ဂျာမနီမြောက်ပိုင်း Hamburg, Bremen မနီးမဝေး Boesel နှင့် Utersen ရွာကလေးတွေရှိ Harles Und Jentzsch ကုမ္ပဏီပိုင် တိရိစ္ဆာန် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှနေ အသားတိုးအောင် အတွက်လား မသိ၊ စက်ရုံတွေမှ စွန့်ပစ်တဲ့ အဆီတွေကို အစာတွေထဲ ထည့်သွင်း အသုံးပြုတာကြောင့်မို့ ကြက်ဥ၊ ကြက်သားနဲ့ ၀က်သားတွေမှာ Doxinအဆိပ် ၇၇%ကျော် တွေ့ရှိတာကြောင့် ဂျာမန်တွေ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ရတဲ့ ဒီအဆိပ်မှ အစပြုကာ ယာတောပေါင်း ၅၀၀၀ကျော် ပိတ်ပြစ်ခဲ့ရပြီး တိရိစ္ဆာန်အစာ တန်ပေါင်း တစ်သိန်းခွဲ (၁၅၀ ၀၀၀)မှာလည်း အဆိပ်ရှိနေတာ တွေ့ရှိခဲ့ရပါတယ်။
စူပါမားကက်တွေနဲ့ အသားဆိုင်တွေမှာလည်း ဈေးဝယ်သူတွေက ၀ယ်ထားမိတဲ့ ကြက်ဥ၊ ကြက်သား၊ ၀က်သားတွေ ပြန်ပေးကြပြီး၊ Bio ဆိုင်တွေမှ ကြက်ဥ နဲ့ အသားတွေကိုပဲ စားသုံးနေကြပါပြီ။ (more…)
Blog
-
ဂျာမဏီ နိုင်ငံ ကြက်သား၊ ကြက်ဥ၊ ၀က်သားတို့တွင် အဆိပ် တွေ့ရှိ
-
ထိုင်းနိုင်ငံ မဲဆောက်အမှိုက်ပုံမှ မြန်မာများ
ထိုင်းနိုင်ငံ မဲဆောက်မြို့ ပြင်ရှိ အမှိုက်ပုံကြီးဟု လူသိများသည့် နေရာတွင် မြန်မာမိသားစု ၂၀ (လူဦးရေ ၁၀၀) ခန့် သည် ပလပ်စလစ်နှင့် သံတိုသံစများ ကောက်ရင်း အလုပ်မွေးဝမ်းကြောင်း ပြုလျက်ရှိသည်။ မုတ္တမ၊ မော်လမြိုင် စသည့် မြန်မာပြည်အောက်ပိုင်းဒေသများမှလာရောက်ကြသူများဖြစ်ပြီး မြန်မာပြည်တွင် အလုပ်အဆင်မပြေသဖြင့် မဲဆောက်မြို့ သို့  ကူးပြောင်းကာ အမှိုက်ကောက်သမားများအဖြစ် လာရောက် နေထိုင်နေခြင်းဖြစ်သည်။
ထိုသို့  လုပ်ကိုင်စားသောက်နေသူ ဆယ်ကျော်သက် တဦးက “ကျနော်တို့ ဆီမှာ တနေ့ ရှာ တနေ့ စားမလောက်ဘူး။ ကျောင်းစရိတ်တွေလည်းမရှိတာကြောင့် ဒီဘက်ထွက်လာတာပါ” ဟုဆိုသည်။
ပလပ်စတစ်ကောက်ရောင်းရာတွင် မိသားစု စားဝတ်နေရေး လုံလောက်သော်လည်း အခက်အခဲ များစွာရှိကြောင်း ထိုအမှိုက်ပုံတွင် အလုပ်လုပ်နေထိုင်သူများက ပြောပြသည်။
သားသမီးငါးယောက်ဖခင် ကိုဝင်းက “တယောက်ကို တရက် ဘတ် ၃၀ (မြန်မာငွေ ကျပ် ၉၀၀ ခန့် ) လောက်ရတယ်။ (more…)
-
အတွေးပွားစရာအင်ဒိုနီးရှားက ဘေးသင့်ဒေသ ခရီးသွားလုပ်ငန်း
အင်ဒိုနီးရှားရှိ စိမ်းပြာပြာ ပင်လယ်ရေပြင် ဖြူလဲ့လဲ့ သဲသောင် ရေအောက်သန္တာကျောက်တန်း ထူးဆန်းသော ဓလေ့ထုံတမ်း များစွာတို့ ကကမ္ဘာလှည့်ခရီးသည်များအာရုံကိုဖမ်းစားလျက်ရှိသကွဲ့သို့ ကပ်ဘေးသင့်ခဲ့သော ဒေသ များကလည်း ခရီးသွားများ၏ အာရုံကို ထပ်မံ ဆွဲ ဆောင် လာနေပါ သည်။ “မြင်လိုက်တာနဲ့တင် ကိုယ့် အီမာန ယုံကြည်ချက် အားကောင်းလာစေမဲ့ နေရာတွေဆီ ကျွန်တော် ခရီးသွားလေ့ရှိ ပါတယ် ဘာကြောင့်လဲဆိုတော့ ဘေးသင့်ခဲ့ရတဲ့ ဒီလိုနေရာတွေကနေ ကျွန်တော့်ကို ဖယ်ရှားပေးခဲ့တဲ့ အလ္လဟ် အရှင်မြတ်ရဲ့ ကျေးဇူး တော် ကို ပြန်အမှတ်ရစေလို့ပါ ”…ဟု အသက်၆၅နှစ်အရွယ်အဘိုးအို Sulis က ပြောပြသည်။ သူသည်ဇနီးသည်နှင့် တူ မွတ်စလင် အများ ဆုံးနေထိုင်ရာ အင်ဒိုနီးရှားရှိ သဘာဝဘေး အန္တရယ်သင့်ခဲ့သော ဒေသများသို့ ခရီးထွက်လာခဲ့ သူဖြစ် သည်။ လွန်ခဲ့သော အောက်တို ဘာ လ တွင် မီရပီမီးတောင်ပေါက်ကွဲခဲ့သဖြင့် လူပေါင်း ၃၅၀ကျော်သေဆုံးပြီး ၄၀၀၀၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသသို့ လည်း Sulis ရောက် ရှိခဲ့သည်။
ထို့အတူ ၂၀၀၆ခုနှစ်က အင်အားပြင်ထန် သောမြေငလျင် ကြောင့်လူပေါင်း ၅၇၀၀ သေဆုံးခဲ့ရသည့် အလယ်ဂျာဗား ဒေသ သို့လည်း သံဝေဂယူရရန်သူ (more…)
-
ဇီယွန်ဝါဒီ် လင်းတများ
အာရပ်နိုင်ငံများကို စပိုင်လုပ်ဖို့ အစ္စရေး သိပ္ပံပညာရှင်များ ထရိန်နင်ပေးထားတဲ့ လင်းတငှက်တစ်ကောင်ကို အရှင် ဖမ်းမိကြောင်း ဆော်ဒီအာရေဗီယ လုံခြုံရေးအဖွဲ့က ယခုအပတ်တွင် ပြောခဲ့သည်။
အစ္စရေး သိပ္ပံပညာရှင်များက အာရပ်နိုင်ငံများကို ထောက် လှမ်းဖို့ လင်းတများကို ထရိန်နင်ပေးနေပြီး၊ ယခု လင်းတကို ဆော်ဒီနိုင်ငံ Hayel ကျေးလက် မြို့လေးအနီးတွင် ဖမ်းမိ ထားခြင်း ဖြစ်သည်။ လင်းတရဲ့ အတောင်ပံ တစ်ဖက်တွင် အစ္စရေး တဲလ်အဗစ် တက္ကသိုလ် အမှတ်အသား တံဆိပ်လေး ပါရှိသည်။
လင်းတများမှာ လူရွှေ့ပြောင်းမှု (migration) ကို လေ့လာဖို့သာဖြစ်ကြောင်း အစ္စရေး သိပ္ပံပညာရှင်များက ပြောသော်လည်း၊ ဆော်ဒီမီဒီယာက ဂျူးတို့ရဲ့ ‘ဇီယွန်ဝါဒ လျှို့ဝှက်ကြံစည်မှု’ တစိတ်တပိုင်း ဖြစ်ကြောင်း ပြောဆိုသည်။ ဆော်ဒီ ၀ဘ်ဆိုဒ်များကတော့ ငှက်များကို အစ္စရေး ထောက်လှမ်းရေးက စပိုင်လုပ်ခိုင်း နေခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။ (more…)
-
မက္ကာတွင်မိုးပျံ ရထားလမ်းဖောက်လုပ်ရန် အဆိုပြု
နှစ်စဉ်များပြားလာသော ကမ္ဘာတစ်ဝှမ်းများ ဟဂ်ျပြုရန် လာရောက်ကြသူများ သွယ်လာရေးတွင်လွယ်ကူအ ဆင်ပြေစေရန်ရည်ရွယ်ပြီး မက္ကာမြိုတွင် မိုးပျံရထား
ဆောက်လုပ်၇န် အွမွလ်ကုရဟ် တက္ကသိုလ်တွင် ပြုလုပ်သော ဆွေးနွေးပွဲ က နေ အဆိုပြုတင်သွင်းခဲ့သည် ဟု အာရဘ်သတင်းစာ တွင် ဖေါ်ပြထားပါသည်။
အဆိုပါမိုးပျံရထားအဆိုပြုချက်အားအသေးစိတ်ထုတ်ဖေါ်ထားခြင်းမရှိသေးသော် လက်တလောအကောင်အထည်ဖေါ်နေသော ဟာရမိုင်း ရထားလမ်း၊ မရှာအီလ်
ရထားလမ်းများနှင့်ချိတ်ဆက်မည့် ဟုသိရသည်။ မီနာ၊ အာရဖသ်၊နှင့်မုဒလေဖာ တို့အားချိတ်ဆက် ထားသော မရှာအီလ် ရထားလမ်းပထမအဆင့် အား ပြည် တွင်း နှင့်ဒေသတွင်းဟာဂျီများကို ယခုနှစ်ဟဂ်ျရာသီတွင်သုံးစွဲခွင့်ပြုခဲ့သည်။ ဆက်လက်ဖောက်လုပ်နေဆဲဖြစ်သော ဟာရမိုင်ရထားလမ်း တွင်လည်း မက္ကာ၊ မဒီနာ နှင့်ဂျစ်ဒါမြိုများသို့ မြန်နှုန်းမြင့်ရထားများပြေးဆွဲမည်ဟု သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဖြစ်နိုင်ချေရှိသော မိုးပျံရထားလမ်းများ ကေဘယ်ကားလမ်းစနစ်များကို
အမေရိကန် ၊ကနေဒါ ၊ ဗြိတိန်နိုင်ငံတိုမှ ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ Arabnews