၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း အမေရိကန် ဆေးပညာရှင်များ ကွာတီမာလာနိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနစမ်းသပ်ချက်သည် လူသားဖြစ်မှုကို ဆန့် ကျင်ကျူးလွန်သော ရာဇ၀တ်မှု (Crime against Humanity) ဖြစ်ကြောင်း ကွာတီမာလာ သမ္မတ Alvaro Colom အပြစ်တင်လိုက်ပါသည်။ ထိုအချိန်က ရှားပါးသေးသော ပင်နီစလင်ဆေး အာနိသင် ကို စမ်းသပ်ရန် ကွာတီမာလာနိုင်ငံအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စိတ်ရောဂါဝေဒနာ ရှင် ၇၀၀ ခန့် ကို ဆေးပညာရှင်များက ဆဖလစ် (Syphilis) ဗိုင်းရပ်ထိုးသွင်း စမ်းသပ်ခဲ့ပါသည်။




