News @ M-Media

Blog

  • ဒေါ်နီနီအေး (ပထမဆုံး ရေခဲတောင်တက် အမျိုးသမီးအဖွဲ့ခေါင်းဆောင်)

    မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆရာမဒေါ်နီနီအေးသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်စွန်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ ပင်လယ်ရေ မျက်နှာပြင်အထက်ပေပေါင်း ၁၁၈၆၉ ပေမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်သို့ ၂၀ဝ၈ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ သတ်မှတ်ရက်ထက် ၅ ရက်စော၍ တက်ရောက်ကာ စံချိန်ချိုးခဲ့သည်။

    ဖုန်ကန်ရာဇီတောင်သည် အမြဲတမ်း ရေခဲများဖုံးလွှမ်းနေသော တောင်ဖြစ်သည်။ အပူချိန် သုညဒီဂရီဆဲလ်စီးရပ်စ်အောက် အမြဲရှိနေသဖြင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ကြရသည်။ ဒေသခံလမ်းပြမပါဘဲ ယခင်လိုက်ဖူးသူ တောင်တက်အဖွဲ့ဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ကြသည်။ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ လက်ရွေးစင်တောင်တက်အဖွဲ့ဝင် အမျိုးသား၊ ၂၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၄ ဦးကို ဦးဆောင်လမ်းပြပြီး တက်ခဲ့သည်။ ယခင်က မြေတိုင်းဦးစီးဌာန၏ တိုင်းတာခဲ့မှုအရ (more…)

  • ဘလ်ဂျီယံ လိင်အရှုပ်တော်ပုံကြောင့် ပုပ်ရဟန်းမင်းကြီးခံစားနေရ

    ၁၉၅၀ မှ ၁၉၈၀ ကျော်ခုနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် ဘလ်ဂျီယံလိင်အရှုပ်တော်ပုံတွင် ခရစ်ယံဘုန်းကြီးများပါဝင်နေမှုကြောင့် ဗာတီကန်ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ဘနဒစ်အနေဖြင့် အလွန်အမင်းစိတ်ခံစားမှုရနေကြောင်း ဗာတီကန်ရှိပြောရေးဆိုခွင့်ရှိသူတစ်ဦးက စီအင်အင်သို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ဖာသာဖဲဒဲရီကို လန်ဘော်ဒီက ဤသတင်းကို တရားဝင်ဖော်ပြလိုက်ခြင်းက မိမိတို့အပါအ၀င် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသူများကို ခံစားစေရကြောင်းပြောသွားခဲ့သည်။ ထိုသို့သော ကြေညာမှုကို ဘလ်ဂျီယံရှိ ခရစ်ယာန်ကျောင်းများ၌ ခေါင်းဆောင်များက ကလေးများကိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့သော ဖာသာများအနေဖြင့် မိမိတို့၏အထက်တွင်ရှိသည့် ဖာသာများထံဖွင့်ဟသင့်ကြောင်း ပြောဆိုပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည။် (more…)

  • ပြင်သစ်ဆီးနိတ်တွင် ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲဆုံးဖြတ်မည်။

    ပဲရစ်၊ ပြင်သစ်နိုင်ငံ — စက်တင်ဘာ ၂၁တွင် ပြင်သစ်ဆီးနိတ်လွှတ်တော်၌ ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲရန် မျှော်မှန်းထားကြောင်း စီအင်အင်သတင်းတစ်ရပ်က ဖော်ပြသည်။ ထိုပိတ်ပင်ရေးတွင် မျက်နှာကိုဖုန်းထားခြင်းမျိုးသာ

    မက ခန္ဓာကိုယ်တစ်ခုလုံးအားဖုန်းထားခြင်းမျိုးများကိုပါ အကြုံးဝင်စေမည်ဖြစ်သည်။ ထိုသို့ဖုန်းအုပ်ထားခြင်းကို အချို့သောမွတ်စလင်အမျိုးသမီးများက ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

    ထိုပိတ်ပင်ရေးကိစ္စကို လွန်ခဲ့သည့်ဂျူလိုင်လက ပြင်သစ်အောက်လွှတ်တော်ပါလီမန်တွင် အတည်ပြုထားပြီးလည်းဖြစ်သည်။ “Pew Global Attitudes Project” ဟုအမည်ပေးထားသော ယခုနှစ်နွေဦးကာလတွင်ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်တွင်မူ ပြင်သစ်ရှိ လူလေးဦးတွင် တစ်ဦးထက်မနည်းသောအရေအတွက် (more…)

  • အမေရိကား၏ ပထမဆုံး အစ္စလာမ်ကောလိပ် “ ဇိုင်တွန်နဟ်”

    အမေရိကန်မြေ၏ အစ္စလာမ်  လေ့လာရေး ပရ၀ဏ် ၊ အသွင်ကွဲခြင်း များစွား အတွက် ပေါင်းကူး၊ အရှိန်ပြင်းလာနေသော အစ္စလာမ်ကြောက်ရောဂါတွက် ကုထုံး ၊ သဖွယ်ဖြစ်လာမည့် ဇိုင်တွန်နဟ် အစ္စလာမ့်ကောလိပ်ကို  အမေရိကန်သားများက  အစ္စလာမ်ကို နားလည်မှုလွဲမှားဆုံး ၊ အမေရိကန်မွတ်စလင်များ အဖတ်ဖတ်မှ ထိုးနှက်ခံရ ဆုံးချိန်ခါတွင် အမေရိကန်နိုင်ငံ ဘာကလေမြို တွင် ပထမဆုံး စတင် ဖွင့်လှစ်လိုက် ပါသည်။ အဆိုပါ ဇိုင်တွန်နဟ်  အစ္စလာမ်ကောလိပ် ကနေ အနာဂတ် အမေရိကန် မွတ်စလင်ထု ကို အထိရောက်ဆုံး ဦးဆောင်ပေးမည့် ခေါင်းဆောင်များကို မွေးထုတ်နိုင်ရန်  ရည်ရွယ်ထားသည်။

    ဇိုင်တွန်နဟ် ကောလိပ် ထူထောင်သူ အစ္စလာမ်အေးရိပ်ခိုဝင်ခဲ့ သောာ အီမာမ် ဇိုင်ဒ်ရှကီးက … ဒီကောလိပ်က နေ အစ္စလာမ်အပေါ် အားကောင်းတဲ့နားလည်မှုတွေ ဆောင်ကြဉ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်… ဟု ဆိုပါသည်။


    အမေရိကန် လူမှု အဖွဲ့အစည်းရှိ မွတ်စလင်တို့အား ထိထိရောက်ရောက် ဦးဆောင်ဦးရွက် သင်ရိုးများကို စနစ်တကျပြဌာန်းထားပြီး ပထမနှစ် ပညာသင်နှစ် အတွက် ကျောင်းသား ကျောင်းသူများကို သြဂုတ်လ ၂၃ရက်တွင်လက်ခံခဲ့ပါသည်။ လက်ရှိ ကာလတွင်BA ( အစ္စလာမ့် ဥပဒေ ) နှင့် BA ( အာရဘီစာပေ) ဘွဲအတန်းကို ဖွင့် လှစ်ထားရှိပြီး နောင်ကာလများတွင် အထူးပြုမေဂျာများ ကို ဆက်လက် တိုးချဲ့သွား မည် ဟု သိရသည်။ ယင်းကောလိပ်တွင် ပညာသင်နှစ် ၄နှစ်သက်မှတ်ထားကာ ပထမနှစ် တွင် အာရဘီ စာပေကို အဓိက ထား ပြဌါန်းထားသည်။ ဒူတိယနှစ်မှ စပြီး အထုးပြုဘာသာရပ်နှစ် ခုအနက် ကြိုက်ရာ တစ်ခု ရွေးချယ်ဆည်းပူး နိုင်သည်။ အစ္စလာမ်ကိုလေ့လာမယ်ဆိုရင် အဓိက အချက်က အာရဘီစာပေ ကိုတက်ကျွမ်းရမှာ ပါ. ဟု ၄င်းက ပြောပါသည်။ ဇိုင်တွန်နဟ် ကောလိပ်၏ နေ့စဉ် သင်ကြားရေ အစီစဉ်များတွင် ဆွလာသ် ငါးကြိမ် ၀တ်တက်မှု ကို သင်ကြားရေး အစီစဉ်တွင် ထည့်သွင်းထား ပြီ ကျောင်းသား အခြေပြု သင်ကြားရေးစနစ်ဖြင့် သင်ခဏ်းစားများကို လေ့လာသင်ယူပေးမည်ဟု  ၄င်းကဆိုပါသည်။ဇိုင်တွန်နဟ် အစ္စလာမ်ကောလိပ်သည် မွတ်စလင်ကမ္ဘာ ထင်ကရ တက္ကသိုလ်များဖြစ်သော အလ်အဇ်ဟရ် အစ္စလာမ်တက္ကသိုလ် ၊ ကာရာဝိန်း အစ္စလာမ်တက္ကသိုလ်တို့နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။ ယနေ့ကာလတွင် အနောက်တိုင်းရှိ  မွတ်စလင် လူဦးရေပမာဏ မြင့်မားလာသည့်နည်းတူ ယင်းမွတ်စလင်တို့အား ဦးဆောင်မှုပေးနိုင်မည့် အရည်အသွေးပြည် အာလင်မ် အီမာမ်အများအပြားလည် အလွန်အမင်း လိုအပ်လျက်ရှိ နေသည်။ အာရှမှ ရောက်ရှိလာသော အာ လင်မ် အချို့ သည် လည်း အမေရိကန်ယဉ်ကျေးမှု ၊ လူမှုစရိုက်၊ ဘာသာစကား စသည့် အတားအဆီများ ကြောင့် လှစ်ဟာနေသည့် ကွက်လပ်များကို ဇိုင်တွန်နဟ် အစ္စလာမ်ကောလိပ် ကမကြာမီ  ဖြည့်ဆည်း ပေး နိုင်တော့မည်ဟု မျှော်လင့်ရပေသည်။

  • တို့နဲ မတူတဲ့ ဂါဇာက အီးဒ် ပွဲ

    လေးနှစ်နီးပါပိတ်ဆို့ ခံထားရသော ဂါဇာကမ်းမြောင်ရှိ မွတ်စလင်တို့ သည် အလုပ်လက်မဲ့များ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာသည့် ကြားမှာ ပင် ဥပုဒ် ထွက် အီးဒ်ပွဲတော်ကိုသောကြာနေ့တွင်  ပျော်ရွင်စွာ ကျင်းပနိုင်ခဲကြပါသည်။ အီးဒ်နေ့ရက်အတွင်း  ကွယ်လွန်သူ မိဘဘိုးဘွား များ၏ သင်္ချိုင်းသို့ ဂါဝရပြု ဇေယာရသ် သွားခဲ့ကြသကဲ့သို့ ဆွေမျိုး သားချင်းများထံ အလည် ပတ်သွားရောက်ခြင်း ကလေးငယ် များလက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်းတို့ဖြင့် ဆင်နွဲခဲ့ကြသည်။

    (more…)