News @ M-Media

Blog

  • အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    ဇူလိုင် ၅၊ ၂၀၂၀
    M-Media

    -လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမေရိကန် ရက်ပါ ကန်ယီဝက်စ်က ဆိုရှယ်မီဒီယာမှာ မနေ့က တရားဝင် ကြေငြာလိုက်ပါတယ်။

    ဝက်စ်ဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး ဇနီးဖြစ်သူ မင်းသီး ကင်မ် ကာဒက်ရှီယန်နဲ့အတူ အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။

    “ဘုရားသခင်ကို ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အနာဂတ်ကို တည်ဆောက်ခြင်းဆိုတဲ့ အမေရိကရဲ့ ကတိကဝတ်ကို ပြန်လည်သတိရရမယ့်အချိန် ရောက်နေပါပြီ။ အမေရိကန်သမ္မတရွေးပွဲမှာ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုမှာ ဖြစ်ပါတယ်” လို့ ဝက်စ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝက်စ်အနေနဲ့ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ​လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ သမ္မတလောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စာရင်းပေးရမယ့် နောက်ဆုံးရက်ဟာ ပြည်နယ်တော်တော်များများမှာ မကုန်ဆုံးသေးတဲ့အတွက် ဝက်စ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရစ်တစ်ပါတီတွေမှာ ရီပက်ဘလစ်ကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ဝင်ရောက်အရွေးခံမှာဖြစ်ပြီး ဒီမိုကရက်တစ် ပါတီကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဝီဂါအမျိုးသမီးများ၏ ဆံပင်ဖြင့် ပြုလုပ်ထားသည့် ဆံပင်တုများကို အမေရိကန်ဖမ်းဆီး

    ဝီဂါအမျိုးသမီးများ၏ ဆံပင်ဖြင့် ပြုလုပ်ထားသည့် ဆံပင်တုများကို အမေရိကန်ဖမ်းဆီး

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်​အမျိုးသမီးတွေရဲ့ ဆံပင်ကို ဖြတ်ယူပြီး ဖန်တီးထားတယ်ဆိုတဲ့ သံသယနဲ့ တရုတ်ကဝင်လာတဲ့ ဆံပင်တုတွေကို အမေရိကန်အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဆံပင်အတု ၁၃ တန်ရှိကာ ကန်ဒေါ်လာ ၈ သိန်းလောက် တန်ဖိုးရှိပါတယ်။

    “ဒီလိုပစ္စည်းတွေ ထုတ်လုပ်တာမျိုးဟာ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပါ။ အမေရိကန်ရဲ့ ကုန်စည်ကွင်းဆက်မှာ တရားမဝင်တဲ့၊ လူမဆန်တဲ့ နည်းလမ်းတွေသုံးတာကို လုံး၀ သည်းမခံဘူးဆို အမေရိကန်နဲ့ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ဒီဖမ်းဆီးမှုက ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာန လက်ထောက်ကော်မရှင်နာမင်းကြီး ဘရန်ဒါစမစ်က ပြောကြားခဲ့ပါတယ်။

    ဒါဟာ အခုနှစ်အတွင်း တရုတ်နိုင်ငံကတင်သွင်းတဲ့ ဆံပင်တုတွေကို အမေရိကန်အကောက်ခွန်ဌာနက ဒုတိယအကြိမ်မြောက် ဖမ်းဆီးမှုဖြစ်ပါတယ်။ ထုတ်လုပ်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဒီလိုဖမ်းဆီးတာဖြစ်ပါတယ်။

    အမေရိကန်က ဝီဂါအရေး တက်ကြွလှုပ်ရှားသူ ရူရှန် အဘတ်စ်က ဆံပင်တုသုံးသူတွေအနေနဲ့ မသုံးခင်မှာ ဒီပစ္စည်းတွေကို ဘယ်သူတွေက လုပ်ဆောင်လည်းဆိုတာ စဉ်စားသုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    မေလက ဖမ်းဆီးမှုနဲ့ အခုတစ်ပတ်ဖမ်းဆီးမှုအတွင်း ဆံပင်အတုတွေကို တင်ပို့တဲ့ ကုမ္ပဏီဟာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသက ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၄ နှစ်ကစလို့ တရုတ်အစိုးရဟာ ရှကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေနဲ့ အခြား လူနည်းစု အနည်းဆုံး ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖိနှိပ်ညှင်းပမ်းတာ၊ လုပ်အားခေါင်းပုံဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    တရုတ်အစိုးရက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: The Guardian

  • ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့ အိန္ဒိယ ရုရှားဆီကနေ တိုက်လေယာဉ် ၃၀ လောက် ဝယ်ယူဖို့အတွက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

    MiG-29 တိုက်လေယာဉ် ၂၂ စီး၊ Su-30 MKI တိုက်လေယာဉ် ၁၂ စီး ဝယ်ယူမှာဖြစ်ပြီး ရှိပြီးသား MiG-29 လေယာဉ် ၅၉ စီးကို အဆင့်မြှင့်တင်ဖို့လည်း ဒီသဘောတူညီချက်မှာ ပါဝင်တယ်။

    အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက လေတပ်အင်အားတောင့်တင်းဖို့ ဒီလိုဝယ်ယူတာဖြစ်ပြီး စစ်တပ်အတွက် ဒုံးကျည်တွေ၊ လက်နက်ခဲယမ်းတွေ ပြည်တွင်းမှာ ထုတ်လုပ်ဖို့၊ စစ်ဖက်ယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ခွင့်ပြုမိန့်လည်း ပေးခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့နယ်နမိတ်ကို ကာကွယ်ရေး စစ်တပ်ကိုအားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာတာ၊ ကိုယ့်အားကိုယ်ကိုးတဲ့ အိန္ဒိယဖြစ်လာရေး ဝန်ကြီးချုပ်မိုဒီတဲ့ ဆော်ဩမှု စတာတွေကြောင့် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်”

    ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာပြင်ဆင်နိုင်မှုအတွက် ရုရှားသမ္မတ ပူတင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဖုန်းနဲ့ ကျေးဇူးတင်စကား ပြောဆိုပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ရုရှားဟာ စစ်အေးခေတ်မှာ အိန္ဒိယရဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သလို၊ အိန္ဒိယကို လက်နက်အများဆုံး ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ် ဝယ်ယူရေးအတွက် အိန္ဒိယဟာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်အတွက် အမေရိကန်နဲ့ တင်းမာမှုလည်း ဖြစ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံက 36 Rafale တိုက်လေယာဉ် ကန်ဒေါ်လာ ၈.၇၈ ဘီလီယံဖိုး အိန္ဒိယက ဝယ်ယူထားပြီး အခုလအကုန်ပိုင်းမှာ ပထမအသုတ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -နယူးဇီလန်က ဗလီနှစ်လုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ကို လာမယ့်ဩဂုတ်လမှာ အမိန့်ချတော့မယ်လို့ တရားရုံးက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို တားရန့်က ဝင်ရောက်ပစ်ခတ်ရာမှာ ၅၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    နယူးဇီလန်အစိုးရက ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ခဲ့ပြီး တားရန့်ကို လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၄၀ နဲ့ တရားစွဲကာ ခရိုက်ချက်တရားရုံးမှာ စစ်ဆေးနေတာပါ။ တားရန့်ကလည်း အပြစ်ရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

    တရားသူကြီး ကင်မရွန်းမန်ဒါက ဩဂုတ်လ ၂၄ ရက်နေ့မှာ တားရန့်ကို အမိန့်ချသွားမှာဖြစ်ပြီး အနည်းဆုံး ၃ ရက် သတ်မှတ်ထားပေမယ့် ပိုကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေထဲမှာ တစ်ချို့ဟာ နိုင်ငံရပ်ခြားရောက်နေပြီး အမိန့်ချမှုကို အွန်လိုင်းကနေတစ်ဆင့် ဒီလူတွေ ကြည့်ရှုနားထောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း မန်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    ဇူလိုင် ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရာမှာ ထိရောက်မှုရှိတဲ့ Remdesivir ဆေးဝါး အားလုံးနီးပါးကို အမေရိကန်ကအစိုးရက ၀ယ်ယူလိုက်ပါတယ်။

    အမေရိကန်ဆေးကုမ္ပဏီ Gilead က နောက်ထပ် ၃ လအတွင်း ဆေးအရေအတွက် ၅ သိန်းလောက် ထုတ်ဖို့ရှိနေတာပါ။ Remdesivir ဆေးဟာ ကိုဗစ်ကို အချိန်တိုတိုနဲ့ ပျောက်ကင်းစေတယ်လို့ နာမည်ကြီးပေမယ့် သေဆုံးမှုကို သိသိသာသာ လျော့ကျစေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒီဆေးနဲ့ ကုသမယ့်ဆိုရင် လူနာတစ်ဦးကို ကန်ဒေါ်လာ ၂၃၄၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဆေးဝယ်ယူရေးအတွက် အမေရိကန်အစိုးရနဲ့ Gilead တို့ဟာ မေလအတွင်းက လက်မှတ်ထိုိးခဲ့တာပါ။

    Gilead အပါအဝင် ကုမ္ပဏီ ၉ ခု က ဒီဆေးကို အခြားနိုင်ငံတွေအတွက် စျေးသက်သက်သာသာနဲ့ထုတ်ဖို့ ရှိပေမယ့် အချိန်အနည်းငယ် ကြာမြင့်အုံးမှာ ဖြစ်ပါတယ် ။

    Ref: BBC