News @ M-Media

Blog

  • ပြင်သစ်ဆီးနိတ်တွင် ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲဆုံးဖြတ်မည်။

    ပဲရစ်၊ ပြင်သစ်နိုင်ငံ — စက်တင်ဘာ ၂၁တွင် ပြင်သစ်ဆီးနိတ်လွှတ်တော်၌ ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲရန် မျှော်မှန်းထားကြောင်း စီအင်အင်သတင်းတစ်ရပ်က ဖော်ပြသည်။ ထိုပိတ်ပင်ရေးတွင် မျက်နှာကိုဖုန်းထားခြင်းမျိုးသာ

    မက ခန္ဓာကိုယ်တစ်ခုလုံးအားဖုန်းထားခြင်းမျိုးများကိုပါ အကြုံးဝင်စေမည်ဖြစ်သည်။ ထိုသို့ဖုန်းအုပ်ထားခြင်းကို အချို့သောမွတ်စလင်အမျိုးသမီးများက ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

    ထိုပိတ်ပင်ရေးကိစ္စကို လွန်ခဲ့သည့်ဂျူလိုင်လက ပြင်သစ်အောက်လွှတ်တော်ပါလီမန်တွင် အတည်ပြုထားပြီးလည်းဖြစ်သည်။ “Pew Global Attitudes Project” ဟုအမည်ပေးထားသော ယခုနှစ်နွေဦးကာလတွင်ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်တွင်မူ ပြင်သစ်ရှိ လူလေးဦးတွင် တစ်ဦးထက်မနည်းသောအရေအတွက် (more…)

  • အမေရိကား၏ ပထမဆုံး အစ္စလာမ်ကောလိပ် “ ဇိုင်တွန်နဟ်”

    အမေရိကန်မြေ၏ အစ္စလာမ်  လေ့လာရေး ပရ၀ဏ် ၊ အသွင်ကွဲခြင်း များစွား အတွက် ပေါင်းကူး၊ အရှိန်ပြင်းလာနေသော အစ္စလာမ်ကြောက်ရောဂါတွက် ကုထုံး ၊ သဖွယ်ဖြစ်လာမည့် ဇိုင်တွန်နဟ် အစ္စလာမ့်ကောလိပ်ကို  အမေရိကန်သားများက  အစ္စလာမ်ကို နားလည်မှုလွဲမှားဆုံး ၊ အမေရိကန်မွတ်စလင်များ အဖတ်ဖတ်မှ ထိုးနှက်ခံရ ဆုံးချိန်ခါတွင် အမေရိကန်နိုင်ငံ ဘာကလေမြို တွင် ပထမဆုံး စတင် ဖွင့်လှစ်လိုက် ပါသည်။ အဆိုပါ ဇိုင်တွန်နဟ်  အစ္စလာမ်ကောလိပ် ကနေ အနာဂတ် အမေရိကန် မွတ်စလင်ထု ကို အထိရောက်ဆုံး ဦးဆောင်ပေးမည့် ခေါင်းဆောင်များကို မွေးထုတ်နိုင်ရန်  ရည်ရွယ်ထားသည်။

    ဇိုင်တွန်နဟ် ကောလိပ် ထူထောင်သူ အစ္စလာမ်အေးရိပ်ခိုဝင်ခဲ့ သောာ အီမာမ် ဇိုင်ဒ်ရှကီးက … ဒီကောလိပ်က နေ အစ္စလာမ်အပေါ် အားကောင်းတဲ့နားလည်မှုတွေ ဆောင်ကြဉ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်… ဟု ဆိုပါသည်။


    အမေရိကန် လူမှု အဖွဲ့အစည်းရှိ မွတ်စလင်တို့အား ထိထိရောက်ရောက် ဦးဆောင်ဦးရွက် သင်ရိုးများကို စနစ်တကျပြဌာန်းထားပြီး ပထမနှစ် ပညာသင်နှစ် အတွက် ကျောင်းသား ကျောင်းသူများကို သြဂုတ်လ ၂၃ရက်တွင်လက်ခံခဲ့ပါသည်။ လက်ရှိ ကာလတွင်BA ( အစ္စလာမ့် ဥပဒေ ) နှင့် BA ( အာရဘီစာပေ) ဘွဲအတန်းကို ဖွင့် လှစ်ထားရှိပြီး နောင်ကာလများတွင် အထူးပြုမေဂျာများ ကို ဆက်လက် တိုးချဲ့သွား မည် ဟု သိရသည်။ ယင်းကောလိပ်တွင် ပညာသင်နှစ် ၄နှစ်သက်မှတ်ထားကာ ပထမနှစ် တွင် အာရဘီ စာပေကို အဓိက ထား ပြဌါန်းထားသည်။ ဒူတိယနှစ်မှ စပြီး အထုးပြုဘာသာရပ်နှစ် ခုအနက် ကြိုက်ရာ တစ်ခု ရွေးချယ်ဆည်းပူး နိုင်သည်။ အစ္စလာမ်ကိုလေ့လာမယ်ဆိုရင် အဓိက အချက်က အာရဘီစာပေ ကိုတက်ကျွမ်းရမှာ ပါ. ဟု ၄င်းက ပြောပါသည်။ ဇိုင်တွန်နဟ် ကောလိပ်၏ နေ့စဉ် သင်ကြားရေ အစီစဉ်များတွင် ဆွလာသ် ငါးကြိမ် ၀တ်တက်မှု ကို သင်ကြားရေး အစီစဉ်တွင် ထည့်သွင်းထား ပြီ ကျောင်းသား အခြေပြု သင်ကြားရေးစနစ်ဖြင့် သင်ခဏ်းစားများကို လေ့လာသင်ယူပေးမည်ဟု  ၄င်းကဆိုပါသည်။ဇိုင်တွန်နဟ် အစ္စလာမ်ကောလိပ်သည် မွတ်စလင်ကမ္ဘာ ထင်ကရ တက္ကသိုလ်များဖြစ်သော အလ်အဇ်ဟရ် အစ္စလာမ်တက္ကသိုလ် ၊ ကာရာဝိန်း အစ္စလာမ်တက္ကသိုလ်တို့နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။ ယနေ့ကာလတွင် အနောက်တိုင်းရှိ  မွတ်စလင် လူဦးရေပမာဏ မြင့်မားလာသည့်နည်းတူ ယင်းမွတ်စလင်တို့အား ဦးဆောင်မှုပေးနိုင်မည့် အရည်အသွေးပြည် အာလင်မ် အီမာမ်အများအပြားလည် အလွန်အမင်း လိုအပ်လျက်ရှိ နေသည်။ အာရှမှ ရောက်ရှိလာသော အာ လင်မ် အချို့ သည် လည်း အမေရိကန်ယဉ်ကျေးမှု ၊ လူမှုစရိုက်၊ ဘာသာစကား စသည့် အတားအဆီများ ကြောင့် လှစ်ဟာနေသည့် ကွက်လပ်များကို ဇိုင်တွန်နဟ် အစ္စလာမ်ကောလိပ် ကမကြာမီ  ဖြည့်ဆည်း ပေး နိုင်တော့မည်ဟု မျှော်လင့်ရပေသည်။

  • တို့နဲ မတူတဲ့ ဂါဇာက အီးဒ် ပွဲ

    လေးနှစ်နီးပါပိတ်ဆို့ ခံထားရသော ဂါဇာကမ်းမြောင်ရှိ မွတ်စလင်တို့ သည် အလုပ်လက်မဲ့များ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာသည့် ကြားမှာ ပင် ဥပုဒ် ထွက် အီးဒ်ပွဲတော်ကိုသောကြာနေ့တွင်  ပျော်ရွင်စွာ ကျင်းပနိုင်ခဲကြပါသည်။ အီးဒ်နေ့ရက်အတွင်း  ကွယ်လွန်သူ မိဘဘိုးဘွား များ၏ သင်္ချိုင်းသို့ ဂါဝရပြု ဇေယာရသ် သွားခဲ့ကြသကဲ့သို့ ဆွေမျိုး သားချင်းများထံ အလည် ပတ်သွားရောက်ခြင်း ကလေးငယ် များလက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်းတို့ဖြင့် ဆင်နွဲခဲ့ကြသည်။

    (more…)

  • ဂါဇာသို့ဝင်ရောက်ခဲ့သည် တူရကီ ထောက်ပံရေးသင်္ဘော အုပ်စု ၏ နောက်ဆက်တွဲ ဖြစ်ရပ်

    လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့် ၃နှစ်ကြာ ပိတ်ဆို့ ခံ ဂါဇာဒေသသို့ ၀င်ရောက်ခဲ့သည့် တူရကီ ထောက်ပံရေးသင်္ဘော အုပ်စု ကို လွန်ခဲ့သောမေလ ၃၁ ရက်နေ့တွင် အစ္စရေးရေတပ်မှ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။၎င်း သဘောင်္အုပ်စုတွင်လိုက်ပါလာသည့် ဂါဇာလိုလားသူ တူရကီလူမျိုး ၈ဦးနှင့် အမေရိကန် တစ်ဦး အစ္စရေးတို့၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

    ဂါဇာပြည်သူများအပေါ် စာနဂရုဏာထားရှိသူများ၏ ဤသို့ အသက်စွန့်လွတ်အနစ်နာခံကြိုးပမ်းမှုများ ကြောင့် လုံးဝပိတ်ဆို့ခံထားရသော ဂါဇာဒေသအား အစ္စရေးတို့မှ အတိုင်းအတာ တစ်ခု ထိပြန် လည်ဖွင့်လှစ်ပေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဖိအားပေးမှုများကြောင့် ရုပ်ဆိုးအကျည်းတန်လှသော ယင်းဖြစ်ရပ်ကို ကုလသမဂ က တူရကီနှင့် အစ္စရေး နှစ်နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သော စုံစမ်းကော်မရှင်ဖွဲ့တ ရပ်ဖွဲ့စည်းပြီးအစ္စရေး ရေတပ်၏ စီးနင်တိုက်ခိုက်ကို စတင် စုံစမ်းနေပါသည်။

    လူသားချင်စာနာမှုတရားဖြင့် အကူအညီမဲ့ပြည်သူ များဆီ ထောက်ပံ့ ရန်လာသောသင်္ဘောများကို  စီးနင်း တိုက်ခိုက်မှုကြောင့် အစ္စရေးတို့ အမဲစက်ထင် ကျန်ခဲ့ရသည်။ တဖန် အစ္စရေးတို့အတွက် ထပ်မံ အရှက်ရ စေမည့် သတင်းတစ်ပုဒ်ထွက် ထပ်မံပေါ်ထွက်လာ သည်။ယင်းကတော့ အစ္စရေးစစ်သားများ တူရကီ သင်္ဘောများပေါ် ခိုးမှုကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်ဘက်မှ စုံစမ်းဖေါ်ထုတ်နိုင်ခြင်း ပါ။

    တူရကီသင်္ဘောများ အစ္စရေး ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ် သင်္ဘောပေါ်ရှိ လက်တော့များ၊ ဟန်းဆက်များကို ခိုးယူထားသူများကို ဖမ်းဆီရမိခဲ့ သည်။ အဆိုပါ ဖမ်းဆီရမှုတွင်   အစ္စရေး စစ်အရာရှိတစ်ဦး ပါ ၀င်ခဲ့ပြီး ၄င်းသည် ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားကြသော တူရကီသင်္ဘောများပေါ် သို့ တက်ရောက်ခွင့်ရသည့် တပ်စုခေါင်းဆောင်ဖြစ်သည်။ အဖမ်းဆီးခံ အစ္စရေးစစ်အရာရှိနှင့် စစ်သာများက ခိုးမှုတွင် ပါဝင် ကျုးလွန်ကြောင်းဝန်ခံခဲ့ကြသည်။

    အစ္စရေးစစ်ဘက်မှ ပြောခွင်ရသူက ယင်းဖြစ်စဉ်ကိုအတည်ပြု သော်လည်း သူတို့၏ ခိုးရာပါပစ္စည်းများ အားလုံးသည် ထောက်ပံ့ရေးသင်္ဘောပေါ်မှ မဟုတ်ကြောင်း ၊စစ်သားများ သိမ်းယူထားသည့် ပစ္စည်များ သည် လည်း လုံခြုံရေးအရ သိမ်းယူခဲ့ရ ကြောင်း သိက္ခာဆည် ပြောဆိုသည်။ သို့သော် ၄င်းသဘောင်္များပေါ်တွင် လိုက်ပါခဲ့သူများက တော့ သူတို့၏ လက်တော့များ။ဟန်းဆက်များ၊ အစ္စရေးစစ်သားများ ခိုးယူခဲ့သည့်အပြင် အကြွေးဝယ်ကဒ်များကို လည်း သုံးစွဲပစ်လိုက်ကြောင်း စွပ်စွဲထားသည်။အစ္စရေးဆိုင်ရာကျွမ်းကျင်သူများကတော့ ထောက်ပံ့ရေး သင်္ဘောအုပ်စု နောက်ဆက်တွဲ ပြဿနာ ဖြေရှင်းရန်ကြိုးစား နေချိန်တွင် ယင်းသတင်း ထွက်ပေါ် လာခဲ့ခြင်းကြောင့် နိုင်ငံတကာမိသားစု အလယ်တွင်အစ္စရေးတို့  ထပ်မံ သိက္ခာကျခဲ့ရသည်ဟု သုံးသပ်နေ ကြသည်။

  • ကုရ်အာန်မီးရှို့ပွဲ အစီစဉ်ဖျက်သိမ်းလိုက်ပြီ

    အမေရိကန် နိုင်ငံ ဖလော်ရီဒါအခြေစိုက် Dove World Outreach Center က Terry Jone မှ ပဋိပက္ခများ ၀ရုန်းသုန်းကားအခြေနေများဖြစ်ပေါ် စေနိုင်သည့် ကုရ်အာန်မီးရှို့မည့် အစီစဉ်ကို ဖျက်သိမ်လိုက် သည့်  အတွက် ကမ္ဘာတ၀ှမ်းမှ မွတ်စလင်များနည်းတူ ဆော်ဒီအာရေးဘီယားမှ မွတ်စလင်များက လည်း အထုးဝမ်းသာနေကြပါသည်။

    ` အမေရိကန်အစိုးရ၏ ဖိအားကြောင်း ယင်းအစီစဉ်ဖျက်သိမ်းလိုက်နိုင်ခြင်းက ကမ္ဘာ့မွတ်စလင်တို့ အတွက် အောင်ပွဲဖြစ်သည် ´ဟု ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ကဆိုပါသည်။ သူဆက်လက်ပြောကြားရမှာ` ဘယ်သူကမှ အလ္လဟ်ရှင်မြတ်ရဲ့ ၀ဟီ တော် ကို မီး၇ှို့နိုင်မှာ မဟုတ်ပါဘူး..ဒီကုရ်အာန် ကျမ်းစာကို သူတို့ မီးရှို့ခဲ့ရင်တောင်မှ  ကမ္ဘာပေါ်မှာ ကျမ်းမြတ်ကုရ်အာာန်ဆက်ရှိနေဦးမှာပါ..ဒီမီးရှို့တဲ့ သူတွေ လည်း ဂျဟန္နမ်မှာ မီးလောင် ခံရမှာဖြစ်ပါတယ် ´ ဟု သူက ပြောဆိုပါသည်။

    အမေရိကန်နိုင်ငံ ရှိ ဆန်ဖရန်စ္စကိုမှ ဂျူးများ၊ ခရစ်ယာန် များကလည်း ကုရ်အာန်မီးရှိုပဲ အစီစဉ်ကို တုန့်ပြန်ဆန်ကျင်သည့်အနေဖြင့် ၉-၁၁နှစ်ပတ်လည်နေတွင် ကုရ်အာန်ကျမ်းစာစုပေါင်းဖတ်ရွတ်ပွဲ အစီစဉ်တစ်ခု ကျင်း ပရန်ရှိနေသည်။ ` မွတ်စလင်တွေ ဒီမီးရှိုပွဲ အစီစဉ်ကနေ အမြတ်ထွက်အောင် ယူတက်ရမယ် ..ကုရ်အာန်ရဲ စစ်မှန်တဲ့ သင်ကြားချက်တွေကို လူထုအကြားမှာ ပျံနှံအောင် စီစဉ်ကြရမယ် အကြမ်းဖတ်တဲ့ နည်းလမ်းတွေနဲ့ မတုန့်ပြန်ကြဖို့ အရေးကြီူးပါတယ် ´ဟ်ုတိုက်တွန်း ပြောဆိုသည်။ ဆော်ဒီနိုင်ငံ ရီဘဂ်မြိုက စီးပွားရေးလုပ်ငန်းရှင်ကလည်း Rev. Jones က ခရစ်ယာန် သာသနာကို ကိုယ်စားပြုထားတဲ့သူမဟုတ်ပါဘူး..သူရဲလုပ်ရပ်က အစွန်းရောက်တွေကပြန်ပြီး ခရစ်ယာန်ကျမ်းစာကို မီးရှို့တုန်ပြန်လာအောင် လှုံ့ဆော်နေတာဖြစ်တယ် ..သူတို့တွေ အနေနဲ့ မီးရှိုမည့်အစား ကုရ်အာန်ကို ဖတ်သင်ပါတယ် ဟု အကြံပြုပြောဆိုပါသည်။

    ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေ အတွက် ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ အင်တာဖိတ်ကြို ပမ်းဆောင်ရွက်ချက်ကို ထောက်ခံလိုက်သည်။ အိန္နိယနိုင်ငံမှ ကုရ်အာန်သုတေသီ Jamal Muhammad ကလည်း ကုရ်အာန်မီးရှိုပွဲ က ခရစ်ယာန်အစွန်းရောက် တွေအတွက် မှားယွင်းတဲ့ သတင်းပေးမှုပါပဲ ဘာသာမတူများအနေနဲ့လည်း ကုရ်အာန်ကိုလေ့လာကြဖို့ လိုပါတယ် ´ ဟု နိုးဆော်ခဲ့ပါသည်။ ဂျိဒ်ဒါမြိုနေ ကျောင်းဆရာတစ်ဦးကလည်း ` အီးဒ်အချိန်ခ်ါမှ ဒီလို သတင်း စကားကြားရတော့ အရမ်းဝမ်းသာမိပါတယ် ..လူတိုင်းကလည်း ဒီဖြစ်ရပ်ကြီး မဖြစ်အောင် ဆုတောင်းနေကြတာပါ ကျွန်တော် ခရစ်ယာန်သူငယ်ချင်တွေကလည်း ဒီလုပ်ရပ်ကို ဆန့်ကျင်ကြပါတယ် နောက်ပြီး ဘာသာတရား အသီးသီးတွေရဲ့ ကျမ်းစာတွေကိုလည်း လေးစာဖို့လည်းလိုအပ်ပါတယ် ´ဟု သုံးသပ်ပြောကြားသွားပါသည်။

    http://arabnews.com/world/article132839.ece