News @ M-Media

Blog

  • ဂေးအခွင့်ရေး လှုပ်ရှားသူ များနှင့် အမေရိကန်စစ်တပ် ထိပ်တိုက်တွေ့

    လိင်တူချင်းစိတ်ဝင် စားသူ(ယောကျာ်းရှာ၊ မိန်းမရှာ)များအား စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်း ကို ကာလီဖိုးနီးယား ပြည်နယ် တရားသူကြီးမှ ပယ်ဖျက် လိုက်ပြီး အမေရိကန် စစ်တပ်တွင် ဂေးများ စစ်မှုထမ်းနိုင်ရေး လမ်းစပွင့်သွားခဲ့ပါ သည်။ အမေရိကန်တွင် ဂေး အခွင့်အရေးလှုပ်ရှားသူများ အားကောာင်းလာခဲ့ပြီး လူမှုအဖွဲ့အ စည်းတွင် ၄င်းတို့အား တရားဝင်အသိအမှတ်ပြုနိုင်ရန်ကြိုးပမ်းနေရာ တရားရုံး၏ ယခုလို ဆုံးဖြတ်ချက်သည် ၄င်းတို့၏ အောင်မြင်မှု တစ် ရပ်ဖြစ် လာခဲ့သည်။ သို့သော် အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဂေးများအားတပ်ဖွဲ့ဝင်အဖြစ် လက်ခံမှုမှာ ပျက်ပြယ်သွားနိုင်ကြောင်းသတိပေး ထား သည်။  (more…)

  • အသက် ၃၄ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် နွမ်းပါးကလေး ၃၄ ယောက် အား မင်းသမီး ပရစ်တီးဇင်သာမွေးစား

    ဘောလီးဝုးဒ် ရုပ်ရှင်မင်းသမီး ပရစ်တီဇင်သာမှ သူမအသက် ၃၄နှစ်ပြည်မွေးနေ့ အထိမ်းမှတ်အဖြစ် ဆင်းရဲနွမ်းပါးသူ အိန္ဒိယမိန်ကလေးငယ် ၃၄လေးဦးအားမွေးစားရန်ဆုံးဖြတ်လိုက်ပါသည်။ သူတိ့လေးတွေရဲပညာရေး နဲ့ ဘ၀တိုးတက်မြင့်မားဖို့ ကျွန်မ ကူညီပေးချင်လို့ပါ ဟု မွေးစားရသည့် အကြောင်းအရင်းကိုပြောပြသည်။ ပရစ်သီးဇင်သာသည် လူသားချင်စာနထောက်ထားမှု လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားဆောင်ရွက်လေ့ရှိသူဖြစ်ပြီး အရှေ့လန်ဒန်တက္ကသိုလ်မှချီးမြင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရယူရန် လန်ဒန်သို့ရောက်ရှိနေသည်။ကုလသမဂ၏ HIV ရောဂါ မိခင်မှ ကလေးငယ်များသို့ကူစက်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးနေသော စေတနာဝန်းထမ်းတစ်ဦးလည်းဖြစ်ပါသည်။ အိန္ဒိယရှိ အမျိုးသမီးများသည် ဒုတိယတန်းစာနိုင်ငံသားများသဖွယ် နောက်ရောက်နေရကြောင်း ထိုကြောင့် ကောင်းမွန်သော ဘ၀ကို ဆောင်ကြဉ်းပေးနိုင်ရန်  မိန်ကလေးငယ် ၃၄ဦးကို မွေးစားမည်ဖြစ်ကြောင်း ၄င်းကပြောကြားပါသည်။ BBC

  • ကုန်သည်ကြီးများ ဟော်တယ် (ရန်ကုန်) တွင် အမေရိကန်မွတ်စလင် တို့၏ မှတ်တမ်း ရုပ်ရှင် New Muslim Cool ပြသ ရန်ရှိ

    အလ်ဂျာဇီးရာဟ် ရုပ်ရှင် ထူးချွန်ဆု ၊ အပါအ၀င် နိုင်ငံတကာ မှချီးမြင့်သော မှတ်တမ်းရုပ်ရှင် ဆု များစွာ ရရှိထားသော အမေရိကန် ဟောလီးဝူးဒ်မှ အမေရိကန်မွတ်စလင် ဘ၀ အကြောင်း နောက်ခံထား ရိုက်ကူထားသည့် New Muslim Cool အမည်ရ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့ကုန်သည်ကြီးများဟော်တယ်တွင် အောက်တိုဘာ ၂၈ နေ့လည် ၁နာရီ ၄၅မိနစ်တွင် စတင် ပြသမည်ဟု သိရှိရသည်။ ၄င်းရုပ်ရှင် ပွဲတော်တွင် ယင်းဇတ်ကားဒါရိုက်တာ Jennifer Maytorena  Taylor ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး ယင်းဇတ်ကားနှင့်ပတ်သက်ပြီး မေးခွန်းများကို မေးမြန်းနိုင်မည့် အစီစဉ် လည်းရှိကြောင်းသိရသည်။ အဆိုပါဇတ်ကားသည် အမေ၇ိကန် မွတ်စလင်လူငယ်ဘ၀၊ ဟစ်ဟော့ ဂီတနှင့် ၉/၁၁ အလွန် အမေရိကန် မွတ်စလင်များ၏ အခြေနေများကို ရောမွေတင်ပြရိုက်ကူးထားသည်။

  • လပေါ်တွင် ရေတွေ့ပြီ

    လအား ကမ္ဘာ၏ အရံဂြိုလ်အဖြစ်သာ ယခင် က သိရှိခဲ့သော်လည်း လပေါ်တွင် အေးခဲနေသော ရေပုံဆောင်ခဲများ၊ မာကျူရီ၊ ငွေ၊ ရွှေ သတ္တူ များနှင့်
    အခြားဒါတု ဒြပ်ပေါင်းများကို လွန်ခဲ့သောနှစ် အတွင်းပြုလုပ်ခဲ့သော် နာဆာ၏ လလေ့လာရေး မှ တွေရှိခဲ့ပါသည်။ ယခင်မှန်းဆချက်ထက် ၅၀%ပိုမို  သော ရေများ
    သည်  လမြေဆီလွှာ တွင်ကိန်းအောင်နေ ကြောင်း နာဆာ က လေ့လာရေးမစ် ရှင် က ခြေရာခံ လိုက်နိုင်ခဲ့သည်။ ကမ္ဘာမြေ၏ ရေဖွဲတည်ပုံနှင့်ကွဲပြား သော လပေါ်က
    ရေကို ပုံဆောင်ခဲ အသွင်ဖြစ် နေရာ အနှံအပြားတွင် ဖွဲ့တည် နေကြောင်း နာဆာလေ့လာရေးတွင်ပါဝင်ခဲ့သော ဘူမိလေ့လာရေး ပညာရှင် Peter Schultz
    ကပြောပါသည်။ (more…)

  • အကြံကြီးသော အာဖဂနနစ္စတန် က ကန်ထရိုက်တာများ

    အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော အနောက်တိုင်းတပ်ဖွဲ့များသို့ ထောက်ပံရေးလုပ်ဆောင်နေသော ကွန်တိန်နာ ယာဉ်များအား  ယာဉ်ပိုင်ရှင်များ နှင့် သူတို့၏ အပေါင်းအပါများကိုယ်တိုင် မီးရှို့ဖျက်ဆီနေကြောင်း သိရသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် ကုန်တင်ယာဉ်တွေကို သူတို့ကိုယ်တိုင် ဖောက်ခွဲနေတဲ့သက်သေ အထောက်အထားတွေရရှိထားပါတယ် ..ဟု အာဖဂန်လူမျိုးကားပိုင်ရှင်တစ်ဦးကပြောပါသည်။ ပါကစ္စတန် ရဲတပ်ဖွဲ့ကလည်း နေတိုးနှင့်စာချုပ်ချုပ်ဆိုထားသော လောင်စာနှင့် အစားစာကန်ထရိုက်လုပ်ငန်းလုပ်ကိုင်နေသူများကိုယ်တိုင် ၄င်းတတို့၏ ကားများကို မီးရှို ဖေါက်ခွဲ့ အမှုများ ရှိနေကြောင်း  လတ်တလောတွင် ဆီတင်ကားကို ဗုံးထောင်နေတဲ့ နေတိုးကန်ထရိုက်တစ်ဦးကို ဖမ်းဆီ မိထားကြောင်း ပြောဆိုပါသည်။ (more…)