News @ M-Media

Blog

  • လူမျိုးရေးမုန်းတီးမှုကြောင့် အီရတ်အမျိုးသမီးတစ်ဦး အမေရိကန်တွင် အသတ်ခံရ

    လူမျိုးရေးမုန်းတီးမှုကြောင့် အီရတ်အမျိုးသမီးတစ်ဦး အမေရိကန်တွင် အသတ်ခံရ

    Shaima Alawady

    Travon Martin

    အမေရိကန် တစ်နိုင်ငံလုံးက ထရေဗွန်မာတင် အသတ်ခံရတဲ့အမှု့ကို စိတ်ဝင်စားနေတဲ့အချိန်မှာ လူမျိုးရေးခွဲခြားမှု့ တစ်ခုလို့ ယူဆရတဲ့ အီရတ်အမျိုးသမီး တစ်ဦး အသတ်ခံရမှု့ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အီရတ်နိုင်ငံမှ ပြောင်းရွေ့နေထိုင်သူ အသက် ၃၂ နှစ် အရွယ် ကလေး ငါးယောက်မိခင်ဖြစ်သူ Shaima Alawadi ဟာ အမေရိကန်နိုင်ငံ ဆန်ဒီရာဂို အနီးမှာ စနေနေ့က အသတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ပြင်းထန်စွာ အရိုက်ခံထားရတဲ့ Alawadi ကို သူ့အိမ်မှာ သမီးဖြစ်သူက တွေ့ရှိပြီး သုံးရက်အကြာမှာ သေဆုံးသွားတာဖြစ်ပါသည်။ အရိုက်ခံထားရတဲ့ Alawadi ရဲ့ဘေးမှာ “ကိုယ့်နိုင်ငံကို ပြန်” လို့ရေးထားတဲ့ စာရွက် တစ်ရွက်ကိုလည်း တွေ့ခဲ့ရပါတယ်။

    သူသေဆုံးတဲ့သတင်းကို AP သတင်းဌာန က ဖော်ပြပြီး ချက်ချင်းလိုပဲ ဒီသတင်းဟာ Twitter မှာ နာမည်အကြီး ဆုံး သတင်းတစ်ပုဒ်ဖြစ်သွားပါတယ်။ Twitter အသုံးပြုသူတွေဟာ ထရေဗွန်မာတင်အသတ်ခံရချိန်က ၀တ်ဆင်ခဲ့တဲ့ ခေါင်းဆောင်း နဲ့ အခု Alawadi ၀တ်ဆင်တဲ့ hijab ကိုနှိုင်းယှဉ်ဖော်ပြကြပါတယ်။ hijab မှာ မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသော ခေါင်းဆောင်း တမျိုးဖြစ်ပါတယ်။

    ထရေဗွန်မာတင်မှာ အသက် ၁၇နှစ်အရွယ် လူမဲလူငယ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ လ ၂၆ ရက်နေ့မှာ ညစောင့် ရဲသား တစ်ဦးက ပစ်ခတ်သတ်ဖြတ် ခဲ့တာဖြစ်ပါသည်။ Fox News သတင်းဌာနမှ သတင်းထောက် Geraldo Rivera က ထရီဗွန် အသတ်ခံရမှု့ဟာ သူဆောင်းထားတဲ့ ခေါင်းဆောင်းကြောင့်လို့  မှတ်ချက်ပေးရာကနေ အွန်လိုင်းမှာ ခေါင်းဆောင်း လှုပ်ရှားမှု့ ပျံ့နှံ့ခဲ့ပါသည်။

    Facebook အသုံးပြုတွေအများအပြားဟာ hijab ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေတင်ခြင်း၊ မှတ်ချက်များ ရေးသားခြင်း၊ ဒီအမှု့နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေတင်ခြင်းဖြင့် “Alawadi အတွက် hijab တစ်သန်း” လှုပ်ရှားမှု့ကို လုပ်ဆောင်နေကြပါသည်။ ပြီးတော့ ဒီအမှု့ကို လူအများ စိတ်ဝင်စားလာစေရန် community event များ လုပ်ဆောင်ရန်စီစဉ်လျက်ရှိပါသည်။ တနင်္ဂနွေနေ့မှာ တင်ခဲ့ တဲ့ Alawadi ရဲ့ဓာတ်ပုံနဲ့ post တစ်ခုကတော့ အမေရိကန် နိုင်ငံသားတွေကို တရားမျှတမှု့ဘက်က ရပ်တည် ဖို့ ဆော်သြခဲ့ပါတယ်။

     

    “ဒါဟာ Shaima Alawadi ပါပဲ။ သူ့ရဲ့ အပြုံးကို ကြည့်ကြပါဦး။ သူဟာ သင်တို့ရဲ့ သမီး၊ ညီမ၊ သူငယ်ချင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ hijab ကိုဝတ်ဆင်ခဲ့လို့ အသတ်ခံရတယ်။ လူမဲ ကောင်လေး တစ်ယောက်ဟာ ခေါင်းဆောင်း ကို ဆောင်းတဲ့အတွက် အသတ်ခံရတယ်။ လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူရဲ့အ၀တ်အစားကြောင့် အပြစ်တင်ခံရတယ်။ အဲလို အမုန်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီး ကို သင်နဲ့ ကျတော်တို့ရဲ့ သားသမီးတွေကို အမွေပေးခဲ့မှာလား။ တော်လောက်ပါပြီ။ လူတစ်ယောက်ရဲ့ အသား အရောင်၊ လိင်ကွဲပြားမှု့၊ သူရဲ့ အ၀တ်အစား ၀တ်ဆင်ပုံတွေဟာ အကြမ်းဖက်မှု့အတွက် အကြောင်းပြချက် လုံး ၀ မဖြစ်သင့်ပါဘူး။ ကျတော်တို့ အားလုံးဟာ Shaima ပါပဲ။ ကျတော်တို့ hijab တစ်သန်းလှုပ်ရှားမှု့မှာ ပါဝင်ကြ ပါစို့။ ”

     

    Alawadi အရိုက်ခံရချိန်မှာ သူ့နား မှာ တွေ့ခဲ့ရတဲ့ စာရွက်ကို ကြည့်ခြင်းအားဖြင့် လူမျိုးရေးအမုန်းတရားကြောင့် ဒီလိုလုပ်တာလို့ ယူဆ နိုင်ပေမယ့် သက်ဆိုင်ရာကတော့ သူ့ရဲ့ သေဆုံးမှု့နဲ့ပတ်သက်ပြီး အကြောင်းရင်းကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ “အမုန်းတရားကြောင့် သတ်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ကျတော်တို့ စုံးစမ်းစစ်ဆေးနေပါတယ်” လို့ ရဲ အရာရှိက ပြောပါသည်။ “ဒါပေမယ့် ဒါတစ်ခုတည်းကိုပဲ အာရုံစိုက် နေလို့ မဖြစ်သေးပါဘူး။ တခြား အကြောင်းတွေကိုလည်း ထည့်စဉ်းစားရပါတယ်။”

    ထို့အတူ ထရီဗွန်မာတင် အမှု့မှာလည်း အွန်လိုင်းမှာရော လူအများကြားမှာပါ လူမျိုးရေးမုန်းတီးမှု့လို့ ယုံကြည်နေကြပေမယ့် အခုအချိန်ထိ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ လူမျိုးရေးမုန်းတီးမှု့ကြောင့် အသတ်ခံ ရတယ်လို့ အတိအကျ မစွပ်စွဲနိုင်သေးပါဘူး။

    http://mashable.com/2012/03/26/shaima-alawadi-crime/

    Translated by Lu Min Han

  • မ.မ.လ အဖွဲ့မှ မုတ္တမမြို့တွင် အမျိုးသမီးများအတွက် အခမဲ့ အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်လှစ်

    မ.မ.လ အဖွဲ့မှ မုတ္တမမြို့တွင် အမျိုးသမီးများအတွက် အခမဲ့ အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်လှစ်

    မြန်မာနိုင်ငံလုံဆိုင်ရာမြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ်မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012)အမျိုးသမီးအခြေခံ အဆင်မြင့်စက်ချုပ်သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း မ.မ.လ သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

    ထိုသင်တန်းကိုသင်တန်းကာလ (၃)လဖြစ်ပြီး တစ်ပတ်လျှင် (၄)ရက်ဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းသိရှိသည်။

    မုတ္တမမြို့အတွင်းရှိ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၂၅)ဦးသည် စက်ချုပ်သင်တန်း အမျိုးသမီး ငယ် (၁၅) ဦးသည် အိမ်တွင်းမှုသင်တန်းကို တက်ရောက်နေကြောင်း အဆိုပါသင်တန်းများကို သင်တန်းနည်းပြ ဆရာမ (၅) ဦးမှ သင်ကြားပေးလျက်ရှိကြောင်းသိရှိရပါသည်။

    သတင်း/ဓါတ်ပုံ – ကိုအောင်ကိုထွေး

  • အစ္စရေးဆန့်ကျင်ရေး ပြည်သူတစ်သိန်းခန့် မော်ရိုကိုတွင်ဆန္ဒပြ

    အစ္စရေးဆန့်ကျင်ရေး ပြည်သူတစ်သိန်းခန့် မော်ရိုကိုတွင်ဆန္ဒပြ

    မော်ရိုကိုပြည်သူ တစ်သိန်းလောက်ဟာ “Global March to al-Quds (Jerusalem)” လှုပ်ရှားမှု့နှင့် အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲကို မော်ရိုကို နိုင်ငံ မြိုတော်ပါလီမန်ရှေ့ပြုလုပ်ခဲ့ကြပါတယ်။
    ဒီဆန္ဒပြမှု့တွေဟာ “အလ်ကွဒ် (ဂျေရုစလင်) သို့ ကမ္ဘာလုံးဆိုင်ရာချီတက်ပွဲ” ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာ ကျရောက်မယ့် Palestinian Land Day ကို ဂုဏ်ပြု ကျင်းပ တာဖြစ်တယ်လို့ဆိုပါသည်။

    ဆန္ဒပြသူတွေဟာ အစ္စရေးအလံကို မီးရှို့ခဲ့ကြပြီး ဂျေရုစလင်မြို့ရှိ အလ်အက္ကစွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတို့ သိမ်းပိုက်ထားမှုအောက်မှ လွတ်မြောက်ရေးအတွက် တောင်းဆိုသွားကြပါသည်။

    ဒီဆန္ဒပြမှု့တွေကြောင့် မော်ရိုကို မြို့တော်မှာ အစည်းအဝေးတက်ဖို့ရောက်နေတဲ့ အစ္စရေးသံတမန်ဟာ မော်ရိုကိုနိုင်ငံမှ ချက်ချင်းပြန်လည် ထွက်ခွာသွားပါတယ်။

    “အလ်ကွဒ် သို့ ကမ္ဘာလုံးဆိုင်ရာ ချီတက်ပွဲ” ဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိပြီး ပါလက်စတိုင်း ရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဂျော်ဒန်၊ အီဂျစ်၊ ဆီးရီးယား နဲ့လက်ဘနွန်နိုင်ငံတွေအထိ ပျံ့နှံ့လာပါပြီ။ ဒီလှုပ်ရှားမှု့ ဟာ အစ္စရေး အသိမ်းပိုက်ခံ အရှေ့ဂျေရုစလင် နဲ့ နီးနိုင်သမျှအနီးဆုံးရောက်အောင် လုပ်ဖို့ ရည်ရွယ်ထားပါသည်။

    ဒီလှုပ်ရှားမှု့မှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိတဲ့ အစ္စရေးသံရုံးတွေ မှာ ဆန္ဒပြခြင်း၊ နိုင်ငံရဲ့ အဓိကနေရာတွေမှာ ဆန္ဒပြခြင်း တွေလည်း ပါဝင်ပါသည်။

    အစ္စရေးဟာ အရှေ့ဂျေရုစလင်ကို သိမ်းပိုက်ပြီးကတည်းက ဂျူးအိမ်ယာများ တည်ဆောက်ခြင်း၊ ပါလက်စတိုင်း ပြည်သူတွေကိုနှင်ထုတ်ခြင်း၊ သူတို့အိမ်တွေကို ဖြိုဖျက်ခြင်း တွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။

    Source: http://www.presstv.ir/detail/233281.html

  • လောင်စာဆီ မလုံလောက်မှု့ကြောင့် အသက်ရှူကိရိယာရပ်ဆိုင်းပြီး ဂါဇာ မှ ခုနစ်လအရွယ် ကလေး သေဆုံး

    လောင်စာဆီ မလုံလောက်မှု့ကြောင့် အသက်ရှူကိရိယာရပ်ဆိုင်းပြီး ဂါဇာ မှ ခုနစ်လအရွယ် ကလေး သေဆုံး

    ဂါဇာကမ်းမြှောင်မြောက်ဘက်မှာ ရှိတဲ့ ဂါဇာမြို့တော် ဆေးရုံက မွေးကင်းစ ကလေးတစ်ဦး ဟာ အသက်ရူကိရိယာ ရပ်ဆိုင်းသွားတဲ့အတွက် သေဆုံးသွားပါတယ်။ လောင်စာဆီ ပျက်တောက်မှု့ကြောင့် ဂျင်နရေတာ အလုပ်မလုပ်တော့ ရာမှ အသက်ရူကိရိယာ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

    အသက် ခုနစ်လ အရွယ် မွေးကင်းစ ကလေးလေး သေဆုံးသွားကြောင်းကျန်းမာရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Adam Abu Salmiya က ဟားမက်စ် အဖွဲ့မှ ထိန်းချုပ်ထားသော Al-Aghsa ရုပ်သံလိုင်း မှတဆင့် စနေနေ့က အတည်ပြု ပြောကြားသွားပါသည်။

    အသက်ရူကိရိယာမှာ ပုံမှန်မဟုတ်တဲ့ အသက်ရူလမ်းကြောင်းစနစ်ကနေ ထွက်လာတဲ့ အရည်တွေကိုဖယ်ထုတ် ဖို့အတွက် သုံးတဲ့ ကိရိယာ ဖြစ်ပါတယ်။

    တစ်ခုတည်းသော ဓာတ်အားပေးစက်ရုံမှာလဲ လောင်စာမလုံလောက်မှု့ကြောင့် တနင်္ဂနွေ နေ့ မနက်ပိုင်းက ရပ်ဆိုင်းလိုက်ရကြောင်း ဂါဇာ လျှပ်စစ်မီးပေးရေး အဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    ဟားမက်စ် ရဲ့ ကျန်းမာရေးဝန်ကြီး Bassem Naim ကလည်း လောင်စာဆီပျက်တောက်မှု့ဟာ ဒေသခံတွေ ရဲ့ အသက်ပေါင်းများစွာကို ခြိမ်းခြောက်နေတယ်လို့ တနင်္ဂနွေနေ့က ပြောကြားသွားပါသည်။ “လူနာတင်ယာဉ်နဲ့ တခြားယာဉ်တွေ ထက်ဝက်လောက်က (လောင်စာဆီ မလုံလောက်တဲ့အတွက်) သွားလို့ မရဘူးဖြစ်နေပါတယ်။ လျှပ်စစ်မီး ပျက်တာတွေကလည်း ကြီးမားတဲ့ ပြသနာ တစ်ခု ပါပဲ။” လို့ သူရဲ့ ကြေငြာချက်မှာ ဖော်ပြသည်။

    အီဂျစ်နယ်စပ်ကနေဒီဇယ်တွေထောက်ပံ့ပေးနေတဲ့လှိုဏ်ခေါင်းတွေကိုလည်း အီဂျစ်က ဖေဖော်ဝါရီလ လယ်လောက်ကစပြီး ပိတ်လိုက်ပါတယ်။အစ္စရေးရဲ့ ပိတ်ဆို့မှု့ကို ခံနေရပြီး ဆင်းရဲ မွဲတေမှု့တွေမြင့်တက်နေတဲ့ ဒီဒေသကို ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူ ရာမှာ ဒီလှိုဏ်ခေါင်းတွေဟာ အဓိက လမ်းကြောင်းဖြစ်ပါတယ်။

    ဒီလို လောင်စာပျက်တောက်မှု့ကြောင့် ဂါဇာရဲ့ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာလည်း ပုံမှန် မလည်ပတ်နိုင်တော့ပါဘူး။ အခုဆိုရင် ဂါဇာမှာ တစ်ရက်ကို ၁၈ နာရီလောက်မီးပျက်နေပါတယ်။

    အစ္စရေးဟာ ဒီဒေသကို ၂၀၀၇ ခုနစ်ကတည်းက ပိတ်ဆို့ထားတာဖြစ်ပါတယ်။ ဒီပိတ်ဆို့မှု့ကြောင့် ဒီဒေသဟာ လူနေမှု့စနစ် နိမ့်ကျမှု့တွေ၊ အလုပ်လက်မဲ့ပြသနာတွေ၊ ဆင်းရဲမွဲတေမှု့တွေနဲ့ ရင်ဆိုင်နေရပါတယ်။

    မြေပြင်၊ ဝေဟင်၊ ရေကြောင်းတွေကပါ အပြင်းအထန် ပိတ်ဆို့ထားတာကြောင့် ဒီဒေသ ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အကျယ်ချုပ်ကျ နေတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။

    source:http://www.presstv.ir/detail/233197.html

  • သြော်…အပြောင်းအလဲ မြန်လှချည်လား (ကာတွန်း)

    ပုံ (၁) –  ဟင် ခေတ်နောက်ပြန်ဆွဲတဲ့ မွတ်စလင်မ်တွေ အမှောင်ခေတ်တွေတုန်းကလို ၀တ်စားနေပါလား။

    ပုံ (၂) – အီး… တောင်းပန်ပါတယ်။ မွတ်စလင်မ်တွေလို့ ထင်လို့ပါခင်ည။

    Ref: onislam.net