News @ M-Media

Blog

  • မ.မ.လ အဖွဲ့မှ မုတ္တမမြို့တွင် အမျိုးသမီးများအတွက် အခမဲ့ အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်လှစ်

    မ.မ.လ အဖွဲ့မှ မုတ္တမမြို့တွင် အမျိုးသမီးများအတွက် အခမဲ့ အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်လှစ်

    မြန်မာနိုင်ငံလုံဆိုင်ရာမြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ်မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012)အမျိုးသမီးအခြေခံ အဆင်မြင့်စက်ချုပ်သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း မ.မ.လ သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

    ထိုသင်တန်းကိုသင်တန်းကာလ (၃)လဖြစ်ပြီး တစ်ပတ်လျှင် (၄)ရက်ဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းသိရှိသည်။

    မုတ္တမမြို့အတွင်းရှိ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၂၅)ဦးသည် စက်ချုပ်သင်တန်း အမျိုးသမီး ငယ် (၁၅) ဦးသည် အိမ်တွင်းမှုသင်တန်းကို တက်ရောက်နေကြောင်း အဆိုပါသင်တန်းများကို သင်တန်းနည်းပြ ဆရာမ (၅) ဦးမှ သင်ကြားပေးလျက်ရှိကြောင်းသိရှိရပါသည်။

    သတင်း/ဓါတ်ပုံ – ကိုအောင်ကိုထွေး

  • အစ္စရေးဆန့်ကျင်ရေး ပြည်သူတစ်သိန်းခန့် မော်ရိုကိုတွင်ဆန္ဒပြ

    အစ္စရေးဆန့်ကျင်ရေး ပြည်သူတစ်သိန်းခန့် မော်ရိုကိုတွင်ဆန္ဒပြ

    မော်ရိုကိုပြည်သူ တစ်သိန်းလောက်ဟာ “Global March to al-Quds (Jerusalem)” လှုပ်ရှားမှု့နှင့် အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲကို မော်ရိုကို နိုင်ငံ မြိုတော်ပါလီမန်ရှေ့ပြုလုပ်ခဲ့ကြပါတယ်။
    ဒီဆန္ဒပြမှု့တွေဟာ “အလ်ကွဒ် (ဂျေရုစလင်) သို့ ကမ္ဘာလုံးဆိုင်ရာချီတက်ပွဲ” ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာ ကျရောက်မယ့် Palestinian Land Day ကို ဂုဏ်ပြု ကျင်းပ တာဖြစ်တယ်လို့ဆိုပါသည်။

    ဆန္ဒပြသူတွေဟာ အစ္စရေးအလံကို မီးရှို့ခဲ့ကြပြီး ဂျေရုစလင်မြို့ရှိ အလ်အက္ကစွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတို့ သိမ်းပိုက်ထားမှုအောက်မှ လွတ်မြောက်ရေးအတွက် တောင်းဆိုသွားကြပါသည်။

    ဒီဆန္ဒပြမှု့တွေကြောင့် မော်ရိုကို မြို့တော်မှာ အစည်းအဝေးတက်ဖို့ရောက်နေတဲ့ အစ္စရေးသံတမန်ဟာ မော်ရိုကိုနိုင်ငံမှ ချက်ချင်းပြန်လည် ထွက်ခွာသွားပါတယ်။

    “အလ်ကွဒ် သို့ ကမ္ဘာလုံးဆိုင်ရာ ချီတက်ပွဲ” ဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိပြီး ပါလက်စတိုင်း ရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဂျော်ဒန်၊ အီဂျစ်၊ ဆီးရီးယား နဲ့လက်ဘနွန်နိုင်ငံတွေအထိ ပျံ့နှံ့လာပါပြီ။ ဒီလှုပ်ရှားမှု့ ဟာ အစ္စရေး အသိမ်းပိုက်ခံ အရှေ့ဂျေရုစလင် နဲ့ နီးနိုင်သမျှအနီးဆုံးရောက်အောင် လုပ်ဖို့ ရည်ရွယ်ထားပါသည်။

    ဒီလှုပ်ရှားမှု့မှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိတဲ့ အစ္စရေးသံရုံးတွေ မှာ ဆန္ဒပြခြင်း၊ နိုင်ငံရဲ့ အဓိကနေရာတွေမှာ ဆန္ဒပြခြင်း တွေလည်း ပါဝင်ပါသည်။

    အစ္စရေးဟာ အရှေ့ဂျေရုစလင်ကို သိမ်းပိုက်ပြီးကတည်းက ဂျူးအိမ်ယာများ တည်ဆောက်ခြင်း၊ ပါလက်စတိုင်း ပြည်သူတွေကိုနှင်ထုတ်ခြင်း၊ သူတို့အိမ်တွေကို ဖြိုဖျက်ခြင်း တွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။

    Source: http://www.presstv.ir/detail/233281.html

  • လောင်စာဆီ မလုံလောက်မှု့ကြောင့် အသက်ရှူကိရိယာရပ်ဆိုင်းပြီး ဂါဇာ မှ ခုနစ်လအရွယ် ကလေး သေဆုံး

    လောင်စာဆီ မလုံလောက်မှု့ကြောင့် အသက်ရှူကိရိယာရပ်ဆိုင်းပြီး ဂါဇာ မှ ခုနစ်လအရွယ် ကလေး သေဆုံး

    ဂါဇာကမ်းမြှောင်မြောက်ဘက်မှာ ရှိတဲ့ ဂါဇာမြို့တော် ဆေးရုံက မွေးကင်းစ ကလေးတစ်ဦး ဟာ အသက်ရူကိရိယာ ရပ်ဆိုင်းသွားတဲ့အတွက် သေဆုံးသွားပါတယ်။ လောင်စာဆီ ပျက်တောက်မှု့ကြောင့် ဂျင်နရေတာ အလုပ်မလုပ်တော့ ရာမှ အသက်ရူကိရိယာ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

    အသက် ခုနစ်လ အရွယ် မွေးကင်းစ ကလေးလေး သေဆုံးသွားကြောင်းကျန်းမာရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Adam Abu Salmiya က ဟားမက်စ် အဖွဲ့မှ ထိန်းချုပ်ထားသော Al-Aghsa ရုပ်သံလိုင်း မှတဆင့် စနေနေ့က အတည်ပြု ပြောကြားသွားပါသည်။

    အသက်ရူကိရိယာမှာ ပုံမှန်မဟုတ်တဲ့ အသက်ရူလမ်းကြောင်းစနစ်ကနေ ထွက်လာတဲ့ အရည်တွေကိုဖယ်ထုတ် ဖို့အတွက် သုံးတဲ့ ကိရိယာ ဖြစ်ပါတယ်။

    တစ်ခုတည်းသော ဓာတ်အားပေးစက်ရုံမှာလဲ လောင်စာမလုံလောက်မှု့ကြောင့် တနင်္ဂနွေ နေ့ မနက်ပိုင်းက ရပ်ဆိုင်းလိုက်ရကြောင်း ဂါဇာ လျှပ်စစ်မီးပေးရေး အဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    ဟားမက်စ် ရဲ့ ကျန်းမာရေးဝန်ကြီး Bassem Naim ကလည်း လောင်စာဆီပျက်တောက်မှု့ဟာ ဒေသခံတွေ ရဲ့ အသက်ပေါင်းများစွာကို ခြိမ်းခြောက်နေတယ်လို့ တနင်္ဂနွေနေ့က ပြောကြားသွားပါသည်။ “လူနာတင်ယာဉ်နဲ့ တခြားယာဉ်တွေ ထက်ဝက်လောက်က (လောင်စာဆီ မလုံလောက်တဲ့အတွက်) သွားလို့ မရဘူးဖြစ်နေပါတယ်။ လျှပ်စစ်မီး ပျက်တာတွေကလည်း ကြီးမားတဲ့ ပြသနာ တစ်ခု ပါပဲ။” လို့ သူရဲ့ ကြေငြာချက်မှာ ဖော်ပြသည်။

    အီဂျစ်နယ်စပ်ကနေဒီဇယ်တွေထောက်ပံ့ပေးနေတဲ့လှိုဏ်ခေါင်းတွေကိုလည်း အီဂျစ်က ဖေဖော်ဝါရီလ လယ်လောက်ကစပြီး ပိတ်လိုက်ပါတယ်။အစ္စရေးရဲ့ ပိတ်ဆို့မှု့ကို ခံနေရပြီး ဆင်းရဲ မွဲတေမှု့တွေမြင့်တက်နေတဲ့ ဒီဒေသကို ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူ ရာမှာ ဒီလှိုဏ်ခေါင်းတွေဟာ အဓိက လမ်းကြောင်းဖြစ်ပါတယ်။

    ဒီလို လောင်စာပျက်တောက်မှု့ကြောင့် ဂါဇာရဲ့ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာလည်း ပုံမှန် မလည်ပတ်နိုင်တော့ပါဘူး။ အခုဆိုရင် ဂါဇာမှာ တစ်ရက်ကို ၁၈ နာရီလောက်မီးပျက်နေပါတယ်။

    အစ္စရေးဟာ ဒီဒေသကို ၂၀၀၇ ခုနစ်ကတည်းက ပိတ်ဆို့ထားတာဖြစ်ပါတယ်။ ဒီပိတ်ဆို့မှု့ကြောင့် ဒီဒေသဟာ လူနေမှု့စနစ် နိမ့်ကျမှု့တွေ၊ အလုပ်လက်မဲ့ပြသနာတွေ၊ ဆင်းရဲမွဲတေမှု့တွေနဲ့ ရင်ဆိုင်နေရပါတယ်။

    မြေပြင်၊ ဝေဟင်၊ ရေကြောင်းတွေကပါ အပြင်းအထန် ပိတ်ဆို့ထားတာကြောင့် ဒီဒေသ ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အကျယ်ချုပ်ကျ နေတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။

    source:http://www.presstv.ir/detail/233197.html

  • သြော်…အပြောင်းအလဲ မြန်လှချည်လား (ကာတွန်း)

    ပုံ (၁) –  ဟင် ခေတ်နောက်ပြန်ဆွဲတဲ့ မွတ်စလင်မ်တွေ အမှောင်ခေတ်တွေတုန်းကလို ၀တ်စားနေပါလား။

    ပုံ (၂) – အီး… တောင်းပန်ပါတယ်။ မွတ်စလင်မ်တွေလို့ ထင်လို့ပါခင်ည။

    Ref: onislam.net

  • လန်ဒန်မြို့တော်ကို အစ္စလာမ့်မီးရှုးတန်ဆောင် မြို့တော်ဖြစ်စေရမယ်လို့ မြို့တော်ဝန်လောင်း ကတိပြု

    လန်ဒန်မြို့တော်ကို အစ္စလာမ့်မီးရှုးတန်ဆောင် မြို့တော်ဖြစ်စေရမယ်လို့ မြို့တော်ဝန်လောင်း ကတိပြု

    လေဘာပါတီ ၀င်တစ်ဦးဖြစ်ပြီး လန်ဒန်မြို့တော်ဝန် အဖြစ် ၀င်ရောက်အရွေးခံမယ့်  ကန်လစ်ဗင်စတုန်း (Ken Livingstone) က လန်ဒန်မြို့တော်ကို အစ္စလာမ့် မီးရှုးတန်ဆောင်ဖြစ်စေရမယ်လို့ လန်ဒန်မြို့တော်ရဲ့ အထင်ကရ ဗလီ တစ်ခုမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ “အစ္စလာမ်နဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိစေဖို့လဲ လန်ဒန်မြို့သားတွေကို ပညာပေးရမှာ ဖြစ်ပါတယ်။ ဒါမှလဲ တမန်တော် မုဟမ္မဒ်(ဆွ) ရဲ့သြ၀ါဒတွေကို ဖော်ဆောင်တဲ့နေရာမှာ ကျတော်တို့ မြို့တော်ဟာ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    တမန်တော်မြတ်(ဆွ)ရဲ့နောက်ဆုံးမိန့်ခွန်းကိုလဲ “လူသားအားလုံးနဲ့ သက်ဆိုင်တဲ့သြ၀ါဒ” အဖြစ် ပြောဆိုသွားပါတယ်။ “နောက်လာမယ့် လေးနှစ်တာကာလ အတွင်းမှာ တမန်တော်မြတ်ရဲ့ နောက်ဆုံးမိန့်ခွန်းကို မွတ်စလင် မဟုတ်သူတွေ သဘောပေါက်နားလည်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်”။

    “ခင်ဗျားတို့ကို ငွေရေးကြေးရေး အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးမယ်” လို့ လဲ ကတိ ပေးသွားပါတယ်။ မစ္စတာ လစ်ဗင်စတန် ဟာပြီးခဲ့တဲ့ သောကြာနေ့ ဂျူမ္မာနမာဇ်ဝတ်ပြုချိန် မှာ လန်ဒန်မြို့ မြောက်ဘက် ဗဟိုဗလီ ( ဖင်းဘရီ ဥယျာဉ်ဗလီ) တွင် လာရောက် မိန့်ခွန်းပြောကြားသွားခြင်းဖြစ်သည်။

    တမန်တော်မုဟမ္မဒ် (ဆွ) ဟာ ခရစ်နှစ် ၆၃၂ ခုမှာ မက္ကာမြို့အနီး အာရဖတ်တောင်ကြား မှာ သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းကို ပြောကြားသွားပါသည်။

    “မိမိတို့ရဲ့ ယုံကြည်မှု့နဲ့ ကောင်းမြတ်တဲ့ လုပ်ရပ် တွေက လွဲရင် လူဖြူကလည်း လူမဲ ထက်ပိုပြီး မမြင့်မြတ်ဘူး။ လူမဲကလည်း လူဖြူထက်ပိုပြီး မမြင့်မြတ်ဘူး။”

    လို့ လူမျိုးရေး ခွဲခြားမှု့ကိုလက်မခံကြောင်း တမန်တော်မြတ်က သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းမှာ အတည့်အလင်း ထည့်သွင်းမိန့်ကြားသွားခဲ့ပါသည်။

    Source: http://www.presstv.ir/