News @ M-Media

Blog

  • စပိန် မွတ်စလင်များ ၏ မဒိနာသွလ်ဇဟ်ရာ နန်းမြို့ဟောင်း ပြန်လည် တူးဖေါ်တွေ့ရှိ

    ၁၀ရာစုတွင် မွတ်စလင်များ ဥရောပသို့ ဥာဏ်မီးကူးပေးခဲ့သော အချိန်ကာလ က အခရာ ကျခဲ့သော စပိန်တောင်ပိုင်း ကော်ဒိုဗာအနီးရှိ မွတ်စလင် ကာလိဖ် Caliph Abd  Al Rahman III  ၏ မဒီနာသွလ်ဇဟ်ရာ နန်းမြို့ဟောင်းကြီး၏  တစ်စိတ်တစ်ဒေသကို ပြန်လည်တူး ဖေါ်နိုင်ခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။ ၁၁၅ ဟတ်တာ အကျယ်ဝန်း ရှိသော  အဆိုပါမြို့ဟောင်းကြီး ၏ ၁၁%ခန့်ကို တူးဖေါ်နိုင်ခဲ့ပြီးကျန် အစိတ်အပိုင်းများကို  ပြန်လည်တူးဖေါ်နိုင်ရေးမှာ နှစ်တစ်ရာနီး ပါးကြာ မြင့်  ဦးမည်ဖြစ်ကြောင်း သိရသည်။ (more…)

  • အိုဘာမား မွတ်စလင် ဖြစ်ရေး အဘွားဖြစ်သူ ဟဂ်ျခရီးစဉ်တွင်ဒိုအာ တောင်း

    အမေရိကန်သမ္မတအိုဘာမား၏ အဘွားဖြစ်သူ ယခုနှစ်တွင် မက္ကာမြို့သို့သွားရောက် ဟဂ်ျပြုခဲ့စဉ်အတွင်း သူ၏မြေးဖြစ်သူ မစ္စတာအိုဘာမား အစ္စလာမ်သာသနာအားလက်ခံ ရန် အလ္လဟ်အရှင်မြတ်ထံတွင် ဆုတောင်းခဲ့ကြောင်း ဆော်ဒီ သတင်းစာ Al watan နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

    အသက် ၈၈နှစ်အရွယ်ရှိသော ဆရဟ်အိုမာက “မြေးလေး အိုဘားမား အစ္စလာမ် ကိုလက်ခံလာဖို့  အလ္လဟ်အရှင်မြတ်ထံပါးမှာ ဒိုအာလုပ်ခဲ့ပါတယ် ” ဟု ပြောပါသည်။ ယခုနှစ် ဟဂ်ျကာလတွင် သမ္မတအိုဘာမားအဘွား၊ နှင့် ဦးလေးဖြစ်သူ ဆအီးဒ်ဟူစိန်အိုဘာမားလည်းလိုက်ပါ ဟဂ်ျ ၀တ်ပြုခဲ့ကြောင်းသိရသည်။

    သူတို့အား ဆော်ဒီဘုရင့်မိသားစုမှ ကမကထပြု စီစဉ်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ယင်းတွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားပါသည်။

    AFP

  • အင်္ဂလန်က ဘုရင်မကြီး အဘူဒါဘီမှာ ဗလီဝတ်ကျောင်းတော် သို့သွားရောက်လေ့လာ

    ဗြိတိန်နိုင်ငံ၏ အထင်ကရဖြစ်သော တော်ဝင်ဘုရင်မကြီး အလ္လီဇဘတ် ၂ သည် ခင်ပွန်းဖြစ်သူမင်းသာ ဖိလစ်နှင့် အတူ ယူအေအီးနိုင်ငံသို့ ၅ရက်တာ အလည်အပတ်ရောက်ခဲ့ရာ အဘူဒါဘီရှိ ကမ္ဘာအကြီးဆုံးဗလီတစ်လုံးဖြစ်သော Sheikh Zayed Grand Mosque ရှိခ် ဇယဒ် မတ်ဂျိဒ်အလည် ပတ်ရောက်သွား ရောက်ခဲ့ကြောင်း အရှေ့အလယ်ပိုင်းသတင်းများတွင်ဖေါ်ပြထားပါ သည်။

    (more…)

  • တာလီဘန်တို့အား ကလေးများက ပါဝင်ကူညီပေးနေ

    အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်သို့ရောက်ရှိခဲ့သော သတင်းထောက်အဲလက်စ်ကရော့ဖို့စ်က အာဖဂန်ရှိကလေးများသည် တာလီဘန်တို့အတွက် သူလျှို အဖြစ်ပြုလုပ်ပေးနေကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင်ကလေးများသည် နေတိုးတပ်ဖွဲ့များကို တိုက်ခိုက်ရန် တာလီဘန် တို့ထံ သင်တန်းတက် လျှက်ရှိကြသည်။ ကလေး များ က စစ်မြေပြင်တွင် တာလီဘန်တို့အတွက် ကျည်ဆံများသယ်ပိုးပေးသည်။ တာလီဘန်တို့သည် ကလေးများကိုမိုင်းဗုံးထောင်နည်း များလည်း သင်တန်း ပေး ခဲ့သည်။ (more…)

  • ငြိမ်းအေးမှု နှင့် သဘောထားကြီးမှုကို ဟဂ်ျက ဖြစ်ထွန်းစေဟု လေ့လာတွေ့ရှိ

    မက္ကာမြိုတော်သို့ သွားရောက် ဟဂ်ျပြုလုပ်ခြင်းသည် တစ်ကိုယ်တည်းအထီးကျန်နေထိုင်ခြင်း ထက် ငြိမ်းအေးချမ်းမြေ့မှု နှင့် သည်းခံသဘောထားကြီးမှု ကို ပိုမိုထွန်းကားစေကြောင်း ဟားဗတ် ကင်နဒီ (HKS ) ၏ ပညာရှင်များသုတေသနပြုတွေရှိချက်အရ သိရသည်။ ၂၀၀၆ခုနှစ်တွင် ပါကစ္စတန် မှ စွန်နီမွတ်စလင် ဟဂ်ျခရီးသည် ၂၆၀၀ဦး၏အချက်အလက်များကို လေ့လာသုံး သပ်ခဲ့ရာမှ ဟဂ်ျတာဝန် ထမ်းဆောင်ခြင်းဖြင့် မွတ်စလင်တို့၏ ကျင့်စဉ်ဆောက်တည်မှု များဖြစ်သော နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုမှု၊ ဆွယာမ်ဥပုပ်ဆောင်ထိန်းမှု ၊များကို တိုးတက်စေခဲ့ သကဲ့သို့ ဒေါင်ရီ ( သတို့သမီးဘက်ကပေးဆောင်ရသော ခန်းဝင်ကြေး )စသော ရိုးရာအစဉ်အလာများကျင့်သုံးမှု  လျော့ကျခဲ့ ကြောင်း တွေ့ရှိခဲ့သည်။ (more…)