်သူမှဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေက မြန်မာreader တွေ ရေးတင်တာလို့ ကျွန်တော်တော့မယုံကြည်ဘူး။EMGကလူတွေပဲ ပြသနာကြီးထွားလာအောင်comment တွေထိုင်ပေးနေသလား ထင်ရလောက်အောင်ပါပဲ။ Elevenကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့သတ်ကြ၊ဆူပူကြဖြစ်စေချင်တော့…

    တတိယ– မောင်တောကိစ္စဖြစ်လာတယ်၊ တစ်ဖက်ဖက်ကို အလွန်အကျွံ နှိပ်ကွတော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment တွေ၊ သတင်းတွေ တစ်ဖက်သတ်ဖြစ်ကုန်တယ်၊ တောင်ကုတ်မှာ လူ ၁၀ယောက်ကို မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရိုက်သတ်ခံရတဲ့ ဓါတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန်အလှန်ချကြတာတွေကို အချိန်နဲ့တစ်ပြေးညီ update လုပ်တင်ပေးလာတယ်၊ အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ်များ စောင်ရေ များ စေချင်တာလား၊ ကြားဝင်လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေးလုပ်ချင်ရသလဲ၊ ဘာတွေကိုအမြတ် ထုတ်ချင်နေတာလဲ Eleven? ၊ အလယ်ကလူတွေရဲ့ လုပ်ရပ်က ဒီလိုပဲလား? တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

    စတုတ္တ- ဒီနေ့ Eleven ရဲ့လုပ်ရပ် (၃) ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ၊ သတင်းခိုင်မာမှု ကိုတောင် မစောင့်နိုင် EMG ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်၊

    ၁။ GTC ကျောင်းသားတစ်ဦး စစ်တွေမြို့လယ် အားကစားရုံနားမှာသေတဲ့ကိစ္စ၊ ဘာကြောင့်သေ ရသလဲ အတိအကျမသိသေးပါဘူးတဲ့၊ ဒဂုံတက္ကသိုလ်ကဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို သာမန်ဖုံးလေးတစ်ချက်ဆက်တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ်သိနိုင်တဲ့ကိစ္စပဲဟာ၊ အတိအကျမ သိသေးရင် မရေးပါနဲ့လား ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရယ်၊ ဆရာတို့ဟာက လည်း ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော၊ ဖြစ်တာက အဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြသ နာဖြစ်လက်လွန်ပြီးသတ်မိတဲ့ကိစ္စ၊ မောင်တောလူမျိုးရေး၊ ဘာသာရေး သတင်းနဲ့ တစ် မျက်နှာ တည်းမှာထားပြီး ရောသမမွှေလိုက်တယ်၊ လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစ်စု ကို သွေး ကြွစေပြန် တယ်၊ ကျောင်းသားအသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ် ကြ၊ သေကျေ မှုတွေ ဆက်ဖြစ်ကြပြန်ရော၊ ဘယ်သူ့လက်ချက်မှန်းမသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက်သွက်ရေး ချနိုင်တာကို( အံ့သြမကုန်နိုင်ဖွယ် ) တွေ့ရပြန်တယ်။ စာတစ်ကယ် ဖတ်တဲ့ သူတွေကို လိမ်လို့မရပါဘူးဗျာ၊ အေးအေးချမ်းချမ်းနေလိုသူတွေ EMG ကြောင့်ပူလောင် လာရပြန်တယ်။

    ၂။ အစိုးရထုတ်သတင်းစာ တစ်စောင်မှာမှ မပါသေးတဲ့ ခရေကုန်းဘောင်ရွာကကျောင်းဆရာမနှစ်ဦး ဒါးဒါဏ်ရာတွေနဲ့ အသေရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာသန်း ထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေကြေ အတိုင်အဖောက် ညီညီ လျှောက်ဖွလိုက်တာပဲဖြစ်နေပြန် တယ်၊ လုံးဝမသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က ဆူပူအုံကြွမှု တွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှရမယ်လို့၊ နှပ်ကြောင်းပေးချင်တာလား၊ တစ်တိုင်းပြည် လုံးက အသေအ ကျေဒုက္ခခံ၊ အသက်ထောင်သောင်းများစွာပေးပြီး စစ်ဖိနပ်အောက်ကရလာတဲ့ ဘာမှသက်တမ်း မကြာသေးတဲ့ ဒီမိုကရေစီစနစ် ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင် နေတာလား?၊ ကလောင်သွားထက်တာကို အမြတ်ယူချင်တာလား၊ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထ ဒေါက်တိုင် Eleven ကတော့နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ်ပေးနေသလိုပါပဲ၊ လူတစ်ဖွဲ့ကနောက် လူတစ်ဖွဲ့ကို ဘာကြောင့်ပဲသတ် သတ်၊ သူ့ငရဲ သူသွားမှာပါပဲ၊ ဘယ်ဘာသာတရားမှာမဆို လူမသတ်ရ ဆိုတာ ပညတ်ပြီးသားပါ။ ကုလားကိုသတ်တယ်ပြောပြော၊ ရခိုင်ကိုသတ်တယ်ဆိုဆို၊ လက်စားချေ တယ် ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး ကြိုက်တဲ့ခေါင်းစဉ်တပ်ပြီး လူသတ်ပါ၊ ကိုယ်သေတဲ့ အချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်း သွားရတဲ့ဘုံအဆင့်ဆိုတာ ကျိန်းသေပေါက် ဘာသာတရားတိုင်း မှာရှိပြီး သတ်မှတ်ပြီးသားပါ။ ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး လူတွေအချင်းချင်း (ဆရာကတော့ လူလို့ပဲ မြင်မိလို့ ၊ ကုလား၊ ရခိုင် ၊ တရုပ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊ အသား အရောင်၊ ယုံကြည်တာပဲကွာမယ်) သတ်ဖြတ်သေ ကျေတာ တွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့ လမ်း ကြောင်း ပြောင်း လှုံဆော်ချင်နေရတာလဲ၊ ကုလားတစ်မျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေသေ တော့ရော ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး ဘာတွေများ စီးပွား ရေးအမြတ်ထွက်လာမလဲ၊ တစ်ခုခုကို ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓါတ်က EMG ရဲ့ မူဝါဒလား?

    ၃။ မောင်တောက ကန်တော်ကြီးသောက်ရေကန်ကို ဘင်္ဂလီတွေကအဆိပ်ခပ်ထားတယ်ဆိုတဲ့ကိစ္စ၊ ဒီသ တင်း ကို အတည်ပြုဖို့ EMG ကအတည်ပြုနိုင်ဖို့ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ရှက် စရာပါ။ ၈၈ အရေးအခင်းက ထွက်ခဲ့တဲ့စာစောင်တွေလောက်တောင် Eleven အဆင့်မရှိတော့ ပါ။ အတည်မပြုရသေးတာကိုဘာလို့ရေးရတာတုန်း၊ ethic တွေဘယ်ရောက်သွားပြီလဲ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာကတော့ ဥပမာသတင်းလေးတစ်ခုရေးမိတော့မယ်၊ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော် သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ မကောင်းတဲ့ အမျိုးသမီးတွေ အုပ်စု လိုက်နဲ့ ပါတီပေးညလုံးပေါက်မူးရူးကခုန်ပျော်ပါးပြီးရှိနေခဲ့ပါတယ်၊ ဒီသတင်းကို အတည်ပြုဖို့ EMG ကိုဆက်သွယ်နေပါတယ်။ ဒီလိုဆိုဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာသေ ချာပြီ။ ဒီလိုလေးရေးလိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျွန်တော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင် သောက်ရေကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည် မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ်လောက် အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကျေစေမလဲ မစဉ်းစားတတ်တာလား?၊ ဖွလိုက်ရရင်ပြီးရောလား၊ မီဒီယာတစ်ခုရဲ့ဖြောင့်မတ်မှု၊ သတင်းတစ်ခုရဲ့ ခိုင်မာတိ ကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊ သေကျေစေနိုင်ပါတယ်။ ဥပဒေသမားတစ်ဦး နဲ့ သတင်းသမားတစ်ဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှုရှိခြင်းပါပဲ၊ အခုလို Online မှာ Open Source သတင်းတွေ အများကြီးရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊ ဒီလိုလေးတော့ဆော်လိုက်ဦးမှ အောက်တန်းကျစိတ်ဓါတ်တွေနဲ့ လုံးဝတည်ငြိမ်အေး ချမ်းဖွံ့ဖြိုးနေတဲ့ဒေ သတစ်ခုကို ၁၀ ရက်အတွင်း လုံးဝဆိုးရွားသွားစေလောက်အောင် လူမျိုးရေးအဓိကရုဏ်း တစ်ခုပေါ် ထွက်လာအောင်နောက်ကွယ်ကနေ ဘေးတီးလှုံဆော်ဖန်တီးချင်တဲ့မူဝါဒရှိနေ တာ၊ စာမဖတ်ဖြစ်ကြတဲ့လူ အများ စုကို မျိုးချစ်စိတ်အရင်းခံသယောင် စည်းရုံးလှုံဆော် ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့အမြတ်က EMG ကိုပိုမိုထင်ပေါ် စောင်ရေတက် အရောင်းကောင်းစေချင်တာ၊ EMG က ငါတို့ ဖက်က မျိုးချစ်တွေ Patriotic တွေ လို့ ထင်ရအောင်လုပ်ပြပြီး နိုင်ငံရဲ့ လူတိုင်းရဲ့ လက်ရှိပန်းတိုင် နှစ်ပေါင်းများစွာစောင့်စားနေကြတဲ့ ဒီမိုကရေစီပန်း တိုင်ကိုေ၀၀ါးလမ်းကြောင်းပြောင်း ပစ်နေတာ၊ ဘာမှစာဖွဲ့စရာတောင်မရှိ (ကုန်ကုန်ပြောရရင် တစ်ရက်တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့ လူလက်တစ်ဆုပ်စာကြောင့် စစ်တပ်က၀င်လာမှသာ၊ တပ်ဝင်လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့ တစာစာအော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိဆွဲချပစ်တာတွေဟာ မြန်မာJournalistတစ်ယောက်အနေနဲ့ရှက်တတ်ရင်ရှက်ပြီးသေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြ၀တီElevenလို့တောင်အမည်ပြောင်းပေးရတော့မှာပါ။ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံးသိသင့်တာကအမှန်သတင်းမီဒီယာတွေဟာ(နောင်အနာဂတ်တကယ်ရှိတဲ့) နိုင်ငံ တိုင်းမှာ အသက်သွေးကြောပါပဲ၊ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို လူတိုင်းလူတိုင်းချွေးသံ၊ အားမာန်အပြည့်နဲ့ချီတက်နေချိန်မှာလိမ်ဆင်မမှန်သတင်းအပြည့်နဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့EMGဝိုင်းတော် သားများရဲ့ နောက်ပြန်ဆွဲချ၊လှုံဆော်ရန်တိုက်ပေးနေတဲ့လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်း အ၀ိုင်း အတွက်တော့ ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀၀ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြား ဂျာနယ်ပြောင်းဖတ်တော့မယ်ဗျာ။

    ဒေါက်တာသန်းထွဋ်အောင်နဲ့EMGဝိုင်းတော်သားများအားလုံးတာဝန်ကြေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဘာတွေများလုပ်နေကြပါလိမ့်။  ရွှေမြန်မာတွေမျက်လုံးဖွင့်ကြည့်ကြပါ။ထလော့၊ မြန်မာ၊ မြန်မာ၊ထလော့၊တစ် ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

     

    (ရေးသားသူ – ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦး)

  • ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး

    ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်း ကိစ္စရပ်များအပေါ် သတင်းမီဒီယာများ သတိ ထားရေး သား ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ် ဦးမြင့်ဆွေ ပြည်တွင်း သတင်းမီဒီယာများကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် သတိပေးပြော ကြားသည်။

    “မီဒီယာတွေ နိုင်ငံတော်နဲ့ ပူးပေါင်း လုပ်ဆောင် သင့်တယ်။ အခုကိစ္စကနေ မမျှော်မှန်းနိုင် တဲ့ ဆုံးရှုံးမှုတွေ ဖြစ် သွားနိုင်တယ်”ဟု ဦးမြင့်ဆွေက ဆိုသည်။

    အဆိုပါ အဓိကရုဏ်းကိစ္စရပ်များကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည့် မူဝါဒများကို ချိုးဖောက်ပါက ၀န်ကြီးဌာနမှ အရေးယူမည့် အပိုင်းရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းကလည်း တည်ဆဲ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ (ည) တို့ဖြင့် ဥပဒေပါ ထောင်ဒဏ် ငွေဒဏ်များ ချမှတ်အရေးယူသွားရန် ရှိကြောင်း ၄င်းက မီဒီယာများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တွင် ခေါ်ယူ သတိပေးပြောကြားသည်။

    ယင်းအပြင် မီဒီယာများအနေနှင့် သတင်းနှင့် စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကြရန် လည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြရာတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြရမည် ဖြစ်ပြီး ၄င်းတို့၏ စိစစ်ဖြတ်တောက်မှု အတိုင်းသာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်ပါက ဥပဒေနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူအသိပေးပြောကြားခံရသည့် မီဒီယာများအကြားတွင် သဘောထား အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပြီး အချို့သတင်းမီဒီယာသမားများမှာ ၀န်ကြီးချုပ်၏ ပြုမှုပြောဆိုသည့် အသုံး အနှုန်းအချို့ပေါ်တွင် စိတ်ပျက် ရကြောင်း ၊ ပြောကြား လိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်း များ အတိုင်း ပြုမူဆက် ဆံသည့် အပေါ်တွင်မူ လက် ခံနိုင်ရန် ခက် ခဲကြောင်း မှတ်ချက်ပေးပြောကြားသည်။
    Credit- The Voice Weekly

  • ဘက်လိုက် မြန်မာမီဒီယာများတွင် မဖော်ပြသော ရခိုင်အဓိကရုန်း ပျက်ဆီး/သေဆုံးမှုအချို့

    ၉-၆-၂၀၁၂
    ညနေ(၄း၀၀)။ ။ အဝေးပြေးဂိတ်တွင် ရခိုင်များကရိုက်သတ်။
    အသက် ၁၂ နှစ်အရွယ် မွတ်စလင် ကျား ၁ ဦး
    အသက်၄၅ နှစ်အရွယ် မွတ်စလင် မ ၁ ဦး

    ည (၁၀နာရီ)။ ။ စစ်တွေလေဆိပ် ဗလီကို မီးရှိုးဖျက်ဆီး
    တောင်ကုတ်နှင့် ရမ်းဗြဲမှရခိုင်လူမျိုးနှစ်ထောင်ကျော် မောင်းတောသို့ ထွက်ခွာ
    ထို့နောက် လက်နက်အပြည့်အစုံဖြင့် မောင်းတောသို့ လှေ ၃ စီးဖြင့် ထွက်ခွာရာ အစိုးရရေတပ်က တစ်စီးကို ဖမ်းမိ။ ယင်းသတင်းကို ပြင်ပတွင် ပျံ့နှံ့နေသည်မှာ အလ်ကိုင်ဒါ နှင့် ဘင်္ဂါလီ များလက်နက်အပြည့် အစုံဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ချက်ဆီးလုယက်သတ်ဖြတ်ရန်လာရောက်စဉ် အစိုးရ ရေတပ်မှ တစ်စီးအား ဖမ်းဆီးနိုင်ခဲ့။ နှစ်စီးလွတ်မြောက်ဟု သတင်းမှန်နှင့် ဆန့်ကျင်ဖေါ်ပြ။

    ည (၁၁နာရီ) ။ ။ စစ်တွေရှိ ဘုမေ၊ ၀ါယာလက်ရွာ၊ ဟဇ်မာရွာရှိ အပြစ်မဲ့ မွတ်စလင်များကို ရွေးပြီး လုံထိန်းက သေနတ်ဖြင့်ပစ်၊ ၄ဦးသေ၊ ၉ဦး အခြေအနေစိုးရိမ်ရ။

    ညပိုင်း။ ။စစ်တွေရှိ နာဇီရွာမှ မွတ်စလင် ၈ ဦးအိမ်သို့ ပြန်စဉ်ရွာသို့ မရောက်မှီလမ်းတွင် ရခိုင်မှ လက်နက်များနှင့် ၀ိုင်းဝန်းတိုက်ခိုက်ကြရာ ၇ ဦးသေဆုံး၊ ၁ ဦးသာဒဏ်ရာဖြင့် ရွာသို့ ပြန်လည်ရောက် ရှိခဲ့။ ၇ ဦးရဲ့ အလောင်းပြန်မရ။

    ၁၀-၆-၂၀၁၂

    နံနက် ၁ နာရီ ။ ။ ၀ါယာလက်ရွာတွင် လက်နက်ကိုင်ရဲများမှ အပြစ်မဲ့ မွတ်စလင်များကို သေနတ် ဖြင့် ပစ်ခဲ့ရာ နူးရ်ဂျန် ၁၈ နှစ် (ဘ) ဦးအဗူဟာရှင်မ် နှင့် ဟာရွန်ရာရှီးဒ် ၁၈ နှစ် (ဘ) ဦးကာမင်း ဆိုသည့်လူငယ် နှစ်ဦးသေဆုံးခဲ့ အလောင်းပြန်ရသော်လည်း မြေမချနိုင်သေးပါ။

    နံနက် ၉နာရီ။ ။မွတ်စလင်ရွာဖြစ်သည့် ပိုက်ဆိပ်ရွာနှင့်ဗလီကို ရခိုင်များက စတင်မီးရှို့ဖျက် ဆီးခဲ့။ မွတ်စလင်ရွာဖြစ်သည့် ဒူအာမရောင်ရွာကို ရခိုင်များက လက်နက်ကိုင်တပ်ဖွဲ့များက မွတ်စလင်များကို ပစ်ခတ်ရာ ၅ ဦးအခြေအနေ စိုးရိမ်ရ။
    နေ့လည် ၁၂နာရီ။ ။မွတ်စလင်များဖြစ်သည့် မော်ဂိတ်ရွာ၊ မော်ဂိတ်ဈေးဟောင်းနှင့် ဘူမေရွာများကို ရခိုင်များမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများလုယက်ဖျက်ဆီး။

    နေ့လည် ၁၂း၃၀ နာရီ။ ။ရမ်းဗြဲရှိ ဗလီဝတ်ကျောင်းတော်နှစ်လုံးကို အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့။
    နေ့လည် ၃ နာရီ။ ။ဝါယာလက်ရွာမှ ခင်မောင်ချို ၃၂ နှစ် (ဘ)
    ဦးအလီမြားမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးပြီး အလောင်းပြန်မရ။ ယင်းရွာတွင် ယခုအခါ လူတစ်ဦးမျှ မရှိတော့ဘဲ ပင်လယ်ကမ်းခြေဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရ။

    ညနေ ၄ နာရီ။ ။ဖျက်ဆီးခံရသော မော်လိတ်ဈေးဟောင်းမှ လက်ကျန်မွတ်စလင်အများစုနေ ထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်သို့ ပြောင်းစေခဲ့။ ရွာတွင်ကျန်ခဲ့သော မွတ်စလင်ပိုင် ပစ္စည်းများကို အကြမ်းဖက် သမားများက စိတ်ကြိုက်လုယူဖျက်ဆီးခဲ့။

    ညနေ ၄း၃၀။ ။ဈေးဟောင်းမော်လိတ်တွင် အကြမ်ဖက်ရခိုင်များ ၀င်ရောက်မီးရှို့ ဖျက်ဆီးကာ မွတ်စလင်များကိုလည်း တိုက်ခိုက်ခဲ့ပါသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် ဓားဒဏ်ရာဖြင့်မွတ်စလင် ၂ ဦးသေ ဆုံးကာ ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိပြီး အခြေအနေ စိုးရိမ် ရကြောင်း။

    ညနေ ၅ နာရီ။ ။စစ်တွေ စံပြရွာ(ဘာဆော်ရာရွာ) တွင် ဗလီနှင့် မွတ်စလင်အိမ်ခြေများကို အကြမ်းဖက်များက မီးရှို့ဖျက်ဆီးရာ ညနေ ၆ နာရီအထိ အိမ်ခြေ ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့။ ယခုအခါ မွတ်စလင် အများစုနေထိုင်ရာ စစ်တွေရှိ အောင်မင်္ဂလာရပ်ကွက်သို့ လုံခြုံရေးများလာပြီး ‘ ရခိုင်များလာရောက် မီးရှို့မည်။ ပြန်လည်ခုခံခြင်းမပြုပါနှင့် ‘ ဟု မွတ်စလင်အိမ်များကို လိုက်လံပြောဆိုနေကြောင်းနှင့် အကြမ်းဖက် သမားများကလည်း လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြောင်းဒေသခံများ ပြောကြားချက်အရ သိရပါသည်။

    ညနေ ၆ နာရီ။ ။ ဘူမိရွာတွင် အကြမ်းဖက်သမားများသည် ရွာကိုမီးရှို့နေပါသည်။ လုံခြုံရေးရဲ များမှ မွတ်စလင်များဘက်ကို လက်နက်များဖြင့် ချိန်ရွယ်ထားပြီးအကြမ်းဖက်သမားများမှ ဖျက်ဆီးနေခြင်း ဖြစ်ပါ သည်။ ရွာရှိအိမ်ခြေ ၃၅၀ ကျော်အကုန် မီးလောင်ကျွမ်းနေ။ မွတ်စလင်များဘေးလွတ်ရာသို့ ထွက်ပြေးနေကြ။ စားစရာ၊ ၀တ်စရာ မရှိပါ။ ကူညီကယ်ဆယ်ရေးများ အထူးလိုအပ်နေပါသည်။