News @ M-Media

Blog

  • ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်း ရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရ

    ဂျူး အခြေချနေထိုင်သူများက အနောက်ဘက်ကမ်းရှိ ဗလီ တစ်လုံး ကိုမီးဝင်ရှိုခဲ့ရာ ကုရ်အာန် ကျမ်းစာများ ၊ကော် ဇော များ မီးလောင်ခဲ့ရပါသည် ။  ဗလီနံရံများတွင်လည်း  ဟီဘရုး ဘာ သာဖြင့် ဂလဲ့စားဟု ရေးထိုးခဲ့ကြ ကြောင်း ဘယ်သလီဟမ်ရှိ Beit Fajjar ရွာ အကြီးအကဲက ပြောပါသည်။ ၄င်းက ကုရ်အာန် ကျမ်းစာ ၁၅ အုပ်မီးလောင်သွားရကြောင်း၊ ဂျုး အခြေချများ၏ တိုက်ခိုက်မှုသည် ၄ကြိမ်ရှိနေပြီဖြစ်ကြောင်း ပြောပါသည်။  ယင်းတိုက်ခိုက် မှုကြောင့် တစ် နှစ် အတွင်း ပါလက်စတိုင်း အစ္စရေး ပြဿနာကို ဖြေရှင်း ပေးရန် မျှော်လင်ထားသော အမေရိကန်ကို အကျပ် တွေ့စေ ခဲ့သည်။ အစ္စရေးတို့သည် အနောက်ဘက်ကမ်းဒေသနှင့်  အ ရှေ့ ဂျေရုစလင် ကို ၁၉၆၇တွင် သိမ်းပိုက်ခဲ့ပြီး သန်း တစ်ဝက် ခန့်ရှိသော ဂျုးလူမျိုးများကို တရားမ၀င် အိမ်ယာ များကို ဆောက် လုပ် နေထိုင်ခွင့်ပေးခဲ့သည်။ လူအခွင့်အရေး လေ့လာ သူ များက အနာက်ဘက်ကမ်းဒေသတွင် အခြေချနေထိုင်သူ ဂျူး များသည်  ပါလက်စတိုင်းတို့၏ လူမှုဘ၀ကို တနေ့တခြား ခြိမ်းခြောက်လျက်ရှိကြောင်း ပြောဆိုကြသည်။  al jazeerah

  • အနာဂတ်တွင် နေ နှင် လေ က အဓိက စွမ်းအင်များဖြစ်လာမည် ဟု ဆို

    အသစ်သစ်သောနည်းပညာတွေ့ရှိချက်များက လေနှင့် နေရောင်ခြည်စွမ်းအင် ကို အနာဂတ် ကမ္ဘာ့ စွမ်းအင်အရင်းအမြစ်ဖြစ်လာစေမည် ဟု နိုဘယ်ဆုရပါမောက္ခ ဝေါလ်တန်ကောန် က ပြောကြား လိုက်ပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့များမှာ  နောင်နှစ်ပေါင်း ၃၀ကျော်ထိသာ အမြင့်ဆုံး ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီ နောက်ပိုင်း ကာလများတွင် ကုန်းခန်းသွား မည်ဟု၎င်း ကဆိုပါသည်။ (more…)

  • တပတ်အတွင်းနိုင်ငံတကာသတင်း (အောက်တိုဘာ ၃၊ ၂၀၁၀)

    အိန္ဒိယနိုင်ငံ ဒေလီမြို့ တွင်ကျင်းပမည့် ဓနသဟာရနိုင်ငံများအားကစားပွဲအတွက် လုံခြုံရေးတပ်များ တင်း ကြပ်ထားပါသည်။ အောက်တိုဘာ ၃ ရက်နေ့ မှစ ၁၂ ရက်တာ ကျင်းပမည့် ကစားပွဲတွင် လုံခြုံရေး စိတ်မချရဟုဆိုကာ အချို့ နိုင်ငံမှ အားကစားသမားများ ကန့် ကွက်နုတ်ထွက်ခဲ့ပါသည်။ ယခုအခါ အိန္ဒိယ အစိုးရက ရဲ ရှစ် သောင်း၊ အရံရဲ နှစ်သောင်း၊ အမျိုးသားလုံခြုံရေး ကွန်မန်ဒို ၁၅၀၀၊ ၁၅၀ ပျောက်ကြားတိုက်ခိုက်မှုခုခံရေးတပ် သား၊ မုခင်းခွေးအကောင် ၃၀၀နှင့် ဗုံးရှာဖွေရေးအသင်းများဖြင့် လုံခြုံရေးတင်းကြပ်ထားပြီး ဈေးဆိုင်များကိုလည်း ပိတ်ထားခိုင်းသဖြင့် ဒေလီမြို့ တွင် ခါတိုင်းနှင့်မတူ လူပြည့်ကြပ်ခြင်းမရှိကြောင်း သိရသည်။ (ကိုးကား – Indiatimes, Oct 2, 2010)

    (more…)

  • အမေရိကန် ဆေးသုတေသန လူသားဖြစ်မှုကို ဆန့်ကျင်ရာဇ၀တ်မှုဖြစ်နေ

    ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း အမေရိကန် ဆေးပညာရှင်များ ကွာတီမာလာနိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနစမ်းသပ်ချက်သည် လူသားဖြစ်မှုကို ဆန့် ကျင်ကျူးလွန်သော ရာဇ၀တ်မှု (Crime against Humanity) ဖြစ်ကြောင်း ကွာတီမာလာ သမ္မတ Alvaro Colom အပြစ်တင်လိုက်ပါသည်။ ထိုအချိန်က ရှားပါးသေးသော ပင်နီစလင်ဆေး အာနိသင် ကို စမ်းသပ်ရန် ကွာတီမာလာနိုင်ငံအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စိတ်ရောဂါဝေဒနာ ရှင် ၇၀၀ ခန့် ကို ဆေးပညာရှင်များက ဆဖလစ် (Syphilis) ဗိုင်းရပ်ထိုးသွင်း စမ်းသပ်ခဲ့ပါသည်။

    အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး ဒေါက်တာ မြတ်သီရီအေးကပြောကြားရာတွင်
  • ဂျုးအခြေချ အိမ်ယာများကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဟန့်တားဖြစ်နေ

    အစ္စရေးတို့မှ ပါလက်စတိုင်းနယ်မြေများတွင် အိမ်ယာဆက်လက်ဆောက်လုပ်နေပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့ဆက် ရန်မရှိကြောင်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပြောဆိုလိုက်ပါသည်။  …….တို့တတွေရဲ့ ရပ်တည်ချက်ကို ပြောင်မှာ မဟုတ်ပါဘူး သူတိုတွေ(ဂျူး) တရားမ၀င် အိမ်ယာတွေ ဆက်လက်ဆောက် လုပ်နေမယ်ဆိုရင်ထပ်မံ စေ့စပ်ဆွေးနွေးနိုင်တော့ မှာမ ဟုတ်ပါဘူး …..ဟု ပါလက်စတိုင်း သမ္မတ မာမူဒ် အာဘာစ် က အေအက်ဖ်ပီ သတင်းကိုပြောပါသည်။ လစ်ဗျားနိုင်ငံတွင် အာရဘ်အဖွဲချုပ် ကမကထပြုလုပ် ကာ ယခုအပတ်အတွင်း ကျင်းပမည့် ဆွေးနွေးပွဲတွင် မာမူဒ်အာ ဘာစ်က အစ္စရေးနှင့်ဆက်လက် ငြိမ်းချမ်းရေးဆွေးနွေးရေး ကို ယတိပြတ်ဆုံးဖြတ်မည်ဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာ ၂၆ရက်တွင်ကုန်ဆုံးခဲ့သော အစ္စရေး အိမ်ယာ ဆောက်လုပ်ရေး ဆိုင်းငံ့မှု ၁၀ သက်တမ်းကိုထပ်မံ သက်တမ်းမတိုးပါက ပါလက်စတိုင်းဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင်မ ပါဝင် နိုင်တော့ ကြောင်း သတိပေးခဲ့ခြင်းဖြစ် သည်။ အမေရိကန်အစိုးရမှာ အစ္စရေးအား အိမ်ယာ တိုးချဲ့ ဆောက် လုပ်ရေး ကို ရှေ့မဆက်၇န် ပြောဆိုနေသော်လည်း နေတန်ယာဟု အစိုးရမှ ခေါင်းမငြိမ့်ပဲ ပါ လက် စတိုင်းတို့ကိုသာ ဆက်လက် ငြိမ်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းနေခဲ့သည်။  အရှေ အလယ်ပိုင်း အထူးသံတမန် ဂျောမီချယ် က သောင်မတင်ရေမကျဖြစ်နေသော ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ကယ်တင်နိုင်ရန် နှစ်ဖတ်စလုံးနှင့် စေ့ စပ် ဆွေး နွေး နေ သော် လည်းပါလက် စတိုင်းဘက်က သူတို့၏ ရပ်တည်ကို ပြောင်းလဲမည့် လက္ခဏာမပြသခဲ့ပေ။ ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင် ရှိ အစ္စရေးလူမျိုး  ၅၀၀၀၀၀ ၏ တိုးချဲ့  အိမ်ယာ ၁၂၀မှာ  နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ကြောင်း  ပါလက်စတိုင်းတို့က ပြောဆိုထားသည်။  alarabiya