မေလ ၂၆ ရက် ၂၀၁၂။ ဘင်ဂျမင် ဝိန်ထဲလ်။
ဂျေရုစလင်မ် ပို့စ်သတင်းစာ။

မေလ ၂၆ ရက် ၂၀၁၂။ ဘင်ဂျမင် ဝိန်ထဲလ်။
ဂျေရုစလင်မ် ပို့စ်သတင်းစာ။
ဂေဟဗေဒစနစ်ကာကွယ်ခြင်း အရေးကြီးပုံနှင့်ပက်သက်၍ အစ္စလာမ်၏ သင်ကြားမှုများကို မီးမောင်းထိုးပြထားသည့် စာအုပ်တစ်အုပ်ကို မလေးရှားနိုင်ငံတွင် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။ ထိုစာအုပ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပက်သက်၍ အစ္စလာမ်သာသနာ့ရှုထောင့်မှ တင်ပြထားပြီး ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) ၏ ဟဒီဆ်းတော်များကို တိုက်ရိုက်ကိုးကားမည်ဖြစ်သည်။
“ဒီစာအုပ်ကို မွတ်စလင်တွေအတွက် ရည်ညွှန်းချက်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကူညီနိုင်တဲ့ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ အတွက်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တွေ၊ တမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်တော်တွေနဲ့ အချက်အလက်ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ ဒီစာအုပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေသူ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မှာပါ။” ဟု Institute of Islamic Understanding Malaysia (IKIM)၏ ဒါရိုက်တာဖြစ်သူ မွတ်စ်တာဖါ ဟာဆန် (Mustapha Hassan) က Malaysia Star သတင်းစာသို့ မေလ ၂၁ ရက်၊ တနင်္လာနေ့က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံရှိ World Wide Fund for Nature (WWF) မှ စီစဉ်လျက်ရှိသော အဆိုပါစာအုပ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ဝေနိုင်မည်ဖြစ်သည်။ မွတ်စလင်များအား ရည်ညွှန်းခြင်းဖြစ်ပြီး အထူးသဖြင့် အီမာမ်များ၊ ပညာရှင်များနှင့် အစ္စလာမ့်ဓမ္မဆရာများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကဏ္ဍတွင် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ မွတ်စ်သာဖာ၏ပြောဆိုချက်အရ အဆိုပါစာအုပ်ထုတ်ဝေခြင်းသည် အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာကြီးကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အစ္စလာမ်နှင့် မွတ်စလင်များအဖို့ သုတေသနလုပ်ငန်းများလုပ်ဆောင်ရန် IKIM ၏ ဆောင်ရွက်ချက်ဖြစ်သည်။
“အစ္စလာမ်ရဲ့သင်ကြားမှုနဲ့ စပ်ဆက်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန်တွေရဲ့ ကဏ္ဍတွေ၊ ပြဿနာတွေကို ကျွန်တော်တို့ အလေးထားချင်ပါတယ်။” ဟူ မွတ်စ်တာဖာက ဆိုသည်။
အဆိုပါစာအုပ်ထုတ်ဝေရန် ပြင်ဆင်သည့်အနေဖြင့် IKIM ၏ စာရေးဆရာများသည် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်များအား WWF Malaysia မှ ထိန်းသိမ်းစောင့်ရှောက်ထားသည့် Perak ပြည်နယ် Gerik ခရိုင်နှင့်၊ Terengganu ပြည်နယ် Setiu ခရိုင်တို့ရှိ the Belum-Temengor Forest Complex များသို့ သွားရောက်လေ့လာခဲ့သည်။
“နေရာနှစ်ခုစလုံးကတော့ နိုင်ငံရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ မလေးကျားနဲ့၊ ပင်လယ်လိပ်အပါအ၀င် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်တွေရဲ့ ဗိမာန်တွေပါပဲ။ ကျွန်တော်တို့ ထုတ်ဝေမယ့် စာအုပ်မှာ အလေးပေးဖေါ်ပြသွားမှာပါ။” ဟု မွတ်စ်တာဖာက ဆိုသည်။
အဆိုပါစာအုပ်သည် သားရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပက်သက်၍ အစ္စလာမ်၏သင်ကြားမှုများကို မီးမောင်းထိုးပြရန် အားထုတ်လုပ်ဆောင်နေမှု၏ တစိတ်တပိုင်း ဖြစ်လေသည်။
“၂၀၀၈ ခုနှစ်က Terengganu ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ဗလီပေါင်း ၄၂၈ လုံးကို ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။’ ဆိုတဲ့ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာ ဟောကြားစေခဲ့ပြီး၊ ဒါဟာ WWF-Malaysia၊ IKIM နဲ့ ဒေသတွင်းအဖွဲအစည်းတွေရဲ့ ပူးပေါင်းအားထုတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ Kelantan ပြည်နယ်Jeli မြို့မှာလည်း ပြည်နယ်အီမာမ်က ပေးပို့တဲ့ ‘ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသော တိရစ္ဆာန်များ’ ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာဟောကြားခြင်းကိုလည်း ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပြီး၊ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း Perak မှာ ကျင်းပပြီးဖြစ်ပါတယ်။”ဟု WWF-Malaysia၏ အကြီးတန်းအရာရှိ Dato’ Dr. Dionysius Sharma က WWF ၀ဘ်ဆိုဒ်သို့ ပြောကြားသည်။
WWF-Malaysia (World Wildlife Malaysia) သည် မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းပေါင်း ၇၅ ခုကျော်တွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ၁၉၇၂-မှစ၍ ကျား၊ ပင်လယ်လိပ်များကဲ့သို့ ပျောက်ကွယ်လုနီးပါး တိရိစ္ဆာများအား စုဆောင်းထိန်းသိမ်းခြင်းလုပ်ငန်း၊ မြစ်များ၊ ပင်လယ်များနှင့်၊ ကုန်းမြင့်ဒေသရှိ သစ်တောများ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်း စသည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့သော အဖွဲ့လည်းဖြစ်သည်။
မူရင်းကိုးကားသတင်း-http://ww2.onislam.net/english/news/asia-pacific/457186-malaysian-book-highlights-green-islam.html
ဘာသာပြန်-ဝေဇင်
မေလ-၂၅ရက်။ ။သောကြာနေ့တွင် အိုင်အေအီးအေအကြီးအကဲ အမာနိုက အိုင်အေအီးအေဘုတ်အဖွဲ့သို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြောင်း နိုင်ငံတကာ အစ္စလာမ်မစ် သတင်းအေဂျင်စီ (အိုင်အာရ်အင်အေ)က ဖော်ပြသည်။
အိုင်အေအီးအေ အကြီးအကဲ ယူကီးရ အမာနို
ထိုအစီရင်ခံစာတွင် စုံစမ်းစစ်ဆေးမှုများအရ အီရန်နူးအစီအစဉ်၌ တစ်စုံတစ်ရာ အလှည့်အပြောင်း မတွေ့ရကြောင်း တင်ပြထားသည်။ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အီရန်၏ အိုင်အေအီးအေ ကိုယ်စားလှယ် အလီအက်ဆ်ဂဲရ် စုလတားနီးယားက “အမာနိုရဲ့အစီရင်ခံစာအရ အီရန်အက်တမ်မစ် နည်းပညာ(နူးကလီးယား) ဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ယူရေနီယံသန့်စင်မှုလုပ်ငန်းတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း အနေအထားမှာ ရှိနေတယ်ဆိုတာ နောက်ထပ် သက်သေတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ပြင်အီရန်ကလည်း အိုင်အေအီးအေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
သတင်း – http://www.presstv.ir/detail/
မလေးရှားနိုင်ငံ ပီနန်းမြို့တွင် မြန်မာအများစု စီးနင်းလာသော ခရီးသည်တင်ယာဉ်ဟာ အမြင့်ပေ ၁၀မီတာ (ပေ၃၀) ခန့်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားမှုကြောင့် မြန်မာလူမျိုး ၂ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကွယ်လွန်သူဟာ ဦးအောင်ကျော်(ခ) အဗ္ဗဒွလ် ဂျတ်ဗါး (Abdul Jatba) ၄၇နှစ် ဖြစ်ပြီး ဘတ်စ်ကား ထဲကနေ အပြင်ကို လွင့်စင်ကျသွားခဲ့တာပါလို့ သိရပါတယ်။ တခြား ကွယ်လွန်သူကတော့ မည်သူဖြစ်မှန်းယခုထိ အမည်နှင့်တကွ မသိရသေးပါ၊ ထိုသူဟာ ယာဉ်အပျက်အစီးများ ထဲက ထုတ်ပြီးမှ ဒဏ်ရာများနဲ့ ဆုံးပါးသွားတာလို့သိရပါတယ်။ ဒီဖြစ်ရပ်မှာ ဘတ်စ်ကား ခေါင်းမိုးတစ်ခုလုံး ပြုတ်ထွက်သွားပါတယ်။
ပီနန်းမှ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ.မှ ချောက်ထဲပြုတ်ကျ ပျက်ဆီးနေတဲ့ ဘတ်စ်ကားအား စစ်ဆေးကြည့်ရှု.နေကြစဉ်။
ဘာလစ်ပူလော (Balik Pulau) ရဲဌာန မှ အကြီးအကဲ မိုဟမ္မဒ် ဟာတာ မိုဟမ္မဒ် ဇိန် (Mohd Hatta Mohd Zain) က ဘတ်စ်ကားထဲမှာ ကားမောင်းသမား ၂ဦးအပါအဝင် လူစုစုပေါင်း ၄၆ဦး စီးနင်းလိုက်ပါခဲ့ပြီး မြန်မာလူမျိုးများဟာ ဒီမှာ ကျင်းပတဲ့ ဘာသာရေးအစီအစဉ်တစ်ခုကို သွားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ည ၈ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၃ဦးဟာ အရေးပေါ် အခြေအနေမှာရှိပြီး တခြားသူများက သာမန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။
လေထန်ပြီး ရှုပ်ထွေးနေတဲ့ ထွန်းစာဒွန်းလမ်းမကြီး (Jalan Tun Sardon) မှာ မနေ့ည ၈ နာရီမှာ တောင်စောင်းကနေ ယာဉ်အဆင်းတွင် ကားမောင်းသမားက အရှိန်မထိန်းနိုင်ခဲ့ပါဘူး။ ရဲများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများ၊ အရပ်ဘက်ကူညီကယ်ဆယ်ရေးသမားများက ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ အလင်းရောင်နဲပါးမှုကြောင့် နှောင့်နှေးခဲ့ကြပါတယ်။
မီးသတ်သမားများဟာ ကျဉ်းမြောင်းလွန်းတဲ့ တောင်စောင်းမှာ ကြိုးတွေချပြီး ကယ်တင်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဘာလစ်ပူလော ဆေးရုံကို ပို့ပေးကြပါတယ်။ အချို.ကို ပီနန်း ဆေးရုံကြီးကို လွဲပြောင်းပို့ပေးခဲ့ကြပါတယ်။
ဘတ်စ်ကားအနောက်ဘက်မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ထိန်ဝင်း (၃၀နှစ်)က ဘတ်စ်ကားဟာ တိမ်းစောင်းသွားတာကို သိလိုက်ရပြီးတော့ အော်ကြ၊ ညည်းတွားကြတဲ့ အသံတွေပါ တဆက်ထဲ ကြားလိုက်ရတယ်
“နောက်သိလိုက်ရတာက ဘတ်စ်ကားက တိမ်းမှောက်သွားပြီး လူတိုင်းက ထွက်ပေါက်ကို ကြောက်လန့်တကြား ရှာနေကြတယ်” လို့ ဆိုပါတယ်။ သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး အရေပြားမှာ အညိုအမည်းတွေစွဲသွားခဲ့ပါတယ်။
တခြားခရီးသည်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ် ရှုအိုက်ဘ် (Mohd Shuib) ကတော့ တစ်ခုခု မီးလောင်သလို အနံမျိုးကို အရင်ရလိုက်တယ်။ ”သိပ်မကြာခင်ပဲ ဘတ်စ်ကား ဓါတ်မီးတိုင်နဲ့ တိုက်ပြီး တိမ်းမှောက်သွားတော့တာပဲ” လို့ဆိုပါတယ်။
ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်မှူး အတ်ဇမီ တာနတ် (Azmi Tanat) က မနေ့က ည ဂ နာရီ ၅ မိနစ်လောက်မှာ သူတို့ အကူအညီတောင်းတဲ့ ဖုန်းဆက်သတင်း ရရှိခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဖြစ်ပွားရာနေရာကို ပထမ မီးသတ်ကား ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
source: http://thestar.com.my/news
ကွာလာလမ်ပူမှ အကူညီပေးမည့် သူများမှာ ညတွင်းချင်း ပီနန်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။
Israel’s Nuclear, Biological and Chemical Weapons by Stephen Lendmen (Source) ၊ မေလ ၁၇ ရက် ၊၂၀၁၂ နေ့စွဲပါ ဆောင်းပါးကို အတိုချုန်း တင်ဆက်ထားပါသည်။
အကျယ်ဖတ်ရှုရန် – http://www.opednews.com/articles/1/Israel-s-Nuclear-Biologic-by-Stephen-Lendman-120517-920.html