News @ M-Media
Blog
  • အစ္စလာမ့်နည်းလမ်းကျ ဘဏ်လုပ်ငန်းဟူသည် မွတ်စလင်မ်လူထု အတွက်ပဲမဟုတ်
    အစ္စလာမ့်နည်းလမ်းကျ ဘဏ်လုပ်ငန်းဟူသည် မွတ်စလင်မ်လူထု အတွက်ပဲမဟုတ်
    Islamic ဆိုသော စကားလုံးသည် မွတ်စလင်မ် လူထုကိုရည်ညွှန်းသော်လည်း Islamic Banking and Finance မှာမူမတူညီကွဲပြားသောကိစ္စဖြစ်သည်။ ၄င်းသည်လူတစ်ဦးချင်းစီ၏ တန်ဖိုး၊ လူ့အဖွဲ့စည်းတစ်ခုစီ၏ တန်ဖိုးပေါ်တွင် အခြေခံထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်းတစ်ခုဖြစ်သည်။ ယခုလက်ရှိငွေကြေးဆိုင်ရာ လိုအပ်ချက်များနှင့် အလွန်သင့်တော်သောကြောင့် မွတ်စလင်မ်နှင့် မွတ်စလင်မ်မဟုတ်သူများထံမှ အလွန်အမင်းအားပေးထောက်ခံမှုကို ရရှိနေပါသည်။ မကြာမှီကပင် ပုပ်ရဟန်းမင်းကြီး၏ သတင်းစာဖြစ်သော L’Osservatore Romano တွင် Islamic Banking and Finance ၏ကောင်းသောအချက်များကို ချီးကျူးရေးသားခဲ့ပြီး အနောက်နိုင်ငံမှ ဘဏ်များကိုလည်း Islamic Banking and Finance ၏နည်းလမ်းများကိုအသုံးပြု၍ ယခုကဲ့သို့စီးပွားရေး မတည်မငြိမ်ဖြစ်နေချိန်တွင် ၄င်းတို့၏ ဖောက်သည်များထံမှ ယုံကြည်မှုပြန်လည်ရယူရန် အားပေးထားသည်။
    ပုပ်ရဟန်းမင်းကြီးသာမက အောင်မြင်နေသောသောပညာရေးတက္ကသိုလ်များတွင်လည်း Islamic Banking and Finance ကို ဦးစားပေးဘာသာရပ်အနေနှင့် သင်ကြားပို့ချနေကြပြီဖြစ်သည်။ ဟားဗတ်တက္ကသိုလ်သည် ၁၉၉၄-၁၉၉၅ ခုနှစ်ကတည်းက Islamic Finance Project ကိုစတင်ခဲ့ပြီး ကမ္ဘာတဝှမ်းမှ ထိပ်တန်း တက္ကသိုလ်များကလည်း ပါဝင်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာမှ အစိုးရအများစုကလည်း Islamic Banking and Finance  ၏အားသားချက်များစွာမှ အကျိုးအမြတ်ရဖို့ အားထုတ်ကြိုးပမ်းလာကြပါသည်။ အင်္ဂလန်၊ လူဇင်ဘတ်၊ မြောက် အိုင်ယာလန်၊ ဂျာမနီ၊ ဗာမြူဒါ၊ ပြင်သစ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မောလ်ဒိုက်၊ တူရကီ၊ စင်္ကာပူ၊ ဂျပန်၊ သြစတေးလျ နှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသည် Islamic Banking and Finance ကိုလက်တွေ့အကောင်ထည်ဖော်နေသော နိုင်ငံများအဖြစ် လူသိများလာပါသည်။
    လူဇင်ဘတ်၊ ဘာရိန်း နှင့် မလေးရှား နိုင်ငံတို့တွင် Islamic Banking and Finance ကို တိုးချဲ့အကောင် အထည်ဖော်လျက်ရှိသည်။ သတိပြုရန် အချက်တစ်ခုရှိပါသည်။ လူဇင်ဘတ်နိုင်ငံ၏၀င်ငွေသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်ခဲ့သော်လည်း မလေးရှားနိင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ ပိုမြန်ပါသည်။ အဓိက အကြောင်းရင်းမှာ လူဇင်ဘတ်နိုင်ငံတွင် မွတ်စလင်လူဦးရေမှာ အနည်းငယ်သာရှိပါသည်။ မွတ်စလင်လွမ်းမိုးသောနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ အစ္စလာမ္မစ်ဘဏ်များတွင် မွတ်စလင်မဟုတ်သူအကောင့်ပိုင်ရှင် ၄၀ရာခိုင်နှုန်းရှိနေသောကြောင့်ဖြစ်သည်။ စီးပွားရေး အကျိုးအမြတ်များစွာရရှိသောကြောင့် ၄င်းတို့နိုင်ငံများရှိ မွတ်စလင်မ် လူဦးရေကို ထည့်မတွက်ဘဲ Islamic Banking and Finance တွင်ဦးဆောင်နိုင်သော ပင်မနိုင်ငံများဖြစ်ဖို့ နည်းလမ်းမျိုးစုံကို ကြိုးစားရှာဖွေလာကြသည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ် မဟုတ်သူပညာရှင်များက Islamic Banking and Finance ကို တခဲနက်ထောက်ခံလာသကဲ့သို့ ၄င်း၏အရေးပါမှုနှင့် အကျိုးကျေးဇူးများးသည် သူ၏နာမည်ထက်ပို၍ ကျယ်ပြန့်သည်မှာ သံသယမရှိ သိသာထင်ရှားလှသည်။
    မကြာသေးခင်ကဖြစ်ခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်တွင် အစ္စလာမ်မစ်ဘဏ်များမှာ ဆုံးရှုံးမှုမရှိဘဲ ရပ်တည်နိုင်ခဲ့သည့်အတွက် ကမ္ဘာက သတိထားမိခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် Islamic Banking and Finance  သည်ကမ္ဘာ့စီးပွားရေး၏ ယုံကြည်စိတ်ချရသော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှ အသုံးပြုလျက်ရှိသည်။ နှစ်စဉ် ၂၀ရာခိုင်းနုန်းမှ ၃၀ ရာခိုင်နှုန်းအထိတိုးတက်လျက်ရှိသည်။
    မွတ်စလင်မ်လူဦးရေ သန်း၁၅၀ ရှိပြီး မွတ်စလင်မ်တို့၏ အိမ်ဟုတင်စားနိုင်သော အိန္ဒိယနိုင်ငံကို Islamic Banking and Finance ကိုအသုံးမပြုသေးသော အကြီးမားဆုံးဈေးကွက်အဖြစ်မြင်လာကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက Islamic Banking and Finance  တွင် အိန္ဒိယလူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းမျိုးစုံ ( အထူးသဖြင့် စီးပွားရေး) မှရင်းနှီးမြုပ်နှံမှုများရှိပြီး အကျိုးကျေးဇူးများ ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် လူထုအတွင်းနှင့် နိုင်ငံရေး ကြိုးကိုင်သူအချို့မှာ သတိမပြုမိဘဲရှိနေကြသေးသည်။ အစ္စလာမ့်နည်းလမ်းအရ ငွေကြေးစီမံခန့်ခွဲမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်နေသော Kerala ပြည်နယ်အစိုးရမှ လိုအပ်သောရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်မှုစတင်လိုက်သည်နှင့် Oman နိုင်ငံတစ်ခုတည်းမှ ရူပီး ၁၀၀ဘီလီယံကို အရေးကြီးသော ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများ ဥပမာ လမ်း၊တံတား၊စွမ်းအင်နှင့် ရေပေးဝေရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် သတင်းအချက်အလက်ဆိုင်ရာနည်းပညာရပ်များ၊ ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်း၊လေယဉ်ကွင်း၊ မီးရထားလမ်းနှင့် သယ်ယူပို့ဆောင်ရေး၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အစရှိသည့် လုပ်ငန်းများတွင် မြုပ်နှံသွားမည်ဟု ကမ်းလှမ်းမှုရရှိခဲ့သည်။ ၄င်းသည် အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများကို တံခါးဖွင့်ပေးမည့် ကောင်းမွန်သော တိုးတက်မှု ဖြစ်သကဲ့သို့ လူထု၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတရားနှင့် မသက်ဆိုင်သော၊ နိုင်ငံသားတိုင်းအတွက် အကျိုးရှိစေမည့် သင့်တင့်သော ဘဏ်လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးစေသည်။
    အိန္ဒိယနိုင်ငံသည် စီးပွားရေး လျင်မြန်စွာတိုးတက်နေသည့် နိုင်ငံများတွင် ပါဝင်ပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကို ဦးဆောင်သောနိုင်ငံများတွင် ပါဝင်လာမည်ဖြစ်သည်။ သို့သော် ထိုသို့အောင်မြင်မှုများရရန် အတွက် နိုင်ငံရေးဆိုင်ရာဖွံဖြိုးမှုများ ပြုလုပ်ခြင်း၊ အရည်းအချင်းပြည့်ဝသည့် ပညာရှင်များမွေးထုတ်ခြင်းအပြင် Islamic Banking and Finance နှင့်ပတ်သက်သော ဘာသာရပ်များကို သင်ကြားပေးခြင်းကဲ့သို့ ကြိုတင်ပြင်ဆင်များကို ပြုလုပ်ရမည့် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ စစ်တမ်းများအရ အိန္ဒိယနိုင်ငံသည် နိုင်ငံ၏အဓိကအရေးပါလှသော ပရောဂျက်များကို တည်ဆောက်ရန် ရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ လိုအပ်လျက်ရှိသည်။ အစ္စလာမ်မစ်ဘဏ်လုပ်ငန်းကို စတင်လိုက်ခြင်းဖြင့် ဤလိုအပ်သော ငွေပမာဏကိုအလွယ်တကူရရှိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လောင်စာဆီထွက်သည့် ကမ်းရိုးတန်းဒေသနိုင်ငံများမှာ သူတို့၏လောင်စာဆီရောင်းချမှုမှ ရရှိသော သန်းပေါင်းများစွာသောငွေများအတွက် ရင်းနှီးမြုပ်နှံရန် ဈေးကွက်အသစ်များရှာဖွေလျက်ရှိသည်။ Islamic Banking and Finance ၏အရေးပါမှုမြင့်မားလာခြင်းနှင့် အဓိကစီးပွားရေုးလုပ်ငန်းများအတွင်းသို့  ထိုးဖောက်ဝင်ရောက်လာမှုမှာ ရှောင်ရှားရန်ခက်ခဲလှသည်။ ယခုအချိန်သည် အိန္ဒိယနိုင်ငံရေးအကြီးအကဲများအတွက် Islamic Banking and Finance ကိုအားပေးထောက်ခံ၍ အကောင်အထည်ဖော်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အခြေခံအုတ်မြစ်များဖွံ့ဖြိုးတိုးတက်လာပါက တစ်ဦးချင်း၏ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်မှုမရှိဘဲ အိန္ဒိယနိုင်ငံသားအားလုံး အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။
    မူရင်းသတင်း >> muslimvillage.com
    Red Alien  မှ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ပါသည်။
  • ဖားကန့်မြို့ ဆိုင်းတောင်ရွာမှ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရသည့် ပုံများ
    ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား  ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊
    ဖျက်ဆီးခံရသည့် သတင်းအောင် ဒီနေရာတွင် ဖတ်ပါ။
  • ဘားမားပို့စ် အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အတွက် ကျန်ရစ်သူများ ကောင်းမှုပြု
    ဘားမားပို့စ် အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အတွက် ကျန်ရစ်သူများ ကောင်းမှုပြု
    ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်  ဘားမားပို့စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အားရည်စူးလျှက် ကျန်ရစ်သည့် မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်တို့က စုပေါင်းပြီး ယနေ့တွင် ကောင်မှု ကုသိုလ် ပြုခဲ့ကြသည်။
    ဘန်ကောက်မြို့ ပချာအူထစ် ၃၃ လမ်းတွင် နေထိုင်ခဲ့သည့် ဦးသက်လွင်ဦးသည် (Burma Post) ဘားမားပို့စ် ဟူသည့် မြန်မာစာဖြင့် သတင်းစာ တစ်စောင်အား ၂၀၀၅ ခုနှစ်တွင်  ထည်ထောင် ကာ ၂၀၀၉ ခုနှစ်အထိ လစဉ် ထုတ်ဝေခဲ့သည်။
    ကျန်ရစ်သည့် မိသားစုဝင်များက အစ္စလာမ်ဘာသာ ထုံစံအတိုင်း ဆုတောင်းပွဲပြုလုပ်ကြသကဲ့သို့ မိတ်ဆွေများနှင့် တပည့်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ပါးတို့အား ပင့်ဖိတ်လျှက် အလှူဒါနများ ပြုလုပ်ခဲ့ကြသည်။
    ညီဖြစ်သူ ကိုဌေးလွင်ဦး က“အကိုကြီးက ငယ်ငယ်ကတည်းက အများအတွက် အမြဲစဉ်းစားတယ်၊ ပေးဆပ်
    တယ်။ သူများအတွက် လုပ်ပေးနေရတာကို သူ့အလုပ်အဖြစ် ခံယူထားသူဖြစ်တယ်။ ဘန်ကောက်မှာ အလုပ် သမား စာသင်ကျောင်းတွေ ပေါ်ပေါက်ရေးအတွက် စတင်ကြိုးစားခဲ့သူလည်းဖြစ်တယ်။ သူနိုင်ငံခြားကိုထွက် ရင် ဘန်ကောက်မှာ လုပ်မယ့်လူမရှိဖြစ်မှာကို သူပူပင်တယ်။ ကိုယ်ကျိုး တစ်ခါမှ မရှာခဲ့ဘူး။ ကျနော်အကိုကြီးကို နှမြောလို့မဆုံးဘူး” ဟုပြောသည်။
    ကိုသက်လွင်ဦးသည်၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်အရ အမေရိကန်နိုင်ငံသို့သွားရောက်အခြေချခွင့်ရရှိခဲ့သော်လည်း အများအကျိုးကိုသာလုပ်နေမည်ဟု ဆုံးဖြတ် ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်နေထိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘ၀ လုံခြုံရေး အတွက် အထောက်အထား တစ်ရပ်(ယာယီပတ်စပို့) လုပ်ငန်းစဉ် အကောင်းအထည်ဖေါ် နိုင်ရေး အတွက် ထိုင်းနှင့်မြန်မာ အစိုးရအား ကြိုးစား တင်ပြခဲ့သူ ဖြစ်သည်။ ထိုင်းအစိုးရက သူ့အား ထိုင်းနိုင်ငံသား အဖြစ် ခံယူရန် တရားဝင် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။
    လုပ်ဖေါ်ကိုင်ဘက် တစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက် အလွတ်သတင်းထောက် ကိုကျော်သောင်း က “ကျနော်တို့  ပြည်ပကို ရောက်လာတော့ ကလောင် သွေးခွင့်ရခဲ့တာ၊ ပထမဦးဆုံး သတင်းထောက်သင်တန်း တက်ခွင့် ရခဲ့တာ ဘားမားပို့စ် သတင်းစာပဲဖြစ်တယ်။ ကိုသက်လွင် မှာ အတုယူ လေးစားစရာအများကြီးပါ။ အလွန် သည်းခံနိုင်တဲ့ လူဖြစ်တယ်။ လူတိုင်းကို အောင်မြင်စေချင်တယ်။ အထူးသဖြင့်သတင်းစာနဲ့  စာစောင်တွေ ထုတ်ဖို့ အမြဲအားပေးတဲ့သူ ဖြစ်တယ်၊ ကျနော် သတင်းစာ စဉ်ဆက်မပြတ် လုပ်နေတာကို သူအမြဲ အားပေးတယ်” ဟုပြောသည်။
    ဦးသက်လွင်ဦးအားဦးပုရေ+ဒေါ်မလေးတို့ကရခိုင်ပြည်နယ်သံတွဲမြို့နယ်ပိန်းတောကြီး  ကျေးရွာတွင်
    မွေးဖွားခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သည်။  ၁၉၈၂ ခုနှစ်တွင် ဂွမြို့နယ်မှ ဆယ်တန်းစာမေးကို အောင်မြင်ခဲ့သည်။ ထို့နောက် သင်္ချာဘာသာရပ်အား အဝေးသင်တက္ကသိုလ် ပညာရေးဖြင့် ဆက်လက် သင်ယူခဲ့သည်။ ထိုအတောအတွင်း ရခိုင်ပြည်နယ်၊ ရမ်ဗြဲနှင့် ကျောက်နီမော် တို့က ကျောင်းသူ/ကျောင်းသားများ အတွက် စေတနာ့ဝန်ထမ်း ပညာဒါန ပြုခဲ့သည်။
    ၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်လာခဲ့ရာ ဒေသတွင်း ဦးဆောင်မှု အခန်းကပါဝင်လာခဲ့သည်။    စစ်အာဏာသိမ်းပိုက်လိုက်ချိန်တွင်ဘင်္ဂလားဒေ့ခ်ျဘက်သို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဖက်ဒေသ) ကို ဦးဆောင် ဖွဲ့စည်ခဲ့သူလည်းဖြစ်သည်။ ကျောင်းသားတပ်မတော်မှာလည်း ရခိုင်ဘက်တွင် အခြေမချနိုင်၊ အခြားသောအကြောင်းအမျိုးမျိုးတို့ကြောင့် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
    ၁၉၉၂ ခုမှ ၁၉၉၃ ခုနှစ်များတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် နှင့်ဆပ်သွားကျေးရွာများတွင် ရှိသော အထက်တန်း ကျောင်းသားများအား စေတနာ့ဝန်ထမ်း စာသင်ပြခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာလာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (Muslim Information Center Burma) MICB ကိုထူထောင်လျှက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအား တတ်အားသမျှ ကာကွယ်ပေးခဲ့သည်။ ၂၀၀၁-၂၀၀၂ -၂၀၀၃ ခုနှစ်များအတွက် HRDU ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီအရင်ခံစာများကို ဦးဆောင်
    ရေးသားဖေါ်ပြခဲ့သူဖြစ်သည်။
    ၈၈ တော်လှန်ရေးကျောင်းသား၊ ကျောင်းဆရာ၊ သတင်းစာဆရာနှင့် လူမှုရေးလုပ်ငန်းနယ်ပယ်တို့တွင် အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည့် ဦးသက်လွင်ဦး သည်  အဆုတ် ကင်ဆာရောဂါဖြင့်တစ်လခန့်  ဘန်ကောက် အင်တာနယ်ရှင်နယ် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့ က ကွယ်လွန်သွားခဲ့သည်။ သူ၏ ဈာပနအား အစ္စလာမ်ဘာသာထုံစံအတိုင်း ၎င်းနေ့ညနေတွင် ဘန်ကောက်မြို့ လန်းစစ်မြို့ နယ်၊ ကက်ယောက်နီမစ် အစ္စလာမ် သုသာန်တွင် မြေချသဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။
    မူရင်း။ ။ http://goldenworkers.blogspot.com/2012/04/blog-post_16.html
    နောက်ဆက်တွဲအနေနဲ့ ဦးသက်လွင်မှပြောခဲ့တဲ့စကားတွေကိုသူငယ်ချင်းဖြစ်သူ ကိုကျော်သောင်းမှပြောခဲ့တာလေးကိုပါ ထပ်မံဖြည့်စွက်တင်ပြလိုက်ပါတယ်။
    ကျနော့်သူငယ်ချင်းကို ကျနော် တစ်သက်လုံး သတိရနေမှာပါ။ ကျနော့်အတွက် အားတစ်ခု လျှော့သွားခဲ့ပါတယ်။ ကိုသက်လွင် ရင်ထဲက စကားတစ်ခုပြောခဲ့ဖူးတယ်။ ကျနော်သတင်းမှာတော့ထည့်မရေးလိုက်ဘူး။ ကျနော် အနော်စိတ်မကောင်းဖြစ်ရတဲ့စကားပါ။
    ကိုကျော်သောင်းတဲ့ ၈၈ ဖြစ်ပြီး အနောက်ဖက် တောထဲကိုရောက်တော့ ဗမာကျောင်းသား ရခိုင်ကျောင်းသားတွေက ကျနော့်ကိုလက်မခံချင်ကြဘူး။ ကျနော် ရခိုင်မျိုးနွယ် ကမန်လူမျိုးပါ။ ကျနော် ကုလားမဟုတ်ဘူး။ ဆိုတော့ကုလားစကားလည်းမတတ်ဘူး။ ကျနော် ဘယ်လိုမှ နေလို့ထိုင်လို့ အဆင် မပြေဘူးဗျ။ ဒီလို ရင်ဖွင့်ပြောပြခဲ့ဘူးတယ်။ သူရခိုင်ကိုပြန်မယ်။ လူမှုရေးလုပ်မယ်။ သတင်းစာလုပ်မယ်။ နိုင်ငံခြားပညာသင်လိုသူတွေ အကုန်လွှတ်မယ်။ သံတွဲနယ် ကကျွန်းတွေအကုန်လုံး ဟောင်ကောင်လိုဖြစ်စေရမယ် လို့ ကျိန်းဝါးဖူးတယ်ဗျ။
  • ခါးသက်တဲ့ကဗျာ
    အပြုံးအောက်မှာ ၀ှက်ထားတဲ့
    ခင်ဗျားတို့ရဲ့ ရင်တွင်းကဓါးသွားတွေမြင်တိုင်း
    အသက်ရှုရတာ………ခါးတယ်။        ။
    ယဉ်ကျေးမှုသိုးရေခြုံ
    လျှာဖျားက ဂရုဏာတရားတွေ
    ပလုံစီအောင်ထွက်ပေမယ့်
    မျက်နာမွဲ ရှုံးကျွဲတွေအတွက်တော့
    မကြည့်ဘဲလဲ……မြင်တယ်။     ။
    အတူယှဉ်တွဲနေထိုင်ခွင့်တဲ့လား
    ခြစားနေတဲ့ ရပိုင်ခွင့်တွေကြားထဲမှာ
    နဖူးတစ်နေရာစာ ဦးချစရာ မြေမရှိတဲ့
    ဘ၀တွေက………ရင်နာတယ်။      ။
    ခုတော့
    မုန်တိုင်းတွေ..တိုက်ပါ။
    လျှပ်စီးတွေ…လက်ပါ။
    မိုးသီးတွေ ….ကြွေပါ။
    အပြစ်မဲ့တွေရဲ့ မခမ်းခြောက်တဲ့မျက်ရည်နဲ့
    ကြံ့ကြံ့ခိုင်တဲ့ ငါတို့ယုံကြည်ခြင်းတွေအတွက်
    အစားပေးခြင်းခံရတဲ့တစ်နေ့မှာ……………………။
    …………………………………………..တနေ့မှာ  ။
    ရေးသူ~ စောအဲဗညား
  • Mosque building halted in Burma’s Kachin state
    Mosque building halted in Burma’s Kachin state
    Construction of a Muslim mosque in Kachin state’s jade-rich Hpakant township in northern Burma ceased on April 12 when a group of monks and their supporters intervened and proceeded to dismantle the partially built structure.
    According to eyewitnesses a group of about 30 monks and dozens of their followers came to the construction site in the Shan Kone quarter of Seng Tawng at 4 pm demanding that building stop.
    The group then set about taking down what had already been built.  Within about 8 hours most of the building was destroyed, according to witnesses.  The site of the mosque is now under guard by soldiers from the Burma army.
    The monks and their supporters were apparently upset that the mosque was being built without proper permits and decided to take matters into their own hands, according to local residents.
    In Burma government authorities often delay or refuse to allow proposed churches and mosques legal authorization to begin construction. Many existing churches and mosques are in legal limbo because proper permits cannot be obtained.
    It is unclear if the group of monks and their supporters in Seng Tawng were encouraged by government authorities to take such provocative action as they did on Thursday.  Previous acts of communal violence that have taken place in Burma are alleged to have been orchestrated by government agent provocateurs.
    For many years the US state department has listed Burma as a country that engages in the persecution of religious minorities.
    Although most Kachin are Christian, Kachin state is home to a large Buddhist population, some Animists and significant Muslim and Hindu minorities.  The state capital Myitkyina also has a Sikh temple.  Due to Hpakant’s jade mines the township has many migrants from across Burma.
    Credit -http://www.kachinnews.com/