News @ M-Media

Blog

  • သမိုင်းတွင်တဲ့နေ့…

    ဒီနေ့
    သမိုင်းတွင်တဲ့နေ့
    ချိုးဖြူတောင်ပံခတ်သံတွေ အပြိုင်
    ခွပ်ဒေါင်းတွေလည်း တွန်နိုင်ခဲ့ပြီ …မေမေ ..
    မေမေရင်ခွင်မှာ မှေးစက်ဖို့
    ချိုးဖြူငှက်တွေ အားနဲ့မာန်နဲ့ ပျံသန်းလာကြပြီမေမေ …
    မေမေ့နှလုံးသားကို အသက်သွင်း
    မာန်ဟုန်ပြင်းပြင်းနဲ့
    ကျက်သရေရှိလှတဲ့
    ဒေါင်းပျိုမ မေမေ့ရင်ခွင်မှာ
    ခွပ်ဒေါင်းအလံ တွေနဲ့အလှဆင်လို့
    လွတ်လပ်ခြင်းသဘောတရားကို ရှိုက်သွင်းဖို့
    ဆိုင်းပြင်းနေကြပြီမေမေ …..

    အသက်ရှူရတာခြင်းအတူတူ
    မြန်မာဆိုရင်မှ ငါးပြားလျှော့ပေးချင်ကြတဲ့
    ခေါ်င်းငုံ့ ဖိနှိပ်ခံဘ၀က
    ကျွန်တော်တို့လွတ်ရတော့မယ် မေမေ ….

    ကျွန်တော်တို့ဖခင် နှလုံးသွေးနဲ့ စာစီခဲ့တဲ့
    လွတ်လပ်ရေးဆိုတဲ့ ဝေါဟာရ
    ကျွန်တော်တို့တစ်ခါပြန်ရပြန်ပြီ မေမေ ….

    တဖိတ်ဖိတ်လက်နေတဲ့အနာဂတ်မှာ
    ရာဇ၀င်ကြွေးတွေကို
    နှလုံးသွေးနဲ့ရေး
    လိုရာပန်းတိုင်မှာ အောင်လံစိုက်နိုင်ဖို့
    မေမေ့ရေ မေမေ့မြေမှာ မေမေ ပေးတဲ့အတတ်ပညာနဲ့
    လူဖြစ်ခဲ့ရတဲ့ကျုပ်တို့ မြန်မာတွေ
    လက်ခမောင်းခတ်ရတော့မဲ့နေ့အတွက်
    ဂုဏ်ယူပါ မေမေ …..

    ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေလို့
    ဟစ်သီရင်း မျက်ရည်စက်တွေ ကြားမှာ
    မျှော်လင့်ချက်တွေ တဖိတ်ဖိတ်လက်
    ကျုပ်တို့ဟာ မြန်မာပါလို့
    ကမ္ဘာကို ဟစ်သီနိုင်ဖို့ ….
    ကျုပ်တို့သွေးတွေ လိုတာထက် နီစွေးခဲ့ပြီမေမေ ….

    စူးရှအိမ် (၁၃ ဇန်န၀ါရီ ၂၀၁၂..သောကြာနေ့) 13:14hrs
     

  • မြန်မာမွတ်စလင်မ် ပန်းချီဆရာများရဲ့ လက်ရာများပါဝင်တဲ့ မန္တလေးရနံ့ ပန်းချီပြပွဲ

    မန္တလေးရနံ ပန်းချီပြပွဲကို ဇန္နဝါရီလ ၇ ရက်နေ့က လမ်း၈၀ နှင့်၂၄ ထောင့် သီရိဝစ္ဆ  ခန်းမ မှာ ဖွင့်ပွဲကျင်းပခဲ့ပါတယ်။ ဒီပြပွဲမှာ မန္တလေးမြို့မှ မြန်မာမွတ်စလင်မ် ပန်းချီအနုပညာရှင်များရဲ့ လက်ရာများကိုလဲ ပြသထားကြောင်းသိရပါတယ်။
    ပါဝင်ပြသတဲ့ မန္တလေးအခြေစိုက် မြန်မာမွတ်စလင်မ် ပန်းချီဆရာများကတော့ ဆရာညိုပြာ၊ ဆရာ အင်ဂါဥုး၊ ဆရာကိုကိုလွင် နှင့် ဆရာ ဘိုဘိုကိုဦးတို့ဖြစ်ကြပြီး တခြားပါဝင်ပြသတဲ့ ပန်းချီဆရာတွေကတော့ ဆရာမြင့်ထွန်း၊ ဆရာကျော်ငွေ၊ ဆရာမင်းဟန်ကျော်၊ ဆရာကိုကြီး နှင့် ဆရာဆန်းထူးတို့ဖြစ်ကြောင့် သိရပါတယ်။ ပန်းချီကားပေါင်း ၅၀ ကျော်ပြသထားပြိး ဇန်နဝါရီ ၁၁ ရက်နေ့အထိ ပြသွားမည်ဖြစ်ကြောင့် သတင်းရရှိပါတယ်။

    ဆရာညိုပြာ

     

    ဆရာ အင်ဂါဥုး

    ဆရာ ကိုကိုလွင်

     

    ဆရာ ဘိုဘိုကိုဦး

    ကျတော်သဘောကျတဲ့ ပန်းချီကားတွေ

     

     

     

    ပြပွဲမှာ  ပြသထားတဲ့ ကားတွေ

     

  • တရားမနစ်နာမှု ဆိုင်ရာဆွေးနွေးပွဲကို “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” ဦးဆောင်ကျင်းပ

    ယနေ့ 8-1-2012 နေ့လည် 2:25 မိနစ်တွင် မန္တလေးမြို့ ရွှေဖြူပလာဇာ ပထမထပ်တွင် ရှိသော MCPA/MCIA အစည်းအဝေးခန်းမတွင် “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” မှ စီစဉ်ကျင်းပပြုလုပ်သော “တရားမနစ်နာမှု့”များနှင့် သက်ဆိုင်သော ဥပဒေအကြောင်း သိကောင်းစရာများကို ဦးလှကို (တရားလွှတ်တော်ရှေ့နေ)မှ ပြောကြားခဲ့ပြီး ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီအဖွဲ့ အနေဖြင့်လည်း နောက်နောင်များတွင် နစ်နာသူများ အနေဖြင့် တရားဥပဒေနှင့် ပါတ်သက်သည်များကို အတွေ့အကြုံ ဗဟုသုတ ရလိုစေရေးအတွက် ယခု ဟောပြောပွဲကို စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် နောင်နောင်များတွင်လည်း ခရီးသွားလုပ်ငန်းနှင့်ပါတ်သက်သည်များ ကိုလည်း အသိပညာ ပေးပွဲများ အခါအားလျော်စွာ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

     

     

    Credit to ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့

  • ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ သွားရောက်အားပေး

     

     

     

     

     

    “နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။
    ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။

    Yangon Press International

     

    Photo  by

    Burma VJ Media Network (Albums)

  • ချိုးငှက်များသို့ တမ်းချင်း

    ဟိုး…….
    လှောင်ချိုင့်ကြားက
    အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့
    ချိုှးငှက်တွေ
    လေဟုန်မှာအတောင်ပံဖြန့်လို့
    အားနဲ့မာန်နဲ့ သူတို့လဲ ပျံချင်ရှာနေမပေါ့ မေမေ ….

    ရင်နှစ်သည်းချာတွေနဲ့
    သံတစ်တိုင်စာ ကွာဝေးရတဲ့ ဘ၀မှာ
    ဟိုး ဝေးဝေးက တောင်ပံ ခတ်သံတွေနဲ့
    မပီဝိုးဝါးအိပ်မက်တွေက လေဆန်အရပ်က
    ပျံတက်မလာကြတော့ဘူးတဲ့မေမေ…..

    သွေးလဲတိတ်စေလို့
    ချွေးလဲ သိပ်စေမဲ့ ရင်ခွင်ကို
    သူတို့တမ်းတ …..
    ငါ စွဲ မရှိတဲ့ သူတို့ဘ၀တွေ
    သံတိုင်ကြားမှာ ကြွေပြရတာ
    မနစ်နာ လွန်းဘူးလား မေမေ ….

    လွတ်ပြီး လပ်နေတဲ့ အရပ်မှာ
    မကြာခဏပြောပြောနေကြတဲ့
    ပုံစံခွက်ထဲက Freedom တွေကြောင့်
    ခြေရာလည်းပျောက် ရေကြည်လဲ နောက်ရပြန်ပြီ မေမေ ….

    နင်းပြားဘ၀ကနေတောင်
    မရမကခေါင်းထောင်ထ နေတဲ့
    လေးစားလောက်တဲ့ ..
    သူတို့စိတ်ဓာတ်တွေ အတွက်
    ပေးတဲ့ဒဏ်ချက်က သွေးပျက်လောက်အောင်
    ကြီးမားလွန်းနေတယ် မေမေ..

    လွတ် လပ် ရေးဆိုတာ ဘာလဲ မေမေ
    သတ်သတ်မှတ်မှတ် မရှိတဲ့
    နွားခြေရာခွက်ထဲက အော်ရတဲ့
    ဖားသူငယ်ဘ၀နဲ့ပဲ…
    ကျွန်တော်တို့ ခောတ်က ဟောင်းရတော့မှာလား ..
    ကျွန်တော်တို့ စနစ်က ပြောင်းရတော့မှာလား ……

    ကျွန်တော် အားကိုးတကြီးမျှော်လင့်မိပါတယ် မေမေ …
    ဒီ ၆၄ ကြိမ်မြောက် လွှင့်ထူခြင်းဟာ …
    ကျွန်တော်တို့ဖခင် လှူခဲ့တဲ့အသွေးအသားကို
    ပြန်လည်နိုးထစေခြင်းဖြစ်ပါစေလို့…

    စူးရှအိမ်  ၄၊၁။၂၀၁၂ ( 12:34 Pm)