News @ M-Media

Blog

  • ဟားမက်စ်ကဖမ်းထားသည့် အစ္စရေးအရပ်သားများကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့

    ဟားမက်စ်ကဖမ်းထားသည့် အစ္စရေးအရပ်သားများကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့

    ဒီဇင်ဘာ ၁၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ဂါဇာမြောက်ပိုင်းတွင်တွေ့ရသည့် အစ္စရေးစစ်သားများ)

    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲမှာ ဟားမက်စ်ရဲ့ ဓားစားခံ အစ္စရေးအရပ်သားတွေလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ဂါဇာမြောက်ပိုင်း ရှူဂျာယာဒေသမှာ အစ္စရေးမြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ဟားမက်စ်ကဖမ်းထားတဲ့ အစ္စရေးအရပ်သား ၃ ဦး အသတ်ခံခဲ့ရတာပါ။ 

    အသက် ၂၈ နှစ်ရွယ် ယိုတမ်ဟိုင်၊ အသက် ၂၅ နှစ်အရွယ် ဆာမာရ် အလ် တာလာကာ၊ အသက် ၂၆ နှစ်အရွယ် အလွန် ရှမ်ရစ်တို့ ဖြစ်ပါတယ်။ 

    အစ္စရေးစစ်တပ်ကလည်း မြေပြင်တပ်တွေဟာ အန္တယ်ရာယ်ပေးနိုင်တယ်လို့ ယူဆတဲ့အတွက် ဒီ လူ ၃ ယောက်ကို ပစ်သတ်ခဲ့မိကြောင် ၀န်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

    သူတို့ ၃ ယောက်ဟာ ဟားမက်စ်လက်ကနေ ထွက်ပြေးလာတာ ဒါမှမဟုတ် ဟားမက်စ်က ထားခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီအဖြစ်အပျက်ကိုကြည့်ရင် အစ္စရေးဟာ ဂါဇာမှာ မြင်မြင်သမျှလူတွေကို သတ်ဖြတ်နေတယ်ဆိုတာ တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အောက်တိုဘာ ၇ က်နေ့ကစတင်ပြီး ဂါဇာမှာ ပြုလုပ်နေတဲ့ တိုက်ခိုက်မှုဟာ ဟားမက်စ်ကို အမြစ်ဖြတ်ရေး၊ ဓားစားခံတွေကို ကယ်ထုတ်ရေး ရည်ရွယ်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

    ၂ လကျော်အတွင်း ဂါဇာမှာ အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၁၈၇၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ သတ်ဖြတ်မှုများကို တားဆီးရန် နိုင်ငံတကာတပ်လိုပြီဟု ကုလတာ၀န်ရှိသူပြော

    အစ္စရေး၏ သတ်ဖြတ်မှုများကို တားဆီးရန် နိုင်ငံတကာတပ်လိုပြီဟု ကုလတာ၀န်ရှိသူပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၂၃

    M-Media 

    (ဓာတ်ပုံ – ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်)

    -အစ္စရေးက မတရားသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ နိုင်ငံတကာ ကုလကာကွယ်ရေးတပ်တွေ ချထားဖို့အတွက် ပါလက်စတိုင်းပိုင်နက်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်စက်စကာ အလ်ဘန်နီစ်က တိုက်တွန်းဆော်သြလိုက်ပါတယ်။ 

    နာဇီရန်ကြောင့် အရှေ့ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာဖြစ်ပါတယ်။ 

    အဲဒီနောက်ပိုင်း ပါလက်စတိုင်းတွေအပေါ် နိုင်ငံသစ်အစ္စရေးက နည်းမျိုးနဲ့ ဖိနှိပ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာလည်း ပြည်သူတွေကို အဓိက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူ ၁၉၀၀၀ နီးပါး ရှိလာပါပြီ။ 

    အစ္စရေးက ၅၆ နှစ်ကြာ စစ်တပ်နဲ့ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ချထားရမယ်လို့ အထူးကိုယ်စားလှယ် အလ်ဘန်နီစ်က မနေ့က ဆိုရှယ်မီဒီယာပို့စ်မှာ ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဆောင်ရွက်ဖို့ ဂူးတာရက်စ်က ၂၀၁၈ ခုနှစ်မှာ အဆိုပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အလ်ဘန်နီစ်က အခုတစ်ကြိမ် ထပ်မံဆောင်ရွက်ဖို့ အလေးအနက်ထား တိုက်တွန်းတယ်လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။ 

    ၂၀၁၈ ခုနှစ် အဆိုပြုချက်မှာ အချက်လေးချက် ပါ၀င်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်မှာ ခိုင်မာတောင့်တင်းတဲ့ ကုလအဖွဲ့ ထားရှိရေး၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ၊ နိုင်ငံရေးတာ၀န်ရှိသူတွေ ချထားရေး၊ အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ကုလစောင့်ကြည့်သူတွေ ချထားရေး၊ ပါလက်စတိုင်းအရပ်သားတွေကို ကာကွယ်ပေးနိုင်ရေးအတွက် ကုလငြိမ်းချမ်းရေးတပ် ဒါမှမဟုတ် ကုလရဲတပ်ဖွဲ့ ထားရှိရေးတွေဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အမေရိကန်သမ္မတကိုယ်တိုင် နှာခေါင်းရှုံ့လာတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲ

    အမေရိကန်သမ္မတကိုယ်တိုင် နှာခေါင်းရှုံ့လာတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၃

    M-Media 


    -ဂါဇာမှာ အရပ်သား၊ ဟားမက်စ်မခွဲဘဲ ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်ကြောင့် အစ္စရေးဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ဆုံးရှုံးမယ့်အန္တရာယ် ရှိနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းဆောင်စဥ်နဲ့ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးရဲ့ ၂ လကျော်ကြာ တိုက်ခိုက်သတ်ဖြတ်မှုကို ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက အပြည့်အ၀ ထောက်ခံထားတာပါ။ 

    ဂါဇာမှာ အပစ်ရပ်ရေး ကုလရဲ့ မဲခွဲပွဲတွေမှာလည်း အမေရိကန်နဲ့ နိုင်ငံ ၂၀ လောက်သာ ကန့်ကွက်ပြီး တစ်ကမ္ဘာလုံးနီးပါးက ပါလက်စတိုင်းတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ 

    “အစ္စရေးရဲ့လုံခြုံရေးဟာ အမေရိကန်အပေါ်မှာ မှီခိုနေတယ်။ ဒါပေမယ့် အခုအခြေအနေက အမေရိကန်တင်မဟုတ်ဘူး၊ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတော်တော်များများအပေါ်မှာလည်း မှီခိုနေပါတယ်။ လက်ရှိလုပ်နေတဲ့ မြင်မြင်သမျှဗုံးကြဲမှုကြောင့် ထောက်ခံမှုတွေ ဆုံးရှုံးလာနိုင်ပါတယ်”

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူ ၁၈၀၀၀ ကျော်လာခဲ့ပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    ဂျူးအစွန်းရောက်တွေ ကြီးစိုးနေတဲ့ အစ္စရေးအစိုးရကိုလည်း ဘိုင်ဒန်က ၀ေဖန်ခဲ့ပါတယ်။ 

    “အစ္စရေးသမိုင်းမှာ လက်ရှိအစိုးရဟာ ရှေးရိုးအစွဲဆုံး အစိုးရဖြစ်ပါတယ်။ သူ့(နေတန်ယာဟု) အနေနဲ့ ဒီအစိုးရကို ပြောင်းလဲပစ်ရမယ်။ ဒီအစိုးရဟာ အခြေအနေတွေကို ခက်ခဲအောင် လုပ်ဆောင်နေပါတယ်။

    ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အစ္စရေးက လက်မခံလို့မရဘူးလို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းပြည်သူများအတွက် သမိုင်း၀င်ဆုံးဖြတ်ချက် ချခဲ့တဲ့ WHO

    ပါလက်စတိုင်းပြည်သူများအတွက် သမိုင်း၀င်ဆုံးဖြတ်ချက် ချခဲ့တဲ့ WHO

    ဒီဇင်ဘာ ၁၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- အစ္စရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်း ဖျက်ဆီးခဲ့သည့် အလ်ရှီဖာဆေးရုံ)

    -အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံနေရတဲ့ ဂါဇာက ပါလက်စတိုင်းပြည်သူတွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ သမိုင်း၀င်ဆုံးဖြတ်ချက်တစ်ခုကို ဒီကနေ့မှာ ချမှတ်လိုက်ပါတယ်။ 

    ဂါဇာပြည်သူတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ဖြစ်ပြီး WHO အမှုဆောင်ဘုတ်အဖွဲ့က ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း မဲပေး အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ 

    အဖွဲ့ရဲ့ ၇၅ နှစ်တာသမိုင်းမှာ ဒီလိုဆုံးဖြတ်ချက်မျိုး ချခဲပြီး အခုအကြိမ်ဟာ ၇ ကြိမ်မြောက်ဖြစ်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက ဆရာ၀န်တွေနဲ့ ကျန်းမာရေးတာ၀န်ရှိသူတွေက ဒီဆုံးဖြတ်ချက်ကို လူသားထုအတွက် အောင်မြင်မှုလို့ ခေါ်၀ေါ်သမုတ်ခဲ့ပါတယ်။ 

    “ဒါဟာ နိုင်ငံတကာက ပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကထား လုပ်ဆောင်နေတဲ့ WHO ရဲ့ အရေးပါတဲ့ အခိုက်အတန့်ပါ။ လူသားဆန်မှုရဲ့အောင်ပွဲလို့ ပြောလို့ရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မြင့်မားရေး၊ အားနည်းသူတွေကို ကာကွယ်ရေး၊ လူ့အသက်တွေကို ကယ်တင်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့၀င်နိုင်ငံတွေရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်” လို့ WHO ရဲ့ ဒေသတွင်းဒါရိုက်တာဖြစ်သူ ဒေါက်တာ အဟ်မဒ် အလ်-မန်ဒါရီက ပြောပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့သတ်ဖြတ်မှုကြောင့် ကုလ၀န်ထမ်း ၁၁၀ ကျော်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ 

    Ref : Aljazeera 

  • ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်သတ်ဖြတ်မှု နောက်ဆုံးရသတင်းများ

    ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်သတ်ဖြတ်မှု နောက်ဆုံးရသတင်းများ

    ဒီဇင်ဘာ ၁၁၊ ၂၀၂၃
    M-Media 

    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် လူ ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်ဟာ ၁၈၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 
    • အစ္စရေးဟာ ရေ၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီတွေကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ ကုလရဲ့ ပါလက်စတိုင်းအကူအညီပေးရေးအဖွဲ့ UNRWA အကြီးအကဲက ပြောပါတယ်။ 

    -ဂါဇာမှာ အစ္စရေးက မှားယွင်းဆောင်ရွက်မှုတွေကြောင့် ဒေသတွင်းပဋိပက္ခ ပိုမိုကြီးထွားလာနိုင်တယ်လို့ လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်နေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

    -အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် အရှေ့အလယ်ပိုင်းက မျိုးဆက်သစ် လူ့အဖွဲ့အစည်းဟာ အစွန်းရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေပြီး၊ ငြိမ်းချမ်းရေးရဖို့ အခွင့်အလမ်းကလည်း အလွန်နည်းလာတယ်လို့ ကာတာ၀န်ကြီးချုပ်က ဒိုဟာဖိုရမ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။ 

    • အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်းတွေကို ရှင်းလင်းဖို့ ကြိုးစားနေပြီး ဒီလုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး၀န်ကြီးက ၀ေဖန်ပြောကြားလိုက်ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ခင်ပွန်းနှင့် ရင်သွေးငယ်အား နောက်ဆုံးနှုတ်ဆက်နေသည့် ပါလက်စတိုင်း အမျိုးသမီး)