News @ M-Media

Blog

  • အစ္စရေး နျူးကလီးယားအစီစဥိ အီရန် ဖေါ်ထုတ်ရန်ရှိ

    အမေရိကန်၏ကျောထောက်နောက်ခံပေးမှုရရှိထားသော အစ္စရေးနိုင်ငံ အား သူ၏ တရားမ၀င်ပိုင်ဆိုင်ထားသော့   လျှို့ဝှက်ထားသော နျူးကလီးယာအစီစဉ်ကို အီရန်နိုင်ငံမှ မကြာမှီ ကမ္ဘာထုတ်ပြတော့မည်ဟု အီရန် အမျိုးသားလုံခြုံရေးကောင်စီဝင် Saeed Jalili  မှ ပြောဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ နျူးကလီး ယာမပြန်ပွား ရေးစာချုပ်အရ နျူးကလီးယာလက်နက်များကို ပိုင်ဆိုင်ခွင့်မပြုထားပေ။ သို့သော် အစ္စရေးတို့သည် ယင်းစာချုပ်လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဖျက် စွမ်းပြင်းလက်နက်များပိုင်းဆိုင်ထားမှုအပေါ် မွတ်စလင်နိုင်ငံများ ၏ မေးခွန်းထုတ်ခြင်းကိုခံနေရသည်။ အီရန်နိုင်ငံက အနောက်အုပ်စုအနေဖြင့် ၄င်းမေးခွန်းများ ကို ဖြေကြားပေးရန် တောင်းဆိုနေသည်။  (more…)

  • လူဦးရေ သန်း တစ်ထောင်ခန့် အာဟာရ ချိုတဲ့နေ ဟု ဆို

    ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော် မှာ အစာရေစာ မလောက်ဝမှု  အာဟာရချို့တဲ့မှုများ နှင့် ရင်ဆိုင်နေရကြောင်း မကြာခင်က ထုတ်ပြန်ခဲ့သော အစီရင်ခံ စာအသစ်တွင်  ဖေါ်ပြထားပါသည်။ ၂၀၁၀ ခုနှစ်  ၏ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြ အညွန်းကိန်းအရ ကလေးငယ်များ တွင်အာဟာရချိုတဲ့မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကြောင်း ၊ အထူးသဖြင့် အာဖရိက ဆာဟာရနိုင်ငံများ ၊တောင်အာရှဒေသများက စိုးရိမ်ရသည့် အခြေနေဖြစ် နေကြောင်း သိရ သည်။ အဆိုပါ ကိန်းညွန်း ကို နိုင်ငံတ ကာ အစားစာ လေ့လာမှု သိပ္ပံ၊ Welthungerhilfe ၊ Concern worldwide တို့ကပူးတွဲ ပြုစု တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)

  • အသက် ၁၀၁နှစ် ပြည့်ချိန်မှ အမေရိကန် နိင်သံသားဖြစ်ခွင့်ရသည့် အမယ်အို

    အမေရိကားသို့ မျှော်လင်ချက်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများထဲတွင် မက္ကဆီကို နိုင်ငံက အဘွား အို  Eulalia Garcia Maturey လည်းအပါဝင်ပါ၊  ရာစုနှစ် တစ်စုကြာမြင့်ပြီးနောက်မှတော့ အသက် ၁၀၁နှစ်ရှိ ယင်းအဘွားအိုမျှော်လင့်နေသော  အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ယင်းအမယ်အိုသည် လွန်ခဲသော ၁၉၀၉ ခု အောက်တိုဘာ ၁၂ရက်နေ့တွင် အမေရိကန်သို့ ၀င်ရောက်လာခဲ့ပြီးနောက် အသက် ၁၀၁နှစ်ပြည့် ချိန်တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံလိုက်ရသည်။ ‘ ကျန်းကျန်းမာမာ ရှိတဲ့ဒီအသက်အရွယ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလို့ တကယ်ကို ၀မ်းသာတယ်ရှင့် ‘ ဟု အမယ်အိုက သူ၏ခံစားချက် ကိုဆိုပါသည်။ အမေရိကန် နိုင်ငံသားဖြစ်လာသော အမယ်အို က လာမည့်နိုဝင်ဘာ၂ရက်နေ့တွင်ကျင်းပမည့် နှစ်လည် ရွေး ကောက် ပွဲမှာ အတော်ဆုံး လွတ်တော်အမတ်အတွက် မဲပေးမည်ဖြစ်ကြောင်း ၊ ပြောကြားခဲ့သည်။

      မက္ကဆီကို မြို့တော် မွန်တယ်ရေး တွင်မွေးဖွားခြဲ့ပီး မက္ကဆီနယ်စပ်မှာ အမေ၇ိကန်သို့ လွယ်လွယ်ကူကူ ၀င်ရောက် နိုင်ခဲ့စဉ် ကာလတွင်း  တက္ကဆက်ပြည်နယ်သို့ သူမအသက် ခြောက်လသားအရွယ်တွင် မိခင်ဖြစ်သူနှင့်အတူ ရောက် ရှိလာခဲ့သည်။ ‘ ဘ၀ကို အရှုံးမပေးတက်တဲ့ အမေအိုအသက်အရွယ်ကို အရင်က မမြင်ဖူးခဲ့ပါဘူး ၊ ဒီကမေးတဲ့ မေးခွန်းတွေကို လည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်လို့ နိုင်ငံသားအဖြစ် လက်ခံလိုက်တာပါ’  ဟုအမေရိကန် လူဝင်မှုကြီးကြပ်ရေး ကဆိုပါသည်။ BBC

  • တပတ်အတွင်း နိုင်ငံတကာ သတင်းများ (အောက်တိုဘာ ၁၀၊ ၂၀၁၀)

    မြောက်ကိုးရီးယားနိုင်ငံတွင် စစ်တပ်ချီလှည့်အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ က ကျင်းပခဲ့ပါသည်။ ဒီအခမ်းအနားကို ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွင့်ခဲ့ပြီး မြောက်ကိုးရီး ယားစစ်တပ် အင်အားကြီးမားကြောင်း မြောက်ကိုးရီးယားပြည်သူများနှင့် ကမ္ဘာကိုပြသရန်ဖြစ် သည်။ ဤအခမ်းအနားသည် ကင်ဂျုံးအီ၏ အငယ်ဆုံးသား ကင်ဂျုံးအန် ကို ဖခင်၏ အရိုက်အ ရာဆက်ခံသွားမည့် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခြင်းအထိမ်းအမှတ်ဖြစ်သည်။ (ကိုးကား – Al Jazeera, Oct 10, 2010)

    တရုတ် သိပ္ဗံပညာရှင်များ Bigfoot — ဒေသခံအခေါ် ရီရန် (Yeren) — ခေါ် ထူးဆန်းလူသားကို လိုက်ရှာရန် နိုင်ငံတကာ အကူအညီများ တောင်းဆိုလျက်ရှိသည်။ ၂ မီတာကျော် မြင့်ပြီး ကိုယ်ပေါ်တွင် အမွေးအမြင် အနီ အနက် ခဲရောင်ရှိ လူတပိုင်း သတ္တ၀ါတပိုင်း ထူးဆန်းလူသား အား တရုတ်ပြည်အလယ်ပိုင်း ဟူဗိုင်းပြည်နယ်တွင် မြင်ဖူးကြောင်း လူ ၄၀၀ ကျော်က ပြောကြသည်။ ဤကိစ္စကို မည်သူမျှသက်သေပြနိုင်ခြင်း မရှိသေးသည့်အတွက် ကူညီ သုတေသနပြုရန် ဖိတ်ခေါ်လျက်ရှိသည်။ (ကိုးကား Reuters, Oct 10, 2010)

    (more…)

  • ၉-၁၁ တိုက်ခိုက်မှုကြီးနောက်ကွယ်တွင် စီအိုင်အေနှင် မော့ဆက် ရှိနေဟု အီရန်ဆို

    အီရန် သမ္မတ အာမတ်ဒီနီဂျက် က ၉-၁၁ တိုက်ခိုက်မှုကြီးအား သံသယရှိကြောင်းပြောဆို လိုက်ပြီးနောက်ပိုင်း အီရန်စစ်ဘက်အကြီးတန်း ခေါင်းဆောင် Rahim-Safavi က အမေရိကန် ထောက် လှမ်း ရေး စီအိုင်အေနှင် အစ္စရေးထောက်လှမ်းရေ မော့ဆက် အဖွဲ့ တို့သည် ယင်း ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အုံ တိုက်ခိုက် မှုကြီး နောက်ကွယ်တွင် ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါ သည်။  ‘ အမေရိကန်နှင့်ဇီယွန်ဝါဒီတွေဟာ အရှေ့ အလယ်ပိုင်းက ရေနံတွေကို လက်ဝါးကြီးအုပ် ဖို့ အကြံနဲ့ မဟာဗျူဟာကျကျ ၉-၁၁ တိုက်ခိုက်မှုကြီးကိုစီစဉ်ခဲ့ပါတယ် ‘ ဟု ပြောဆိုစွပ်စွဲလိုက်ပါသည်။ အလ်ကိုင်ဒါခေါင်းဆောင် အိုစာမာဘင်လာဒင်တွင် ယင်းတိုက် ခိုက်မှုကြီး ကို စီစဉ်နိုင်စွမ်းမရှိကြောင်း သူက ထောက်ပြသွားပါသည်။ ၄င်း၏ အဆိုအရ စီအိုင်အေနှင့် မောဆက်ထိပ်တန်း အရာရှိကြီးများ သည် ယင်းဖြစ်ရပ်တွင် ပိရိသေသပ်စွာ ကြိုးကိုင်ဆောင် ရွက်ခဲ့ ကြောင်း  သိရသည်။ အစ္စလာမ် အနှစ်သာရ ပျံပွား လာမည် ကိုစိုးရိမ်ြ က သူ အမေရိကန်နှင့် ဇီယွန် ၀ါဒီများ များက အစ္စလာမ်ကြောက်စိတ် ကဲလာစေရန် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ၊ ရှက်စရာကောင်းသော ကုရ်အာန်မီးရှို့ပွဲ အစီစဉ် များ ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူက ရှင်းပြပြောဆိုသည်။ (more…)