News @ M-Media

Blog

  • သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း

    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း ……..

    . “တိုင်းပြည်မှာ လူတိုင်းလိုလို စာတတ်ရမယ်။ အင်္ဂလိပ်စာကို ပိုပြီးမှ ကျွမ်းကျွမ်းကျင်ကျင်တတ်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ရမယ်။ အင်္ဂလိပ်ကို ပြန်တော်လှန်မယ်ဆိုရင် သူတို့ဆီက ပညာရပ်တွေကို သူ့ဘာသာနဲ့သင်ယူပြီးမှ သူ့ကို ပြန်တော်လှန်ရမယ်”ဆိုတဲ့ သဘောမျိုးခံယူထားတာရှိတယ်။

    . ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး (more…)

  • ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ

    အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က သူရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) စာအုပ်ကို စာရေးသူထံ လက်ဆောင် ပို့လိုက်ပါသည်။ ဆရာ့ စာအုပ်ထဲတွင် အာဇာနည်တစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ အကြောင်းလည်း ပါသည်။ ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ကိုလည်း ဖော်ပြထားသည်။ ထိုရတု ပိုဒ်စုံကို ဖတ်ရသော အခါ စာရေးသူထံတွင် ရှိသော ဒဂုံပ ဦးဘတင်၏ မှတ်စုမှ ဦးရာဇတ်၏ ရတုပိုဒ်စုံကို သွား၍ သတိရသည်။

    ဦးလေးတင် (ဒဂုံပ ဦးဘတင်)၏ မှတ်စုတွင် ဆရာကြီး ဦးရာဇတ်၏ ရတုပိုဒ်စုံကို ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သော ဦးခင်မောင်လတ် (နောင် ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့သူ) ထံသို့ ရေးပို့ခဲ့သဖြင့် ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း၊ ရေးသား ထားသည်ကို တွေ့ရပါသည်။ (more…)

  • အမှောင်ထဲက အလင်းတန်း

    “ထက်အောင်ခန့်”

    မြို့ငယ်လေးရဲ့ မြို့သစ်တစ်ခုမှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တန်းရောက်သောအခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။

    “အမေ”

    “ဟေ…ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”

    “ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ” (more…)

  • သိမ်းဆည်းထားသော အတွေးတစ်ခုကို ဖွင့်ဟရေးသားမိရာ…

    ကျွန်မလွန်ခဲ့တဲ့  သုံးလေးလလောက်က အလုပ်ကိစ္စနဲ့ ကော့သောင်းနဲ့ မြိတ်ဘက်ကို ရောက်ခဲ့တယ်။ တနင်္သာရီတိုင်းကို ဒါပထမဆုံး အကြိမ်ရောက်ဖူးတာပဲ။ ကော့သောင်းမှာတစ်မြို့လုံး ဘယ်နားကြည့်ကြည့် မွတ်စ်လင်မ်တွေချည်းပဲမို့ စိတ်ထဲမှာအရမ်းလုံခြုံပြီး ဒေသ အသစ်လို့တောင် သိပ်မခံစားရဘူး။ ကော့သောင်းမှာ တစ်ညအိပ်ပြီး မြိတ်ကိုခရီးဆက်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ရေးဖြစ် ဖို့ကလဲ မြိတ်မှာ “သူမ” နဲ့ တွေ့ဆုံပြီးမှ ဖြစ်ခဲ့ရတာပါ။

    သူမ ဆိုတာကတော့ အိုင်အန်ဂျီအိုတစ်ခုကဖွင့်လှစ်ထားတဲ့ Drop-in-Centre (DIC) လို့ခေါ်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ခံစားနေရသူ တွေနဲ့ ဒီရောဂါရနိုင်တဲ့အမူအကျင့်ရှိသူတွေအတွက်ဖွင့်လှစ်ထားတဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ အပန်းလည်းဖြေနိုင်တဲ့ နေရာတစ်ခုမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အလုပ်တာဝန်နဲ့ အဲဒီကိုရောက်ရင်း သူနဲ့စကားပြောဖို့ နာမည်မေး လိုက် တဲ့အချိန်မှာတင် ကျွန်မရင်ထဲမှာ တုန်လှုပ်သွားရပါတယ်။ သူ့နာမည်က “ဂျွမ္မာဘီ” တဲ့။ သူ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ့မှာအိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေပြီ။ ၁၃ နှစ်သမီးအရွယ်ကတည်းက လမ်းမှားကိုရောက်ခဲ့ရပြီး အခုအချိန်ထိလဲ သူလမ်းမှန်ကို ပြန်မသွားနိုင်သေးရှာဘူး။ သူနဲ့စကားပြောရင်း မျက်ရည်မကျမိအောင် ကျွန်မမနည်းထိန်းထားရတယ်။ ကလိမာဟ်ကလွဲပြီး ဘာမှ မသိရှာသူ၊ နမားဇ်မဖတ်တတ်ရှာသူ၊ မြန်မာစာဆိုလဲ နာမည်တစ်လုံးပဲ ရေးတတ်တဲ့သူလေးပါ။ ကျွန်မမေးကြည့်တော့ သူ့အမေကတော့ အိမ်မှာ နမားဇ်ဖတ်ပါတယ်၊ ကျန်းမာရေးမကောင်းလို့ သူ့ဝင်ငွေကိုပဲ မှီခိုနေရတယ်လို့ ပြောပြပါတယ်။ အကျဉ်းချုံးပြောရရင် ကျွန်မ သူ့ကို ကျွန်မလဲသူ့အတွက်ဒိုအာလုပ်ပေးမယ်၊ သူကိုယ်တိုင်လဲ ဒီအလုပ်ကရုန်းထွက်နိုင်အောင် ကြိုးစားဖို့ ပြောဖြစ်ခဲ့ပါတယ်။

    သူနဲ့တွေ့ပြီးတဲ့နောက် ကျွန်မခေါင်းထဲမှာအတွေးတစ်ခုဝင်လာတယ်။ အခုဆိုရင် ကျွန်မတို့ဆီမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်နဲ့ပတ်သတ်ပြီး ပညာပေးတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ နောက်ဆုံး အေအာရ်တီဆေး ထောက်ပံ့ပေးအပ်တဲ့ အန်ဂျီအိုတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ အများကြီးရှိနေပါပြီ။ ဒါပေမယ့် သူတို့တွေခန့်ထားတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Cousellor) နဲ့ ပညာပေးသူ (Educator) တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့က ရောဂါမ ရှိတဲ့သူဆို ရောဂါကူးစက်နိုင်တဲ့အမူအကျင့်တွေကဘယ်လို၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ပြောပြပေးတယ်။ ရောဂါရှိတဲ့သူ ကျတော့ ကိုယ်ကသူများကိုမကူးအောင်၊ သူများဆီကထပ်မံကူး စက်မခံရအောင်ဆိုပြီး နှစ်သိမ့်၊ ဆွေးနွေး၊ ပညာပေးတယ်ပေါ့။ ကျွန်မစဉ်းစားကြည့်မိတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ရောက်နေတဲ့ ဒီလမ်းမှားပေါ်က လူတွေကို သူတို့လုပ်ကိုင်နေတဲ့ အရာတွေ ရပ်တန့်သွားအောင်၊ ရပ်တန့်ချင်လာအောင် ကျွန်မတိုက မကူညီနိုင်ဘူးလား၊ အကောင်အထည်ဖော်ဖို့ မကြိုးစားနိုင်ဘူးလား။ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှုအလိုက်ပညာပေးမှုတွေ၊ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ၊ ၀င်ငွေရရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ဘူးလား။ နာမည်ကြီး အန်ဂျီအို တစ်ခုကဆရာဝန်မတစ်ယောက်နဲ့တွေ့တော့ သူကပြောတယ်။ ကျွန်မတို့က လူကိုလူလိုပဲမြင်တယ်တဲ့။ ဒီအလုပ်လုပ်တာဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပဲတဲ့။ ဒိအတွက် ဘာမှသူ့ကိုရှုံ့ ချစရာမလိုဘူး။ သူကျန်းမာရေးကောင်းမွန်အောင် ပံ့ပိုးပေးတာပဲလုပ်ရမယ်။ ဒါကျွန်မတို့ရဲ့ ရည်မှန်းချက်ပဲတဲ့။ လူကိုလူလိုဆက်ဆံရမယ်ဆိုတဲ့ သူ့အတွေးကိုကျွန်မလေးစားပါတယ်။ ဒါပေမယ့် ကျွန်မတို့လူကိုလူလို တန်ဖိုးထားပြီး သိက္ခာရှိရှိနဲ့ ၀င်ငွေရှာဖွေနေတာကို မြင်ရတာ ပိုများမကောင်းဘူးလားရှင်။

    ရန်ကုန်နဲ့ နယ်မြို့တစ်ချို့မှာ အန်ဂျီအိုတွေက ဖွင့်လှစ်ထားတဲ့ DIC အတော်များများကို ကျွန်မရောက်ဖူးတယ်။ နားခိုရာလို့ သူတို့ နာမည်လှလှပေးပြီး စိတ်သက်သာအပန်းဖြေဖို့ သူတို့ငွေကုန်ကြေးကျ အများကြီး ခံပြီးဖွင့်လှစ်ထားတဲ့နေရာတွေကို ကျွန်မကတော့ အားမနာတမ်း၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မျိုးတူရာ စုပေးပြီး အင်အားကြီးထွားလာအောင် လုပ်ပေးနေသလားလို့ မချင့်မရဲ ဖြစ်မိတယ်။ လူဆိုတဲ့ အမျိုးက အများကြားမှာတစ်ယောက်ဆို ကိုယ့်ကိုယ်ကိုမ၀ံ့မရဲနဲ့ ပြုပြင်ဖို့ကြိုးစားကောင်း ကြိုးစားဦးမယ်။ အားလုံးတူတူပဲဆိုမှတော့ ယုံကြည်မှုတွေအပြည့်နဲ့ ကိုယ့်ရပ်တည်မှုကိုယ် အမှန်လို့မြင်ပြီး ပိုတောင်ခိုင် မာလာဦးမယ်။ နောက် သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်လိုက်မိတော့ ရုပ်ရှင်ကြည့်အပန်းဖြေခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ အလှအပပြုပြင်ခြင်း၊ ဇယ်ခုံတောက်ခြင်း စတာမျိုးတွေပါပဲ။ ဘ၀ကို လိုချင်ရက်နဲ့ ဖြစ်ဖြစ်၊ အခြေအနေပေးလို့ပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ဖြတ်သန်းနေရတဲ့သူတွေအတွက် သူတို့စိတ်ဝင်စားမယ့် ဒီပျော်စရာအစီအစဉ်တွေ မလိုအပ်ဘူးလို့မပြောပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့စိတ်ကို လမ်းမှန်ကို ပြန်လည်ဦးတည်လာစေမယ့် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ ထည့်ပေးလို့မရဘူးလား။ သို့လော သို့လော အတွေးတွေနဲ့ ကျွန်မရင်မှာ တစ်အုံ့နွေးနွေးဖြစ်နေတာ ကြာပြီမို့ MMSY ကမိတ်ဆွေတွေကို ရင်ဖွင့်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ဒါ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်မို့ သဘောထားချင်း တိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်မှာပေါ့။ ဒီလိုရေးခွင့်ရတဲ့အတွက်တော့ Thanks, MMSY 🙂

    Aisha

  • နိုဝင်ဘာလဆန်းပိုင်းမှ စ၍ သုံးသိန်းတန် GSM ဖုန်းများ ချထားပေးမည်

    အိမ်နီချင်း မလေးရှားနိုင်ငံမှာ ဖုန်းလိုင်းကဒ်တခု ဈေးနှုန်း ရင်းဂစ် 8.50=2400 ကျပ်နီးပါး

    လာမည့် နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးတော့မည်ဖြစ်ကြော်ငး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက ပြောသည်။

    ဤကဲ့သို့ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများပါ မိုဘိုင်းဖုန်း ကိုင်တွယ်သုံးစွဲခွင့် ရရှိစေရန် ရည်ရွယ်သည်ဟု ပြောသည်။

    “နိုဝင်ဘာလဆန်းဆိုရင် သုံးသိန်းတန် GSM ဖုန်းကို တရားဝင် လျှောက်လွှာနဲ့ ခေါ်ယူသုံးစွဲခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သုံးသိန်းတန် ဖုန်းတွေချပေးလို့ ဆက်သွယ်ရေးလိုင်း ကျပ်မသွားပါဘူး။ GSM တာဝါတိုင်တွေကို ထပ်ပြီး တည်ဆောက်နေသလို ဆက်သွယ်ရေးလိုင်းမှာ အဓိကကျတဲ့ ဖုန်းကွန်ရက် ဆော့ဖ်ဝဲအသစ်တွေကိုလည်း တည်ဆောက်ထားပါတယ်။ အလုံးရေ တစ်သိန်းထိ ရန်ကုန်မြို့မှာ စပြီး ချထားပေးပါမယ်။ ရန်ကုန်ပြီးရင် မန္တလေးနဲ့ နေပြည်တော်ကိုပါ ဆက်တိုက် ဆောင်ရွက်သွားပါမယ်” ဟု ဆိုသည်။

    ၎င်းအပြင် အော်တိုအိတ်ချိန်း (Auto Exchange) ဖုန်းစနစ် ပြောင်းလဲ၍ သုံးစွဲခွင့်ပြုခဲ့စဉ် အချိန်က မြန်မာနိုင်ငံ၌ သုံးစွဲခဲ့သော ဖုန်းအလုံးရေမှာ ၇၄၈၅၅ လုံး ရှိခဲ့ကြောင်း၊ အဆိုပါ Auto exchange ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသော အချိန်ကာလများတွင်လည်း  စစ်တမ်းများအရ ဖုန်းသုံးစွဲမှု အခြေအနေမှာ (၁.၀၉) သန်းခန့် ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် CDMA800 MHz ဖုန်းများ၊ CDMA450 MHz ဖုန်းများနှင့် GSM မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ ဒဿမ ၀၁ သန်း ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် ယခု သုံးသိန်းတန် GSM ဖုန်းများ ချထားပေးပြီးပါက မြန်မာနိုင်ငံ၌ ဖုန်းသုံးစွဲမှု အခြေအနေမှာ သုံးသန်းမှ လေးသန်းအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆက်လက် ပြောပါသည်။

    ချစ်အောင်

    မန္တလေးအလင်း

    ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်