News @ M-Media

Blog

  • ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစုတွင်မီးလောင်

    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစုတွင် နိုဝင်ဘာလ (၁)ရက်နေ့  ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိုက်ခံအိမ် (၄) လုံးအပါအ၀င် အိမ်ခြေ (၉၂) အိမ်နှင့် ရခိုင်စုမှ ငါးအ၀ယ်ဒိုင်တစ်လုံးပါ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

     

    ကျောက်နီမော် တောင်ပိုင်းရပ်ကွက် ကုလားစု၊ အရှေ့တောင်ဘက်ခြမ်း၊ ရတနာလမ်းနေ (မ——)သည် ရွှေပုဇွန်ခြောက်လုပ်ရန် ပုဇွန်အိုးပြုတ်ထားခဲ့ပြီး ဗီဒီယို ကြည့်နေစဉ် မီးဖိုချောင်မှ မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်းသိရ သည် အဆိုပါ  မီးလောင်မှုမှာ နိုဝင်ဘာလ(၁)ရက် ည (၁၁) နာရီမှ စတင်လောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာလ (၂)ရက်နေ့ ညဥ့်သန်းခေါင်ကျော် (၃)နာရီ ခွဲ အချိန်မှသာ မီးလောင်မှုရပ်တန့်သွားပြီး ၄င်းရပ်ကွက်နေထိုင်သူ အများ စုမှာ မူဆလင်ဘာသာဝင်များဖြစ်ပြီး လူနေအိမ်များထူထပ်သည့် အတွက် မီးလောင်ကျွမ်းမှု အချိန်ကြာမြင့်ခဲ့ ခြင်းဖြစ်ကြောင်းဒေသခံတဦးမှ ပြောသည်။မီးလောင်မှုဖြစ်ပွားနေစဉ် အနီးပတ်ဝန်းကျင်မှ ရပ်ကွက်သူ ရပ်ကွက် သားများ ရောက်လာကြပြီး အနီးဆုံး နေရာဖြစ်သည့် ပင်လယ်ကမ်းခြေမှ ရေများကိုရေစုပ်စက်များဖြင့် စုပ်တင်ကာရရာ ပစ္စည်းများဖြင့် ၀ိုင်းဝန်း ငြီမ်းသတ်ခဲ့ကြသော်လည်း လေတိုက်နှုန်း အနည်းငယ် ပြင်းထန်နေသည့် အတွက် မီးလောင်ကျွမ်းသည့် အချိန်ပိုမိုကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် အိမ်များတွင်နေထိုင်သည့် လူဦးရေကို စာရင်းကောက်ယူနေပြီး ယခုအခါ ယာယီနေထိုင်ရန်အတွက် နေရာထိုင်ခင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းမှ စီစဉ်ဆောင်ရွက် နေကြောင်း သိရှိရပါသည်။ ရမ်းဗြဲမြို့နှင့် ၂၄ မိုင်အကွာ ကျောက်နီမော်တိုက်နယ်မှ စံပြ၊ ရခိုင်စု ၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ရွာသာယာ ၊ကျောက်ထရန်၊ ရွှေပြည်သာ၊ စသည့်ရပ်ကွက်များတွင် ယခင်  ၁၉၉၇ ခု၊ နှစ်က တစ်ကြိမ် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်ခြေအများအပြားဆုံးရှုံးပျက်စီးခဲ့ကြောင်း ကျောက်နီမော်တိုက်နယ် ရခိုင်စုနေသူတဦးမှ ပြောပြပါသည်။

    လက်ရှိအခြေအနေမှာ ကျောက်ဖြူမြို့၊ ရမ်ဗြဲမြို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရောက်ရှိနေပြီး မီးဘေးအန္တရာယ် ကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

     

    Credit Eleven

  • ၂၀၁၂ ဟောင်ကောင် စကောလားရှစ်ဖောင်ရပြီ (ဖောင်ပိတ်ရက် ၂၀၁၁ နိုဝင်ဘာ ၃၀)

    ဟောင်ကောင်တက္ကသိုလ်များတွင် ပညာသင်ကြားရန် စကောလားရှစ်ဖောင် များ ဒေါင်းလောဒ်လုပ် လို့ ရပါပြီ။ ဖောင်ပိတ်ရက်က နိုဝင်ဘာလ ၃၀ ရက်နေ့ ။

    လိုအပ်ချက်များမှာ

    – မြန်မာပြည် ၁၀ တန်းအောင်ထားရမည်

    – တိုဖယ်အမှတ် ၅၅၀ (သို့ ) IELTS ၆.၀ ရနိုင်မည့်အရည်အချင်းရှိရမည်

    (မှတ်ချက် – လျောက်လွာတင်ချိန်တွင် အထက်ပါစာမေးပွဲများဖြေထားစရာမလိုပါ)။

     

    အောက်ပါအချက်များထဲက အနည်းဆုံး တချက် ရှိရမည်။

    – မြန်မာ (သို့ ) နိုင်ငံခြားတွင် တက္ကသိုလ် ပထမနှစ် ပြီးထားရမည် (သို့ မဟုတ်)

    – General Education Diploma (GED) ပြီးထားရမည် (သို့ မဟုတ်)

    – International General Certificate of Secondary Education (IGCSE) စာမေးပွဲ ၅ ခုကို အနည်းဆုံး C အဆင့်ဖြင့်ပြီးထားရမည်။

     

    လျှောက်ထားလိုသူများ ဖောင် (2012-Hong-Kong-Undergraduate-HKUG-scholarship-application.pdf) လင့်ခ်မှာ ဒေါင်းလော့ဒ်လုပ်ဖြည့်စွက်ပြီး [email protected] သို့  နိုဝင်ဘာ ၃၀ရက်နေ့ နောက်ဆုံးပို့ ရန်။

     

    မှတ်ချက် – လျှောက်ထားလိုသူများကို MMSY က ကူညီပေးသွားရန်ရှိ သည်။ မေးခွန်းများရှိသော် လည်းကောင်း၊ ဖောင်ဖြည့်ရာတွင် လိုအပ်သော်လည်းကောင်း၊ ဖြည့်စွက်ပြီးဖောင်များအား စစ်ပေးရန်အတွက်သော်လည်းကောင်း၊ ဖောင်ကူဖြည့်ပေးရန်အတွက်သော် လည်းကောင်း၊ အက်ဆေးများပြန်စစ်ပေးရန်အတွက်သော် လည်းကောင်း လိုအပ်ပါက [email protected] သို့ မေးပို့ ပါရန်။

     

    စကောလားရှစ်အချက်အလက်အသေးစိပ်ကို http://myanmarstudyabroad.org/scholarships/scholarships-for-people-… မှာ ရနိုင်ပါတယ်။

  • တရုတ်နိုင်ငံက ​ဟွေလူမျိုး​ မွတ်စလင်​တွေ အခက်အခဲများ​ ရင်ဆိုင်​နေရ

     

    တရုတ်နိုင်ငံရဲ့​စီး​ပွား​ရေး​ ပဉ္စလက်ဆန်ဆန် တိုး​တက်​နေတာကို အထူး​ မိတ်ဆက်စရာ ​တောင် မလိုပါဘူး​။  ဒါ​ပေမဲ့​ အဲဒီလို တရုတ်ကမ်း​ရိုး​တန်း​မြို့​ကြီး​တွေ ဖွံ့​ဖြိုး​တိုး​တက်မှုက ကုန်း​တွင်း​ပိုင်း​မှာ ​နေထိုင်ကြတဲ့​ လူမျိုး​စုငယ်​တွေအ​ပေါ်မှာ​တော့​ ​ရောင်ပြန်ဟပ်နိုင်မှု မရှိပါဘူး​။ သတင်း​ထောက် ‘ကလဲရင့်​စ် ချွာ’ က ‘​ဟွေ’ မူဆလင်လူမျိုး​စု​တွေ ​နေထိုင်တဲ့​ တရုတ်နိုင်ငံ ‘နင်ရှာ’ပြည်နယ်ကို သွား​ရောက်ပြီး​ သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို မမိုး​မြင့်​ဇင်က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင် ပါတယ်။

     

     

     

    AC 28-1-2011 China Hui Muslims by dvbradio

     

    Credit DVB

  • ဟဂ်ျသွားရောက်မည့် မြန်မာမွတ်စလင်မ်များအား သာသနာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲပြုလုပ်

    ၂၀၁၁ ခုနှစ်၊ မက္ကာဟ်ရွှေမြို့တော်နှင့် မဒီနာရွှေမြို့တော်သို့ ဟဂ်ျ၊ အမ္မရဟ်နှင့်ဇေယာရသ် သွားရောက်ပြုလုပ်ကြမည့် မြန်မာ ဟာဂျီလောင်းများအား သာသနာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၆း၃၀) နာရီအချိန်တွင် စင်ထရယ် ဟော်တယ်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

     





  • ပြင်းအား ၇.၂ ရှိအင်အားပြင်းငလျင် တူရကီ အရှေ့တောင်ပိုင်းတွင်လှုပ်ခတ်


    တူရကီ အရှေ့တောင်ပိုင်းမှာ အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦးတချို့ (အောက်တိုဘာလ ၂၃၊ ၂၀၁၁)  photo VOA

    တနင်္ဂနွေနေ့ ဒေသစံတော်ချိန်  နေ့လည် 1:41 နာရီတွင်  ရစ်ချက်စတာ စကေး ပြင်းအား(၇.၂) ရှိသော အင်အားပြင်းငလျင်တခု တူရကီနိုင်ငံအရှေ့တောင်ပိုင်း ဗန်(Van) ခရိုင်အတွင်းလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွားရေးဌာနက ပြောပါတယ်။

    နောက်ဆက်တွဲ ငလျင်ငယ်များလဲ ဆက်လက်လှုပ်ခတ်လျက်ရှိကြောင်း သိရှိရပါသည်။

    အနည်းဆုံးလူ ၅၀ ကျော်ဒဏ်ရရှိပြီး အဆောက်အအုံးများစွာ ပျက်စီးကြောင်း ခရိုင်တာဝန်ရှိသူများရဲ့ ပြောကြားချက်ခဲ့ပါတယ်။ အသေအပျောက်အပျက်အဆီးများတယ် လို့ သတင်းတွေထွက်နေပေမယ့် ခိုင်မာတဲ့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ် တူရကီ ဘူမိဗေဒဌာနက လူပေါင်း ၅၀၀ မှ ၁၀၀၀ အထိသေဆုံးနိုင်ကြောင်း ခန့်မှန်းပြောကြားပါတယ်။

    ဗန်မြို့အတွင်း အဆောက်အအုံ နှစ်ခုပြိုကျပျက်စီးခဲ့ပြီး ထိတ်လန့်တုန်လှုပ်မှုများကြောင့် တယ်လီဖုန်းလိုင်းများ လိုင်းကြပ်မှုများဖြစ်ပွားခဲ့ကြောင်း ဗန်မြို့တော်ဝန် Bekir Kaya ကပြောကြားခဲ့ပါတယ်။ ဗန်မြို့ဟာ တူရကီအရှေ့တောင်ပိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်။

    တူရကီနိုင်ငံဟာ အင်အားပြင်းငလျင် မကြာခဏလှုပ်လေ့ရှိသောနိုင်ငံဖြစ်ပြိး ၁၉၉၁ တူရကီ အရှေ့မြောက်ဘက်တွင်လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြီး နှစ်ခု ကြောင့် လူပေါင်း ၁၈၀၀၀ ခန့် သေကျေပျက်စီးခဲ့ရသည်။

    source Press TV