News @ M-Media

Blog

  • ခေတ်ပေါ်အစ္စလာမ့် အနုပညာပြပွဲ တစ်ခုအား ကယ်လီဖိုးနီးယားတွင် ကျင်းပ။

    ခေတ်ပေါ်အစ္စလာမ့် အနုပညာပြပွဲ တစ်ခုအား ကယ်လီဖိုးနီးယားတွင် ကျင်းပ။

    ကိုင်ရို။ ။ကြွယ်ဝသော အစ္စလာမ့်အနုပညာသမိုင်းကို ဂုဏ်ပြုသောအနေဖြင့် အမေရိကန်မွတ်စလင်အနုပညာရှင်များ၏ ဆန်းသစ်သော ခေတ်ပေါ် အနုပညာလက်ရာများကို ပြသသည့် ပြပွဲတစ်ခုကို ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တာကလာရာ (Santa Clara) မြို့တွင် ကျင်းပလျက်ရှိသည်။

    “ရှေးဟောင်းလက်ရာမျိုးမဟုတ်ဘဲ တမူထူးခြားတဲ့ပုံစံနဲ့ ပြောင်းလဲလာတဲ့ အစ္စလာမ့်အနုပညာပြပွဲတစ်ခုကို ပြသဖို့လိုအပ်တယ်ဆိုတာ ကျွန်မတို့ သိခဲ့ပါတယ်။”ဟု အကျိုးအမြတ်မယူသည့် Islamic Art Exhibit (IAE) ကို တည်ထောင်သူ နဗီလာ ရာဇာ ဆတ်ဂျတ်ဒ် (Nabeela Raza Sajjad) က The Santa Clara Weekly သတင်းစာသို့ ပြောကြားသည်။

    မတူညီသော ယဉ်ကျေးမှုများအား ပေါင်းကူးပေးထားသည့် “ကုရ်အာန်၏ ဆန်းကျယ်မှုများ” အမည်ရှိ အနုပညာလက်ရာပြပွဲတစ်ခုကို ဆန်တာကလာရာ စင်တရယ် ပါ့ခ် စာကြည့်တိုက် (Santa Clara Central Park Library) တွင် ဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်းအထိ ပြသသွားမည်ဖြစ်သည်။

    အဆိုပါပြပွဲတွင် မွတ်စလင်အသိုင်းအ၀ိုင်းမှ အနုပညာရှင်များ ဖန်တီးထားသော အနုပညာလက်ရာ ၅၀-ခန့်ကို စုစည်းပြသထားပြီး ကုရ်အာန်ဆိုင်ရာ အနုပညာကွန်မြူးမှုကို အခြေခံထားခြင်းဖြစ်သည်။

    ရာစုနှစ်ပေါင်းများစွာက ထွန်းတောက်ခဲ့သော အစ္စလာမ် အနုပညာဖန်တီးမှုများကို လေးစားအားကျခြင်းမှ ဖြစ်တည်လာသော အဆိုပါပြပွဲသည် ရှေးဟောင်းလက်ရာများမှ ယခုခေတ်သစ်လက်ရာများသို့ ပြောင်းလဲတိုးတက်လာမှုများအား လူအများ သိရှိလာစေရန် ကြိုးစားခြင်းဖြစ်သည်။

    အဆိုပါပြပွဲတွင် ပြသထားသော အနုပညာပစ္စည်းများကို ဓာတ်ပုံနည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဆန်းသစ်ထားသည့် collage နည်းပညာ (ဓာတ်ပုံ၊ စက္ကူအပိုင်းအစများ၊ သတင်းစာမှ ညှပ်ယူထားသော စာလုံး၊ ပုံများ စသည်တို့ကို ကော်ဖြင့်ကပ်၍ ဖန်တီးသော အနုပညာလက်ရာ)၊ အခရစ်လစ် စသည့် နည်းပညာအသစ်များကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်သည်။

    “တကယ့်ကို ဂန္တ၀င်နဲ့လက်ရာနဲ့၊ ခေတ်ပေါ်လက်ရာ ရောစပ်ထားတဲ့ဖန်တီးမှုတွေပါ။” ဟု အဆိုပါစာကြည့်တိုက်၏ နည်းပညာဆိုင်ရာလက်ထောက် အီဗန် အက်စ (Evan S) က ပြောသည်။

    အစ္စလာမ့်ခေတ်ဦး အနုပညာလက်ရာပြပွဲများကို အမေရိကန်နိုင်ငံတ၀ှမ်းတွင် လွန်ခဲ့သော ၂ နှစ်ခန့်က ကျင်းပခဲ့ပြီးဖြစ်သည်။

    “တီထွင်မှု ၁၀၀၁” ပြပွဲဟု အမည်တွင်ခဲ့ပြီး နယူးယောက်၊ ကယ်လီဖိုးနီးယားအပါဝင် အမေရိကန်ရှိ ပြည်နယ်များတွင် လှည့်လည်ကျင်းပခဲ့ကာ သိပ္ပံပညာ မတိုးတက်သေးမီကာလက နက္ခတ္တဗေဒ၊ ဂဏန်းသင်္ချာ၊ ဗိသုကာပညာ၊ ဆေးပညာနှင့် အင်ဂျင်နီယာပညာရပ် အစရှိသောနယ်ပယ်များ၌် မွတ်စလင်ပညာရှင်များ၏ စွန့်ဦး တီထွင်ဆန်းသစ်မှုများကို ဖော်ထုတ် ပြသခြင်းဖြစ်သည်။

    တရားဝင်ကောက်ယူထားသော မှတ်တမ်းများမရှိသော်လည်း အမေရိကန်နိုင်ငံတ၀ှမ်းတွင် မွတ်စလင်ဦးရေ ၇-သန်းမှ ၈-သန်းအထိရှိမည်ဟု ခန့်မှန်းရသည်။

    ဆက်သွယ်ခြင်း။

    အဆိုပါပြပွဲတွင် ခင်းကျင်းပြသထားသော အနုပညာလက်ရာများက လာရောက်ကြည့်ရှုသူများကို နှစ်ထောင်းအားရဖြစ်စေခဲ့ပြီး ခေတ်ပေါ်နည်းပညာအသုံးပြု၍ ရေးသားထားသော အာရဗီလက်ရေးအလှများကိုလည်း ချီးကျူးခဲ့ကြသည်။

    “အရမ်းကို လှပပြီး ယဉ်ကျေးမှု၊ အနုပညာနဲ့ ဘာသာတရား စတာတွေကို အတူတကွ ပေါင်းစပ်ထားတဲ့လက်ရာတွေပါ။”ဟု Santa Calra တွင်နေထိုင်သူ စအစ်ဒ် ရာဟီမီ (Said Rahimi) ဆိုသည်။

    “ငြိမ်းချမ်းမှုကိုပေးတယ်။ စိတ်ကို ကြည်နူးစေတယ်။ ပြီးတော့ ဆွဲဆောင်မှုလည်းရှိတယ်လေ။ သိပ်ကိုလှတဲ့ လက်ရေးလက်သားတွေပါပဲ။” ဟု ရာဟီမီ၏ သမီးဖြစ်သူ ဆိုဖီ က အလားတူပြောဆိုသည်။

    အမေရိကန်မွတ်စလင်များနှင့် ၎င်းတို့၏ အနုပညာကြွယ်ဝမှုကို ဆက်စပ်ပေးသော အဆိုပါပြပွဲသည် မွတ်စလင်အနုပညာရှင်များ၏ အနုပညာအရည်အသွေးကို ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းသို့ မျှဝေရန် တွန်းအားပေးမှုတစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

    “ကျွန်မတို့ ဒီ(ကယ်လီဖိုးနီးယား)မှာ မွတ်စလင်ဦးရေ အများကြီးရှိပြီး ဆန်တာကလာရာ မြို့မှာလည်း ဗလီဝတ်ကျောင်းတော်တွေ ရှိပါတယ်။ ဒီလို အစ္စလာမ့် အနုပညာပြပွဲတွေဟာ မွတ်စလင်ပညာရှင်တွေရဲ့ အနုပညာပါရမီကို အခြားသူတွေကို မျှဝေအသိပေးတဲ့ နေရာတစ်ခုပါပဲ။”ဟု စတ်ဂျတ်ဒ် က ပြောကြားခဲ့သည်။

    Source:http://www.onislam.net/english/news/americas/457158-california-showcases-islamic-art-evolution.html

  • အိုင်လိုက်ဗ် (timeslive.co.za) : လေဒီဂါးဂါးကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့တဲ့ မွတ်စလင်မ်ဆန္ဒ ဖော်ထုတ်သူများ မှန်ကန်

    အိုင်လိုက်ဗ် (timeslive.co.za) : လေဒီဂါးဂါးကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့တဲ့ မွတ်စလင်မ်ဆန္ဒ ဖော်ထုတ်သူများ မှန်ကန်

    မေလ ၂၉ ရက်၊ ၂၀၁၂
    ရေးသားသူ – ပေါလ် ကိုကိုစကီး
    iLive Article Section, www.timeslive.co.za, တောင်အာဖရိကသတင်းစာ

    အင်ဒိုနီးရှားမှာ မနေ့ကပြုလုပ်ဖို့စီမံထားတဲ့ လေဒီဂါးဂါးရဲ့ Born This Way Ball ဖျော်ဖြေပွဲကို ကန့်ကွက်ခဲ့ကြတဲ့ မွတ်စလင်မ်များအား ကျွန်တော်က ဂုဏ်ပြုလိုက်ပါတယ်။ (သူမရဲ့ဖျော်ဖြေပွဲကို အင်ဒိုက တာဝန်ရှိသူတွေက တရားဝင်ဖျက်သိမ်းလိုက်တော့ Hardliners rain on Gaga parade ၊ ဂါးဂါးအထိမ်းအမှတ်နေ့ကြီးပေါ် မိုးသက်မုန်တိုင်းတိုက်ခတ်ခြင်းဆိုပြီး နိုင်ငံတကာ သတင်းတွေမှာ ပွထခဲ့ပါတယ်။)

    ဂါးဂါးရဲ့သီချင်းတွေက ကြီးကြီးမားမားဖြစ်စဉ်တွေအတွက် ရည်ရွယ်ထားပြီး စက်ရုံတွေ ပစ္စည်းဖြန့် တဲ့သဏ္ဌာန်မျိုး ထုတ်ဝေဖြန့်ချိတယ်။ အဆုံးစွန်ဖော်ပြရမယ်ဆိုရင်တော့ သူ့သီးချင်းတွေက သမရိုး ကျတွေထဲက အုပ်စုအသစ်ကလေးတစ်ခုပါပဲ။ Born This Way ဆိုတဲ့ သူမရဲ့ အလ်ဘမ်ကတော့ တသီးပုဂ္ဂလပျော်ဝင်စီးမျောရင်းရဲ

့ လိင်ပိုင်းဆိုင်ရာ ခံစားကျေနပ်မှုဖြစ်စေတဲ့ လေ့ကျင့်ခန်း တစ်မျိုး ပါပဲ။ သီးချင်းတွေက ခေါင်းစဉ်နဲ့လိုက်ဖိုက်တဲ့ အဓိကမေးခွန်းကို ဖြေပေးဖို့ ကြိုးစားထား တာမျိုး လုံးဝမရှိပါဘူး။ (မိမိဟာ လူဖြစ်တယ်၊ ဒါပေမယ့် အဲဒီ) လူဆိုတာ တရားဝင်လူဖြစ်ကြောင်း အမှန် တကယ်ဆိုလိုရင်းအဓိပ္ပါယ် (ပေးမထားသလိုပါပဲ။)ဂါးဂါးအတွက်တော့ “Born this Way” ဆိုတဲ့ ဂါထာမန္တယာဟာ လိင်ပိုင်းဆိုင်ရာ ဝိသေသနဲ့ အကွပ် မဲ့နေတဲ့ စည်းအပြင်က ကိစ္စတွေကို ခွင့်ပြုပေးဖို့ (ဖန်တီးထားတဲ့) ချောမွတ်ပြေပြစ်တဲ့ ဆောင်ပုဒ် တစ်ခုပါပဲ။

    သူမဝတ်ဆင်တဲ့ (ကိုယ်ခန္ဓာ)အလယ်ပိုင်းလောက်သာ (ဖုန်းထားတဲ့) အဝတ်အစားကနေစပြီး သီဆို နေစဉ် ကိုယ့်ကိုယ်ကို ကျေနပ်ပြီး အတုအယောင်စိတ်ကြီးဝင်မှုတွေက ဆီးကျလာတဲ့ ဇောချွေးတွေ အထိ၊ လေဒီဂါးဂါးကတော့ လူ့အသိုက်အဝန်းနဲ့ ဆန့်ကျင်မှုအားလုံးဘက်မှာ ရပ်တည်နေပါတော့ တယ်။

     

    Source:http://www.timeslive.co.za/ilive/2012/05/29/muslim-protesters-were-right-to-defy-lady-gaga-ilive

  • ပထမ ကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် တူရကီစစ်သားများ

    ပထမ ကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် တူရကီစစ်သားများ

    ပထမကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် တူရကီအကျဉ်းသားများ ဖွဲ့ထားတဲ့ ဘောလုံးအသင်း (ဒီစာအုပ် စာမျက်နှာ ၂၃၈)

    မိတ္ထီလာမှာ တူရကီ စစ်သင်္ချိုင်းဟောင်း ရှိတယ် တဲ့။ ဒီကနေ့ထုတ် ကြေးမုံ စာမျက်နှာ ၆ မှာ ရေးထားပါတယ်။

    ပထမကမ္ဘာစစ်အတွင်း သုံ့ပန်းဖြစ်သွားတဲ့ တူရကီစစ်သား အများအပြား မိတ္ထီလာဘက်ကို ရောက်လာတယ်၊ သူတို့ရဲ့ သင်္ချိုင်းကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ တူရကီသံအမတ် Mr. Murat Yuvaz လေ့လာနေတယ်လို့ ဆိုတယ်။

    အဲဒီနယ်ကို ရောက်ခဲ့တဲ့ တူရကီစစ်သား လေးရာကျော်တယ် တဲ့။

    ကျဆုံးရတဲ့ တူရကီစစ်သား အရေအတွက် တသောင်း ရှိမယ်လို့ သံအမတ်က ဆိုတယ်။ မြန်မာပြည်ကို ဖမ်းလာပြီး သေဆုံးသွားတဲ့ အရေအတွက် ဖြစ်နိုင်ပါတယ်။

    ပထမကမ္ဘာစစ်က ၁၉၁၄ မှာ ဖြစ်တာ ၄ နှစ် ကြာပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့အချိန်ပေါ့။)

    မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်၊ ပြင်သစ်တို့က တဘက်။
    ဗဟို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ သြစတြီးယားတို့က တဘက်။ အဲဒီဘက် ၀င်ကူတဲ့ နိုင်ငံတွေထဲမှာ တူရကီ ပါပါတယ်။

    (နောက် အနှစ် ၂၀ အကြာမှာ ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်မှာတော့ တူရကီက ငြိမ်သက်နေခဲ့ပြီး စစ်ပြီးခါနီးမှာ မဟာမိတ်ဘက်က ရပ်တည်လိုက်ပါတယ်)

    ကြေးမုံသတင်းအရ ဆိုရင် ပထမကမ္ဘာစစ်အတွင်း ဖမ်းမိတဲ့ တူရကီ သုံ့ပန်းတွေ မိတ္ထီလာဘက် ရောက်လာပါတယ်။ အင်္ဂလိပ်က အဲဒီအချိန် သူသိမ်းထားတဲ့ မြန်မာပြည်ထဲကို ဒီသုံ့ပန်းတွေ ပို့လိုက်တဲ့သဘောပါ။
    အခုတော့ တူရကီသံအမတ်က သူတို့ရဲ့ သင်္ချိုင်းကို ပြုပြင် ထိန်းသိမ်းနိုင်ဖို့ သွားရောက် လေ့လာနေပါပြီ တဲ့။

    ဒါက မြေပုံပေါ်က တူရကီ နဲ့ မြန်မာပြည်
    တူရကီအကျဉ်းသားတွေကို ထားခဲ့တဲ့ မြန်မာပြည်က နေရာ ၄ ခု
    (ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးမှာ ရှိခဲ့တဲ့ တူရကီသုံ့ပန်းစခန်းများ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထား)
    တူရကီမှာ တွေ့ရတဲ့ အင်္ဂလိပ်လက်အောက်ရောက် တူရကီတပ်သားများ (ဓာတ်ပုံ – www.firstworldwar.com)

     

    အင်္ဂလိပ်တပ်တွေနဲ့အတူ တွေ့ရတဲ့ ဒဏ်ရာရ တူရကီ သုံ့ပန်းများ (ဓာတ်ပုံ – www.firstworldwar.com)

    အင်္ဂလိပ်ပိုက်နက် အိန္ဒိယ မြန်မာ နယ်ထဲမှာ တူရကီ အကျဉ်းသားတွေကို ထားရှိတဲ့ စခန်း ၁၀ ခု အကြောင်း စာအုပ်မှာတော့ အကျဉ်းစခန်းတွေဟာ သရက်၊ ရွှေဘို၊ မိတ္ထီလာ၊ ရန်ကုန်တို့မှာ ရှိတယ် လို့ ရေးထားပါတယ်။

    အောက်က အချက်အလက်တွေကတော့ အဲဒီစာအုပ်

    REPORTS ON BRITISH PRISON-CAMPS IN INDIA AND BURMA
    VISITED BY THE INTERNATIONAL RED CROSS COMMITTEE
    IN FEBRUARY, MARCH AND APRIL, 1917

    မှာ တွေ့ရတဲ့ အချက်တွေပါ။

    စခန်းတွေကို ICRC လို့ ခေါ်တဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီက ၁၉၁၇ နှစ်ဆန်းပိုင်း သွားရောက်လေ့လာချက် အစီရင်ခံစာ လို့ စာအုပ် မျက်နှာဖုံးမှာ ရေးထားပါတယ်။

    အကျဉ်းစခန်းအမည်နဲ့ အကျဉ်းသားအရေအတွက် (အများစုက သုံ့ပန်း)
    သရက်မြို့စခန်း – ၃၅၉၁
    ရွှေဘိုစခန်း – ၉၀
    မိတ္ထီလာစခန်း – ၁၉၁၇ တွင် အသုံးပြုခြင်းမရှိ
    ရန်ကုန်စခန်း – ??

    ICRC မြန်မာပြည်ထောင်တွေကို လာစစ်တာ ၁၉၁၇ ကတည်းကလို့ ဆိုနိုင်ပါတယ်။

    သရက်စခန်းမှာ အကျဉ်းသားတွေ မြို့ထဲသွားခွင့်မရှိ၊ မြို့ထဲက ဗလီတော့ သွားတက်ခွင့်တောင်းတာလည်း မရ၊ အကျဉ်းသားတိုင်း တပတ်ကို စီးကရက် အလိပ် ၄၀ နဲ့ မီးခြစ် ၁ ဘူး ရတယ်၊
    အကျဉ်းသား ၃,၅၀၀ ၀န်းကျင် ရှိတဲ့ထဲက ၁၉၁၆ မှာ ၇၆ ဦး သေဆုံးတယ် တဲ့။

    စာ ၅၉ မှာ ရေးထားတာကတော့ သူတို့ကို မက်ဆိုပိုတေးမီးယန်း စစ်မြေပြင်ကနေ အိန္ဒိယကို ပို့တယ်၊ အဲဒီကနေမှ မြန်မာပြည်ကို ရေလမ်းကနေ ပို့လိုက်တယ်။
    ကလာကတ္တားကနေ ရန်ကုန်ကို ၃ ရက်ကြာတယ် တဲ့။
    ရန်ကုန်ကနေ သရက်ကို ရေလမ်းကသွား၊ မိတ္ထီလာကိုတော့ ရထားနဲ့သွား (တိုက်ရိုက်တော့မဟုတ်)။ အကျဉ်းသားတွေကို ရာထူးအလိုက် ပထမတန်းတွဲ ဒုတိယတန်းတွဲတွေမှာ တင်သွားတယ်လို့ ဆိုတယ်။

    ကြေးမုံ သတင်းစာ ဖော်ပြချက်ကို ဒီမှာ http://1.bp.blogspot.com/-hbD2hLQzaQo/T8SBQAxGCZI/AAAAAAAAG6c/jeY8fvP9Ams/s1600/_MG_4910.jpg ဖတ်ပါ။

     

    Credit -Irrawaddy’s Blog

  • သမိုင်းဟူသည် ဤသို့တည်

    သမိုင်းဟူသည် ဤသို့တည်

    ပြုစုသူ-  ရဲရင့်သစ္စာ

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့်ကျမ်းငယ်

     

    စာရေးသူအမှာစာ

    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို သမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင်လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင်မဟုတ်ဟု သာ ယူဆမိပါသည်။) အတွက် သမိုင်း ကြောင်းတွေကိုနားမလည်တာ၊ အလွဲအမှားတွေရေးတာဟာမထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခ့တဲ့ဲ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန်(အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။) ဖြစ်နေလို့ပါဘဲ။

    အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခ့တဲ့ဲ
    ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကိုကူးယူဖော်ပြပေးချင် ပါတယ်။

    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်

    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ပညာရှင်များကိုယ်တိုင်ကစာမူကိုဖတ်ရှုတည်းဖြတ် ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်း အကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်းမိပါတော့တယ်။
    ကျွန်တော်သမိုင်းပညာရှင်တစ်ဦးလုံးဝမဟုတ်ပါဘူး၊သို့သော်သမိုင်းပညာရပ်နဲ့ပညာရှင်တွေကိုချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်းလေ့လာလိုက်စားဖြစ်ပါတယ်။ ကျွန်တော်လေးစားရတြဲ့မန်မာနိုင်ငံက သမိုင်းပညာရှင်ကြီးတွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်…..
    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့ သမိုင်းကိုသစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။ အဲဒီအဖြစ်မျိုးရောက်မှာကိုတော့အလန်ွရံွေ ကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာအယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့ အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက်တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ် ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်းသဘောတူမယ်လို့ ယုံကြည်မိပါတယ်။

    Thamine Hu The

     

  • မြို့နယ်လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနား မော်လမြိုင်တွင် ကျင်းပ

    မြို့နယ်လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနား မော်လမြိုင်တွင် ကျင်းပ

    မော်လမြိုင်မြို့လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနားကြီးကို (27.5.2012)နေ့တွင် မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
     

    တမန်တော်နေ့အခမ်းအနာတွင် ဆရာဦးလှရွှေ တရားချူပ်ရှေ့နေမှ တရားဟောကြားနေစဉ်

    မွန်ပြည်နယ် သာသနာရေးမှူး ရုံးမှ ညွန်ကြာရေးမှူး  ဦးလူမွန်မှ အမှာစကားပြောကြား နေစဉ်