News @ M-Media

Blog

  • Knowledge International University (KIU) မှ ဓမ္မဒါန online ဟဂ်ျသင်ခန်းစာ


    Knowledge International University (KIU) (www.kiu.org) မှ ဓမ္မဒါနအဖြစ်သင်ကြားပေးမည့် online ဟဂ်ျသင်ခန်းစာ

    Knowledge International University (KIU)

    သင်ကြားပေးမည့် သင်ခန်းစာ

    Manhaj AsSaalikeen – Way of the Travelers (ရေးသားသူ ရှိခ်အဗ်ဒူရ်ရဟမန်အစ်ဗ်နေ့နာစီရ် Respected Sheikh Abdur-Rahmaan ibn Naasir asSa’diy 1307-1376AH (ရဟ)) မှ “ဟဂ်ျ” သင်ခန်းစာ

    သင်ကြားပေးမည့်သူမှာ


    ရှိခ်ဒေါက်တာစအဒ်အစ်ဗ်နေ့နာစီရ်အလ်ရှလ်ဆရီ( ဆော်ဒီနိုင်ငံအိုလမာအဖွဲ့ချုပ်ဝင်ဟောင်း) Sheikh Dr.Saad Al-Shelthry ( former

    member of the Council of Senior Scholars’ Saudi Arabia)


    ဘာသာပြန်မှာ

    ရှိခ်စဂျဒ်အဟ်မဒ်အုမရ်, Graduate from the Faculty of Shariah, Imam Muhammaed bin Saud Islamic University, Riyadh

    သင်ကြားမည့်အချိန်

    ၂၈.၁၀.၂၀၁၀ မှ ၃၁.၁၀.၂၀၁၀ ထိ

    သင်ကြားရေးစနစ်

    1.E book

    2.Live sessions taught by ရှိခ်ဒေါက်တာစအဒ်အစ်ဗ်နေ့နာစီရ်အလ်ရှလ်ဆရီ

    3. Lecture MP3 downloads

    4.Session tests

    5. Student Forum

    6. E mail links to ရှိခ်စဂျဒ်အဟ်မဒ်အုမရ်

    7.Final Exam

    တက်ရောက်ရန် လိုအပ်ချက်

    အင်္ဂလိပ်စာ ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်၊ နားလည်လျှင်( ကျွမ်းကျင်ရင်ပိုကောင်းသော်လည်း အသင်အတင့်ဆိုလျှင်လည်း အဆင်ပြေပါသည်။)

    အခုဘဲ စာရင်းပေးသွင်းလိုက်ပါ။

    May Allah bestow us all more knowledge on Islam!

    dawah.group.myanmar

  • Knowledge International University (KIU)


    Knowledge International University (KIU) (www.kiu.org) သည် 2007 တွင်စတင်တည်ထောင်သော ကမ္ဘာကျော် အစ္စလာမ့် online တက္ကသိုလ်တစ်ခုဖြစ်သည်။

    တည်ထောင်သူမှာ

    ရှိခ်ဒေါက်တာစအဒ်အစ်ဗ်နေ့နာစီရ်အလ်ရှလ်ဆရီ( ဆော်ဒီနိုင်ငံအိုလမာအဖွဲ့ချုပ်ဝင်ဟောင်း) Sheikh Dr.Saad Al-Shelthry ( former member of the Council of Senior Scholars’ Saudi Arabia) ဖြစ်သည်။

    Vision

    To spread Authentic Islamic Knowledge at an Academic Level

    Mission

    To bring higher Islamic education to people who are unable to enroll in conventionl universities

    ဆော်ဒီနိုင်ငံ၏ မုဖ်သီချုပ်ကြီး ရှိခ်အဗ်ဒူလ်အဇီးအဗ်နေ့အဗ်ဒူလ်လာဟ်အလ်ရှိခ်ကိုယ်တိုင် တက္ကသိုလ်ကြီး၏နယကအဖွဲ့ကို ဦးဆောင်နေပြီး( Board of Trustees headed by Sheikh Abdul-Azeez Ibn Abdullah Al Sheikh, Mufti of Saudi Arabia) ကိုယ်တိုင်လည်းစာသင်ကြားပေးလျက်ရှိသည်။

    တက္ကသိုလ်ကြီး၏ ဒါရိုက်တာမှာ

    ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီးဖြစ်သော ကမ္ဘာကျော် ရှိခ်စူဒိုက်စ် (Directed by Sheikh Sudais , Imam and Khateeb of Masjid al Haraam, Makkah) ဖြစ်သည်။

    Online University ၏အောက်တွင်Online Colleges များရှိပြီး

    1.            College of Sharee’ah and Qur’anic studies [Arabic]

    2.            College of Islamic studies for non-Arabic Speakers

    3.            College of Comparative Law with the Sharee’ah [Arabic]

    4.            College of Economics and Management [Arabic]

    5.            College of Computer and Information Technology [Arabic]

    6.            Institute of Arabic Language for non-Arabic speakers.

    College of Sharee’ah and Qur’anic studies [Arabic] နှင့် College of Comparative Law with the Sharee’ah [Arabic] တွင် သင်ကြားပေးနေသောဆရာများမှာ

    some of the scholars currently teaching courses in the Arabic stream at KIU

    1) Shaikh ‘Abdul-Azeez ibn ‘Abdullah Al Shaikh, Mufti of Saudi Arabia

    2) Shaikh Dr. ‘Abdur-Rahman ibn ‘Abdil-Azeez Al Sudais,

    3) Shaikh Dr. Saalih ibn Fawzaan Al Fawzaan, member of the Council of Senior Scholars, Saudi Arabia.

    4) Shaikh Dr. Ibrahim Al Dosari, Professor at Imam Muhammad ibn Saud University.

    5) Shaikh ‘Abdullah ibn ‘Awwaad Al Juhani, Imam of Masjid al-Haraam, Makkah.

    6) Shaikh Dr. Saad ibn Naasir Al Shithri, member of the Council of Senior Scholars, Saudi Arabia

    7). Professor ‘Akl Muhammad ‘Akl, Information Technology Consultant

    ဖြစ်ကြပြီး  College of Islamic Study  for non Arabic speakers ၏ Head အဖြစ်

    Dr. Bilal Phlip မှဦးဆောင်လျက်ရှိပြီး Bachelor of Arts in Islamic Study (BAIS) ကို သင်ကြားပေးလျက်ရှိသည်။

    BAIS Program ကို  Semester 5 ခုခွဲပြီး English ဖြင့်သင်ကြားပေးနေသည်။ Semesterတစ်ခုသည် အနည်းဆုံးခြောက်လခန့်ကြာသည်။ BAIS Course တစ်ခုလုံးအတွက် သုံးနှစ်မှ လေးနှစ်အထိကြာမြင့်မည်။

    College of Islamic studies for non-Arabic Speakers တွင် သင်ကြားပေးနေသောဆရာများမှာ

    some of the international assembly of scholars currently teaching courses in the English stream at KIU

    1) Shaikh Dr. Saad ibn Naasir Al Shithri, member of the Council of Senior Scholars, Saudi Arabia  and founder of KIU)

    2) Dr Ahmad Sayfud-deen Al Turkistaani (Saudi Arabia)

    3) Dr Daud ‘Abdullah (Grenada/UK),

    4) Dr Bilal Philips (Jamaica/Canada).

    5) Dr Suhaib Hasan (Pakistan/UK).

    6) Dr James Jones (USA).

    7) Dr R.K. Noor (India)

    7). Dr Muhammad Anwar Sahib (Fiji/New Zealand)

    8). Prof. Dr. Ja’far Shaikh Idrees (Sudan)

    BAIS တွင်သင်ကြားရသော subjects များမှာ

    (၁) Aqeedah အကီဒဟ်

    (၂) Seerah ဆီရတ်

    (၃) Fiqh ဖိကဟ်

    (၄) Arabic အာရဗီ

    (၅) Tajweed သဂ်ျဝီးဒ်

    (၆) Authority of Sunaah စွန္နဟ်၏အရေးကြီးမှုနှင့် ခိုင်လုံမှု

    (၇) Dawah ဒါဝဟ်

    (၈) Purification of Soul အစ္စလာမ့်နည်းကျ စိတ်နှလုံးသားသန့်စင်မှု

    (၉) Hadith ဟဒီးသ်

    (၁၀) Tafseer သဖ်စီရ် တို့ကို Semester ၅ခုခွဲပြီး ၄ နှစ်သင်ကြားရမည်။

    သင်ကြားရေးစနစ်မှာ

    1. E book များ
    2. ဆရာများ၏ lecture videos နှင့် MP3 များ
    3. Online session tests များ
    4. Weekly live lecture sessions များ
    5. ဆရာများနှင့် email linkများ
    6. Student forums
    7. Assignmentများအဖြစ် သုတေသနစာတမ်းများ(research papers)တင်ရခြင်း
    8. Mid term နှင့် Final Exam များ

    လျှောက်ထားရန် လိုအပ်ချက်

    1. မိမိနိုင်ငံ၏ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်
    2. နိုင်ငံသားကတ် (သို့) passport
    3. မိမိ၏ ကိုယ်ရေးရာဇ၀င်ဖြည့်ရခြင်း
    4. တက္ကသိုလ်၏ မေးခွန်းအနည်းငယ်ကိုဖြေဆိုရခြင်း

    ကုန်ကျစရိတ်

    1.For registration fees- free now

    2. Full time ကျောင်းသားအတွက် – $975 per semester

    3. Part time ကျောင်းသားအတွက်- $ 75 per hour

    Shcolarship

    1. ရှိခ်ဒေါက်တာစအဒ်အလ်ရှလ်ဆရီ၏ international scholarship (100%)
    2. KIU scholarship (50%)
    3. ကုရအာန်ကျမ်းတော်မြတ်အာဂုံဆောင်သူတို့အတွက် scholarship (50%)
    4. ညီအစ်ကိုမောင်နှမရင်းတို့အတွက် 25%  discount

    အထူး အစီအစဉ်

    Summer Free Courses များ

    1.A Comprehensive Explanation of ‘The Book of Hajj’ from Manhaj AsSaalikeen – Way of the Travelers.

    (from 28.10.10 to 31.10.10) Register Now!

    ရုံးချုပ်

    Admission and Registration Office

    Knowledge International University (www.kiu.org)

    Riyadh

    Kingdom of Saudi Arabia


    Dawah.group.myanmar

  • “မဟာပတ္တနီ (သို့မဟုတ်) အရှေ့တောင်အာရှကို အစ္စလာမ့်ရောင်ဝါ ထည်စေခဲ့သော ဘူမိနက်သန်တစ်ခု”

    သမိုင်းကြောင်းထည်ဝါ ပတ္တနီရာယ

    မဟာပတ္တနီသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် တခမ်းတနားရပ်တည်ခဲ့သော အေးချမ်းသာယာဝပြောသော မင်းနေပြည်တော်ကြီးဖြစ်သည်။  ပတ္တနီနိုင်ငံတော်တွင် ယခုထိုင်းနိုင်ငံမှ တောင်ပိုင်းပြည်နယ် ငါးခုဖြစ်သော နာရသီဝပ်၊ ယာလာ၊ ပတ္တနီ(ပြည်နယ်)၊ ဆောင်ခလာ၊ ဆာတွန်ပြည်နယ်များနှင့် မလေးမြောက်ပိုင်းမှ ကီလန်တန်၊ ထရန်ဂါနုနှင့် ကီဒါပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

    ကုန်သွယ်မှုရေးရာအချက်အချာ

    ၁၅၁၁ခုနှစ်တွင် မလက္ကာမြို့နယ်ချဲ့တို့လက်အောက်တို့ကျရောက်သွားပြီးနောက် ပတ္တနီနိုင်ငံတော်သည် အာချေးဒေသမှ ဆူမတြားဒေသဘုရင့်နိုင်ငံနှင့်အပြိုင် အိန္ဒိယ-အာရပ်ကုန်သည်များ၏ အဓိကကုန်သွယ်မှု အချက်အချာဒေသတစ်ခု ဖြစ်လာခဲ့သည်။

    အရှေ့တောင်အာရှ၏ အစ္စလာမ့်ဘူမိနက်သန်ကြီးတစ်ခု

    ၁၂ရာစုနှင့် ၁၅ရာစုများအကြားကာလ၌ ဒေသခံလူအများအပြား အစ္စလာမ့်အေးရိပ်ဆာယာသို့ ဝင်ရောက်လာခဲ့ကြသည်။ ပတ္တနီဘုရင်ကိုယ်တိုင်လည်း အစ္စလာမ်ကိုသက်ဝင်ယုံကြည်လာပြီး ၁၄၅၇ခုနှစ်တွင် ပတ္တနီနိုင်ငံတော်ကို အစ္စလာမ်မစ် ဘုရင့်နိုင်ငံတော်အဖြစ် ကြေငြာခဲ့သည်။ ထို့နောက်တွင် ပတ္တနီနိုင်ငံတော်ကြီးသည် အာချေးဘုရင့်နိုင်ငံကဲ့သို့ပင် အစ္စလာမ်သာသနာတော် အဓိကသင်ကြားလေ့ကျင့်ရာ ဌာနကြီးဖြစ်လာခဲ့သည်။ ပတ္တနီနေပြည်တော်သည် အရှေ့တောင်အာရှဒေသတွင် အစ္စလာမ်သာသနာစတင်ပေါက်ဖွား ထွန်းကားစေသည့် ဘူမိနက်သန်ကြီးဖြစ်ခဲ့ပေသည်။

    ကျူးကျော်ဖျက်ဆီးခံရခြင်း

    ဤသို့ လွတ်လပ်စွာဖြင့် အေးချမ်းသာယာပြီး ကိုယ်ပိုင်မူဖြင့် ရပ်တည်နေသော ပတ္တနီနိုင်ငံတော်ကို ၁၇၈၆ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လက်ရှိချက္ကရီမင်းဆက်ကို စတင်ထူထောင်ခဲ့သည့် ပထမြောက်ရာမဘုရင်၏ တပ်ဖွဲ့များ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထိုကျူးကျော်မှုတွင် ပတ္တနီနိုင်ငံတော်၏ ဘုရင်ကျဆုံးခဲ့ရပြီး ပတ္တနီနေပြည်တော်လည်း ဖျက်ဆီးခြင်းခံလိုက်ရသည်။ ပတ္တနီသားအများအပြားလည်း စစ်သုံ့ကျွန်များအဖြစ် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ကြရသည်။

    ထိုင်းအမျိုးသားရေးဝါဒီတို့၏ ယုတ်မာမှုများ

    (၁၉၀၉)ခုနှစ်တွင် အင်္ဂလိပ်-ဆိုင်ယမ်(ထိုင်း)စာချုပ်ကို ချုပ်ဆိုပြီးနောက်တွင် ထိုင်းတို့သည် ယင်းတို့၏ စရိုက်ပုံစံကို သွတ်သွင်းရန် စနစ်တကျကြိုးစားတော့သည်။ ထိုင်းအစိုးရက (၁၉၂၁)ခုနှစ်တွင် သူတို့၏ ပညာရေးဥပဒေကို ပြဌာန်းပြီး တောင်ပိုင်းဒေသများရှိ အစ္စလာမ့်ဘာသာရေးကျောင်းများကို အဓမ္မပိတ်စေခဲ့ပြီး ထိုင်းစာသင်ကြားသော၊ ဘာသာရေးမဖက်သော ကျောင်းများသို့ မူစလင်တို့အား မသင်မနေရ တက်ရောက်စေခဲ့သည်။ အကျိုးဆက်အနေနှင့် အစ္စလာမ့်သာသနာ့ပညာရှင်များ နည်းပါးသွားရသည်။ ထိုဥပဒေကို ဆန့်ကျင်ကာ တော်လှန်သော ခေါင်းဆောင်များမှာ ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရသည်။

    (၁၉၃၂)ခုနှစ်တွင် ဗိုလ်ချုပ်ကြီးပီဘွန်းဦးဆောင်သော ထိုင်းအစိုးရသည် ထိုင်းရတ္တနီယုံ ထိုင်းရိုးရာ ဓလေ့ထုံးတမ်းဆိုင်ရာ အမိန့်ဒီဂရီ ကို ထုတ်ပြန်ခဲ့ကာ တောင်ပိုင်းမူစလင်တို့ကို မူစလင်နာမည်များမှည့်ခေါ်ခွင့်နှင့် ရိုးရာမလေးစကားသုံးစွဲမှုတို့ကို အဓမ္မပိတ်ပင်ခဲ့သည်။ ထိုအဓမ္မမှုများကို ဆန့်ကျင်တော်လှန်သော တောင်ပိုင်းခေါင်းဆောင်များမှာလည်း ကြမ်းတမ်းစွာ ဖိနှိပ်ချေမှုန်းခြင်းခံခဲ့ရပြန်သည်။ (၁၉၆၀)တွင် တစ်ခါ လူနှင့်ဖိသည့် ရွှေ့ပြောင်းနေရာချထားရေးမူကို ကျင့်သုံးခဲ့ပြီး ထိုင်းပြည်မမှ ဗုဒ္ဓဘာသာဝင်ထိုင်းများကို  မြေယာရှားပါးသည့်တောင်ပိုင်းဒေသသို့ အလုံးအရင်းနှင့်ပြောင်းရွှေ့စေခဲ့ပေသည်။ (၁၉၆၉)ခုနှစ်တွင် ထိုင်းပြည်မမှ ထိုင်းမိသားစုဝင်လူဦးရေ(၁၆၀ ၀၀၀)ခန့် ကို နေရာချထားပြီးဖြစ်သည်။

    ဗြိတိသျှအင်္ဂလိပ်၏ ကောက်ကျစ်လိမ်လည်မှု

    ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းတို့က ဂျပန်ကိုထောက်ခံအားပေးချိန်တွင် မလေးမူစလင်တို့သည် ဗြိတိသျှတို့အနိုင်ရပါက ပတ္တနီဒေသလွတ်လပ်ရေးကို ခွင့်ပြုပေးရန် သဘောတူညီမှုရယူပြီး အင်္ဂလိပ်တို့ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ခဲ့ပေသည်။ (၁၉၄၅)ခု ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မူ အင်္ဂလိပ်တို့သည် မလေးမူစလင်တို့နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ကာ တစ်ဖက်သို့လိုက်သွားခဲ့သည်။

    ပြဿနာများ

    တောင်ပိုင်းသားညီနောင်တို့၏ အဓိကပြဿနာမှ ဆင်းရဲကျပ်တည်းမှုပင်ဖြစ်သည်။ မူစလင်အများစု နေထိုင်ကြသော ပြည်နယ်များမှာ ထိုင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၁.၅% မျှကိုသာ ထုတ်လှုပ်နိုင်ခဲ့သည်။ တောင်ပိုင်းဒေသ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ ဆင်းရဲနွမ်းပါးသည့်ဘဝတွင် နေနေကြရသည်။ တောင်ပိုင်းဒေသ၌ ပြောပလောက်သောစက်မှုလုပ်ငန်းဟူ၍ မရှိချေ။ တောင်ပိုင်းပြည်နယ်များမှာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပေါများမှု၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများ ချို့တဲ့မှု၊ ဘဏ္ဍငွေအရင်းအနှီး နည်းပါးမှု၊ မြေယာပိုင်ဆိုင်ခွင့် မညီမျှမှု၊ လူနေမှုအဆင့်အတန်းနိမ့်ကျမှု၊ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ရှားပါးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနှင့် သဘာဝကပ်ဘေးများ၊ တောင်ပိုင်းပြည်နယ်မှ မြေနိမ့်ပိုင်းခရိုင်ကိုးခု၌ မကြာခဏ ရေလွှမ်းမိုးမှုစသော အခြေခံ ချို့ယွင်းအားနည်းချက်များ၏ ပြယုဂ်သဖွယ်ဖြစ်နေခဲ့သည်။ ပြည်မနှင့် တောင်ပိုင်းပြည်နယ်များအကြား ဝင်ငွေကွာဟမှုမှာလည်း ကြီးမားလှသည်။ ပုံစံအားဖြင့် ဘန်ကောက်တွင်၂၀၀၂ခုနှစ်အတွက် လစဉ်ပျမ်းမျှမိသားစုဝင်ငွေမှာ ဘတ်ငွေ ၂၈ ၂၃၉ (အမေရိကန်ဒေါ်လာ ၇၃၅) ရှိခဲ့ချိန်တွင် နာရာသီဝပ်ပြည်နယ်၌မူ ဘတ်ငွေ ၂ ၂၂၄ (အမေရိကန်ဒေါ်လာ ၅၈) မျှသာရှိနေခဲ့ပေသည်။ ယင်းပြည်နယ်သုံးခုတွင် အလုပ်လက်မဲ့နှုန်းမှာ ၁၉၉၈ တွင် ၁.၉ % သာရှိခဲ့သော်လည်း ၂၀၀၃ တွင် ၂.၃ % အထိ ရှိလာခဲ့သည်။ တောင်ပိုင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အထူးကျော်ကြားသော်လည်း လုပ်ငန်း၏ အဓိကအစိတ်အပိုင်းများကို အစိုးရက ထိန်းချုပ်ထားပြီး ယင်းလုပ်ငန်းမှ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာလည်း မူစလင်မဟုတ်သူများ၏ လက်တွင်း၌သာ ရှိနေလေသည်။

    သုံးသပ်ချက်

    ကမ္ဘာပေါ်တွင် ဤသို့အဖိနှိပ်ခံနေရသော ညီအစ်ကိုမောင်နှများစွာ ရှိပါသည်။  မူစလင်တစ်ဦးအနေဖြင့် မိမိတစ်ဦးတည်း (သို့) မိမိ၏မိသားစုကောင်းစားနေရုံဖြင့်ကျေနပ်နေ၍မရပေ။ ထိုသို့ဆိုလျှင် သူသည် ပြည့်ဝစစ်မှန်သော မူစလင်တစ်ဦးမဖြစ်နိုင်ပေ။

    အစ္စလာမ်သည် ညီအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ကို သွန်သင်ပေသည်။ ကျင့်သုံးခိုင်းသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်နေရာတွင် နေနေ၊ မည့်သည်လူမျိုးဖြစ်ဖြစ်၊ မည်သည့်လမ်းစဉ်ကို ကျင့်သုံးသုံး၊ မည်သည့်အီမာမ်နောက်ကိုလိုက်လိုက် “အွမ္မသ်” ဆိုသည်ကို သတိရပြီး မူစလင်ဆိုသည့်ခေါင်းစဉ်အောက်တွင် တသားတည်းဖြစ်နေရမည်။ ညီညွတ်နေရပေမည်။ ထိုသို့စည်းလုံးနေမှသာ ဝမ်းနည်းဖွယ် ဖိနှိပ်ခံနေရသည့် ညီအစ်ကိုမောင်နှမများရှေ့မှ မတ်မတ်ရပ်နိုင်ပေမည်။ သူတို့အစစအရာရာဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းလုပ်ဆောင်နိုင်ပေမည်။ ။

    “အစ္စလာမ့်၏ရွှေခေတ်ဆီသို့ အစ္စလာမ့်ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်ဖြင့် အရောက်ချီတက်ကြပါစို့”

  • အာရဗ်နိုင်ငံများ ဖွံဖြိုးရေး ရံပုံငွေ ဒေါ်လာ ၂ဘီလီယံ ထူထောင်

    အာရဗ်နိုင်ငံများတွင် အသေးစားနှင့် အလတ်စား စီမံကိန်းများ အကောင်အထည်ဖေါ်နိုင်ရန် ဖွံ့ဖြိုးရေးရံပုံငွေ ဒေါ်လာ ၂ဘီလီယံ ထူထောင်လိုက်ပါသည်။ အဆိုပါ အာရဗ်ဖွံ့ဖြိုရေးရံပုံငွေကို လွန်ခဲသောနှစ် တွင်ကျင်းပခဲ့သောအာရဗ်စီးပွားရေး ညီလာခံတွင် ကူဝိတ် စော်ဘွား Sheikh Sabah al-Ahmad al-Sabah တကတင်ပြ ခဲ့ ခြင်းဖြစ်သည်။ ကူဝိတ် ဘဏ္ဍာရေးဝန်ကြီးက အာရဗ်နိုင်ငံ ၁၁နိုင်ငံမှ ဒေါ်လာ ၁.၁၈ ဘီလီယံ ထည့်သွင်းရန် ကတိ ပေးခဲ့ကြပြီး ကျန်နိုင်ငံများက ထည့်ဝင်ရန် မျှော်လင့်ရကြောင်း သတင်းထောက်များအား ပြောကြားသည်။ ၄င်းရံပုံငွေကို ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေရသော အာရဗ်ပြည်သူ သန်း ၁၄၀ ၏ လူနေမှု အဆင့်မြှင့်တင်ပေးရေး စီမံကိန်းများတွင် သုံးစွဲမည်ဖြစ်သည်။  လာမည့် ၁၀နှစ်အတွင် အလုပ်အကိုင် ၅၁ သန်းခန့်  အား လူငယ်များအတွက်ဖန်တီးပေးရေးမှာ အာရဗ်နိုင်ငံများတွက် စိန်ခေါ်မှုသဖွယ်ဖြစ်လာနေသည်။Al arabiya

  • ကင်ညာက ကျောင်းဆရာများ ကျောင်းသူများအား လိင်ပိုင်း ဆိုင်ရာ စော်ကားနေ

    လွန်ခဲ့သော နှစ်နှစ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများကြောင့် ကင်ညာနှိင်ငံမှ ကျောင်းဆရာ ၁၀၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရကြောင်း ကျူးလွန်ခံရသူများမှာ အသက် ၁၂နှစ်မှ ၁၅နှစ်အကြား ရှိကျောင်းသူများဖြစ်ကြောင်း ကင်ညာ လူအခွင့်အေ၇းအဖွဲ့စည်းများက ပြောကြားသည်။ အဆိုပါ ဖြစ်ရပ်များကို ကျေးလတ် အခြေခံပညာကျောင်းများတွင် ဖြစ်ပွားလေ့ရှိပြီး ဆက်သွယ်ရေးအခြေနေကြောင့် တိတိကျကျ စုံစမ်းနိုင်ခဲ့ခြင်းမရှိသော်လည်း လက်ရှိချိန်တွင်မိုဘိုင်းဆက်သွယ်ရေးစနစ်ဖြင့် ၄င်းဖြစ်ရပ်များကိုသိရှိ လာခဲ့ရကြောင်း ကင်ညာ လိင်ခွဲခြားမှု၊ကလေးသူငယ်ရေးနှင့် ဖွံဖြိုးရေးဝန်ကြီး ဌနကပြောဆိုသည်။ (more…)