အရေအတွက်များလာသော မူစလင်ကျောင်းသူကျောင်းသားများအတွက် ဘာသာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အီမာမ်များကို အချိန်ပြည့်ခန့်ထားရန် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်များမှ စီစဉ်ခန့်ထားလျက်ရှိနေသည်။ အခုလောလောဆယ်အနေဖြင့် ခန့်အပ်ထားပြီးသော တက္ကသိုလ်များမှာ Yale, Princeton နှင့် Duke တက္ကသိုလ်ကြီးများဖြစ်ကြသည်။ Cornell တက္ကသိုလ်မှလည်း မကြာမီအတွင်း အီမာမ်တစ်ဦးခန့်အပ်ရန် စီစဉ်နေသည်။ ထိုလုပ်ဆောင်မှုများသည် မူစလင်ကျောင်းသားများအတွက်သာမက အစ္စလာမ်နှင့်ပတ်သက်၍ သိနားလည်မှုအလွန်အားနည်းနေသော ဘာသာခြားအမေရိကန်ကျောင်းသားများအတွက်လည်း အင်မတန် အကျိုးများလှပေသည်။ Northwestern တက္ကသိုလ်မှ ပထမဦးဆုံး အီမာမ်ဖြစ်သော Tahera Ahmad က ” ကျွန်တော်က မူစလင်ကျောင်းသားကျောင်းသူတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရုံးခန်းကို ၀င်ထွက်နေတာက ဘာသာခြားကျောင်းသားကျောင်းသူတွေက ပိုများပါတယ်။ ကျွန်တော်က ပိုကြီးပြီးများပြားတဲ့ တက္ကသိုလ်ကြီးတစ်ခုလုံးအတွက် အလုပ်လုပ်နေတာပါ” ဟု သူ့အတွေ့အကြုံကို မျှဝေသွားသည်မှာ မြန်မာပြည်အပါအ၀င် ကမ္ဘာနိုင်ငံ အသီးသီးရှိ အစ္စလာမ့် ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် ထပ်တူအကောင်အထည်ဖော်ကာ မိမိဘာသာဝင်များသာမက ဘာသာခြားလူငယ်တို့အား အစ္စလာမ်နှင့် မိတ်ဆက်ပေးရန် အရေးတယူ စဉ်းစားသင့်လှပေသည်။
Blog
-
အမေရိကန်တက္ကသိုလ်များမှ အစ္စလာမ့်အီမာမ်များ မိမိတို့ကျောင်းအတွင်း သီးသန့်ခန့်ထားခြင်း
ကိုး- Onislam -
မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့ စိုးရိမ်နေကြ
တူနီရှားနှင့် အီဂျစ်တို့တွင် အာဏာရှင်အစိုးရများ ဖယ်ရှားခြင်းခံရပြီးနောက် အမေရိကန်အစိုးရသည် မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းနှင့် ဆက်ဆံနိုင်ရေးအတွက် နည်းဗျူဟာချမှတ်နိုင်ရန် အခက်အခဲနှင့်ရင်ဆိုင်နေရပေသည်။ မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းသည် အများပြည်သူများကြားတွင် အစ္စလာမ်၏တန်ဖိုးများကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ကာ နိုင်ငံအတော်များများမှ မူစလင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေပေသည်။ ယခင်က အာဏာရှင်အစိုးရများသည် ထိုအဖွဲ့အား အင်အားသုံးက အတင်းဖိနှိပ်ထားခဲ့ကြသည်။ ယခု ထိုအဖွဲ့အစည်းသည် အီဂျစ်နှင့် တူနီရှားတို့၏ နိုင်ငံရေးမျက်နှာစာတွင် အရေးအပါဆုံးဖြစ်လာနိုင်ပေသည်။ မူစလင်ညီအစ်ကိုရင်းအဖွဲ့သည် အမေရိကန်၏ အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ သြဇာသုံးမတရားဗိုလ်ကြခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းတို့အပေါ် အနိုင်ကျင့်မတရားလုပ်ခြင်းကို အပြင်းအထန်ဆန့်ကျင်ပေသည်။ ထို့ကြောင့် အမေရိကန်နှင့် အမာခံမဟာမိတ် အစ္စရေးတို့မှာ စိုးရိမ်ပူပန်လျက်ရှိကြသည်။ မူစလင်ညီနောင်ရင်းအဖွဲ့က ပူးပေါင်းထားသော အဖွဲ့အစည်းများမှတဆင့်အမေရိကန်နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုယူလာမည်ကိုလည်း အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်နေသည်။ မူစလင်ညီနောင်ရင်းအဖွဲ့ကို ပညာတတ်များ၊ ဆရာဝန်များ၊ ကျောင်းဆရာဆရာမများ၊ အင်ဂျင်နီယာများနှင့် လူလတ်တန်းစားများဖြင့် အဓိကဖွဲ့စည်းထားပေးသည်။
ကိုး- Onislam.net
-
လစ်ဗျားမှာ ဗုံးမိုးတွေရွာပြီ
မနေ့က ပဲရစ်မှာကျင်းပခဲ့တဲ့ ၂၂ နိုင်ငံပါဝင်တဲ့ ညီလာခံကနေ လစ်ဗျားနိုင်ငံအား စစ်အင်အားဖြင့်အရေးယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ တိုက်လေယဉ် အစီး ၂၀ ပါဝင်တဲ့ ပထမအသုတ် လှုပ်ရှားမှုတွင် Benghazi ၌ ကဒါဖီအင်အားစုများ၏ တင့်ကား ၄စီးအား ပစ်ခတ်ခဲ့သည်။ အမေရိကန် စစ်သင်္ဘောများမှပစ်လွှတ်သော Tomahawk ဒုံးကြည်များဖြင့် လေကြောင်းခုခံမှုများအား ချိန်ရွယ်ခဲ့ကြောင်းသိရသည်။ လစ်ဗျားမှ အစိုးရဆန့်ကျင်သူများက တိုက်ခိုက်မှုများအား ကျေနပ်နှစ်သက်ကြကြောင်း ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မီးစိမ်းပြပြီးသည်နှင့် အနောက်နိုင်ငံများက လစ်ဗျားနိုင်ငံအား စစ်ဆင်ရေးကို မနေ့ညက စတင်ခဲ့ကြသည်။ “အာရုဏ်ဦးခရီးရှည်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို အမေရိကန်၊ ပြင်သစ်၊ ဗြိသိသျှ၊ အီတလီ နှင့် ကနေဒါနိုင်ငံများက နိုင်ငံ၏ နေရာမျိုးစုံမှတိုက်ခိုက်ရန် စီမံခဲ့ကြသည်။ အမေရိကန်နှင့် ဗြိသိသျှ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများဖြင့် မြို့တော် Tripoli နှင့် Misrata မြို့တဝိုက်တွင် တိုက်လေယာဉ် ၂၀ဖြင့် Tomahauk ဒုံးကြည် ၁၁၀ ပစ်ခတ်ခဲ့ကြသည်။ ပြင်သစ် တိုက်လေယာဉ်များက အတိုက်အခံများ၏ တင့်ကား ၄ စင်းအား ဗဟို Benghazi တွင်ဖျက်ဆီးခဲ့သည်။ Tripoli, Misarata, Benghazi, zuvere နှင့် Sirte မြို့များတွင် ဗုံးမိုးများ ရွာခဲ့သည်။
(more…) -
Obama က Gaddafi အား သတိပေး
အမေရိကန်သမ္မတ Barack Obama က လစ်ဗျားခေါင်းဆောင် Muammer Gaddafi အား အကြမ်းဖက်မှုများမလုပ်ရန် သတိပေးခဲ့ပါတယ်။ အကြမ်းဖက်မှုများမရပ်ဆိုင်းပါက လစ်ဗျားပုန်ကန်သူများကို ကဒါဖီထံမှကာကွယ်ရန် ကမ္ဘာ့နိုင်ငံများသည် လှုပ်ရှားကြလိမ့်မည်ဟုပြောခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ခိုင်မာပြီးသား၊ ဖြေရှင်းနည်းတွေကလည်း ထင်ထင်ရှားရှားပါ” လို့ ဘရာဇီးသမ္မတ Dilma Rousseff နဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ လစ်ဗျားနိုင်ငံသားတွေကို ကာကွယ်ဖို့လိုအပ်နေပြီး အရပ်သားတွေကိုရည်ရွယ်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကမရပ်ပါက ကျွန်တော်တို့ မဟာမိတ်တွေက အရေးတကြီးလှုပ်ရှားဖို့ အသင့်ဖြစ်နေပါပြီ” ဟုပြောခဲ့ပါတယ်။
ဘရာဇီးနိုင်ငံသည်လည်း လစ်ဗျားခေါင်းဆောင် Gaddafi ကို ရှုပ်ချသောနိုင်ငံများထဲတွင် အပါအဝင်ဖြစ်ကြောင်း Obama က အသိပေးခဲ့သည်။
(CİHAN) Zaman News
-
အီရန်တပ်မတော်အရာရှိက အရှေ့အလယ်ပိုင်းက ဆန္ဒပြမှုတွေဟာ အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေကို ခြိမ်းခြောက်နေကြောင်းပြော
“အစ္စလာမ့်နိုင်ငံတွေ နိုးကြားလာတာ၊ ထင်ရှားတဲ့ တော်လှန်ရေးတွေနဲ့ အစ္စလာမ့်နိုင်ငံတွေ လွပ်လပ်ရေးရလာတာတွေဟာ အစ္စရေးနိုင်ငံရဲ့ ထောက်ပံ့မှုတွေကို လျော့ကျစေပြီး၊ အစ္စလာမ့်နိုင်ငံတွေ အင်အားကောင်းလာတာပါ” လို့ အီရန်တပ်မတော် ဝန်ထမ်းအင်အား ပူတွဲအကြီးအကဲများ၏ သဘာပတိက ကြာသာပတေးနေ့က ပြောကြားသွားပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ဒေသရဲ့ ရေနံအရင်းအမြစ်တွေကို မှီခိုနေရပြီး အစ္စလာမ့်နိုင်ငံတွေက ဆန္ဒပြခြင်းခံရတဲ့ အကျင့်ပျက်အာဏာရှင်တွေဟာ တကယ်တော့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံတွေဖြစ်တယ်လို့ Firouzabadi ပြောခဲ့ပါတယ်။
“ဒီဆန္ဒပြမှုတွေဟာ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အစ္စရေးနိုင်ငံတွေကို ခြိမ်းခြောက်နေပါတယ်” လို့ အီရန်တပ်မှုးရဲ့ပြောဆိုချက်ကို IRNA က ဖော်ပြခဲ့ပါတယ်။
လူတွေရဲ့အာရုံတွေကို ဆန္ဒပြမှုတွေကနေ အီရန်နျူကလီယား ပရိုဂရမ်ဆီကိုရောက်အောင် ဆွဲယူနေတာဟာ ဒေသတွင်းလှုပ်ရှားမှုတွေကို ကြောက်လို့ဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားပါတယ်။