News @ M-Media

Blog

  • ကိုရိုနာကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို အရေးပေါ်ခန်းထဲ ပို့ထားရ

    ကိုရိုနာကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို အရေးပေါ်ခန်းထဲ ပို့ထားရ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    ဧပြီ ၃ ရက်နေ့က ၈ျွန်ဆင်၏ ပုံ

    -COVID-19 ကူးစက်နေတဲ့ ​ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို မနေ့က အထူးကြပ်မတ်ကုသဆောင်ကို တင်လိုက်ရ​ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ ရက်က ရောဂါကူးစက်ကြောင်း တွေ့ရှိခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် ဂျွန်ဆင်ဟာ မသက်သာတဲ့အတွက် တနင်္ဂနွေနေ့မှာ ဆေးရုံတင်လိုက်ရတာပါ။ ရောဂါလက္ခဏာ အခြေအနေက ပိုဆိုးလာတဲ့အတွက် တနင်္လာနေ့မှာ အထူးကြပ်မတ်ကုသခန်းထဲကို ရွှေ့လိုက်ရပါတယ်။

    ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်နေတဲ့ ရာအဘ်က ဂျွန်ဆင်ကို အောက်ဆီဂျင်ပေးခဲ့ရပေမယ့် အသက်ရှုစက်တော့ မတတ်ရဘူးလို့ ဒီကနေ့ ဝန်ကြီးချုပ်အိမ်ရှေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းထူးရင် တိုင်းပြည်ကို အချိန်နဲ့တစ်ပြေးညီအသိပေးမယ်လို့လည်း သူက ဆိုပါတယ်။

    ဘက်ကင်ဟမ်နန်းတော်ကလည်း ဝန်ကြီးချုပ်ရဲ့ အခြေအနေကို ဘုရင်မကြီးထံ မပြတ်သတင်းပို့နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်နေပေမယ့် ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အစိုးရကို ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ ဂျွန်ဆင်ဟာ တနင်္လာနေ့က ရာအဘ်ကို ခေတ္တ တာဝန်လွှဲပေးခဲ့တာကြောင့် ဝန်ကြီးချုပ်အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref : BBC

  • 5G ကွန်ယက်နှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်သည်ဆိုသည့် သတင်းမှား ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေ

    5G ကွန်ယက်နှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်သည်ဆိုသည့် သတင်းမှား ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေ

    ဧပြီ ၆၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ 5G ကွန်ယက်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ကောလဟာလတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးတဲ့နောက် ယူကေမှာ ဖုန်းတာဝါတိုင်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်လာခဲ့ပါတယ်။

    အခုတစ်ပတ်အစောပိုင်းက ဘာမင်ဂမ်၊ လီဗာပူးလ်နဲ့ မာဆေးဆိုက်က မီလင်းမြို့တွေမှာ ဖုန်းတာဝါတိုင်တွေ မီးရှို့ခံခဲ့ရပါတယ်။ တယ်လီဖုန်းကုမ္ပဏီ Vodafone က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့ရဲ့ တာဝါတိုင်တွေ၊ O2 နဲ့ အတူ အသုံးပြုတဲ့ တာဝါတိုင်တွေကို ဖျက်ဆီးမှု အနည်းဆုံး ၄ ခု လောက် ဖြစ်ပွားခဲ့တယ်လို့ BBC သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် ကုမ္ပဏီက အင်ဂျင်နီယာအချို့ စော်ကားခံရပြီး ဒါတွေအားလုံးဟာ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းမှားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    5G ကွန်ယက်ကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့တယ်၊ 5G ကွန်ယက်ဟာ လူ့ကိုယ်ခံအားကို အားနည်းစေပြီး ဗိုင်းရပ်စ် အလွယ်တကူ ကူးစက်စေနိုင်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေဟာ ဇန်နဝါရီလ လောက်ကတည်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကစလို့ မြေပြင်အထိ ရိုက်ခတ်မှု ရှိလာတာ ဖြစ်ပါတယ်။

    ဗြိတိန်သိပ္ပံပညာရှင်တွေက ဒီဝါဒဖြန့်မှုတွေကို ရှုတ်ချခဲ့ပြီး ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရူးနှမ်းတဲ့ ပြောဆိုမှုသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ယူကေ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး အိုလီဗာ ဒိုဒင်က ဒီဝါဒဖြန့်မှုတွေကို ဖယ်ရှားရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေကို အမိန့်ပေးထားပြီး၊ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဗီဒီယိုကတစ်ဆင့် အစည်းအဝေးလုပ်ဖို့လည်း ရှိနေပါတယ်။

    Ref: BBC

  • လူမှ တိရစ္ဆာန်သို့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမေရိကန်တွင် တွေ့ရှိ

    လူမှ တိရစ္ဆာန်သို့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမေရိကန်တွင် တွေ့ရှိ

    ဧပြီ ၆၊ ၂၀၂၀
    M-Media

    မာလာယန်ကျားတစ်ကောင်

    -အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တိရစ္ဆာန်ရုံတစ်ရုံက အသက် ၄ နှစ်အရွယ် ကျားတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး ဒါဟာ လူသားကနေ တိရစ္ဆာန်ကို ပထမဆုံး ကူးစက်မှု​ ဖြစ်နိုင်တယ်လိုံ တာဝန်ရှိသူတွေက ပြောကြားလိုက္ပါတယ္။

    Bronx Zoo က အဲဒီကျားဟာ နာဒီယာလို့ အမည်ရပြီး Malayan အမျိုးအစား ဖြစ်ပါတယ်။ နာဒီယာနဲ့အတူ အခြား ကျား ၃ ကောင်နဲ့ ​အာဖရိကခြင်္သေ့ ၃ ကောင္တို့မှာပါ COVID-19 ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး အိုင်အိုဝါမြို့က ‘အမျိုးသား တိရစ္ဆာန် စောင့်ကြည့်ကာကွယ်ရေးဆိုင်ရာ ဓာတ်ခွဲခန်း’ က ကူးစက်မှုကို အတည်ပြုထားတယ်လို့ တိရစ္ဆန်ရုံက ထုတ်ပြန်ထားပါတယ်။

    ရောဂါလက္ခဏာမပြတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးနဲ့ ထိတွေ့ပြီးနောက်ပိုင်း ​ကျား ၇ ကောင်စလုံးဟာ မတ်လနှောင်းပိုင်းကတည်းက ချောင်းခြောက်ဆိုးတာလို ရောဂါလက္ခဏာတွေ ပြသခဲ့တာပါ။

    “လူတစ်ယောက်က တိရစ္ဆာန်ကို ကူးစက်ပြီး နေမကောင်းဖြစ်လာတာဟာ ကျွန်တော်တို့ သိထားသလောက် ကမ္ဘာပေါ်မှာ ဒါက ပထမဆုံးပါ” လို့ Bronx Zoo က တိရစ္ဆာန်ဆရာဝန်ချုပ် ပေါလ်ကာလီက ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စက တွေ့ရှိချက်တွေကို အခြား တိရစ္ဆာန်ရုံတွေ၊ COVID-19 ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ အဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဗိုင်းရပ်စ်ဟာ ကျားနဲ့ ခြင်္သေ့တွေမှာ ဘယ်လို ပြန့်ပွားမလဲဆိုတာ မသိရသေးဘဲ လက်ရှိမှာ ၇ ကောင်စလုံးကို သီးခြားခွဲထားကြောင်း၊ ပါးစပ်ပျက်တာကလွဲလို့ ၇ ကောင်စလုံးဟာ အားလုံးကောင်းမွန်နေပြီး မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ကြောင်း တိရစ္ဆာန်ရုံက ထုတ်ပြန်ထားပါတယ်။

    Ref: BBC

  • ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မသက်သာသောကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို ဆေးရုံတင်

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မသက်သာသောကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို ဆေးရုံတင်

    ဧပြီ ၆၊ ၂၀၂၀
    M-Media

    -CODID-19 ကူးစက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ၁၀ ရက်ကြာပြီးနောက်ပိုင်း ရောဂါလက္ခဏာတွေ ဆက်ရှိနေတဲ့အတွက် မနေ့မှာ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

    ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဒီလိုဆေးရုံတင်တာဟာ ကြိုတင်ကာကွယ်မှုအတွက် တင်တာဖြစ်ပြီး အရေးပေါ်တင်တာမျိုးမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    ဘောရစ်ဂျွန်ဆင်မှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း မတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ပထမဆုံးကူးစက်သူ ဖြစ်လာတာပါ။

    အဲဒီနောက် သီးသန့်ခွဲခြား နေထိုင်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး နေ့စဉ်အစည်းအဝေးတွေကို ဥက္ကဌအဖြစ် ဗီယိုကနေတစ်ဆင့် တက်ရောက်ခဲ့ပြီး၊ ပြည်သူလူထုကို အားပေးနှစ်သိမ့်တဲ့ ဗီဒီယိုတွေကိုလည်း လွှင့်တင်ခဲ့ပါတယ်။

    သောကြာနေ့က လွှင့်တင်တဲ့ဗီဒီယိုမှာ သက်သာလာပြီဖြစ်ပေမယ့် အဖျားရှိနေသေးတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။ ဂျွန်ဆင်ဟာ အစိုးရကို ဆက်လက်တာဝန်ယူသွားမယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် အမြွှာကလေးနှစ်ဦးကို ‘ကိုရိုနာ’ နှင့် ‘ကိုဗစ်’ ဟု အမည်ပေး

    အိန္ဒိယတွင် အမြွှာကလေးနှစ်ဦးကို ‘ကိုရိုနာ’ နှင့် ‘ကိုဗစ်’ ဟု အမည်ပေး

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    အမြွှာကလေးနှင့်အတူ တွေ့ရသည့် ပရီတီး

    -အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချက်တစ်ဂါပြည်နယ်က ဇနီးမောင်နှံဟာ မကြာသေးခင်က မွေးဖွားခဲ့တဲ့ အမြွှာရင်သွေးကို ‘Corona’ နဲ့ ‘Covid’ လို့ အမည်ပေးခဲ့ပြီး ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို အမှတ်ရေစချင်တဲ့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီဇနီးမောင်နှံဟာ ယောင်္ကျားလေးနဲ့ မိန့်ကလေးအမြွှာကို တစ်နိုင်ငံလုံး တံခါးပိတ်ပြီး ၂ ရက်အကြာ မတ်လ ၂၇ ရက်နေ့က ပြည်နယ်မြို့မှာတေ ရိုင်ပူးရ်မှာရှိတဲ့ အစိုးရဆေးရုံမှာ မွေးဖွားခဲ့တာပါ။

    “အခက်အခဲတော်တော်များများကို ကျော်ဖြတ်ပြီးမှ မွေးဖွားခဲ့ရတာပါ။ ဒါ့ကြောင့် မွေးတဲ့နေ့ကို အမှတ်တရဖြစ်စေချင်တဲ့ ဆန္ဒ ကျွန်မတို့ ဇနီးမောင်နှံမှာ ရှိပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် ဇနီးဖြစ်သူ ပရီတီ ဗာရ်မာက ပြောကြားခဲ့ပါတယ်။

    ဒီလိုနာမည်ပေးတာဟာ တစ်နိုင်ငံလုံး တံခါးပိတ်ပြီး လှုပ်ရှားသွားလာမှု ကန့်သတ်ထားတာကြောင့် ဆေးရုံကို အချိန်မီ မသွားနိုင်တာ၊ မိသားစုဝင်တွေ လာရောက်မကူညီပေးနိုင်တာလို့ အခက်အခဲတွေကို အမှတ်ရစေချင်လို့ ဖြစ်တယ်လို့ ပရီတီက ဆိုပါတယ်။

    “ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့မှ မွေးဖွားခဲ့ရတာပါ။ ဒါ့ကြောင့် နာမည်ကို ထူးထူးခြားခြားနဲ့ အမှတ်တရ ဖြစ်စေချင်ပါတယ်”

    ဖခင်ဖြစ်သူ ဗီနေး ဗာရ်မာကလည်း “နာမည်ရဲ့ အဓိပ္ပါယ်လေးတွေက လှပါတယ်။ ကိုရိုနာက လက်တင်လို သရဖူကို ခေါ်တာပါ။ ပြီးတော့ ဒီနာမည်တွေကို လူတွေက ကြောက်နေတာကို အဆုံးသတ်ချင်တယ်။ တစ်ကိုရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဧပြီ ၄ ရက်နေ့ကအထိ ကူးစက်သူ ၃၀၀၀ နဲ့ သေဆုံးသူ ၆၈ ဦးရှိပြီး တိုင်းပြည်ကို ဧပြီလ ၁၄ ရက်နေ့အထိ ၃ ပတ်ကြာ တံခါးပိတ်ထားပါတယ်။

    Ref: Aljazeera