News @ M-Media

Blog

  • ဂါဇာမှ ပါလက်စတိုင်းများကို အီဂျစ်သို့ မောင်းထုတ်ရန် အစ္စရေးက လုပ်ဆောင်နေ

    ဂါဇာမှ ပါလက်စတိုင်းများကို အီဂျစ်သို့ မောင်းထုတ်ရန် အစ္စရေးက လုပ်ဆောင်နေ

    ဒီဇင်ဘာ ၁၀၊ ၂၀၂၃

    M-Media 


    -ဂါဇာမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အီဂျစ်နိုင်ငံဆီ မောင်းထုတ်ဖို့ အစ္စရေးက ကြံစည်လုပ်ဆောင်နေလို့ ကုလရဲ့ ပါလက်စတိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ UNRWA အကြီးအကဲ ဖိလစ်ပီ လာဇာရီနီက ပြောပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၁၇၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 

    ဂါဇာမြောက်ပိုင်းမှာ စစ်ဆင်ရေးလုပ်မယ့်အတွက် ပါလက်စတိုင်းပြည်သူတွေကို တောင်းပိုင်းရွှေ့ခိုင်းခဲ့ပြီး၊ နောက်ပိုင်း တောင်ပိုင်းမှာပါ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

    လာဇာရီနီက ၁ ဒဿမ ၉ သန်းသော ဂါဇာပြည်သူတွေဟာ လက်ရှိ ဂါဇာကမ်းမြှောင် တောင်ဘက်အစွန်းပိုင်းမှာ ပိတ်မိနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုးဆိုး၀ါး၀ါး အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ အမေရိကန်သတင်းစာတစ်စောင်မှာ စနေနေ့က ရေးသားခဲ့ပါတယ်။ 

    “အစ္စရေးရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ပါလက်စတိုင်းတွေကို အီဂျစ်ဆီ မောင်းထုတ်ဖို့ လုပ်နေတာကို တွေ့ရပါတယ်။ အဲဒီမှာနေချင်နေ၊ တစ်ခြားနေရာကို သွားချင်သွား အဲဒီလို ပုံစံမျိုးပါ” 

    ဂါဇာမြောက်ပိုင်းကို ဖျက်ဆီးမှုဟာ ဒီအစီအစဥ်ရဲ့ ပထမခြေလှမ်း ဖြစ်ပြီး၊ လက်ရှိ ဒုတိယခြေလှမ်းအဖြစ် ဂါဇာတောင်ပိုင်းက အရေးပါတဲ့ ခန်ယူနစ်မြို့ကို ဖျက်ဆီးကာ ပါလက်စတိုင်းတွေအားလုံး အီဂျစ်နယ်စပ်ရောက်အောင် လုပ်ဆောင်နေတယ်လို့ လာဇာရီနီက ထည့်သွင်းရေးသားခဲ့ပါတယ်။ 

    “ဒီလိုဆက်လုပ်နေရင် ပါလက်စတိုင်းတွေဟာ ဒုတိယအကြိမ် နိုင်ငံပျောက်ဆုံးမှုကို ကြုံလာရမှာဖြစ်ပြီး၊ ဂါဇာမြေဟာ ပါလက်စတိုင်းတွေနဲ့ မသက်ဆိုင်တော့တဲ့ အနေအထားမျိုး ရောက်သွားမှာပါ”

    Ref: Aljazeera 

  • မလေးရှားမြောက်ပိုင်းတွင် ကျားများ သောင်းကျန်းလာသည့်အတွက် စိုးရိမ်မှု မြင့်တက်

    မလေးရှားမြောက်ပိုင်းတွင် ကျားများ သောင်းကျန်းလာသည့်အတွက် စိုးရိမ်မှု မြင့်တက်

    ဒီဇင်ဘာ ၈၊ ၂၀၂၃

    M-Media 


    -မလေးရှားနိုင်ငံမြောက်ပိုင်း ကလန်တန်းပြည်နယ်မှာ ကျားတွေ တိုက်ခိုက်မှု များပြားလာတာကြောင့် အစိုးရဟာ ကျားထောင်ဖမ်းကာ နေရာရွှေ့ပြောင်းဖို့ လုပ်ဆောင်နေရပါတယ်။ 

    ဂွါမူဆန်းဆိုတဲ့ ခရိုင်မှာ ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ကျားကိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ကျား အဓိကသောင်းကျန်းနေတဲ့ နေရာတွေမှာ အစိုးရက ထောင်ချောက် ၁၁ ခုနဲ့ ကင်မရာ ၂၀ လောက်ချထားကာ ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။ 

    ၂၀၂၁ ခုနှစ်စတင်ပြီး ဂွါမူဆန်းခရိုင်မှာ ၂၀၂၁ ခုနှစ်ကတည်းက ကျားကိုက်မှု ၅ ခု ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃ ခုဟာ အခုနှစ် အောက်တိုဘာနဲ့ နို၀င်ဘာမှာ ဖြစ်ခဲ့တာပါ။ 

    “တော်တော်လေး စိုးရိမ်စရာကောင်းတယ်ဗျ။ ဆယ်စုနှစ်တွေအတွင်း မလေးရှားမှာ ဆိုးဆိုးရွားရွားဖြစ်တဲ့ ကျားကိုက်မှုလို့တောင် ပြောလို့ရပါတယ်” လို့ မလေးရှား တောရိုင်းတိရစ္ဆာန်ဌာန တာ၀န်ရှိသူ မိုဟာမက် ဟာဇစ် ရိုဟာနီက ပြောပါတယ်။ 

    မလေးရှားကျားအမျိုးအစားဟာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့အတွက် အထူးအလေးထား ထိန်းသိမ်းစောင့်ရှောက်ရမယ့် တိရစ္ဆာန်မျိုးစိတ်ထဲမှာ ပါ၀င်ပါတယ်။ 

    တစ်နိုင်ငံလုံးမှာ ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိပါတော့တယ်။ 

    Ref: CNA

  • ၂၄ နာရီအတွင်း ဂါဇာတွင် လူ ၃၅၀ အသတ်ခံရ

    ၂၄ နာရီအတွင်း ဂါဇာတွင် လူ ၃၅၀ အသတ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးက အနည်းဆုံး လူ ၃၅၀ လောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ 

    ဒုက္ခသည်စခန်းတွေနဲ့ လူနေအိမ်ယာတွေကို အဓိက ပစ်မှတ်ထားကာ အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၇၁၇၇ ဦး ရှိလာပြီဖြစ်ပါတယ်။

    ဒဏ်ရာရရှိသူက ၄၆၀၀၀ လောက်ရှိပြီး ဖျက်ဆီးခံရတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၇ ထောင်နီးပါး ရှိနေပါတယ်။ 

    အနောက်ဖက်ကမ်းမှာလည်း အစ္စရေးစစ်တပ်နဲ့ တရားမ၀င် အခြေချဂျူးတွေရဲ့ အကြမ်းဖက်မှုကြောင့် ၂၆၆ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူက ၃၃၆၅ ဦး ရှိနေပါတယ်။ 

    Ref: Aljazeera

  • ဂါဇာကမ်းမြှောင်က အစ္စရေးပေးသော ဒုက္ခများ

    ဂါဇာကမ်းမြှောင်က အစ္စရေးပေးသော ဒုက္ခများ

    ဒီဇင်ဘာ ၇၊ ၂၀၂၃

    M-Media 


    -ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာတာ ၂ လကျော်လာပြီဖြစ်ပါတယ်။ 

    စုစုပေါင်း ပါလက်စတိုင်းပြည်သူ ၁၇၁၇၇ ဦး အသတ်ခံထားရပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက် ၄၆၀၀ ကျော်ရှိပြီး၊ လူပေါင်း ၇၆၀၀ လောက် ပျောက်ဆုံးနေပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ၂၆၆ ဦး သေဆုံးခဲ့ပြီး၊ ၃၃၆၅ ဦး ဒဏ်ရာရထားပါတယ်။ 

    သမိုင်းတစ်လျှောက် အေးချမ်းစွာ နေထိုင်လာခဲ့တဲ့ပါလက်စတိုင်းတွေဟာ တရားမ၀င်၀င်လာတဲ့ ဂျူးတွေရဲ့ လက်နက်ကိုင် နယ်မြေလု တိုက်ခိုက်မှုကြောင့် ၁၉၄၈ ခုနှစ်မှာ နိုင်ငံပျောက်ဆုံးခဲ့ရပါတယ်။ 

    အဲဒီနောက် ပါလက်စတိုင်းမှာ ဂျူးလက်နက်ကိုင်တွေ ထူထောင်ခဲ့တဲ့ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို နှစ်ပေါင်း ၇၀ ကျော် ခံခဲ့ရပြီး လူပေါင်း သိန်းချီ သေဆုံးခဲ့ကာ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာဒုက္ခသည်စခန်းမှ ဗလီတစ်လုံးကို အစ္စရေးက ဗုံးကြဲဖျက်ဆီး

    ဂါဇာဒုက္ခသည်စခန်းမှ ဗလီတစ်လုံးကို အစ္စရေးက ဗုံးကြဲဖျက်ဆီး

    ဒီဇင်ဘာ ၇၊ ၂၀၂၃

    M-Media 

    -ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းက အလ်-အောင်ဒါဗလီကို အစ္စရေးက ဒီကနေ့မှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ အလ်အောင်ဒါ ဗလီ၀တ်ကျောင်းတော်မှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    ဗလီ၀တ်ကျောင်းတော်ဟာ လုံး၀ ပြိုကျသွားပြီး ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးဟာ ဂါဇာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်လာတာ ၂ လကျော်ခဲ့ပါပြီ။ 

    လူပေါင်း ၁၆၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

    (ဓာတ်ပုံ – အစ္စရေးက ဗုံးကြဲပြီးနောက် တွေ့ရသည့် အလ်အောင်ဒါ ဗလီ၀န်းကျင် မြင်ကွင်း)