ယီမင် နိုင်ငံ Abyan ပြည်နယ် မှ လုံခြုံရေးအရာရှိ Mohammad Khadhar က ဆော်ဒီအေးဂျင့်များသည် ယီမင်ရှိ အလ်ကိုင်ဒါများနှင့် အစွန်းရောက်များ ကို
လေ့ကျင်သင်တန်းပေးနေကြောင်း ၊အလ်ကိုင်ဒါ များ စစ်ဆင်နေမှုသည် စနစ်တကျမရှိသော အုပ်စုငယ်များနှင့် စစ်တပ်များ အကြားတိုက် ခိုက်နေသည့် စစ်ပွဲကဲ့ သို့ဖြစ်နေကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါသည်။ (more…)
Blog
-
ယီမင် ရှိ အလ်ကိုင်ဒါများအား ဆော်ဒီအာရေးဗီးယားက လေ့ကျင်ပေးလျက်ရှိနေဟု ယီမင်စွပ်စွဲ
-
မြောက် ကိုးရီးယား ၏ နျူးကလီယား ခြိမ်းခြောက်မှု မြင့်တက်လာ
မြောက်ကိုးရီးယားနိုင်ငံသည် နိုင်ငံတကာမိသားစု မှ တားမြစ်နေသည့် ကြားမှပင် နျူးကလီးယားစမ်းသပ်မှု ကို ၂၀၀၆ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဖောက်ခွဲစမ်းသပ်ပြ ခဲ့သည်။ နျူးကလီးယား မပြန့်ပွား ရေးစာချုပ်မှ လည်း နုတ်ထွက်ခဲ့ပြီး နိုင်ငံတွင်းသို့လည်း နျူးကလီးယားစစ်ဆေးသူများ ၀င်ရောက်စစ်ဆေးရေးကို တားမြစ် ထားခဲ့ သည်။ အမေရိကန်က တရုတ်အပါအ၀င် အိမ်နီချင်နိုင်ငံများပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲကို ကျင်း ပကာ ယင်းသို့ တရားမ၀င်ပိုင်ဆိုင်ထားသော နျူးကလီးယား လက်နက်များကို ဖျက်သိမ်းနိုင်ရန် ကြိုး စား ခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲပေ၊။ (more…)
-
ဂေးအခွင့်ရေး လှုပ်ရှားသူ များနှင့် အမေရိကန်စစ်တပ် ထိပ်တိုက်တွေ့
လိင်တူချင်းစိတ်ဝင် စားသူ(ယောကျာ်းရှာ၊ မိန်းမရှာ)များအား စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်း ကို ကာလီဖိုးနီးယား ပြည်နယ် တရားသူကြီးမှ ပယ်ဖျက် လိုက်ပြီး အမေရိကန် စစ်တပ်တွင် ဂေးများ စစ်မှုထမ်းနိုင်ရေး လမ်းစပွင့်သွားခဲ့ပါ သည်။ အမေရိကန်တွင် ဂေး အခွင့်အရေးလှုပ်ရှားသူများ အားကောာင်းလာခဲ့ပြီး လူမှုအဖွဲ့အ စည်းတွင် ၄င်းတို့အား တရားဝင်အသိအမှတ်ပြုနိုင်ရန်ကြိုးပမ်းနေရာ တရားရုံး၏ ယခုလို ဆုံးဖြတ်ချက်သည် ၄င်းတို့၏ အောင်မြင်မှု တစ် ရပ်ဖြစ် လာခဲ့သည်။ သို့သော် အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဂေးများအားတပ်ဖွဲ့ဝင်အဖြစ် လက်ခံမှုမှာ ပျက်ပြယ်သွားနိုင်ကြောင်းသတိပေး ထား သည်။ (more…)
-
အသက် ၃၄ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် နွမ်းပါးကလေး ၃၄ ယောက် အား မင်းသမီး ပရစ်တီးဇင်သာမွေးစား
ဘောလီးဝုးဒ် ရုပ်ရှင်မင်းသမီး ပရစ်တီဇင်သာမှ သူမအသက် ၃၄နှစ်ပြည်မွေးနေ့ အထိမ်းမှတ်အဖြစ် ဆင်းရဲနွမ်းပါးသူ အိန္ဒိယမိန်ကလေးငယ် ၃၄လေးဦးအားမွေးစားရန်ဆုံးဖြတ်လိုက်ပါသည်။ သူတိ့လေးတွေရဲပညာရေး နဲ့ ဘ၀တိုးတက်မြင့်မားဖို့ ကျွန်မ ကူညီပေးချင်လို့ပါ ဟု မွေးစားရသည့် အကြောင်းအရင်းကိုပြောပြသည်။ ပရစ်သီးဇင်သာသည် လူသားချင်စာနထောက်ထားမှု လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားဆောင်ရွက်လေ့ရှိသူဖြစ်ပြီး အရှေ့လန်ဒန်တက္ကသိုလ်မှချီးမြင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရယူရန် လန်ဒန်သို့ရောက်ရှိနေသည်။ကုလသမဂ၏ HIV ရောဂါ မိခင်မှ ကလေးငယ်များသို့ကူစက်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးနေသော စေတနာဝန်းထမ်းတစ်ဦးလည်းဖြစ်ပါသည်။ အိန္ဒိယရှိ အမျိုးသမီးများသည် ဒုတိယတန်းစာနိုင်ငံသားများသဖွယ် နောက်ရောက်နေရကြောင်း ထိုကြောင့် ကောင်းမွန်သော ဘ၀ကို ဆောင်ကြဉ်းပေးနိုင်ရန် မိန်ကလေးငယ် ၃၄ဦးကို မွေးစားမည်ဖြစ်ကြောင်း ၄င်းကပြောကြားပါသည်။ BBC
-
ကုန်သည်ကြီးများ ဟော်တယ် (ရန်ကုန်) တွင် အမေရိကန်မွတ်စလင် တို့၏ မှတ်တမ်း ရုပ်ရှင် New Muslim Cool ပြသ ရန်ရှိ
အလ်ဂျာဇီးရာဟ် ရုပ်ရှင် ထူးချွန်ဆု ၊ အပါအ၀င် နိုင်ငံတကာ မှချီးမြင့်သော မှတ်တမ်းရုပ်ရှင် ဆု များစွာ ရရှိထားသော အမေရိကန် ဟောလီးဝူးဒ်မှ အမေရိကန်မွတ်စလင် ဘ၀ အကြောင်း နောက်ခံထား ရိုက်ကူထားသည့် New Muslim Cool အမည်ရ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့ကုန်သည်ကြီးများဟော်တယ်တွင် အောက်တိုဘာ ၂၈ နေ့လည် ၁နာရီ ၄၅မိနစ်တွင် စတင် ပြသမည်ဟု သိရှိရသည်။ ၄င်းရုပ်ရှင် ပွဲတော်တွင် ယင်းဇတ်ကားဒါရိုက်တာ Jennifer Maytorena Taylor ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး ယင်းဇတ်ကားနှင့်ပတ်သက်ပြီး မေးခွန်းများကို မေးမြန်းနိုင်မည့် အစီစဉ် လည်းရှိကြောင်းသိရသည်။ အဆိုပါဇတ်ကားသည် အမေ၇ိကန် မွတ်စလင်လူငယ်ဘ၀၊ ဟစ်ဟော့ ဂီတနှင့် ၉/၁၁ အလွန် အမေရိကန် မွတ်စလင်များ၏ အခြေနေများကို ရောမွေတင်ပြရိုက်ကူးထားသည်။