News @ M-Media

Blog

  • ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဂျာနယ်လစ် မူစတာဖာ သူရာယာ၏ အလောင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ဒီကနေ့ ပါလက်စတိုင်းဂျာနယ်လစ် ၂ ဦး အသတ်ခံခဲ့ရပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ဂါဇာမီဒီယာရုံးက ဒီသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားမှု မအောင်မြင်တာကြောင့် အစ္စရေးက ဂျာနယ်လစ်တွေကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    ဂါဇာမှာ အကာအကွယ်မဲ့နေတဲ့ ဂါဇာပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ဖို့လည်း ဂါဇာမီဒီယာရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media


    -အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ ၃၄ ဦးထဲက ၁၅ ဦးကို တရားရုံးမတင်ခင် အကျဥ်းချထားလိုက်တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။ 

    ဒီသူလျှိုတွေဟာ အစ္စရေးထောက်လှမ်းရေးအတွက် နိုင်ငံရးနဲ့  စစ်ရေး သူလျှိုလုပ်မှု၊ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲဖို့ စီစဥ်မှုတွေအတွက် ဖမ်းဆီးခဲ့တာလို့ တူရကီက ပြောပါတယ်။ 

    အဲဒီအထဲက ၈ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၁၁ ဦးကို ခံ၀န်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ တူရကီ တရားရေး၀န်ကြီး ယီလ်မဇ် တူနက်က ထုတ်ပြန်ပါတယ်။ 

    ၁၅ ဦးကိုတော့ တရားရုံးမတင်ခင် အကျဥ်းထောင်ထဲ ထိန်းသိမ်းထားပါတယ်။ 

    အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ဟာ တူရကီမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ စုဆောင်းခဲ့ပြီး၊ ပါလက်စတိုင်းနိုင်ငံသားတစ်ချို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်ပေးဆွဲဖို့ ကြံစည်ထားတယ်လို့ တရားရုံးမှတ်တမ်းတွေကို ကိုးကားပြီး တူရကီ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    တူရကီထောက်လှမ်းရေးဟာ မြို့တော် အစ္စတန်ဘူလ်နဲ့ အခြားပြည်နယ် ၇ ခုက နေရာပေါင်း ၅၇ နေရာကို ၀င်ရောက်စီးနင်းကာ အစ္စရေး သူလျှိုတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Euro News 

  • အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ICJ ထံ တိုင်ကြားလိုက်တဲ့ တောင်အာဖရိက

    အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ICJ ထံ တိုင်ကြားလိုက်တဲ့ တောင်အာဖရိက

    ဇန်န၀ါရီ ၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်များရှိ လက်နက်ကိုင် ဂျူးအရပ်သားများ)

    -ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) ထံ တင်ပြ တိုင်ကြားလိုက်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က တင်သွင်းတဲ့ တိုင်ကြားစာမှာ “အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းတွေရဲ့ အမျိုးသား အမှတ်လက္ခဏာ၊ လူမျိုးရေးဖြစ်တည်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ၀ိသေသလက္ခဏာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ 

    “ဂါဇာမှာ ပါလက်စတိုင်းတွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်စေတာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးစေဖို့ ရည်ရွယ်ပြီး ဘ၀ရပ်တည်မှု လိုအပ်ချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်တာတွေ ပါ၀င်ပါတယ်”

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးက လုပ်ဆောင်တဲ့ အကြမ်းဖက်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက် ၂၃၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးနဲ့ ဂျူးအစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးရသူ ပါလက်စတိုင်းအရေအတွက်ဟာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ၃၀၀ ကျော်လာပါပြီ။ 

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ အရင် တောင်အာဖရိကမှာ လူဖြူတွေကြီးစိုးစဥ် လုပ်ဆောင်ခဲ့တဲ့ ခွဲခြားဖိနှိပ် ညှင်းပမ်းမှုမျိုးဖြစ်တယ်လို့ တောင်အာဖရိက သမ္မတ ဆိုင်ရီလ် ရာမာဖိုဆာက ပြောပါတယ်။ 

    အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲဟာ ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တိုက်ဖျက်ရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ တောင်အာဖရိကရဲ့ တိုင်ကြားစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ လက်ရှိတိုက်ခိုက်မှုတွေမှာ အရပ်သားတွေကိုအပေါ် အင်အားသုံးတာ၊ ဌာနေတွေကို အဓမ္မ မောင်းထုတ်တာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက် တောင်အာဖရိကက အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    “လုံး၀အပစ်ရပ်ရေးကို ချက်ခြင်းဆောင်ရွက်ဖို့၊ ပါလက်စတိုင်းကို ရန်လိုသိမ်းပိုက်နေမှုကြောင့် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်စေမယ့် ဆွေးနွေးပွဲတွေ ဆောင်ရွက်ဖို့ တောင်အာဖရိကက ဆက်လက် တိုက်တွန်းလိုက်ပါတယ်”

    တောင်အာဖရိကရဲ့ ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    Ref: Aljazeera 

  • IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    ဇန်န၀ါရီ ၅၊ ၂၀၂၃


    M-Media 

    -ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကွယ်လွန်တဲ့ နှစ်ပတ်လည် အခမ်းအနား တိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သွားမယ်လို့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ကတိပြု ပြောကြားလိုက်ပါတယ်။ 

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် အနည်းဆုံး ၈၉ ဦး သေဆုံးပြီး ၂၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အာဖဂန်နိုင်ငံသားတွေလည်း ပါ၀င်ပါတယ်။ 

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ဒီကနေ့ပြုလုပ်တဲ့ သေဆုံးသူတွေရဲ့ စျာပနအခမ်းအနားမှာ အီရန်သမ္မတ ရိုင်စီက တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမှာဖြစ်ပြီး ကမ္ဘာကြီးနဲ့ ရန်သူတွေဟာ အီရန်ရဲ့ အင်အားနဲ့ လုပ်နိုင်စွမ်းကို မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟိုစိန် ဆလ်မာနီကလည်း ဘယ်နေရာမှာပဲဖြစ်နေပါစေ လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ကြုံး၀ါးခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ကာစင် ဆိုလိုင်မာနီကို ၂၀၂၀ ခုနှစ်မှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ လေပိုင်နက်ကျူးကျော်မှုကို လက်ဘနွန်က ကုလထံ တိုင်ကြား

    အစ္စရေး၏ လေပိုင်နက်ကျူးကျော်မှုကို လက်ဘနွန်က ကုလထံ တိုင်ကြား

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    M-Media 


    ကျူးကျော် တိုက်ခိုက်ခံခဲ့ရသည့် ဘေရွတ်မြို့မှ လူနေအဆောက်အဦး

    -အခုတစ်ပတ်အစောပိုင်း ဘေရွတ်မြို့မှာ အစ္စရေးက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ဘနွန်နိုင်ငံက ကုလ လုံခြုံရေးကောင်စီကို တိုင်ကြားလိုက်ပါတယ်။ 

    အစ္စရေး လေယာဥ်တွေက လက်ဘနွန်လေပိုင်နက်ကို ကျူးကျော်၀င်ရောက်ကာ ဒုံးကျည် ၆ လုံးနဲ့ ဘေရွတ်မြို့က လူနေအိမ်ကို တိုက်ခိုက်ခဲ့တာလို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုတိယခေါင်းဆောင် အပါအ၀င် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    လက်ဘနွန်လေပိုင်နက်ကို အစ္စရေးက ကျူးကျော်၀င်ရောက်ပြီး ဆီးရီးယားကို တိုက်ခိုက်နေတာကိုလည်း တိုင်ကြားစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း နာဇီရန်ကြောင့် အရှေ့ဥရောပကနေ ပြေးလာရတဲ့ ဂျူးတွေ လက်နက်ကိုင်ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ နယ်မြေသိမ်းပိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ အစ္စရေးနိုင်ငံဟာ ပတ်၀န်းကျင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အလေးမထားဘဲ ကျူးကျော်တိုက်ခိုက်မှုတွေကို နှစ်ပေါင်းများစွာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera