News @ M-Media

Blog

  • သမိုင်းနဲ့သွေး အတွက်ရတဲ့ အလေး

    မြန်မာမွတ်စလင်မ်…..
    လူ့အညွှန့်တုံးဘဝကိုပျက်
    ယဉ်ကျေးမှုနာစေတဲ့
    အရက်ဆိုင်ဖွင့်စီးပွါးမရှာ

    မြန်မာမွတ်စလင်မ်
    စာရိတ္တပျက် နိုင်ငံသိက္ခာကျ
    အရှက်ရစေတဲ့
    ဇိမ်ခန်းဖွင့် စီးပွားမရှာ

    မြန်မာမွတ်စလင်မ်
    စီးပွားပျက် အကြွေးနွံ့နစ်
    ဘဝတုံးစေတဲ့
    အပေါင်ငွေတိုးစီးပွါးမရှာ

    မြန်မာမွတ်စလင်မ်
    တိုင်းပြည်သစ္စာဖောက်
    အကျိုးယုတ်စေတဲ့
    ယုတ်ညံ့အလုပ်ဘယ်မလုပ်

    မြန်မာမွတ်စလင်မ်
    အမျိုးကောင်းသမီးကို တိုင်းတစ်ပါး
    ရောင်းစားစီးပွါးမရှာ

    မြန်မာမွတ်စလင်မ်
    ခေတ်အဆက်ဆက် ပြည့်အရေး
    ရှေ့ဆုံးကနေ ဇီဝိန်ပေး စတေး

    သမိုင်းအစဉ်အလာကောင်း
    မြန်မာမွတ်စလင်မ်တို့

    ဒီနေ့ ….
    ဒီမြေမှာမွေး ဒီပြည်မှာကြီးပြီး
    ဒီနိုင်ငံသားအဖြစ် အရာမသွင်းချင် …
    ထစ်ခနဲဆိုေ-ာက်ကုလားလို့
    ခွဲခြား……

    မြေအတွက်သမိုင်းနဲ့သွေးပေးခဲ့လို့
    အသိအမှတ်ပြုနေတာလားနောင်တော်တို့။

     

    ချစ်ဦး နှင့် ကျာကျာကြီး ရေးဖွဲ့သည်။

  • မွတ်စလင်မ်တွေကို အကြမ်းဖက်သမားတွေလို့ ဘယ်သူပြောလဲ ?

    မွတ်စလင်မ်တွေကို အကြမ်းဖက်သမားတွေလို့ ဘယ်သူပြောလဲ ?

    အကြမ်းဖက်ဝါဒနဲ့ပက်သက်ပြီး မေးတဲ့ မေးခွန်းကို ဂျာမန်မွတ်စလင်မ်သာသနာ့ပညာရှင် ပြန်ဖြေတဲ့ အဖြေကို

    ကျွန်တော် သဘောကျမိတယ်။

    သူပြန်ဖြေတာက ဒီလိုဗျ….

    ပထမကမ္ဘာစစ် ကိုဘယ်သူစတင်ခဲ့သလဲ? မွတ်စလင်မ်တွေလား?….

    ဒုတိယကမ္ဘာစစ် ကိုကောဘယ်သူစတင်ခဲ့သလဲ? မွတ်စလင်မ်တွေလား?

    သြစတြေးလျမှာ အဘိုးရီဂျင်း မျိုးနွယ်ဝင် လူသန်းပေါင်း၂၀ လောက်ကို ဘယ်သူသတ်ခဲ့လဲ?မွတ်စလင်မ်တွေလား?

    နာကာဆာကီ နဲ့ ဟီရိုရှီိးမားမြို့တွေကို ဘယ်သူ နြူးကလီးယားဗုံးကျဲခဲ့တာလဲ… မွတ်စလင်မ်တွေလား?

    မြောက်အမေရိကက အင်ဒီးယန်း လူသန်းပေါင်း ၁၀၀ ကျော်ကို ဘယ်သူသတ်ခဲ့တာလဲ မွတ်စလင်မ်တွေလား?

    တောင်အမေရိက က အင်ဒီးယန်း လူသန်းပေါင်း ၅၀ ကျော်ကို ဘယ်သူသတ်ခဲ့တာလဲ မွတ်စလင်မ်တွေလား?

    အာဖရိကက လူသန်းပေါင်း ၁၈၀ ကို အစေခံကျွန်တွေအဖြစ် ဘယ်သူ သိမ်းပိုက်ခဲ့ပြီး

    အဲ့ဒီ့ထဲက ၈၈% ကို အတ္တလန္တိတ်သမုဒ္ဒရာထဲကို ဘယ်သူ (ရက်ရက်စက်စက်) ပစ်ချခဲ့ကြတာလဲ… မွတ်စလင်မ်တွေလား?

     

    မဟုတ်ဘူး…

    သူတို့မလုပ်ခဲ့ဘူး..

    မွတ်စလင်မ်တွေ မလုပ်ခဲ့ကြဘူး။

    ပထမဆုံး….အကြမ်းဖက်ဝါဒ ဘာလဲဆိုတာကို အရင် သေသေချာချာ အဓိပါယ်ဖွင့်ကြည့်ဖို့ လိုပါမယ်။

    တကယ်လို့ မွတ်စလင်မဟုတ်သူတစ်ယောက် မကောင်းတာ တခုခုလုပ်ရင်…အဲ့ဒါက ပြစ်မှုတဲ့ဗျ

    တကယ်လို့ အဲ့ဒီ့အရာကိုပဲ မွတ်စလင်မ်တစ်ယောက်ကလုပ်ခဲ့ရင် သူ့ကို အကြမ်းဖက်သမားတဲ့ဗျာ…

    ဒါ့ကြောင့် ဒီလို အမြင်၂မျိုးဖြစ်နေတဲ့ standard ကိုအရင် ဖယ်ရှားဖို့လိုပါတယ်ခင်ဗျ…ပီးမှ လိုရင်း point ကိုပြောသင့်တယ်။

    https://www.facebook.com/photo.php?fbid=278437098909202&set=a.262581083828137.64407.100002287420291&type=1 မှ ကူးယူ ၍ ဘာသာပြန်ဆိုပါသည်…

    * * * * * * * ** * * ** * * ** * * ** * * ** * * ** * * ** * * ** * * *

    တကယ်တမ်း သူတို့ သတ်ခဲ့တဲ့..ဗုံးတွေကြဲခဲ့ခြင်းခံခဲ့ရတဲ့ လူသန်းပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ကြတဲ့ လုပ်ရပ်ဟာ

    ပန်းနဲ့ပေါက်ခဲ့ခြင်း မဟုတ်ပါဘူး။

    လူသား မျိုးနွယ်ထုတွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့ကြတာပါ။

    တိရစ္ဆာန်တွေတောင် မျိုးမသုဉ်းအာင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ကြသေးတာပဲ..

    လူသားက အင်မတန် အသိဥာဏ် မြင့်မားပြီး တန်ဖိုး ကြီးပါတယ်။

    ဒီလို မျိုးဖြုတ်သတ်ဖြတ်ခဲ့ခြင်းက အကြမ်းဖက် လုပ်ရပ် မဟုတ်ဘူးလား ဟု မေးချင်ပါသည်။

    ကမ္ဘာ့ငြိမ်းချမ်းရေး ဖြို ခွဲနေသူများမှာ မည်သူများ ဖြစ်သူကို ကမ္ဘာသူ ကမ္ဘာသားများ မှန်မှန်ကန်ကန် သိစေချင်ပါသည်။

    အစ္စလာမ်က လူသားများအား အဓိပါယ်မဲ့ နိုင်ထက်စီးနင်း လုပ်ဖို့၊ ရက်စက်စွာ သတ်ဖြတ်ဖို့ ဝေးစွ…

    ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၅ အာယတ် ၃၂ မှာတောင်

    လူတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်းသည် လူသား မျိုးနွယ်ထု တစ်ရပ်လုံး၏ အသက်ကို ကယ်တင်သကဲ့သို့ ဖြစ်သလို

    လူသားတစ်ယောက်ကို သတ်လျှင် လူသားမျိုးနွယ်ထု တစ်ရပ်လုံးကို သတ်သလိုဖြစ်သည် လို့ သင်ထားပါတယ်။

    Noble

  • ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

    NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

    (ဓါတ်ပုံ AFP ) NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။

    “ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။” ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။ ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

     

    credit-RFA

  • ဖားကန့်မြို့ ဆိုင်းတောင်ရွာမှ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ

     

    မြစ်ကြီးနား ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာတွင်ဖြစ်သော အဖြစ်အပျက်မှာ၁၉၉၄ ခုနှစ်တွင်ထရံကာသွပ်မိုး ဖြင့် အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်မ်များအတွက် ၀တ်ပြုဆောင်တည်ဆောက်ဝတ်ပြုခဲ့ပါသည်။
    ၁၈နှစ်ခန့်ကြာပြီဖြစ်၍ သစ်များထရံများပျက်စီးသဖြင့်ပြုပြင်ရန် စီစဉ်ခဲ့ပါသည်။ပေ၃၀-၄၀ ၀န်းကျင်အဆောင်ဖြစ်ပါသည်။ယခုနှစ်ပိုင်းတွင်ဘုန်းတော်ကြီးကျောင်းဆွမ်းစားဆောင် ကျပ်သိန်း၂၀၀၀တန်ကို ခွင့်ပြုမိန့်မပါဘဲ တည်ဆောက်ထားပြီးဖြစ်ပါသည်။ မြေနေရာအားလုံးသည် ကျောက်လုပ်ကွက်မြေများဖြစ်ပါသည်။ ဂရံမြေ ၊ သာသနာ့မြေများမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်များ၏ပြုပြင်မှုကိုသာ ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြခိုင်းသဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင်ပျက်စီးပုံကို တင်ပြခဲ့ပါသည်။

    ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာရေးအဆောက်အဦများလည်း တင်ပြမှုမရှိဘဲ အသစ်လဲဆောက် ၊ အဟောင်းလည်းပြုပြင်ကြသဖြင့် အစ္စလာမ်ဝတ်ပြုဆောင်ကိုပြုပြင်ခဲ့ပါသည်။ ၂၀-၁-၂၀၁၂ နေ့တွင် စတင်ပြင်ဆင်ပြီးဖေဖော်ဝါရီလလည်တွင်ပြီးခဲ့ပါသည်။ ၇-၄-၂၀၁၂နေ့ ( စနေနေ့ ) တွင်ထိုဝတ်ပြုဆောင်တွင် ဆက်လက်ဝတ်ပြု ခြင်းမပြုရန် ဖားကန့်(မ.ရ.အ)ဦးငြိမ်းထွန်းကျော် ညွှန် ကြားချက်အရပိတ် ခဲ့ရပါသည်။
    ၁၂-၄-၂၀၁၂ နေ့တွင်၎င်းဝတ်ပြုဆောင်ဝင်းအတွင်းကို ညနေ ၆း၃၀ မှစတင်ကာ မြို့ဦးတောရကျောင်း ဘုန်းကြီးနှင့်အတူ သင်္ကန်းဝတ် ၁၂ပါး၊ NLD ပါတီဝင်များမှ ကိုကျော်မြင့်၊ကိုသန်းဇော်လတ်၊ကိုလှမင်းတို့ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြေစာရင်း၊ စည်ပင် အသီးသီးလာရောက်ကာ အင်အားနည်းသူကို အင်အားသုံးကာ ဖျက်ဆီးပစ်ခဲ့ပါသည်။ အပြင်ဘက်တွင်သင်္ကန်းဝတ် အပါး ၁၀၀ခန့်နှင့်အခြားပြည်သူများလည်းပါဝင်ပါသည်။ ည၁၀း၀၀ခန့်တွင် စစ်သားများရောက်လာကာ စောင့်ကြည့်ပေးသော်လည်း ဖျက်ဆီးနေမှုကိုတားဆီးခြင်းလုံးဝမရှိဘဲ ည ၂း၀၀ လောက်မှသာလျှင်ဖျက်ဆီးခြင်းကိုရပ်ပါသည်။ ဝတ်ပြုဆောင်မှာ လုံးဝ ပျက်စီးသွားကြောင်းသိရှိရပါတယ်။

    အစ္စလာမ်ဘာသာဝင်များဘက်မှ လူချင်းခိုက်ရန်မဖြစ်စေရန် သတိထားရှောင်တိမ်းခဲ့ပါသည်။ (၁၃-၄-၂၀၁၂) သောကြာနေ့တွင် ဖားကန့်မြို့ပေါ်ရှိ ဗလီ ၊လုံးခင်းဗလီများကိုပါ ဖျက်ဆီးပစ်မည်ဟု ပြောသဖြင့် ပိတ်ထားရကြောင်းသိရှိရပါတယ်။
    ယခုလိုဖြစ်ရပ်မျိုးဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြေခံဥပဒေပါ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်ရာကြပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အကြိမ်ပေါင်းများစွာ ပြည်သူလူထုကို အသိပေး ကတိပေး ပြောကြားခဲ့သာ rule of law ကို စိန်ခေါ်ရာလဲ ရောက်ပါတယ်။ ဥပဒေမဲ့ အကြမ်းဖက် လုပ်ဆောင်ခဲ့သူ အားလုံးကို အရေးယူပေးပြီး အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်မ်တို့၏ နိုင်ငံသားအခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးဖို့ လုပ်ဆောင်ပေးဖို့ မိမိတို့ M-Media မှ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့အား သိရှိစေရန် တင်ပြအပ်သည်။

    သတင်းအချက်အလက်များကို FB-LWT page မှ ယူပါသည်။

    ဓါတ်ပုံကို ကချင်သတင်းဌာနမှ ကူးယူတင်ပြသည်။