News @ M-Media

Blog

  • လစ်ဗျား အခင်းအကျင်းသစ် နှင့် အစ္စလာမ့် ပြန်လည်နိုးထမှု

    အာဏာရှင် ကဒါဖီလက်ထက် လစ်ဗျား၌ အစ္စလာမ် အား ဆယ်စုနှစ်များစွာတိုင် အကန့်အသတ်ဖြင့် ထားရှိခဲ့ရာမှ လစ်ဗျား လွတ်မြောက်ရေးလှုပ်ရှားသူများ ထိန်းချုပ်ရာ ဘင်ဂါဇီ အပါအ၀င် အရှေ့ပိုင်းဒေသများ ၌ အစ္စလာမ်ပြန်လည် နိုးထလာမှုကို မြင်တွေ့လာရပြီဖြစ်သည်။ လစ်ဗျားအာဏာရှင် ကဒါဖီ က ၄င်း လွတ်မြောက်ရေးလှုပ်ရှားသူများ မှာ အလ်ကိုင်ဒါ အနွယ်ဝင် အစွန်းရောက်သူများဟု အနောက်တိုင်း မီဒီယာများသို့ ၀ါဒဖြန့် ထားသော်လည်း အရှေ့ပိုင်း လစ်ဗျား ရှိ ပညာရှင်များက အစွန်းရောက် ဘာသာရေးဟန် အား အမြစ်တွယ်ခွင့်ပေးမည် မဟုတ်ကြောင်း ပြန်လည် ရှင်း လင်း ပြောဆိုထားသည်။

    ကဒါဖီ ဆန့်ကျင်ရေး လှုပ်ရှားသူများ အရှေ့ပိုင်းဒေသအား ထိန်းချုပ်ခဲ့ ချိန်မှ စ၍ ကဒါဖီလက်ထက် က အထိန်းချုပ်ခံ အစ္စလာမ်ပုံစံမှာ ယင်း ဒေသများ၌ သမိုင်းဖြစ်ရပ်သာ ဖြစ်သွားခဲ့ပါသည်။ အကယ်၍ ကဒါဖီ မှ အာဏာလက်လွတ်ခဲ့ပါက လစ်ဗျားရှိ အစ္စလာမ့်အခန်းကဏ္ဍမှာ ပိုမို ကျယ်ပြန့်လာမည်ဟု အစ္စလာမ့် အရေးလေ့လာသူများက သုံးသပ်ထားသည်။ ဆိုရှယ် လစ် စတိုင်အရောင်သွင်းထားသော ဟန်ပန်သစ် အစ္စလာမ် အား ကျင့်သုံးသူ ကဒါဖီ လက်ထက်၌ နိုင်ငံရေး ဆက်နွယ်သော အစ္စလာမ့် ကျင့်သုံးမှု များအား (more…)

  • ကမန် တိုင်းရင်းသားများ ဘာသာရေးကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်မရ

    ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ သတ်မှတ်ထားသော တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲ ပါဝင်သော်လည်း အစ္စလာမ်ဘာသာကို ကိုးကွယ်သူများ ဖြစ်သဖြင့် လွတ်လပ်စွာ ခရီးသွားလာခြင်း မရဘဲ ကန့်သတ် ပိတ်ပင် ခံနေကြရသည်ဟု သတင်း ရရှိသည်။

    ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။

    ကမန် တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ ထုတ်ပေးသော နိုင်ငံသား စိစစ်ရေး ကဒ်ပြား အစစ်အမှန်ကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသော်လည်း ခရီးသွားလာရာတွင် အဆိုပါ နိုင်ငံသား ကဒ်ပြားဖြင့် ခရီးသွားလာခွင့်မရဘဲ ပုံစံ(၄) ဖြင့်သာ ခရီးသွားလာနေကြရသည်။

    ကျွန်တော်တို့မှာ နိုင်ငံတော် အစိုးရမှ ထုတ်ပေးထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အစစ်အမှန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ မရဘူး။ ပုံစံ (၄) စာရွက်နဲ့သာ သွားနေရပါတယ်။ အဲဒီ ပုံစံ ၄ စာရွက်ကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ထိ တင်ရပါတယ်။ ပြည်နယ်က ခွင့်ပြုချက်ရပြီးမှ သွားလာလို့ ရတာ ဖြစ်ပါတယ်  ဟု မင်းပြားမှ ကမန်အမျိုးသား တစ်ဦးဖြစ်သူ ဦးသိန်းရွှေက ပြောသည်။ (more…)

  • ရွှေခေတ်ကို ပြန်လည်ရယူလိုပါလျှင် …

    ရွှေခေတ်ဟု ကျော်ကြားသော အစ္စလာမ်သာသနာဝင်မုစ်လင်မ်တို့၏အတိတ်ကာလသည် ဂုဏ်ယူစ၀င့်ကြွားဖွယ်ရာ အကြောင်းတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စာရေးဆရာများနှင့်ဟောပြောသူများအဖို့ လက်၊လျှာ၊အာတွေ့ မဆုံးနိုင်အောင် ဖြစ်နေကြ၏။ အတိတ်မျှော်ဂုဏ်ဖော်နေခြင်းအား ယခုနေရာတွင် တန့်လိုက်ကြပြီး ခမ်းနားကြီးကျယ်လှသည့် ထိုခေတ်ကြီး မည်သို့ဖြစ်တည်လာခဲ့ကြောင်း အတွေးအမြင်အချို့ကို ဆွေးနွေးကြည့်ကြပါစို့။

    ကြွားဝါမာန်တက်ရေးအတွက် အဖြစ်အပျက်များမှ ရိက္ခာထုတ်ဖော်ခြင်းသည် အစ္စလာမ့်အနှစ်သာရနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေပါသည်။ ဖြစ်ရပ်များကို သုံးသပ်ရာတွင် အစ္စလာမ့်နည်းလမ်းသည် ထိုအရာများမှ သင်ခန်းစာ ရယူခြင်းဖြစ်သည်။ အရှိတရားကို မြင်အောင်ကြည့်ရှုစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား အမှန်တကယ်သင်ပေးလိုက်သည့်အချက်သည် အဘယ်အရာဟူသည်ကို ကောက်ချက်ချနိုင်ရပါမည်။ အကြောင်းအချက်များမှာ အရှိတရားအပေါ်အခြေမခံပါက စိတ်နှလုံးအတွက် ဓါတ်စာမဖြစ်၊ တလွဲမာန သွတ်သွင်းလိုက်သလိုသာ ဖြစ်ရပေ၏။

    အတိတ်ကာလမုစ်လင်မ့်သမိုင်းကို လေ့လာဆန်းစစ်ကြည့်သော်  – ၄င်းရွေခေတ်ကြီးသည် ယနေ့ခေတ်မုစ်လင်မ်များ လုပ်ဆောင်နေသလိုမျိုး အခွင့်အရေးတိုက်ပွဲဝင်မှုမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်သည်ကို တွေ့ရ၏။ ၄င်းခေတ်ကာလ၏ အောင်မြင်မှုသည် သူတစ်ပါးတို့အပေါ် ကျွန်ုပ်တို့၏အသုံးကျမှု ( ကောင်းကျိုးဖြစ်ထွန်းစေမှု ) ဖြင့် သတ်မှတ်နိုင်ပေသည်။ ယင်းအရည်အသွေး၏ဂုဏ်ရည်က မုစ်လင်မ်တို့အား ယင်းသို့သော ထိပ်တန်းအောင်မြင်မှုသို့ ရောက်ရှိသွားစေခဲ့ပါသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ရုရှ(ဆိုဗီယက်)တို့မှာ ခေတ်သစ်ယဉ်ကျေးမှု၏ဗဟိုဌာနများအဖြစ် ထင်ပေါ်ကျော်ကြား၏။ သို့သော် ထိုအရာများ၏ဘူမိနက်သန်သည် ထိုနိုင်ငံများ မဟုတ်ချေ။ အသိပညာပြန်လည်ထွန်းကားမှုသည် ထိုဒေသများမှ အစပြုခဲ့သည်မဟုတ်ပါ။ ဥရောပတွင် အသိပညာနှင့်လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာသည် စပိန်၊ စစ္စလီနှင့် အီတလီ ဖြစ်ခဲ့ကြောင်းတွေ့ရလေသည်။ ဖော်ပြပါကမ်းရိုးတန်းဒေသများမှ အသိပညာပြန်လည်ရှင်သန်ခြင်း စတင်ခဲ့၏။ ၄င်းနောက် ခေတ်သစ်ယဉ်ကျေးမှု၏မျိုးစေ့များကို ကြဲဖြန့်ခဲ့၏။ ထိုမှတစ်ဆင့် အခြားဥရောပတိုင်းပြည်များသို့ ပျံ့နှံ့သွားခဲ့ပေသည်။

    အသိပညာနှင့်ယဉ်ကျေးမှုများသည် ဥရောပသို့ မုစ်လင်မ်တို့မှတစ်ဆင့် ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ မုစ်လင်မ်တို့၏ခေတ် မတိုင်မီက ဥရောပတိုက်သည် အမှောင်ကမ္ဘာကြီးဖြစ်ခဲ့၏။ ထိုကာလမှာ   မှောင်မိုက်ခြင်းနေ့ရက်များ ဟု သမိုင်းတွင် ထင်ရှား၏။  မုစ်လင်မ်တို့သည် ပင်လယ်ကိုဖြတ်ကာ အာဖရိကမှ ဥရောပသို့ ဦးစွာဝင်ရောက်ခဲ့ကြ၏။ မော်ရိုကိုမှ စပိန်သို့ ရေကြောင်းခရီးဖြင့် ရောက်ခဲ့ကြ၏။ အလားတူပင် တူနီးရှားမှ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီး စစ္စလီနှင့် အီတလီသို့ ၀င်ခဲ့ကြသည်။ ၄င်းနောက် မုစ်လင်မ်တို့သည် ယင်းဥရောပနိုင်ငံများအတွင်း ပညာနှင့်ယဉ်ကျေးမှု၏အုတ်မြစ်ကို ချခဲ့ကြကုန်၏။   အနောက်ဥရောပ တစ်ခွင်သို့ လက်ဆင့်ကမ်းပျံ့နှ့ပြီး နောင်သောအခါ အမေရိကန်ပြည်ထောင်စုသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ လေ့လာသင်ကြားခြင်းဟူသော အလင်းတန်းကို ဥရောပသို့ ထုတ်လွှတ်ပေးခဲ့သူများမှာ မုစ်လင်မ်များဖြစ်ကြကြောင်း မည်သူမျှ  မငြင်းနိုင်ခဲ့ပါ။

    ထိုခေတ်ကာလတွင် မုစ်လင်မ်တို့သည် ကမ္ဘာကိုခါးစောင်းတင်ခဲ့ကြသူများဖြစ်၏။ ထိုခေတ်မုစ်လင်မ်တို့အနေနှင့် ကမ္ဘာမြေ၀ယ် ခြေတစ်လှမ်း လှမ်းလေတိုင်း ထိုနေရာမှ ပညာရေစမ်း ပန်းထွက်လာ၏၊  သမိုင်းထဲက အမှောင်နေ့ရက်များကို ယဉ်ကျေးမှုထွန်းတောက်သည့်ကာလအဖြစ်  လှည့်ပြောင်းပေးခဲ့ကြ၏။ နေရာတစ်ခုခုတွင် မုစ်လင်မ်တို့ အခြေချသည့်အခါတိုင်း ခြောက်သွေ့မြေပေါ် နတ်ဘုံရေစင်ဆိုက်ရောက်သကဲ့သို့ ဖြစ်ရသည်အထိ  သူတို့၏အသိပညာဖြန့်ချိရေးစွမ်းရည် မြင့်မားခဲ့ကြလေသည်။

    လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်ကြီးဝယ် ခရစ်သက္ကရာဇ်(774)ခုနှစ်က သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါးတစ်ချပ်ရှိ၏။ ရှေးဟောင်းအင်္ဂလန်ပြည့်ရှင် Offa Rax (757 – 796 ) လက်ထက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဒင်္ဂါး၏မျက်နှာစာတစ်ဖက်တွင် ထိုဘုရင်၏အမည်ကို တွေ့ရပြီး အခြားတစ်ဖက်တွင်မူကား မုစ်လင်မ်တို့၏ယုံကြည်ချက်သက်သေခံစကားရပ်ကို အရဘီဘာသာဖြင့် တွေ့ရလေသည်။ ပရော်ဖက်ဆာ Philip K.Hitti က မိမိ၏စာအုပ်  History of the Arabs(1979)၊ စာမျက်နှာ(၃၁၆)တွင် ထိုဒင်္ဂါး၏ဓါတ်ပုံကို အောက်ပါကဲ့သို့ ခေါင်းစဉ်တပ်လျက် ဖော်ပြထားပါသည်။

    အာရဗ် ဒီနာရ်(ဒင်္ဂါး)ကို တုပထားသော (၇၇၄)ခုနှစ်မှ အင်္ဂလို ဆက်ဆွန် ရွှေဒင်္ဂါး

    (၈)ရာစုနှစ်မုစ်လင်မ်တို့သည် ဂရိဆေးဝါးပညာယူဆချက်များကို လိုက်စားခဲ့ကြ၏။ သို့သော်  ၄င်းလမ်းကြောင်းပေါ် တစိုက်မတ်မတ် ရည်မှန်းချက်ဖြင့် စွမ်းစွမ်းတမံ အားထုတ်ခဲ့မှုကြောင့် နောင်တစ်ချိန်ဝယ် ကြောက်ခမန်းလိလိ တိုးတက်မှုများ ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် သူတို့သည် သူတို့၏ခေတ်ကာလအတွင်း ကမ္ဘာ့ဆေးးပညာလောက၏ ဦးဆောင်သူများအဆင့်သို့ ရောက်ခဲ့ကြကုန်၏။ သမားတော်ကြီး Avicenna က ဗြိတိသျှစွယ်စုံကျမ်း(၁၉၈၄)တွင် ကျမ်းတစ်စောင်အကြောင်းကို  ဖော်ပြထားပုံမှာ –

    (မုစ်လင်မ်တို့ပြုစုခဲ့သော) ဆေးဝါးနှင့် ကုထုံးနိသျှကျမ်းကြီးသည် ဆေးပညာသမိုင်းတွင် အကျော်ကြားဆုံး ကျမ်းဂန်များအနက် အပါအ၀င်ဖြစ်နေဆဲပင်                                                                        (I/681)

    စစ္စလီ၏ဘုရင် ရော်ဂျာ – ၂(၁၀၉၅ – ၁၁၅၄)သည် သူ့ခေတ်ကာလတွင် ဥရောပ၏လျှမ်းလျှမ်းတောက် ဘုရင်များအနက် တစ်ဦးဖြစ်သည်။ သူသည် မိမိပိုင်နက်၏တည်နေရာအမှန်(နယ်နမိတ်)ကို အတိအကျ ဖော်ပြနိုင်သော ကမ္ဘာ့မြေပုံ တစ်ခုရေးဆွဲရန် အထူးစိတ်ဝင်စားခဲ့၏။ ထိုရည်ရွုယ်ချက်အကောင်အထည်ဖော်ရန် ပညာအပြည့်အ၀ဆုံးသူကို ရှာဖွေစေရာ  အလ်အိဒ်ရိစီ ကို တွေ့လေ၏။ သူသည် မော်ရိုကိုနိုင်ငံတွင် မွေးဖွားခဲ့ပြီး စပိန်ရှိ မုစ်လင်မ်တက္ကသိုလ်များမှ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထို့နောက် သူသည် အာရှ၊ အာဖရိကနှင့် ဥရောပတစ်လျှေုာက် ကျယ်ပြောသောခရီးစဉ်ကြီးတစ်ခုထွက်ခဲ့၏။ ယဉ်ကျေးမှုဖြစ်ထွန်းစ ထိုခေတ်၏ အထက်မြက်ဆုံး ပထ၀ီဗေဒပါရဂူမှာ အလ် အိဒ်ရိစီ ပင်ဖြစ်ပေသည်။ ဗြိတိသျှစွယ်စုံကျမ်းတွင် သူနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားပေသည်။

    အလ် အိဒ်ရိစီသည် စစ္စလီနိုင်ငံ၊ နော်မန်ဘုရင် ရော်ဂျာ ၂ ၏အရင်းနှီးဆုံးမိတ်ဆွေ၊ ၄င်းအပြင် အကြံတော်ပေးလည်း ဖြစ်၏။ နန်းတွင်းဝယ် ပထ၀ီဝင်ဗေဒပညာရှင်အဖြစ် အမှုထမ်းခဲ့၏။ ရော်ဂျာ ၂ က မိမိလိုချင်သော ကမ္ဘာ့မြေပုံတစ်ခုဖန်တီးရန် အလ်အိဒ်ရိစီအား စစ္စလီသို့ ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။  (9/198)

    ကျွန်ုပ်တို့ ဘိုးဘေးဘီဘင် ရှေးအဆက်အနွယ်များ၏အခြေအနေမှာ ယင်းသို့ ဖြစ်ပါသည်။ ယနေ့သော်ကား ပြောင်းပြန်ဇောက်ထိုး ဆန့်ကျင်ဖက်အခြေအနေသို့ ဆိုက်ရောက်နေပါ၏။ ကမ္ဘာတစ်ဝှန်းရှိ မုစ်လင်မ်တို့မှာ ပြသနာ၏အရင်းခံများ ဖြစ်နေကြ၏။ အဖိုးထိုက်တန်လွန်းသူများ မဟုတ်ကြလေတော့။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍတိုင်းတွင် နောက်ကောက် ကျခဲ့ကြကုန်၏။ ရှေးအတိတ် မုစ်လင်မ်တို့ဆောင်ရွက်ခဲ့ကြကုန်သည့် သြဇာအရှိန်အ၀ါအခြေအနေမျိုးဆိုလျှင် မိမိတို့ဘ၀၏ မည်သည့် အခန်းကဏ္ဍမျှ ရှိမနေကြတော့ပါလေ။ ခေါင်းဆောင်ဆိုသူများကလည်း မိမိတို့ဖာသာ ဖန်တီးပုံဖော်ထားသော စိတ်ကူးယဉ် သုခဘုံ အတွင်း ရောက်ရှိစေအံ့ ဟု လူတို့အား ချော့သိပ်မှိုင်းတိုက်လျက် ရှိကြကုန်၏။

    အချုပ်အားဖြင့် လက်ရှိမုစ်လင်မ်(အများစု)တို့မှာ ရယူသူများ ဖြစ်ကုန်ပြီး ပေးဆပ်သူများ အလျဉ်းမဟုတ်ကြတော့။ ယှဉ်ပြိုင်ရင်ဆိုင်ခြင်းနှင့် ကြိုးပမ်းရုန်းကန်ခြင်းတို့ဖြင့် အတိပြီးသော ယခုကမ္ဘာကြီးဝယ် တကယ်လို့များ သူတို့သည် ဂုဏ်ယူဖွယ် အနေအထားတစ်ရပ်သို့ မည်သည့်အခါမျှ ပြန်လည်မရောက်ရှိတော့ပါလျှင် …………………….

    မိမိတို့၏လုပ်ရပ်သည် မိမိတို့၏အကျိုးသာ ဖြစ်ရပေအံ့။

    မောင်လာနာ ၀ဟီဒုဒ္ဒီးန် ခန်း ၏  Getting What One Deserves   ကို မြန်မာပြန်ဆိုတင်ပြခြင်း ဖြစ်သည်။

    စလာမ်၊ ဒုအာအ်ဖြင့်

    ဂျူလိုင်ရဲရင့်

  • ဟောင်ကောင်မှ ဗလီနှင့် ဆွလာသ်ဝတ်ပြုဆောင်များ အပိုင်း (၂)

    ဒီရက်ပိုင်း ရုံးမှာအလုပ်ရှုပ်နေတာနဲ့ အပိုင်း ၂ ကို ဆက်မရေးဖြစ်ခဲ့တာပါ။ စိတ်ထဲမှာတော့ အကြွေးတစ်ခုကျန်နေတာမို့ ကသိ ကအောက်နဲ့ပါ။ အက်ဒ်မင်က ကျွန်မရဲ့ပိုစ့်စ်ကို ခရီးသွားဆောင်းပါးဆိုတဲ့ ခေါင်းစဉ်အောက်ထည့်ပေးတာ ကျေးဇူးပါ။ နေရာဒေသ တွေချည်းပဲရေးရတာ ပျင်းစရာကောင်းပါတယ်။ အတွေ့အကြုံလေးပါထည့်ရေးမှ ဖတ်တဲ့သူလဲ စိတ်ဝင်စားမှာပေါ့…နော်။ နောက်ထပ်ရေးပြချင်တဲ့ ဗလီကတော့ ၀န်ချိုင်းဆိုတဲ့အရပ်မှာရှိတဲ့ မက်စ်ဂျစ်ဒ်အမ်မာ နဲ့အွတ်စ်မန်းရမ်ဂျူးစဒစ်အစ္စလာမ်မစ်စင်တာပါ။ ၁၉၈၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လူအယောက် ၇၀၀ဆံ့ပါ တယ်။ ဒီဗလီမှာအမှတ်ရစရာကတော့ မြန်မာပြည်က (more…)

  • ဗြိတိသျှ မွတ်စ်လင်မ် အမျိုးသမီးများ၏ “အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ဂျီဟာဒ်”

    ဂျီဟဒ်အပေါ်လွဲမှားသည့် ထင်မြင်ယူဆချက်များအား ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ဗြိတိသျှမွတ်စလင်မ်အမျိုးသမီး တဖွဲ့က အကြမ်းဖက်မှု နှင့် အိမ်တွင်းမတရားမှုမျိုးစုံအား တွန်းလှန်ရန် Campaign စည်းရုံးလှုံ့ဆော်မှုအသစ်တခုအား စတင်မည်ဟု သိရပါတယ်။

    “အကြမ်းဖက်မှုအား ဆန့်ကျင်သည့် ဂျီဟာဒ် အား လူတွေက ဝိရောဓိစကားလုံးအဖြစ် ထင်နေကြပါတယ်။ တကယ်တော့ ကျွန်မတို့ ဂျီဟာဒ်ဟာ ငြိမ်းချမ်းရေးအတွက်ပါ” ဟု Campaign စည်းရုံးလှုပ်ဆော်မှု ဒါရိုက်တာ Sara Khan က The Guardian သတင်းစာကို ဂျွန်လ ၆ ရက်နေ့က ပြောခဲ့ပါတယ်။

    အကြမ်းဖက်မှုများအား ဆန့်ကျင့်သည့် ဂျီဟာဒ်” ဟု အမည်ပေးထားသည့် Campaign ကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး အကြမ်းဖက်မှု မျိုးစုံကို တွန်းလှန်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

    အဲဒီ Campaign က Terrorism အကြမ်းဖက်မှု၊ အိမ်တွင်းမတရားဖိနှိပ်မှု၊ အစ္စလာမ့်တရားတော်အား လက်တလုံးခြား ခုတုံးလုပ်ကာ ပြစ်မှုကျူးလွန်မှုများ စတဲ့ ရာဇဝတ်မှုတွေ ချေမှုန်းဖို့ အဓိကထား ရည်ရွယ်ပါတယ်။

    အမျိုးသမီးများအား တန်ဖိုးထားသည့် အစ္စလာမ့်တရားတော်များအား အလေးထားကာ အမျိုးသမီးများအား နှိပ်စက်မှုများအား ရပ်တန်းကရပ်ရန်နှင့် မြင့်မြတ်တဲ့ အစ္စလာမ့်လမ်းညွှန်ချက်များအား ပြန်လည်ထိန်းသိမ်းရန် အမျိုးသားများအား လှုံ့ဆော်သွားခြင်းကို  ဒီ Campaign အသစ်က လုပ်ဆောင်သွားမည်ဖြစ်သည်။

    “အစ္စလာမ်ဟာ အကြမ်းဖက်မှုအားလုံးနှင့် အမျိုးသမီးများအား ဖိနှိပ်မှုများနှင့် ထပ်တူထပ်မျှဖြစ်လာနေပါပြီ” ဟု Khan ကပြောခဲ့သည်။

    “ကျွန်မတို့ သာသနာကို အကြမ်းဖက်မှုတွေလုပ်ဆောင်ဖို့ အသုံးချနေတာကို ကျွန်မတို့ ဘာမှမပြောပဲ ငြိမ်နေလို့ရတယ်လို့ ကျွန်မတို့ထင်ခဲ့ကြပါတယ်”

    အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ဂျီဟာဒ်” Campaign သည် ကမ္ဘာ့မွတ်စ်လင်မ်အမျိုးသမီးများရှုရာကောင်စီ၏ အစီအစဉ်တခုဖြစ်သည့် အမေရိကန်မွတ်စလင် မြှင့်မှုများ ကဏ္ဍမှ အခြေခံလာခြင်းဖြစ်ပါသည်။

    ဗြိသိသျှမွတ်စလင်အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များချပေးရန် လုပ်ဆောင်စဉ် ၎င်းတို့ “ယဉ်ကျေးမှု ရာဇဝတ်များ” ဟု ခေါ်တွင်သည့် မမှန်ကန်မှုများအား ပြင်ဆင်မည့် စည်းရုံးလှုံ့ဆော်ရေးအား ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါသည်။

    အကြမ်းဖက်မှု မရှိစေရ

    စည်းရုံးရေးလှုပ်ရှားသူများက သူတို့ရဲ့ ပထမဆုံးရည်မှန်းချက်ဟာ အကြမ်းဖက် terrorist များ ခိုးယူသုံးစွဲခဲ့သည့် “ဂျီဟာဒ်” ဆိုသည့် အသုံးအနှုံးအား ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်ဟု သိရပါသည်။

    “ဂျီဟာဒ် အား ကမ္ဘာပေါ်ရှိ အစွန်းရောက်ဝါဒီများက အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ထင်ယောင်ထင်မှားပြုလုပ်မှုများအား ကျွန်တော်တို့ စိတ်ပျက်နေပါပြီ” ဟု သူတို့၏ အင်တာနက်ဝဘ်ဆိုဒ်ပေါ်တွင် အဖွဲ့ကဖော်ပြခဲ့ပါသည်။

    “အစွန်းရောက်တွေက အလေးအမြတ်ထားစရာ အစ္စလာမ့် တရားတော်များအား သူတို့ရဲ့ လူသားတွေအပေါ် ဆိုးယုတ်တဲ့အပြုအမှုတွေပြုလုပ်ဖို့ တလွဲအသုံးချနေတာတွေကို မွတ်စလင်မ် အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက တိတ်ဆိတ်မနေဖို့ ကျွန်မတို့တိုက်တွန်းပါတယ်”

    အစ္စလာမ့်သာသနာ့ပညာရှင်များက ကုရ်အာန်ကဖော်ပြသည့် ဂျီဟာဒ်ဆိုသည်မှာ မတရားမှုများအား ဖယ်ရှားရန်နှင့် ကောင်းမှုလုပ်ရန် “ရုန်းကန်ခြင်း” ဟု အကြိမ်ကြိမ်တိကျစွာ ကြေငြာခဲ့ပါသည်။

    “ဂျီဟာဒ်” ဆိုသည့်စကားလုံးအား စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်းတွင် ဘာသာရေးစစ်ပွဲအဖြစ် အသုံးများလာကြသည်။

    တဆူတည်းဘုရားအားကိုးကွယ်သော ဘာသာရေးသုံးခုလုံး၏ နာမည်ကြီး ဗြိတိသျှ စာရေးဆရာ Karen Armstrong ကလည်း အာရဗီစကားလုံး “ဂျီဟာဒ်” အား ဘာသာရေးစစ်ပွဲဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းအား ဝေဖန်ခဲ့သည်။

    ဘိုင်ဇင်တိုင်းဧကရာဇ်တစ်ပါး ပြောကြားခဲ့သည့် “အစ္စလာမ် အားဓားမိုး၍ ဖြန့်ချီခဲ့သည်” ဟူသော အချက်ကို ကိုးကား၍ အစ္စလာမ့်ဂျိဟားဒ် သဘောတရားအပေါ် မေးခွန်းထုတ်ခဲ့ခြင်းအားဖြင့် ပုပ်ရဟန်းမင်းကြီး Benedict XVI သည် နိုင်ငံတကာဝေဖန်မှုတို့အားခံခဲ့ရလေသည်။

    ဗြိတိသျှနိုင်ငံသည် ၂ သန်းခန့်မျှသော မွတ်စလင်မ် လူနည်းစုနေထိုင်ရာဖြစ်ပြီး ဂျူလိုင် ၇ အကြမ်းဖက်မှုများနောက်ပိုင်း အကြမ်းဖက်မှုအားတုန့်ပြန်သည့် ဥပဒေများ၏ ဒဏ်ကိုအပြည့်အဝခံစားနေရသည်။

    မွတ်စလင်မ်ဖြစ်ခြင်းကလွဲလို့ မည့်သည့်အကြောင်းပြချက်မှ မရှိပဲ ရဲများ၏ မတရားမမျှတစွာ ပြုမူမှုများကို အကြိမ်ပေါင်းများစွာ ခံနေရကြောင်း တိုင်ကြားခဲ့ကြရသည်။

    Financial Times ပြည်သူ့အထင်အမြင် ခံယူပွဲတစ်ခုက ဗြိတိန်ဟာ မွတ်စလင်မ်များကို သံသယအဖြစ်ဆုံးနိုင်ငံတခုဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

    MMSY အွန်လိုင်းက မွတ်စလင် သတင်းဘာသာပြန်ရအောင် ကဏ္ဍတွင် onislam မှ ယူဘာသာပြန်သည်။