News @ M-Media

Blog

  • ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် အိုဘားမားကို ဝေဖန်

    မူရင်း BBC

    ပါကစ္စတန် နိုင်ငံရဲ့ အယ်လ်ခိုင်းယီးဒါးနဲ့ တာလီဘန် သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းမှု အပေါ်မှာ အမေရိကန်က ဝင်ရောက် စီမံချယ်လှယ် နေတာကို ရပ်ဖို့ သင့်ပြီလို့ ပါကစ္စတန် သမ္မတဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

    ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ အာဏာရှိစဉ်ကရော အခုအာဏာ လက်မဲ့ ကာလမှာပါ စကားလုံးသိပ်ရွေးချယ်မနေဘဲ ပြောချင်ရာကို ဘွင်းဘွင်း ပြောတတ်သူ တယောက် အဖြစ် နဲ့ လူသိများသူ ဖြစ်ပါတယ်။

    အခုတော့ သူက သမ္မတ အိုဘားမားကို ဝေဖန်လိုက်ပါတယ်။ သမ္မတ အိုဘားမားက အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲ ဝင်ပြီး သုတ်သင်လိုက်တဲ့ အခြေအနေမျိုးနဲ့ အလားတူ အခြေအနေတရပ် နောက်နောင်မှာ ပေါ်ပေါက်လာမယ်ဆိုရင်လည်း သူ့အနေနဲ့ နောက်ထပ် အလားတူ လှိျု့ဝှက်စစ်ဆင်ရေးမျိုး ထပ်လုပ်ဦးမှာပဲလို့ ပြောတာဟာ မောက်မောက်မာမာနဲ့ မထေမဲ့မြင်ပြောတဲ့စကားလို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုဝေဖန်လိုက်ပါတယ်။

    မစ္စတာ အိုဘားမားအနေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အချာအာဏာ ပြဿနာဟာ အကဲဆတ်တဲ့ ပြဿနာဆိုတာကို နားလည်ဖို့ လိုတယ်လို့ ဆိုပါတယ်။

    သူ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းမှာ ဂယက်ရိုက်နေတဲ့ အချုပ်အချာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာကို သတိမပြုမိလို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ အမေရိကန် သမ္မတ တယောက်အနေနဲ့ ပါကစ္စတန်မှာ ဒီပြဿနာ သိပ်အကဲဆတ်နေတယ်ဆိုတာကို နားလည်ရပါမယ်။

    တကယ်တန်း သူ့အနေနဲ့ ဒီလို မထေမဲ့မြင် သဘောထားနဲ့ လုပ်ခဲ့တယ်ထားဦး၊ အနည်းဆုံးတော့ ဘာမှ မပြောဘဲ တိတ်တိတ်နေဖို့ ကောင်းတယ်။ ဒီလိုစကားမျိုးပြောပြီး ဘာ့ကြောင့် ပါကစ္စတန်ပြည်သူတွေကို ဆွပေးချင်ရတာလဲ။

    ဘာ့ကြောင့် ပါကစ္စတန် အစိုးရရဲ့ သိက္ခာကို ချချင်ရတာလဲ လို့ ပြောပါတယ်။

    ဒါ့အပြင် အမေရိကန်အနေနဲ့ ပါကစ္စတန်ဟာ စစ်သွေးကြွတွေကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုပြီးပြောနေတာတွေကိုလည်း ရပ်ဆိုင်းရမယ်လို့ သူကဆိုပါတယ်။

    အသေးစိတ် နည်းပရိယာယ်ပိုင်း မှာပါ လိုက်ပြီး ဝင်ရောက် စီမံခန့်ခွဲနေမျိုး မလုပ်ရဘူး။ ပါကစ္စတန်ဟာ သူတို့နဲ့ အတူ အယ်လ် ခိုင်းယီးဒါးနဲ့ တာလီဘန်ကို တိုက်ခိုက်နေသူဖြစ်တယ်ဆိုတဲ့ သေနင်္ဂဗျူဟာ အရ နားလည် သဘောပေါက်ပေးတဲ့ အဆင့်မှာ သူတို့ဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

    ပါကစ္စတန်ကလည်း ဝါဇီရဇ္ဇတန်မြောက်ပိုင်းမှာ သူတို့အနေနဲ့ စစ်သွေးကြွတွေကို ထိထိရောက်ရောက်ကိုင်တွယ်မှု မရှိဘူးလို့ စွပ်စွဲကြတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဘယ်လို ဗျူဟာကြောင့် အဲသလို ဖြစ်ရတယ်ဆိုတာကို အမေရိကန်နဲ့ ကမ္ဘာက နားလည်အောင် ရှင်းပြသင့်တယ်လို့ ဆိုပါတယ်။

  • ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်န၀ါရီ ၁၉၇၀)

    မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
    လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ

    ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်
    (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်န၀ါရီ ၁၉၇၀)


    ပျဉ်းမနာမြို့နေ၊ ရွာကောက်ရပ်ဇာတိဖြစ်သည်။ ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ အဖ ကျောင်းဆရာ ဦးဟိန်၊ အမိ ဒေါ်စောရင်ဖြစ်သည်။ အမည်ရင်းမှာ ဘရှင်ဖြစ်သည်။ အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်။ ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ပညာသင်ကြားသည်။ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။

    ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။ (more…)

  • စစ်ရာဇ၀တ်ခုံရုံးက အလိုရှိသူ မလာဒစ်ရှ် ဖမ်းမိပြီ

    မူရင်း (VOA)

    ယူဂိုဆလားဘီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း တာဝန်ထမ်းခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း စစ်ရာဇ၀တ်မှုနဲ့ အလိုရှိနေသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးမိပြီလို့ ဆာဘီးယား သမ္မတ ဘောရစ်စ် တာဒစ်ရှ် (Boris Tadic) က ကြေညာသွားပါတယ်။

    မစ္စတာ မလာဒစ်ရှ်ကို ဆာဘီးယား နိုင်ငံထဲမှာ ဖမ်းဆီးမိတယ်၊ သူ့ကို ကုလသမဂ္ဂ စစ်ရာဇ၀တ်မှု ရုံးဆီကို လွှဲပြောင်းပေးအပ်ဖို့ စတင် လုပ်ဆောင်နေပြီလို့လည်း သမ္မတက ပြောပါတယ်။

    ဆာဘီးယားဟာ သူ့ရဲ့ မကြာခင်ကမှ ရှိခဲ့တဲ့ သမိုင်းထဲမှာ နောက်စာမျက်နှာတခုကို ပိတ်လိုက်နိုင်ပြီ၊ နိုင်ငံမှာ အပြည့်အ၀ ပြန်လည် ပေါင်းစည်းရေး ဖြစ်ပေါ်ဖို့ တလှမ်းပိုပြီး နီးကပ်သွားပြီလို့လည်း သမ္မတက ဆိုပါတယ်။

    အသက် ၆၉ နှစ်အရွယ် စစ်ခေါင်းဆောင်ဟောင်းကို ရှာတွေ့ဖို့ ဘာကြောင့်များ ဒီလောက် အချိန်တွေ အများကြီး ကြာခဲ့ရလဲ ဆိုတာအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့လည်း သမ္မတက ကတိပေးပါတယ်။ သမ္မတ ဘောရစ်စ် တာဒစ်ရှ်က … (more…)

  • မလေးရှားနိုင်ငံ၌ မြေပြိုကျမှု ဖြစ်ပွါး

    မလေးရှားနိုင်ငံ kampung sungai gahal,hulu langat တွင်မနေ့က မြေပြိုမှု တစ်ခုဖြစ်ပွ့ါး ခဲ့ရာ မိဘမဲ့ကလေး ဂေဟာနှင့် မိဘမဲ့ကလေးများ ၏ဘာသာရေး စာသင်ကျောင်း မဒရ်ဆာ(အလ်သက်ဝါ)  တို့ အပေါ်သို့ ကံဆိုးစွာပင် ပြိုကျထိမှန်ခဲ့ပါတယ်………………..

    အဲ့ဒိ မိဘမဲ့ဂေဟာ နဲ့စာသင်ကျောင်းလေးမှာ ကျောင်းသား/သူ ဆရာဆရာမ ၂၅ဦးခန့်ရှိပြီး ၁၆ဦးသေဆုံးကာ ၉ဦးဒါဏ်ရာ

    ရရှိခဲ့ပါတယ်………..သေဆုံးသူများထဲမှ အများစုမှာ အသက်(၈)နှစ် မှ(၁၉)နှစ် အတွင်း ခလေးသူငယ်များဖြစ်ကြပြီး (more…)

  • စီးဆောနှင့် ကျွန်တော်

    ကျွန်တော်တို့ ငယ်ငယ်က ကစားကွင်းများသို့ ရောက်ဖူးကြလိမ့်မည်။

    ဒန်းများ၊ လျှောများ၊ စီးဆောများ စီးဖူးကြလိမ့်မည်။ လူငယ်တို့ သဘာဝ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက် ဆော့ကစားဖူးကြပါမည်။

    ကျွန်တော်လည်း လူငယ်ပီပီ လွတ်လပ်ပေါ့ပါး ပြေးလွှားဆော့ကစားဖူးခဲ့သည်။ သို့သော် အမှုအမှတ်မထား။ များမကြာမီကမှ အမှတ်မထင် သတိပြုမိသော ကစားနည်းမှာ ‘စီးဆော(See -Saw)’ပင်ဖြစ်သည်။
    စာဖတ်သူလည်း ငယ်ငယ်က စီးဖူးလိမ့်မည်ဖြစ်၍ မျက်စိထဲ မြင်ယောင်ကြည့်စေလိုပါသည်။ စီးဆော၏ ပုံသဏ္ဌာန်မှာ ပျဉ်ပြားတစ်ချပ်နှင့် အလယ်မှ ထောက်တိုင်တခု ပါရှိပါသည်။ ပက်လက်ပျဉ်ပြားတချပ်၏ အလယ်တည့်တည့်တွင် အပေါက်ဖောက်၍ဖြစ်ဖြစ်၊ အပေါက်မပါဘဲဖြစ်ဖြစ် ထောက်တိုင်တစ်ခု ထောက်ထားပါသည်။
    ကလေးငယ်နှစ်ဦးက ပျဉ်ပြားတစ်ဘက်တစ်ချက်ဆီတွင် တက်ထိုင်သည်ဆိုပါစို့။ ဘယ်ဘက်က ကလေးက ဖိနှိပ်ထိုင်ချလျှင် ညာဘက်မှ ကလေးမှာ မြင့်တက်သွားပါသည်။ ဘယ်ဘက်မှ ကလေး ထိုင်ရာက ထလျှင် ညာဘက်မှ ဖိနှိပ်ထိုင်ချရသည်။  တနည်းဆိုရသော် ဘယ်ဘက်မှကလေးက မြင့်သွား၍ ကျန်တဘက်မှာ နိမ့်ဆင်းသွားရသည်။  ‘တဘက်မှာ မြင့်တက်နေလျှင် ကျန်တဘက်မှာ နိမ့်ကျနေမည်‘ဆိုသော သဘောတရားကို ပထမဆုံး ဆင်ခြင်မိပါသည်။
    ထို့ပြင် ပန်းခြံထဲ၌ စီးဆော ဆော့ကစားနေသော ကလေးငယ်နှစ်ဦးအနက် အမြင့်ရောက်သွားသည့် ကလေးမှာ တဘက်ကလေး ထက်ပို၍ ပန်းခြံ၏ရှုမျှော်ခင်းများကို မြင်တွေ့နိုင်မည်။ ပတ်ဝန်းကျင်၏ အလှတရားများကို ခံစားနိုင်မည်။ တဖန် မိမိက နှိမ့်ချပေးခြင်းအားဖြင့် တဘက် ကလေးအား ထိုရှုခင်းများအား ကြည့်ရှုခွင့်ပေးရာရောက်သည်။

    ဤသို့ဖြင့် အတုန့်အလှည့်သဘော လိုက်လျောပေးကြသည်။ အပေးအယူသဘော အပြန်အလှန် ဖြည့်စည်းပေးကြသည်။ အနိမ့်၌ရှိနေစဉ်ထက် အမြင့်သို့ ထောင်တက်ရချိန်တွင် ပို၍ ပျော်စရာကောင်းသည်။ ထို့ကြောင့် ပျော်ရွှင်မှုကို ဝေမျှခံစားမိကြသည်။ win-win (သူမသာ၊ ကိုယ်မနာ)သဘောမျိုးဖြစ်သည်။
    အတ္တကင်းစင်သော ကလေးတို့ဘ၀တွင် ဆော့ကစားခဲ့ကြသည့် အဆိုပါ ကစားနည်းမှာ အတ္တ၀ါဒ ချိုးနှိမ်ရေးကို ကောင်းစွာ လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
    မိမိချည်း ကောင်းစား၍ မပြီး။ ပျော်ရွှင်မှု၊ ချမ်းသာမှု၊ အောင်မြင်မှုများကို တကိုယ်တည်းရယူနေခြင်းဖြင့် လောကအလှမဆင်နိုင်။ မိမိ ညီအစ်ကို၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးနားချင်းများအပါအ၀င် လူ့အဖွဲ့ အစည်းတို့ကိုပါ သူ့အလှည့်ကိုယ့်အလှည့် နေရာပေးသင့်သည်ဟူသော အသိကို မွေးဖွားပေးသည်။
    ငယ်ရွယ်စဉ်က အပျော်သဘောဖြင့် ဆော့ကစားခဲ့သော်လည်း ကြီးပြင်းလာသောအခါ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်လာချိန်တွင် သူများကောင်းကျိုး-ကိုယ့်ကျောင်းကျိုး၊ အတ္တ-ပရ ညီညွတ်မျှတအောင် ဆောင်ရွက်ရာတွင် စီးဆောကစားနည်းက သင်ခန်းစာပေးသည်။
    လူ့လောက လူ့ဘ၀တွင် အနိမ့်အမြင့်၊ အတက်အကျ၊ အဆိုး အကောင်း ရှိစမြဲပင်။
    ဆိုကြပါစို့ …” တဘက်ကို A ကျန်တဘက်ကို B ဟု အမည်တပ်၍ A မှာ အကောင်း၊ B မှာ အဆိုးဟု ကိုယ်စားပြုသတ်မှတ်ကြည့်ပါ။ A ဆိုသော ကောင်းခြင်းများ မြင့်တက်နေချိန်တွင် B ဆိုသော အဆိုးတရားများ နိမ့်ကျနေမည်ဖြစ်ပြီး တနည်း B ၏ အဆိုးများ မြင့်တက်လာချိန်မှာ A ဆိုသော ကောင်းခြင်းတရားများ နိမ့်ကျ လျော့ပါးသွားမည်ဖြစ်သည်။
    လူတစ်ဦးချင်းစီ၏ ကောင်းမှု၊ ဆိုးမှု ကျင့်မူချက်များကို ကိုယ်တိုင် ဝေဖန်နှိုင်းယှဉ်၍ ညီမျှခြင်းထိုးကြည့်နိုင်စေရန်လည်း စီးဆောက လှုံ့ဆော် တိုက်တွန်းသည်။
    ထို့ကြောင့် စီးဆောဥပမာမှတဆင့် ကျွန်တော်တို့ နေ့စဉ်ဘ၀တွင် တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေး၊ တရားမျှတရေး စသည့် နယ်ပယ်စုံတို့တွင် သဟဇာတဖြစ်စေရန် ကောက်ယူဆင်ခြင်နိုင်သည်။
    ပန်းခြံများတွင် ကလေးငယ်တို့ ပျော်ရွှင်ကြည်နူးစွာ See -Saw စီးနေကြတာကို မြင်ရတိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်နှင့် မည်မျှ သဟဇာတဖြစ်ကြပြီလဲ၊ မည်မျှ အစွန်းမရောက်အောင် နေထိုင်နိုင်ကြပြီလဲ။ အပေး အယူ၊ အလျှော့အတင်း ကျင့်မူတတ်ပြီလား၊ အတ္တ-ပရ ညီညွတ်မျှတနိုင်ပြီလားဆိုတာ ဆင်ခြင်ကြည့်နိုင်ပါကြောင်း ….”။

    copy from လင်းယုန်ဂျာနယ်